Saturday, July 12, 2014

ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်

Photo: ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်
Saturday, July 12, 2014

နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာအပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ် သမားများမှာ အထက်ပါခံစားခွင့် များရရှိမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေး မှူး ဦးစောလှထွန်းကပြောသည်။

‘‘ဒီဥပဒေမှာ ထူးခြားချက်က ဘာရှိလဲဆိုတော့ ပြင်ပပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေ တော်တော်များများက ပိတ်ရက် ခံစားခွင့်မညီမျှဘူး။ အခုဒီဥပဒေ ပြဋ္ဌာန်းပြီးပြီချင်း ဒီဥပဒေအရတစ် ပတ်ကို တစ်ရက်ပိတ်ရက်ရမယ်။ အဲဒီအတွက် လစာဖြတ်လို့မရ ဘူး။ အပြည့်ပေးရမယ်’’ဟု ဦး စောလှထွန်းကပြောသည်။

နိုင်ငံ့ ၀န်ထမ်းဖြစ်သော အစိုးရ၀န်ထမ်းများ အနေဖြင့်မူ တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်ခံ စားခွင့်ရရှိသည့်အပြင် အစိုးရရုံး ပိတ်ရက်တိုင်းတွင် ပိတ်ရက်ရရှိ နေသော်လည်း ပုဂ္ဂလိကလုပ်ငန်း များမှ ၀န်ထမ်းများမှာမူ ထိုအခွင့် အရေးများရရှိခြင်းမရှိသဖြင့် အ ဆိုပါအချက်ကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ စက်ရုံက ပိတ်ရက်ဆိုတာ မရှိသလောက်ဘဲ။ တစ်လမှာ တစ်ရက်ပဲပိတ်ရက် ပေးထားတယ်။ အဲဒီပိတ်ရက်က လည်း မသွားရင် လစာအဖြတ်ခံ ရတယ်။ အဲဒါကြောင့် ဆင်းနေ ရတာပဲ။ နေမကောင်းလို့ တောင် မနားရဲဘူး’’ဟု လှိုင်သာယာစက် မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုအေးစိုးက ပြောသည်။

ယခု နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဝန်ထမ်းနည်း ဥပဒေနှင့် ကိုက်ညီစေရန် အထက်ပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပြီး အချို့သော ခွင့်ရက်များနှင့် ပိတ်ရက်များကို ပြင်ဆင်မှုပြုခဲ့ ကြောင်း ဦးစောလှထွန်းကပင် ပြောသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအ ရအစိုးရ၀န်ထမ်းအမျိုးသမီးများ အနေဖြင့် ယခင်က မီးဖွားခွင့် သုံးလသာရရှိရာမှ ယခုနှစ်မတ်လ ၂၆ ရက်မှစတင်ကာ မီးဖွားခွင့် ခြောက်လ တရားဝင်ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က ယခုလအတွင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြောကြားခဲ့သည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily
နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာ အပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက

ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

Photo: ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ
Saturday, July 12, 2014

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံးစရိတ် မြင့်တက်လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက်သာပေမယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly
ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်း ပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

မောင်တောနယ်စပ် မင်္ဂလာညွန့်ကျေးရွာမှ စပါးပျိုးပင်များ ညအချိန် လာရောက်ဖျက်ဆီးခြင်းခံနေရ

မောင်တော၊ ဇူလိုင် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်(နတ လ )ကျေး ရွာ မှ တိုင်းရင်းသားများ၏ လယ်ယာမြေများတွင် စပါးစိုက်ရန် ပျိုးထောင်ထားသော ပျိုးပင်များကို ညအချိန်လာရောက်ဖျက်ဆီးမှုများ ရှိ နေ ၍ ဒေသ အာဏာပိုင်များထံ မင်္ဂ လာညွန့်ကျေးရွာမှ ရွာသားများက စာရေးတိုင်ကြားထားကြောင်း သိရ သည်။
''ဇွန် ၁၈ရက်က ဦးစိန်မောင် လယ်မြေမှာ ပျိုးထောင်ထားတဲ့ ပျိုးပင် တွေ ကို နွားတွေသွင်းပြီး စားခိုင်းပါ တယ်။ ဇွန်၂၄ရက်ညကလဲ ပျိုးထောင် ထားတဲ့နေရာေ တွကို လူစုလူဝေးနဲ့ လာပြီး ဖျက်ဆီးတာတွေပြုလုပ်ကြပါ တယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ဥယျာဉ် ခြံမြေမှာရှိတဲ့ ပိန­္နဲသီးတွေအကုန်လုံး ကို

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး

Photo: မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး
Saturday, July 12, 2014

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ နဲ့ ဆောင်ရွက်နေတာလို့ မမြင်မိကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

