Monday, July 21, 2014

ရခိုင်မူဆလင်ဆိုသည်မှာ ယခင်ကလည်းမရှိ ယခုလည်းမရှိကြောင်း ရခိုင်ဒေသခံများပြောကြား

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုး များအနေဖြင့် အစ္စလာမ်ဘာသာဝင် များမဟုတ်သည့်အတွက်ရခိုင်မူဆ လင်ဆိုသည်မှာ ယခင်ကလည်း မရှိ၊ ယခုလည်းမရှိကြောင်း ရခိုင် ဒေသခံများကပြောသည်။''လက်ရှိ ဘင်္ဂါလီလူမျိုးတွေကိုရခိုင်မူဆလင် ဆိုရင် ကျွန်တော်တို့လုံးဝလက်ခံမှာ မဟုတ်ဘူး။ ရခိုင်မူဆလင်ဆိုပြီး အခုပြဿနာဖြစ်နေတဲ့ရိုဟင်ဂျာအရေး ကိစ္စမပေါ်မီကတည်းက ဘင်္ဂါလီ လူမျိုးတွေကရခိုင်ဒေသခံတွေအဖြစ် ရအောင် အစဉ်တစိုက်ဆောင်ရွက် ခဲ့တာရှိပါတယ်။ ၁၉၇၃ခုနှစ် သန်း ခေါင်စာရင်းကောက်ယူတဲ့အခါမှာ လဲ ဒီကိစ္စဟာအရေးကြီးကိစ္စတစ် ရပ်အဖြစ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအခါတုန်းက

ဂျပန်နိုင်ငံမှ သံစဉ်များနှင့်လမ်း ( Melody road )

Photo: ဂျပန်နိုင်ငံမှ သံစဉ်များနှင့်လမ်း ( Melody road )
Monday, July 21, 2014

ဂျပန်နိုင်ငံမှာ အများနှင့်မတူ တမူထူးခြားတဲ့ သံစဉ် တေးသွား ပုံစံလေးများဖြင့် ဖြယ်သမွမ်းတင် ထားတဲ့ လမ်းရှိပါတယ်။ ၎င်းလမ်းကို သံစဉ်များနှင့် လမ်းလို့ ခေါ်ဆိုကြပါတယ်။

ထိုသံစဉ် တေးသွားတွေကို အလကား သက်သက် ပြုလုပ်ထားခြင်း မဟုတ်ပါဘူး။ ရည်ရွယ်ချက် ကတော့ ကာများ အမြန်မောင်းနှင်သည့် အခါ ကားဘီးများနှင့် ဘော်ဒီများကို တုန်ခါစေပြီး ကားမောင်သူကို အိပ်မငိုက်ရန် တစ်နည်းပြောရရင် သတိပေးသည့် အချက်ပြ ခလုပ်များပင် ဖြစ်ပါတယ်။

ဒါကြောင့် ယာဉ်အန္တာရာယ်ကို ကင်းရှင်းစေပြီး ထိုလမ်းကလေးကို သွားလာသူများ အဖို့ စိတ်ကြည်နှုးမူ ကိုလည်း ရရှိစေမှာ အမှန်ဖြစ်ပါတယ်။ 

ကျော်လင်းနိုင် (ရိုးရာလေး)
ဂျပန်နိုင်ငံမှာ အများနှင့်မတူ တမူထူးခြားတဲ့ သံစဉ် တေးသွား ပုံစံလေးများဖြင့် ဖြယ်သမွမ်းတင် ထားတဲ့ လမ်းရှိပါတယ်။ ၎င်းလမ်းကို သံစဉ်များနှင့် လမ်းလို့ ခေါ်ဆိုကြပါတယ်။
ထိုသံစဉ် တေးသွားတွေကို အလကား သက်သက် ပြုလုပ်ထားခြင်း မဟုတ်ပါဘူး။ ရည်ရွယ်ချက် ကတော့ ကာများ အမြန်မောင်းနှင်သည့် အခါ ကားဘီးများနှင့် ဘော်ဒီ များကို တုန်ခါစေပြီး ကားမောင်သူကို အိပ်မငိုက်ရန်

တဲမီးရှို့သူကို မဖော်ထုတ်နိုင်သော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ၀င်များ ရဲဖမ်း

ဧရာဝတီတိုင်းဒေကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ၀က်ကုန်းကျေးရွာအုပ်စု၊ စန်းကုန်းကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို တဲတစ်လုံးအား မီးရှို့သူတရားခံ ဖော် မပေးနိုင်သည့်အတွက်ဟုဆိုကာသဲနုကုန်းရဲကင်းမှူးက ဖမ်းဆီးထားသည်။

ရယက အဖွဲ့ဝင် ဦးမင်းမင်းနှင့် ဆယ်အိမ်မှူး ဦးစိုးမြင့်တို့အား ရော်ဘာ စိုက်ခင်းအတွင်းရှိ လုပ်သားယာယီတဲ မီးလောင်ရာတွင် တရားခံမဖမ်းမိသောကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

နာမည်ကျော် လူမူကွန်ရက် တာဝန်ခံများနှင့် ပြည်တွင်း IT ပညာရှင်များ လူမူကွန်ရက် ပြဿနာ ဆွေးနွေး

ကမ္ဘာကျော် လူမှုကွန်ရက်များ ဖြစ်ကြသော Google, Facebook, Twitter အစရှိသော လူမှုကွန်ရက်များမှ တာဝန်ခံများနှင့် မြန်မာနိုင်ငံအတွင်းရှိ IT ပညာရှင်များ တွေ့ဆုံကာ တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိသော လူမူကွန်ရက် မီဒီယာခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ခုကို ဇူလိုင်လ ၂၀ ရက်နေ့က MICT Park Conference Hall တွင် ကျင်းပခဲ့သည်။

မန္တလေး ပဋိပက္ခ ဖြစ်စဉ်အပြီး Facebook မှ တာဝန်ရှိသူများက မြန်မာအစိုးရကို ကူညီကာ

သံတွဲနှင့် တောင်ကုတ်တွင် ရေကြီး၍ ဈေးနှင့် ကျောင်းအချို့ပိတ်

Photo: သံတွဲနှင့် တောင်ကုတ်တွင် ရေကြီး၍ ဈေးနှင့် ကျောင်းအချို့ပိတ်
Monday, July 21, 2014

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ များကြောင့် ရေကြီးနေသဖြင့် ဈေးနှင့် ကျောင်းအချို့ကို ပိတ်ထားရကြောင်း ဒေသခံများက ပြောကြားသည်။

တောင်ကုတ်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း တောင်ကျရေများကြောင့် သုံးပေဝန်းကျင် ရေ ကြီးနေကြောင်း၊ ရေကြီးမှုကြောင့် မြို့မဈေး ပိတ်ထားရပြီး အခြေခံပညာ အထက်တန်း (၂) ကျောင်း အပါအဝင် စာသင်ကျောင်းအချို့နှင့် လူနေအိမ်များ ရေမြုပ်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောသည်။ 

ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေတစ်ပေခန့် ပြန်ကျ သွားပြီ ဖြစ်သော် လည်း ဈေးပိတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်းစစ်ဖို့ဆိုပြီး ကုမ္ပဏီတွေက ဧက ငါးသောင်းလောက် ခုတ်ထားတယ်။ တောင်ကတုံးတွေ ဖြစ်နေတယ်။ မိုးနည်းနည်း များတာနဲ့ တောင်ကျရေကတော့ အလုံးလိုက်ကို ဆင်းမှာပဲ” ဟု ဦးစိုးဝင်းက ရှင်းပြသည်။

သစ်ပင်များ ဧက ငါးသောင်းဝန်းကျင် ခုတ်လိုက်သဖြင့် ယခုနှစ်တွင် မိုးဆက်တိုက် ရွာသွန်းပါက စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ၎င်းကဆိုသည်။

သံတွဲမြို့တွင် သြဂုတ်လ ၁၇ ရက်မှ စ၍ မိုးသုံးရက်ခန့် ဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က ငါးပေဝန်းကျင် ရေကြီးခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်းအချို့ရေမြုပ်ခဲ့ကာ လူပေါင်းသုံးရာ ဝန်းကျင်ကို ကယ်ဆယ်ရေးစခန်းဖွင့် ကူညီပေးခဲ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောကြားသည်။ 

“မိုးကြီးတယ်။ တောင်ကျရေ များတယ်။ ပင်လေရေတက်တဲ့ အချိန်နဲ့ ကြုံသွားတယ်။ ရုတ်တရက်ကြီးတာ။ ခါတိုင်းနှစ် ရေကြီးတာနဲ့ မတူဘူး။ ရေတက်တာ အရမ်းမြန်တယ်” ဟု ၎င်းကဆိုသည်။

