Wednesday, July 30, 2014

ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့

Photo: ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့
Wednesday,July 30, 2014

ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာပင် ဈေးကွက်အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။

‘‘မနေ့က သူငယ်ချင်းတစ်ယောက် ၇၈ လမ်းပေါ်ကဆိုင်မှာသွားဝယ်တာ တစ်ကတ်ကို တစ်သောင်းခွဲအထိရောင်းနေလို့ မဝယ်ခဲ့လိုက်ဘူး’’ဟု မန္တလေးမြို့တွင် နေထိုင်သူကို အောင်ပိုင်ဟိန်းကပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ခုအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဟန်းဆက်တစ်လုံး ဝယ်ပါက ဆင်းမ်ကတ်တစ်ကတ် အခမဲ့ပေးပြီး ဆင်းမ်ကတ်သီးသန့် ဝယ်လိုပါက နံပါတ်အလှပေါ်မူတည်၍ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊၈,၀၀၀ နှင့် ကျပ်တစ်သောင်းကျော်အထိ ရောင်းချနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဆင်းမ်ကတ်များကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် စတင်ရောင်းချနေသော်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အူရီးဒူးကုမ္ပဏီက ကြိုတင်ကြေညာခဲ့ခြင်းမရှိပေ။

အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘‘Distributor (ဖြန့်ချိသူ)တွေက တကယ်စရောင်းမယ့်နေ့အတွက် သူတို့လုပ်စရာရှိတာတွေလုပ်နေတာပါ။ အူရီးဒူးအနေနဲ့ကတော့ တကယ်ရောင်းချမယ့် Date ကို အခုထိမကြေညာသေးပါဘူး’’ဟု လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။

ယင်းသို့ဆင်းမ်ကတ်များ အဆမတန်ဈေးကြီးနေမှုနှင့်ပတ်သက်ပြီး အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ သြဂုတ် ၂ ရက်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင်သာ အကြောင်းစုံကိုဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့်နေပြည်တော်တို့၌ စတင်ရောင်းချပေးခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်း အရောင်းဆိုင်အချို့တွင် စတင်ရောင်းချကာ ငွေကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိရောင်းချလျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ထံမှသတင်းရရှိသည်။

‘‘တစ်ကတ်ကိုငါးထောင်နဲ့ တစ်ယောက်ကို ငါးကတ်လောက်ထိ ရောင်းပေးပါတယ်။ လိုသလောက်တော့ မရနိုင်သေးဘူး’’ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ပြန်လည်ဖြေကြားခဲ့သည်။ အူရီးဒူးဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များကို ဇူလိုင် ၃၁ ရက်မှသာ စတင်ဖြန့်ချိမည်ဖြစ်သော်လည်း လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့ရှိ ဖုန်းဆိုင်များမှ ရယူ၍ ရန်ကုန်တွင် မူလပေါက် ဈေးကျပ် ၁၅၀၀ ထက်ပို၍ရောင်းချနေကြောင်း မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှသတင်းရရှိသည်။

အူရီးဒူးအနေဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ချုပ်ဆိုထားသော စာချုပ်အရ ဆင်းမ်ကတ်များကို ခွဲတမ်းဖြင့်ချထားပေးခြင်းဖြစ်ပြီး ရွှေအဆင့်တွင် ဆင်းမ်ကတ် ၈၀၀၊ ငွေအဆင့်တွင်ဆင်းမ်ကတ် ၄၀၀ နှင့် ကြေးအဆင့်တွင် ဆင်းမ်ကတ် ၂၀၀ အထိသာချထားပေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသတင်းရရှိသည်။

အူရီးဒူးကုမ္ပဏီမှ လတ်တလောသတ်မှတ်ထားသည့်နှုန်းထားများမှာ ၎င်းတို့၏ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမည်ဖြစ်ပြီး အခြားအော်ပရေတာ (MPT, Telenor, Mectel)သို့ ဖုန်း ခေါ်မည်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ပေးရမည်ဖြစ်ကာ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်အချို့မှသတင်းရရှိသည်။

အူရီးဒူးအနေဖြင့် အင်တာ နက်အသုံးပြုခများ Rate တစ်ခု သတ်မှတ်၍ ကောက်ယူသွားမည် ဟုမူလကကြေညာခဲ့သော်လည်း လက်ရှိတွင် တစ် 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ယူမည်မှာ အနည်းငယ်များနေကြောင်း အသုံးပြုသူများကသုံးသပ်သည်။

‘‘1MB ၂၅ ကျပ်ကများပါ တယ်။ တစ်လ 2GB သုံးရင် ၅၀,၀၀၀တောင်ကျမယ်။ 4GB Speed ဆိုရင်တော့ နည်းနည်း လေးခံသာမယ်။ ဒါတောင် စင်ကာပူထက်သုံးဆလောက်များ တုန်း။ 4G Speed 6GB ကို တစ်လ ၅၀,၀၀၀ လောက်က voice call မိနစ် ၃၀၀ ပါသေး တယ်’’ဟု အူရီးဒူး၏ အင်တာနက် အသုံးပြုခနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မှတ်ချက်ရေးသားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိတစ်မိနစ်လျှင် အင် တာနက်အသုံးပြုခမှာ GSM ဖုန်းများတွင် နှစ်ကျပ်နှင့် WCDMA ဖုန်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းသာကျသင့်မည်ဖြစ်သော်လည်း ယခုကောက်ယူမှုမှာ မိမိအသုံးပြုမှုပေါ်တွင်မူတည်၍ ကုန်ကျမည်ဖြစ်သောကြောင့် မသုံးလျှင် မကုန်နိုင်သော်လည်း တစ်မိနစ်အတွင်း ကျပ်နှစ်ထောင် ခန့်လည်းကျသွားနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ခံတစ်ဦးကရှင်းပြသည်။

7Day DAILY
ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာ ပင် ဈေး ကွက် အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။

အသက် ၅ နှစ်အောက် ၁.၆ သန်း မှတ်ပုံတင်ခြင်းမရှိဟု ကုလပြော

Photo: အသက် ၅ နှစ်အောက် ၁.၆ သန်း မှတ်ပုံတင်ခြင်းမရှိဟု ကုလပြော
Wednesday,July 30, 2014

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) နဲ့ မြန်မာအစိုးရလက်တွဲပြီး နိုင်ငံတ၀န်း ကလေးမွေးစာရင်းပေးမယ့် စီမံချက်ရဲ့ ရှေ့ပြေးအစီအစဉ်ကို စတင်အကောင် အထည်ဖော်တော့ မှာဖြစ်ပါတယ်။

ယူနီဆက်အဖွဲ့နဲ့ ပြည်ထဲရေး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၊ ကျန်မာရေးနဲ့ လူမှုဖူလုံရေးနဲ့ ပြန်လည် ထူထောင်ရေး ၀န်ကြီးဌာနတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ ကလေးတိုင်းကို အီလက်ထရောနစ် မှတ်တမ်းလုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ယူနီဆက်က ထုတ်ပြန်ပါတယ်။

school2ကနဦး စမ်းသပ်တဲ့အနေနဲ့ မွန်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေက မြို့နယ် ၄၄ မြို့နယ်မှာ ကောက်ခံဖို့ စီစဉ်ထားပြီး ဒီစမ်းသပ်တဲ့ အစီအစဉ်မှာ အီလက်ထရောနစ် အခြေခံ အဆောက်အအုံနဲ့ ဆက်သွယ်ရေး ကိစ္စရပ် ကောင်းမွန်ရေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ယူနီဆက်နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့က နည်းပညာနဲ့ ငွေကြေးထောက်ပံ့ဆောင်ရွက်တဲ့ ဒီ ရှေ့ပြေး အစီအစဉ်မှာ ကလေး ၄ သိန်းနီးပါး အကျိုးအမြတ် ခံစားရမှာဖြစ်သလို ဒီအတွေ့အကြုံက နိုင်ငံတ၀န်းကောက်ခံတဲ့အခါ အထောက်အပံ့ဖြစ် စေလိမ့်မယ်လို့ဆိုပါတယ်။

ယူနီဆက် ကိုယ်စားလှယ် ဘာထရန်ဘိန်းဗဲလ်က ကောက်ခံရာမှာ ရင်ဆိုင်နိုင်ရတဲ့ စိန်ခေါ်မှုတွေကို အခုလို ရှင်းပြပါတယ်။

“မှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ မြန်မာရဲ့နေရာ အတော်များများက ပဋိပက္ခတွေဖြစ်သလို ဝေးလံခေါင်သီတဲ့နေရာမှာ နေထိုင်ကြတဲ့ လူတွေအတွက်ကလည်း အခက်အခဲ ဖြစ်စေပါတယ်”

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး ၃၀ ရာခိုင်နှုန်း ၁ ဒသမ ၆ သန်းဟာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနမှာ မှတ်ပုံမတင်ထားကြောင်းနဲ့ ဒါကြောင့် အတင်းအကျပ် လိင်ကုန်ကူးခံရတာ၊ လူကုန်ကူးခံရတာ၊ စစ်သားအဖြစ် သွတ်သွင်းတာ၊ ကျန်းမာရေးနဲ့ ပညာရေး စောင့်ရှောက်မှုတွေ အပြည့် အ၀မရနိုင်ဘူးလို့ ယူနီဆက် ကိုယ်စားလှယ်က ပြောပါတယ်။

ယူနီဆက်ဟာ မြန်မာပြည်မှာ ကလေးသူငယ်အသေအပျောက်နှုန်း လျော့ချရေး၊ အဆင့်မီပညာရေး သင်ကြားနိုင်ရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ မတော်မတရားပြုမှုနှင့် အမြတ်ထုတ်ခြင်းမှ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကို အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဒီဗွီဘီ
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) နဲ့ မြန်မာအစိုးရလက်တွဲပြီး နိုင်ငံတ၀န်း ကလေးမွေးစာရင်းပေးမယ့် စီမံချက်ရဲ့ ရှေ့ပြေး အစီအစဉ် ကို စတင်အကောင် အထည်ဖော်တော့ မှာဖြစ်ပါတယ်။

