Wednesday, July 2, 2014

အပစ်အခတ်ရပ်စဲမှု ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ယူကရိန်းသမ္မတကြေညာ

Photo: အပစ်အခတ်ရပ်စဲမှု ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ယူကရိန်းသမ္မတကြေညာ

ကိဗ်ယက်၊ ဇူလိုင် ၁

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ထုတ်ပြန် ကြေညာထားသော အပစ်အခတ်ရပ်စဲရေး ပြန်ရုပ်သိမ်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ကြေညာလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော လက်နက်ကိုင်များသည် ၎င်းရေးဆွဲထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာခြင်း မရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ပြောကြားခဲ့ပြီး သူပုန်များကို တိုက်ခိုက်၍ မိမိတို့နယ်မြေကို လွတ်လပ်စေမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး အစီအစဉ်အရ ယာယီအပစ်အခတ် ရပ်စဲရန် ဇွန်လ ၂၀ ရက်နေ့က ယူကရိန်းသမ္မတက ကြေညာခဲ့သော်လည်း သူပုန်များက လိုက်နာခြင်း မရှိဘဲ ယူကရိန်းတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးကို ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားသည်။

ယူကရိန်းအစိုးရ၏ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားစဉ် ကာလအတွင်း သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတပ်သား ၂၇ ဦး သေဆုံးခဲ့ရပြီး ၆၉ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တွစ်တာဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယူကရန်းသမ္မတ၏ အပစ်အခတ် ရပ်စဲရေး ပြန်ရုပ်သိမ်းရန် ကြေညာချက်သည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ယူကရိန်းသမ္မတ၊ ရုရှားသမ္မတပူတင်၊ ဂျာမနီအဓိပတိ အင်ဂျလာမာကယ်၊ ပြင်သစ်သမ္မတ ဟိုလန်ဒဲတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ရုရှားက မီးထိုးပေးလျက် ရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက စွပ်စွဲပြောကြားထားပြီး ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်နှင့် လုဟန်ပြည်နယ်များမှ သူပုန်များအနေနှင့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပါက ဥရောပသမဂ္ဂက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြှင့် ပြုလုပ်သွားဖွယ် ရှိသည်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုနှင့် ရုရှားသမ္မတပူတင်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရာတွင် ယူကရိန်းအစိုးရ၏ အပစ်အခတ် ရပ်စဲရေးကာလက ထပ်မံတိုးမြှင့်ရန် ရုရှားသမ္မတပူတင်က တိုက်တွန်းခဲ့ကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရုရှားသမ္မတ၏ အခွင့်တောင်းခံမှုကြောင့် ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားစကားပြောသူများကို အကာအကွယ်ပေးရန် ရုရှားက ယူကရိန်းသို့ ကျူးကျော် တိုက်ခိုက်ခွင့်ကိုလည်း ရုရှားပါလီမန်က ပယ်ဖျက်ပစ်ခဲ့သည်။

ရုရှားပါလီမန်သည် ယခုနှစ်မတ်လက ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြော လူမျိုးများကို အကာအကွယ်ပေးရန် ရုရှားက ကျူးကျော် တိုက်ခိုက်ခွင့်ကို ရုရှားသမ္မတအား အခွင့်အာဏာ ပေးအပ်ခဲ့သည်။
ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ထုတ်ပြန် ကြေညာထားသော အပစ်အခတ်ရပ်စဲရေး ပြန်ရုပ်သိမ်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ကြေညာလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော လက်နက်ကိုင်များသည် ၎င်းရေးဆွဲထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာခြင်း မရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ပြောကြားခဲ့ပြီး သူပုန်များကို တိုက်ခိုက်၍ မိမိတို့နယ်မြေကို လွတ်လပ်စေမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

အလုပ်ခေါ်ရာတွင် အချို့က အဝေးသင်ဘွဲ့ရသူများကို ထည့်သွင်း မခေါ်ကြခြင်းကြောင့် အဝေး သင်တက်နေသူများ နစ်နာနေရဟု ပညာရေးဝန်ကြီးဆို

ရန်ကုန်၊ ဇွန် ၃၀- အလုပ်ခေါ်ရာ တွင် အချို့က အဝေးသင်ဘွဲ့ရသူ များကို ထည့်သွင်းမခေါ်သည့်ပြဿ နာများစွာရှိသည့်အတွက် အဝေးသင် တက်နေသူများ နစ်နာနေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ပြောကြားလိုက်သည်။
''ငွေမရှိလို့ အဝေးသင်ပဲတက် ရတယ်လို့ပြောပေမယ့်လဲ ကျွန်မတို့ ဒေသ တက္ကသိုလ်တွေ ဖွင့်နေပါပြီ။ ဒေသဆိုင်ရာအလုပ် အကိုင်သင်တန်း တွေ ကိုဆက်ဖွင့်ပါမယ်။ အဝေးသင် တက်တာဟာ ပညာရပ်တကယ်ရ မရ ပြန်ဆန်းစစ်ဖို့ အများကြီးလိုပါသေး တယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများ သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် ပြောကြား မည့် မိန့်ခွန်း အား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင် အသံလွှင့်ဌာနတို့မှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်၊ (၄) ရက်နှင့် (၅) ရက်နေ့တို၌ နံနက် (၇) နာရီ၊ နေ့လယ် (၁၁) နာရီ၊ ညနေ (၆) နာရီနှင့် ည (၈) နာရီတို့တွင် တစ်ရက်လျှင် (၄) ကြိမ်စီ ထုတ်လွှင့်သွား မည် ဖြစ်ပါသည်။

