Monday, August 25, 2014
ညသိပ်ကားများ လက်မခံခြင်းကြောင့် ဝယ်ရောင်းများစရိတ်ကာမိစေရန် လျှော့ဈေးများဖြင့် ပြန်လည်ရောင်းချနေဟုဆို
ယာဉ်ရောင်း ဝယ်ရေးစခန်းများတွင် ညသိပ်ကား များ လက်မခံခြင်းကြောင့် တစ်နိုင် တစ်ပိုင် ဝယ်ရောင်းလုပ်ငန်းရှင်များ အနေဖြင့် ယင်းတို့ လက်ဝယ်တွင်ရှိ သော ကားများကို လျှော့ဈေးများဖြင့် ပြန်လည်ရောင်းချနေရကြောင်း ယင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။
လက်ရှိ သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းနှင့် လှိုင်ယာဉ်ရောင်း ဝယ်စခန်းများတွင် ညသိပ်ယာဉ်များ ခွင့်မပြုတော့သည့်အတွက် အရောင်း အဝယ်လုပ်ကိုင်သူများအနေဖြင့် ညသိပ်ယာဉ်ထားရန် နေရာအခက် အခဲနှင့် ရင်ဆိုင်နေရပြီး စရိတ်မြင့် တက်မှုများကြောင့် ဈေးလျှော့ရောင်း ချရန် တချို့ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဆောင်ရွက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဦးဇော်လင်းက ''မနက်လာ၊ ညပြန် စနစ်ဆိုတော့ ကားအစီးများများကိုင် ထားတဲ့သူတွေက အခက်အခဲဖြစ် လာတဲ့အတွက် အခုလို ဈေးလျှော့ ရောင်းတာတွေ ဖြစ်လာတယ်။ အမြတ် ရဖို့ထက် အရင်းအတိုင်း မြန်မြန်ကုန်ဖို့ ကို ဦးတည်လာတယ်''ဟု ဆိုသည်။
စိတ်ဓါတ်တွေ ပြောင်းပစ်ကြဖို့ နမ်ဘီးယား တိုက်တွန်း
Photo: စိတ်ဓါတ်တွေ ပြောင်းပစ်ကြဖို့ နမ်ဘီးယား တိုက်တွန်း
Monday, August 25, 2014
ရခိုင်ပြည်နယ်က လက်ရှိအခြေအနေကို ပြောင်းလဲဖို့ဆိုရင် နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ စိတ်ဓါတ်တွေကို ပြောင်းလဲပစ်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က ဒီနေ့ ပြောလိုက်ပါတယ်။
စစ်တွေမြို့နယ်က စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ မွတ်စလင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းမှာ Mr. Nambiar က
"နှစ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ယုံကြည်မှု ပိုတည်ဆောက်ကြရမှာဖြစ်သလို သံသယတွေနည်းသွားပြီး အကြမ်းဖက်မှုတွေလည်း လျော့နည်းသွားဖို့ လိုအပ်ကြောင်း၊ အဲဒီလိုဖြစ်ဖို့အတွက် မလွယ်ကူဘူးဆိုတာကို မိမိတို့အနေနဲ့ သိရှိထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဘက်က ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့် အခြေအနေပြောင်းလဲလာမယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်း" ပြောခဲ့ပါတယ်။
ရခိုင်တွေရော မွတ်စလင်တွေပါ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း အစိုးရတွေနဲ့ ပူးတွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ရခိုင်ဒုက္ခသည်တွေက မစ္စတာနမ်ဘီးယားကို စားဝတ်နေရေး အကျပ်အတည်းတွေအပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ တင်ပြခဲ့ကြပြီး မွတ်စလင်ဒုက္ခသည်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။
ရခိုင်လူ့အဖွဲ့အစည်းက နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာ တခြားတစ်ဘက်ကိုပဲ ကူညီတယ်ဆိုပြီး ယုံကြည်မှုမရှိခဲ့တာတွေရှိခဲ့ကြောင်း မိမိတို့အနေနဲ့ အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားနေကြောင်းလည်း Mr. Nambiar က ပြောခဲ့ပါတယ်။
RFA Burmese
ရခိုင်ပြည်နယ်က လက်ရှိအခြေအနေကို ပြောင်းလဲဖို့ဆိုရင် နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ စိတ်ဓါတ်တွေကို ပြောင်းလဲပစ်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က ဒီနေ့ ပြောလိုက်ပါတယ်။
စစ်တွေမြို့နယ်က စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ မွတ်စလင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းမှာ Mr. Nambiar က"နှစ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ယုံကြည်မှု ပိုတည်ဆောက်ကြရမှာဖြစ်သလို သံသယတွေနည်းသွားပြီး အကြမ်းဖက်မှုတွေလည်း လျော့နည်းသွားဖို့ လိုအပ်ကြောင်း၊ အဲဒီလိုဖြစ်ဖို့အတွက် မလွယ်ကူဘူးဆိုတာကို မိမိတို့အနေနဲ့ သိရှိထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဘက်က ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့် အခြေအနေပြောင်းလဲလာမယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်း" ပြောခဲ့ပါတယ်။
ထိုင်း ကလေးစက်ရုံအမှု အင်တာပို စတင်စုံစမ်းစစ်ဆေး
Photo: ထိုင်း ကလေးစက်ရုံအမှု အင်တာပို စတင်စုံစမ်းစစ်ဆေး
Monday, August 25, 2014
ထိုင်းနိုင်ငံမှ ''ကလေးစက်ရုံ''ဟု ခေါ်ဆိုသော အမှုကို နိုင်ငံ အသီးသီး၌ စတင်စုံစမ်း စစ်ဆေးလျက်ရှိပြီ ဖြစ်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ပြောသည်။ ကလေးရာပေါင်းများစွာ၏ ဖခင်ဖြစ်လိုသူဟု စွပ်စွဲခြင်းခံရသည့် အငှားမွေးကလေး ၁၆ ယောက်ပိုင်သော အသက် ၂၄ နှစ်ရှိ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အမှုဖြစ်သည်။
ရဲတပ်ဖွဲ့က ဗန်ကောက်ကွန်ဒိုမီနီယံတစ်ခုကို ယခုလ စောစောပိုင်းတွင် ဝင်ရောက်စီးနင်းရာ မပြီးစီးသေးသော အခန်းအနည်းငယ်အတွင်း၌ ကလေးကိုးယောက်နှင့် ကလေးထိန်းကိုးယောက်ကို ကလေးနို့ဘူးများ၊ မြောက်ကြွ ကုလားထိုင်များ၊ ကလေးထိန်းဝက်ခြံများ၊ ကလေးဆီးခံ များနှင့်အတူ တွေ့ရှိခဲ့သည်။
အဆိုပါ ကလေးများနှင့် အခြားကလေးခုနစ်ယောက် ၏ ဖခင်သည် မစ်ဆူတိုကီရှီဂီတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သိရှိခဲ့သည်။
ဂျပန်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်နှင့် အိန္ဒိယ နိုင်ငံတို့တွင်ရှိသော ဒေသဆိုင်ရာ အင်တာပိုရုံးများကို ရှီဂီတာ၏နောက်ကြောင်း ရာဇဝင်အား စုံစမ်းရန် လွန်ခဲ့ သည့် သီတင်းပတ်မှ စတင်၍ အကြောင်းကြားထားပြီးဖြစ် ကြောင်းထိုင်းနိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ညွှန်ကြား ရေးမှူး ရဲချုပ် အပီချတ်ဆူရီဆူညာက ပြောသည်။
ထိုနိုင်ငံများ၌ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အခန်းများ မှတ်ပုံတင်ထားဖွယ်ရာရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့က အကြောင်းတရားနှစ်ရပ်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း၊ တစ်ခုက လူကုန်ကူးခြင်းဖြစ်၍ နောက်တစ်ခုက ကလေးများအပေါ် အမြတ်ထုတ်ခြင်း ဖြစ်ကြောင်း ယင်းအမှုကို ဦးဆောင်စစ်ဆေးသူ ဒုတိယ ရဲချုပ်ကြီး ကိုကီယက်ဝေါင်ဗိုရာချတ်က ပြောသည်။ ရှီဂီတာသည် ၂ဝ၁ဝ ခုနှစ်ကတည်းက ထိုင်းသို့ ၄၁ ကြိမ် လာရောက်ခဲ့သည်။ ကမ္ဘောဒီးယားသို့ မကြာခဏ သွားပြီး ယင်းနိုင်ငံမှ ကလေးလေးယောက်ခေါ်ခဲ့သည်။
၎င်းကို မည်သည့်ရာဇဝတ်မှုနှင့်မျှ စွဲချက်တင်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံ လူမှုရေးအဖွဲ့အစည်းများက စောင့်ရှောက်ထားသည့်ကလေး ၁၂ယောက်ကို ပြန်လည် ရရှိရန် ၄င်းက ကြိုးစားလျက်ရှိသည်။ ဂျပန်နိုင်ငံမှ ပေးပို့ လိုက်သော ဒီအန်အေနမူနာဖြင့် အဆိုပါ ကလေးများ၏ ဇီဝဖခင်မှာ သူဖြစ်ကြောင်း သက်သေပြခဲ့သည်။ သြဂုတ် ၅ရက်တွင် ကွန်ဒိုမီနီယံကို ရဲတပ်ဖွဲ့ဝင်စီးပြီးနောက် ထိုင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
၎င်းသည် ကြီးမားသော မိသားစုကြီးတစ်ခုကို ပိုင်ဆိုင်၍ ကလေးများကို ပြုစုပျိုးထောင်ပေးလိုသော ဆန္ဒသာရှိကြောင်း ရှေ့နေမှတစ်ဆင့်ပြောကြားခဲ့သည်။
ရှီဂီတာသည် အမြွှာပူးလေးတွဲပါဝင်သော ၎င်းကလေးများကို မွေးဖွားပေးရန်အတွက် ထိုင်းအငှားမိခင် ၁၁ဦးကို ငှားရမ်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ဇီဝမိခင် များကိုမူ မသိရှိသေးကြောင်း ကိုကီယက်ကပြောသည်။
The Mirror Daily
ထိုင်းနိုင်ငံမှ ''ကလေးစက်ရုံ''ဟု ခေါ်ဆိုသော အမှုကို နိုင်ငံ အသီးသီး၌ စတင်စုံစမ်း စစ်ဆေးလျက်ရှိပြီ ဖြစ်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ပြောသည်။ ကလေးရာပေါင်းများစွာ၏ ဖခင်ဖြစ်လိုသူဟု စွပ်စွဲခြင်းခံရသည့် အငှားမွေးကလေး ၁၆ ယောက်ပိုင်သော အသက် ၂၄ နှစ်ရှိ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အမှုဖြစ်သည်။
ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်းသား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ကက်စ်ကာဗဲလ် မြို့တွင် ဖြစ်ပွားသည့် ထောင်တွင်း အုံကြွမှုအတွင်း သေဆုံးသူ နှစ်ဦးသည် ခေါင်းဖြတ်ခံခဲ့ရခြင်းဟု သိရသည်။ နောက်ထပ်နှစ်ဦးမှာ အကျဉ်းထောင် အမိုးပေါ်မှ တွန်းချခံရ၍ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း အကျဉ်းသား အတော်များများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Photo: ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး
Monday, August 25, 2014
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်းသား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ကက်စ်ကာဗဲလ် မြို့တွင် ဖြစ်ပွားသည့် ထောင်တွင်း အုံကြွမှုအတွင်း သေဆုံးသူ နှစ်ဦးသည် ခေါင်းဖြတ်ခံခဲ့ရခြင်းဟု သိရသည်။ နောက်ထပ်နှစ်ဦးမှာ အကျဉ်းထောင် အမိုးပေါ်မှ တွန်းချခံရ၍ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း အကျဉ်းသား အတော်များများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ အကျဉ်းထောင်ထဲတွင် အကျဉ်းသား (၁၀၀၀)ကျော် ရှိနေသည့်အနက် အုံကြွမှုတွင် (၇၀၀)ကျော် ပါဝင်ခဲ့ကြသည်။ ဩဂုတ် (၂၅)ရက် နံနက်ပိုင်းက အစပြုသော အုံကြွမှုသည် အကျဉ်းသားများက ထောင်တွင်း အုပ်ချုပ်မှု ပုံစံများအပေါ် မနှစ်မြို့ခြင်း၊ ရိက္ခာပေးဝေမှုနှင့် သန့်ရှင်းရေး စံနှုန်းများအပေါ် မကျေနပ်ခြင်းတို့ကြောင့်ဟု ဒေသခံ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပြည်တွင်း သတင်းဌာနများက အကျဉ်းသားများသည် အဆောက်အအုံ အမိုးတစ်ခုပေါ်တွင် လူအချို့ကို ရိုက်နှက်ပြီး ၎င်းတို့၏ လည်ပင်းများကို ကြိုးကွင်းစွပ်၍ ခြိမ်းခြောက်နေသည်ကို ပြသခဲ့သည်။ ထောင်စောင့်များက အကျဉ်းသားများကို ကျွေးမွေးသည့် အစားအသောက်များသည် အလွန် ဆိုးရွားညံ့ဖျင်းသည့် အခြေအနေကို ကန့်ကွက်ရာမှ အုံကြွမှု စတင်ခြင်းဟု သိရှိရသည်။
