Wednesday, July 23, 2014

မျက်ကန်း တစ္ဆေ ငြိမ်းချမ်းရေးမဖြစ်စေလို

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ယခုအခါမှာ အဓိကထားဆောင်ရွက်နေတာတွေကို မြင်တွေ့ရပါတယ်။နိုင်ငံတော်သမ္မတရဲ့ ဦးစားပေးဆောင်ရွက်မှုဟာလဲ ပြည်တွင်းစစ်ငြိမ်းချမ်းခြင်းဘဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုအဓိကထား ဦးစားပေးဆောင်ရွက်လာသည့်အတွက် တဘက်မှ နိုင်ငံတော်တိုးတက်ရေးအတွက် များစွာနောက်ကျမှုတွေရှိလာပါတယ်။တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲရလဒ်များ၏ အခြေခံအချက်ကိုကြည့်မယ်ဆိုရင် ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ အကျိုးအမြတ်ကို မကြည့်ဘဲ မိမိအဖွဲ့အစည်းလုပ်ပိုင်ခွင့်ရရှိရေး၊ နယ်မြေစည်းမျဉ်းများ သတ်မှတ်ရေး၊ ဖက်ဒရယ်တပ်မတော်၊ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး စသည်တို့ကိုသာအဓိကထားတောင်းဆိုလာကြတာကိုတွေ့ရှိရပါတယ်။
ခေါင်းစဉ်ကဒေသခံတိုင်းရင်းသားများလွတ်မြောက်ရေး သို့ပေမယ့်လည်း အခုအချိန်အထိဒေသခံတိုင်းရင်းသားတို့အတွက်ငြိမ်းချမ်းရေးကိုမဆောင်ရွက်နိုင်သေးပါဘူး။ယခု ကချင်ပြည်နယ်၊လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှစတင်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပါဝင်သည့် ထိပ်သီးညီလာခံကို ကျင်းပပြုလုပ်ရန် တိုင်းရင်းသားခေါင်းဆောင်များဦးဆောင်ကာ လိုင်ဇာသို့သွားရောက်နေကြပါပြီ။ လိုင်ဇာဆွေးနွေးပွဲအပြီး သြဂုတ်လ လဆန်းပိုင်းလောက်မှာလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်လို့သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အလွန် NLD ပါတီ အစ္စလာမ်ပါတီဖြစ်လာနိုင်

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဟာ အခုအချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပုဒ်မ(၅၉)(စ) ပြင်ဆင်ရေးတွေကို ခပ်စိတ်စိတ်လုပ်ဆောင်နေကြပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့အချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲ နောက်ဆုံးရက်မှာတောင် ဖခင် ဗိုလ်ချုပ်ကျဆုံးတဲ့ အာဇာနည်နေ့မှာ အမြတ် ထုတ်ပြီး အာဇာနည်ကုန်းမှာ ၄၃၆ လက်မှတ်တွေ ထိုးခိုင်းနေတာတောင်

လမ်းကြောင်းနှင့်ဦးတည်ချက်ပြောင်း၍ တရားမဝင် ဝင်ရောက်နေသည့် ဘင်္ဂါလီများ အား အချိန်မီတားဆီးရန် လိုအပ်နေ

ကလေး၊ ဇူလိုင် ၂၂- မြန်မာ- အိန္ဒိယနယ်စပ်စည်းရိုးတစ်လျှောက် မှ တရားမဝင်ခိုးဝင်နေသော ဘင်္ဂါလီ များမှာ ချင်းပြည်နယ် ကလေး၊ ဂန့်ဂေါလမ်းကြောင်းမှ ဝင်ရောက်မှု နည်းပါးသွားပြီး တမူး၊ ဟုမ္မလင်း ချင်းတွင်းမြစ်သို့ တိုက်ရိုက်ထွက် သော လမ်းကြောင်း မှလည်းကောင်း၊ ထိုမှ ကချင်ပြည်နယ်သို့လည်းကောင်း၊ ပင်လည်ဘူး၊ ကန့်ဘလူလမ်းကြောင်း သို့လည်းကောင်း လမ်းကြောင်း ပြောင်း၊ ဦးတည်ချက်ပြောင်း၍ တရားမဝင်ဝင်ရောက်မှု များပြား လာသည့်အတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး တာဝန်ရှိများ၊ ဒေသခံများပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်နေ ကြောင်း တမူးနယ် မြို့သစ်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

ဂျီအက်စ်အမ်ဖုန်းများ သုံးစွဲမှုတိမ်ကော လာမည်ဟုဆို

မိုဘိုင်းဖုန်း သုံးစွဲမှုအနေဖြင့် နောက်ပိုင်းတွင် ဂျီအက်စ်အမ် (GSM) ဖုန်းများသုံးစွဲမှု တိမ်ကောလာကာ 3G ကွန်ရက်မိုဘိုင်းဖုန်း များသုံးစွဲမှု တွင်ကျယ်လာမည်ဟု မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့၏ Ericsson ဥက္ကဌ Mr.Jan Wassenius ကပြောကြားသည်။

CDMA , TD-SCDMA ဖုန်းများ သုံးစွဲမှုလည်း နည်းလာမည်ဖြစ်ကြောင်း၊ 3G ဖုန်းများ တွင်ကျယ်လာမည့်

MPT နှင့် ဂျပန်ဆက်သွယ်ရေးလုပ်ငန်းတို့ အဆင့်မြှင့်တင်ပြီး WCDMA ဆင်းမ်ကတ် အဓိကချပေးမည်

ရန်ကုန်၊ ဇူလိုင် ၂၂- မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန် နိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းနှင့်တယ် လီဖုန်းဝန်ဆောင်မှု များ အဆင့်မြှင့် တင်ပြီးနောက်ပိုင်းတွင် WCDMA အမျိုးအစားဆင်းမ်ကတ်များကို အဓိကချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ် ငန်းနှင့် တယ်လီဖုန်းဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင် ရွက်ပြီးနောက်ပိုင်းတွင် အမျိုးအစား စုံဆင်းမ်ကတ်များကို အရေအတွက် အကန့်အသတ်မရှိ ချထားပေးဖို့

အလုပ်ရှာသူများထံမှ ငွေယူသည့် အလုပ်အကိုင် အေဂျင်စီများကို ၀န်ကြီးဌာနသို့ တိုင်ကြားမည်

Photo: အလုပ်ရှာသူများထံမှ ငွေယူသည့် အလုပ်အကိုင် အေဂျင်စီများကို ၀န်ကြီးဌာနသို့ တိုင်ကြားမည်
Wednesday, July 23, 2014

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေသူများထံမှ အခကြေးငွေယူပြီး အလုပ်အကိုင် အေဂျင်စီများနှင့် ချိတ်ဆက်ပေးသည့် အေဂျင်စီများကို အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားသွားမည်ဟု မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က ဇူလိုင် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင်များအသင်းက ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေဆိုခြင်းဖြစ်သည်။

“အလုပ်အကိုင် အေဂျင်စီလိုင်စင်ချပေးကတည်းက အလုပ်သမားဆီက အခကြေးငွေ မယူဖို့ ပြောပြီးသားပါ။ နားလည်မှုနဲ့ ယူနေတဲ့ အေဂျင်စီတွေလည်း ရှိပါတယ်။ သတ်မှတ်ချက်နဲ့မညီတဲ့ အေဂျင်စီတွေကို အရေးယူဖို့ နောက်လ ပထမပတ်မှာ တင်ပြနိုင်မှာပါ”ဟု ဦးအောင်မြင့်က ပြောသည်။

ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်သည့် နွယ်ရိုးကုမ္ပဏီမှ တာဝန်ရှိသူက “အလုပ်သမား တွေဆီကငွေကြေးမယူပါဘူး။ ကုမ္ပဏီဆီကပဲ ယူပါ တယ်။ တစ်လကို လူအယောက် ၁၀၀ လောက် အလုပ် ရှာပေးနိုင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၄၀ကျော်ရှိသည့်အနက် အလုပ်ရှာဖွေသူများထံမှ အခကြေးငွေယူသည့် အလုပ်အကိုင် အေဂျင်စီ ငါးခုခန့်ရှိသည်ဟု ဦးအောင်မြင့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်အကိုင်အေဂျင်စီများက အလုပ်အကိုင်ရှာဖွေသူများထံမှ တစ်လစာ (သို့) လတစ်ဝက်စာဖြတ်တောက်မှုများရှိနေသည်ဟု အလုပ်ရှာဖွေသူများက ဆိုသည်။

“လစာက တစ်သိန်းဝန်းကျင်လောက်ရတဲ့သူတွေအတွက် ပထမလစာကို အေဂျင်စီကို ပေးရတာဖြစ်ဖြစ်၊ တစ်ဝက်ကို ပေးရတာဖြစ်ဖြစ် အတော်နစ်နာတယ်။ ဒါပေမဲ့ သူက အလုပ်ရှာပေးထားတော့ ပေးရတယ်” ဟု အင်ဂျင်နီယာဘွဲ့ရ ကျောင်းသူ မမိုးစုဝေက ပြောသည်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသည် အလုပ်ရှင်များထံမှ ၀န်ထမ်း၏ တစ်လစာကို အကျိုးခံစားခွင့်ရှိပြီး အလုပ်ရှာသော ၀န်ထမ်းများထံမှ အခကြေးငွေယူခွင့်မရှိဟု အလုပ်သမားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များ အသင်းက ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ဇူလိုင် ၂၂ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ ဓာတ်ပုံ-ကေဇူး

Mizzima
အလုပ်အကိုင်အခွင့်အလမ်းရှာဖွေသူများထံမှ အခကြေးငွေယူပြီး အလုပ်အကိုင် အေဂျင်စီများနှင့် ချိတ်ဆက်ပေးသည့် အေဂျင်စီများကို အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်ကြားသွားမည်ဟု မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က ဇူလိုင် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သော အလုပ်အကိုင်

ဗိုလ်ချုပ်မြထွန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေး

Photo: ဗိုလ်ချုပ်မြထွန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေး
Wednesday, July 23, 2014