အာဏာရှင်စနစ်ကို အားပေးသည့် မဘသကို ယုံကြည်မှုနည်းလာဟု မဘသ ဆရာတော်မိန့်

မဟာသန်္တိသုခအရေးကိစ္စကို တစ်စုံတစ်ရာ ပြောကြားခြင်းများမရှိဘဲ အာဏာရှင်ကြိုက် လုပ်ဆောင်ခြင်းများ တွေ့လာရသည့်အတွက် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) အပေါ် အဖွဲ့ဝင်သံဃာတော်အချို့က ယုံကြည်မှု အားနည်းလာသည်ဟု မဘသအဖွဲ့ဝင် ဦးသောဘိတ (ဘ၀အလင်းရောင် ဆရာတော်)က မဇ္ဈိမကို မိန့်သည်။

မန္တလေးရှိ တရားရုံး အချုပ်ခန်းဖောက်၍ ထွက်ပြေးသူကို ၁၁ နာရီအတွင်း ဖမ်းမိ

မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်ရှိ တရားရုံးတွင် ခိုးမှုဖြင့် အမှုရင်ဆိုင်နေသည့် အသက် ၂၀ အရွယ် အမျိုးသားသည် တရားရင်ဆိုင်ရန် ရုံးထုတ်လာချိန် ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အချုပ်ခန်းကိုဖောက်၍ ထွက်ပြေးသွားရာ ယင်းနေ့ညသန်းခေါင် ၁၂ နာရီအချိန်တွင် ၎င်းနေအိမ် အနီးပတ်ဝန်းကျင်မှ ပြန်လည် ဖမ်းမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ပုတီးကုန်း အ.ထ.ကကျောင်းဝရန်တာပြိုကျ၍ ကျောင်းအုပ်ကြီး တာဝန်မှရပ်ဆိုင်းခံရ

အခြေခံပညာကျောင်းများ ပထမဆုံး ပြန်လည် စတင်ဖွင့်သည့်ရက်တွင် ကျောင်းဝရန်တာ ပြိုကျခဲ့သောကြောင့် ကျောင်းသား ၁၇ ဦး ဒဏ်ရာရခဲ့သည့် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ အထက်တန်းကျောင်းအုပ်ကို လစာတစ်ဝက်ဖြင့် ကျောင်းအုပ်တာဝန်မှ ရပ်ဆိုင်းထားကြောင်း သဲကုန်းမြို့နယ် ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာပြည်ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲအဖြစ် စောငမန်းနှင့် ထွန်းထွန်းမင်း ထိုးသတ်မည်

လာမည့် စက်တင်ဘာ ၂၁ ရက်တွင် မြန်မာပြည်ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲအဖြစ် မြန်မာပြည် အလွတ်တန်းချန်ပီယံ စောငမန်းနှင့် ထွန်းထွန်းမင်းတို့ ရန်ကုန်မြို့တွင် ထိုးသတ်မည်ဟု ပွဲစီစဉ်သူ ကိုဒဿက မဇ်္ဈိမသို့ ပြောသည်။

လက်ရှိ မြန်မာပြည်အလွတ်တန်း ချန်ပီယံ စောငမန်းအနေဖြင့် ထွန်းထွန်းမင်းနှင့် ပွဲအတွက် ထိုးသတ်ကြေး ကျပ်သိန်း ၅၀ ထိရရှိမည်ဖြစ်ပြီး ထွန်းထွန်းမင်းမှာ ထိုးသတ်ကြေး ကျပ်သိန်း ၄၀ ရမည်ဖြစ်သည်။

ရန်ကုန် မြို့ပတ်ရထားလက်မှတ်တွေ ကွန်ပျူတာစနစ်နဲ့ ရောင်းမယ်

Photo: ရန်ကုန် မြို့ပတ်ရထားလက်မှတ်တွေ ကွန်ပျူတာစနစ်နဲ့ ရောင်းမယ်
Wednesday, July 2, 2014

ရန်ကုန် မြို့ပတ်ရထား လက်မှတ်တွေကို ကွန်ပျူတာစနစ်နဲ့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအတွက် အဆင်မပြေ ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဘူတာရုံများကို အဆင့်မြင့်တင်တဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ရန်ကုန်ဘူတာကြီး အပါအဝင် ရန်ကုန်မြို့ပတ် ဘူတာ ၁၅ ခုမှာ ကွန်ပျူတာစနစ်သုံးပြီး လက်မှတ်ရောင်းချဖို့ စီစဉ်နေတာလို့ နေပြည်တော်၊ မြန်မာမီးရထားရုံးချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီစနစ်ကို အကောင်ထည်ဖော်ဖို့အတွက် အစိုးရနဲ့ အကျိုးတူးပူးပေါင်းဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၁၄ ရက်ထိ တင်ဒါခေါ်ထားပါတယ်။ ကနဦးမှာတော့ သုံးနှစ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
“အခုလုပ်တဲ့ စနစ်က ရှေ့ပြေးပါ။ အောင်မြင်ရင်တော့ ဘူတာတိုင်းကို လုပ်ဖို့ရှိပါတယ်” မြန်မာမီးရထားရုံးချုပ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရထား လက်မှတ်တွေကို code နဲ့ ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်း သတ်မှတ်ချက် အပေါ်မူတည်ပြီးတော့ တင်ဒါကို ဆုံးဖြတ်မှာ ဖြစ်ပေမယ့် လတ်တလောမှာတော့ လက်မှတ်ဈေးနှုန်းတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးက တိုင်းမန်နေဂျာ ဦးကျော်စိုးလင်းက ပြောပါတယ်။