အုံကြွခဲ့သည့် ထောင်သားများသည် မျက်နှာများကို အဝတ်များဖြင့် စည်းနှောင် ကာကွယ်ထားခဲ့ပြီး ဆူပူမှုကို ဦးဆောင်သူများက အနည်းဆုံး ထောင်စောင့်နှစ်ဦးကို ဓားစာခံများ အနေဖြင့် ထိန်းသိမ်း ဖမ်းဆီးထားခဲ့သည်။ “သူတို့ဟာ ဓားစာခံတွေကို ခြိမ်းခြောက်ဖို့အတွက် အကျဉ်းသား တစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးကို အသုံးပြုပြီး စိတ်ဓာတ်ရေးရာ ညှင်းပန်းခဲ့ပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထို့အပြင် အကျဉ်းထောင်ထဲတွင် မနှစ်မြို့စရာ၊ ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။
အကျဉ်းထောင်တွင်း ပဋိပက္ခများ ဖြစ်ပေါ်နေစဉ် အတောအတွင်း မူးယစ်ဆေးဝါး မှောင်ခို ပြိုင်ဘက်ဂိုဏ်းသားများ အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း ယူဆရသည်။ လတ်တလောတွင် ဓားစာခံများကို ထိန်းသိမ်းထားသည့် အုံကြွသူများကို ရဲတပ်ဖွဲ့များက ညှိနှိုင်း စကားပြောဆိုနေဆဲ ဖြစ်သည်။
ပါရာနာပြည်နယ် လုံခြုံရေးမှူး မာရီယာ တီရက်ဇာ အူလီဂိုမက်စ် ကိုယ်တိုင် ကက်စ်ကာဗဲလ်သို့ သွားရောက်ပြီး ညှိနှိုင်းဆွေးနွေးမှုကို ဦးဆောင် တာဝန်ယူရန် စီစဉ်ထားသည်။ ဘရာဇီးသည် ကမ္ဘာပေါ်တွင် အကျဉ်းသား အရေအတွက် စတုတ္ထ အများဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် အကျဉ်းသားပေါင်း သုံးသိန်းကျော်ကို ထိန်းသိမ်းထားသည်။
_ Ref: BBC
စက်တင်ဘာမှစ၍ ဓာတ်အားသုံးစွဲခ အွန်လိုင်းမှ ပေးဆောင်နိုင်တော့မည်
Photo: စက်တင်ဘာမှစ၍ ဓာတ်အားသုံးစွဲခ အွန်လိုင်းမှ ပေးဆောင်နိုင်တော့မည်
Monday, August 25, 2014
လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်ခြင်းကို  ပြည်တွင်း ဘဏ်ငါးခုတွင် အကောင့်ဖွင့်၍ အွန်လိုင်းမှတစ်ဆင့် လာမည့်စက်တင်ဘာမှ စတင်၍ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။
အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်သည့် ၀န်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြို့နယ် ၁၆ ခုတွင် စတင်ပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုကို ရတနာပုံတယ်လီပို့နှင့်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့  ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး Easy Pay နှင့် ချိတ်ဆက်ထားသော ဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ CB ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင် အကောင့်ဖွင့်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။
  အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုလိုပါက ဘဏ်အကောင့် ပြုလုပ်ရန် ငွေတစ်သောင်းကျပ်၊ နောက်ဆုံးပေးဆောင်ထားသည့် ပြေစာစာရွက်မူရင်း၊ မှတ်ပုံတင်နှင့်သုံးလစာ ကြိုတင်ငွေပေးသွင်းခြင်းတို့ကို  ပြုလုပ်ရမည်ဖြစ်ကြောင်း AGD ဘဏ်မှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ဘဏ်ကနေ မီတာဘီလ်ဆောင်မယ်ဆိုရင်တော့ ဘဏ်အကောင့်နဲ့ အွန်လိုင်းPayment  အကောင့်နှစ်ခုကို ချိတ်ပေးပြီးတော့  လစဉ်ဘီလ်ဆောင်လို့ရအောင် လုပ်ပေးသွားပါ့မယ်။  ၀န်ဆောင်ခအနေနဲ့ ဘီလ်တစ်ခါဆောင်ရင် ငါးရာကျပ်ဖြတ်ပါတယ်’’ဟု AGD ဘဏ်မှ  လုပ်ငန်းတာဝန်ခံ တစ်ဦးကပြောကြားသည်။
 အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခပေးဆောင်ခြင်းကို https://ebilling.ypay.com.mm/လစဉ် အလိုအလျောက်  ငွေပေးဆောင်သည့်စနစ်(သို့) မိမိကိုယ်တိုင်အွန်လိုင်းမှ ပေးဆောင်သည့်စနစ်ဟူ၍ နှစ်မျိုး သတ်မှတ်ထားပြီး ကြိုက်နှစ်သက်သည့် ပုံစံဖြင့် ရွေးချယ်၍ အသုံးပြုနိုင်မည်ဖြစ်သည်။
7daydaily
လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်ခြင်းကို  ပြည်တွင်း ဘဏ်ငါးခုတွင် အကောင့်ဖွင့်၍ အွန်လိုင်းမှတစ်ဆင့် လာမည့်စက်တင်ဘာမှ စတင်၍ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။
အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်သည့် ၀န်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြို့နယ် ၁၆ ခုတွင် စတင်ပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုကို ရတနာပုံတယ်လီပို့နှင့်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့  ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး Easy Pay နှင့် ချိတ်ဆက်ထားသော ဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ CB ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင် အကောင့်ဖွင့်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။
အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ပွားနေကြောင်း ကွန်ဂိုအစိုးရ အတည်ပြု
Photo: အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ပွားနေကြောင်း ကွန်ဂိုအစိုးရ အတည်ပြု
Monday, August 25, 2014
ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ရောဂါ စတင်ကူးစက်နေပြီဟု ကွန်ဂိုအစိုးရက အတည်ပြု ကြေညာခဲ့သည်။
နာမကျန်း ဖြစ်နေသူ နှစ်ဦးကို စမ်းသပ်စစ်ဆေးပြီးနောက် ၎င်းတို့တွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီး ဖိလစ် နွမ်ဘီက ကြေညာသည်။ အီကွေတူရာ ဒေသတွင် အီဘိုလာကြောင့် ယူဆရသူ (၁၃)ဦးထိ သေဆုံးခဲ့ပြီး ယခုအခါတွင် အီဘိုလာ ပျံ့နှံ့နေပြီဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နွမ်ဘီက သေဆုံးမှုများသည် ဒေသတစ်ခုတည်းတွင် သီးခြား ဖြစ်ပေါ်နေပြီး ကွန်ဂိုရှိ အီဘိုလာ ရောဂါသည် အနောက်အာဖရိက ဒေသကို လတ်တလော ခြိမ်းခြောက်နေသည့် အီဘိုလာ ဗိုင်းရပ်စ်နှင့် မျိုးကွဲ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ကွန်ဂိုသည် အာဖရိက အလယ်ပိုင်း ဒေသတွင် တည်ရှိပြီး အာဖရိက အနောက်ပိုင်း နိုင်ငံများ ပြင်ပ ဒေသတွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီဘိုလာ ကူးစက်မှုကို အတည်ပြု ကြေညာသည့် နိုင်ငံလည်း ဖြစ်လာသည်။ အာဖရိက အနောက်ပိုင်းတွင် ကူးစက်နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၄၂၇)ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။ မတ်လကတည်းက အဆိုပါ ဒေသတွင် စတင်ပျံ့နှံ့လာသော အီဘိုလာ ရောဂါပိုးသည် လူပေါင်း (၂၆၁၅)ဦးထက် မနည်းထံ ကူးစက်ခဲ့ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဆိုသည်။
ဩဂုတ်(၂၄)ရက်က ဆီအာရာ လီယွန်တွင် ကျန်းမာရေး လုပ်အားပေး ဆောင်ရွက်ရာမှ အီဘိုလာ ကူးစက်ခံရသည့် ဗြိတိန် ကျန်းမာရေး ဝန်ထမ်းတစ်ဦးကို တော်ဝင်လေတပ်ပိုင် ဂျက်လေယာဉ် တစ်စီးဖြင့် ဇာတိနိုင်ငံသို့ ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရှိရသည်။
_Ref: BBC
ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ရောဂါ စတင်ကူးစက်နေပြီဟု ကွန်ဂိုအစိုးရက အတည်ပြု ကြေညာခဲ့သည်။
နာမကျန်း ဖြစ်နေသူ နှစ်ဦးကို စမ်းသပ်စစ်ဆေးပြီးနောက် ၎င်းတို့တွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီး ဖိလစ် နွမ်ဘီက ကြေညာသည်။ အီကွေတူရာ ဒေသတွင် အီဘိုလာကြောင့် ယူဆရသူ (၁၃)ဦးထိ သေဆုံးခဲ့ပြီး ယခုအခါတွင် အီဘိုလာ ပျံ့နှံ့နေပြီဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သစ်နှင့် မူးယစ်မှောင်ခို သင်္ဘောတစင်း မြန်မာ့တပ်မတော်ရေတပ်မှဖမ်းမိ
Photo: မူးယစ်မှောင်ခို သင်္ဘောတစင်း မြန်မာ့ရေတပ် ဖမ်းမိ
Monday, August 25, 2014
တနင်္သာရီတိုင်း ကော့သောင်းမြို့ရဲ့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှာ ကျပ်သန်းပေါင်း ၁ သိန်း ၆ သောင်းကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် သစ်တွေသယ်ဆောင်လာတဲ့ သင်္ဘောတစီးကို မြန်မာ့ရေတပ်က ဖမ်းဆီးလိုက်တယ် လို့ သိရပါတယ်။
ကာလတန်ကြေး ကျပ်သန်းပေါင်း ၁၆၆၉၅၀ တန်ဖိုးရှိ Ecstasy အမျိုးအစား မူးယစ်ဆေးပြား ၂.၃၈၅ သန်းနဲ့ တရားမဝင် သစ် တန် ချိန် ၉၀ ပါဝင်တဲ့ အဲဒီသင်္ဘောကို ကင်းလှည့်နေတဲ့ မြန်မာ့ရေတပ်က အခုလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ် လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ အရင်မိတယ်ဆိုတာ ဒီဆေးပြားထက်နိမ့်တဲ့ ဆေးပြားတွေပဲမိတာပေါ့။ ဒီကောင်ကတော့ ကျနော်တို့ဆီမှာ ခေါင်းခါဆေး လို့လည်း ခေါ်တာပေါ့။ အစွမ်းထက်တယ်ဆိုတော့ တန်ကြေးလည်းကြီးတယ်။ တပြားကို ကျပ် ၇ သောင်း လောက်ရှိတယ်”လို့ ရဲမှူးချုပ် ကျော်ဝင်းက ပြောပြပါတယ်။
ပဲ့နင်း အပါအဝင် သင်္ဘောပေါ်မှာပါလာသူ ၁၅ ဦးလုံးကတော့ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး ဒီဆေးပြားတွေကို ထုတ်လုပ်သူ၊ထုတ် လုပ်တဲ့နေရာနဲ့ ပို့ဆောင်မယ့် နေရာတွေကိုတော့ လောလောဆယ် ကော့သောင်းမြို့နယ် ရဲစခန်းမှာ စစ်ဆေး မေးမြန်းနေဆဲဖြစ် တယ် လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးအရေအတွက်ဟာ ၂၀၁၄ ခုနှစ်ထဲမှာ အများဆုံးဖြစ်ကြောင်း သိရပြီး အခုဖမ်းဆီးရမိတဲ့ Ecstasy အမျိုးအစားဟာ ရဲတပ်ဖွဲ့တွေ ပုံမှန်ဖမ်းမိနေကြ ရာမ ခေါ် (မြင်းဆေး) ထက် တန်ဖိုးကြီးသလို ပြင်း အား လည်း ကြီးတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ က ပြောဆိုပါတယ်။