ရေကြီးမှုကြောင့် သံတွဲ-တောင်ကုတ်-ရန်ကုန်လမ်းတွင် တံတားများ ပျက်စီးသဖြင့် ပို့ဆောင်ရေးများ ယာယီရပ်တန့်နေခဲ့ပြီး ညနေ လေးနာရီ ဝန်းကျင်တွင် ပြန်လည် သွားလာ၍ အဆင်ပြေသွားကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့တွင် ကုန်းမြင့်ဖြစ်သည့် မြို့လယ်အနီး ဝန်းကျင်သာ ရေကြီးခြင်း မရှိခဲ့သော်လည်း ကျန်ရပ်ကွက်များတွင် ရေကြီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့နယ်၌ ၂၀၁၃ ခုနှစ် သြဂုတ်လကလည်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်း၍ ရေကြီးခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနှင့် တောင်ကုတ်မြို့ တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ များကြောင့် ရေကြီးနေ သဖြင့် ဈေးနှင့် ကျောင်းအချို့ကို ပိတ်ထား ရကြောင်း ဒေသခံများက ပြောကြားသည်။
တောင်ကုတ်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့သော်လည်း တောင်ကျရေများကြောင့် သုံးပေဝန်းကျင် ရေ ကြီးနေကြောင်း၊ ရေကြီးမှုကြောင့် မြို့မဈေး ပိတ်ထားရပြီး အခြေခံပညာ အထက်တန်း

အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင်ရမည်၊ မပေးပါက သေဒဏ် အပေးခံရမည်ဟု ISIS အဖွဲ့ ရာဇသံထုတ်

Photo: အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင်ရမည်၊ မပေးပါက သေဒဏ် အပေးခံရမည်ဟု ISIS အဖွဲ့ ရာဇသံထုတ်
Monday, July 21, 2014

အစွန်းရောက် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ ISIS က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ မြို့တစ်မြို့ ဖြစ်သော မိုဆူးလ်မြို့တွင် နေထိုင်သော ခရစ်ယာန် ဘာသာဝင်များကို အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ပြီး မပေးပါက သေဒဏ် ပေးခံရမည်ဟု ရာဇသံ ထုတ်ခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ISIS အဖွဲ့က ထိုကဲ့သို့ ရာဇသံ ထုတ်ခဲ့ပြီးနောက် မိုဆူးလ်မြို့မှ ခရစ်ယာန် ဘာသာဝင် မိသားစု အများအပြားမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြသည်။

စုစုပေါင်း ခရစ်ယာန် ဘာသာဝင် မိသားစု ၅၂ စုမှာ စနေနေ့ အစောပိုင်းက မိုဆူးလ်မြို့မှ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့မှာ လက်နက်ကိုင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် အဝတ်အစား အနည်းငယ်မှလွဲ၍ ၎င်းတို့ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ထားရစ်ခဲ့ကြရသည်။

“ကျွန်တော်တို့ရဲ့ ရွှေတွေ၊ ငွေတွေနဲ့ ကျောက်မျက်ရတနာတွေ အားလုံး ထားရစ်ခဲ့ရပြီး အဝတ်အစားတွေပဲ ယူသွားရမယ်လို့ သူတို့က ပြောတယ်” ဟု မိုဆူးလ်မြို့မှ ထွက်ပြေးလာသော ခရစ်ယာန် ဘာသာဝင်တစ်ဦးက ပြောကြားသည်။

ထွက်ပြေးသွားသော ခရစ်ယာန် ဘာသာဝင်များ၏ အိမ်များတွင် ISIS အဖွဲ့က “ISIS အဖွဲ့ပိုင် အဆောက်အအုံ” ဟု အဓိပ္ပာယ်ရသော စာသားများကို အနက်ရောင် ဆေးများဖြင့် လိုက်လံ ရေးသားထားသည်ကို CNN သတင်းဌာန၌ ဖော်ပြထားသော ဓာတ်ပုံများတွင် တွေ့ရှိရသည်။

မိုဆူးလ်မြို့မှ ထွက်ပြေးသော မိသားစုများမှ အများစုမှာ မိုဆူးလ်မြို့ မြောက်ဘက်၊ ၈၇ မိုင်အကွာရှိ ဒိုဟက်ခ်ခရိုင်သို့ ထွက်ပြေးခဲ့ကြပြီး အချို့မှာမူ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော အာဘေလ်မြို့သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

ဆွန်နီသူပုန်အဖွဲ့ ISIS သည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသ အများအပြားကို သိမ်းပိုက်ထားပြီး ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကို စုပေါင်းကာ အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ကြေညာထားသည်။

မိုဆူးလ်မြို့တွင် လက်ရှိ နေထိုင်နေသူများ အားလုံး မိုဆူးလ်မြို့တွင် ဆက်လက် နေထိုင်လိုပါက အစ္စလာမ်ဘာသာသို့ ဝင်ရောက်ရမည် ဖြစ်ပြီး အကယ်၍ မဝင်ရောက်လိုပါက အီရတ်နိုင်ငံသုံး ငွေကြေး ၅၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၇၀ ခန့်) ပေးဆောင်ရမည်ဟု ISIS အဖွဲ့က မိုဆူးလ် မြို့တော်ဝန်အဖြစ် ခန့်အပ်ထားသော ဆယ်လ်မန်အယ်ဖာရီဆီက အမိန့်စာ ထုတ်ခဲ့သည်။

ထိုစာကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက မိုဆူးလ်မြို့ရှိ ခရစ်ယာန် ဘာသာဝင်များ၏ အိမ်များကို ဖြန့်ဝေခဲ့ကြောင်းနှင့် အစ္စလာမ် ဘာသာသို့လည်း မဝင်ရောက်လို၊ ဒဏ်ငွေလည်း မပေးဆောင်လိုသူများကို မြို့မှ ထွက်ခွာခွင့် ပြုထားကြောင်း ISIS အဖွဲ့ ခေါင်းဆောင် အဘူဘက်ခ်အယ်လ်ဘတ်ဒါဒီက ပြောကြားသည်။

ရက်စက်ကြမ်းကြုတ်သော သူပုန်အဖွဲ့အဖြစ် နာမည်ဆိုးနှင့် ကျော်ကြားသော ISIS အဖွဲ့သည် ပြီးခဲ့သော ကြာသာပတေးနေ့က ဆီးရီးယားနိုင်ငံ အတွင်းရှိ ရေနံမြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး လူပေါင်း ၂၇၀ ဦးကို သတ်ဖြတ်ခဲ့သည်။

The Voice Weekly
အစွန်းရောက် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ ISIS က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ မြို့တစ်မြို့ ဖြစ်သော မိုဆူးလ်မြို့တွင် နေထိုင်သော ခရစ်ယာန် ဘာသာဝင်များကို အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ပြီး မပေးပါက သေဒဏ် ပေးခံရမည်ဟု ရာဇသံ ထုတ်ခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြ ထားသည်။

ISIS အဖွဲ့က ထိုကဲ့သို့ ရာဇသံ ထုတ်ခဲ့ပြီးနောက် မိုဆူးလ်မြို့မှ ခရစ်ယာန် ဘာသာဝင် မိသားစု

ကုလအထူးကိုယ်စားလှယ်ထံသို့ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးဌာနက အိတ်ဖွင့်ပေးစာပေး

Photo: ကုလအထူးကိုယ်စားလှယ်ထံသို့ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးဌာနက အိတ်ဖွင့်ပေးစာပေး
Monday, July 21, 2014

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီထံသို့ ပြည်နယ်အဆင့်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဌာန (ECC) က အိတ်ဖွင့်ပေးစာတစ်စောင်ကို ဇူလိုင် ၂၀ ရက်ကပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် ECC နှင့် ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဘင်္ဂါလီလူမျိုးများကြောင့် ရခိုင်ပဋိပက္ခများဖြစ်ပွားရသည့် အကြောင်းရင်းများကို ရှင်းပြထားသည့် အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးသန်းထွန်းကပြောသည်။

‘‘ပြဿနာတွေဟာ ခိုးဝင်လာသူတွေကြောင့် ဖြစ်ရတာ ဆိုတာကို ပြည့်ပြည့်စုံစုံ စနစ်တကျ ရှင်းပြထားတဲ့ စာကိုပေးခဲ့တာ’’ ဟု ဦးသန်းထွန်းကဆိုသည်။

ကုလအထူးကိုယ်စားလှယ်၏ သုံးရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်တွင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေအပါအ၀င် ဒေသတည်ငြိမ်ရေးကိစ္စရပ်များဆွေးနွေးခဲ့သည်။

မစ္စလီအနေဖြင့် ကချင်ပြည်နယ်နှင့် မန္တလေးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း ကုလအဖွဲ့ကသတင်းထုတ်ပြန်သည်။

7Day DAILY

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ − ညွှန့်ဝင်း/အီးပီအေ)
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ထံသို့ ပြည်နယ် အဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးဌာန (ECC) က အိတ်ဖွင့်ပေးစာတစ်စောင်ကို ဇူလိုင် ၂၀ ရက်ကပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 စစ်တွေမြို့တွင် ECC နှင့် ကုလအထူး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဘင်္ဂါလီ လူမျိုးများကြောင့် ရခိုင်ပဋိပက္ခများဖြစ် ပွားရသည့်