၂၀၁၅အလွန်တွင် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ် လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သူများက ထင်ကြေးပေးခံထားရ သော လက်ရှိစစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် စစ်ဆင်ရေးအထူးအ ဖွဲ့မှူး(ကစထမှူး၅)ရာထူးတာဝန် ထမ်းဆောင်နေသော ဗိုလ်ချုပ်မြ ထွန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီး  အဖြစ်ရာထူးတိုးပေးလိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

  ဗိုလ်ချုပ်မြထွန်းဦးသည် ၂၀၁၃ခုနှစ်မှစ၍ ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်လျက်ရှိရာ တစ်နှစ်ပြည့်သွားသဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးအပွင့်တင်ပေးလိုက် ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အကြီးတန်းအရာရှိကြီး တစ်ဦးကပြောသည်။

‘‘ရဟတ်ယာဉ်ပျက်ကျတဲ့ဒု တိယဗိုလ်ချုပ်ကြီးတင်ဦးလည်း  စစ်ဦးစီးအရာရှိချုပ်(ကြည်း)ကိုမြ ထွန်းဦးနဲ့ Post အတူတူပဲ’’ဟုတပ် မတော်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

ထို့ကြောင့် ဒုတိယဗိုလ်ချုပ် ကြီးဖြစ်သွားသော ဗိုလ်ချုပ်မြထွန်းဦးမှာ လက်ရှိကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဒုတိ ယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကာ ကွယ်ရေးဦးစီးချုပ်ဖြစ်လာပါက ၎င်းနေရာကို  ဆက်ခံမည့်သူဖြစ် လာနိုင်ကြောင်း စစ်ရေးလေ့လာ သူများကဆိုသည်။

‘‘လက်ရှိ ကိုမြထွန်းဦးတို့အ ပတ်စဉ်မှာ သူကရာထူးအကြီးဆုံး ပဲ။ တခြားလူတွေကိုတိုင်းမှူးဗိုလ် ချုပ်အဆင့်ပဲရှိသေးတယ်ဆိုတော့သူ့ကို  လျာထားတာဖြစ်နိုင်ပါတယ်’’ဟု  တပ်မတော်အရာရှိ ဟောင်းတစ်ဦးကသုံးသပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်း ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၅)ဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့ပြီး

နောက်စစ်ဦးစီးအရာရှိချုပ် (ကြည်း)ဖြစ်လာသူဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ သက်တမ်းမှာအသက် (၆၀)သတ်မှတ်ထားပြီးလက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ၂၀၁၅ခုနှစ် ဇွန်လတွင် အသက်(၆၀)ပြည့်မည်ဖြစ်သည်။

 ထို့ကြောင့် လက်ရှိတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အ နေဖြင့် အသက်(၆၀)ပြည့်ပင်စင် ယူသွားပါက လက်ရှိဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်မှာ ၂၀၁၅တွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိသည်။

လက်ရှိ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒု တိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာ စစ်တက္ကသိုလ်အပတ်စဉ် (၂၂)ဆင်းများထဲတွင် ၎င်းတစ်ဦးတည်းသာ၁၉၆၀ပြည့်နှစ် မွေးဖွားသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အသက်(၆၀)ပြည့်မည်ဖြစ်သည်။

 ဒုတိယဗိုလ်ချုပ်ကြီးမြထွန်း ဦးမှာလည်း ၂၀၂၅ခုနှစ်တွင် အ သက်(၆၀)ပြည့်မည်ဖြစ်ပြီး ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ နှစ် သက်သူဖြစ်သည်ဟုလည်း စစ် ရေးလေ့လာသူများကဆိုသည်။

ထို့ကြောင့် ဒုတိယဗိုလ်ချုပ် ကြီးမြထွန်းဦးအနေဖြင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းအနားယူ သွားပြီးနောက်ပိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာရန် အလားအလာကောင်းသူဖြစ် သည်ဟု  လေ့လာသူများကသုံး သပ်ကြသည်။

7 Day Daily

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးကိုတွေ့ရစဉ် (ဓာတ်ပုံ - အောင်သူရ) ၂၀၁၅အလွန်တွင် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ် လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သူများက ထင်ကြေးပေးခံထားရ သော လက်ရှိစစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် စစ်ဆင်ရေးအထူးအ ဖွဲ့မှူး(ကစထမှူး၅)ရာထူးတာဝန် ထမ်းဆောင်နေသော ဗိုလ်ချုပ်မြ ထွန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်ရာထူးတိုးပေးလိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဟု အစိုးရအဖွဲ့ ပြောကြား


Photo: သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဟု အစိုးရအဖွဲ့ ပြောကြား
Wednesday, July 23, 2014

ဝင်ငွေနည်း ပြည်သူများအတွက် သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ စီစဉ်ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ယနေ့ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ အစီအစဉ်တွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားခဲ့သည်။

“တန်ဖိုးနည်းတိုက်ခန်းတွေကို ကျပ်သိန်း ၁၀၀ အောက် ရောက်ရှိစေရေးအတွက် နိုင်ငံတော်က Infrastructure အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာ စိုက်ထုတ်အကုန်အကျခံရပါမယ်။ အဲဒီအတွက် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားပါ့မယ်”ဟု ၎င်းက အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ အမေးကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းတစ်ခန်းတန်ဖိုးမှာ မြေတန်ဖိုးမပါဘဲ ပျမ်းမျှကျပ်သိန်း ၁၂၀ ခန့် ရှိနေသည်။ မြို့ပြလုပ်ငန်း(Civil Work) အဖြစ် သိန်းတစ်ရာအောက်ဖြစ်အောင် ဆောက်လုပ်နိုင်သော်လည်း ထရန်စဖော်မာအပါအ၀င် အတွင်း အပြင် လျှပ်စစ်လုပ်ငန်း၊ ရေသွယ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ရေဆိုးသန့်စင်လုပ်ငန်းတို့အပြင် ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းတို့ကိုပါ ပြည့်စုံစွာ စီမံဆောင်ရွက်ပေးရသဖြင့် အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ သို့ ရောက်ရှိရခြင်းဖြစ်သည်ဟု ဒု- ၀န်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။

ကျပ်သိန်း ၁၀၀ အောက်သို့ ရောက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနသည်တန်ဖိုးသင့်တင့်အိမ်ရာများ (Affor-dable Housing)နှင့်အဆင့်မြင့်အိမ်ရာများအား ပုဂ္ဂလိကလုပ် ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတန်ဖိုးများ လျော့ကျစေသည့် နည်းလမ်းကို အသုံးပြုနေသည်ဟုလည်း ၎င်းကပြောသည်။

“ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်အရ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ၀င်ငွေနည်း ပြည်သူတွေရဲ့ တန်ဖိုးနည်းအိမ်ရာများကို ထောက်ပံ့ဖြည့်ဆည်းပေးခြင်း (Cross Subsidy)  ဖြင့် တိုက်ခန်းတန်ဖိုးများ လျော့နည်းလာစေရန် စီမံဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒု-၀န်ကြီးက ပြောသည်။

အလုံအမတ် ဦးခိုင်မောင်ရည်၏ ဒုတိယမေးခွန်းဖြစ်သော “တန်ဖိုးနည်း အိမ်ရာများ ၀ယ်ယူနိုင်စွမ်းမရှိသေးသည့် ၀င်ငွေနည်း ၀န်ထမ်းများ၊ ပင်စင်စားများအတွက် အငှားအိမ်ရာများ (Public Rental Housing) များ စီစဉ်ပေးနိုင်မှု ရှိ၊ မရှိဟူသည့် အမေးနှင့်ပတ်သက်၍လည်း ဦးစိုးတင့်က “အငှားအိမ်ရာတွေကို မြို့ပြစီမံကိန်းများအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနဲ့ ညှိနှိုင်းပြီး ဘဏ္ဍာငွေခွင့်ပြုမှု၊ အိမ်ရာ မြေနေရာရရှိမှု၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များရဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု ဖြေကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ရှိဆောက်လုပ်နေသည့် လှိုင်သာယာမြို့ နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲပြီး တည်ဆောက်လျက်ရှိရာ ယခုအခါ ပထမအဆင့်ပြီးစီးပြီဖြစ် ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအမံဖြင့် ရောင်းချသွားရန် ၂၀-၆-၂၀၁၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားကြောင်း၊ ဆက်လက်တည်ဆောက်နေသည့် အပိုင်း(၂) နှင့်(၃)တို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ လူဦးရေ တစ်သိန်းအထက်ရှိပြီး စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အချက်အချာကျသော မြို့ကြီး ၅၆ မြို့ တွင် မြို့ပြစီမံကိန်းများ ရေးဆွဲလျက် ရှိသည်ဟု ဒုတိယ၀န်ကြီးက ပြောသည်။

Mizzima
ဝင်ငွေနည်း ပြည်သူများအတွက် သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ စီစဉ်ဆောက်လုပ် သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ယနေ့ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ အစီအစဉ်တွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားခဲ့သည်။

“တန်ဖိုးနည်းတိုက်ခန်းတွေကို ကျပ်သိန်း ၁၀၀ အောက် ရောက်ရှိစေရေးအတွက် နိုင်ငံတော်က Infrastructure အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာ စိုက်ထုတ်အကုန်အကျခံရပါမယ်။

ကြိုတင်ရှောင်ရှား ရောဂါများ

အမြင်အာရုံမျက်လုံးနှင့် အကြောပိုင်းဆိုင်ရာ အားနည်းခြင်း ရောဂါဝေဒနာကို လူအများ တိုးတက်ဖြစ်ပေါ်လာနေသည့် အတွက်အသိပေး တင်ပြခြင်းဖြစ်ပါသည် ။

ကျန်းမာရေး အသိတွေရတော့ ရှောင်သင့်တာကိုရှောင်လိုက်ခြင်းဖြင့် ရောဂါများ များပြားလာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင်လာခြင်း လျှော့နည်းပါလိမ့်မည် ။