လျှပ်စစ်လို အခြေခံအဆောက်အဦကိုတော့ မြန်မာ့မီးရထားက အထောက်အကူပြုမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရထားစီးခရီးသည် အများစုဟာ အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် သူတို့တွေအတွက် အဆင်ပြေမယ့် စနစ်ဖြစ်ဖို့ ဆောင်ရွက် ပေးသင့်တယ်လို့ ပထမဆုံး ကွန်ပျူတာစနစ်နဲ့ ရောင်းချမည် ဘူတာ ၁၅ ခုက တစ်ခုဖြစ်တဲ့ပုရွတ်ဆိတ်ကုန်း ဘူတာက ပုံမှန်ရ ထားစီးနင်းသူတစ်ဦးက ပြောပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ဒီနှစ်ပိုင်းမှာ ရန်ကုန်မြို့ပတ် ဘူတာရုံတွေမှာ ခြံစည်းရိုးခတ်တာ၊ ဂုံးကျော်တံတား ပြုပြင်တည်ဆောက်တာတွေ ရှိပေမယ့် ဘူတာတချို့နဲ့ သံလမ်းပိုင်းတချို့မှာ မိုးသည်းထန်စွာရွာရင် ရေကျော်တယ်လို့ ဘူတာဝန်းကျင်မှာ နေထိုင်သူတွေနဲ့ ရထားစီး ခရီးသည်တွေက ပြောဆိုကြပါတယ်။
(ရဲမင်းအောင်)

The Voice Weekly 
 ရန်ကုန် မြို့ပတ်ရထား လက်မှတ်တွေကို ကွန်ပျူတာစနစ်နဲ့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအတွက် အဆင်မပြေ ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဘူတာရုံများကို အဆင့်မြင့်တင်တဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ရန်ကုန်ဘူတာကြီး အပါအဝင် ရန်ကုန်မြို့ပတ် ဘူတာ ၁၅ ခုမှာ ကွန်ပျူတာစနစ်သုံးပြီး လက်မှတ်ရောင်းချဖို့ စီစဉ်နေတာလို့ နေပြည်တော်၊ မြန်မာမီးရထားရုံးချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒုက္ခသည်စခန်း ပိတ်သိမ်းတော့မည်ဖြစ်၍ မူလနေရာ ပြန်သွားရန် အခက်အခဲရှိနေဟုဆို

မိတ္ထီလာမြို့ မင်္ဂလာဇေရုံရပ်ကွက် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသူများ ထားရှိသော ယင်းတော်စခန်းမှာ ပိတ်သိမ်းတော့မည်ဖြစ်သော်လည်း မီးဘေးသင့်ခံရသော မွတ်စလင်ဒုက္ခသည်များမှာ မူလနေရာများကို ပြန်သွားရန် အခက်အခဲရှိကြောင်း အဆိုပါစခန်း နေထိုင်သူများက ပြောသည်။

ပုတီးကုန်း အ.ထ.ကကျောင်းဝရန်တာပြိုကျ၍ ကျောင်းအုပ်ကြီး တာဝန်မှရပ်ဆိုင်းခံရ

အခြေခံပညာကျောင်းများ ပထမဆုံး ပြန်လည် စတင်ဖွင့်သည့်ရက်တွင် ကျောင်းဝရန်တာ ပြိုကျခဲ့သောကြောင့် ကျောင်းသား ၁၇ ဦး ဒဏ်ရာရခဲ့သည့် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ အထက်တန်းကျောင်းအုပ်ကို လစာတစ်ဝက်ဖြင့် ကျောင်းအုပ်တာဝန်မှ ရပ်ဆိုင်းထားကြောင်း သဲကုန်းမြို့နယ် ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အမြွာ ညီအမ နှစ်ယောက် စလုံးနဲ့ ချစ်သူ ဖြစ်သတဲ့

Photo: အမြွာ ညီအမ နှစ်ယောက် စလုံးနဲ့ ချစ်သူ ဖြစ်သတဲ့
Wednesday, July 2, 2014

သြစတေးလျ နိုင်ငံမှ Ben Byrne လို့ အမည်ရတဲ့ အသက် ၃၁ နှစ် အရွယ် အမျိုးသား ဟာ အသက် ၂၈ နှစ် အရွယ် အမြွာ ညီအမ နှစ်ဦး စလုံးနဲ့ တစ်ပြိုင်နည်း ချစ်ကြိုက် နေကြ ပါတယ်။

Ben Byrne ဟာ ကား စက်မှု အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး Facebook ပေါ်မှာ ယင်း အမြွာ ညီအမ နှစ်ဦး Anna နဲ့Lucy DeCinque ကို စတင် တွေ့ရှိ တာ ဖြစ်ပါတယ်။ ၆ လ လောက် အွန်လိုင်းပေါ်မှာ တွေ့ရှိပြီး နောက်တော့ အပြင်မှာ တွေ့လုံး ပြိုင်တူ ချစ်သူတွေ ဖြစ်သွား ပါတယ်။ Anna နဲ့ Lucy DeCinque ဟာ ရုပ် တစ်ထပ်တည်း ကျအောင် မိက်တက် လိမ်ခြယ်မှုမှာ အတော်လေး ငွေ အသုံးပြု ထားကြ ပါတယ်။ သူတို့ဟာ အဆင်ပြေပြေ နေထိုင် နေကြ ပါတယ်။