မုတ္တမပင်လယ်ကွေ့ကို ထိန်းသိမ်းရန် မြေဧရိယာသတ်မှတ်ခြင်းအပေါ် ဒေသခံတချို့စိုးရိမ်မှုဖြစ်ပေါ်၊ မြေယာသိမ်းဆည်းခြင်း မဟုတ်ဟုဆို

- မုတ္တမပင်လယ် ကွေ့အားထိန်းသိမ်းရန် မြေဧရိယာ သတ်မှတ်ခြင်းအား မြေယာသိမ်းဆည်းသည်ဟု ထင်ကာ ဒေသခံတချို့စိုးရိမ် နေကြကြောင်း သိရသည်။

''အဖွဲ့အစည်းတွေဆင်းပြီး မြေယာတွေ လာကြည့်ကြတော့ တော် တော်စိုးရိမ်သွားတယ်။ ပြီးတော့ သတင်းတွေကလဲ အမျိုးမျိုးကြားတယ်။ မြေတွေသိမ်းဖို့ကြည့်သလိုလို ဘာလိုလိုနဲ့။ ဒါကြောင့် မြေသိမ်းတော့ မှာ လားဆိုပြီး စိုးရိမ်နေကြတယ်။ ပြီးတော့ ဒီရေတိမ်ဒေသဆိုတာကိုလဲ အားလုံးက သိရှိနားလည်ကြတာ

ငွေ (၁ဝ)သိန်းမပေးနိုင်၍ ဒေသခံ လူငယ်(၂)ဦးကို KIA ဖမ်းဆီး

Photo: ငွေ (၁ဝ)သိန်းမပေးနိုင်၍ ဒေသခံ လူငယ်(၂)ဦးကို KIA ဖမ်းဆီး
Monday, July 21, 2014

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အပစ်ရပ်ရေးမူကြမ်း တွေ့ဆုံဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်မည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဒေသခံများအား ငွေတောင်း၊ လူသစ်အဖြစ် ဖမ်းဆီးနေဆဲဖြစ်ကြောင်း ယင်းဒေသခံများမှ သိရသည်။

မိုင်းညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှ လူငယ် (၂)ဦးသည် ဇူလိုင်လ (၁၈)ရက် မနက်ပိုင်းက တောင်ယာ သွားစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ယာသွားတာ မိုးချုပ်တဲ့အထိ ပြန်မလာတာနဲ့ လိုက်သွားတော့ တောင်ယာမှာမတွေ့ဘူး၊ KIA အဖွဲ့က ဖမ်းသွားပြီဆိုတာ အကြောင်းကြားလာတယ်၊ တစ်ယောက်ကို ငွေ (၁၀)သိန်းနဲ့ လာရွေးခိုင်းတယ်” ဟု မိဘအုပ်ထိန်းသူတစ်ဦးကပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံလူငယ် (၂)ဦးမှာ မိုင်းနောင်ကျေးရွာ၊ စုစည်းရပ်ကွက်နေ မောင်ယော ဟန် (၂၀)နှစ်နှင့် မောင်နော်ထွန်း (၂၁)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

“အရွယ်ရောက်တဲ့ယောင်္ကျားလေးရှိလို့ဆိုပြီး ကျွန်တော့်အိမ်ကိုလူသစ်တောင်းပါတယ်၊ လူသစ်မလုပ်ချင်ရင် ငွေ(၁၀)သိန်းပေးလို့ ပြောပါတယ်၊ ကျွန်တော်တို့က တောင်ယာလုပ်စားနေတာဆိုတော့ သူတို့တောင်းတဲ့ ငွေ မပေးနိုင်ပါဘူး၊ အဲဒါကြောင့် ကျွန်တော့်သားကို ဖမ်းသွားတာပါ” ဟု ဦးတန်ဂွန်းက ဆိုသည်။

KIA/KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဇူလိုင်လ (၂၄)ရက်နေ့မှစကာ NCCT အဖွဲ့မှ အပစ် အခတ်ရပ်စဲရေးမူကြမ်းကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် KIA အဖွဲ့၏ လူသစ်စု၊ ဖမ်းဆီးပြီး ငွေတောင်းမှုများအပေါ် ဝေဖန်မှုများလည်းရှိနေသည်။

အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်မည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးက “ကချင်ပြည်နယ်မှာ လူသစ်စု၊ ငွေတောင်းတာတွေက အမြဲလိုလိုကြားနေရတယ်။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေကိုလည်း KIA အဖွဲ့က လူသစ်စုတာတွေလုပ်တယ်၊ ပြန်လွှတ်ပေးဖို့ပြောလည်း ခုထိ ပြန်မလွှတ်ပေးသေးဘူး၊ ဒီဆွေးနွေးပွဲ လာခါနီး ငွေတောင်း၊ လူဖမ်းတာတွေ ကြားနေရပြန်တယ်၊ အဲဒီလိုလုပ်ရပ်တွေက KIA အဖွဲ့ရဲ့ ပုံရိပ်ကို ကျစေတာပေါ့” ဟု ပြောကြားသွားသည်။

ဇော်နောင်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အပစ် ရပ်ရေးမူကြမ်း တွေ့ဆုံဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်မည့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဒေသခံ များအား ငွေတောင်း၊ လူသစ်အဖြစ် ဖမ်းဆီးနေ ဆဲဖြစ်ကြောင်း ယင်းဒေသခံများမှ သိရသည်။
မိုင်းညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှ လူငယ် (၂)ဦးသည် ဇူလိုင်လ (၁၈)ရက် မနက် ပိုင်းက တောင်ယာ သွားစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရ သည်။

“တောင်ယာသွားတာ မိုးချုပ်တဲ့အထိ ပြန်မလာတာနဲ့ လိုက်သွားတော့ တောင်ယာမှာမတွေ့ဘူး၊ KIA

ထိုင်းနိုင်ငံတွင် မြန်မာမိခင်နှင့် မွေးကင်းစသားငယ်တို့ မီးခိုးမွန်း၍ သေဆုံး

ပရာချွပ်စီရီခန်ဒေသ၊ မူအန် ခရိုင်တွင် အိပ်နေကြစဉ် မြန်မာအမျိုး သမီးတစ်ဦးနှင့် သူမ၏ မွေးကင်းစ သားငယ်တို့ သေဆုံးပြီး တခြားသူ သုံးဦးတို့မှာ ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရကြောင်း ထိုအဖြစ်အပျက်မှာ ဇူလိုင် ၂ဝ ရက် နံနက်ပိုင်း၌ဖြစ် ပွားခဲ့ကြောင်း ထိုင်းရတ်သ်အွန်လိုင်း က ဖော်ပြသည်။

ကလောင်ဝမ်န်ရဲစခန်းမှ တာဝန်မှူး ရဲမှူးအေမွန်ဖက်ဒေါင်အား မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ က နံနက်

မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို

Photo: မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို
Monday,July 21, 2014

မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင် တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းရင်းထိန်းရင်းကနေ လူစုလူဝေး ဖြစ်သွားတာပါ။ အခုဖြစ်စဉ်မှာ လိမ်လည်တိုင်တန်းတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မန္တလေးခရိုင်ဒုတိယ ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သူ ဖြူဖြူမင်း(ခ) ကတုံးမက ဇူလိုင် ၉ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ အမှုဖြစ်စဉ်ကို ဖြောင့်ချက်ပေးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှာ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ဌေး(ခ)ကိုထွေးနှင့် ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ကြိုတင်ထွက်ဆိုချက်များပေးခဲ့သည်ဟု ဆိုသည်။

“လိမ်လည်တိုင်တန်းတဲ့ ကိစ္စတစ်ခုက ဒီလောက်အထိဖြစ်သွားတာတော့ မကောင်းဘူး။ ဥပဒေဘက်တော်သားတွေလည်း လျင်လျင်မြန်မြန်လုပ်ဖို့ လိုတယ်။ ဖြစ်စဉ်မှာ ဘေးတီးတဲ့သူတွေကို ဖော်ထုတ်ဖို့လည်း လိုတယ်။ မန္တလေးမြို့ လက်ရှိအနေအထားကလည်း ငြိမ်းချမ်းတဲ့အဆင့်တော့ မရောက်သေးပါဘူး။ တည်ငြိမ်တဲ့ အဆင့်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ညမထွက်ရ အမိန့်ရှိတဲ့အတွက်ပါ။ ညမထွက်ရအမိန့် ရုပ်သိမ်းပြီး စောင့်ကြည့်ဖို့လိုပါသေးတယ်”မန္တလေး မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စ ကိုနေ ကဖေးနှင့် ဆန်း ကဖေးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဖြူဖြူမင်း(ခ)ကတုံးမ လိမ်လည်တိုင်ကြားခဲ့ခြင်းအပေါ် ပျဉ်းမနားမြို့မ ရဲစခန်း က(ပ)၂၉၃/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကို ဇူလိုင်လ ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။ လိမ်လည် တိုင်တန်းသူ ဖြူဖြူမင်းနှင့် ညွှန်ကြားစီစဉ်သူ မနုနုမြတ်တို့ကို ဖမ်းဆီးထားပြီး ရဲထွဋ် (ခ) သူရရဲထွဋ်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Mizzima
မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ် ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ် ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင် တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ

သွေးကြောများထဲ သွေးမခဲစေရန် စားသင့်သည့် အစားအသောက်များ

သကြားပါဝင်မှုများသော အချိုရည်များ သောက်သုံးမှုကြောင့်ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူပေါင်း ၁၈၀,၀၀၀ သေဆုံးနေပြီး၎င်းတို့အနက် လူပေါင်း ၄၅၀၀၀ ခန့်မှာ နှလုံးရောဂါကြောင့် သေဆုံး သူများ ဖြစ်သည်။ အချိုရည်များစွာသောက်ခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာနိုင်ပြီး ဆီးချိုရောဂါဖြစ်လာနိုင်ကာ နှလုံးသွေးကြော ပိတ်ဆို့မှုများဖြစ်ပေါ်နိုင်သည်။

လူမှုကွန်ရက်မီဒီယာမှအမုန်းပွားမှုများအတွက် စတင်အဖြေရှာ

 မကြာသေးမီက ဖြစ်ပွားခဲ့သော မန္တလေးပဋိပက္ခအပါအ၀င် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများသည် လူမှုကွန်ရက်မီဒီယာကြောင့် ပိုမိုကြီးထွား လာစေခဲ့သည်ဆိုသော သုံးသပ်ချက်များ ထွက်ပေါ် လာပြီးနောက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ‘တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူမှုကွန်ရက်’အမည်ဖြင့် ဖိုရမ်တစ်ခုကို ဇူလိုင် ၂၀ ရက်က MICT Park ၌ ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်း ဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီးဌာနက အဓိက စီစဉ် ခဲ့ပြီး ပြည်တွင်းရှိ နယ်ပယ်

MH-17 ပစ်ချခံရခြင်း၏ သဲလွန်စ ယူကရိန်း ထောက်လှမ်းရေး ရရှိခဲ့

Photo: MH-17 ပစ်ချခံရခြင်း၏ သဲလွန်စ ယူကရိန်း ထောက်လှမ်းရေး ရရှိခဲ့
Monday,July 21, 2014

မလေးရှားလေယာဉ် MH-17 အား ပစ်ချခဲ့သည့် တရားခံ၏ သဲလွန်စအား ယူကရိန်းထောက်လှမ်း ရေးက ရုရှားလိုလားသည့် သူပုန်များ၏ တယ်လီဖုန်းကို ကြားဖြတ် နားထောင်ခြင်းမှ ရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ဆိုသည်။

ဤအသံမှတ်တမ်းအား ယူကရိန်းက ဖြန့်ချိခဲ့သည်။ ပစ်ချသူစစ် သွေးကြွတစ်ဦးက တခြားသူပုန်များ အား လေယာဉ်ပစ်ချလိုက်ကြောင်း အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြားဖြတ်နားထောင်ခံရသူ စစ်သွေးကြွများ လေယာဉ် ပျက်ကျရာသို့ ရောက်ခဲ့ကြသည်ဟု ဆိုသည်။ 

အောက်ပါတို့မှာ သူပုန်မေဂျာ ဆိုသူနှင့်(Grek) ဂရက်ဆိုသူတို့ အပြန်အလှန် ဖုန်းဖြင့် ပြောကြားချက်များ ဖြစ်သည်။

မေဂျာ-လေယာဉ်က လေထဲမှာ အပိုင်းပိုင်းဖြစ်သွားတယ်။ ကျွန်တော် တို့ ပထမလူသေအလောင်း ၂ဝဝ တွေ့ရတယ်။ ဒါတွေဟာ အရပ်သား တွေပဲ။

ဂရက်-ဘယ်လို ဖြစ်ကုန်တာလဲ။

မေဂျာ-ဟုတ်တယ်။ ရာနှုန်းပြည့် သေချာတယ်။ ဒါဟာ အရပ်ဘက် လေယာဉ်ပဲ။

ဂရက်-လူတွေ အများကြီးပါသလား။

မေဂျာ-နင့်အမေမှပဲ။ လေယာဉ်ပျက်က ကွင်းပြင်ထဲ ပြန့်ကျဲသွားတာပဲ။ ဒီမှာ အတွင်းက ထိုင်ခုံအပျက်အစီး တွေနဲ့ အလောင်းတွေ အများကြီး ပဲ။

ဂရက်-တခြားလက်နက်တွေကော မတွေ့ဘူးလား။

မေဂျာ-ဘာလက်နက်မှ မတွေ့ရဘူး။ အရပ်ဘက်လေယာဉ်ပဲ။ ဆေးစာတွေ၊ မျက်နှာသုတ်ပဝါတွေနဲ့ အိမ်သာ စက္ကူတွေပဲ တွေ့တယ်။

ဤဖုန်းပြောကြားချက်အား CNNက အစစ်အမှန်ဖြစ်သည်ကို စစ်ဆေးမှု မပြုခဲ့ဟု ဆိုသည်။ တည်း ဖြတ်ပြီးသား ဟုတ်မဟုတ်လည်း မသိရဟု ပြောခဲ့သည်။

CNN စစ်ဘက်အကြံပေး ဒုတိယဗိုလ်မှူးကြီးရစ်ဖရန်ကိုနာက ယူကရိန်းက သူပုန်တွေရဲ့ တယ်လီ ဖုန်းကို ဖြတ်နားထောင်တယ် ဆိုတာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း ထောက်လှမ်းရေးတွေ သူ တို့နယ်မြေမှာ ကျွမ်းကျင်ကြောင်း ၄င်းကပြောသည်။

ယူကရိန်းထောက်လှမ်းရေး၏ တခြားထုတ်ပြန်ချက်တွင် ရုရှား ထောက်လှမ်းရေးနှင့် ယူကရိန်းသူပုန် တို့အကြား ပြောကြားချက်ပါခဲ့သည်။

ခွဲထွက်ရေးအုပ်စု လူဂန်စ် အမျိုးသားရီပတ်ဘလစ်နှင့် ရုရှား ထောက်လှမ်းရေးတို့ ပြောကြားရာ တွင် ရုရှားအရာရှိက သူပုန်အား (BUK)ဘတ်ဒုံးပျံကို အပျက်အစီးကြား မှထုတ်၍ သိမ်းဆည်းဝှက်ထားရန် ညွှန်ကြားခဲ့သည်။ (BUK)ဘတ် ဒုံးပျံမှာ မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံ ဖြစ်ပြီး မလေးရှားလေယာဉ် MH-17 ကို ပစ်ချခဲ့သော ဒုံးကျည်ဖြစ်သည်။

Ref: CNN

Yangon Media Group
မလေးရှားလေယာဉ် MH-17 အား ပစ်ချခဲ့သည့် တရားခံ၏ သဲလွန်စအား ယူကရိန်းထောက်လှမ်း ရေးက ရုရှားလိုလားသည့် သူပုန်များ၏ တယ်လီဖုန်းကို ကြားဖြတ် နားထောင်ခြင်းမှ ရရှိခဲ့ကြောင်း ယူကရိန်းအရာရှိ များက ဆိုသည်။
ဤအသံမှတ်တမ်းအား ယူကရိန်းက ဖြန့်ချိခဲ့သည်။ ပစ်ချသူစစ် သွေးကြွတစ်ဦးက တခြားသူပုန်များ အား လေယာဉ်ပစ်ချလိုက်ကြောင်း အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြားဖြတ်နားထောင်

"အလိုရှိသည် ဆုငွေ ဘတ် ၅၀၀၀၀ "

 ကြေ ညာချက် ။ သတိ ထားရန် ။ ထိုင်းရောက် မြန်မာနိုင်ငံသား (ရှမ်းလူမျိုး) လိမ်လည်ပြီး အန္တရယ်ပေးနေသည့် (တိုရင်း ခေါ် စိုင်းကျွန်)
၎င်းသည် ပြီးခဲ့သည့်နှစ် ထိုင်းနိုင်ငံရေးရုပ်ထွေးမှု့ကိုအခွင်းကောင်းယူကာ ထိုင်းရှပ်နီသင်းထဲသို့ မြန်မာနိုင်ငံသားများအားခေါ်ဝင်စေခြင်းထိုင်းနိုင်ငံ Big C စသည့် ကုန်တိုက်များအားမြန်မာနိုင်ငံသားများကိုခေါ်ယူ ဝင်ရောက်ခိုးစေခြင်းများနှင့် မြန်မာနိုင်ငံမှ မိန်ကလေးများအား အနှိပ်ခန်းများသို့လိမ်လည်ပို့ဆောင်မှု့ လူကုန်ကူးမှု့ passport အတုများလုပ်ပေးမှု့ ၊ အကြောင်းအမျိုးမျိုးဖြင့်လိမ်ညာမှုများနှင့် နှောက်ဆုံး ၄င်းအားထိုင်းနိုင်ငံတွင်းမှ ရဲစခန်းများသို့ လူဆယ်ယောက်ကျော်က ( ဘတ်ငွေပေါင်း သုံးသန်းကျော် လိမ်လည်သွားပြီးဖြစ်ကြောင်း) သတင်းပို့

၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဆွေးနွေးလိုဟု သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းပြောကြား

ရန်ကုန်၊ဇူလိုင် ၂၀- ၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင် ဆွေးနွေး လိုဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောဆိုခဲ့ ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဒေါ်နန်းဝါနု ကဒီမိုကရေစီတူဒေးသို့ ပြောသည်။

နေပြည်တော်ရှိ ရွှေဧည့်သည် ဟိုတယ်တွင်ဇူလိုင်လ၂ဝရက်နေ့ ကငြိမ်းချမ်းရေးဖြစ်စဉ်နှင့်လွှတ် တော်

၉ နှစ်သားနဲ့ ၆၂ နှစ်သူတို့ရဲ့ ဒုတိယမြောက် မင်္ဂလာလက်ထပ်ပွဲ

၉ နှစ်သား တောင်အာဖရိက လူငယ်လေးဟာ အသက် ၆၂ နှစ်ရှိတဲ့ အမျိုးသမီးကြီးတို့ရဲ့ ဒုတိယအကြိမ် မင်္ဂလာလက်ထပ်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့အကြောင်းပါ။ သူ့အသက် ၈ နှစ်၊ မနှစ် ( ၂ဝ၁၃ ခုနှစ် ) တုန်းကလည်း အခု သတို့သား Saneie Masilela ဟာ အဲဒီတုန်း က အသက် ၆၁ နှစ်ရှိတဲ့ အခု သတို့သမီး Helen Shabangu နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဒါကလည်း ကွယ်လွန်သွားပြီး တစ္ဆေဖြစ်နေကြတဲ့ ဘိုးဘွားတွေက သူ့ကို ပြောလို့ လက်ထပ်ခဲ့ရတာပါတဲ့။

အခုတော့ သူ့အသက် ၉ နှစ်မှာလည်း ဒီ ၆၂ နှစ်ရှိသွားပြီဖြစ်တဲ့ အမျိုးသမီးနဲ့ ထပ်ပြီး ဒုတိယ အကြိမ်

လက်အဆစ် ချိုးလျှင်

Photo: လက်အဆစ် ချိုးလျှင်
Monday,July 21, 2014

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။

သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း ၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့် အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။

မြ၀တီ
လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင် လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။

သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး

တရားခံဖြစ်မည်စိုး၍ လွှတ်တော်၏ ပီအာရ် အစည်းအဝေး ကော်မရှင်မတက်တော့

Photo: တရားခံဖြစ်မည်စိုး၍ လွှတ်တော်၏ ပီအာရ် အစည်းအဝေး ကော်မရှင်မတက်တော့
Monday,July 21, 2014

တရားခံဖြစ်မည်စိုး၍ ပီအာရ်ပြောင်းလဲကျင့်သုံးရန် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနေသည့် ဆွေးနွေးပွဲများကို လေ့လာသူအဖြစ်ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတက်တော့ဟု ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၂၀တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းအတွက် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ ညီလာခံတွင် ပြောခြင်းဖြစ်သည်။

ဦးတင်အေးက “လွှတ်တော်က ပီအာရ် နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းကို သူတို့ဘာသာ သူတို့ ရေးဆွဲနေတယ်။ ပြီးရင်တော့ ကော်မရှင်ကို ပေးလိမ့်မယ်။ အဲ့ဒီ့အခါကျရင် ကော်မရှင်က ဈေးဆစ်မှာပါ၊ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဈေး ဆစ်မှာ။ အခုကတော့ ကျွန်တော်တို့က လေ့လာသူအနေနဲ့ပဲ ပါ ပါတယ်။ လာမယ့်အပတ်ထဲမှာ လေ့လာသူအနေနဲ့တောင် မသွားနဲ့တော့လို့ ပြောလိုက်မယ်” ဟု ပြောသည်။

ထိုသို့လေ့လာသူအဖြစ်ပင် မတက်ရောက်တော့ကြောင်းကိုလည်း အမျိုးသားလွှတ်တော်သို့ ပြောမည်ဟု ဆိုသည်။အကြောင်းမှာ ရွေးကောက်ပွဲ စနစ်ပြောင်းရန် လွယ်ကူသည့် အခြေအနေမျိုးကို ဖန်တီးပေးရန် လိုနေပြီး ပြင်ဆင်ချိန် လုံလောက်ရန်လည်း လိုသည်ဟု ဦးတင်အေးက ပြောသည်။

သို့မဟုတ်ပါက အခက်အခဲများ မမျှတမှုများ ပေါ်ပေါက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။ သို့သော် ဆုံးဖြတ်ခွင့်ရှိသည့် လွှတ်တော်က အတည်ပြုလိုက် ပါက ကော်မရှင်သည် မည်သို့မျှတတ်နိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

ပီအာစနစ်ပြောင်းရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အဆိုတင်သွင်းခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထောက်ခံခဲ့သည်။ အကြီးဆုံးအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ အချိန်အခါ မသင့်ဟုဆို၍ ကန့်ကွက်ထားသည်။ ထို့ပြင်တိုင်းရင်းသားပါတီတို့က ဆန္ဒပြရန် စီစဉ်သည်အထိပင် သဘောမတူကြောင်း ပြသထားသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးရသူတစ်ဦးတည်း အမတ်ဖြစ်ခွင့်ရှိသည့် စနစ်မှ ရရှိသည့် မဲအရေအတွက် ရာခိုင်နှုန်းအချိုးဖြင့် ကိုယ်စားပြုခွင့်ရမည့် ပီအာရ်စနစ်ကို အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ များတွင် ပြောင်းသုံးရန် လွှတ်တော်တွင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ရောက်ရှိလာသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို တွေ့ရစဉ်။ ဓာတ်ပုံ စိုးသန်းလင်း

Mizzima
တရားခံဖြစ်မည်စိုး၍ ပီအာရ်ပြောင်းလဲကျင့်သုံးရန် အမျိုးသား လွှတ်တော် တွင် ဆွေးနွေးနေ သည့် ဆွေးနွေးပွဲများကို လေ့လာသူ အဖြစ်ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က မတက်တော့ဟု ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၂၀တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းအတွက် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ ညီလာခံတွင် ပြောခြင်းဖြစ်သည်။

ဦးတင်အေးက “လွှတ်တော်က ပီအာရ် နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းကို သူတို့ဘာသာ သူတို့ ရေးဆွဲနေ တယ်။ ပြီးရင်တော့ ကော်မရှင်ကို ပေးလိမ့်မယ်။ အဲ့ဒီ့အခါ ကျရင် ကော်မရှင်က ဈေးဆစ်မှာပါ၊ ဖြစ်နိုင်တယ်၊

MH-17 လေယာဉ်တွင် မြန်မာသို့လာရောက်လည်ပတ်မည့် မိသားစုတစ်စုလုံးပါသွား

Photo: MH-17 လေယာဉ်တွင် မြန်မာသို့လာရောက်လည်ပတ်မည့် မိသားစုတစ်စုလုံးပါသွား
Monday,July 21, 2014

ယူကရိန်းနိုင်ငံပိုင်နက်၌ ပစ်ချခံရသော  မလေးရှားလေကြောင်းလိုင်းပိုင် MH-17လေယာဉ်တွင်  မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နယ်သာလန်နိုင်ငံမှ မိသားစုတစ်စုလုံးပါသွားကြောင်း သတင်းရရှိသည်။

နယ်သာလန်နိုင်ငံသားဇနီး မောင်နှံနှင့်အတူ အသက်(၁၂)နှစ် အရွယ် သမီးနှင့် (၁၁)နှစ်အရွယ် သားတစ်ဦး စုစုပေါင်းလေးဦးမှာ ပုဂံတွင်လေးရက်တာလည်ပတ် ရန် စီစဉ်ထားကြခြင်းဖြစ်ပြီး မိ သားစုတစ်စုလုံးလေယာဉ်ပစ်ချခံ ရမှုကြောင့် သေဆုံးခဲ့သည်။