အမေရိကန်နှင့်ဗြိတန်သံအမတ် ရခိုင် ရပ်မိရပ်ဖ၊ နိုင်ငံရေးပါတီဝင်များကို တွေ့ဆုံ

Photo: အမေရိကန်နှင့်ဗြိတန်သံအမတ် ရခိုင် ရပ်မိရပ်ဖ၊ နိုင်ငံရေးပါတီဝင်များကို တွေ့ဆုံ
Wednesday,July 30, 2014

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးတို့ ၂ ဦးဟာ ရခိုင်ဒေသခံတွေ၊ ရပ်မိရပ်ဖ နဲ့ တကွ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ရခိုင်ပြည်နယ် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

သံအမတ်ကြီးတွေဖြစ်တဲ့ ဒဲရစ်မစ်ချယ် နဲ့ အန်ဒရူး တို့ဟာ ဇူလိုင် ၂၇ ရက်နေ့ကနေ ၂၈ နေ့အထိ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဦးစိုးသိန်းတို့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ အတူ လိုက်ပါခဲ့ကြပြီး ရခိုင်ဒေသခံ၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
သံအမတ်ကြီး ၂ ဦးဟာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်အစိုးရရုံးမှာ ၀န်ကြီးတွေနဲ့အတူ စစ်တွေဒေသခံတွေနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရပ်မိရပ်ဖ ၅ ဦးနဲ့ စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
သံအမတ် ၂ ဦးဟာ ရခိုင်ပြည်နယ်က နိုင်ငံသားဖြစ်ရေးကိစ္စတွေမှာ လူမျိုးအမည် နာမကို အဓိကမထားဘဲ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုအနေနဲ့ ဆောင်ရွက်ဖို့၊ မတူညီတဲ့ လူမျိုးတွေကြား သဟဇာတဖြစ်အောင် နေထိုင်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူ ဦးသာပွင့်က ပြောပါတယ်။

“သူကတော့ လူ့အခွင့်အရေးတို့ဘာတို့နဲ့ လာတာပေါ့ဗျာ။ အခြေခံ လူ့အခွင့်အရေးကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် All are human being, All human being are equal ဆိုတဲ့ဟာက ကမ္ဘာ့ကြီးတခုလုံးဟာ အစိုးရတခုတည်း လက်အောက်မှာ ရှိနေတဲ့ အချိန်ရောက်မှသာ ခင်ဗျားပြောတဲ့ အစိုးရ ဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ လက်တွေ့အားဖြင့် မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ ပြောလိုက်တယ်။”

ဒဲရစ်မစ်ချယ်က ရိုဟင်ဂျာလူမျိုးတွေမှာ ဘင်္ဂါလီလို့ ခံယူလိုက်ရင် နိုင်ငံခြားလို့ သတ်မှတ်ခံရပြီး ပြည်နှင်ခံရမယ့်အရေး စိုးရိမ်နေကြလို့ မြန်မာပြည်ထဲက လူမျိုးတမျိုး အနေနဲ့ လက်ခံဖို့ ပြောဆိုခဲ့ပြီး သူတို့ဘက်ကတော့ ဘယ်လူမျိုးမဆို နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ်မယ့်အကြောင်းနဲ့ မွေးရာပါနိုင်ငံသားဖြစ်မှု အကြောင်းတွေ ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

၂၈ ရက်နေ့ ညနေပိုင်း ရခိုင်အမျိုးသားပါတီက ဗဟိုကော်မတီဝင်တွေနဲ့ ပါတီဌာနချုပ်မှာ သွားရောက်တွေ့ဆုံစဉ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက ပြောပါတယ်။

“အမ်အက်စ်အက်ဖ်အနေနဲ့ အရင်တုန်းက လုပ်တဲ့ပုံစံမဟုတ်ပဲနဲ့ ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ရခိုင်လူမျိုးတွေရဲ့ ခံစားနေရတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ စရိုက်တွေ အပေါ်မှာ နားလည်မှုပေးပြီး လုပ်နိုင်ဖို့တော့ အရေးကြီးလိမ့်မယ်လို့ ကျနော်တို့က ဆွေးနွေးတယ်။”

အမေရိကန်သံအမတ်ကြီးကလည်း ပြည်နယ်ထဲ ၀င်ရောက်လုပ်ကိုင်မယ့် အမ်အက်စ်အက်ဖ် အဖွဲ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေ စောင့်ကြည့်မယ်လို့ ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

အမ်အက်စ်အက်ဖ် လက်အောက်ခံ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးတဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ၀င်ရောက်လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ နစ်က ဒေသခံတချို့နဲ့ အထင်အမြင်လွဲမှားမှုတွေဖြစ်ကာ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။

ဒီအတောအတွင်း အဖွဲ့အစည်းနဲ့ အစိုးရကြား ညှိနှိုင်းမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ပြန်ပြီးဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်အစိုးရက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ပြန်လည် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တွေအခြေစိုက် ရခိုင်လူမှုကွန်ရက်အဖွဲ့ကတော့ အမ်အက်စ်အက်ဖ်ပေါ် ထားရှိတဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောထား ပြောင်းလဲမှုမရှိပါကြောင်းနဲ့ ရခိုင်ပြည်မှာ MSF-Holland ခေါ် AZG အဖွဲ့ကို အလိုမရှိကြောင်း ဇူလိုင် ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

DVB 

ဗြိတန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်
ဗြိတန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးတို့ ၂ ဦးဟာ ရခိုင်ဒေသခံတွေ၊ ရပ်မိရပ်ဖ နဲ့ တကွ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ရခိုင်ပြည်နယ် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသား ကိစ္စတွေ ဆွေးနွေး ခဲ့ပါတယ်။

ဝန်ကြီးလောင်း ဦးရဲထွဋ် လွှတ်တော် အဆုံးအဖြတ် စောင့်ဆိုင်း

Photo: ဝန်ကြီးလောင်း ဦးရဲထွဋ် လွှတ်တော် အဆုံးအဖြတ် စောင့်ဆိုင်း
Wednesday,July 30, 2014 

ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး  ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က  ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုက ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။

 “ လွှတ်တော်က သဝဏ်လွှာ ပို့ထားတယ်လို့ပဲ ကျနော်  သိပါတယ်။ လွှတ်တော်က ဘယ်နေ့မှာ စဉ်းစားမယ်။ ဘာဆက်လုပ်မယ်ဆိုတာတော့ ကျနော်လည်း မသိသေးပါဘူး။

VOA။   ။ ဟုတ်ကဲ့။ အန်ကယ်လ်ပြန်ရောက်လာတဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲဖြစ်တဲ့ကိစ္စ ဘယ်လိုများ ရှိပါသလဲ။

“တကယ်ကတော့ဗျာ။ ကျနော်တို့က သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တတိယအဆင့်ကို ဝင်လာတဲ့အခါမှာ လက်ကျန်သက်တမ်း ကာလအတွင်းမှာ ကျနော်တို့ သိသာထင်ရှားတဲ့ ရလာဒ်တွေလုပ်ဖို့ ပိုပြီးတော့မှ အားသွန်ခွန်စိုက် လုပ်ဖို့ လိုပါတယ်။ ရလာဒ်ကောင်းတွေ ဖော်ထုတ်နိုင်ဖို့လည်း ကျနော်တို့ လိုပါတယ်။ အဲ့သလိုအခြေအမျိုးမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါက်တာဖေသက်ခင်တို့က သူတို့အနေနဲ့ အဲ့လိုတာဝန်တွေ၊ ရလာဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ကန့်သတ်ချက်တွေရှိနိုင်တယ်လို့ သူတို့ယူဆတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဆန္ဒအရ တင်ပြလာတဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးက သူတို့ကို အနားယူခွင့်ပြုလိုက်တာပါ။ အဲ့တော့ သမ္မတကြီး အနေနဲ့က သူတို့နှစ်ယောက်က ကျန်ခဲ့တဲ့ ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ နိုင်ငံနဲ့လူမျိုးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့တယ် ဆိုတာ အသိအမှတ်ပြုပါတယ်။”

တဖက်ကလည်း တတိယအဆင့်ကာလအတွင်းမှာ ရလာဒ်ကောင်းတွေ ရလာနိုင်ဖို့အတွက် လိုအပ်တဲ့ပြောင်းလဲမှုလုပ်ရမယ်ဆိုတာကိုလည်း သူလက်ခံပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ချက်ကြောင့် သူတို့နှစ်ယောက်ရဲ့ တာဝန်က အနားယူခွင့် တင်ပြခွင့်ကို လက်ခံပြီး သမ္မတကြီးက အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်။”

VOA။ ဟုတ်ကဲ့။ အခုပြန်ကြားရေးဝန်ကြီးကို အန်ကယ်လ် ဦးရဲထွဋ်၊ နောက် ဒေါက်တာ သန်းအောင်ကိုလည်း သမ္မတကြီးကနေပြီးတော့ ဝန်ကြီးတွေအဖြစ် အဆိုတင်သွင်းတာရှိပါတယ်။ အဲ့ဒီ့အပေါ်မှာရော အန်ကယ်လ်ဦးရဲထွဋ်က ကိုယ်တိုင် နာမည်တင်သွင်းခြင်း ခံရတဲ့အခါကျတော့ အဲ့ဒီ့အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

“ကျနော်ကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်ဖို့အတွက် အဆိုတင်သွင်းခြင်း ခံရတဲ့အတွက်ကြောင့်မို့လို့ ကျနော် ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်စောင့်ဆိုင်းနေပါတယ်လို့ပဲ ပြောချင်ပါတယ်။”

VOA။   ။ ပြန်ကြားရေးဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရတဲ့အခါဆိုရင် အခုလက်ရှိမီဒီယာနဲ့ပတ်သက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ ဘာတွေဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ စီစဉ်နေတာရှိပါသလဲ။