အမြွာ ညီအမ ရဲ့ မိခင် ဖြစ်သူဟာလည်း အမျိုးသား တစ်ယောက်တည်းနဲ့ သူ့ သမီး နှစ်ဦး တစ်ပြိုင်နက်တည်း ချစ်သူဖြစ်နေ ကြတာကို ခွင့်ပြုထား ပါတယ်။ သူတို့ရဲ့ ချစ်ခြင်းချစ်ရာ နဲ့ ပက်သက်လို့ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှု မတူညီတာ ကတော့ အံ့သြစရာ ပါပဲ။ သူတို့ သုံးယောက် ရဲ့ အချစ်ဇာတ်လမ်းဟာ ဥရောပက နာမည်ကြီး မဂ္ဂဇင်း တွေမှာ ကာဗာ တင်ရတဲ့ အထိ စိတ်ဝင်စားသူ များပြား နေကြောင်း သိရ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း
ရိုးရာလေး
သြစတေးလျ နိုင်ငံမှ Ben Byrne လို့ အမည်ရတဲ့ အသက် ၃၁ နှစ် အရွယ် အမျိုးသား ဟာ အသက် ၂၈ နှစ် အရွယ် အမြွာ ညီအမ နှစ်ဦး စလုံးနဲ့ တစ်ပြိုင်နည်း ချစ်ကြိုက် နေကြ ပါတယ်။

Ben Byrne ဟာ ကား စက်မှု အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး Facebook ပေါ်မှာ ယင်း အမြွာ ညီအမ နှစ်ဦး Anna နဲ့Lucy DeCinque ကို စတင် တွေ့ရှိ တာ ဖြစ်ပါတယ်။ ၆ လ လောက်

ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ ချစ်သူ

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်အခြေအနေတည်ငြိမ်နေသဖြင့် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများပြန် လည်လုပ်ကိုင်ရန်ဖြစ်သော် လည်း မိုးတွင်းကာလကြောင့်ရပ်နားထားရ

မောင်တော၊ ဇူလိုင် ၁- ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် တစ်လျှောက်ဖြစ်ပွားခဲ့သည့် မြန်မာနယ် စပ်လုံခြုံရေးတပ်များနှင့် RSO လက်နက် ကိုင်သောင်းကျန်း သူများအကြား တိုက်ပွဲများကြောင့် နယ်စပ်ခြံ စည်းရိုး ကာရံခြင်း လုပ်ငန်း များ လုပ်ကိုင်မှုရပ်နားထားခဲ့ရာမှ ယခုအခါ နယ်စပ်အခြေ အနေမှာ တည်ငြိမ်နေပြီဖြစ်သဖြင့် ပြန်လည် လုပ်ကိုင် ရန်ဖြစ်သော် လည်း မိုးတွင်း ကာလကျရောက်လာပြီဖြစ်သော ကြောင့်ခြံ စည်းရိုးကာ ရံခြင်းလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း တပ်မတော်စစ် အင်ဂျင်နီယာ တပ်မှ အရာရှိတစ်ဦးကပြောကြားသည်။

ဘရာဇီးက ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေများ စုဝေးရာ ကျွန်း

Photo: ဘရာဇီးက ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေများ စုဝေးရာ ကျွန်း
Wednesday, July 2, 2014

Ilha da Queimada Grande လို့ အမည်ရတဲ့ ကျွန်း ဖြစ်ပြီး ဘရာဇီးရဲ့ မြို့တော် Sao Paolo နဲ့ မိုင် ၂၀ အဝေး ပင်လယ် ထဲမှာ ရှိနေတဲ့ ကျွန်းငယ် ဖြစ် ပါတယ်။ သူဟာ ကမ္ဘာ ပေါ်မှာ အဆိပ်အပြင်းဆုံး မြွေများ စုဝေးရာ ကျွန်း ဖြစ်ပါတယ်။

The golden lancehead viper သို့မဟုတ် Bothrops insularis လို့ ခေါ်တဲ့ ရွှေမြွေဟောက် များ စုဝေးရာ ကျွန်း ဖြစ်ပါတယ်။ ၁၉၀၀ ကျော်က မီးပြတိုက် ဆောက်ဖို့ ကြိုးစားပြီး သွားခဲ့တဲ့ တစ်ဖွဲ့လုံး သေဆုံးရာက ဘယ်သူမှ အဲ့နောက်ပိုင်း မသွားတော့ ပါဘူး။ ယင်းမတိုင်ခင် ကလည်း သွားသူ မရှိ ပါဘူး။ လှေပျက်လို့ ကမ်းပေါ် ခဏ တက်တဲ့ ငါးဖမ်း သမား တစ်ဦးလည်း သေဆုံး ခဲ့ဖူး ပါတယ်။ ကျွန်းဟာ ၄၆၃၀ စတုရန်းပေ ဧရိယာ ကျယ်ဝန်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်းကျော် တုန်းက ဘရာဇီး နိုင်ငံနဲ့ တစ်ဆက် တည်း ဖြစ်ကြောင်း လေ့လာသူများက ဆိုထား ပါတယ်။ မြေငလျင် နဲ့ မုန်တိုင်းကြောာင့် ကျွန်း တစ်ခု အဖြစ် ကွဲသွားပြီး ကမ္ဘာ့ အဆိပ်အပြင်း ဆုံး မြွေဟောက် ထဲမှာ ပါဝင်တဲ့ ရွှေမြွေများ သီးသန့် စုဝေးရာ ကျွန်း ငယ်လေး တစ်ခု ဖြစ်လာ ပါတယ်။ သူတို့ဟာ ကျွန်းမှာ လာရောက် နားခို တဲ့ ငှက် များကို ဖမ်းယူ စားသုံး နိုင်စွမ်း ရှိလောက်အောင် ကြောက်ဖို့ ကောင်းတဲ့ မြွေ များ ဖြစ်ပါ တယ်။