မြို့ ပြတောရွာမကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆောင်ပစ္စည်းတွေ သုံးစွဲမှု့ မြင့်မား လာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင် ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ

လုပ်ကြံထားသည့် MH17 လေယာဉ်ဖြစ်ရပ် ဇာတ်လမ်းများကို ရုရှားပြည်သူများ ယုံကြည်နေကြ

မလေးရှားလေကြောင်းလိုင်း ပိုင် MH-17 လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံသားများကို ရုရှားအာဏာပိုင်များက မီဒီယာမှ တစ်ဆင့် သတင်းမှားများပေးကာ အယုံသွင်းနေသည်ဟု အေပီသတင်း ဌာနတွင် ဖော်ပြထားသည်။

လေယာဉ်ပေါ်ပါ လူစုစုပေါင်း ၂၉၈ ဦးလုံးသေဆုံးခဲ့ရသည့် MH-17 လေယာဉ်အဖြစ်ဆိုးနှင့် ပတ်သက် ၍

ရခိုင်ပြည်နယ်အတွင်း ကျောင်းနေအရွယ်ကလေးလုပ်သားများ ပိုများလာ ဟု မြို့နယ် လူမှုကွန် ရက်များဆို

ကျောက်ဖြူ၊ ဇူလိုင် ၂၂- မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအ နိမ့်ဆုံး ရခိုင်ပြည်နယ်အတွင်း မြို့ နယ်ဒေသအသီးသီး ရှိ ကျောင်းနေ အရွယ်ကလေး များ ကျောင်းပညာ ရေးကို အပြီးပိုင်စွန့်လွှတ်ပြီး ပြင်ပ အလုပ်ခွင်များတွင် အတွေ့ များလာ သည်ဟု ရခိုင်ပြည်နယ်မှ မြို့နယ် လူမှုကွန်ရက်များ က ပြောကြားလိုက် သည်။

''ကျွန်တော်တို့ စစ်တွေမှာ တင် မဟုတ်ဘဲ ကျောက်ဖြူ၊ သံတွဲစတဲ့မြို့ နယ်တော်တော်များများကို လေ့လာ ပြီးပြောတာ ပါ။ ကျောင်းနေ အရွယ် ကလေးအလုပ်သမားက အရင့်အရင် နှစ်တွေကနဲ့ နှိုင်းယှဉ်ကြည့်ရင် ပို များလာတယ်လို့ပြောရမှာပါ။ ဒီကိစ္စ ဟာ အနာဂတ်ရခိုင်ပြည်နယ်အတွက် တော်တော်လဲရင်လေးစရာပါ။ ဒီလို ဖြစ်ရတာက မိဘတွေရဲ့ဆင်းရဲကျပ် တည်းမှုရဲ့အရင်းခံတစ်ရပ်ဆိုပေမယ့် စက်ရုံအလုပ်ရုံနှင့်

ရန်ကင်းခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူ သေဒဏ်ချမှတ်

ရန်ကုန်၊ ဇူလိုင် ၂၂- ရန်ကင်းခေါင်း ဖြတ်လူသတ်မှု ကျူးလွန်သူတရား ခံအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံးတွဲဖက်ခရိုင်တရားသူကြီး (၄)မှ ဇူလိုင် ၂၂ရက်တွင် သေဒဏ်ကျခံစေ ရန် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ ပိုင်းခရိုင် တရားရုံးမှ သိရသည်။

အဆိုပါ လူသတ်မှုကျူးလွန် သည်ဟု စွဲချက်တင်ထားခြင်းခံရသူ ချစ်ပိုအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-

‘ငြိမ်းချမ်းရေး’က ဘယ်သူ့အတွက်လဲ

Photo: ‘ငြိမ်းချမ်းရေး’က ဘယ်သူ့အတွက်လဲ
Wednesday, July 23, 2014

နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများ၏ ဆိုးကျိုးကို အဓိကခံစားနေရသူများမှာ အမျိုးသမီးနှင့် ကလေးငယ် အများစုအပါအဝင် ပြည်သူလူထုပင်ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆက်တိုက်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း အဓိကထားဆွေးနွေးနေကြပြီး ပြည်သူလူထု၏အသံမှာ တိုးတိတ်နေဆဲဖြစ်ပါသည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် လာမည့်ဆွေးနွေးပွဲများတွင် ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်သည့် လူထုကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေးမှာ မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြပြောဆိုမှုများ၊ တောင်းဆိုမှုများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူပါဝင်မှု အခန်းကဏ္ဍ ပျောက်ကွယ်နေပြီး အစိုးရအဆက်ဆက် အောင်မြင်မှုမရှိသော အပစ်အခတ်ရပ်စဲရေးများနှင့် စပ်လျဉ်း၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ယခုကဲ့သို့ပြောသည်။

‘‘နိုင်ငံခြားသံတမန်ဧည့်သည်တွေနဲ့ တွေ့တုန်းက ရယ်စရာမဟုတ်ပေမယ့် ကျွန်တော်က ရယ်စရာလိုမျိုးပြောခဲ့တယ်။ cease fire ဆိုတာ cease လုပ်လိုက် fire လုပ်လိုက်၊ cease လုပ်လိုက် fire လုပ်လိုက် ကျွန်တော်တို့နိုင်ငံဟာ ဒီလိုမျိုး သံသရာလည်နေခဲ့တာ ကြာပြီလို့’’ဟု ဦးကိုကိုကြီးက ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်မှုဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ယမန်နှစ်အတွင်းမှစတင်၍ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့သည်။ သို့ရာတွင် အစိုးရနှင့် တိုင်းရင်းသားတို့ကြား ပြုလုပ်သည့် ဆွေးနွေးပွဲများတွင်သာမက တိုင်းရင်းသားအဖွဲ့များသာပါဝင်သည့် ညီလာခံများ၌ပါ စစ်ပွဲ၏ဒဏ်ကို အဓိကခံစားနေရသော အမျိုးသမီးများအပါအဝင် ပြည်သူများ၏အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲဖြစ်သည်။

စစ်ပွဲ၏ဆိုးကျိုးများကို တိုက်ရိုက်ခံစားနေကြရသည့် ပြည်သူတို့၏အသံ မပါဝင်သော၊ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့်မရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ကြန့်ကြာနေမည်ဖြစ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူတို့ပါဝင်နိုင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ယခုကဲ့သို့ မေးခွန်းထုတ်သည်။

‘ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့အတွက်လဲ။ ပြည်သူတွေအတွက် ဆိုတာရော သေချာလား။ သေချာတယ်ဆိုရင် ဘာကြောင့် ပြည်သူတွေ ပါဝင်ခွင့်မရတာလဲ’’ဟု ဆိုသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူများပါဝင်ခွင့်မရရုံသာမက သတင်းမီဒီယာပင် အပြည့်အဝသတင်းယူခွင့်မရရှိဘဲ တံခါးပိတ်ဆွေးနွေးကြသည်မှာလည်း အကြိမ်တိုင်းလိုလိုပင်။ ပွင့်လင်းမြင်သာမှုမရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ နောက်ဆက်တွဲရလဒ်ကို ပြည်သူများက တိုက်ရိုက်ခံစားရပုံနှင့်ပတ်သက်၍ ဦးကိုကိုကြီးက ယခုကဲ့သို့ထောက်ပြသည်။

‘‘အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် ဘယ်လိုဖြစ်နေလဲ။ ဘာတွေ သဘောတူခဲ့လဲ။ ပြည်သူတွေက ဘာမှမသိဘူး၊ ဘာမှလည်း ဆွေးနွေးခွင့်၊ ဝင်ရောက်အကြံပေးခွင့် မရလိုက်ဘူး။ အဲဒီအပစ်အခတ်ရပ်စဲရေး ပျက်သွားပြီဆိုရင်တော့ ပြည်သူကသိပြီ။ ပြေးရပြီ’’ဟုဆိုသည်။

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးသည်။ စစ်ပွဲ၏ဆိုးကျိုးကို တိုက်ရိုက်ခံစားနေရသည့် ပြည်သူများက ၎င်းတို့၏စိုးရိမ်မှုများကို ဆွေးနွေးပွဲများတွင် တင်ပြနိုင်မှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ခိုင်မာမည်ဟုလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများကဆိုသည်။

‘‘ရေရှည်တည်တံ့တဲ့၊ ခိုင်မာတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုဖြစ်ဖို့က ပြည်သူတွေကိုယ်တိုင်ပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ဖို့အတွက် ပြည်သူတွေ ပါဝင်ရခြင်းဖြစ်ပါတယ်’’ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြဲစောင့်ကြည့်နေသူတစ်ဦးဖြစ်သည့် ငြိမ်းဖောင်ဒေးရှင်းမှ ကိုဂျော်ဂွန်းကပြောသည်။

နှစ် ၆၀ ကျော် ဖြစ်ပွားနေသော ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ရပ်စဲနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ကြိုးပမ်းအားထုတ်မှုမှာ အရှိန်အဟုန်ကောင်းလျက်ရှိသည်။ လာမည့် ဇူလိုင်လ ၂၄ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကို လိုင်ဇာမြို့တွင် စတင်ပြုလုပ်တော့မည်ဖြစ်သည်။ ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသားအဖွဲ့များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

နှစ်ဖက်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များက လာမည့် သြဂုတ်(သို့မဟုတ်) စက်တင်ဘာတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခအဖြစ် မှတ်တမ်းဝင်နေသော ပြည်တွင်းစစ်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ နိုင်ငံရေးကြောင့်သာဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရန် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ရှုထောင့်ပေါင်းစုံမှ ကျယ်ပြန့်စွာဆွေးနွေးနိုင်မှသာ တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက အကြံပြုသည်။

ယင်းအတွက်ကြောင့်ပင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်တော့မည်ဆိုပါက လက်နက်ကိုင်အဖွဲ့များသက်သက် ပါဝင်ရုံဖြင့်မလုံလောက်ဘဲ ပြည်သူ့အသံကို ထိထိရောက်ရောက် ပြန်ပြောနိုင်မည့် ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်နိုင်ရန်မှာ အရေးကြီးကြောင်း အကြံပြုပြောဆိုမှု ထွက်ပေါ်နေပါသည်။

ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဦးကိုကိုကြီးက ယခုကဲ့သို့ သူ၏အမြင်ကိုပြောပါသည်။

‘‘နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်ရောက်ပြီဆိုရင် လက်နက်ကိုင်တွေချည်းပဲ အဓိကဦးစားပေးပြီး ဆွေးနွေးနေမယ်ဆိုရင်တော့ ဂျာအေးသူ့အမေရိုက် ဟိုးအရင် အရင်က အပစ်အခတ်ရပ်စဲရေးတွေလို အစိုးရအဆက်ဆက် လက်နက်ကိုင်တွေနဲ့ ဆွေးနွေးလိုက်၊ ပျက်လိုက်၊ ဆွေးနွေးလိုက်၊ ပျက်လိုက် ဒီသံသရာပဲ ပြန်လည်နေမှာပဲ’’

ထို့ကြောင့် ပြည်သူ့အသံ တိတ်ဆိတ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများက မည်မျှခရီးပေါက်မည်လဲဆိုသည်ကိုတော့ အချိန်က သက်သေပြပေလိမ့်မည်။ လက်တွေ့တွင် စစ်၏အနိဋ္ဌာရုံနှင့် စစ်ဒဏ်ကြောင့် အသက်ပျောက်၊ အိုးအိမ်ပျောက်ခဲ့ရသူများမှာတော့ ပြည်သူလူထုပင်။

7 Day Daily

စစ်ပွဲများနှင့်ပတ်သက်၍ ပြည်သူများမှာ အဓိကခံစားကြရသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့မှာ နှုတ်ဆိတ်နေရသည် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
နှစ်ပေါင်း ၆၀ ကျော် ဖြစ် ပွားနေသော ပြည်တွင်း စစ်ပွဲများ၏ ဆိုးကျိုးကို အဓိကခံစားနေရသူများမှာ အမျိုးသမီးနှင့် ကလေးငယ် အများစု အပါ အဝင် ပြည်သူလူထုပင်ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆက်တိုက်ပြု လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း အဓိက ထားဆွေးနွေးနေ ကြပြီး ပြည်သူ လူထု၏အသံမှာ တိုးတိတ်နေဆဲဖြစ် ပါသည်။

၂၀၁၅ ခုနှစ်၌ အမျိုးသမီးသီးသန့်ယာဉ်လိုင်း ပြေးဆွဲခွင့် ရရှိရန် ကြိုးစားမည် ဟု ဒေါက်တာညိုညိုသင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၂- ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမျိုးသမီးသီးသန့် ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရေးအ တွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာညိုညိုသင်းမှ ၂၀၁၅ခုနှစ်အတွင်း ဖြစ်ပေါ် လာ အောင် ကြိုးစားမည်ဟု ဇူလိုင်၂၁ ရက် က ပြောကြား လိုက်သည်။

အမျိုးသမီးယာဉ်လိုင်းများ ရန်ကုန်မြို့တွင်း ပြေးဆွဲနိုင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ရက်၌ ကျင်းပ သည့်

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ အရပ်ဘက်အဖွဲ့အစည်းများအား တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂၂ - မြန်မာနိုင်ငံ သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် မစ္စရန်ဟီးလီသည် ဇူလိုင်လ ၂ဝရက်နေ့တွင် အရပ်ဘက်အဖွဲ့ အစည်းများနှင့် ရန်ကုန်မြို့  UNDP ရုံး၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝန်ထမ်း၊ ပင်စင်စားနှင့် ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ ကျပ်သိန်း ၁ဝဝ အောက်ရောက်ရှိရေးပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီးပြော။

ရန်ကုန်၊ ဇူလိုင် ၂၂ - ဝန်ထမ်းများ၊ ပင်စင်စားများနှင့် ပြည်သူများအ တွက် တန်ဖိုးနည်းအိမ်ရာများ ကျပ် သိန်း ၁ဝဝအောက်ရောက်ရှိရေး ပြည်ထောင်စု အစိုးရထံ တင်ပြသွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က ပြောကြားခဲ့သည်။

ပိန်ချင်သူများအတွက် ဘေးကင်းတဲ့ အဆီချနည်း

ဒီနည်းကတော့ ရိုးရိုးရှင်းရှင်း လေးပါ။

စွန်တန်ဟင်းရည် လုပ်တဲ့ အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့ စိမ်ပြီး မနက်တိုင်း သောက်သုံး ပေးရမှာပါ။

အရမ်း ချဉ်လွန်းရင်တော့ သကြားထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ဖက်ဒရယ်အရေးဆွေးနွေးပွဲ တားမြစ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပြုလုပ်သည့် ဖက်ဒရယ်အရေး အလုပ်ရုံဆွေးနွေးပွဲ မလုပ်ရန် တားမြစ်ခဲ့သည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဇူလိုင် ၂၂ ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

“နက်ဖြန်လုပ်မှာကို ဒီနေ့မှ ကပ်ပြီး ပြောလို့ မရပါဘူး။ မြို့နယ်ကို မပြောထားလို့ ကျွန်တော်ဆီကိုလည်း ဒီကိစ္စ မတက်ပါဘူး။ နိုင်ငံခြားသားအပါအ၀င် သူတို့ကို အရေးယူတာတော့ မလုပ်ပါဘူး။ ဆက်မလုပ်

လွှတ်တော်အမတ်နှင့် ကိုယ်ကျင့်သိက္ခာ

Photo: လွှတ်တော်အမတ်နှင့် ကိုယ်ကျင့်သိက္ခာ
Wednesday, July 23, 2014

‘‘စိတ်ပျက်ဖို့ ကောင်းတယ်။ သမီးချင်းမစာနာ သားပြောမယားပြော ဖုံးနံပါတ်ရအောင် စုံစမ်းတယ်။ ဖုန်းကို Block ထားသော Viber ကနေ နှောင့်ယှက်တယ်’’

‘‘ဒီ Post ဖတ်ပြီး ရှက်တတ်ရင် ရပ်တန်းကရပ်ပါ။ သည်းခံနေနေတာ ကြာပြီ’’

အထက်ပါစာသားများမှာ အမျိုးသမီးတစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အိမ်ထောင်ရှင် လွှတ်တော်အမတ် အမျိုးသားတစ်ဦးအား ဇူလိုင် ၂ ရက်က သတိပေးထားခြင်းဖြစ်သည်။

ထိုကဲ့သို့ သတိပေးခဲ့သော်လည်း လွှတ်တော်အမတ်က ဆက်လက်၍ မဖွယ်မရာမက်ဆေ့ခ်ျများ ပို့လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ထပ်မံသတိပေးသည့် စာသားထပ်တင်ထားသည်ကို တွေ့ရသည်။

အိမ်ထောင်ရှိသော လွှတ်တော်အမတ်တစ်ဦးက အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးအား ဖေ့စ်ဘွတ်ခ်နှင့် ဖုန်းမှတစ်ဆင့် ရည်းစားစာဆန်ဆန် ချစ်ကြိုက်စကား စာသားများ ပေးပို့လာသဖြင့် ယခုကဲ့သို့ သတိပေးရခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

‘‘စကားပြောဖူးလို့ အတင့်ရဲတယ်ဆိုထားတော့ အလှူကိစ္စ ပြောတာလောက်ပဲရှိတယ်။ ဟိုနိုးနိုး ဒီနိုးနိုး ထင်ခဲ့ရင်တောင် အခုအခြေအနေကို သဘောပေါက်သင့်ပြီ’’ဟု နှောင့်ယှက်ခံရသည့် အမျိုးသမီးက ဖွင့်ဟသည်။

ထို့ကြောင့် ၎င်းအနေဖြင့် လွှတ်တော်အမတ်ကို သိက္ခာမရှိသူဟု ထင်မြင်ပြီး လေးစား၍ မရတော့ကြောင်းလည်း ဆက်လက်ပြောသည်။

‘‘လွှတ်တော်အမတ်ဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ အခုလို လုပ်တာသိရတော့ သိက္ခာသမာဓိ မရှိတဲ့လူလို့ မြင်တယ်။ လေးစားလို့ မရတော့ဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုကဲ့သို့ အင်တာနက်ပေါ်တွင် တွေ့ရှိသော အမျိုးသမီးများကို စည်းရုံးသွေးဆောင်နေသူများ ရှိနေသလို နေပြည်တော်တွင်ရှိသော ကေတီဗီမှ အမျိုးသမီးများနှင့် ဆက်နွှယ်ပတ်သက်နေသော လွှတ်တော်အမတ်အချို့လည်း ရှိသည်။

အိမ်ထောင်ရှိ လွှတ်တော်အမတ်အမျိုးသားတစ်ဦးမှာလည်း ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် တွဲနေသည့်သတင်းများ ထွက်နေသည်။ ထိုသတင်းကို သီးခြားအတည်မပြုနိုင်သော်လည်း လွှတ်တော်တက်ရောက် သတင်းယူနေသော သတင်းထောက်များကြား ထိုဇာတ်လမ်းမှာ စိတ်ဝင်စားစရာ ဖြစ်နေပါသည်။

အချို့သော လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်အစည်းအဝေးနားသည့် ရက်များတွင် နေပြည်တော်ရှိ ကေတီဗီများသို့ သွားရောက်ကြပြီး ထိုကေတီဗီများမှ အမျိုးသမီးအချို့နှင့် ပတ်သက်မှုများရှိသည်။

ကေတီဗီမှ အမျိုးသမီးများနှင့်ဆက်သွယ်ရန် သီးသန့်ဖုန်းတစ်လုံး ကိုင်ထားပြီး ထိုဖုန်းကို လွှတ်တော်အစည်းအဝေးပြီးနောက် အိမ်ပြန်သည့်အခါ ယူမသွားကြဘဲ နေပြည်တော်ရှိ တည်းခိုနေရာတွင် ထားခဲ့ကြလေ့ရှိသည်။