“အော် ဒါတော့ အခုအချိန်မှာတော့ ကျနော်မပြောချင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ခန့်အပ်ခြင်း ခံရတာ မဟုတ်သေးတဲ့အတွက် ကြောင့်မို့လို့ ကျနော် ဘာမှ ထုတ်ဖော်မပြောနိုင်သေးပါဘူး။

VOA။   ။ ဟုတ်ကဲ့။ အခု ဒုတိယဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ သမ္မတရဲ့ပြောခွင့်ရအနေနဲ့ရော အန်ကယ်လ်အခု တာဝန်ထမ်းဆောင်နေတာဆိုတော့ ပြန်ကြားရေးဝန်ကြီးဖြစ်သွားရင်ရော သမ္မတပြောခွင့်ရ ရဲ့တာဝန် အန်ကယ်လ်ဆက်ပြီးတော့ ထမ်းဆောင်ဖို့ရှိပါသလားရှင့်။

“ဒါကတော့ သမ္မတကြီးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပါတယ်။”

ကျေးဇူးအများကြီးတင်ပါတယ်။ အန်ကယ်လ်ဦးရဲထွဋ်။

ဒါကတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် နေရာ မှာ လက်ရှိပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နေရာမှာ လက်ရှိ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပို့ပြီး အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့မှာ ၀န်ကြီးတွေကို အပြောင်းအလဲလုပ်တဲ့ အကြိမ်အများစုမှာ ရာထူးကနှုတ်ထွက်ခွင့်ပြုတယ်၊ ရာထူးက အနား ယူခွင့်ပြုတယ် စသည်အားဖြင့် သုံးစွဲလေ့ရှိပါတယ်။

VOA 

ပြန်ကြားရေးဒုဝန်ကြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ် Photo Credit to U Ye Htut FB
ပြန်ကြားရေးဒုဝန်ကြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ် Photo Credit to U Ye Htut FB
ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေ တယ် လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး  ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က  ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုက ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။

အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ

Photo: အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ
Wednesday,July  30, 2014

ရန်ကုန်မှာ အော်ရီဒူးဖုန်းဆင်းမ်ကတ်တွေ ဝယ်ချင်တဲ့ သူတွေရဲ့ စာရင်း လိုက်လံကောက်ယူနေပါပြီ။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာတော့ မနေ့ကတည်းက စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

ဆင်းမ်ကတ် လိုချင်သူတွေဟာ ရန်ကုန်မှာရှိတဲ့ အော်ရီဒူးနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေမှာ လိုချင်တဲ့ ကတ် အရေအတွက်ကို စာရင်းပေးလို့ ရပါပြီ။ ဖုန်းကတ် ဝယ်တဲ့အခါမှာတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတစ်ခု အတွက် တစ်ကတ်စီ ရောင်းပေးမယ်လို့ ပန်းဆိုးတန်း KMD အရောင်းဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 
“ဒီနေ့ရောင်းမယ်၊ မရောင်းဘူး ဆိုတာတော့ မသေချာဘူး။ အခုတော့ ဆီဒိုးနားမှာ(အော်ရီဒူးကလုပ်သည့် အခမ်းအနား) ဆွေးနွေးနေတယ်။ ဆင်းကတ်တွေ အခုရရင်တောင် သူတို့က activate လုပ်ပေးမှရမယ်” လို့ သူက ဆိုပါတယ်။

မဟာဗန္ဓုလမ်းပေါ် လမ်း ၃၀ အနီးမှာရှိတဲ့ MOE II မိုဘိုင်းဖုန်း အရောင်းဆိုင်က တာဝန်ရှိသူ တစ်ဦးကတော့ “မနက်ဖြန်ရောင်းဖို့ အတွက် စာရင်းကောက်တာပါ။ မနက်ဖြန် နံနက် ၉ နာရီမှာ စရောင်းပါမယ်” လို့ ဆိုပါတယ်။

မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာ အော်ရီဒူးဆင်းကတ်တွေကို မနေ့က စတင်ရောင်းချခဲ့တဲ့ အတွက် ရန်ကုန်မြို့တော် မှာလည်း ဒီနေ့ စရောင်းနေပြီဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အော်ရီဒူး ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ဆက်သွယ်မေးမြန်းရာမှာတော့ သြဂုတ်၂ ရက်နေ့မှာ မီဒီယာတွေကို တရားဝင် ရှင်းလင်းပေးမယ်လို့ ပြန်ဖြေပါတယ်။

The Voice Weekly
ရန်ကုန်မှာ အော်ရီဒူးဖုန်းဆင်းမ်ကတ်တွေ ဝယ်ချင်တဲ့ သူတွေရဲ့ စာရင်း လိုက်လံကောက်ယူနေပါပြီ။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာတော့ မနေ့ကတည်းက စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား

Photo: ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား
Wednesday, July 30, 2014

 ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ယခင်က မိုးတွင်းကာလတွင် တောင်တော်ပိတ်ကာ ဖူးမြော်ခွင့်ပြုခြင်း မရှိခဲ့သော်လည်း ယခုနောက်ပိုင်း ကာလများတွင် မိုးတွင်းကာလများတွင်ပါ ဖူးမြော်ခွင့်ပေး၍ တစ်နှစ်ပတ်လုံး ဖူးမြော်နိုင်ကြောင်းသိရသည်။

''တစ်နှစ်ပတ်လုံးဖွင့်ထားပါတယ်။ မိုးတွင်းလည်းဖူးမြော်နိုင်ပါတယ်''ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ကျသူတစ်ဦးက ရှင်းပြသည်။

ထိုသို့တောင်ပေါ်တက်ရောက်ခွင့်ပြုထားသလို တောင်တက်ကားများလည်း ပြေးဆွဲပေးနေပြီး ခရီးသည်ပေါ်မူတည်၍ နေ့စဉ်ပြေးဆွဲနေလျက်ရှိသည်။ တောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ''မိုးရာသီလည်း တောင်တက်ကားကို လုံခြုံစိတ်ချစွာ စီးနင်းနိုင်ပါတယ်။ ဘာအန္တရာယ်မှမရှိပါဘူး။ ယာဉ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့ရယ်၊ ကျွမ်းကျင်ပြီး စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ကြပ်မတ်ကိုင်တွယ်နေတာကြောင့် ဘာမှစိုးရိမ်စရာမလိုဘူး''ဟု ဆိုသည်။

ယခုလိုမိုးရာသီတွင် ပြည်တွင်းမှဘုရားဖူးဧည့်သည်များလည်းလာရောက်ဖူးမြော်ကြသလို ကမ္ဘာလှည့်ဧည့်သည်များလည်း လာရောက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းဘုရာဖူးတစ်ဦးက ''မိုးရေတွေထဲမှာ ဖူးမြော်ရတယ်ဆိုပေမယ့် ပိုပြီးတော့ပျော်ရွှင်ကြည်နူးရပါတယ်။ ပွဲတော်ရက်မှာကျတော့ လူကအရမ်းများတဲ့အခါ နေရာထိုင်ခင်းအခက်အခဲဖြစ်ရတယ်။ ဒါကြောင့်လည်း ဒီလိုကာလကို ရွေးပြီးတော့ လာရောက်ဖူးမြော်ဖြစ်တာဖြစ်ပါတယ်''ဟုရှင်းပြခဲ့သည်။

ထက်ခိုင်(စမ်းချောင်း)
The Mirror Daily
ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ဓာတုဗေဒပိုးသတ်ဆေးများ စနစ်တကျမသုံးစွဲခြင်းကြောင့် တောင်သူများ ဓာတုအဆိပ်သင့်၍ သေဆုံးမှုများရှိနေ

မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ သရက်၊ သခွား၊ ဖရဲ စိုက်ပျိုး သည့်တောင်သူများမှာ ဓာတုဗေဒပိုး သတ်ဆေးများကို အကာအကွယ်မဲ့ စနစ်တကျသုံးစွဲခြင်း မရှိခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့် ပန်းမန်များစိုက်ပျိုး ထုတ်လုပ် သူများ အသင်းမှ ကော်မတီဝင် ဒေါ်သန်းသန်း ဆွေက ပြောသည်။

e Government စီမံကိန်း၌ ပါဝင်နိုင်ရန် လုပ်ငန်းငယ်များ ကြိုတင်ပြင်ဆင်ထားသင့်

အစိုးရ၏ e Government စီမံကိန်းသည် မကြာခင်ကာလတွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်တော့မည်ဖြစ်ပြီး အဆိုပါ e Government စီမံကိန်း၌ အိုင်စီတီ စီးပွားရေးလုပ်ငန်းငယ်များ ပါဝင် လုပ်ကိုင်နိုင်ရန် ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား သင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းအချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ

Photo: ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ
Wednesday, July 30, 2014

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

‘‘မဲဖောက်ပေးတာတွေလည်း အခုချိန်ထိ မပေါက်သေးတော့ ဖုန်းမကိုင်နိုင်သေးဘူး။ နိုင်ငံခြားကုမ္ပဏီက ဈေးပေါပေါနဲ့ရောင်းမှပဲ ၀ယ်တော့မယ်။ ကိုယ့်ပြည်တွင်းက ဖုန်းတွေလို လိုင်းကျပ်တာတွေ ဖြစ်နိုင်တယ်။ သူတို့ကတော့ တာဝန်ယူမှုရှိမယ်လို့ ယုံကြည်ပါတယ်’’ဟု မင်္ဂလာဒုံမြို့နယ်တွင်နေသူ ကိုအောင်ထက်ကပြောသည်။

ပြည်ပအော်ပရေတာများအနက် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလအတွင်း ရောင်းချပေးသွားမည်ဟု တရားဝင်ကြေညာထားသည်။ နောက်အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးကမူ ချထားပေးမည့်အချိန်ကို အတိအကျမကြေညာထားသော်လည်း သြဂုတ်လဆန်းပိုင်းတွင် ချထားပေးမည်ဟု ပြည်တွင်းရှိ ဖုန်းဆိုင်အချို့ထံမှ သိရသည်။