“ကျနော်တို့ဆီကတော့ အဲဒါမျိုး မထုတ်နိုင်ဘူးဗျ။ တခြားတိုင်းပြည်တခုကနေ ကျနော်တို့နိုင်ငံကို ဝင်လာပြီးတော့မှ မလေးရှား က နေ တဆင့် သယ်ကြလိမ့်မယ်နဲ့ တူတယ်။ ဆေးပြားတွေက တန်ကြေးလည်း ကြီးတယ်ဗျ။ ဝေးဝေးရောက်လေ တန်ကြေး ကြီး လေ ပဲ”လို့ ရဲမှူးချုပ် ကျော်ဝင်းက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် လလယ်ပိုင်းက စတင်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ က ပိတ်ဆို့ရှာဖွေရေး စီမံချက်တွေချမှတ် ဖမ်းဆီးခဲ့ရာမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ မူးယစ် ဆေးဝါးတွေ တလအတွင်း ၈ ကြိမ်ထက်မက ဖမ်းဆီးဖော်ထုတ်ခဲ့တာကို တွေ့ရပါတယ်။
အခုဖမ်းမိမှုဟာ ကမ္ဘာ့ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံး (UNODC) နဲ့ မြန်မာအစိုးရတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း အပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းကိစ္စ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စ၊ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးကိစ္စ ၄ နှစ် စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ လက်မှတ်ရေးထိုးလိုက်အပြီး ရက်ပိုင်း အတွင်းမှာ ဖမ်းဆီးပြခဲ့တာ ဖြစ်ပါတယ်။
အခုလ ၁၈ ရက်နေ့ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုတွေဟာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားအားထုတ်မှုတွေကို ဖျက်ဆီးနေပြီး လူသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ ဖော်ပြ ထား ပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးနေပြီး ဆင်းရဲတဲ့နိုင်ငံဖြစ်နေတဲ့အတွက် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါ့အပြင် တရားမဝင် မူးယစ်ဆေးမှောင်ခို တိုက်ဖျက်ရေးကို မြန်မာနိုင်ငံနဲ့ UNODC တို့ လက်တွဲဆောင်ရွက်သွားကြမယ် ဆိုပေမယ့် လည်း ထိုင်း-လာအိုနဲ့ မြန်မာ သုံးနိုင်ငံ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ ရွှေတြိဂံ ဒေသနဲ့ တရုတ်-အိန္ဒိယ နယ်စပ် ဒေသတွေဟာ မူးယစ်မှောင်ခိုလုပ်ငန်း၊ သစ်နဲ့ လူမှောင်ခိုကူးသန်းမှုဆိုင်ရာ ကွန်ရက်ကြီးတခု အထင်အရှားရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီ
တနင်္သာရီတိုင်း ကော့သောင်းမြို့ရဲ့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှာ ကျပ်သန်းပေါင်း ၁ သိန်း ၆ သောင်းကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် သစ်တွေသယ်ဆောင်လာတဲ့ သင်္ဘောတစီးကို မြန်မာ့ရေတပ်က ဖမ်းဆီးလိုက်တယ် လို့ သိရပါတယ်။
ကာလတန်ကြေး ကျပ်သန်းပေါင်း ၁၆၆၉၅၀ တန်ဖိုးရှိ Ecstasy အမျိုးအစား မူးယစ်ဆေးပြား ၂.၃၈၅ သန်းနဲ့ တရားမဝင် သစ် တန် ချိန် ၉၀ ပါဝင်တဲ့ အဲဒီသင်္ဘောကို ကင်းလှည့်နေတဲ့ မြန်မာ့ရေတပ်က အခုလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ် လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက ဧရာဝတီကို ပြောပါတယ်။
ဂျိုကိုဝီတော့ သမ္မတ ဖြစ်သွားပြီ
 Photo: ဂျိုကိုဝီတော့ သမ္မတ ဖြစ်သွားပြီ
Monday, August 25, 2014
အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတသစ် မစ္စတာ ဂျိုကိုဝီဒိုဒို (Joko Widodo) သို့မဟုတ် ဂျိုကိုဝီ (Jokowi) ဟာ အင်ဒိုနီးရှား နိုင်ငံရေး လောကရဲ့ မျက်နှာသစ် တဦးပါ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲက မဟုတ်ခဲ့သလို ဩဇာကြီးတဲ့ အင်ဒိုနီးရှားရဲ့ တပ်မတော်ရဲ့ ကျောထောက်နောက်ခံ ရှိခဲ့သူလည်း မဟုတ်ပါဘူး။
အသက် ၅၃ နှစ်ပဲ ရှိသေးတဲ့ ဂျိုကိုဝီဟာ သူ့ရဲ့ Ready-made အပြုံးနဲ့ ဂျကာတာမြို့ထဲက လူတန်းစားမရွေးကို တွေ့တယ်။ အပယ်ခံ အနှိမ်ခံ လူနည်းစု လူမျိုးစုတွေကို ဖေးမတယ်။ သူဟာ ဂျကာတာ မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်စဉ် တုန်းကလည်း မကြောက်မရွံ့ဘဲ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့တယ်။ စာရေးတွေရဲ့ စားပွဲတွေ ပေါ်မှာ ကြန့်ကြာနေတဲ့ စီမံကိန်းတွေကို သူက လူချင်းတွေ့ပြီး ချက်ချင်း ဖြေရှင်း ဆောင်ရွက်ပေးတယ်။
ဒါတွေကြောင့်လည်း အရင်က နိုင်ငံရေးသမား ဟောင်းတွေနဲ့ ကွဲထွက်နေပြီး အသစ်ကို မျှော်လင့်တောင့်တ နေတဲ့ အင်ဒိုနီးရှား ပြည်သူပြည်သားတွေ အကြား အချိန်တိုအတွင်း လူကြိုက်များ ရေးပန်းစား သွားခဲ့ပါတယ်။
တချိန်က သမ္မတဖြစ်ခဲ့တဲ့ မစ္စ မေဃာဝတီ ဆူကာနိုပူထရီ (Megawati Sukarnoputri) ကို ထောက်ခံခဲ့၊ လေးစားခဲ့ သော်လည်း သူဟာ အခု အချိန်မှာတော့ သူ့ရဲ့ရုပ်သေးမဟုတ်ဘဲ လွတ်လွတ်လပ်လပ်ပဲ ကိုင်တွယ်အုပ်ချုပ်သွားမယ် လို့ ပြောခဲ့ပါတယ်။
မစ္စတာ ဂျိုကိုဝီရဲ့ ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)  က အခုရွေး ကောက်ပွဲမှာ မဲလိမ်မှုတွေ အများအပြား ရှိတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။
Prabowo Subianto ဟာ ဗိုလ်ချုပ်ဟောင်း တဦးပါ။ သမ္မတဟောင်း ဆူဟာတို (Suharto) ရဲ့ သမက်ဟောင်းလည်း ဖြစ်ပါတယ်။ သူရဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အပေါ် မြင်တဲ့ အမြင်တွေ၊ လူနည်းစု တရုတ်လူမျိုးတွေ အပေါ်ထားတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး အစွဲတွေ၊ သူတာဝန်ထမ်းစဉ်က သူ့အထူး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ၊ မတည်ငြိမ်အောင် ဆူပူအောင် လှုံ့ဆော်ခဲ့တာတွေ၊ သာဓကတွေ အထင်အရှား ရှိခဲ့တယ်လို့ ရေးသား ဖော်ပြခံရတဲ့ ယူနီဖောင်းလဲ ထားတဲ့ နိုင်ငံရေးသမား တဦး ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ဩဇာကြီးတဲ့ သမ္မတ ဆူဟာတိုဟာ ၁၉၉၈ က ရုတ်တရက် ရာထူးက နုတ်ထွက်ခဲ့ရ ပါတယ်။ မြန်မာပြည်က အာဏာရှင် ဦးနေဝင်းနဲ့လည်း  ခေတ်ပြိုင်တွေ ဖြစ်ပြီး  ခင်မင်ရင်းနှီးတဲ့ သမ္မတ ဆူဟာတိုဟာ အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း တက်လာသူက ဆူဟာတိုရဲ့ အဆွယ်အပွား ဘီဂျေ ဟာဘီဘီ (B.J Habibie) ဖြစ်ပါတယ်။ သူက တနှစ်ကျော်ပဲ ရာထူးမြဲပါတယ်။ အဲဒီ နောက် ဆူဟာတိုရဲ့ ရုပ်သေးရုပ်လို့ စွပ်စွဲခံရတဲ့  B.J Habibie ဟာ ရွေးကောက်ပွဲမှာ ရှုံးပြီး အဗ္ဗဒူရာမန် ဝါဟစ် (Abdurrahman Wahid) တက်လာပါတယ်။ အီဂျစ်၊ အီရတ်၊ နယ်သာလန်နဲ့ ကနေဒါတို့မှာ ပညာသင်ယူခဲ့တဲ့ ဝါဟစ်ဟာ ဂျာနယ်လစ် ဘဝကိုလည်း ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။
အဲဒီ ကာလက ဂျကာတာကိုသွားပြီး သတင်းယူ ခဲ့စဉ်တုန်းကတော့ လမ်းပေါ်က ဆန္ဒပြနေသူတွေ နဖူးမှာ အနီရောင်စည်းထားပြီး Reformasi လို့ အော်ဟစ် ကြွေးကြော် နေသူတွေ၊ ပိုပြီး ပွင့်လင်းလွတ်လပ်စွာ ရေးခွင့်ရလာတဲ့ မီဒီယာသမားတွေရဲ့ နိုင်ငံရေး ဟောကိန်း တွက်ဆမှုတွေနဲ့ ဂျကာတာဟာ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။
ဆူဟာတို နေအိမ် ဝန်းကျင်မှာတော့ စစ်တပ် တွေကို အပြည့်ချထားတာ တွေ့ရပါတယ်။ မြင်ကွင်း တွေကတော့ ၂၀၁၂ မြန်မာပြည်မှာ တံခါးဖွင့်ကာစ မြင်ကွင်းတချို့နဲ့ သွားပြီးဆင်နေတယ် လို့ ခံစားရပါတယ်။
ဒါ့အပြင် လူမျိုးစုတွေရဲ့ တောင်းဆိုသံတွေ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ အခုဖြစ်နေတဲ့ မြန်မာ့ အခင်းအကျင်းနဲ့လည်း သွားတူနေတာ တွေ့ရပါတယ်။
၂၀ဝ၁ မှာတော့ အမျိုးသမီး နိုင်ငံရေးသမား မေဃာဝတီ ဆူကာနိုပူထရီ သမ္မတ ဖြစ်သွားခဲ့ပါတယ်။ ဝါဟစ် ဆင်းပေးရ ပါတယ်။ မေဃာဝတီဟာ အင်ဒိုနီးရှား သမ္မတနိုင်ငံရဲ့ ပထမဆုံးသော သမ္မတကြီး ဆူကာနိုရဲ့ သမီးလည်း ဖြစ်ပါတယ်။
လူဦးရေ သန်း ၂၅၀ ရှိတဲ့ မွတ်စလင်နိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတဲ့ မစ္စ မေဃာဝတီ တာဝန် ထမ်းဆောင်စဉ် မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်ပြီး သတင်းစာတွေက ရေးသား ခဲ့ကြပါတယ်။
သမ္မတ သက်တမ်းကာလ အတွင်း မေဃာဝတီဟာ မြန်မာပြည်ရေးရာ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာစုံစမ်းဖူးတယ် ဆိုတာကို အင်ဒိုနီးရှားက သတင်းစာတွေမှာရော ဧရာဝတီ သတင်း ဌာနမှာပါ ရေးသား ဖော်ပြခဲ့ဖူးပါတယ်။
မေဃာဝတီ ဆင်းသွားတော့ SBY လို့ အတိုကောက် လူသိများတဲ့ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ၂၀ဝ၄ မှာ သမ္မတ ဖြစ်လာပါတယ်။ သူကတော့ စစ်ဗိုလ်ချုပ်ဟောင်း တဦး ဖြစ်ပြီး ဆူဟာတို နောက်ပိုင်း သက်တမ်းအရှည်ဆုံး  နောက်တကြိမ် ပြန်အရွေးခံရတဲ့ သမ္မတ ဖြစ်ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးကိုလည်း တိုးမြှင့်ခဲ့ သလို သမ္မတရာထူးကို ၁၀ နှစ်ထမ်းဆောင်ခဲ့ပြီး တည်ငြိမ်မှု ရအောင် လုပ်နိုင်ခဲ့ ပါတယ်။ ဒီမိုကရေစီနဲ့ သတင်းစာ လွတ်လပ်ခွင့်တွေ မှာလည်း အနုတ်လက္ခဏာ ဆောင်တာတွေ မလုပ်ခဲ့တာ တွေ့ရပါတယ်။
အင်ဒိုနီးရှားနဲ့ မြန်မာဟာ မစိမ်းပါဘူး။ မြန်မာ စစ်အစိုးရခေတ် တုန်းက အင်ဒိုနီးရှားမှာ ကျင့်သုံးနေတဲ့ Dwifungsi ခေါ် dual function ကို မြန်မာ စစ်ခေါင်းဆောင်တွေ လေ့လာခဲ့ဖူးပါတယ်။  Dwifungsi ရဲ့ သဘောကတော့ စစ်တပ်က နိုင်ငံရေးမှာရော အုပ်ချုပ်ရေးမှာပါ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ဖို့ အတွက် ဆူဟာတို အစိုးရ ဦးဆောင်ရေးဆွဲ ခဲ့တဲ့ လမ်းစဉ်သစ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ပုံစံမျိုး ခပ်ဆင်ဆင်ပါပဲ။
ဒီလို မော်ဒယ်ကို အတုခိုးဖို့ အတွက် မြန်မာစစ် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ အင်ဒိုနီးရှားကို သွားရောက် ခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့ ပါဝင်သလို အခြေခံ ဥပဒေ ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ စစ်အစိုးရခေတ်က တရားသူကြီး ချုပ်ဟောင်း ဦးအောင်တိုးလည်း ပါဝင်ပါတယ်။
၂၀ဝ၉ ခုနှစ်မှာ The Economist မဂ္ဂဇင်းကြီးက ၂၀ဝ၈ အခြေခံဥပဒေဟာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ Dwifungsi အခြေခံဥပဒေပဲ လို့ ခနဲ့တဲ့တဲ့ ရေးဖူးပါတယ်။ ၂၀၁၀ ကျတော့လည်း မဲလိမ်မှာ ပါပဲလို့ ကြိုပြီးတောင် ဟောကိန်း ထုတ်လိုက် ပါသေးတယ်။