ထိုကဲ့သို့သော အကျင့်စာရိတ္တယိုယွင်းသူများမှာ အစိုးရအဖွဲ့အပါအဝင် အဖွဲ့အစည်းများ၊ ဌာနများ၊ လုပ်ငန်းများတိုင်းတွင်လည်း ရှိပါသည်။

လွှတ်တော်အမတ်များအနေဖြင့် ပုထုဇဉ်များဖြစ်ကြသည့်အတွက် ထိုကဲ့သို့သော လူများရှိနေနိုင်ပါသည်။ သို့သော် လွှတ်တော်အမတ်များအနေဖြင့် အခြားသော အဖွဲ့အစည်းမှ လူများနှင့်မတူသည်မှာ ပြည်သူများက မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပြည်သူက ပေးထားသော မဲများဖြင့် လွှတ်တော်တာဝန် ထမ်းဆောင်နေသူများ ဖြစ်သောကြောင့် အခြားသူများထက် ပြည်သူ့မျက်နှာကြည့်ရန် တာဝန်ရှိပါသည်။

တိုင်းပြည်၏ အရေးကြီးသော ဥပဒေများပြဋ္ဌာန်းမည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။ ပြည်သူလူထုကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်လာပါက သက်ဆိုင်ရာမြို့နယ်အပြင် တစ်တိုင်းပြည်လုံးအတွက် အရေးကြီးသည့် လုပ်ငန်းများ လုပ်ဆောင်ကြရသူများဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီဆိုရင် မြို့နယ်ကတစ်ဆင့် တစ်နိုင်ငံလုံးအတွက် တာဝန်ရှိတယ်’’ဟု ဗေဒါနိုင်ငံရေးသင်တန်းကျောင်းမှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းကဆိုသည်။

နိုင်ငံရေးနယ်သို့ စတင်ဝင်ရောက်မည်ဆိုပါက သာမန်ပါတီဝင်အနေအထားမှာပင် အကျင့်စာရိတ္တကောင်းမွန်ရန် လိုအပ်ပါသည်။ အထူးသဖြင့် အသောက်အစား၊ လောင်းကစား၊ အပျော်လိုက်မှု၊ ငွေကြေးအလွဲသုံးစားမှု စသည်တို့တွင် အပြောအဆိုမခံရအောင် မိမိကိုယ်ကိုယ် ထိန်းသိမ်းရမည်ဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုရင်တော့ ဒီထက်မက အကျင့်စာရိတ္တပိုင်းမှာ စံပြဖြစ်အောင် နေသင့်တာပေါ့။ လူထုကိုယ်စားလှယ်ဖြစ်တဲ့အတွက် လူထုက လေးစားအောင်ပြုမူ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်’’ဟု BNI သတင်းဌာန အယ်ဒီတာ ဦးဇင်လင်းက ဆိုသည်။

ထို့ကြောင့် လွှတ်တော်အမတ်များအနေဖြင့် စာရိတ္တကောင်းမွန်ရန် လိုသလိုပြောဆိုသည့် စကားအပြောအဆိုနှင့် ကိုယ်အမူအရာ နှုတ်အမူအရာများပါ ယဉ်ကျေးသိမ်မွေ့ဖို့ လိုအပ်ပေသည်။

ထို့အပြင် လွှတ်တော်အမတ်များထဲတွင် ပါတီဝင်တစ်ဦးနှင့် တစ်ဦးကြား တိုင်းရင်းသားများနှင့်ပတ်သက်၍ လက်လွတ်စပယ် စည်းကမ်းမဲ့ပြောဆိုသူများ ရှိကြသည်။

‘‘တချို့တွေက စကားလုံးတွေ ကြမ်းတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့ အသုံးအနှုန်းတွေ ပြောဆိုနေမှုဟာ အင်မတန်ရိုင်းတယ်။ သာမန်ပုဂ္ဂိုလ်တွေ မပြောသင့်တဲ့စကားတွေတောင် ပြောတာတွေရှိတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ပြောသည်။

ဥပဒေပြုသော လွှတ်တော်အမတ်များအနေဖြင့် ဥပဒေနှင့်အညီ ညီညွတ်စွာ နေထိုင်ပြုမူ ပြောဆိုရမည့်အပြင် လောကတွင် ကျင့်သုံးလိုက်နာရမည့် နီတိတရားများ၊ ကျင့်ဝတ်များကိုလည်း လိုက်နာကျင့်သုံးနေထိုင်ရန် လိုအပ်သည်။

‘‘မိမိကြောင့် နိုင်ငံရဲ့လွှတ်တော်အပေါ် ပြည်သူတွေသာမက နိုင်ငံရပ်ခြားက လေ့လာသူတွေကပါ များစွာအထင်သေးစရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ သာမန်ပြည်သူတစ်ယောက်ထက် များစွာစောင့်စည်းဖို့ လိုအပ်ပါတယ်’’ဟုလည်း နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဦးထင်လင်းဦးက သုံးသပ်သည်။

ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားသော လွှတ်တော်အမတ်များ၊ ပြည်သူ့အကျိုးမဆောင်ရွက်သော လွှတ်တော်အမတ်များအား အရေးယူသည့် ဥပဒေများရှိသင့်ပြီဟု နိုင်ငံရေးလေ့လာသူအချို့ကဆိုသည်။

လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းအခန်းပါရှိသည်။

ပြည်သူတွေဘက်က လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃၉၆ အရ ပြန်လည်ရုပ်သိမ်း၍ ရသော်လည်း ထိုဥပဒေကို လွှတ်တော်တွင် ဆိုင်းငံ့ထားသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။ ထိုအချက်များထဲတွင် အကျင့်သိက္ခာပျက်ပြားခြင်းလည်း ပါဝင်သည်။ ထို့ကြောင့် လွှတ်တော်အမတ်တစ်ဦးအနေဖြင့် အကျင့်သိက္ခာပျက်ပြားပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည်။

‘‘ကိုယ်ကျင့်တရားနဲ့မညီတဲ့ အပြုအမူအကျင့်အကြံတွေ အမှန်ရှိခဲ့ရင်တော့ လူထုနည်း (သို့မဟုတ်) မီဒီယာက ဖွင့်ချဖော်ပြတဲ့နည်းတွေနဲ့ ဆုံးမရမယ်လို့ ယူဆပါတယ်’’ဟု BNI သတင်းဌာန အယ်ဒီတာဦးဇင်လင်းက ဆိုသည်။

‘‘လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စမျိုး သတိပေးရမှာပဲ’’ဟု နိုင်ငံရေးလေ့လာသူ ဦးထင်လင်းဦးကဆိုသည်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်အမတ်များအနေဖြင့် သာမန်ပြည်သူများထက် စာရိတ္တပိုင်းတွင် စံပြပုဂ္ဂိုလ်များဖြစ်ရပေမည်။ ထိုကဲ့သို့မဟုတ်ဘဲ စာရိတ္တဖောက်ဖျက်သူများလာပါက သက်ဆိုင်ရာ လွှတ်တော်အမတ်အတွက် မကောင်းသလို သက်ဆိုင်ရာပါတီအတွက်လည်း မကောင်းပေ။

သက်တမ်းသုံးနှစ်ကျော်ရှိပြီဖြစ်သော လွှတ်တော်အမတ်များ၏ အရည်အချင်းနှင့် ပတ်သက်၍လည်း ဝေဖန်မှုများစွာရှိနေချိန်ဖြစ်သည်။ ထိုသို့သော ဝေဖန်မှုများရှိနေချိန်တွင် အကျင့်စာရိတ္တပျက်ယွင်းသူ များပြားလာပါက လွှတ်တော်အပေါ် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ပိုမိုလျော့ကြလာပေလိမ့်မည်။         ။

7 Day Daily
‘‘စိတ်ပျက်ဖို့ ကောင်းတယ်။ သမီးချင်းမစာနာ သားပြောမယားပြော ဖုံးနံပါတ်ရအောင် စုံစမ်းတယ်။ ဖုန်းကို Block ထားသော Viber ကနေ နှောင့် ယှက်တယ်’’
‘‘ဒီ Post ဖတ်ပြီး ရှက်တတ်ရင် ရပ်တန်းကရပ်ပါ။ သည်းခံနေနေတာ ကြာပြီ’’

အထက်ပါစာသားများမှာ အမျိုးသမီး တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အိမ်ထောင်ရှင်

တန်ဖိုးနည်းအိမ်ရာများ တန်ဖိုးကျပ်သိန်းတစ်ရာအောက် ရောက်ရှိရေး အစိုးရထံ တင်ပြဆောင်ရွက်ပေးမည်ဟုဆို

Photo: တန်ဖိုးနည်းအိမ်ရာများ တန်ဖိုးကျပ်သိန်းတစ်ရာအောက် ရောက်ရှိရေး အစိုးရထံ တင်ပြဆောင်ရွက်ပေးမည်ဟုဆို
Wednesday, July 23, 2014

ဝင်ငွေနည်းပြည် သူများအတွက် တန်ဖိုးနည်းတိုက် ခန်းများ ၀ယ်ယူနိုင်ရန် ကျပ်သိန်း တစ်ရာအောက် ရောက်ရှိရေး ပြည်ထောင်စုအစိုးရထံ  တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးစိုးတင့်က ပြောသည်။

‘‘တန်ဖိုးနည်းတိုက်ခန်းများ အား ကျပ်သိန်းတစ်ရာအောက် ရောက်ရှိစေရေး အတွက် နိုင်ငံ တော်မှ အခြေခံအဆောက်အအုံ လုပ်ငန်းများ (Infrastructure) လုပ်ငန်းများအား စိုက်ထုတ်ကုန် ကျခံနိုင်ရေးအတွက် ပြည်ထောင် စု အစိုးရထံ တင်ပြဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဟု ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပသော ပြည် သူ့လွှတ်တော်အစည်းအဝေး၌ ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ် သည်။