‘‘အူရီးဒူးက ဆင်းမ်ကတ်တွေ ဒီလကုန်လောက်တော့ ချထားပေးမယ်ပြောတယ်။ ဒီသြဂုတ်လဆန်းမှာတော့ ချပေးမယ်လို့တော့ သိထားတယ်’’ဟု ပြည်တွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။

အူရီးဒူးသည် ပထမခြေလှမ်းအဖြစ် ဈေးကွက်အတွင်း မိုဘိုင်းဆင်းမ်ကတ်များကို စမ်းသပ်အသုံးပြုလျက်ရှိပြီး လတ်တလော အခြေအနေအရ လိုင်းဆွဲအားကောင်းမွန်ပြီး အင်တာနက်အသုံးပြုရသည်မှာလည်း လက်ရှိဖုန်းများထက် ပိုကောင်းကြောင်း အသုံးပြုသူများက Facebook စာမျက်နှာများတွင် ရေးသားအမှတ်ပေးခဲ့ကြသည်။

သို့သော် လက်ရှိ အစမ်းပေးသုံးနေသည့် ဆင်းမ်ကတ်အရေအတွက်မှာ အနည်းငယ်သာ ရှိနေသေးသည့်အတွက် လိုင်းကောင်းသော်လည်း အသုံးပြုသူများလာချိန်တွင် လိုင်းအခြေအနေ မည်သို့ရှိလာမည်ကို စောင့်ကြည်ရဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။

‘‘အူရီးဒူးက လက်ရှိချထားပေးတဲ့ ဆင်းမ်ကတ်အရေအတွက်က အလွန်ဆုံးရှိရင် ထောင်ဂဏန်းပဲ ရှိဦးမယ်။ 3G ကွန်ရက်ဖြစ်တဲ့အတွက် လိုင်းမိတဲ့နေရာတွေမှာတော့ သုံးရတာမြန်ပေမယ့် တချို့နေရာတွေမှာ သုံးလို့မရသေးဘူး။ တကယ်သုံးတဲ့လူများလာရင် လိုင်းကောင်းမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်းအသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင်နှင့် ငွေ ၁၅၀၀ ကျပ်သာလိုပြီး ကျန်သောကန့်သတ်ချက်များမရှိဘဲ လိုအပ်သလောက် ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည်ဟု ဆိုသည်။

ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်မှာ အရေးပါသလို ဈေးနှုန်းချိုသာသော ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခတို့မှာလည်း ပြည်သူများအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

အူရီးဒူးသည် လိုင်စင်ရပြီးခါစတွင် ဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ယူသွားမည်ဟု ပြောထားသော်လည်း လက်ရှိတွင် ‘‘ကျွန်တော်တို့အနေနဲ့ ဖုန်းခေါ်ဆိုခနှုန်းထားတွေကို အားလုံးတတ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေဖြစ်အောင် ဆောင်ရွက်သွားမှာပါ’’ ဟု အမှုဆောင်အရာရှိချုပ် Ross Cormack က ဖြေကြားထားသည်။

၎င်းတို့၏ပြိုင်ဘက် အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောသည် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် နိုင်ငံတစ်ဝန်း အသုံးပြုနိုင်ခြင်းမရှိသေးဘဲ မြို့ကြီးများတွင်သာ အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားသော်လည်း အူရီးဒူးအနေဖြင့် တိကျစွာ ထုတ်ပြန်ခြင်းမရှိခဲ့သဖြင့် မြို့အားလုံးတွင် အသုံးပြုနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

စက်တင်ဘာလတွင်း ရောင်းချပေးသွားမည်ဟု ကြေညာထားသည့် တယ်လီနောသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက်အတွင်း၌ စမ်းသပ်အသုံးပြုခြင်းမျိုးမရှိသေးဘဲ လက်ရှိတွင် ကိုယ်စားလှယ်အချို့နှင့်သာ စမ်းသပ်အသုံးပြုလျက်ရှိသောကြောင့် လိုင်းအခြေအနေကို မသိရသေးပေ။

‘‘သုံးစွဲသူတွေ အားလုံးအတွက် အဆင်ပြေအောင် ဆင်းမ်ကတ်တွေကို ဖုန်းခေါ်တာ၊ SMS ပို့တာနဲ့ အင်တာနက်သုံးတာ စတဲ့ဝန်ဆောင်မှုတွေအားလုံး စပြီးတော့ စမ်းသပ်အသုံးပြုနေပါပြီ။ မကြာခင်မှာပဲ ထုတ်ပြန်ပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချမည့် အချိန်တွင် တာဝါတိုင်တစ်ထောင်ခန့် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ငန်းများစတင်ရန် ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

တယ်လီနောသည် လိုင်စင်ရပြီးခါစ ဖုန်းပြောဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ပေးသွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် ‘‘ဖုန်းခေါ်ဆိုခတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးသွားမှာဖြစ်သလို အင်တာနက်သုံးလို့ ပိုက်ဆံကုန်မှာပဲဆိုပြီး စိုးရိမ်စရာမလိုတဲ့ နှုန်းထားမျိုးနဲ့ ကောက်သွားဖို့ ရှိပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောထားသည်။

တယ်လီနောသည် ကွန်ရက်ဖြန့်ကြက်ရာ၌ 2G နှင့် 3G ကွန်ရက်နှစ်ခုလုံးကို နိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်သွားမည်ဖြစ်ပြီး ဆင်းမ်ကတ်တွင် အင်တာနက်ပါ တစ်ခါတည်း အသုံးပြု၍ရမည်ဖြစ်သည်။

ပြည်ပအော်ပရေတာနှစ်ခုလုံးတွင် တူညီသည့်အချက်မှာ ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို 4G စနစ်သို့ အလွယ်တကူ အဆင့်မြှင့်နိုင်ရန် ပြင်ဆင်ထားပြီး မှတ်ပုံတင်ရှိသူတိုင်း လိုသလောက် ၀ယ်ယူနိုင်မည့် ဆင်းမ်ကတ်များတွင် နိုင်ငံတကာသို့ သယ်ယူအသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု (Roaming Service)ကိုပါ ထည့်သွင်းပေးထားမည်ဟု ဆိုသည်။

ပြည်ပအော်ပရေတာနှစ်ခု ဈေးကွက်အပြိုင်ကြဲရမည့် အနေအထားတွင် အစိုးရအော်ပရေတာတစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် KDDI နှင့် Sumitomo Operation တို့နှင့် ပူးပေါင်းလိုက်သောကြောင့် ကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများပေးရန် အင်အားတောင့်တင်းသော အော်ပရေတာတစ်ဦးဖြစ်လာသည်။

၎င်းတို့သည် မိုဘိုင်းဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချခြင်းကို အခြားအော်ပရေတာများထက် ဦးစွာဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေဟာ ပြိုင်ဘက်တွေထက် မလျော့စေရပါဘူး။ သူတို့ထက်ဦးအောင် လုပ်သွားဖို့ပဲရှိပါတယ်။ နေရာဒေသမရွေး ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ၀ယ်နိုင်အောင် လုပ်ပေးသွားပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်တွင် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ လက်ရှိအသုံးပြုသူများ အဆင်မပြေမှုများ မကြာခဏ ကြုံတွေ့နေရသည့်အတွက် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးသောကြောင့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုမှ နည်းပညာများဖြင့် ကူညီဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

‘‘မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူတွေဟာ နေရာအများစုမှာ တိုင်မမိသလို လိုင်းကျပ်တဲ့ ပြဿနာနဲ့လည်း ကြုံတွေ့နေရပါတယ်။ အခုကြုံတွေ့နေရတာနဲ့ အင်တာနက်ဆိုင်ရာ ပြဿနာတွေ အားလုံးနီးပါးကို ဖြေရှင်းပေးသွားပါမယ်’’ ဟု ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု ပူးပေါင်းထားသည့် KSGM (Joint Operation) မန်နေဂျင်းဒါရိုက်တာ တကရှိနာဂရှီမက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဖုန်းပြောဆိုခများနှင့် အင်တာနက်အသုံးပြုခများ လျှော့ချရန် နှုန်းထားတစ်ခုကို အတိအကျ ကြေညာထားခြင်း မရှိသော်လည်း ပြိုင်ဘက်အော်ပရေတာများထက် သာလွန်သော အရည်အသွေးနှင့် သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟု ဆိုထားသည်။

နောက်ဆုံး အော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့သည် ပြည်ပအော်ပရေတာတစ်ခုနှင့် ပူးပေါင်းနိုင်ရန် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသလို အခြေခံအဆောက်အအုံ တည်ဆောက်မှုအပိုင်းတွင်လည်း အားနည်းနေသေးသည့်အတွက် အော်ပရေတာလေးခုထဲတွင် အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်နေသည်။

‘‘အခု ပြည်ပကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းမှုကလည်း ပြီးနေပါပြီ။ Additional Process အတွက် လုပ်နေတာတွေကြောင့်ပါ။ အော်ပရေတာပိုင်းနဲ့ပတ်သက်ပြီး အခုကတော့ ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီ လုပ်မှာဖြစ်တဲ့အတွက် မတူညီမှုလေးတွေတော့ ရှိနိုင်ပါတယ်’’ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးရှိန်းသူအောင်ကပြောသည်။

ရတနာပုံတယ်လီပို့မှလွဲ၍ ကျန်အော်ပရေတာသုံးခုသည် ဈေးကွက်အတွင်း၌ နေရာရရှိရေး အပြိုင်အဆိုင်ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တယ်လီနောသည် လက်ရှိအချိန်ထိ ကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး သုံးနှစ်အတွင်း အရင်းကျေမည်ဟု ခန့်မှန်းထားသလို ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သော အူရီးဒူးသည် လက်ရှိပမာဏကို မပြောသော်လည်း ၁၅ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက်အများဆုံး ဖြန့်ကြက်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန် ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ သုံးနှစ်အတွင်း ကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

အော်ပရေတာသုံးခုလုံးသည် မြို့ကြီးများတွင်သာမကဘဲ ကျေးလက်ဒေသများထိ ဆင်းမ်ကတ်များကို လိုသလောက် ရောင်းချပေးသွားမည်ဖြစ်သည်။