"အဲ့လို မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာလည်း သိရဆဲပဲရှိတာပါ၊ အကုန်လုံးက မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာမဟုတ်ဘူးဆိုတာ မဟုတ်လောက်ဘူးထင်တယ်၊ ဒီရက်ထဲမှာကြားရသလောက်တော့ မော်တော် ဆိုင်ကယ်သမားချည်းပဲ သတ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး၊ ကျနော့် အမြင်ကတော့ အဲ့လိုမြင်ပါတယ်ခင်ဗျ၊ အဖွဲ့တစ်ဖွဲ့တည်းက ရည်ရွယ်ချက်ရှိရှိလုပ်နေတာတော့ မဟုတ်ပါဘူး ကြုံကြိုက်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်ဗျ၊ သူတို့ဟာ သူတို့ပတ်သက်မှု ဘာညာတော့ရှိပါလိမ့်မယ် ဒါပေမဲ့ အဲ့လို မလေးရှားနိုင်ငံမှာတော့ နေရာတကာဖြစ်နေတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျနော်ထင်တာတော့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေ ပတ်သက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊ ဒါကတော့ သူတို့ကိုယ်တိုင်မှပဲ သိမှာလေ အမျိုးမျိုးတော့ ပြောနေကြတာပဲ"

ခုလို မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှု များမှ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်တဲ့တရားခံများကို အမြန်ဆုံးဖေါ်ထုတ်အရေး ယူပေးဖို့ မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အသတ်ခံရတဲ့ မြန်မာနိုင်ငံသား ၃၀ခန့်ရှိပြီး အသတ်ခံရသူအများစုဟာ ကွာလာလမ်ပူနဲ့ ပီနန်းမြို့တွေကဖြစ်တယ်လို့ ကပုန်းနာရေး ကူညီမှုအသင်းကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့

အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် EITI ဖော်ဆောင်ရေးအဖွဲ့၏ (၂၇)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် EITI Board မှ ဇူလိုင် ၂ ရက်တွင်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်

Photo: ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်
Saturday, July 12, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ပါဝင်ဟောပြောရန်စီစဉ်ခဲ့ပြီး နောက်တိုးစာရင်း ထပ်မံတင်ပြခဲ့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နံနက်ပိုင်းတွင် ပခုက္ကူမြို့အလယ်တိုက်တွင် ဆရာတော်ကြီးများအား ဖူးမြော်ပြီးမှ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရပ်မိရပ်ဖများ၊ မကွေးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင် ဒေသခံများနှင့် ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်အား သောင်းသောင်းဖျဖျကြိုဆိုရန် ပြင်ဆင်ထားကြောင်း၊ ဟောပြောပွဲအား အေးအေးချမ်းချမ်း ပြီးဆုံးနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက် ထားကြောင်းနှင့် အဖွဲ့ဝင်များက ၀န်းရံသွား မည်ဖြစ်ကြောင်း၊ လုံခြုံရေးအာဏာပိုင်များ အနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် ပြီးဆုံးစေရေး ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ တစ်နိုင်ငံလုံး၌ မေ ၂၃ ရက်မှ စ၍ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ပေါ့သွပ်သူ မဟုတ်လျှင် မြန်မာနိုင်ငံသားတိုင်း ပါဝင်လက်မှတ် ရေးထိုးနိုင်ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးရာတွင် တပ်မတော်သားများအပါအ၀င် အစိုးရ ၀န်ထမ်းများပါ လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်မရေးထိုးရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်ပြုလုပ်သူများကို ဥပဒေ အရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုးမှု အရေအတွက်မှာ ဇွန် ၂၇ ရက်အထိ ၃၃ သိန်းကျော် ရရှိပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့သို့ သွားရောက်ဟောပြောမည့် ကိစ္စနှင့်ပတ်သက် ၍ ပခုက္ကူမြို့မှ လုပ်ငန်းရှင် ကိုအောင်ဇော်ထက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင် တိုက်ရိုက် နားမထောင် ဖူးဘူး။ အခုလို ပခုက္ကူမှာ လာပြောမယ်ဆိုတော့ တိုက်ရိုက်နားထောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ အနီးတစ်ဝိုက် မြို့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်လာဖို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလိုလာရောက်မှာ ဖြစ်တဲ့အတွက် အားလုံးဝမ်းသာနေကြတယ်” ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက်က မအူပင်မြို့တွင် ကျင်းပစဉ်

Eleven
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။

ဇူလိုင် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယခြောက်လပတ် (အောက်တိုဘာမှ မတ်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်း ဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆို မှုများ ပိုမိုပြုလုပ် သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား တိုက်တွန်းပြော ဆိုခဲ့သည်။

ဒေါက်တာအေးမောင်က “ပုဒ်မ ၄၃၆ ကလည်း ပြင်ရမယ့် ပုဒ်မတစ်ခုပါပဲ။ ဒါပေမဲ့အဓိကကျတာက

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ

မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်