အင်ဒိုနီးရှားက မျက်နှာသစ် နိုင်ငံရေးသမား သမ္မတ ဂျိုကိုဝီဟာ သူ့နိုင်ငံ တခုတည်းတင် မဟုတ်ဘဲ ဒီမိုကရေစီ ဆုတ်ကပ် ဆိုက်နေတဲ့ အရှေ့တောင်အာရှ အတွက်ပါ မျှော်လင့်ချက် ဖြစ်တယ်လို့ တွက်ချက်ထားကြ ပါတယ်။
ဂျာဗားကျွန်းမှာ ကြီးပြင်းလာခဲ့တဲ့ သမ္မတသစ်ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာတော့ အမှန်ပါပဲ။ သူရဲ့ ယှဉ်ပြိုင်ဘက် ဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ရပြီးချိန်မှာ သူဟာ United Indonesia ဆိုတဲ့ ကြွေးကြော်သံ နဲ့ တိုင်းသူပြည်သား တွေ ညီညွတ်ဖို့၊ စည်းလုံးဖို့ စတင် ဆော်ဩလိုက်ပါ တယ်။
အရှေ့တောင်အာရှမှာက နိုင်ငံရေး ဆုတ်ကပ် ဆိုက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျိုကိုဝီများ ရွေးကောက်ပွဲမှာ ရှုံးခဲ့မယ် ဆိုရင် ဒေသတွင်း ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူရေး လှုပ်ရှားမှုတွေ အတွက် တကယ့်ကို အနုတ်လက္ခဏာ ပြသွားနိုင်တာ အမှန်ပါပဲ။
ရှေ့မတိုးတော့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မရေမရာ အခြေအနေ၊ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တပတ် ပြန်လည်လာတဲ့ စစ်အာဏာသိမ်းမှု တွေဟာ ဒေသတွင်းမှာ မကောင်းတဲ့ အရိပ်လက္ခဏာတွေပဲ ဖြစ်တယ်လို့ သုံးသပ်နေချိန်မှာ ဂျိုကိုဝီရဲ့ အောင်ပွဲဟာ မျှော်လင့်ချက်တခုတော့ ပေးတယ် လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
သူဟာ မြို့တော်ဝန်ဘဝက လာဘ်မစားဘူး၊ အုပ်ချုပ်ရေးရာမှာ နိုင်နင်းတယ်၊ သာမန် ပြည်သူပြည်သားတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ စကားပြောဆို နိုင်တယ် ဆိုတဲ့ အရည်အချင်းတွေနဲ့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ နေရာကို နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခု လောလောဆယ် သူလုပ်ရမှာက  SBY လျှောက်လမ်းခဲ့တဲ့ ပုံစံမျိုး ဖြစ်တဲ့ လူမှန်နေရာမှန် တကယ်နားလည် တတ်ကျွမ်းတဲ့ သူတွေကို သူ့ရဲ့ ကက်ဘိနက်ထဲမှာ ထည့်ဖို့ပါပဲ။ ဂျကာတာ မြို့တော်ဝန်ဟောင်း ဂျိုကိုဝီဟာ မွတ်စလင် အများစု ရှိတဲ့ ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကို ဦးဆောင်ရမှာ ဖြစ်သလို G-20 အဖွဲ့ဝင် ဖြစ်တဲ့ အတွက်လည်း ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ရင်ပေါင်တန်းနိုင်ကြောင်း ပြသရမှာ ဖြစ်ပါတယ်။
အာဆီယံမှာ ဩဇာတိက္ကမ ကြီးတဲ့ အင်ဒိုနီးရှားဟာ သမ္မတ ဆူဟာတို ဆင်းပြီးနောက် ၁၉၉၈ နောက်ပိုင်း ရှေ့တိုး တလှည့် နောက်ဆုတ်တလှည့် ပြည်တွင်း ပဋိပက္ခတွေ၊ လူမျိုးစုငယ်တွေရဲ့ အာခံမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ လူမျိုးစုတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ငြိမ်းချမ်းရေးတွေ လုပ်ခဲ့ရတယ်။
ဒါ့အပြင် ငတ်မွတ် ခေါင်းပါးမှုတွေ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ၊ အစွန်းရောက်ဝါဒီတွေ ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကနေ တွန်းတိုးပြီး လျှောက်လှမ်းခဲ့တာ ၂၀၁၄ မှာဆိုရင်တော့ ၁၆ နှစ် ရှိသွားခဲ့ပါပြီ။ သူ့ရဲ့ Transition ဟာ ချောမွေ့တယ်လို့ ပြောလို့ မရသလို ဒီမိုကရေစီ ရင့်ကျက်မှုဟာလည်း အားကောင်းတယ်လို့ သတ်မှတ်လို့ မရသေးပါဘူး။
ဒါပေမယ့် အင်ဒိုနီရှား ပြည်သူပြည်သားတွေ အများစုကတော့ လက်ဟောင်း နိုင်ငံရေးသမားတွေနဲ့ မတူတဲ့ နိုင်ငံရေး မျက်နှာသစ် ဂျိုကိုဝီကို သမ္မတအဖြစ် တာဝန်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားမှာ မျှော်လင့်ချက် ရှိတယ်လို့ ပြသ လိုက်တာပဲ ဖြစ်ပါ တယ်။
ဂျိုကိုဝီ မှတ်စု
နိုင်ငံရေး လောကထဲ မဝင်ခင် ပရိဘောဂလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး စားဝတ်နေရေး အခက်အခဲကြောင့် အသက် ၁၂ နှစ်မှာပဲ သူဟာ သူ့ဖခင်ပိုင်တဲ့ အလုပ်ရုံမှာ ဝင်လုပ်နေရပြီ။
၁၉၈၅ မှာ သူဟာ သစ်တော စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ကျောင်းပြီးတယ်။ သူလေ့လာခဲ့တာက သစ်တွေ အကြောင်း၊ တည်ဆောက်ပုံ အကြောင်း၊ သူရေးပြီး တင်ခဲ့တဲ့ စာတမ်းကလည်း ဒီအကြောင်းပါပဲ။ သူဟာ ၁၉၈၈ မှာတော့ သူ့ရဲ့ ကိုယ်ပိုင် ပရိဘောဂလုပ်ငန်း ရှိနေပြီ။ သူ့ရဲ့ ဇနီးသည်နဲ့ အတူ ကလေးတယောက်လည်း ရနေပါပြီ။
Surakarta နယ်မှာ ( Solo လို့လည်း လူသိများပါတယ်) သူမြို့တော်ဝန် အဖြစ် အရွေးခံရတယ်။ လူဦးရေ ၅ သိန်း ကျော် ရှိတဲ့ အဲဒီမြို့မှာ မျက်နှာသစ် မစ္စတာဂျိုကိုဝီကို ဘာမှ စွမ်းဆောင်နိုင်မယ်လို့ အထင်မကြီး ခဲ့ကြဘူး။ ဒါပေမယ့် တနှစ်အတွင်း သူ့ရဲ့ ထူးခြားတဲ့ လက်တွေ့ကျပြီး အောက်ခြေသိမ်း လုပ်နိုင်တဲ့ မျက်နှာသစ် မြို့ဝန်လေးရဲ့ ဂုဏ်သတင်းဟာ ဂျကာတာမြို့တော် အထိ ရိုက်ခတ်သွားခဲ့တယ်။
သူ့ရဲ့ မြို့မှာ ရိုးရာဈေးပွဲတော်တွေ ဆောက်ပေးတယ်။ ပန်းခြံတွေ ပြင်ပေးတယ်။ မင်းလမ်းမပေါ်က သစ်ပင်ကြီးတွေ မခုတ်ဖို့ တင်းကျပ်တဲ့ အမိန့်တွေထုတ်တယ်။  The Spirit of Java ဆိုတာကို ပုံပြန်ဖော်ပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ကြီးထွားလာအောင် လုပ်ပေးတယ်။
အရေးအကြီးဆုံး ဖြစ်တဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး (Public Transportation) နဲ့ ကျန်းမာရေး လုပ်ငန်းတွေ၊ သူ့မြို့က လူတွေအားလုံး အသက်အာမခံ ရရှိရေး တွေကို လုပ်ဆောင်ပေးခဲ့တယ်။ ဒီလို လုပ်ဆောင် ခဲ့တာတွေဟာ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ အလုပ်ကြိုးစားပြီး ဖြတ်သန်း တွေ့ကြုံခဲ့ရတဲ့ ဘဝတွေကြောင့်လို့ တချို့က သုံးသပ်ကြ ပါတယ်။
သူဟာ တကိုယ်တော် လုပ်ခဲ့တာ မဟုတ်ဘဲ အကြံပေးကောင်းတွေရဲ့ အကြံဉာဏ်တွေကို ယူပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်လည်း ဂျိုကိုဝီဟာ ၂၀၁၂ မှာ ဂျကာတာမြို့တော်ကြီးရဲ့ မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ သူဟာ PDI-P ပါတီတွင်းမှာ သမ္မတဟောင်း မေဃာဝတီရဲ့ ထောက်ခံမှုကို အပြည့်အဝ ရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတလောင်း ရွေးဖို့ မေဃာဝတီ ကိုယ်တိုင်က တရားဝင် ရွေးချယ် ထောက်ခံပေးခဲ့တာပါ။ နိုင်ငံရေးမှာ လူသစ် မျက်နှာသစ်လို့ပဲ ပြောရမှာပါ။
သူရဲ့ ပါတီဖြစ်တဲ့ PDI-P ကတော့ ခြစားမှုတွေ ရှိတယ်၊ အဂတိ အကြီးအကျယ် လိုက်စားတဲ့ နိုင်ငံရေး သမားတွေ ရှိတယ် ဆိုတဲ့ အတွက် ဂျိုကိုဝီကို ကြိုက်သော်လည်း PDI-P ပါတီကိုတော့ အကြီးအကျယ် စောင့်ကြည့်ကြမှာ အမှန်ပါ ပဲ။
ဂျကာတာမှာလည်း သူ့ရဲ့ အဓိက လုပ်ဆောင်ချက်တွေက ဆင်းရဲတဲ့ မြို့တော်သူ/သားတွေ ပညာရေးနဲ့ ကျန်းမာရေး ရဖို့၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပိုရဖို့ ဖြစ်တယ်။ သူမြို့တော်ဝန်ဖြစ်စဉ် မြို့တော် မှာ လိုအပ်နေတဲ့ Public Transportation ဘတ်စ်ကားလိုင်း၊ ရထားလိုင်း အသစ်တွေ တည်ဆောက်ဖို့ကို ချက်ချင်း အကောင်အထည် ဖော်ဖြစ်ခဲ့တယ်။ ဖိနပ်မစီးဘဲ ရပ်ကွက်ထဲ ဆင်းပြီး ရေဘေးဒုက္ခသည် တွေကို သွားရောက် တွေ့ဆုံ တာမျိုးကလည်း သူ့ကို ထောက်ခံသူတွေ တိုးလာစေပါတယ်။
နိုင်ငံရေးချည်းပဲလား ဆိုတော့ မဟုတ်ပါဘူး။ သူဟာ  Heavy Metal ဂီတကို ကြိုက်တယ် ဆိုတော့ ကျယ်ကျယ် လောင်လောင် တီးခတ်ထားတဲ့ ပေါက်ကွဲသံစဉ်တွေကို နှစ်သက်တယ်။ သူကိုယ်တိုင်လည်း ဂစ်တာတီးတယ် ဆိုပါတော့။
ဧရာဝတီ
အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတသစ် မစ္စတာ ဂျိုကိုဝီဒိုဒို (Joko Widodo) သို့မဟုတ် ဂျိုကိုဝီ (Jokowi) ဟာ အင်ဒိုနီးရှား နိုင်ငံရေး လောကရဲ့ မျက်နှာသစ် တဦးပါ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲက မဟုတ်ခဲ့သလို ဩဇာကြီးတဲ့ အင်ဒိုနီးရှားရဲ့ တပ်မတော်ရဲ့ ကျောထောက်နောက်ခံ ရှိခဲ့သူလည်း မဟုတ်ပါဘူး။အသက် ၅၃ နှစ်ပဲ ရှိသေးတဲ့ ဂျိုကိုဝီဟာ သူ့ရဲ့ Ready-made အပြုံးနဲ့ ဂျကာတာမြို့ထဲက လူတန်းစားမရွေးကို တွေ့တယ်။ အပယ်ခံ အနှိမ်ခံ လူနည်းစု လူမျိုးစုတွေကို ဖေးမတယ်။ သူဟာ ဂျကာတာ မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်စဉ် တုန်းကလည်း မကြောက်မရွံ့ဘဲ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့တယ်။ စာရေးတွေရဲ့ စားပွဲတွေ ပေါ်မှာ ကြန့်ကြာနေတဲ့ စီမံကိန်းတွေကို သူက လူချင်းတွေ့ပြီး ချက်ချင်း ဖြေရှင်း ဆောင်ရွက်ပေးတယ်။ဒါတွေကြောင့်လည်း အရင်က နိုင်ငံရေးသမား ဟောင်းတွေနဲ့ ကွဲထွက်နေပြီး အသစ်ကို မျှော်လင့်တောင့်တ နေတဲ့ အင်ဒိုနီးရှား ပြည်သူပြည်သားတွေ အကြား အချိန်တိုအတွင်း လူကြိုက်များ ရေးပန်းစား သွားခဲ့ပါတယ်။
မြနန်းစံကျော်ရဲ့ ရှေ့ရေး အလားအလာ
မန္တလေးနန်းတွင်းက မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအဝင် ပဲခူးနဲ့ ရွှေဘိုက နန်းတော်တွေကို ယဉ်ကျေးမှုဇုန် သတ်မှတ်ပြီး အပန်းဖြေ ဥယျာဉ်တွေ အဖြစ် ပြောင်းလဲမယ် တဲ့။တကယ်တော့ ပဲခူးမြို့က ကမ္ဘောဇသာဒီ နန်းတော်နဲ့ ရွှေဘိုမြို့က ရေဘုံရတနာ နန်းတော်တွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က အသစ်တဖန် သုတေသနပြုကာ ပြန်လည် တည်ဆောက်ခဲ့သလို၊ ပုဂံမှာလည်း နန်းတော်အသစ်နဲ့ပါ။
ဒီဘက်ခေတ် ရောက်မှ အသစ်အသစ် ပြန်လည် တည်ဆောက်တဲ့  တခြားသော  နန်းတော်များနဲ့ မန္တလေးက မြနန်း စံကျော် ရွှေနန်းတော်ရဲ့ သဘော သဘာဝတွေဟာ အများကြီး ခြားနားပါတယ်။မန္တလေး နန်းတော်က မန္တလေး မြို့ပြ ဖွဲ့စည်းမှုနဲ့ အတူ တပါတည်း တပြေးညီ တည်ရှိခဲ့တာပါ။ နောက်မှ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးကြောင့်နဲ့ သဘာဝ ဘေးဒဏ်တွေကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပေမယ့် အခြေခံ ပန္နက်များ၊ အခင်းအကျင်းများ ဖွဲ့စည်းတည်ရှိပုံများက နဂိုမူလအတိုင်း တည်ရှိခဲ့တာပါ။