ငွေဖြည့်ကတ်ရောင်းချရာတွင်လည်း လက်ရှိရောင်းနေသည့် ငါးထောင်၊ တစ်သောင်းတန်ကတ်များ မဟုတ်ဘဲ မိမိလိုသလောက် အနည်းငယ်ကိုသာ ၀ယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ပအော်ပရေတာများက ပြောထားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးဝန်ဆောင်မှုများ၊ သီးနှံဈေးနှုန်း၊ ရာသီဥတုနှင့် ကုန်အငှားဝန်ဆောင်မှုလုပ်ငန်း စသည့် ၀န်ဆောင်မှုများကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း အူရီးဒူးကဆိုသည်။

ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောတွင်လည်း မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ Wikipedia ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည့် ၀န်ဆောင်မှု၊ ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်ကျွမ်းမှု မြင့်မားလာစေရန် သတင်းအချက်အလက်စင်တာများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် Customer Service Center များ ဖွင့်လှစ်၍ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

အော်ပရေတာများအနေဖြင့် ၎င်းတို့ ကတိပေးထားသည့်အတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို မပေးပါက အရေးယူမှုများ ပြုလုပ်သွားရန်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြုလုပ်သွားမည်ဖြစ်ပြီး စာချုပ်ပါအချက်များအရ အူရီးဒူးသည် သြဂုတ်လနှင့် တယ်လီနောသည် စက်တင်ဘာလ နောက်ဆုံးထား၍ ဆင်းမ်ကတ်များကို ချထားပေးရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

‘‘လိုင်စင်ချပေးတဲ့အခါ ဘယ်အချိန် နောက်ဆုံးထားလုပ်ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ အဲဒီရက်မှ မလုပ်နိုင်ရင်တော့ အရေးယူဖို့ရှိပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ဆက်သွယ်ရေးအော်ပရေတာများ၏ ပြိုင်ဆိုင်မှုသည် ပြင်းထန်လာပြီး ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုရတော့မည်မှာ သေချာသလောက် ရှိနေပြီဖြစ်သော်လည်း အဆိုပါလုပ်ငန်းများအား ထိန်းကျောင်းပေးမည့် နည်းဥပဒေစည်းမျဉ်းများလည်း အမြန်ဆုံးထွက်ရှိရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကဆိုသည်။

‘‘ကျွန်တော်အကြံပြုချင်တာက ပြည်သူတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို အေးအေးဆေးဆေးနဲ့ ရွေးချယ်ပြီး အသုံးပြုဖို့ပါပဲ။ ပြည်သူတွေ စင်ပေါ်ရောက်တဲ့ အလှည့်ဖြစ်သွားပြီလို့ပဲ ကျွန်တော် ပြောချင်ပါတယ်’’ ဟု ဦးမင်းဦးက အကြံပြုသည်။

နိုင်လင်းအောင်၊ ဆွေမွန်
7Day Daily
ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ် များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်

Photo: တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်
Wednesday, July 30, 2014
  
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

Mobile-TeamMobile Team အဖွဲ့က တတိယအဆင့်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေက တရားမ၀င်ကုန်စည် စစ်ဆေးတာတွေကို ဇူလိုင်ကစလို့ လ တလလုံး ပညာပေးကာလအနေနဲ့ စတင်ခဲ့တာပါ။

ပညာပေးကာလ အတွင်းမှာတော့ တရားမ၀င်ကုန်ပစ္စည်းတွေ ဖမ်းမိပါက အရေးယူဆောင်ရွက်တာမျိုးမလုပ်ပဲ အခွန်ဆောင်ခိုင်းတာ၊ ဒဏ်ရိုက်တာလောက်ပဲ လုပ်ဆောင်ရာကနေ သြဂုတ်လကနေစပြီး ထောင်ဒဏ်ပါချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင်အရေးယူတော့မယ်လို့ Mobile Team အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

“ဒီသတ်မှတ်ချက်အတိုင်းသွားရင်တော့ လက်ရှိ ၁ ရက် ၈ လ မှာ အရေးယူ ကာလ စတင်ပေးရမှာပါ။ အရေးယူကာလမှာ လက်ရှိ ပညာပေးကာလမှာ ဆောင်ရွက်နေတဲ့ အကောက်အခွန်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပင်လယ်ကြောင်း အကောက်အခွန်ဥပဒေအပြင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်အတည်ပြုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပဲ လွှဲပြီး အရေးယူရမှာပါ။ ဖြစ်စဉ်ရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ယူသင့် မယူသင့်ကို ဒီအဖွဲ့တွေက ဆုံးဖြတ်သွားမှာပါ။ အားလုံးကို ဒါကြီးနဲ့ ယူမယ်လို့လည်း မဟုတ်ပါဘူး။ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ ကာယကံရှင်တွေ မနစ်နာအောင်လည်း ကျနော်တို့ဘက်က ပြင်ဆင်ပြီး လုပ်ပေးမှာပါ။”

ပို့ကုန်သွင်းကုန်ဥပဒေနဲ့သာ အရေးယူခံရမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ အချခံရနိုင်ပြီး ငွေဒဏ်တွေလည်း ချမှတ်ခံရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ပညာပေးကာလ တလအတွင်းမှာပဲ ထီးတန်း အေးရှားဝေါ ဆိပ်ကမ်းတွေမှာ ထူးခြားဖြစ်စဉ် ၃၁ ခုထိ တွေ့ရှိခဲ့ရပြီး တရားမ၀င် သယ်ဆောင်လာတဲ့ စက်ပစ္စည်းတွေ နဲ့ ဘေထုတ်တွေ ထောင်ချီ ပါဝင်တာတွေ့ရှိခဲ့ရပါတယ်။

ဆိပ်ကမ်းတွေမှာ တလအတွင်း တွေ့ရှိရတဲ့ ထူးခြားဖြစ်စဉ်တွေကိုလည်း ဦးတင်ရဲဝင်းက က ခုလိုပြောပြပါတယ်။

“ကွန်တိန်နာ ၁ လုံးထဲမှာ စက်ပစ္စည်း ဆိုပါတော့။ တွင်ခုံလို စက်ပစ္စည်း။ ၁ လုံးဆိုပြီး ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တဲ့အခါမှာ ၂ လုံးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ၁ လုံးဆိုတာ မျိုးကလည်း ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ စက်ကြီးတွေ။ ဒီလိုဟာမျိုးတွေလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကွန်တိန်နာ ၇ လုံးနဲ့ ဂျပန်နိုင်ငံက ပို့လိုက်တဲ့ brand new လို့ လိုင်စင်ထဲမှာ ဖော်ပြထားတယ်။ မြေပြင်မှာ စစ်လိုက်တော့ ဘေထုတ်တွေ ဖြစ်နေတယ်။ စုစုပေါင်း ဘေထုတ် ၁၁၇၂ ထုတ်လောက်မှာ အထည်မျိုးစုံ ၃ သိန်း ၃ သောင်း လောက်ပါနေတာ တွေ့ရတယ်။ ဒါမျိုးတွေက ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တရားမ၀င်ကုန်သွယ်နေတဲ့ နယ်စပ်လမ်းကြောင်းတွေမှာ ရွေ့လျား စစ်ဆေးရေးအဖွဲ့ Mobile Team တွေဖွဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Mobile Team အနေနဲ့ စတင်ဖွဲ့ စည်းခဲ့တဲ့ အချိန်ကနေ ခုထိ တရားမ၀င် ကုန်စည်ဖမ်းဆီးမှုကနေ ၂၀ ဘီလီယံနီးပါး ရရှိခဲ့ပါတယ်။

DVB
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင် ဒဏ် ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် အသည်းရောင်အသားဝါရောဂါကို ဦးစားပေးရောဂါဖြစ်လာစေရန် တွန်းအားပေးမည်

Photo: ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် အသည်းရောင်အသားဝါရောဂါကို ဦးစားပေးရောဂါဖြစ်လာစေရန် တွန်းအားပေးမည်
Wednesday, July 30, 2014

လာမည့်ကမ္ဘာ့ကျန်းမာ ရေးညီလာခံတွင် အသည်းရောင် အသားဝါရောဂါကို မြန်မာနိုင်ငံ၏ဦးစားပေးရောဂါဖြစ်လာစေရန် နှင့် ရန်ပုံငွေရရှိစေရန် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာခင်ပြုံးကြည်က ပြော သည်။

လက်ရှိတွင် ကမ္ဘာ့ကျန်းမာ ရေးညီလာခံမှ သတ်မှတ်ထား သော မြန်မာနိုင်ငံ၏ ကျန်းမာရေး ဦးစားပေးရောဂါသုံးမျိုးမှာ အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်၊ တီဘီ နှင့် ငှက်ဖျားရောဂါတို့ဖြစ်ပြီး ယခု အခါ အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားနှုန်းမှာ အဆိုပါ ရောဂါများနှင့် တန်းတူအနေအ ထားဖြစ်နေခြင်းကြောင့် ဦးစား ပေးရောဂါတစ်ခုအနေဖြင့် ထည့် သွင်းရန် ညီလာခံ၌ တိုက်တွန်း သွားမည်ဖြစ်သည်။
‘‘အဲဒီညီလာခံမှာ အစိုးရပိုင်းကလူတွေ၊ ၀န်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ တက်ကြတော့ အဲဒီမှာတွန်းအားပေးရင် ဒီရောဂါကို ဦးစားပေးအနေနဲ့ ထည့်လာမယ်။ ဒါဆိုရင် ရန်ပုံငွေ ရလာပြီးတော့ လူတွေ အခမဲ့ ဆေးကုလို့ရမယ်။အနည်းဆုံးတော့ ပိုက်ဆံသိပ်မများရင်တောင် ကုသနိုင်ဖို့အတွက်ဒီရောဂါက ဦးစားပေးအနေနဲ့ ဖြစ်သင့်တယ်ဆိုတာကို ကမ္ဘာ့ညီလာခံနဲ့ အစိုးရတွေကို တွန်းအားပေးတာပေါ့’’ ဟု ၎င်းကဆိုသည်။