 တန်ဖိုးနည်းအိမ်ရာများ၏ တိုက်ခန်းတစ်ခန်းတန်ဖိုးမှာ မြေ တန်ဖိုးများ   ထည့်သွင်းမတွက် ချက်သော်လည်း ပျမ်းမျှအားဖြင့် ကျပ်သိန်း ၁၂၀ ခန့်ရှိကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီးက လွှတ်တော်သို့တင်ပြခဲ့သည်။

 ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအနေဖြင့် တန်ဖိုးနည်း အိမ်ရာများကို ဆောက်လုပ်ပါက လက်ရှိမြင့်တက်နေသည့် ဆောက် လုပ်မှုကုန်ကျစရိတ်များကြောင့် ကျပ်သိန်း ၁၀၀ ဖြင့် ရောင်း၍ မရနိုင်ကြောင်း ခေတ်၏အခြေအနေအရ  လူနေထိုင်ရန်  ပြည့်စုံလုံလောက်သည့် အခန်းပေအကျယ် ၀န် ဆောင်မှုများဖြင့် ပြည့်ပြည့်စုံစုံ ဆောက်လုပ်ပါက သိန်း ၁၀၀ အ ထက်ဖြင့် ရောင်းချနေရကြောင်း three friends ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုလေးက ဆိုသည်။

လက်ရှိအခြေအနေတွင် တန် ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင် ခြင်းမရှိသေးသည့် ၀င်ငွေနည်း နိုင်ငံဝန်ထမ်းများ၊ ပင်စင်စားများ၊ ၀င်ငွေနည်း ပြည်သူများအတွက် အငှားအိမ်ရာများကို မြို့ပြစီမံ ကိန်းများအရ သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရများ နှင့် ညှိနှိုင်းလျက်ရှိပြီး ပြည်ထောင် စုအစိုးရ၏ ဘဏ္ဍာငွေခွင့်ပြုမှု၊ တိုင်းဒေသကြီး၊  ပြည်နယ်များ၏  ဘဏ္ဍာငွေခွင့်ပြုမှု၊  အိမ်ရာ ဆောက်လုပ်ရန် မြေနေရာရရှိမှု၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူး ပေါင်းဆောင်ရွက်မှုတို့အပေါ် မူ တည်၍ ဆောင်ရွက်သွားမည်ဟု လည်း ဆောက်လုပ်ရေး ဒုဝန်ကြီး က ပြောသည်။

 လက်ရှိ နိုင်ငံတွင် အိမ်ရာဝယ်ယူလိုသူများအား ချေးငွေထုတ်ချေးမည့် ဘဏ်စနစ်ပြည်တွင်း၌ အားမကောင်းသေးသဖြင့်ဝယ်ယူလိုသူများဘက်က အခက်အခဲရှိနေခြင်းဖြစ်ပြီး ဘဏ်စနစ်အားကောင်း၍ ချေးငွေများ ချေး၍ ရပါက လက်ရှိရောင်းချနေသည့် အိမ်ရာတန်ဖိုး ပေါက်ဈေးအတိုင်း ၀ယ်ယူနိုင်ဖွယ်ရှိကြောင်း မြမြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ဆိုသည်။

လက်ရှိ အိမ်ရာဝယ်လိုသူ များကို ချေးပေးမည်ဆိုသည့် အ သစ်ဖွင့်လှစ်လိုက်သော ဆောက် လုပ်ရေးနှင့်  အိမ်ရာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့်လည်း  လုပ်ငန်း လည်ပတ်မှု နည်းပါးနေသေးပြီး အမှန်တကယ် အိမ်ရာဝယ်ယူလို သူများကို ငွေမချေးပေးနိုင်သေး ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ပြောသည်။

အိမ်ရာမရှိသေးသည့် ပြည် သူများအတွက် တန်ဖိုးသင့်၊ တန် ဖိုးနည်း၊ တန်ဖိုးသက်သာ အိမ်ရာ များနှင့် အိမ်ငှားရမ်းခ သက်သာ သော အိမ်ငှားတိုက်ခန်းများကို နိုင်ငံတော်က တည်ဆောက်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခိုင်မောင်ရည်၏ မေးမြန်းမှုကို ဆောက်လုပ်ရေးဒုဝန်ကြီး ဦးစိုးတင့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်၌ အစိုး ရက အိမ်ရာစီမံကိန်းပေါင်း ၁၁ ခု ကို အကောင်အထည်ဖော်နေပြီး အကြီးဆုံးစီမံကိန်းအနေဖြင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် အခန်း ပေါင်း သောင်းကျော်ပါဝင်မည့် သရ၀ဏ်နှင့် ရတနာအိမ်ရာစီမံ ကိန်းကို အကောင်အထည်ဖော် နေကာ အစိုးရက အဆိုပါ အိမ်ရာစီမံကိန်းပြီးစီးပါက ရန်ကုန်၏ အခန်းလိုအပ်ချက်ကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်ရန် ရည်ရွယ်ထားသည်။

ရန်ကုန်မြို့တော်တွင် အစိုးရက ရောင်းချပေးနေသည့် အိမ်ရာစီမံကိန်းများမှာ ရောင်းချပေးနေသည့် ဌာနနှင့် တန်ဖိုးနည်း၊ တန်ဖိုးမျှတဟူ၍ ခွဲခြားထားပြီး အနည်းဆုံးသိန်း ၁၀၀ မှ အများဆုံး သိန်း ၃၀၀ ကျော်အထိ အရစ်ကျစနစ် ဖြင့် ရောင်းချပေးလျက်ရှိသည်။

 အခန်းကိုမူဝယ်ယူလို သလောက်ဝယ်ယူ၍ မရဘဲ မဲပေါက်မှသာဝယ်ယူခွင့်ရမည်ဖြစ်သည်။

7 Day Daily
ဝင်ငွေနည်းပြည် သူများအတွက် တန်ဖိုးနည်းတိုက် ခန်းများ ၀ယ်ယူနိုင်ရန် ကျပ်သိန်း တစ်ရာအောက် ရောက် ရှိရေး ပြည်ထောင်စု အစိုးရထံ  တင်ပြ ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးစိုးတင့်က ပြောသည်။

‘‘တန်ဖိုးနည်းတိုက်ခန်းများ အား ကျပ်သိန်းတစ်ရာအောက် ရောက်ရှိစေရေး အတွက် နိုင်ငံ တော်မှ အခြေခံအဆောက်အအုံ လုပ်ငန်းများ (Infrastructure) လုပ်ငန်းများအား စိုက်ထုတ်ကုန် ကျခံနိုင်ရေးအတွက် ပြည်ထောင် စု အစိုးရထံ တင်ပြဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဟု ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပသော ပြည် သူ့လွှတ်တော်အစည်းအဝေး၌ ဒုဝန်ကြီးက ပြောကြား

တရားစွဲခံထားရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ (၄) ကြိမ်မြောက်ရုံးချိန်းတွင် မိသားစုနှင့် ပထမဆုံးတွေ့ခွင့်ပေး

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် စစ်ဆေးကြားနာသည့် တရားစွဲဆိုခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ လေးကြိမ်မြောက်ရုံးချိန်းတွင် မိသားစုများနှင့် ပထမဆုံး တွေ့ဆုံခွင့်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်က သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ လေးကြိမ်မြောက် ရုံးချိန်းကို နေပြည်တော်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံအတွက် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ အကြိုဆွေးနွေး

Photo: တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံအတွက် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ အကြိုဆွေးနွေး
Wednesday, July 23, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံအတွက် ပြင်ဆင်သည့် ဆွေးနွေးမှုကို NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ ဇူလိုင် ၂၂ ရက်တွင် စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ဇူလိုင် ၂၄ ရက်မှ စတင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံ၌ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု အခြေအနေအား တင်ပြရန်တို့နှင့် ပတ်သက်ပြီး NCCT အဖွဲ့မှ ကြိုတင်ညှိနှိုင်း ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

NCCT အဖွဲ့၏ ဆွေးနွေးမှုနှင့်ပတ်သက်ပြီး NCCT အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၂)၊ ကေအိုင်အိုအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား ဇူလိုင် ၂၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က “အစည်းအဝေးအတွက် ပြင်ဆင်တဲ့အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေကို ဆွေးနွေးနေတာပါ” ဟု ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော NCCT အဖွဲ့၏ လုပ်ဆောင်မှုများ၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းသည့်နေရာတွင် ကြုံတွေ့ရသည့် NCCT အဖွဲ့ မဆုံးဖြတ်နိုင်သည့် ကိစ္စများကို လိုင်ဇာထိပ်သီးညီလာခံတွင် တင်ပြရန်အတွက် NCCT အဖွဲ့ဝင်များက တာဝန်ခွဲဝေရေးဆွေးနွေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် UPWC နှင့် NCCT တို့ ပူးပေါင်းရေးဆွဲထားသည့် အပစ်ရပ်စဲရေးမူကြမ်းတွင် ညှိနှိုင်းရန် အချက်အလက် ရာခိုင်နှုန်း ၃ဝ သာ ကျန်ရှိတော့ကြောင်းနှင့် လိုင်ဇာထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် ယင်းညှိနှိုင်းရန်ကျန်သည့် အချက်များကိုသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လိုင်ဇာညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သွားလာရေးကိစ္စများကို Myanmar Peace Center မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့မှ လိုင်ဇာအထိ သွားလာရေးကို မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက် ကူညီပေးလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် ထိပ်သီးညီလာခံမတိုင်မီ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇူလိုင် ၂၃ ရက်) တွင်လည်း ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Eleven
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ် သီးခေါင်းဆောင်များ၏ ညီလာခံအတွက် ပြင်ဆင် သည့် ဆွေးနွေးမှုကို NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ ဇူလိုင် ၂၂ ရက်တွင် စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)

ရန်ကင်းမြို့နယ်၌ ပခုံးချင်းတိုက်မိသည့်သူအား ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့် အမျိုးသားကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်

Photo: ရန်ကင်းမြို့နယ်၌ ပခုံးချင်းတိုက်မိသည့်သူအား ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့် အမျိုးသားကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်
Wednesday, July 23, 2014

ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက ပခုံးချင်း ၀င်တိုက်မိသည့်သူအား အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့်အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်အား ယခုလအတွင်း နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးပြီးနောက် ဇူလိုင်၂၂ ရက်မွန်းလွဲ ၁ နာရီတွင် အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်တရားသူကြီး (၄) က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံ ချစ်ပို (၂၂) နှစ်မှာ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဟု တရားရုံး၌ ထွက်ဆိုခဲ့သော်လည်း တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များ၊ သေဆုံးသူ၏ ဒဏ်ရာများနှင့် သိမ်းဆည်းရမိခဲ့သည့် ဓားအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်။ ထို့အပြင် လူသတ်ရန်သင့်မသင့်ကို ချစ်ပိုမှာ ဆုံးဖြတ်ရန် အချိန်ရှိသော်လည်း သေဆုံးသူ လဲကျနေစဉ် နေအိမ်သို့ ဓားပြန်ယူပြီး နာရီဝက်အကြာတွင် ထပ်မံလာရောက်ကာ သေဆုံးသူအား အဆက်မပြတ် ခုတ်နေခြင်းတို့မှာ ပုဒ်မ ၃၀၂(၁) (ခ)အရ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း လက်ရှိနိုင်ငံတော်မှာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့်အတွက် တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးကြောင်း ရပ်ကွက်နေပြည်သူလူထုမှလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်ထိန်လန့်မှုများ ရှိနေသောကြောင့် ယင်းအမိန့်ကို ချမှတ်ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်တရားသူကြီး (၄)က အမိန့်ချမှတ်ရာတွင် ပြောကြားခဲ့သည်။

သို့သော် သေဒဏ်အမိန့်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အတည်ပြုမှသာ အတည်ဖြစ်မည်ဖြစ်ကာ အမိန့်အတွက် အယူခံဝင်မှုကို ၇ ရက်အတွင်း တရားခံဖြစ်သူမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းနိုင်ကြောင်း တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။

အမိန့်ချမှတ်ပြီးနောက် တရားခံချစ်ပိုမှာ မိဘဖြစ်သူနှင့် နာရီဝက်ကြာ တွေ့ဆုံခွင့်တောင်းခံခဲ့ပြီး ၎င်းအတွက် မိသားစုဝင်များက အယူခံဝင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

အမှုဖြစ်ပွားခဲ့ပုံမှာ ယင်းရပ်ကွက်နေ ကျူးလွန်သူချစ်ပိုက သေဆုံးသူအမျိုးသား မျိုးမင်းဦးနှင့် ပခုံးချင်းတိုက်မိရင်း စကားများရာမှ မျိုးမင်းဦးအား အရက်ပုလင်းဖြင့် ဦးစွာရိုက်ခဲ့ပြီး အရက်ပုလင်းကွဲဖြင့် ရင်ဝကိုထိုးခဲ့ကြောင်း သိရသည်။ ယင်းနောက် ချစ်ပိုက မျိုးမင်းဦး၏ ဦးခေါင်းအား ဓားဖြင့် ပြတ်လုနီးပါး ဖြစ်သည်အထိ ထပ်မံခုတ်ဖြတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။

ထို့အပြင် ချစ်ပိုမှာ ၎င်းအသက် ၁၆ နှစ်အရွယ်တုန်းကလည်း ကိုးတန်းကျောင်းသားတစ်ဦးကို ရန်ကင်းမြို့နယ် မိုးကောင်းလမ်း၌ ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ဖူးကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ခေါင်းပြတ်လုနီးပါးသတ်ခဲ့သည့် လူသတ်မှုကို ရန်ကင်းမြို့နယ်နေ ပြည်သူများက ရှုတ်ချကြောင်းနှင့် ကျူးလွန်သူအား တရားဥပဒေအရ ပြင်းထန်စွာ အရေးယူပေးပါရန် ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၅၀၀၀ ခန့်ဖြင့် ပြီးခဲ့သည့် မတ် ၂၈ ရက်က ပြုလုပ်ခဲ့ဖူးသည်။

Elevenရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက ပခုံးချင်း ၀င်တိုက်မိသည့်သူအား အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့်အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်အား ယခုလအတွင်း နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးပြီးနောက်

ဖြစ်ဖူးခဲ့သမျှ ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုများ

MH17
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က ပစ်ချခံခဲ့ရသည်။ ယင်းလေယာဉ်ကို ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး သူပုန်များက ပစ်ချလိုက်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီး သူပုန် များကို ကျောထောက်နောက်ခံ ပြုထားသည့် ရုရှား အစိုးရမှာလည်း နိုင်ငံတကာ၏ ပြစ်တင်မှုများကို ခံနေရသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာ ခဲ့သည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၉၈ဦးစလုံး သေဆုံးခဲ့ ရသည့် အဆိုပါ

ငြိမ်းချမ်းရေးကို မလိုလားသော SSPP/SSA အဖွဲ့ တိုက်ပွဲများဖြစ်အောင် ဖန်တီးနေ

Photo: ငြိမ်းချမ်းရေးကို မလိုလားသော SSPP/SSA အဖွဲ့ တိုက်ပွဲများဖြစ်အောင် ဖန်တီးနေ
Wednesday, July 23, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးဒုက္ခသင့်ခဲ့သော်လည်း ၎င်းနယ်မြေတွင် SSPP/SSA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ၍ တိုက်ပွဲများဖြစ်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြသည်။

အဆိုပါ မြို့နယ် ပန်စယ်ကျေးရွာအုပ်စု၊ ပန်စယ်ကျေးရွာအနီးရှိ ဟွေတဖန်တောင်ကုန်းတွင် ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှစ၍ SSPP/SSA အဖွဲ့များ လာရောက်နေထိုင်မှုကြောင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။

“ ၀မ်ဝပ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေ အိမ်မပြန်ရသေးဘူး၊ ၀မ်ဟိုင်းအဖွဲ့က ငါတို့ရွာနားက တောင်ကုန်းမှာ လာနေကြပြန်ပြီ၊ အစိုးရတပ်နဲ့တွေ့ရင် တိုက်ပွဲဖြစ်မှာ စိုးရိမ်တယ်၊ ငါတို့ပါ ရွာထဲမှာ မနေရဲဘဲ ထွက်ပြေးနေရ မှာ၊ သူတို့ကိုက ရန်ရှာနေတာ၊ တိုက်ပွဲဖြစ်အောင် လုပ်နေတာ ” ဟု ပန်စယ် ရွာသားတစ်ဦးက ပြောသည်။

SSPP/SSA အဖွဲ့ နေရာယူထားသော ဟွေတဖန်တောင်ကုန်းသည် ပန်စယ်ရွာနှင့် တစ်မိုင်ခန့်သာ ဝေးပြီး ယခင်က စခန်းဟောင်းဖြစ်ကြောင်း၊ ၎င်းစခန်းအား SSPP/SSA အဖွဲ့မှ ပြန်လည်နေထိုင်ကာ အစိုးရတပ်များ အား စိန်ခေါ်သည့် အသွင်ဆောင်နေ၍ ဖာဆောင်ကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှာကို ဒေသခံများ မလိုလား ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က SSA (၀မ်ဟိုင်း)အဖွဲ့သည် ငြိမ်းချမ်းရေးသဘောတူညီမှုများထဲက သတ်မှတ် ထားသော နယ်မြေအား လက်နက်ကိုင်ဆောင် ကျော်လွန်သွားလာပါက နှစ်ဖက်ညှိနှိုင်းရန် ဟု ပါရှိကြောင်း၊ SSA (၀မ်ဟိုင်း)အဖွဲ့သည် ၎င်းတို့နယ်မြေမဟုတ်သော ဖာဆောင်စခန်းအား ကျူးကျော်နေထိုင်မှုကြောင့် ဖယ်ပေးရန် အစိုးရတပ်မှ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း၊ SSA (၀မ်ဟိုင်း)အဖွဲ့မှ လက်မခံသဖြင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားခဲ့သည်။

SSPP/SSA အဖွဲ့မှ အရာရှိကြီးတစ်ဦးကလည်း “ ဒီနယ်မြေဟာ ကျွန်တော်တို့ နယ်မြေလေ၊ ရှမ်းပြည်နယ်ဟာ ကျွန်တော်တို့ ရှမ်းတွေရဲ့ နယ်မြေမဟုတ်ဘူးလား၊ ဘယ်နေရာမှာပဲနေနေရတယ်၊ အခု ကျွန်တော်တို့နေတဲ့ ဖာဆောင်စခန်းကို နယ်မြေကျူးကျော်တယ်ဆိုပြီး ဖယ်ခိုင်းတယ်၊ အဲ့ဒီကိစ္စကြောင့် တိုက်ပွဲဖြစ်ရတာ၊ ဒါလုံးဝ တရားမျှတမှု မရှိဘူး ” ဟု ပြောကြား သွားသည်။

အဆိုပါ မြို့နယ်အတွင်း အခြေအနေတင်းမာနေဆဲဖြစ် လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “ ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို လိုက်နာတာ အကောင်းဆုံးပဲ၊ ပြဿနာကို အဲဒီနည်းနဲ့ပဲ ဖြေရှင်းနိုင်မှာ၊ SSPP/SSA အဖွဲက သဘောတူညီမှုတွေကို မလိုက်နာဘဲ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာဟာ တိုက်ပွဲဖြစ်အောင် ဖန်တီးနေတာနဲ့အတူတူပါပဲ၊ အစိုးရတပ်တွေ နယ်မြေစိုးမိုးရေးလုပ်တဲ့နယ်မြေမှာ သူတို့ အဖွဲ့တွေ ဆက်ပြီးနေဦးမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ၊ SSPP/SSA အဖွဲ့ က ငြိမ်းချမ်းရေး သဘောတူညီမှု ကို ဖောက်ဖျက်တာဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘော သက်ရောက်နေတယ် ” ဟု ပြောကြားသွားသည်။