အမျိုးသားပညာရေးဥပဒေကြမ်းကို သမ္မတသဘောမတူ၊ မှတ်ချက် ၂၅ ချက်ပေး
Photo: အမျိုးသားပညာရေးဥပဒေကြမ်းကို သမ္မတသဘောမတူ၊ မှတ်ချက် ၂၅ ချက်ပေး
Monday, August 25, 2014
အမျိုးသားပညာရေးဥပ ဒေကြမ်းတွင် ပါဝင်သည့်စနစ် တစ်ခုလုံးသည် နောက်၁၃နှစ်ကြာ မှသာအားလုံးအကောင်အထည် ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတ က မှတ်ချက်ပြုခဲ့ကြောင်းသတင်း ရရှိသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသောအမျိုးသားပ ညာရေးဥပဒေကြမ်းကိုနိုင်ငံတော် သမ္မတကသဘောတူလက်ခံခြင်း မရှိဘဲ ပြန်လည်ပြင်ဆင်ရန်ပြည် ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထားသည့် သဘောထား မှတ်ချက် ၂၅ချက်တွင်အဆိုပါအ ချက်တစ်ချက်ပါဝင်ခဲ့ခြင်းဖြစ် သည်။
‘‘သမ္မတကပေးပို့တဲ့သဘော ထားမှတ်ချက်တွေထဲမှာဥပဒေ ကြမ်းထဲမှာပါဝင်တဲ့စနစ်တစ်ခု လုံးက ၂၀၂၇ကျမှ အားလုံးအ ကောင်အထည်ဖော်နိုင်မယ်ဆို တာရယ်၊ မသင်မနေရအလယ် တန်းအဆင့်ပညာရေးစနစ်လှုပ် ရှားမှုကို ဒီနှစ်ထဲမှာ စတင်အ ကောင်အထည်ဖော်မယ်ဆိုတာ ရယ်ပါတယ်။ ကော်မရှင်ဖွဲ့စည်း တဲ့နေရာမှာ ပြည်ထောင်စုလွှတ် တော်ရဲ့အတည်ပြုချက်ရယူမယ် ဆိုတဲ့နေရာမှာ ပြည်ထောင်စု လွှတ်တော်အတည်ပြုချက်ကို ဖြုတ်ခိုင်းတဲ့ မှတ်ချက်တွေပါ တယ်။ အခုပြန်ပို့လိုက်တဲ့သဘော ထားမှတ်ချက်တွေကို ပြည် ထောင်စုလွှတ်တော်မှာပြန်ဆွေး နွေးရတော့မယ်’’ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်တစ်ဦးက ပြောသည်။
နိုင်ငံတော်သမ္မတထံမှ ပြန် လည်ပေးပို့လာသည့် သဘော ထားမှတ်ချက်များကို ပြည်ထောင် စုလွှတ်တော်တွင်ပြန်လည်ဆွေး နွေးပြီးနောက် ဒုတိယအကြိမ်ပြန် လည်ပေးပို့လိုက်သောဥပဒေမူ ကြမ်းကိုမူ သမ္မတကငြင်းဆိုခွင့်မ ရှိတော့ဘဲခုနစ်ရက်အတွင်းလက် မှတ်ရေးထိုးပေးရမည်ဖြစ်ကာ လက်မှတ်ရေးထိုးခြင်း မပြုပါက လည်း ခုနစ်ရက်ပြည့်လျှင်ဥပဒေ ကြမ်းမှာ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်အရ အတည်ဖြစ်လာမည် ဖြစ်သည်။
‘‘နှစ် ၃၀ပညာရေးစနစ်ပေါ် မှာ ကျွန်တော်တို့လည်း ပညာသင် ကြားခဲ့ရတာ။ လက်ရှိသင်နေတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် လည်း အဲဒီစနစ်ကနေ မွေးထုတ် ပေးလိုက်တာ။ သင်ကြားတဲ့စနစ် ကလည်း အရင်စနစ်ဟောင်းပဲ သင်ကြားပေးနေတာဖြစ်တဲ့အ တွက်ကြောင့် ပညာရေးစနစ်ပြု ပြင်ပြောင်းလဲမှုကရေရှည်စီမံ ကိန်း(Long Term)နဲ့ပြင်ရမယ်ဆို တာသိထားတယ်။ ရေတိုစီမံကိန်း (Short Term)မှာလက်တွေ့အ ကောင်အထည်ဖော်လို့ရတာတွေ ကို NNERကအကြံပြုထားတွေရှိ တယ်။ အဲဒီအပေါ်မှာ နားထောင် ပေးမယ်ဆိုရင် ပညာရေးပြုပြင် ပြောင်းလဲမှုက အကောင်းဘက် ကို ဦးတည်လာမှာပါ’’ဟု စီးပွား ရေးတက္ကသိုလ်ကျောင်းသားသမ ဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော အမျိုးသား ပညာရေးဥပဒေတွင်ပါဝင်သည့် အချက်ကိုးချက်ကို ကန့်ကွက် ကြောင်း ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)ကသြဂုတ် ၁၉ ရက်၌ ကြေညာချက်ထုတ်ပြန် ထားသည်။
‘‘အခုအစိုးရသက်တမ်းက တစ်နှစ်ကျော်ကျော်ပဲကျန်တယ်။ ဒီမိုကရေစီ ပြုပြင်ရေးလမ်း ကြောင်းပေါ်မှာ အစိုးရသစ်တစ် ရပ်အနေနဲ့ ရောက်လာတယ်လို့ ကမ္ဘာ့စာမျက်နှာပေါ်မှာပြောခဲ့ တယ်။ တာဝန်ယူမှုကလည်းဒီမိုက ရေစီစံနှုန်းနဲ့ကိုက်ညီတဲ့တာဝန်ယူ မှုလိုတယ်။ ၂၀၂၇ကျမှ အားလုံး အကောင်အထည်ဖော်မယ်ဆိုရင် မဲမျှော်မှန်းတဲ့ကောက်ချက်မျိုးဖြစ် နေတယ်။ ပြည်သူလူထုကိုအာမခံ မှုရှိတဲ့ ပညာရေးစနစ်တစ်ခုမျိုး လက်ရှိအစိုးရကဘာအကောင် အထည်ဖော်ပေးနိုင်မလဲ။ ဘာ တွေတာဝန်ယူနိုင်လဲဆိုတာကိုအ စိုးရတစ်ရပ်အနေနဲ့ ပြောသင့် တယ်လို့သုံးသပ်ချက်ပေးချင်ပါ တယ်’’ဟု ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်ဒေါက်တာ အာကာမိုးသူက ပြော သည်။
ဇူလိုင် ၃၀ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ်တော်မှ အတည်ပြုထားသော ပြင်ဆင်ချက် ၇၁ ချက်အပေါ် မူတည်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး  အဆိုပါဥပဒေကြမ်းကို လွှတ်တော်သ ဘောတူညီချက်ဖြင့် အတည်ပြုခဲ့ ခြင်းဖြစ်သည်။
7daydaily
အမျိုးသားပညာရေးဥပ ဒေကြမ်းတွင် ပါဝင်သည့်စနစ် တစ်ခုလုံးသည် နောက်၁၃နှစ်ကြာ မှသာအားလုံးအကောင်အထည် ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတ က မှတ်ချက်ပြုခဲ့ကြောင်းသတင်း ရရှိသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသောအမျိုးသားပ ညာရေးဥပဒေကြမ်းကိုနိုင်ငံတော် သမ္မတကသဘောတူလက်ခံခြင်း မရှိဘဲ ပြန်လည်ပြင်ဆင်ရန်ပြည် ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထားသည့် သဘောထား မှတ်ချက် ၂၅ချက်တွင်အဆိုပါအ ချက်တစ်ချက်ပါဝင်ခဲ့ခြင်းဖြစ် သည်။
ကျောင်းဝင်ခွင့် ပြဿ နာရှိခဲ့သော ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီးကို ဘားအံသို့ပြောင်းရွှေ့မိန်းထုတ်ပြန်
 ကျောင်းဝင်ခွင့်လက်ခံမှု ပြဿ     နာဖြစ်ပေါ်ခဲ့သော ရန်ကင်း မြို့နယ်ရှိ စံပြလေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း၊ တီတီစီ) ကျောင်းအုပ်ဆရာမကြီးကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပညာရေးကောလိပ်သို့ ပြောင်းရွှေ့လိုက်သည်။
အဆိုပါကျောင်းတွင် မိသားစုအလိုက် တက်ရောက်ခဲ့သော အမျိုးသမီးတစ်ဦးက ၎င်း၏သမီးကို ကျောင်းအပ်နှံရာတွင် ဝန်ကြီးလက်မှတ်မပါ၍ ငြင်းပယ်ခံခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ပညာရေးဝန်ကြီးဌာနက မေလအတွင်းက စစ်ဆေးခဲ့သည်။
ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော အဖွဲ့က ယင်းကိစ္စကို စစ်ဆေးခဲ့ပြီးနောက် ကျောင်းဝင်ခွင့် ငြင်းပယ်ခံရသော ကျောင်းသား အချို့ကို ပြန်လည်လက်ခံခဲ့ပြီး သုံးလအကြာတွင် ကျောင်းအုပ်ဆရာမကြီးကို နေရာပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
Photo: ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
Monday, August 25, 2014
သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အံ့သြစရာ သတင်းတစ်ခုကြားကြရပါတယ်။ အဲဒါကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခု လျှို့လျှို့ဝှက်ဝှက်နဲ့ စီစဉ်ပြီးပြီ ဆိုတဲ့ သတင်းစကားပါ။ အဲဒီ စီမံကိန်းနဲ့ ပါတ်သက်တဲ့ သ၀ဏ်လွှာတစောင်ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်တွင်း ဖတ်ပြ တင်သွင်းခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အဲဒီ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မှာပါတဲ့လဲ၊ ဒီလို လုပ်ကိုင်ဆောင်ရွက်ပုံဟာ သမ္မတ ဦးသိန်းစိန် သွားနေတဲ့ ပေါ်လစီနဲ့ရော ကိုက်ညီရဲ့လား၊ ဘယ်လို လိုအပ်ချက်တွေ ရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
လွှတ်တော်ထဲမှာ မြို့တော်ဝန် ဦးလှမြင့် တင်ပြခဲ့တာကို အကျဉ်းချုံး ပြန်ပြောရရင် စီမံကိန်း တည်နေရာဟာ ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ လျာထားတယ်လို့ ဆိုပါတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက တာဝန်ယူ အကောင်အထည် ဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအ၀င် ၆ လမ်းသွား မြစ်ကူးတံတား ၅ စင်းပါမယ် လို့ ဆိုထားပါတယ်။
မြို့တော်ဝန်ဦးလှမြင့်က ဒီ ကိစ္စ အသေးစိတ် ပြောမသွားပေမယ့် ဒီ စီမံကိန်းရဲ့ စီးပွားရေး ပုံသဏ္ဍာန်ဟာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက မြို့ပြအင်္ဂါရပ်နဲ့ ညီတဲ့ Infrastructure အခြေခံ အဆောက်အဦတွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ၊ ပန်းခြံ၊ ကစားကွင်း အစရှိတာတွေ လုပ်မယ်။ ဒါ့အပြင် အဆိုပြုထားတဲ့ အခြား မိဘမဲ့ ကလေး စာသင်ကျောင်းတစ်ခု၊ ဘိုးဘွားရိပ်သာ တခု စတာတွေ အကောင်အထည် ဖော်မယ်လို့ ဆိုထားပါတယ်။ ဒါက ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံ စိုက်ထုတ်ရမယ့် အပိုင်းပါ။ ပြီးရင်တော့ ကျန်တဲ့ မြေကွက်တွေမှာ အကောင်အထည် ဖော်မှာတွေကို စီမံကိန်းထဲပါတဲ့ အပိုင်းလိုက် ပြန်ပြီး လက်ခွဲရောင်းစား ငွေပြန်ရှာ အမြတ်ပြန်ရအောင် လုပ်မယ့် စီမံကိန်းမျိုး ဖြစ်ပါတယ်။ ဟော်တယ်တွေ၊ စတိုးဆိုင် ကုန်စုံဆိုင်ကြီးတွေ၊ ကားဂိတ်တွေ၊ လူနေ တိုက်ခန်းတွေ၊ တန်ဘိုးနည်း အိမ်ယာတွေ၊ ရုံးခန်းတွေ၊ ဆိပ်ကမ်းတွေ အစရှိသဖြင့် ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် မြေကွက်ဖော် မြေရောင်းစား ဆိုတဲ့ စီမံကိန်းမျိုးပါ။
ဒီကိစ္စ အရင်ဦးဆုံး ဆွေးနွေးဖို့လိုတာကတော့ ရန်ကုန်မြို့သစ် စီမံကိန်း လိုအပ် မလိုအပ်ပါ။ လက်ရှိ ရန်ကုန်မြို့ အနေအထားအရ လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမားလာတာ၊ မြေနေရာရှားလို့ မြေဈေးတွေ ခေါင်ခိုက်လာတာ စတဲ့ အချက်တွေနဲ့ကြည့်ရင် ရန်ကုန်မြို့သစ် စီမံကိန်း တကယ်ပဲ လိုအပ်ပါတယ်။ လိုအပ်ကြောင်း အားလုံး အသိအမှတ်ပြုကြပါတယ်။ နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူတွေကလည်း ရန်ကုန်မှာ မြေရှားပါးပြီး မြေဈေးတွေ ခေါင်ခိုက်၊ ရင်းနှီးမြှုပ်နှံမယ့် သူတွေကို အခက်အခဲ ဖြစ်လာစေတာကြောင့် မြေဈေးတွေ ကျလာအောင် အဲလို မြို့ပြ စီမံကိန်းမျိုး ဖော်ဆောင်သင့်တယ် ဆိုပြီး အကြံပေးထားတာလည်း ကြာခဲ့ပါပြီ။ နိုင်ငံခြား အင်အားကြီး ကုမ္ပဏီ တခုခုကို ကိုယ်လိုချင်တဲ့ Infrastructure တည်ဆောက်ခိုင်း၊ အဲဒီ အတွက် ငွေပေးစရာမလို၊ ထွက်လာတဲ့ ပြန်ရောင်းချလို့ရတဲ့ မြေထဲက သူတို့ကို တစ်ချို့ ခွဲပေး၊ ကိုယ်က မြေကွက်အများကြီး ရယူပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ပြန်ရောင်းချပေး ဆိုတဲ့ ပုံစံမျိုးနဲ့ အလွန်ကြီးမားတဲ့ စီမံကိန်းကြီး တစ်ခု အကောင်အထည် ဖော်နိုင်ကြောင်း အသေးစိတ် အကြံပေးခဲ့ကြဖူးပါတယ်။ နိုင်ငံတကာမှာ အဲလို စီမံကိန်းကြီးမျိုး အကောင်အထည် ဖော်တဲ့ ကုမ္ပဏီကြီးတွေ အများကြီး ရှိပါတယ်။ တင်ဒါ စနစ်နဲ့ စိတ်ကြိုက် ရွေးချယ် အကောင်အထည် ဖော်ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရ အဲလို မလုပ်ခဲ့ပါဘူး။