‘‘ကျွန်မတို့ဆီမှာ ဇူလိုင် ၂၂ ရက်ကနေ ၂၄ရက်အထိ သုံးည အိပ်တည်းဖို့အတွက် နှစ်ခန်းမှာ ထားတယ်။ လေယာဉ်ပစ်ချခံရပြီး နောက်တစ်နေ့ပဲ ခရီးသွားကုမ္ပဏီ က အကြောင်းကြားလို့ပါသွား တယ်ဆိုတာ သိလိုက်တယ်’’ဟု ပုဂံတွင်ဖွင့်လှစ်ထားသော Thiripyi-tsaya Sancturay Resortမှ ဈေး ကွက်ဒါရိုက်တာ ဒေါ်စုစုခိုင်ကပြော သည်။ ထို့ကြောင့် ဟိုတယ်က ယနေ့(ဇူလိုင် ၂၁ရက်) တွင် ၀မ်း နည်းကြောင်းစာပေးပို့သွားမည် ဟု သတင်းရရှိသည်။

ယင်းခရီးသည်များသည် မ လေးရှားနိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ် မည့် ခရီးသွားများဖြစ်ပြီး ပြည် တွင်းမှ Club Normad Myanmar Travel ကုမ္ပဏီနှင့်ချိတ်ဆက်ကာ လာရောက်လည်ပတ်မည့်သူများဖြစ်ကြောင်း သတင်းရရှိသည်။

မလေးရှားလေကြောင်းမှ MH-17လေယာဉ်သည် ဇူလိုင်လ ၁၇ရက် ညနေပိုင်းက နယ်သာ လန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံ သန်းစဉ် ယူကရိန်းနိုင်ငံအတွင်း ရုရှားနိုင်ငံနယ်စပ်အနီးသို့ရောက် ရှိစဉ် ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံရ၍ လေယာဉ်တွင်ပါသော ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၂၉၈ဦးလုံးသေဆုံးသွားခဲ့သည်။ နယ်သာလန်နိုင်ငံသား ၁၉၃ ဦးပါဝင်ပြီး၊ လေယာဉ်ပေါ်တွင် နိုင်ငံပေါင်းစုံမှ ကလေးငယ် စုစုပေါင်း ၈၀ ပါရှိသည်။

မလေးရှား လေကြောင်း လိုင်းမှ MH-370လေယာဉ်မှာ လည်း ယခုနှစ်မတ်လက မလေး ရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ပျံသန်း စဉ်ပျောက်ဆုံးသွားခဲ့ပြီး လေ ယာဉ်ပေါ်ပါခရီးသည်များနှင့် လေယာဉ်ကိုပါ ယနေ့တိုင်ရှာဖွေတွေ့ ရှိခြင်းမရှိသေးပေ။

7 Day Daily
ယူကရိန်းနိုင်ငံပိုင်နက်၌ ပစ်ချခံရသော မလေးရှားလေကြောင်း လိုင်းပိုင် MH-17လေယာဉ်တွင် မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်မည့် နယ်သာလန်နိုင်ငံမှ မိသားစုတစ်စုလုံးပါသွားကြောင်း သတင်းရရှိသည်။

နယ်သာလန်နိုင်ငံသားဇနီး မောင်နှံနှင့်အတူ အသက်(၁၂)နှစ် အရွယ် သမီးနှင့် (၁၁)နှစ်အရွယ် သားတစ်ဦး စုစုပေါင်းလေးဦးမှာ ပုဂံတွင်လေးရက်တာလည်ပတ် ရန် စီစဉ်ထားကြခြင်းဖြစ်ပြီး မိ သားစုတစ်စုလုံးလေယာဉ်ပစ်ချခံ ရမှုကြောင့် သေဆုံးခဲ့သည်။

‘‘ကျွန်မတို့ဆီမှာ ဇူလိုင် ၂၂ ရက်ကနေ ၂၄ရက်အထိ သုံးည အိပ်တည်းဖို့အတွက် နှစ်ခန်းမှာ

မြစ်ကြီးနား - နမ့်ဆန်ယန် - လိုင်ဇာလမ်း ဖြတ်သန်းခွင့်မပြုတော့

Photo: မြစ်ကြီးနား - နမ့်ဆန်ယန် - လိုင်ဇာလမ်း ဖြတ်သန်းခွင့်မပြုတော့
Monday,July 21, 2014

မြစ်ကြီးနား−နားလည်မှုဖြင့် သွား လာနေသော မြစ်ကြီးနား-နမ့် ဆန်ယန်-လိုင်ဇာလမ်းကို အစိုးရ ဘက်က ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သတင်းရရှိ သည်။

အဆိုပါ မြစ်ကြီးနား-လိုင် ဇာလမ်းကို အစိုးရနှင့် ကေအိုင်အို တို့ တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် ဇွန် လအတွင်းမှစတင်၍ ပိတ်ထားခဲ့ သည်။ ထို့နောက် ၂၀၁၃ မှစ၍ မြစ်ကြီးနား-နမ့်ဆန်ယန်-လိုင် ဇာလမ်းကို နားလည်မှုဖြင့် ဖြတ် သန်းသွားလာခြင်းများ ရှိခဲ့သော် လည်း ပြီးခဲ့သည့် လပိုင်းမှစ၍ အ စိုးရတပ်ဘက်က ဖြတ်သန်းခွင့်မပြုတော့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ထိပ်တန်းတပ်မတော် အ ရာရှိတစ်ဦးက ကေအိုင်အေနှင့် တရားဝင်အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိ သောကြောင့် လုံခြုံရေးအခြေအ နေအရ ဖြတ်သန်းသွားလာခွင့် မ ပြုခြင်းသာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

‘‘ခွင့်ပြုချက်နဲ့သွားတာ၊ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ ဆိုရင် လွတ်လပ်စွာ သွားလာလို့ ရပါတယ်။ ဒါပေမဲ့ ဘယ်သူမှန်း မသိတဲ့ဟာဆိုရင်တော့ ဒါ လုံခြုံ ရေးအရ ကျွန်တော်တို့က သွား လာခွင့်မပြုတာပါ’’ ဟု မပခ ထိပ် တန်းတပ်မတော်အရာရှိက ဆို သည်။

‘‘အစကတည်းက မပိတ်ထားဘူး။ ကျွန်တော်တို့ကတော့ ဖွင့်ထားပါတယ်’’ဟု ကေအိုင်အေထိပ်ပိုင်း အရာရှိတစ်ဦးက ပြော သည်။

မြစ်ကြီးနားမြို့မှ ဒေသခံ တစ်ဦးက ၎င်းတို့အနေဖြင့် လိုင် ဇာမြို့သို့ နမ့်ဆန်ယန်ကျေးရွာမှ တစ်ဆင့် ယခင်သွားရောက်၍ရ သော်လည်း ယခု ရက်ပိုင်းအတွင်း သွားလာ၍ မရတော့ဟုဆိုသည်။

လိုင်ဇာမြို့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားနိုင်ခြင်း မရှိသေး သော ကေအိုင်အို ဗဟိုဌာနချုပ် တည်ရှိသည်ဟု သိရှိရသည်။

7 Day Daily
မြစ်ကြီးနား−နားလည်မှုဖြင့် သွား လာနေသော မြစ်ကြီးနား-နမ့် ဆန်ယန်-လိုင်ဇာလမ်းကို အစိုးရ ဘက်က ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သတင်းရရှိ သည်။

အဆိုပါ မြစ်ကြီးနား-လိုင် ဇာလမ်းကို အစိုးရနှင့် ကေအိုင်အို တို့ တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် ဇွန် လအတွင်းမှစတင်၍ ပိတ်ထားခဲ့ သည်။ ထို့နောက် ၂၀၁၃ မှစ၍ မြစ်ကြီးနား-နမ့်ဆန်ယန်-လိုင် ဇာလမ်းကို

မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန် ကြေညာချက်

  အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ ပစ်တင် ရှုတ်ချသည်။ မိမိတို့ အနေဖြင့် ယင်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လူမျိုးစုံ ပါဝင်သည့် လူ ၂၉၈ ဦး ကြေကွဲဖွယ် သေဆုံးခဲ့ခြင်း အတွက် ထိတ်လန့် ချောက်ချားမှု ဖြစ်ပေါ်ကြောင်း ကို ဖော်ပြလိုပါသည်။

မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇သည် ကန့်သတ်ထားခြင်း

လူ့သွေးကြော အကြောင်း သိစရာ အချို့

၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြော်ဟာ အကုန် ဆံ့ လိုက်ရင် မိုင်ပေါင်း ၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို ၂ကြိမ်ခွဲ ဆက်တိုက် ပတ်လို့ ရတယ်ဆိုတာ တကယ် ဖြစ်ပါတယ်။

၂။ အကျဉ်းဆုံး သွေးကြော် အချင်းက ၈ကနေ ၉ မိုင်ခရွန်အထိ ရှိပါတယ်။

ကြားဖြတ် ရာနှုန်းပြည့်အနိုင်ရရှိရေး ပါတီကြီးနှစ်ခု ကြိုးပမ်းဆောင်ရွက်မည်

Photo: ကြားဖြတ် ရာနှုန်းပြည့်အနိုင်ရရှိရေး ပါတီကြီးနှစ်ခု ကြိုးပမ်းဆောင်ရွက်မည်
Monday,July 21, 2014 

၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရေး ပြင်ဆင်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့မှ တာဝန်ရှိသူတို့က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က “ကျွန်တော်တို့လာမယ့် ကြားဖြတ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၂ တုန်းက ရလဒ်လိုပဲ ရမယ်လို့ထင်ပါတယ်။ အောင်နိုင်ရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအောင်နိုင်ရေးအဖွဲ့ ဖွဲ့ဖို့အတွက် ဆွေးနွေးပြီးသွားပြီ”ဟု ဆိုသည်။

NLD သည် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့်တိုင်းတို့ကို ညွှန်ကြားထားပြီး တင်ပြလာသည့် ကိုယ်စားလှယ်များကို ပါတီဝင်မဟုတ်သည့် ပြင်ပပညာရှင်များနှင့် စိစစ်ကာ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များက နောက်ဆုံးရွေးချယ် ဆုံးဖြတ်သွားမည်ဟု ဦးဝင်းမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကလည်း လာမည့်၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်များအတွင်းရှိ ကြားဖြတ်နေရာအားလုံး ရာနှုန်းပြည့်အောင်နိုင်ရန် ပြင်ဆင်နေသည်ဟု ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

“ပြည်သူ့ပါတီအဖြစ်နဲ့ ရပ်တည်သွားနိုင်ဖို့အတွက်လည်း လုပ်နေကြတယ်”ဟု ဦးသာဝင်းက ပြောသည်။

လက်ရှိ လစ်လပ်မဲဆန္ဒနယ်များသည် ကချင်ပြည်နယ်မြို့နယ်အချို့တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်အတွင်း မပြုလုပ်နိုင်ခဲ့ခြင်း၊ အချို့ တိုင်းနှင့်ပြည်နယ်များမှ အမတ်များသည် အစိုးရအရာရှိများဖြစ်သွားခြင်း၊ သေဆုံးမှုရှိခြင်းတို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခြောက်နေရာနှင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၄ နေရာတို့ စုစု ပေါင်း ၃၃ နေရာ လစ်လပ်နေ ခြင်းဖြစ်သည်။

အနီးဆုံးဖြစ်သည့်၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် လစ်လပ် ၄၅ နေရာ၌NLD က ၄၃ နေရာ အနိုင်ရ၍ ပြည်ခိုင်ဖြိုးက တစ်နေရာသာ နိုင်ခဲ့သည်။

Mizzima
၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့် အနိုင်ရရှိရေး ပြင်ဆင်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့မှ တာဝန်ရှိသူတို့က မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်ကော် မတီဝင် ဦးဝင်းမြင့်က “ကျွန်တော်တို့လာမယ့် ကြားဖြတ် ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၂ တုန်းက ရလဒ်လိုပဲ ရမယ်လို့ထင်ပါတယ်။ အောင်နိုင်ရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအောင်နိုင်ရေးအဖွဲ့ ဖွဲ့ဖို့အတွက် ဆွေးနွေးပြီး သွားပြီ”ဟု ဆိုသည်။
NLD သည် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့်တိုင်း တို့ကို ညွှန်ကြား ထားပြီး တင်ပြလာသည့် ကိုယ်စားလှယ်များကို ပါတီဝင်

မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်

Photo: မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်
Monday,July 21, 2014 

လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလိုပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလား ပင်လယ်အော်၊ တရုတ်ပင်လယ်များ၏ အရှေ့အနောက် ဆက်စပ်မှုများတွင် မိုးကြိုကာလ နှင်မိုးဦးကာလတွင် ဖြစ်တတ်သည့် အာရေဘီယံနှင့် ဘင်္ဂလား ပင်လယ်အော်တို့၏ ဆက်စပ်မှု၊ မိုးနှောင်း၊ မိုးလွန်ကာလ များတွင် ဖြစ်တတ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ စိုးမိုး တတ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘင်္ဂလား ပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ အားကောင်းနေချိန်ဖြစ်ပြီး လာမည့် သီတင်းပတ်အတွက် ထိုဘင်္ဂလား ပင်လယ်အော်နှင့် တရုတ် ပင်လယ် တို့၏ ဆက်စပ်မှုများကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ဖော်ပြ ထားသည်။

“ရေကြီးတာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ် မှာတော့ မိုးကြီးမယ်။ မိုးလယ်ကာလ မုတ်သုံမိုးကြောင့် မိုးပိုလာနိုင်တယ်” ၎င်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေ သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင်မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည် ဟုဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တိုင်းထွာချက်များအရ လွန်ခဲ့သော၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ နေရာ ကွက်ပြီး မိုးကြီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်ကား လမ်းပျက်စီး၍ ခရီးသွားကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ဇူလိုင် ၂၀ တွင် ပြောသည်။

“မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို အမှန်တကယ်က တစ်ရက်ခရီးပဲသွား ရတယ်။ အခု လမ်းတွေ ပျက်စီးပြီး သုံးရက်လောက် သွားရတယ်”ဟု ဆိုသည်။

ပဲခူးဒေသခံ ဦးဝင်းမြင့်က “ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာတော့ အဲလောက် ရေ မကြီးဘူး။ ဆင်ခြေဖုံးတွေ၊ ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေ၊ ပဲခူးတိုင်းဒေသကြီး အနီးက ရွာတွေမှာတော့ ရေတွေလျှံကြတယ်”ဟု ပြောသည်။

Mizzima
လာမည့်ရက် သတ္တတစ်ပတ် အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသ များတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှု အခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် က ပြော သည်။
“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလို ပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလား ပင်လယ်အော်၊ တရုတ်ပင်လယ်များ၏

ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မွတ်ဆလင် ခေါင်းဆောင်များနဲ့တွေ့

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်ဆလင်ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး မွတ်ဆလင်တွေရဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။

Ms. Yanghee Lee နဲ့ တွေ့ဆုံခဲ့သူတွေက လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ မွတ်ဆလင်တွေရဲ့ စီးပွားရေး၊

သံတွဲနဲ့ မြန်မာပြည် တချို့ဒေသတွေမှာ ရေကြီး

Photo: သံတွဲနဲ့ မြန်မာပြည် တချို့ဒေသတွေမှာ ရေကြီး
Monday,July 21, 2014 

ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး သံတွဲမြစ် ရေလျှံမှုကြောင့် သံတွဲမြို့ အနိမ့်ပိုင်းရပ်ကွက်တွေက နေအိမ်တချို့ ရေ နစ်မြုပ်နေတာကြောင့် ဒေသခံတွေ အတော်လေး ဒုက္ခရောက်နေကြပါတယ်။ တချို့မြို့ကြီးတွေမှာလည်း နေအိမ်တွေ ရေမြုပ်နေသလို ကားလမ်းတွေပေါ် မှာလည်း ရေကျော်နေတာကြောင့် သွားလာရေးမှာပါ အခက်အခဲတွေ ကြုံနေကြရတာပါ။ အလားတူ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေ မှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေကြရပြီး အိမ်နဲ့လယ်ယာမြေတွေ နစ်မြုပ်ပျက်စီးနေရပုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်သွယ်စုံစမ်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မိုးသည်းထန်စွာရွာနေတဲ့အတွက် သံတွဲမြစ်ရေကြီးပြီး ရပ်ကွက်တွေအတွင်း ရေလျှံနေတဲ့အကြောင်း သံတွဲမြို့ခံ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ချောင်းကတော့ သံတွဲမြစ်လို့ခေါ်တယ်၊ မြေပုံထဲမှာတော့ သံတွဲမြစ်လို့ပဲ ဆိုပါတယ်။ ကျနော်က မနေ့ကပဲ ဟိုးက- ကျိန်တနီကပဲ လာတာ၊ တောက်လျှောက်ပေါ့။ တောက်လျှောက် လမ်းတွေမှာ တချို့ အနိမ့်ပိုင်းတွေမှာ ရေကျော်နေပါတယ်ခင်ဗျ။ ဒီဘက်ရောက်တော့လည်း မြို့အဝင်မှာ ကားလမ်းမှာ တဖာလုံကျော်ကျော်လောက်ကို ကူးတို့နဲ့ကူးရတယ်ဗျ။ အဲလောက်လောက် အထိကို ကူးလာခဲ့ရပါတယ်။ ၁ ရပ်ကွက်ရှိတယ်။ ဇီးကျွန်းကွက်သစ်လို့ ခေါ်တယ်လေ။ အဲဒီရပ်ကွက်တွေမှာတော့ အနိမ့်ပိုင်းအိမ်တွေကတော့ အိမ်ပေါ်အထိ ရောက်တယ်ပေါ့။ မာလဲလမ်းကတော့ လမ်းပေါ်မှာ ခြေသလုံးလောက် ရောက်တယ်ပေါ့ဗျာ။ ဇီးကျွန်းကွက်သစ်မှာတော့ ခါးလောက်၊ ဇီးကျွန်းကွက်သစ်ရဲ့နောက်ဘက်က အိမ်တွေရှိတယ်။ အဲဒီအိမ်လေးတွေက အနိမ့်ပိုင်းမှာဆိုတော့ သူတို့အိမ်တွေကတော အိမ်ပေါ်အထိ ရေရောက်တာပေါ့လေ။  ” 