‘‘အိတ်ခ်ျအိုင်ဗီဆေး ဆို လည်း ဈေးကြီးတာပဲ။ ဒါပေမဲ့ သူက ဦးစားပေးထဲမှာပါတော့ ဆေးအလကားဝေတယ်လေ။ တီဘီတို့၊ ငှက်ဖျား တို့ဆိုလည်း အဲဒီလိုပဲ။ ဒီအသည်းဘီပိုး၊ စီပိုးဆိုတာကျတော့ ကုဖို့က ဈေးကြီးတော့ အစိုးရကလည်း မတတ်နိုင်ဘူး။ တကယ်တော့ ဘီပိုး၊ စီပိုးပိုးသတ်ဆေးတွေရှိတယ်။ ဈေးကြီးလို့ မသုံးနိုင်ဘူး။ ဒီတော့ အဲဒီရဲ့ အကျိုးဆက်အဖြစ်နဲ့ နာတာရှည်အသည်းခြောက်၊ အသည်းကင်ဆာတွေဖြစ်လာမယ်’’ ဟု ဒေါက်တာခင်ပြုံးကြည်ကဆိုသည်။

၎င်းတို့အနေဖြင့် ၂၀၁၅ မေလတွင် ကျင်းပမည့် ၂၀၁၄-၁၅ ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ အသည်းရောင် အသည်းဝါရောဂါနှင့်ပတ်သက်၍ တွန်းအားပေးခြင်းအပြင် ပြည်သူလူထုကြား အသိပညာတိုးပွားစေရန် အသည်းရောင်အသားဝါအကြောင်း သိကောင်းစရာအသံလွှင့်ကဏ္ဍတစ်ခု ထည့်သွင်းပေးရန်နှင့် အခြေခံကျောင်းများ၏ သင်ရိုးညွှန်းတမ်းတစ်ခု အနေဖြင့် ထည့်သွင်းပေးရန် တောင်းဆိုမည်ဖြစ်သည်။ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၌ ဟောပြောပွဲများကို သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။

‘‘ဒါက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဆိုတာ ကျန်းမာ ရေးဝန်ကြီးဌာန၊ အခြားဝန်ကြီး ဌာနတွေနဲ့ ဖြစ်နိုင်ရင် နိုင်ငံတော် သမ္မတထံ ရောက်သွားဖို့လိုတယ်။ ပိုက်ဆံကို အရေးကြီးတဲ့နေရာမှာ သုံးမယ်။ ဒီမှာက စာရင်းဇယား သိပ်မရှိဘူး။ လူကြီးတွေ ကိုယ် တိုင်က ဒီရောဂါအတွက် ဘယ် လောက်သုံးမယ်ဆိုတဲ့ မူဝါဒတွေ ချမှတ်နိုင်ရမယ်။ အားလုံးပူး ပေါင်းလုပ်ဆောင်မယ်ဆိုရင် ရောဂါဖြစ်ပွားနှုန်းတွေက ကျလာမယ်’’ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊  အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရုံး(နယူးဒေလီ)မှ ဒုညွှန်ကြားရေး မှူးချုပ် (ငြိမ်း) ဒေါက်တာမြင့်ထွေးကသုံးသပ်ပြောဆိုသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်ဇူလိုင် ၂၈ ရက်ကို ကမ္ဘာ့အသည်းရောင် အသားဝါနေ့အဖြစ် သတ်မှတ် ထားပြီး အသည်းရောင်အသား ၀ါဘီပိုးသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ကူးစက်လျက်ရှိကာ ဘီပိုးရှိသူဦးရေမှာ သန်း ၄၀၀ခန့်ရှိပြီး စီပိုးရှိသူဦးရေမှာ သန်း ၁၇၀ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် မူ အသည်းရောင်ဘီပိုးရှိသူ ၁၀ ရာခိုင်နှုန်းရှိပြီး စီပိုးရှိသူ ၂ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းကြားရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အသည်း ရောင်အသားဝါဘီပိုး၊ စီပိုး စစ် ဆေးခြင်းအတွက် ကုန်ကျငွေမှာ ပျမ်းမျှအားဖြင့် ငွေကျပ်တစ် သောင်းဝန်းကျင်ရှိသည်။ ဘီပိုး ကာကွယ်ဆေးထိုးမည်ဆိုပါက ကျပ်တစ်သောင်းကျော်နှင့် စီပိုး ကာကွယ်ဆေးထိုးမည်ဆိုပါက ကျပ်တစ်သိန်းကျော်ရှိပြီး ကုန်ကျ စရိတ်မှာ အလွန်ကြီးမြင့်နေခြင်း ကြောင့် ရောဂါရှိ၊ မရှိစစ်ဆေး နိုင်သည့် အခက်အခဲများရှိနေ ကြောင်း သတင်းရရှိသည်။

7Day DAILY

လာမည့်ကမ္ဘာ့ကျန်းမာ ရေးညီလာခံတွင် အသည်းရောင် အသားဝါရောဂါကို မြန်မာနိုင်ငံ၏ဦးစားပေးရောဂါဖြစ်လာစေရန် နှင့် ရန်ပုံငွေရရှိစေရန် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာခင်ပြုံးကြည်က ပြော သည်။

တရုတ်က မြို့ကြီးလေးမြို့ရှိ Microsoft ရုံးခန်းများကို ၀င်ရောက်စီးနင်းကာ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး မိုက္ကရိုဆော့ဖ် (Microsoft) ကို တရုတ်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ပြီး အရာရှိများက တရုတ်မြို့ကြီးလေးမြို့ရှိ Microsoft ရုံးခန်းများသို့ ဇူလိုင် ၂၉ ရက်က စီးနင်းရှာဖွေ မငများပြုလုပ်ခဲ့သည်။နိုင်ငံတော် စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး အုပ်ချုပ်ရေးအဖွဲ့က ၄င်း၏ စုံစမ်းစစ်ဆေးရေးမှူးများကို ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ချန်တူးမြို့များရှိ Microsoft ရုံးများသို့ စေလွှတ်ခဲ့ကြောင်း South China Morning Post က အစီရင်ခံခဲ့သည်။အဘယ်ကြောင့် ယင်းသို့ စစ်ဆေးသည်ကို ရှင်းလင်းစွာမသိရသေးပေ။ ကုမ္ပဏီ စစ်ဆေးခံရကြောင်း Microsoft China မှ ပြောခွင့်ရ အမျိုးသမီး ဂျုန်းလီက အတည်ပြုခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။
Ref: South China Morning Post

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။


Photo: ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
========================================

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တွင်တွင် မုတ်သုံလေအလွန်အားကောင်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် မုတ်သုံလေအား အားကောင်းနေပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေသော်လည်း ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားဖြစ်နေပါတယ်။ ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်းငယ်ဟာ တောင်တရုတ်ပင်လယ်ပြင် အတွင်းသို့ ၀င်ရောက် လာနိုင်ခြင်း မရှိသေးပါ။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး၊ ကျန်မြန်မာ့ ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင် ရှိနိုင်ပါတယ်။ ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၀-၁၂) ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ (၆-၉)ပေ နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၆-၈)ပေခန့် ရှိနိုင်ပါတယ်။ 

နေ့အပူချိန်များအခြေအနေ ။ နေ့အပူချိန်များဟာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေ သကြီး တို့မှာ နေ့အပူချိန်ဟာ 35°C – 37°C ၊ ကျန်တိုင်းဒေသကြီးများအားလုံး နဲ့ ကချင် 
ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ အရှေ့ပိုင်း တို့မှာ နေ့အပူချိန်ဟာ 30C – 34°C နဲ့ ကျန်ပြည်နယ် တွေမှာ နေ့အပူချိန်ဟာ 26°C – 29°C ရှိနှိုင်ပါတယ်။ 

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန်နေသော တန်ဘိုးများကို အထူးသဖြင့် ကော့သောင်းမြို့(၁၂.၄) ၊ ထားဝယ် (၁၂.၂)၊ မော်လမြိုင်(၁၁.၂)၊ ရန်ကုန်(၁၂.၄)၊ နေပြည်တော်(၁၂.၂)၊ မကွေး(၁၂.၈)၊ တောင်ကြီး(၁၁.၈)၊ မန္တလေး(၁၂.၂) နဲ့ မြစ်ကြီးနား (၁၂.၅) တို့တွင်လည်းကောင်း ရောက်ရှိ နေနှိုင်ပါတယ်။ 

မိုးတိမ်တောင်အခြေအနေ။

ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်၊ မြန်မာနိုင်ငံနေရာအများအပြား တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင် ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

မန္တလေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း တွင်တိမ်အသင့်အတင့်ဖြစ်ထွန်း ပါ့မယ်။ ကျန်တပြည်လုံးတွင် နေရာကျဲကျဲမှစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀)ဖြစ် ပါတယ်။ ရခိုင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ရေကြီးမည့်အလားအလာအခြေအနေ။

ရေကြီးမယ့်အန္တရာယ်အလားအလာ မြင့်မားနေတဲ့ နေရာတွေကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီူ နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မွန် ပြည်နယ် များမှာ ရှိကြတဲ့ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ သထုံ မြို့နယ်များ အတွင်းရှိ မြေနိမ့်ပိုင်းများနဲ့ လယ်ကွင်းများ တွင် ရေကြီးနိုင်မှု အလားအလာများ ဆက်လက် ဖြစ်ပေါ်နေနိုင်ပါတယ်။ 

ဒေါက်တာထွန်းလွင်
==========================================

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တွင်တွင် မုတ်သုံလေအလွန်အားကောင်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် မုတ်သုံလေအား အားကောင်းနေပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေသော်လည်း ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားဖြစ်နေပါတယ်။ ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်းငယ်ဟာ တောင်တရုတ်ပင်လယ်ပြင် အတွင်းသို့ ၀င်ရောက် လာနိုင်ခြင်း မရှိသေးပါ။