သာမန် မြွေဟောက်တဲ့ အဆိပ်က ငါးဆ ပြင်း ပါတယ်။ ရွှေရောင် မြွေဟောက် တစ်ကောင်ရဲ့ ဘရာဇီး နိုင်ငံတွင်း ပေါက်ဈေးဟာ တစ်ကောင်ကို အမေရိကန် ကန်ဒေါ်လာ ၃ သောင်း ကျော် ပါတယ်။ ကမ္ဘာ့ ရှားပါး ထဲမှာ ပါဝင် ပြီး ကျွန်းပေါ် မှာတောင် အကောင် လေးထောင် ကျော်ပဲ ရှိကြောင်း လေ့လာသူများက ဆိုထား ပါတယ်။ ယင်းကျွန်းသို့ သွားရောက် လည်ပတ်ခွင့် ကြည့်ရှုခွင့်ကို ပိတ်ပင် ထား ပါတယ်။ တစ်နှစ် တစ်ခါ မြွေလေ့လာသူများ သွားရောက် ဖို့တောင်မှ အဆင့်ဆင့် စိစစ် ပြီးမှ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ကျွန်းအမည် Ilha da Queimada Grande ဟာလည်း အဆိပ် တက် ကျွန်းလို့ အမည် တစ်မျိုး ခေါ်ခြင်း ဖြစ်ပါတယ်။ အကြောင်း ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ငှက်ပျောပင်၊ သီးနှံပင်တို့ စိုက်ပျိုးဖို့ ကြိုးစားခဲ့တာ မဖြစ်မြောက် ခဲ့လို့ ဖြစ်ပါတယ်။ ရွှေရေင်မြွေများ စုဝေးနေတဲ့ ယင်း ကျွန်းကို သွားရောက် လိုသူ များလည်း ရှိနေကြောင်း သိရ ပါတယ်။
.
Ref: Daiymail
အောင်ခမ်း (ရိုးရာလေး)
Ilha da Queimada Grande လို့ အမည်ရတဲ့ ကျွန်း ဖြစ်ပြီး ဘရာဇီးရဲ့ မြို့တော် Sao Paolo နဲ့ မိုင် ၂၀ အဝေး ပင်လယ် ထဲမှာ ရှိနေတဲ့ ကျွန်းငယ် ဖြစ် ပါတယ်။ သူဟာ ကမ္ဘာ ပေါ်မှာ အဆိပ်အပြင်းဆုံး မြွေများ စုဝေးရာ ကျွန်း ဖြစ်ပါတယ်။

မကွေး ၄၃၆ ဟောပြောပွဲ စီစဉ်သူများ ထပ်မံအမှုဖွင့်ခံရ

မကွေးမြို့၊ ကန်သာရပ်၊ အေးစေတီဘုရားကွင်းတွင် ဇွန် ၉ ရက်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ စီစဉ်သူများကို ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက်ဖွင့်မှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် အမှု ရင်ဆိုင်ရန် မြို့မရဲစခန်းနှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ဆင့်ခေါ်ထားသည်ဟု ကာယကံရှင်တို့က မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံပြင်ရေး မြန်ရန် ကော်မတီအစည်းအဝေးများ တစ်ပတ် သုံးကြိမ်အထိ လုပ်ရန် ဦးရွှေမန်း ညွှန်ကြား

နိုင်ငံအတွက် အရေးတကြီးပြင်ဆင်ရန် လိုအပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး၊ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို တစ်ပတ်လျှင် သုံးကြိမ်အထိ ကျင်းပသွားရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ညွှန်ကြားလိုက်သည်။

ပုဒ်မ ၄၃၆ ပြင်ရေး ခရီးမပေါက်သေး

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ထင်သလောက် ခရီးပေါက်ခြင်းမရှိချိန်တွင် ပီအာရ် (ရွေးကောက်ပွဲစနစ်)အရေး တင်သွင်းလာခြင်းဖြင့် နှောက်ယှက်ခံခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦးက သုံးသပ်လိုက်သည်။

“တချို့လည်း လက်မှတ်ထိုးဖို့ ကြောက်တာတွေ ရွံ့တာတွေ ရှိနေပါတယ်။ ဒါကြောင့် ကြောက်တာရွံ့တာ ပျောက်သွားအောင်လို့ အချင်းချင်းကူညီဖေးမပြီး တက်တက်ကြွကြွ ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်”ဟု ၎င်းက ဇူလိုင် ၁ရက် တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း ပါတီအလုပ်အမှုဆောင်များ စုံညီအစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့နယ်သုံးခုတိုးပြီး လုံခြုံရေး၊ အုပ်ချုပ်ရေးလုပ်သင့်ဟု တပ်မတော်သားအမတ် ဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် မိုင် ၈၀ ရှည်လျားသည့်အတွက် မြို့နယ် သုံးခုအဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်လျှင် အုပ်ချုပ်ရေးမှာ ယခုထက် ပိုမိုကောင်းမွန်လာပြီး လုံခြုံရေးကို အနီးကပ် အမြန်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇ၀နက မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေးကို နိုင်ငံရေးဇာတ် သွင်းလာနိုင်တဲ့ အန္တရာယ်