နောက်တစ်ခု မြို့သစ်စီမံကိန်းကို ဘယ်နေရာမှာ အကောင်အထည် ဖော်မလဲ ဆိုတဲ့ ကိစ္စပါ။ ဒါကတော့ မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတွေ ပညာရှင်တွေနဲ့ ဘယ်နေရာက မြေကို အသုံးချရင် ဖြစ်နိုင်ခြေ အရှိဆုံး ဆိုတာ သိတဲ့ အာဏာပိုင်တွေ ပူးပေါင်း ဆွေးနွေးဆုံးဖြတ်ရမှာပါ။ ဒါကြောင့် လက်ရှိ မြေနေရာ ရွေးချယ်ပုံကိုတော့ မဝေဖန်လိုပါဘူး။
ဒီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဝေဖန်ဖို့ ရှိလာတဲ့ ပြဿနာက ရန်ကုန်တိုင်း အစိုးရက လျှို့လျှို့ဝှက်ဝှက် အကောင်အထည် ဖော်ရတယ် ဆိုတဲ့ ကိစ္စပါ။ လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေက မြေနေရာ အသစ်တွေကို အသုံးချမယ့် ခုလို အစီအစဉ် ရှိတယ်ဆိုတဲ့ သတင်းထွက်လာတယ် ဆိုရင်ပဲ ဟိုက သတင်းထွက်လာရင် ဟိုမှာ မြေဈေးတက်၊ မြေဈေးကစားသူတွေ ရောက်လာ၊ ဒီမှာ သတင်းထွက်လာရင် ဒီမှာ မြေဈေးတက် ဒီကို ရောက်လာ စသဖြင့် ဖြစ်တတ်လို့ စီမံကိန်း ကိစ္စ မပြောရဲတော့ဘူးလို့ ဆိုထားကြပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မြို့တော်ဝန် ဦးလှမြင့် ပြောဆိုတဲ့အထဲမှာ “ ရန်ကုန်မြို့သစ် စီမံကိန်း လျာထားမြေနေရာအား မြို့မြေအဖြစ် သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသား လုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီအား တာဝန်ပေးအပ်ရန် စီစဉ်ထားပါတယ်။ စီမံကိန်း အကောင်အထည် ဖော်မည့်အပေါ် ဒေသခံ ပြည်သူလူထုဇ။် သဘောတူညီချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်” လို့ ဆိုခဲ့တာကြောင့် ဒါဟာ လွှတ်တော်နဲ့ ပြည်သူလူထု အပေါ်မှာလောက်ပဲ လျှို့ဝှက်ထားပေမယ့် လူပေါင်းများစွာနဲ့ ကြိတ်ပြီးဆွေးနွေး၊ ကြိတ်ပြီး အခွင့်အရေးပေး၊ ကြိတ်ပြီး သဘောတူညီချက်တွေ လုပ်ခဲ့တာကတော့ ပေါ်လွင်နေပါတယ်။ ဒေသခံ ပြည်သူလူထုရဲ့ သဘောတူညီချက် ရရှိထားပြီးပြီ ဆိုကတည်းက လျှို့ဝှက်တဲ့ သဘောလည်း မသက်ရောက်ပါဘူး။ ဦးလှမြင့်ရဲ့ ပြောဆိုချက် သဘာဝ မကျဘူးလို့ ထောက်ပြချင်ပါတယ်။
ဒီစီမံကိန်း တင်ပြမှုနဲ့ ပတ်သက်ပြီး သော့ချက် အကျဆုံး ပြဿနာကြီးတခုကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် တန်ကြေးရှိမယ့် စီမံကိန်းကြီး “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ” လို့ နာမည်ပေးထားတဲ့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တခုကို လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ မသိတာမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက စီမံကိန်းကိုရော ကုမ္ပဏီကိုပါ မသိဘူးလို့ ဆိုပါတယ်။ အလားတူ ဒုဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းကလည်း သူတောင် မသိရဘူးလို့ ပြောပါတယ်။ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တဲ့ တော်ဝင် ဦးကိုကိုထွေးကလည်း ဒီ ကုမ္ပဏီနာမည် ကြားတောင် မကြားဖူးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သ၀ဏ်လွှာထဲမှာတော့ အဲဒီ ကုမ္ပဏီနဲ့ ပါတ်သက်ပြီး “ နည်းစနစ် ကျနမှုနှင့် ဘဏ္ဍာရံပုံငွေများလည်း ခိုင်မာမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။ ရှင်းရှင်းလင်းလင်း ဝေဖန်ရရင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အစိုးရ အဖွဲ့ဝင် တချို့ဟာ အဲဒီ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီးမှ ဒီ စီမံကိန်းကို လျှို့လျှို့ဝှက်ဝှက် ကြိတ်ကြံစည် အကောင်အထည် ဖော်ခဲ့တယ် လို့တောင် ပြောနိုင်ပါတယ်။ ဒါက အလွန် မဖြစ်သင့်တဲ့ ကိစ္စပါ။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့အချိန် ဒီမိုကရေစီ တံခါးဝ ကိုသွားမယ်၊ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်၊ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်အောင် တည်ဆောက်မယ် စတဲ့ ကြွေးကြော်သံတွေနဲ့ အလုပ်လုပ်ခဲ့တာပါ။ အစိုးရ က ပေးတဲ့ ကန်ထရိုက်တွေ၊ တင်ဒါတွေ၊ လေလံတွေကို အရင်စစ်အစိုးရခေတ်ကလိုပဲ ကိုယ်နဲ့ နီးစပ်တဲ့သူတွေကို ချပေးလေ့ရှိတုန်းပဲ လို့ ဝေဖန်မှုတွေ များလာတဲ့အခါ ဘာပဲ ၀ယ်ဝယ်၊ ဘာပဲ လုပ်လုပ် တင်ဒါစနစ်နဲ့ လုပ်ဖို့၊ တင်ဒါခေါ်တာကို ပွင့်လင်းမြင်သာမှုရှိရှိ နည်းစနစ် ကျကျ ခေါ်ယူဖို့ အစိုးရဌာန ဆိုင်ရာ အသီးသီးကို လမ်းညွှန်မှုပေးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် လုပ်ငန်းအတွက် နိုင်ငံတကာ တင်ဒါခေါ်ရာမှာ၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ဖို့၊ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေ ပြုပြင်ဖို့ အဆင့်မြှင့်တင်ဖို့၊ ထားဝယ် အထူးစီးပွားရေးဇုံ စာရင်းရှင်းလင်းဖို့၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ စတဲ့ ကိစ္စပေါင်းများစွာမှာ နိုင်ငံတကာ တင်ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ခေါ်ယူရွေးချယ်ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါတင်မက အခြားသော လုပ်ငန်းပေါင်း များစွာအတွက်လည်း တင်ဒါတွေ ခေါ်ယူနေဆဲ တွေ့ရပါတယ်။
အခု ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံမယ် ဆိုတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုကျတော့ ဘာ တင်ဒါမှ မခေါ်ပဲ လူတွေမကြားဘူးတဲ့ ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီ ဆိုတာဟာ ၀န်ကြီးချုပ်ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း ဘာမှ သဘောမထား၊ ရန်ကုန်တိုင်း လွှတ်တော်ကိုလည်း လုံးဝ ရှိတယ်လို့တောင် မထင်ဘူး ဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒီ လုပ်ရပ်ဟာ အရင် စစ်အာဏာရှင်တွေ ခေတ်က လုပ်ရပ်မျိုးနဲ့ တပုံစံထဲပါပဲ။ အရင် စစ်အာဏာရှင်ခေတ်တုန်းကဆို အာဏာပိုင်တွေဟာ တောင်သူတွေ ပြည်သူတွေဆီက လယ်မြေတွေကို အတင်းအဓမ္မ သိမ်းယူပါတယ်။ လျော်ကြေးပေးလည်း မဖြစ်စလောက်ပဲ ပေးပါတယ်။ အဲဒီခေတ် အဲဒီ အခါက လယ်မြေ တဧက ကျပ် သိန်း ၅၀ လောက် လျော်ကြေးရသူဆိုတာ မရှိသလောက်ပါပဲ။ ဒါကို ခရိုနီတွေလက်ထဲ ထည့်ပေး၊ ခရိုနီတွေက လမ်းနည်းနည်းဖေါက်၊ ရေနည်းနည်းသွယ်၊ လျှပ်စစ်မီး နည်းနည်းပေးပြီး မြေကွက်ရိုက် ပြန်ရောင်းစားပါတယ်။ တစ်ကွက် ကျပ်ငွေ သိန်း ၅၀၀-၆၀၀ ဆိုလည်း ဟုတ်ရဲ့။ ကျပ်ငွေ သိန်း တစ်ထောင်ကျော် ဆိုလည်း ဟုတ်ရဲ့၊ ပြန်ရပြီး အလွန်ကြွယ်ဝ ချမ်းသာသူတွေ ဖြစ်လာကြပါတယ်။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်ဖို့ မလိုပါဘူး။
အခု ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ငါတို့ ပေးချင်တဲ့သူကို ပေးလုပ်တယ်၊ ဘယ်သူ ဘာပြောချင်သလဲ၊ ဘာဝေဖန်ချင်သလဲ ဆိုတဲ့ သဘောထားမျိုး ပြုမူလာတာ တွေ့ရပါတယ်။ အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲ။ ဒီ ကိစ္စ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော်ဘက်က ဘာမှ တားဆီးတာ၊ ပြုပြင်ထိန်းကျောင်းတာ မလုပ်နိုင်ဘူးဆိုရင် နောင် တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့တွေဟာ သူတို့ တိုင်းနဲ့ ပြည်နယ်တွေမှာ ခုလိုပဲ ထင်ရာစိုင်းကြတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အတော်ကြီးမားတဲ့ မကောင်းတဲ့ အကျိုးဆက်ပါ။ မတားဆီးနိုင်ပဲ အကောင်အထည် ဖော်ခဲ့ရင် အဲဒီ အကောင်အထည် ဖော်တဲ့ ကုမ္ပဏီက လူတွေ ငွေကြေး အကျိုးအမြတ် မြိုးမြိုးမြတ်မြတ် လွယ်လွယ်ကူကူ ရသွားကြပါလိမ့်မယ်။ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တချို့လည်း အကျိုးအမြတ် ရှိကောင်းရှိသွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် စံချိန်စံညွှန်းမီတဲ့ မြို့ပြ တစ်ခု ဖြစ်လာမယ်၊ မဖြစ်လာဘူး ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ နိုင်ငံတော်ဘက်ကလည်း ရသင့်ရထိုက်တဲ့ အခွန်အခ ရလာဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ခြုံငုံပြီး သုံးသပ်ရရင် အခု ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်နေပုံဟာ အရင် စစ်အာဏာရှင်ခေတ်က လုပ်နည်းလုပ်ဟန်အတိုင်း လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရ ဒါမှမဟုတ် လွှတ်တော်ဘက်က တားမြစ်သင့်ပါကြောင်း၊ စီမံကိန်းကို ပွင့်လင်းမြင်သာမှု ရှိရှိ ပြန်လည် အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)
ဧရာဝတီ
လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမား လာတာ၊ မြေနေရာ ရှားလို့ မြေဈေးတွေ ခေါင်ခိုက် လာတာတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်း တကယ်ပဲ လိုအပ်ပါတယ် (ပုံစာ – သော်ဟိန်းထက် / ဧရာဝတီ)
သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အံ့သြစရာ သတင်းတစ်ခုကြားကြရပါတယ်။ အဲဒါကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခု လျှို့လျှို့ဝှက်ဝှက်နဲ့ စီစဉ်ပြီးပြီ ဆိုတဲ့ သတင်းစကားပါ။ အဲဒီ စီမံကိန်းနဲ့ ပါတ်သက်တဲ့ သ၀ဏ်လွှာတစောင်ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်တွင်း ဖတ်ပြ တင်သွင်းခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အဲဒီ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မှာပါတဲ့လဲ၊ ဒီလို လုပ်ကိုင်ဆောင်ရွက်ပုံဟာ သမ္မတ ဦးသိန်းစိန် သွားနေတဲ့ ပေါ်လစီနဲ့ရော ကိုက်ညီရဲ့လား၊ ဘယ်လို လိုအပ်ချက်တွေ ရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု
Photo: ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု
Monday, August 25, 2014
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
စစ်တပ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည့် အမျိုးသား ညီလာခံက ပရာယွတ်သ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်ပြီးနောက် လေးရက်အကြာ ဩဂုတ် (၂၅)ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ၎င်းကို ထောက်ခံ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
ပရာယွတ်သ်သည် ဝန်ကြီးချုပ် ရာထူးအတွက် ပြိုင်ဘက်မရှိဘဲ အမျိုးသား ညီလာခံတွင် အရွေးခံခဲ့ရာ ကိုယ်စားလှယ် (၁၉၇)ဦးအနက် (၁၉၁)ဦးက ၎င်းကို မဲပေးခဲ့ကြသည်။ ဘုရင်မင်းမြတ် ဘူမိဘိုလ် အက်ဒူလ်ယာဒက်ဂ်ျထံမှ ကောင်းချီးပေး အသိအမှတ် ပြုမှုကို ရရှိလိုက်ပြီးနောက် ပရာယွတ်သ် အနေဖြင့် ဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို လာမည့် သီတင်းပတ်များအတွင်း ဖွဲ့စည်းဖွယ် ရှိနေသည်။ အဆိုပါ အခြေအနေများကြောင့် ထိုင်းနိုင်ငံရေး အာဏာသည် စစ်တပ်အစိုးရ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။
ပရာယွတ်သ်ကို တော်ဝင်မိသားစုက အခမ်းအနားဖြင့် အသိအမှတ်ပြုမှုကို ဩဂုတ်(၂၅)ရက်တွင် ဘန်ကောက်ရှိ စစ်ဌာနချုပ်၌ ခံယူခွင့် ရဖွယ် ရှိနေသည်။ ၎င်းသည် မေ(၂၂)ရက်၊ စစ်တပ်အာဏာသိမ်းမှုကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပရာယွတ်သ် အနေဖြင့် စစ်တပ် အကြီးအကဲ ရာထူးမှ စက်တင်ဘာလတွင် အနားယူပြီး အရပ်သား အစိုးရ အဖွဲ့သည်ကို ဦးဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
_Ref: Channelnewsasia
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။စစ်တပ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည့် အမျိုးသား ညီလာခံက ပရာယွတ်သ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်ပြီးနောက် လေးရက်အကြာ ဩဂုတ် (၂၅)ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ၎င်းကို ထောက်ခံ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
Ice Bucket Chall-enge အတွက် ဝန်ကြီးဦးရဲထွဋ်ကို အမျိုးသမီးတဦး စိန်ခေါ်
ALS အာရုံကြောရောဂါ တိုက်ဖျက်ရေးအတွက် ကိုယ့်ရဲ့ ခေါင်းပေါ်မှာ ရေခဲရေပုံးလိုက်လောင်းချပြီး ရံပုံငွေရှာပေးတဲ့ ‘‘Ice Bucket Challenge’’ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးလည်းဖြစ် သမ္မတ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဝန်ကြီးဦးရဲ့ထွဋ်ကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်က နေအမျိုးသမီးတဦးက စတင်စိန်ခေါ်လိုက်ပါတယ်။
Sabei Aung ဆိုသူ Facebook အကောင့်ပိုင်ရှင်အမျိုးသမီးတဦးက "ဝန်ကြီး လက်ခံမည် ဆိုပါက ကျမ ၏ ရေခဲရေပုံးဖြင့် ရေလောင်းခံနေသော ပုံအား စောလျင်စွာ fb တင်ပေးပါမည့် အကြောင်း၊ ဝန်ကြီးမှ လည်းပြန်လည် ပြီး ရေခဲရေပုံးဖြင့် ရေလောင်းခံနေသောပုံကို fb တင်ပေးစေလိုပါကြောင်း" ဆိုပြီး ဝန်ကြီး ဦးရဲထွဋ်ကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
စိန်ခေါ်ခဲ့တဲ့ မ Sabei Aung ဆိုသူ ကတော့ သူမရဲ့ Facebook စာမျက်နှာမှာ ရေခဲရေလောင်းချခံနေတဲ့ ပုံတွေကိုတင်ထားတာတွေ့ရပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်မယ် မပါဝင်ဘူးဆိုတာကိုတော့ ဝန်ကြီး ဦးရဲထွဋ်ကတော့ ခုချိန်ထိ တုန့်ပြန်ထားတာမတွေ့ရသေးပေမယ့် ဒီလှုပ်ရှားမှုဟာ ရောဂါဝေဒနာရှင်တွေအတွက် ကောင်းကျိုးဖြစ်စေမှာဖြစ်တဲ့အတွက် စိန်ခေါ်ခံရတဲ့ ဦးရဲထွဋ် အတွက်တော့ ဂုဏ်ယူစရာဖြစ်ပါတယ်။
ကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိ ဆေးပြားများတင်လာသည့်စက်လှေ တပ်မတော်(ရေ)ဖမ်းဆီး
မူးယစ်ဆေးဝါးဖမ်းဆီး နိုင်ခဲ့သည့် သမိုင်းတစ်လျှောက် ပမာဏအများဆုံးအဖြစ် အမေရိ ကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။
သြဂုတ် ၁၉ ရက်ညနေ က ကော့သောင်းမြို့ အနောက် မြောက်ဘက် ၁၈၂ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံဘက် သို့  ဦးတည်နေသည့် စက်လှေတစ် စီးကို တပ်မတော်(ရေ)က တားဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စက် လှေပေါ်မှ စိတ်ကြွဆေးပြား အမျိုးအစားစုံတွင် တန်ဖိုးအကြီး ဆုံးဖြစ်သည့် Ecstasy ဆေးပြား ပေါင်း နှစ်သန်းလေးသိန်းနီးပါးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဌာနမှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
‘‘သမိုင်းတစ်လျှောက် တန် ဖိုးအများဆုံးပဲ။ တစ်ခါမှ အဲဒီ လောက် မဖမ်းမိဖူးဘူး။ ဆေး လောကမှာတော့ တစ်ပြားကို မြန် မာငွေ ခုနစ်သောင်းလောက်တန် တဲ့ ဆေးပြားတွေ။ ဖမ်းထားတဲ့ လူ တွေကို စစ်ဆေးတော့ ဒါ ဒုတိယ အကြိမ်လို့ သိရတယ်’’ ဟု အဆို ပါရဲအရာရှိက ပြောသည်။
နိုင်ငံတွင် ကြုံတွေ့နေရသော ပြဿနာများ ဖြေရှင်းရာတွင် စာပေအနုပညာရှင်များ ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြန်မာစာပေလောကမှ စာပေအနုပညာရှင်များနှင့် တွေ့ဆုံစဉ်
 နိုင်ငံတွင် ရင်ဆိုင်နေရသည့် ပြဿနာများ ဖြေရှင်းရန် မြန်မာစာပေလောကမှ စာပေအနုပညာရှင်များက ကူညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံက မည်သည့်လမ်းကြောင်းသွားမည်ဆိုသည်ကို ယခု ၂၀၁၄ ခုနှစ်တွင် ဆုံးဖြတ်မည် ဖြစ်သဖြင့် နိုင်ငံရေးရှုထောင့်တစ်ခုတည်းမဟုတ်ဘဲ စာပေအနုပညာရှင်များ၏ လူမှုရေးရှုထောင့်အမြင်များကိုပါ သိရှိဆွေးနွေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း
 Photo: ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း
Monday, August 25, 2014
အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားပညာရေးဥပဒေ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲနဲ့ ဆက်စပ်ဥပဒေများ၊ နည်း ဥပဒေများ၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး ကျင်းပခြင်းဖြစ်တယ်လို့ သြဂုတ် လ ၁၇ ရက်နေ့ထုတ် ကြေးမုံသ တင်းစာက ဖော်ပြပါတယ်။ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် ဒုတိယ၀န်ကြီး တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက် ရောက်တယ်လို့ သိရပါတယ်။
ဥပဒေရေးဆွဲရေးကိစ္စများ၊ တက္ကသိုလ်ပဋိညာဉ်တွင် ပညာ ရပ်ဆိုင်ရာ လွတ်လပ်မှု၊ ဘဏ္ဍာ ရေးဆိုင်ရာ လွတ်လပ်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ လွတ်လပ်မှု၊ သင် ကြားရေးဝန်ထမ်းများ ခန့်ထားရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ထည့် သွင်းရေးနဲ့ ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်သိမှု တာဝန် ယူမှု အလေ့အကျင့်ကောင်းများ မြှင့်တင်ရေး၊ ICT ကို သင်ကြားမှု၊ သင်ယူမှုတွင် တွင်ကျယ်စွာ အသုံးပြုရေး၊ စာသင်ဆောင်များ၊ ဆရာ၊ဆရာမနဲ့ ကျောင်းသား၊ ကျောင်း သူအဆောင်များတွင် ရေ၊ မီးပြည့်စုံရေးနဲ့ သန့်ရှင်းသပ်ရပ်ရေး၊ ပညာရေးမြှင့်တင်မှု အကောင်အ ထည်ဖော်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
‘‘ကျောင်းက ပါချုပ်ကတော့ သောကြာနေ့ည နေပြည်တော်ကို ဆင်းသွားပြီး စနေနေ့ညတွင်းချင်း ပြန်လာတယ်လို့ သိရပါတယ်။ တနင်္လာနေ့ မနက်မှာ ကျောင်းမှာ ရှိတဲ့ ပါမောက္ခ၊ ဌာနမှူးတွေနဲ့ အစည်းအဝေးခေါ်ပြီး ၀န်ကြီးရဲ့ လမ်းညွှန်ချက်တွေကို ပြန်လည် ပြောပြခဲ့တယ်။ ဌာနမှူးတွေက တစ်ဆင့် ဌာနမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို ထပ်ဆင့်ပြောပြ ကြပါတယ်။ အဆင့်ဆင့်လိုက်နား ထောင်၊ ရေးမှတ်၊ ပြန်ပြောကြ တာဆိုတော့ ၀န်ကြီးရဲ့ မှာကြား လမ်းညွှန်မှု အတိမ်အနက်၊ ဆိုလို ရင်းနဲ့ ကွဲလွဲမှုအနည်းနဲ့ အများရှိ နိုင်ပါတယ်’’လို့ တက္ကသိုလ်ဆရာ တစ်ဦးက သုံးသပ်ပြပါတယ်။
‘‘ဌာနမှူးက ဌာနတွင်း အစည်းအဝေးခေါ်ပြီးတော့ ပြန် ပြောတဲ့အထဲမှာ ပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးအကျယ်တ၀င့်ပြောသွားတာ မရှိဘူး။ ပညာရေးဥပဒေတွေကို စဉ်းစားသုံးသပ်ဖို့ဆိုလား တစ်ခွန်းပဲကြားလိုက်ရတယ်။ သဲသဲကွဲကွဲတောင် မဟုတ်ဘူး။ ဆိုလိုတာက အဲဒါနဲ့ ပတ်သက်ပြီး အဓိကထားပြောမသွားဘူး။
‘‘တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ရေးဖြစ်တော့မယ်။ တာ ၀န်ကျနေရာ အပြောင်းအရွှေ့ တွေ မရှိတော့ဘူး။ ကိုယ့်တက္က သိုလ်မှာ  ၀င်ငွေရဖို့အတွက်  သင် တန်းတွေ ဖွင့်ရမယ်။ အလှူရှင်ရှာ ရမယ်။ ဘတ်ဂျက်ကို ငါးနှစ်စာ ဆွဲမယ်လို့လည်း ဆိုတယ်။ ကျောင်း သား၊ ကျောင်းသူကနေ ဆရာ၊ ဆရာမကို ပြန်လည်အမှတ်ပေး အကဲဖြတ်မယ့် QA (Quality Assurance) စနစ်ကျင့်သုံးမယ်လို့ လည်း ပြောပါတယ်။ ကျောင်း သား၊  ကျောင်းသူကိုယ်တိုင်  ကျောင်းအပ်ရမယ်လို့ ဆိုတယ်။ One Stop Service နဲ့ ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီ ကိစ္စတွေမှာ ဆရာ၊ ဆရာမတွေ မပတ်သက်ကြဖို့ သတိပေးပါ တယ်။ နောက်လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်တက္ကသိုလ်၊ ကိုယ့်ကျောင်း လုံခြုံရေးအတွက် ကိုယ့်အိမ်လုံခြုံရေး ကိုယ်တာဝန် ယူရသလို သဘောထားရမယ်လို့ ပြောသွားပါတယ်’’လို့ ထပ်ပြီး ပြောပြပါတယ်။
ဆိုတော့ နေပြည်တော်မှာ ၀န်ကြီး အဓိကထားဆွေးနွေးတဲ့ ခေါင်းစဉ်အကြောင်းအရာနဲ့ အဆင့်မြင့်ပညာကဏ္ဍမှာ တာဝန် ထမ်းဆောင်နေကြတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေဆီ ရောက်လာတဲ့ ညွှန်ကြားချက်များက တစ်ထပ်တည်းကျပါ့မလား တွေးမိပါ တယ်။ ဆိုလိုတာက ပညာရေးအ တွက် အသက်တမျှ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်ဥပဒေများ၊ နည်းဥပဒေ များနဲ့ ပတ်သက်ပြီး တက္ကသိုလ် ဆရာ၊ ဆရာမအများစု ဘာမှ မသိကြရဘူး ဖြစ်နေတယ်။