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ်သဘောတူ

စစ်လက်နက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲလုပ်ဆောင်ရေး အပါအ၀င် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ်တို့ အင်္ဂါနေ့က သဘောတူညီခဲ့ကြောင်း ဂျပန်အရာရှိများက ပြောကြားခဲ့သည်။ရုရှားသို့ ပြင်သစ်စစ်သင်္ဘောများ ရောင်းချရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ ဂျပန်က စိုးရိမ်လျှက်ရှိသော်လည်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆုနိုရီ အိုနိုဒေရာနှင့် ပြင်သစ်ကာကွယ်ရေး ၀န်ကြီး ယန်းအိုက်ဗ်စ်လေဒရီယန်တို့သည် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
Photo: ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ်သဘောတူ
===================================================

စစ်လက်နက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲလုပ်ဆောင်ရေး အပါအ၀င် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ်တို့ အင်္ဂါနေ့က သဘောတူညီခဲ့ကြောင်း ဂျပန်အရာရှိများက ပြောကြားခဲ့သည်။

ရုရှားသို့ ပြင်သစ်စစ်သင်္ဘောများ ရောင်းချရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ ဂျပန်က စိုးရိမ်လျှက်ရှိသော်လည်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆုနိုရီ အိုနိုဒေရာနှင့် ပြင်သစ်ကာကွယ်ရေး ၀န်ကြီး ယန်းအိုက်ဗ်စ်လေဒရီယန်တို့သည် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

AFP
AFP

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဈေးကွက်နဲ့ချိတ်ဆက်နိုင်ရန် နိုင်ငံတကာတွင် အသုံးပြုနေသည့် နည်းပညာများကို မဲခေါင်အင်စတီကျုမှ ကူညီ ဆောင်ရွက်ပေးမည်

ပြည်တွင်းအ သေးစားနှင့် အလတ် စားလုပ်ငန်း များကိုဈေးကွက်နှင့် ချိတ်ဆက်နိုင် ရေးအတွက်နိုင်ငံတကာရှိအသေး စားနှင့် အလတ်စား လုပ်ငန်းများ တွင် အသုံးပြုသည့် လုပ်ငန်းတူ များ စုပေါင်းကာ ဆောင်ရွက်သည့် (Cluster) နည်းဖြင့် ဆောင်ရွက် နိုင်ရေးအတွက် မဲခေါင်အင်စတီကျု မှ နည်းပညာပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။အဆိုပါ နည်းပညာအကူအညီ ပေးရေးအစီအစဉ်ကို နယူးဇီလန် နိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောင် ရွက်ခြင်းဖြစ်ပြီး ဇူလိုင် ၂၉ရက်နှင့် ၃ဝ ရက်များတွင် ဗဟန်းမြို့နယ်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးရေးဌာနတွင် ကော်ဖီလုပ် ငန်းများအတွက် ယင်း Cluster နည်းပညာများကို သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတိုးမြင့်က '' အခု သင်တန်းမှာ Cluster Development Action Plan ရေးဆွဲ တာတွေ၊ Value Chane နဲ့ International Trade ကိုချိတ် ဆက်ဖို့အတွက် လိုအပ်တာတွေကို သင်ကြားပေးသွားမှာပါ'' ဟုဆိုသည်။

ဆိပ်ကမ်းများတွင် ကွန်တိန်နာများကို စစ်ဆေးပြီးစီးသည့်နေ့တွင် လာရောက် ထုတ်ယူခြင်းမရှိပါက ထုတ်ယူသည့်နေ့တွင် အလုံးစုံဖွင့်ဖောက် စစ်ဆေးလျက်ရှိဟုဆို

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် စစ်ဆေးပြီးကွန်တိန်နာ များကို စစ်ဆေးပြီးစီးသည့်နေ့တွင်လာရောက် ထုတ်ယူခြင်းမရှိပါက ထုတ်ယူသည့်နေ့တွင် အလုံးစုံဖွင့်ဖောက် စစ်ဆေးခြင်းကို ပြုလုပ် လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန မှသိရသည်။အကောက်ခွန်ဦးစီးဌာနနှင့်တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မ တီပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း များကို ဝင်ရောက်စစ်ဆေးရာတွင် ယနေ့စစ် ဆေးပြီးသည့်ကွန်တိန်နာများကို စစ်ဆေးပြီး သည့်နေ့တွင် လာရောက်ထုတ်ယူခြင်းမရှိပါ က Red၊ Yellow၊ Green ဟူ၍ခွဲခြားခြင်းမရှိ တော့ဘဲ အားလုံးကို ဖွင့်ဖောက်စစ်ဆေးပြီးမှ သာထုတ်ခွင့်ပေးမည်ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီး ဌာနမှ သိရသည်။ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင် ရဲဝင်းက ''ကျွန်တော်တို့တွေစဝင်ကတည်းက နေ့စဉ်စစ်ဆေးပြီးမှ သက်ဆိုင်ရာကုမ္ပဏီရဲ့လို အပ်ချက်ကြောင့်မထွက်နိုင်တဲ့ ကွန်တိန်နာ ဟူသမျှကို ကျွန်တော်တို့က နောက်နေ့ကျရင် ဒီအတိုင်း ထွက်ခွင့်မပေးတော့ဘူး။ ထုတ်မယ့်နေ့ကျရင် ကျွန်တော်တို့ကအကုန်လုံးကို ဖွင့်ဖောက်စစ်တယ်။ green လည်း နောက် နေ့ကျရင် green cancel ပဲ။ စစ်ဆေးပြီးရဲ့ သားနဲ့ ဒီနေ့မထုတ်နိုင်ရင် လာထုတ်တဲ့နေ့မှာ ၁ဝဝရာခိုင်နှုန်းဖွင့်ဖောက်စစ်ဆေးတယ်''ဟု ပြောသည်။

Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့်မရှိတော့တဲ့ ခင်ဝင့်ဝါရဲ့ ရင်ဖွင့်သံ

ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း ညီမရဲ့အနုပညာကြေးထဲက ၃၀ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေးခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ ကြားထဲက အခုလိုမျိုးဖြစ်လာတယ်ဆိုတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ တစ်ချို့သတင်းတွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့် မပေးတော့တာပေါ့။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့အညီ မနေထိုင်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး”တဲ့။

ဂျာမနီကို ဆင်းတဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ဘီးမှာ အလောင်းတွေ့

အမေရိကန် စစ်ဘက် ကုန်တင်လေယာဉ် ဟာကျူလီ လေယာဉ်ကြီးတစီးဟာ ဂျာမနီ နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဆင်းသက်စဉ်မှာ လေယာဉ်ဘီးမှာ လူငယ်တဦးရဲ့ အလောင်းကိုတွေ့ခဲ့ရတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ဂျာမနီနိုင်ငံ ရမ်းစတိန်း လေကြောင်းအခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အမေရိကန်စစ်လေယာဉ် C 130J ဟာ လေယာဉ် ဆင်းသက်ပြီး လေယာဉ်ဘီးအတင်အချ လုပ်တဲ့နေရာမှာ အခုလို လူငယ်တဦးရဲ့ အလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အရာရှိကြီး တဦးဖြစ်တဲ့ John Kirby ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

Photo: ဂျာမနီကို ဆင်းတဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ဘီးမှာ အလောင်းတွေ့
Wednesday, 30 July 2014

အမေရိကန် စစ်ဘက် ကုန်တင်လေယာဉ် ဟာကျူလီ လေယာဉ်ကြီးတစီးဟာ ဂျာမနီ နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဆင်းသက်စဉ်မှာ လေယာဉ်ဘီးမှာ လူငယ်တဦးရဲ့ အလောင်းကိုတွေ့ခဲ့ရတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ 
ဂျာမနီနိုင်ငံ ရမ်းစတိန်း လေကြောင်းအခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အမေရိကန်စစ်လေယာဉ် C 130J ဟာ လေယာဉ် ဆင်းသက်ပြီး လေယာဉ်ဘီးအတင်အချ လုပ်တဲ့နေရာမှာ အခုလို လူငယ်တဦးရဲ့ အလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အရာရှိကြီး တဦးဖြစ်တဲ့ John Kirby ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လူမည်း ဆယ်ကျော်သက် လူငယ်လေးဟာ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးသလို သူ ဘယ်အချိန်က ဘယ်နေရာက နေ လေယာဉ်ဘီးမှာ ခိုအောင်း လာခဲ့တယ်ဆိုတာလည်း သေချာ မသိရသေးပဲ စုံစမ်းနေဆဲ
ဖြစ် တယ်လို့ ကာဘီက ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 
 
အခု အမေရိန်စစ်လေယာဉ်ကြီးဟာ ခရီးစဉ် အတွင်း အမေရိကန်ပြည်ထောင်စု အာဖရိက ကွပ်ကဲရေး နယ်မြေအတွင်းက နိုင်ငံတချို့မှာ ပျံသန်းရင်း ရပ်တန့်ခဲ့တယ်လို့ ကာဘီက ပြောပါတယ်။ ဒါပေမယ့် 
လေယာဉ်ရပ်ခဲ့တဲ့ နိုင်ငံအမည်တွေကို တော့ သူက မပြောခဲ့ပါဘူး။ 

 တလောကလည်း လူငယ်တဦးကလည်း လေယာဉ်ဘီး အတင်အချ လုပ်တဲ့ နေရာမှာ ခိုအောင် လိုက်ပါလာခဲ့ပါသေးတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ သူ အသက်ရှင်ခဲ့ပါတယ်။ အန္တရာယ်များတဲ့အခြေအနေမှာ သူ  ဘယ်လို အသက်ရှင်ခဲ့တယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။

တော်ဝင်လုပ်သားများကို ရိုက်နှက်မှု အင်းစိန်ထောင်ဝန်ထမ်းနှစ်ဦး တောင်းပန်မည်ဟုဆို

တော်ဝင် သစ်အချောထည် လုပ်သားနှစ်ဦးကို ရိုက်နှက်ခဲ့မှုအတွက် အင်းစိန် အကျဉ်းထောင်က ဝန်ထမ်းနှစ်ဦးက သြဂုတ်လ ၃ ရက်နေ့ တွင် ပြန် လည် တောင်းပန်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။