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကချင်ပြည်နယ် အမှတ်(၁) အမတ် ဦးခက်ထိန်နန်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ခု တင်ပါတယ်။ အဆိုအပြည့်အစုံကတော့ “ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသူများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် သွားနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်တွင်း ဆွေးနွေးဖို့ လက်ခံလိုက်ပြီလည်း ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု သဘောထားလက်မှတ် ကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ၏ လေးပုံတစ် ပုံခန့်သာရရှိသေးသည့်အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁- ရန်ကုန်တိုင်းဒေ သကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ပြင်ဆင်ရေးပြည်သူလူထု သဘောထား လက်မှတ်ကောက်ယူ ရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက် ၏ လေးပုံတစ်ပုံခန့်သာရ ရှိသေးသည့် အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင် ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်အမှု ဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဋ္ဌေးက တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူ ဦးရေခြောက်သန်းခွဲရှိသည့်အနက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ လေးသန်း ကျော် ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးပြည်သူ လူထုလက်မှတ် ကောက်ယူရရှိမှုမှာ ခုနစ်သိန်း ကိုး သောင်းကျော် ကောက်ခံ ရရှိပြီးဖြစ် ကြောင်း သိရသည်။

ရဟတ်ယာဉ်ပေးထားသည် ဆိုသည့်သတင်းကို ဗိုလ်ချုပ်မောင်မောင်အုန်း ငြင်းဆို

စစ်တွေ၊ ဇူလိုင် ၁- ဗိုလ်ချုပ်မောင် မောင်အုန်းအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ် တာဝန်ထမ်းဆောင်ချိန်အ တွင်း အသုံးပြုရန် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ် တစ်စင်းပေးထားသည်ဟု သတင်း များထွက်ပေါ် လာခြင်းမှာ မမှန် ကန် ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်း က ငြင်းဆိုလိုက်သည်။
စစ်တွေမြို့တွင် ဇွန် ၃ဝရက် က ပြုလုပ်သောအရေးပေါ်ပြည်နယ် လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များ ၏ မေးမြန်း ချက်ကို ဖြေဆိုသွားခြင်းဖြစ်သည်။

အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ

Photo: အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ
Wednesday, July 2, 2014

Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။ အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။

၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက်ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။ ဒီတော့ Prostitution ဘက် ကိုပဲ ပြန်ရောက် ပါတယ်။ ၁၅ နှစ် ကျော် ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန် ထူးချွန် ပါတယ်။ အမျိုးသားပေါင်း ၁၀၀၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရ ပါတယ်။ တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms Montenegro ဟာ ယောင်္ကျား အကြောင်း နောကြေ သွားသူ ဖြစ်ပါတယ်။ ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမ ကိုယ်တိုင် ရေးသား ထုတ်ဝေ လိုက်ပါတယ်။

သက်တမ်း တစ်လျှောက် သူမ နဲ့ အိပ်စက် ခဲ့တဲ့ အမျိုးသား အရေ အတွက် ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည် နဲ့ ပညာ အရည်အချင်း အရလည်း ခေ သူ မဟုတ်ပေမယ့် အဲ့ဒီ အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိက တို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။ အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးမှာ ဘာတွေလုပ်ဖို့ရှိလဲ

မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Ms. Julie Bishop ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြဿနာတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ကြိုးပြတ်ကျ၍ လူသေဆုံးမှု နောက်တစ်ကြိမ်ဖြစ်

မြောက်ဥက္ကလာမြို့ နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်း ရှိ ဓာတ်တိုင်မှ ဗို့အား ၄၀၀ ရှိ ဓာတ်ကြိုးပြတ်ကျသဖြင့် ဓာတ် တိုင်အနီး ကန်စွန်းစိုက်ခင်းတွင် လုပ်ကိုင်နေသူ တစ်ဦး ဓာတ်ကြိုး ပတ်မိကာ ဓာတ်လိုက်သေဆုံး သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၃၀ ရက် ညနေ ၄ နာရီက ပတ္တမြားလမ်းရှိ ဓာတ် တိုင်ကြွေသီးအခြေမှ ဓာတ်ကြိုး ပြတ်ကျခဲ့ရာ တိုင်နှင့် အနီး ကန် စွန်းခင်းစိုက်ပျိုးရေးအတွက် သဲ အိတ်များထည့်နေသူ သုံးဦးထဲမှ တစ်ဦးဓာတ်လိုက်သေဆုံးသွား ခြင်းဖြစ်သည်။