ရခိုင်ပြည်နယ်အတွင်း တချို့နေရာတွေမှာလည်း ရေကြီး၊ ရေလျှံနေတဲ့ အကြောင်းကိုလည်း အခုလို ဆက်ပြောပြပါတယ်။

“ရခိုင်ရိုးမ တောက်လျှောက်က သံတွဲနဲ့ဂွနဲ့ဆို မိုင် ၈၀ လောက်ရှိတယ်။ ဒီဘက် တောင်ကုတ်ကျတော့ မိုင် ၄၀ ပေါ့၊ အဲဒီ မိုင် ၁၂၀ အတော အတွင်းမှာ တော်တော်ကြီးကို ရွာတာ၊ ရွာတော့ ချောင်းတိုင်း၊ မြစ်တိုင်းပေါ့- သံတွဲမြစ်ပေါ့- ပုဇွန်ဖြေတို့ ပုဇွန်ဖြေမှာဆိုလည်း ပုဇွန်ဖြေချောင်းက တော်တော်လေးကို ရေစီးတာ၊ ဒီနှစ်ဆိုရင် ပုဇွန်ဖြေနဲ့ သံတွဲကြားမှာ လမ်းနဲ့တတား လေးဆက်ချိုးထားတယ်။ အဲဒီ နေရာမှာ တော်တော်ကြီးကို ရေတွေ ကြီးခဲ့ပါတယ်။”

ဧရာဝတီတိုင်းမှာတော့ ဒေးဒရဲမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယပတ်အတွင်းမှာ ပင်လယ်ရေမြင့်တက်ပြီး ရေကြီးတဲ့အတွက် အိမ်ခြေ ရာနဲ့ချီပြီး ပျက်စီးခဲ့ရသလို လူဦးရေ ထောင်နဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပင်လယ်နဲ့နီးတဲ့ အရပ်ဒေသတွေမှာ နေထိုင်သူတွေဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရတာပါ။ အလားတူ ဇူလိုင်လ ဒုတိယပတ်ထဲမှာပဲ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ် မှာလည်း တောင်ကျရေကြောင့် လယ်ဧကတွေ ရာနဲ့ချီ ပျက်စီးခဲ့ရ သလို ရေကြီးမှုကြောင့် ကားနဲ့ဆိုင်ကယ်တွေအပြင် တချို့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။  

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်ကတော့ ဒီသီတင်းပတ်အတွင်း မိုးရွာသွန်းမှုတွေ များနိုင်ကြောင်း၊ ရေကြီးတဲ့ အခြေအနေတွေကလည်း ဆိုးသည်ထက် ဆိုးလာနိုင်တာကို အထူး သတိပြုကြစေလိုကြောင်း သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာ ကနေ မြန်မာပြည်သူတွေကို သတိပေးထားပါတယ်။

VOA
ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး သံတွဲမြစ် ရေလျှံ မှုကြောင့် သံတွဲမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ က နေအိမ်တချို့ ရေ နစ်မြုပ်နေ တာကြောင့် ဒေသခံတွေ အတော်လေး ဒုက္ခရောက်နေကြပါတယ်။ တချို့မြို့ကြီးတွေ မှာလည်း နေအိမ်တွေ ရေမြုပ်နေသလို ကားလမ်းတွေပေါ် မှာလည်း ရေကျော်နေတာကြောင့် သွားလာရေး မှာပါ အခက်အခဲတွေ ကြုံနေကြရတာပါ။ အလားတူ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေ

ဒေသအချို့တွင် ရေကြီး၊ မြေပြိုနိုင်၍ ကြိုတင်ပြင်ဆင်ရန် ဒေါက်တာထွန်းလွင်သတိပေး

နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များ အရ မြန်မာနိုင်ငံရှိ ဒေသ  ခြောက်ခုတွင် ရေ ဖုံးလွှမ်းရန်အလားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့် အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။ရေဖုံး လွှမ်းရန်အလားအ လာ များနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။
မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့်

မန္တလေးမြို့၌ ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှ အမျိုးသမီးအား ဇူလိုင် ၂၃ ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးမည်

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနဲ့ ပတ်သက်သည့် အမျိုးသမီးအား ဇူလိုင်လ ၂၃ ရက်နေ့ ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇွန် ၂၉ ရက်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနားတောင်ညိုကားလမ်း တော်ဝင်နန်း စားသောက်အနီး ကားလမ်းနံဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၎င်းအား သားမယားအဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တိုင်ကြားသဖြင့် ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး မဖြူဖြူမင်း(ခ)ကတုံးမအား မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များအရ ယင်းအပေါ် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်

Photo: လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်
Monday,july 21,2014

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံပြုလုပ်

Written by: 
ဇာလီမြင့်ဦး
ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ၏ ညီလာခံ ကျင်းပနေစဉ်
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံတစ်ရပ်ကို ဇူလိုင် ၂ဝ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါညီလာခံအား National Democratic Insitute နှင့် မိတ်ဖက်အဖွဲ့များဖြစ်သော IRI နှင့်  IFES တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးနှင့် ကော်မရှင်မှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီများမှ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၁၅ဝ ကျော် တက်ရောက်ခဲ့ပြီး ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၁၅ ရွေးကောက်ပွဲများတွင် တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဒေသတွင်း ကျင့်သုံးနေသည့် အချက်များနှင့် နည်းစနစ်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “၂ဝ၁ဝ ဩဂုတ်မှာ ရွေးကောက်ပွဲကြီးလုပ်လိုက်တဲ့ အခါကျတော့ ကျွန်တော့်အမြင် ပြောကြေးဆိုရင် ရွေးကောက်ပွဲကော်မရှင်ကိုယ်၌က အချိန်ရှစ်လနီပါးလောက်စောပြီး နည်းဥပဒေတွေ၊ လမ်းညွှန်တွေချပေးတယ်။ ဒါ့ကြောင့် ခရိုင်အဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ တိုင်းအဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်ရမယ့် မြို့နယ်အဆင့်တွေ၊ ကျေးရွာအဆင့်တွေကတော့ voter training မကျွမ်းဘူး။ ဒီတော့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေက ကျွမ်းကျင်မှု အားနည်းသလို ပါတီတွေကလည်း rules and relation တွေမသိ၊ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်လိုက်တာ ဖြစ်တယ်။ ယနေ့အခြေအနေကြီး ပေါ်လာတာဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရရော၊ နောက် ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပါ။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် ငါးနှစ်တစ်ကြိမ်သွားရမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်တရားမျှတဖို့ လိုတယ်။ အဲဒီ ရွေးကောက်ပွဲတွေကို လွတ်လပ်တရားမျှတဖို့လိုတဲ့ ကိစ္စမှာ ကျွန်တော်တို့ကော်မရှင် အနေနဲ့ကတော့ ကျွန်တော်လုပ်ပေးမယ်လို့ ကျွန်တော်က ဆုံးဖြတ်တယ်” ဟု ပြောကြားသည်။

အဆိုပါညီလာခံမှ ရွေးကောက်ပွဲ သမာသမတ်ကျမှု တိုးတက်ရန်အတွက် မဲဆွယ်စည်းရုံးခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ဘက်မလိုက်သည့် လေ့လာစောင့်ကြည့်ခြင်း၊ နိုင်ငံရေးပါတီများမှ မဲရုံစောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား ဖြေရှင်းခြင်းများနှင့် ပတ်သက်၍ အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ပြီး ရရှိသည့် အကြံပြုချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားနိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

ထို့ပြင် ညီလာခံသို့ တက်ရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးညိုက “ကော်မရှင်က အခုထုတ်ပြန်ထားတာတွေထဲမှာ တချို့အချက်တွေက ပါတီတွေအနေနဲ့ လက်မခံနိုင်စရာလေးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒါတွေကို တင်ပြထားတာတွေ ရှိတယ်။ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ပြောသွားတာတော့ တော်တော်လေးကို အားရဖို့ကောင်းပါတယ်။ သူ့အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်စေရမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။
- See more at: http://www.news-eleven.com/politic/%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%86%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%80%E1%80%AD%E1%80%85%E1%81%A5%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%9E%E1%80%99%E1%80%AC%E1%80%9E%E1%80%99%E1%80%90%E1%80%B9%E1%80%80%E1%80%BA%E1%80%85%E1%80%BC%E1%80%AC-%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%81%8A#sthash.Jt8kn8OF.dpuf