သင်မွေးမယ့်ကလေးရဲ့ လိင်ဟာ သင့်ရဲ့အစားအသောက်အပေါ်မှာလည်း မူတည်ရခြင်းအကြောင်းရင်း

Photo: သင်မွေးမယ့်ကလေးရဲ့ လိင်ဟာ သင့်ရဲ့အစားအသောက်အပေါ်မှာလည်း မူတည်ရခြင်းအကြောင်းရင်း
Wednesday, July 30, 2014 

ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ်မလားဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။

သင်မွေးမယ့်ကလေးဟာ မိန်းကလေး ဒါမှမဟုတ် ယောင်္ကျားလေးလား ဆိုတဲ့နေရာမှာ သင့်စားသောက်တဲ့အစားအစာပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီနည်းစနစ်ဟာ ၁၀၀%တော့ မှန်ကန်မှုမရှိပေမယ့် မိမိနှစ်သက်တဲ့ကလေးရနိုင်ဖို့အတွက် ဇနီးမောင်နှံတွေ အသုံးများတဲ့နည်းစနစ်ဖြစ်ပါတယ်။

ယောင်္ကျားလေးဖြစ်စေနိုင်တဲ့ Y chromosomeကို သယ်ဆောင်တဲ့ sperm ဟာသေးငယ်ပြီးတော့ ပေါ့ပါးသွက်လက်တဲ့အတွက် သက်တမ်းမကုန်ဆုံးခင်မှာ မဥကြွေတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ပါတယ်။ ဒီလိုနဲ့အမြန်ဆုံးရောက်နိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်မှာAlkaline တွေ  ရှိနေဖို့လိုအပ်ပါတယ်။

မိန်းကလေးဖြစ်စေနိုင်တဲ့ X chromosomeကို သယ်ဆောင်တဲ့ spermတွေကျတော့ အရွယ်အစားပိုကြီးပြီး နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ပန်းတိုင်ကိုရောက်ဖို့ အချိန်ပိုကြာစေပါတယ်။ ဒါပေမယ့် သက်တမ်းပိုရှည်နေတာကို တွေ့ရှိရပြန်ပါတယ်။ မဥကြွေတဲ့နေရာရောက်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ Acid တွေ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ သင့်အနေနဲ့ ကလေးရဲ့လိင်ကိုရွေးချယ်ဖို့ အစားအသောက်နဲ့ အားထုတ်လို့ရပြီပေါ့။

ယောင်္ကျားလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

Potassium နဲ့ sodium ပါတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ပါဝင်နှုန်းတဲ့အတွက် Alkaline များလာဖို့ အားပေးပါတယ်။ အဲဒါကြောင့် ငှက်ပျော်သီး၊ ပြောင်းဖူး၊ အနီရောင်အသား၊ နဲ့ အူအစာသွပ်ထားတဲ့ အစားအစာတွေကို များများစားသုံးဖို့ပဲဖြစ်ပါတယ်။

မိန်းကလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

ရွေးချယ်ရမှာကတော့ အက်စစ်ဓါတ်များတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ပန်းမုံလာဟာ အသင့်တော်ဆုံး ဥပမာပဲဖြစ်ပါတယ်။ ပြီးတော့ စပျစ်သီး၊ ပန်းသီး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ နဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးနိုင်ပါတယ်။

Ref: onlinehealth.com
Trend Myanmar
ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ် မလား ဆိုတာ ၅၀% စီပဲရှိပါသေး တယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင် နိုင် တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။

Ooredoo Myanmar FB Page မှတစ်ဆင့် တရာဝင်ကြေညာချက်

Photo: Ooredoo Myanmar FB Page မှတစ်ဆင့် တရာဝင်ကြေညာချက်
Wednesday, July 30, 2014 

ပြည်သူလူထုရဲ့ အားပေးမှုတွေ အတွက် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ လက်ရှိမှာ ဆင်းကဒ်များ ရောင်းချဖို့ပြင်ဆင်နေတာကြောင့် နိုင်ငံတကာ လုပ်ရိုးလုပ်စဉ် အနေနဲ့ ကြိုတင်ပြီး အရောင်း နဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို ဆင်းကဒ်များဖြည့်တင်းနေပါတယ်။ 

ဆင်းကဒ် တစ်ကဒ်ကို ၁၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး အဲဒီထက် ပိုပေးရတာတွေ မရှိအောင် သေသေချာချာ လုပ်ဆောင်နေပါတယ်။ မကြာခင်မှာ အားလုံးနဲ့ ချိတ်ဆက် နိုင်တော့မှာဖြစ်ပါတယ်။ ကျေးဇူး အထူးတင်ရှိပါတယ်။

We are excited about all of the activities in the market. As is standard practice, we are currently filling the retail channel with SIM cards as we prepare to sell SIM cards. We will be charging 1,500 Kyats for a SIM card so make sure you do not pay anymore. We look forward to connecting you soon.
==========================================
Ref : Ooredoo Myanmar
Yangon Media Group
ပြည်သူလူထုရဲ့ အားပေးမှုတွေ အတွက် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ လက်ရှိမှာ ဆင်းကဒ်များ ရောင်းချဖို့ပြင်ဆင်နေ တာကြောင့် နိုင်ငံ တကာ လုပ်ရိုးလုပ်စဉ် အနေနဲ့ ကြိုတင်ပြီး အရောင်း နဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို ဆင်းကဒ်များဖြည့်တင်းနေပါတယ်။

ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင် ထိန်းသိမ်းရေး အတွက် အဆိုပြုလွှာ တင်တော့မည်

Photo: ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင် ထိန်းသိမ်းရေး အတွက် အဆိုပြုလွှာ တင်တော့မည်
Wednesday, July 30, 2014

တွံတေးတူးမြောင်းအတွင်း သွားလာနေသည့် ရေယာဉ်များကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ်။ ကိုရီးယားနိုင်ငံ ISAN Corporation က အမေရိကန်ဒေါ်လာ ၂၆၉ သန်းသုံး၍ ပြုပြင်ထိန်းသိမ်းရန် အဆိုပြုလွှာတင်မည်ဟု ဆိုသည်။ ဓာတ်ပုံ - ဟောင်ဆာ

အမေရိကန်ဒေါ်လာ ၂၆၉ သန်းကုန်ကျမည့် တွံတေးတူးမြောင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ နောက်ဆုံး အဆိုပြုလွှာကို ကိုရီးယားနိုင်ငံ ISAN Corporation မှ ပညာရှင်များက သြဂုတ်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည်။

အဆိုပါ ISAN Corporationမှ ပညာရှင်များနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာနေပြီး ဇူလိုင် ၂၃ ရက် က အဆိုပါပညာရှင်များနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် နောက်ဆုံးအဆိုပြုလွှာနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး (အင်ဂျင်နီယာချုပ်) ဦးသောင်းလွင်က ဆိုသည်။

နောက်ဆုံးအဆိုပြုလွှာတွင် တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံသည့်နေရာ ရေနက်အိုးကျောက်ထည့်ခြင်း၊ တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံသည့်နေရာတွင် ရေ၀င်အားကောင်းသည့်အတွက် ရေထိန်းကာတာ လေးခု ဖယ်ရှားခြင်း၊ ကမ်းထိန်းနံရံ ဆောက်လုပ်ခြင်းလုပ်မည်ဟု အကြံပြုထားသည်။

ရေယာဉ်များလာခြင်း၊ တူးမြောင်းထဲကို စီးဝင်သည့် ရေစီးနှုန်းများလာခြင်း၊ တွံတေးတူးမြောင်းနှင့် ခနောင်တို ချောင်းဆုံသည့် နေရာတွင် ၀ဲဖြစ်ပေါ်နေခြင်းတို့ကြောင့် ကမ်းပါးတိုက်စားသဖြင့် အမြန်ဆုံးပြုပြင်ရန်လိုသည်ဟု ဦးသောင်းလွင်က ပြောသည်။

“ပထမကြားဖြတ် အစီရင်ခံစာမှာတုန်းက ရန်ကုန်မြစ်ထဲကို ခနောင်တိုချောင်းက ရေဖောက်ထုတ်သင့်တယ်ဆိုပေမယ့် နောက်ဆုံးအဆိုပြုလွှာမှာတော့ လယ်မြေလျော်ကြေးကိစ္စတွေကြောင့် မပါတော့ဘူး”ဟု ၎င်းက ပြောသည်။

တွံတေးတူးမြောင်းမှ ရေများသည် ရေစီးနှုန်းများခြင်းကြောင့် ဒလဘက်ကမ်း စားခြင်းနှင့် ဆိပ်ကြီးခနောင်တိုဘက် ကမ်းတိုက်စားခြင်း တို့ကြောင့် နှစ်စဉ် ကမ်းပြိုသည့် အန္တရာယ်ကြုံတွေ့နေရပြီး ရေကျချိန် ရေစီးပိုများလာခြင်းကြောင့် တူးမြောင်းအတွင်း ဖြတ်သန်းသွားလာသည့် ရေယာဉ်များ အခက်အခဲ ရှိနေသည် ဟု ၎င်းက ဆိုသည်။

ယင်းစီမံကိန်းအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ဖက်လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ ကုန်ကျစရိတ်ကို မြန်မာအစိုးရမတတ်နိုင်ပါက ISAN Corporationမှ နိုင်ငံတကာမှ ဖွံ့ဖြိုးရေးရန်ပုံငွေ (ODA) ချေးငွေရယူရန် စီစဉ်ထားသည်ဟု ဦးသောင်းလွင်က ပြောသည်။

Mizzima - News in Burmese
တွံတေးတူးမြောင်းအတွင်း သွားလာနေသည့် ရေယာဉ်များကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ်။ ကိုရီးယားနိုင်ငံ ISAN Corporation က အမေရိကန်ဒေါ်လာ ၂၆၉ သန်းသုံး၍ ပြုပြင်ထိန်းသိမ်းရန် အဆိုပြုလွှာတင်မည်ဟု ဆိုသည်။