လာဘ်ငွေ သိန်း ၅၀ ယူသူ တရားသူကြီး ဒေါ်ခင်လဲ့လဲ့အား ဒု-မြို့နယ် တရားသူကြီးအဖြစ် ရာထူးလျှော့ချ၊ လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားသူ တရားသူကြီးအား ပြည်သူ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လဲ့လဲ့အား လာဘ်ငွေ သိန်း ၅၀ တောင်းယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖျာပုံမြို့ ဒုတိယမြို့နယ် တရားသူကြီးအဖြစ် ရာထူးသုံးနှစ်လျှော့ချ ရွှေ့ပြောင်းကြောင်းကို ဇွန် ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။ဒေါ်ခင်လဲ့လဲ့သည် ၂၀၁၃ ခုနှစ်အတွင်း မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် အမှုသည် ဒေါ်အေးအေးမာ (ယခု ထောင်ခြောက်လ ကျခံနေရသူ) ထံမှ ပုဒ်မ ၄၂၀ လိမ်လည်မှုအတွက် ထောင်နှစ်နှစ် မကျခံလိုလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု မဖြူမှတစ်ဆင့် တောင်းယူကြောင်းကို ဒေါ်အေးအေးမာ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံ တိုင်စာမှသော် လည်းကောင်း၊ ဒေါ်အေးအေးမာ၏ ခင်ပွန်းဖြစ်သူ၏ ပြောကြားချက်အရသော် လည်းကောင်း သိရသည်။“မအေးအေးမာကို အမိန့်ချမယ့် ရက်မှာပေါ့။ ကျွန်တော် ရက်အတိအကျတော့ မမှတ်မိဘူး။ မအေးအေးမာက သူ့ရဲ့မိတ်ဆွေ မုံရွာက မဖြူနဲ့ တရားသူကြီးဆီ နှစ်ခေါက်သုံးခေါက်လောက် သွားဖူးတယ်ထင်တယ်။ အမိန့်ချမယ့်နေ့မှာ မဖြူက အစောကြီး လှမ်းခေါ်တာပေါ့။ ကျွန်တော်လည်း လိုက်သွားတယ်။ မဖြူ အိမ်ကို ရောက်တဲ့အခါကျတော့ တရားသူကြီးက သိန်း ၅၀ တောင်းနေတယ်ပေါ့။

မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ

Photo: မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ

မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြောကြားချက်ကို မရရှိသေးပါဘူး။

 အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ လမ်း၈ဝကနေ ၈၆ လမ်း အနီးတ၀ိုက်မှာ ရဲတပ်ဖွဲ့အင်အား ငါးရာခန့် လက်ရှိလုံခြုံရေး ယူထားတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့ခံတစ်ဦးက လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားတာကို မြင်ရကြောင်း RFA ကိုအတည်ပြု ပြောဆိုခဲ့ပါတယ်။

    "ဖြစ်တာကတော့ ၈ နာရီဝန်းကျင်လောက်မှာဖြစ်တယ်၊ ၂၇၊ ၂၈ ကြား ဗလီမှာ ဘုန်းကြီးတွေ ဝိုင်းတဲ့ဟာကနေစဖြစ်တာ၊ ဘာ့ကြောင့်ဝိုင်းလဲဆိုတော့ ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က သတင်းကိုအခြေခံပြီးတော့ အဲဒီလိုဖြစ်တယ်လို့ကြားရတယ်၊ လူအင်အား ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်၊ ပထမဦးဆုံးစဖြစ်တဲ့ ၂၂ လမ်း၊ ၂၇၊ ၂၈ နေရာမှာတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းက ကျနော်တို့ ၂၆ လမ်းပေါ့နော် နောက် ၈၆ လမ်းတို့ ဘာတို့မှာ မွတ်စလင်ဆိုင်နဲ့ ပတ်သက်တာတွေတော့ ဖျက်ဆီးတယ်တော့ ကြားနေရတယ်၊ အဲဒီမှာလုံခြုံရေးတွေလာပြီးတော့ သူတို့ တစ်ပြပတ်လည် အကုန်ပိတ်ပစ်လိုက်တယ်၊ ခုလောလောဆယ်တော့ မန္တလေးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့ ၂၇ လမ်း နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာသတင်းတစ်ခု ပေါ်ပေါက်ခဲ့ရာကနေ မနေ့ညနေ ၇ နာရီခန့်မှာ အဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ဆူပူမှုမှာပါဝင်သူ တစ်ထာင်နီးပါးရှိခဲ့ပြီး ဂဠုန်နီဆရာတော်ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီထိန်းသိမ်းခဲ့ပါတယ်။  ဒီနေ့မနက် ၂ နာရီက ဂဠုန်နီဆရာတော်ကို ဆက်သွယ်လျှောက်ထားမေးမြန်းရာမှာ ၂၆ နဲ့ ၂၇ လမ်းကြားက ၈၁ လမ်းပေါ်ရှိ ရွှေတိုက်ဝင်း ဗလီရှေ့မှာ ဗုဒ္ဓဘာသာမြန်မာ ၅ဝ ခန့်စုဝေးနေကြပြီး ဗလီအတွင်းမှာလည်း မူစလင်တချို့ရှိနေဆဲဖြစ်ကာ နှစ်ဖက်အခြေအနေ တင်းမာနေကြလို့ ထိန်းသိမ်းဖို့ကြိုးစားနေကြောင်း RFA ကို မိန့်ကြားပါတယ်။

"ဒကာဒကာမတွေကို ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးတော့ ထိန်းပေးတာပဲ၊ မီးရှို့တာတွေ အဓိကမဖြစ်အောင် တတ်နိုင်သလောက် သံဃာ ၃ဝ၊ ၄ဝ လောက်နဲ့ လုပ်နေရတာ"

သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သာမန်လူမှုရေးပြဿနာတစ်ခုကနေ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့ရတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီနေ့မနက် နောက်ဆုံး သတင်းအရ မနက် ၄ နာရီမှာ လူစုလူဝေးလုံးဝမရှိတော့ဘူးလို့ သိရပါတယ်။
မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြောကြားချက်ကို မရရှိသေးပါဘူး။