စိုင်းဇော်ရှိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင် ခရိုင်၊ ကျေးသီးမြို့နယ်တွင် အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွား မှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးဒုက္ခသင့် ခဲ့သော်လည်း ၎င်းနယ်မြေတွင် SSPP/SSA အဖွဲ့မှ စစ်ရေးပြင်ဆင် မှုများ ပြုလုပ် လာ၍ တိုက်ပွဲများဖြစ်ပွား မှာကို ဒေသခံများ စိုးရိမ်နေကြသည်။

အဆိုပါ မြို့နယ် ပန်စယ်ကျေးရွာအုပ်စု၊

တာဝန်အရဆောင်ရွက်သည့်ပြည်သူ့ဝန်ထမ်းအားဓါးဖြင့်ခုတ်သူကို အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ် ဇော်မျိုးထိုက်(၂၈)နှစ်သည် ဒေါ်ပြုံး ထမင်းဆိုင်တွင် ထမင်းကြော်ဝယ်စဉ် ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်နေ အောင်ဖြိုးကို(၂၃)နှစ်မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသော အရိုး၊ အသွား ၂၁ လက်မခန့်ရှိ ဓါးမဖြင့်

သွေးတိုးရောဂါ

သွေးတိုးရောဂါဟာ လူတွေအတွက် အသက် ၄၀ကျော်လာရင် အဖြစ်များလာကြတဲ့ ရောဂါတစ်မျိုးပါပဲ။ ဆီးချိုသွေးချိုရောဂါလိုပါပဲ။ သူကနေတစ်ဆင့် ဖြစ်ပွားလာနိုင်တဲ့ ဆင့်ပွားရောဂါ ဥပဒ္ဒဝေါတွေ အများကြီး ရှိနေပါတယ်။ ကံကောင်းတာတစ်ခုက သူ့ကို လွယ်လွယ်နဲ့ ကုသထိန်းချုပ်နိုင်တဲ့ အချက် ပါပဲ။ ဆေးမှန်မှန်သောက်ပြီး မသင့်တဲ့ အစားအသောက်၊ အမူအကျင့်၊ အနေအထိုင်တွေ ထိန်းချုပ်လိုက်တာနဲ့ အလွယ်တကူ သွေးတိုးကျလာနိုင်ပါတယ်။

ကိုထွန်းထွန်း အသတ်ခံရမှုဖြစ်စဉ်မှ မသင်္ကာသူခြောက်ဦးကို စစ်ချက်များအရ တရားစွဲတင်နိုင်ပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်

Photo: ကိုထွန်းထွန်း အသတ်ခံရမှုဖြစ်စဉ်မှ မသင်္ကာသူခြောက်ဦးကို စစ်ချက်များအရ တရားစွဲတင်နိုင်ပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်
Wednesday, July 23, 2014

မန္တလေးမြို့တွင် ဆူပူအကြမ်းဖက် ရမ်းကားမှုများ ဖြစ်စေခဲ့သည့် လူသတ်မှုဖြစ်စဉ်ထဲမှ တစ်ခုဖြစ်သော ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် ကိုထွန်းထွန်းအသတ်ခံရမှု ဖြစ်စဉ်စစ်ချက်များအရ တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေးချက်များမှ သတင်းရရှိသည်။

အခင်းဖြစ်ပွားသည့် အနီးဝန်းကျင်မှ ရရှိသည့် စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် မျက်မြင်သက်သေများ၊ ပါဝင်ပတ်သက်သူ ခြောက်ဦးအထိ စစ်ဆေးဖော်ထုတ်နိုင်ပြီဖြစ်ကာ ပထမ ရမန်ကာလကုန်ဆုံးချိန်တွင် တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

သို့သော် အဆိုပါအမှုတွင် အဓိက စတင်ကာ ဓားခုတ်မှုကျူးလွန်သူဟု ယူဆရသူများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ သို့သော် ယခုလကုန် ဩဂုတ်လဆန်းတွင် တရားစွဲတင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဒုရဲမှူးကြီး ဇော်မင်းဦးက ရှင်းပြသည်။

“အခုဖမ်းထားတဲ့ ခြောက်ဦးက တရားရုံးရောက်မှ မျက်မြင်သက်သေ၊ တရားခံစတဲ့ စစ်ဆေးပြီးမှ ကွဲပြားမှာပေါ့။ ကျွန်တော်တို့ ရဲ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ချက်ကတော့ တရားစွဲဖို့လုံလောက်နေပါပြီ။ ဒါပေမဲ့ ပထမရမန်ပြီးလို့ ဒုတိယရမန်ကာလကုန်ရင်တော့ တရားစွဲတင်ရမှာဖြစ်လို့ ကျန်နေတဲ့သူ အားလုံးမိအောင်ဖမ်းရမှာပါ။ တရားမစွဲတင်ခင် ဥပဒေအကြံတောင်းရဦးမှာပါ။ တရားစွဲတင်ချိန်ထိ တရားခံအားလုံးမမိသေးလည်း တရားခံပြေးအဖြစ်နဲ့ စွဲဆိုသွားမှာပါ။ တရားရုံးမတင်မချင်း မသင်္ကာတရားခံလို့ပဲ ပြောရမှာပေါ့” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ကိုထွန်းထွန်းအသတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့သူများနှင့် ခုတ်ခဲ့သည့်သက်သေခံဓားကို ရရှိထားပြီး ကျူးလွန်သူများ၏ အဝတ်အစားများကိုပါ ခွဲခြားနိုင်ရန် ဓာတ်ခွဲစစ်ဆေးထားကြောင်း သိရသည်။
ဇူလိုင် ၂ ရက် ည ၈ နာရီခန့်က ကိုထွန်းထွန်းနှင့် ကိုထွေးတို့နှစ်ဦးသည် ၈၃ လမ်းအတိုင်းလာရာ ၈၃ လမ်းနှင့် ၃၄ လမ်းအရောက်တွင် လူတစ်စု၏ ဝိုင်းဝန်းလုယက်ရိုက်နှက်ဓားဖြင့်ခုတ်ခြင်းခံခဲ့ရသဖြင့်ကို ထွန်းထွန်းသေဆုံးခဲ့ကာပါလာသော ဆိုင်ကယ်ကို ယင်းနေရာအနီးရှိ ဗလီဝင်းအတွင်းသို့ယူကာ ဆိုင်ကယ်ကာဗာကို မီးဖိုထဲထည့်ခဲ့သည်ဟု ကနဦးထွက်ဆိုထားကြောင်း သိရသည်။

Eleven Media Group
မန္တလေးမြို့တွင် ဆူပူအကြမ်းဖက် ရမ်းကားမှုများ ဖြစ်စေခဲ့သည့် လူသတ်မှုဖြစ်စဉ်ထဲမှ တစ်ခုဖြစ်သော ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် ကိုထွန်းထွန်းအသတ်ခံရမှု ဖြစ်စဉ်စစ်ချက်များအရ တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေးချက်များမှ သတင်းရရှိသည်။

ဆင်းမ်ကတ်ချထားပေးရန် ပျက်ကွက်ပါ အရေးယူမည်

အော်ပရေတာများအနေဖြင့် ဆင်းမ်ကတ်များကို ပေးအပ်ထားသည့် ကတိအတိုင်း သတ်မှတ်ရက် အမီချထားပေးရမည်ဖြစ်ပြီး ချထားပေးနိုင်ခဲ့ခြင်း မရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသန်းထွန်းအောင် က ပြောသည်။

ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို ဘင်္ဂါလီ ရွာသားများ ၀င်ရောက်လုယက်

စစ်တွေမြို့ ဘောဒူဗ ဘင်္ဂါလီကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ရွာသားများက ၀င်ရောက်ဖျက်ဆီးပြီး လုယက်သောကြောင့် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော်ဖြင့် လုံခြုံရေးစောင့်ကာ သေနတ်ဖြင့်ပစ်၍ လုစုခွဲရကြောင်း သတင်းရရှိသည်။

ဒိန်းမတ်ကူညီစောင့်ရှောက်

ရေအဖွဲ့(DRC)က ထောက်ပံ့သည့်

အစားအစာနှင့် ပစ္စည်းအချို့ကိုတာဝန်ခံ၍ ဒုက္ခသည်စခန်းများသို့

လွှဲပြောင်းပေးနေသည့် ဘင်္ဂါလီလူမျိုးဦးမောင်မောင်တင်၏ နေအိမ်ကို ၀ိုင်းလုယက်ခဲ့ခြင်းဖြစ်ပြီး

အဓမ္မပြုခံရဟု လိမ်ညာတိုင်သူ ကတုံးမကို ယနေ့ရုံးထုတ်မည်

အမျိုးသားနှစ်ဦးက ၎င်းကို အဓမ္မပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သည့် မဖြူဖြူမင်း(ခ)က တုံးမကို ယနေ့ဇူလိုင် ၂၃ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ နေကဖေးနှင့် ဆန်းကဖေးပိုင်ရှင်ညီအစ်ကိုနှစ်ဦီးက ၎င်းကို အဓမ္မပြုကျင့်ကြောင်းပျဉ်းမနားရဲစခန်းတွင် ဇွန်လ၂၉ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့

လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ

Photo: လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ
Wednesday, July 23, 2014

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်းအငှားယာဉ်တစ်စီးသည် ချောင်းဝဆိပ်ကမ်းအနီးလမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာမရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။လင်မယားနှစ်ယောက်လို့တော့ သိထားတယ်။ ဒဏ်ရာအပြင်းအထန် မရကြဘူးလို့ အနီးကလူတွေပြောပြချက်အရ သိရတယ်။ ယာဉ်မောင်း ဘယ်သူဆိုတာ စုံစမ်းပြီး ဥပဒေအရ အရေးယူသွားမှာပါ” ဟု ယာဉ်မှုစစ်ရဲအုပ်နိုင်ထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။ 

ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား အငှားယာဉ် အရှိန်လွန်ကာ ထိုးကျစဉ်(ဓာတ်ပုံ-တင့်ဇော်ထူး)
Eleven Media Group
လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်း အနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့ နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်း အငှားယာဉ် တစ်စီးသည် ချောင်းဝဆိပ်ကမ်းအနီး လမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာမရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။လင် မယားနှစ်ယောက်