မန္တလေးတွင် အဓိကရုန်းဖြစ်

မန္တလေးမြို့တွင် အဓိကရုန်းဆန်ဆန် အုပ်စုဖွဲ့စုဝေးမှုများ ဖြစ်ပေါ်လာခဲ့ပြီး ယခု ည တစ်နာရီအချိန်ထိ တည်ငြိမ်မှု မရှိသေးကြောင်း မန္တလေးမြို့ရှိဒေသခံ များက ပြောကြားသည်။
ယနေ့ညနေလေးနာရီခွဲခန့်က အောင်မြေသာစံမြို့ နယ်၊၈၂လမ်း၊၂၇လမ်းထောင့်ရှိ နေကဖေး၊ ဆန်းကဖေး လဘက်ရည်ဆိုင်ပိုင်ရှင်များအား မုဒိမ်းမှုကျုးလွန်သည်ဆိုကာ မဘသအဖွဲ့က ဟုဆိုသည့် ကားသုံးစီးရောက်လာပြီးနောက် ယင်းရပ်ကွက်နေပြည်သူများနှင့်

NLD ပါတီ၏ လက်မှတ် ၃.၃ သန်းမှာ လိမ်ညာထားခြင်းသာ ဖြစ် ဟု ဆို

ဇွန်လ ၃၀ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ထောက်ခံ မဲ လက်မှတ် ၃.၃ သန်းမှာ မဖြစ်နိုင်ဘဲ လိမ်ညာထားခြင်းများ ပါဝင်နေဖွယ်ရာရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောသည်။

“NLD ပါတီဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံတဲ့ လူထုလက်မှတ်တွေ ကောက်ခံခဲ့တဲ့နေရာမှာ သူ့တစ်ပါတီတည်း လုပ်ရ ကိုင်ရတာ အခက်အခဲ ဖြစ်လို့ အကူအညီ တောင်းခံတဲ့အတွက် ကျွန်တော်တို့

ဒီမာရီယာ၏ အချိန်ပိုသွင်းဂိုးဖြင့် အာဂျင်တီးနားကွာတားတက်

Photo: ဒီမာရီယာ၏ အချိန်ပိုသွင်းဂိုးဖြင့် အာဂျင်တီးနားကွာတားတက်
Wednesday, July 2, 2014

၂၀၁၄ ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်သည့် အာဂျင်တီးနားနှင့် ဆွစ်ဇာလန်တို့၏ပွဲစဉ်တွင်မူ အာဂျင်တီးနားအသင်းက အချိန်ပို မိနစ်(၃၀)၏ ပွဲချိန် (၁၁ဂ)မိနစ်တွင် သွင်းယူသည့် တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။ အာဂျင်တီးနားအသင်းသည် ကစားကွက်အသာဖြင့် ဖိအားပေးနိုင်ခဲ့သော်လည်း အချိန်ပိုရောက်မှသာ အရေးပါသည့်အနိုင်ဂိုးကိုရရှိခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနား၏ အနိုင်ဂိုးကို ဒီမာရီယာက မက်ဆီ၏ဖန်းတီးပေးမှုမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
ပွဲရလဒ်
အာဂျင်တီးနား ၁-၀ ဆွစ်ဇာလန်
(မိနစ် ၉၀ ၀-၀၊ အချိန်ပိုတွင် အာဂျင်တီးနားနိုင်)
မက်ဆီနှင့်အတူ အောင်ပွဲခံနေသည့် ဒီမာရီယာ (Photo:AFP)
Eleven Media Group
၂၀၁၄ ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်သည့် အာဂျင်တီးနားနှင့် ဆွစ်ဇာလန်တို့၏ပွဲစဉ်တွင်မူ အာဂျင်တီးနားအသင်းက အချိန်ပို

မန္တလေးမှာ ပဋိက္ခဖြစ်မယ့် အခြေအနေကြောင့် လုံခြုံရေးတိုးမြှင့်

Photo: မန္တလေးမှာ ပဋိက္ခဖြစ်မယ့် အခြေအနေကြောင့် လုံခြုံရေးတိုးမြှင့်
Wednesday, July 2, 2014

မန္တလေးမြို့တော် ချမ်းအေးသာဇံမြို့နယ် ၈၂ လမ်းနဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ ဆန်းကဖေး လက်ဖက်ရည်ဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် လူပေါင်း သုံးရာလောက် စုရုံးလာတယ်လို့ မန္တလေးမြို့ခံ တွေဆီကနေ သိရပါတယ်။
အဲဒီ လူစုလူဝေးကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ နှစ်ရာဝန်းကျင်လောက် လုံခြုံရေး ယူထားတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဆန်းကဖေး လက်ဖက်ရည်ဆိုင် ပိုင်ရှင် အစ္စလာမ် ဘာသာဝင် အမျိုးသားက မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ သတင်းကြောင့် အဲဒီဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။
ဆိုင်ရှေ့ကို လူတွေ စုဝေးလာတာဟာ ဒီနေ့ ည ၈ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

The Voice Weekly
မန္တလေးမြို့တော် ချမ်းအေးသာဇံမြို့နယ် ၈၂ လမ်းနဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ ဆန်းကဖေး လက်ဖက်ရည်ဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် လူပေါင်း သုံးရာလောက် စုရုံးလာတယ်လို့ မန္တလေးမြို့ခံ တွေဆီကနေ သိရပါတယ်။