  အချိန်ယူ လေ့လာဖတ်ရှု အကြံပြုနိုင်အောင် ဝေငှပေးတာ မျိုးလည်း တက္ကသိုလ်အများစုမှာ မရှိဘူးလို့ သိရပါတယ်။ အမျိုး သားပညာရေး ဥပဒေမူကြမ်းတို့၊ အဆင့်မြင့်ပညာရေး ဥပဒေ ဒုတိယမူကြမ်းတို့ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖွေလက်ဆင့်ကမ်းရယူထားကြရတယ်လို့ ဆိုပါတယ်။ လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးခွင့်၊ အကြံပြုမေးမြန်းခွင့်များကိုလည်း ဖန်တီးမပေးဘူးလို့ ပြောပြပါတယ်။
ဇူလိုင်လထဲတုန်းက ပညာ ရေး ၀န်ကြီးရုံးက စာအမှတ် ၁၂၀ ခွဲ ၁ (စ) ၂၀၁၄ (၄၁၅) နဲ့ တက္က သိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အလိုက် ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ကိစ္စကို အကြောင်းကြားထားကြောင်း မိတ်ဆွေဆရာ တစ်ဦးက ပြောပြပါတယ်။
ကျောင်းတိုင်းမှာ တက္ကသိုလ်မိတ်ဆက်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဖို့၊ ပညာရပ်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ အနုပညာ ဆိုင်ရာ ရက်သတ္တပတ် သတ်မှတ် ၍ လှုပ်ရှားမှုများဆောင်ရွက်ဖို့၊ လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်တိုင်း စာသင်နှစ်ဖွင့်ပွဲ ပြုလုပ်ဖို့၊ အထက်ပါလှုပ်ရှား ဆောင်ရွက်မှုအားလုံးကို ရုပ်မြင် သံကြား၊ သတင်းစာ၊ ဂျာနယ်၊ စာ စောင်၊ မီဒီယာများမှာ ပါဝင် ရေးသားကြဖို့၊ လှုပ်ရှားဆောင်ရွက်မယ့် အစီအစဉ်များကိုဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ယခုပညာသင်နှစ်ဝက်  ကာလအတွက် ပြက္ခဒိန်များ ရေးဆွဲတင်ပြဖို့များဖြစ်ကြောင်း ဆိုပါတယ်။
ဝန်ကြီးနဲ့တစ်ကွ အထက်လူ ကြီး တာဝန်ရှိသူများအနေနဲ့ မြန် မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ဥပဒေရေးရာကိစ္စများ၊ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စများကို အားစိုက်ကြိုးပမ်း လျက်ရှိကြပါတယ်။ သို့သော် လက်တွေ့ အကောင်အထည် ဖော် လှုပ်ရှားကြရမယ့် အောက် ခြေအဆင့်မှာ ပွဲလမ်းသဘင်များ၊ ပေါ်လစီဆိုင်ရာ အခမ်းအနားများ ကို ဦးစားပေးနေကြပါသေးတယ်။
ဥပမာ အခုဖွင့်လှစ်နေတဲ့ ပညာသင်ကာလအတွက်ဆိုရင် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ စာသင်ရက်စုစု ပေါင်း ၆၄ ရက်ပဲရှိပါတယ်။ ဇွန်လဆန်းမှာ တက္ကသိုလ်တွေစပြီးဖွင့်ပေမယ့် ကျောင်းသား၊ ကျောင်းသူ မစုံလင်တာရယ်၊ ပုံနှိပ်စာအုပ်ရောင်းပေးဖို့ အဆင်သင့်မဖြစ်ကြတာကြောင့် တက္ကသိုလ် အများစုမှာ ဇွန်လလယ်ခန့်ရောက်မှစပြီး စာသင်ကြရတာပါ။ စက်တင်ဘာလလယ်မှာ စာမေးပွဲတွေ စတင်ပါတယ်။ ဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ၊ အသင်း အဖွဲ့ဆိုင်ရာ၊ စီမံချက်ဆိုင်ရာပွဲ လမ်းသဘင်တွေကြောင့် စာသင်ပျက်ကြတဲ့ ရက်တွေလည်းရှိတယ်လို့ တတိယနှစ်ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။
ဒီစာရေးရခြင်းရဲ့ ရည်ရွယ် ချက်ကို ရှင်းရှင်းပြောရရင်တော့ နေပြည်တော်မှာရှိတဲ့  ၀န်ကြီးအနေနဲ့နယ်က တက္ကသိုလ်တွေအထိ ကိုယ်တိုင်ဆင်း ပကတိအခြေအနေကို လေ့လာပြီး မှာကြားလမ်းညွှန်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ၀န်ကြီးရဲ့ အဓိကအရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဆရာ၊ ဆရာမတွေ၊ ၀န်ထမ်းတွေအထိ ဂဃနဏနားလည်သဘောပေါက်သိရှိအောင် စာနဲ့ဖြစ်စေ၊ ပညာရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှ ဖြစ်စေ အချိန်နဲ့အမျှ အသိပေးနိုင်ရင် ပိုပြီး အဆင်မပြေနိုင်ဘူးလားလို့ အကြံပြုချင်ပါတယ်။ ပိုပြီး ထိရောက်မှုရှိမယ်လို့ ထင်ပါတယ်။ ခုတော့ ၀န်ကြီးက တခြား၊ ဆရာ၊ ဆရာမတွေက သတ်သတ်ဖြစ်နေတယ်လို့ တချို့က သုံးသပ်ပြပါတယ်။ကျောင်းသား၊ ကျောင်းသူ များအနေနဲ့ ကြည့်မယ်ဆိုရင် လည်း ပညာရေးဆိုင်ရာ ဥပဒေ တွေ၊ ၀န်ကြီးနဲ့ ပါချုပ်တွေရဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ လုပ်ငန်းအစီအ စဉ်ဆိုတာတွေကို လောလော ဆယ်အခြေအနေနဲ့ ပြောရရင် အူရီးဒူးတို့၊  တယ်လီနောတို့ လောက် စိတ်မ၀င်စားကြဘူး။ သူတို့ တက္ကသိုလ်တွေမှာရှိတဲ့ Lab ခန်း၊ e-library ခန်း၊ ကွန်ပျူတာ ခန်းတွေက ပိတ်ထားတတ်တော့ အပြင်မှာ Wi-Fi Free အပြိုင်အ ဆိုင်ပေးနေတဲ့ လက်ဖက်ရည် ဆိုင်၊  စားသောက်ဆိုင်တွေမှာ ပိုပြီး  အချိန်ကုန်ခံနေတတ်ကြ တယ်။
ကျုပ်လည်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတစ်ဆင့်လမ်းညွှန်ထားတဲ့ ပညာရေးဝန် ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ကို ၀င် ကြည့်မိပါတယ်။ သတင်းတွေ၊ လုပ်ငန်းအစီအစဉ်တွေ၊ သုတေ သနစာတမ်းတွေ၊ မှာကြားချက် တွေ ဘာမှ Up to Date မဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသား ပညာရေးဥပဒေမူကြမ်းနဲ့ ပတ် သက်လို့လည်း အစိုးရရဲ့ တရားဝင်ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ရှာကြည့်မိပါတယ်။ တွေ့ရတာက မပြည့်စုံတဲ့ မူကြမ်းတစ်မျက်နှာနဲ့ လွဲမှားဖော်ပြထားတဲ့ ငွေကြေးခ၀ါချမှုဥပဒေတစ်မျက်နှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အတွက် ပညာ ရေးကဏ္ဍ အသက်တမျှ အရေး ကြီးနေချိန်မှာ ပညာရေးဝန်ကြီး ဌာနရဲ့ လျှို့ဝှက်ကိစ္စများမှအပ ကျန်သော သတင်းများ၊ ဆောင် ရွက်ချက်များကို ပြည်သူတွေသိ အောင် ချပြစေလိုပါတယ်။ ခု တော့ တိုင်းပြည်ရဲ့ ပညာရေး ယန္တရားမှာ ပါဝင်ခုတ်မောင်းခရီး နှင်နေကြတဲ့ ၀န်ထမ်းတွေ၊ ဆရာ၊ဆရာမတွေကိုယ်တိုင် သတင်း အချက်အလက်များကို အတိအကျမရဘဲ ဖြစ်နေသေးတာမဖြစ်သင့်တဲ့ အခြေအနေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။
7daydaily.com
အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အမျိုးသားပညာရေးဥပဒေ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲနဲ့ ဆက်စပ်ဥပဒေများ၊ နည်း ဥပဒေများ၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး ကျင်းပခြင်းဖြစ်တယ်လို့ သြဂုတ် လ ၁၇ ရက်နေ့ထုတ် ကြေးမုံသ တင်းစာက ဖော်ပြပါတယ်။ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် ဒုတိယ၀န်ကြီး တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက် ရောက်တယ်လို့ သိရပါတယ်။
ဥပဒေရေးဆွဲရေးကိစ္စများ၊ တက္ကသိုလ်ပဋိညာဉ်တွင် ပညာ ရပ်ဆိုင်ရာ လွတ်လပ်မှု၊ ဘဏ္ဍာ ရေးဆိုင်ရာ လွတ်လပ်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ လွတ်လပ်မှု၊ သင် ကြားရေးဝန်ထမ်းများ ခန့်ထားရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ထည့် သွင်းရေးနဲ့ ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ချမ်းသာခြင်းမှာ အပြစ်မကင်းပါသောကြောင့်
Photo: ချမ်းသာခြင်းမှာ အပြစ်မကင်းပါသောကြောင့်
Monday, August 25, 2014
ထူးထူးခြားခြားပဲဗျို့။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ချမ်းသာတဲ့သူများကို စစ်ဆေးအရေးယူတော့မတဲ့။ အချိန်တိုတိုအတွင်းမှာ အနှီပုဂ္ဂိုလ်တစ်ဦးဟာ ချမ်းသာလာပြီ ဆိုရင် သူ့နောက်ကွယ်မှာ ဘာ လုပ်ငန်းတွေရှိလို့ အဲသလို ချမ်းသာရသလဲဆိုတာကို  စုံစမ်းမှာဖြစ်သတဲ့ဗျ။ အဓိက ရည်ရွယ်ချက်ကတော့ ငွေကြေးခ၀ါချတဲ့ လုပ်ငန်းတွေနဲ့ ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေဟာ ဆက်စပ်ပတ်သက် နေသလဲဆိုတာကို ဖော်ထုတ်သွားမှာ ဆိုပဲ။
သူများဥစ္စာ အစစ်အခံရ မှာ ၀မ်းတော့ သာစရာ မဟုတ်ပါဘူးခင်ဗျာ။ နို့ပေတဲ့ ကြံဖန်ဝမ်းသာ ဖို့ရန် ရှိတာကတော့ အဲဒီ အစုံအစမ်း အစစ်အဆေး ခံရမယ့် လူတွေထဲမှာ ကျုပ်တို့ရဲ့ အောက်ခြေ က သာမန်မြန်မာပြည်သူများ မပါဘူးဗျ။ ဘာကြောင့်ဆို ကျုပ်တို့က ဆင်းရဲတာကိုး။ ဆိုတော့ကာဖွတ်ကျောပြာစု ခရုဆန်ကျွတ် ဖြစ်တဲ့ ကျုပ်တို့ပြည်သူများနဲ့တော့ ဝေးလှတဲ့ ကိစ္စပေါ့ဗျာ။ ဒီတစ်ပွဲမှာ ကျုပ်တို့က ပွဲကြည့်ပရိသတ် လုပ်ရမှာခင်ဗျ။ အချိန်တိုတိုနဲ့ ချမ်းသာသွားကြတဲ့ သူတွေထဲ မှာ ဘယ်သူတွေများ ပါမလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းမှာပဗျာ။ ပြော သလို လုပ်ဖို့သာ လိုပါတယ်။
အင်း.. ထူးလည်း ထူးတဲ့ ရွှေပြည်ပါဗျာ။ ၂၀၁၄ ခု ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲနံပါတ် ၁၂ ချိတ်တဲ့ ကျုပ်တို့ရွှေပြည်မှာ အချမ်းသာဆုံးလူသားတွေ ရှိနေတာ မထူးခံနိုင်ပါရိုးလား။ ခက်တာက ကျုပ်တို့ လူမျိုးကလည်း ထစ်ခနဲရှိ ‘ကံ’ ဆိုတာကိုသာ ယိုးမယ်ဖွဲ့တတ်ကြတဲ့ စိတ်စွဲလမ်းမှုကလည်း ရှိထားတော့ ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာ လူချမ်းသာတွေရှိနေတာကို ပြဿနာလို့ မထင်ခဲ့ကြဘူးဗျ။ သတ္တ၀ါတစ်ခု ကံတစ်ခုဆိုသဟာလို အားလုံးဟာ သူ့ကံနဲ့သူဖြစ်နေတာဆိုပြီး အမှတ်ထားတော့ ခက်သားကလား။
ပြောရဦးမယ်ဗျ။ လူအများစုကတော့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေတယ်။ စားစရာ အာဟာရမပြည့်မစုံဘ၀နဲ့ သက်ဆိုးမရှည်ရှာ ဖြစ်နေရတယ်။ အဲသလို အချိန်မှာ အချို့သော လူတစ်စုကတော့ မော်တော်ကား ထည်လဲစီးတယ်။ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ဟိုတယ်ကြီးတွေမှာ စားတယ်။ နားတယ်။ ပြည်သူ လူအများစုက ဆင်းရဲနုံချာလှတဲ့ဘ၀မှာ တစ်နေရာက တစ်နေရာ ကုန်းကြောင်းလျှောက်နေရတဲ့အချိန် ချမ်းသာသူတစ်စုဟာ ရွှေပြည်တစ်ခွင်မှာ ကိုယ်ပိုင်ရဟတ်ယာဉ်တွေနဲ့ စိတ်ထင်ရာ သွားနေနိုင်ကြတယ်ဗျာ။
ဆင်းရဲသား ပြည်သူအများဟာ ဆင်းရဲလွန်းလှတဲ့ ဘ၀မှာ မ၀ရေစာ စားရ၊ ပင်ပင်ပန်းပန်း အသက်မွေးဝမ်းကျောင်းရတဲ့ ဒဏ်တွေကြောင့် ရောဂါဘယထူပြောနေကြတယ်။ အများစုဟာ သက်ဆိုးမရှည်ရှာဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့  အသက်ဆုံးပါးသွားကြတယ်။ ဆေးရုံဆေးပေးခန်းလည်း မသွားနိုင်ပါဘူး။ နို့ပေတဲ့ အစောက ဘာမှန်းမသိဘဲနဲ့ ချမ်းသာနေကြတဲ့ လူအချို့ကတော့ နတ်သုဓာ အရသာရှိလှတဲ့ အာဟာရဆိုတာကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် စားရတဲ့ဘ၀မို့ အားလုံးဟာ ဆူဖြိုးနေကြတယ်။ စားလွန်းမက စားရလွန်းလို့ စားပိုးနင့်တာမျိုးပဲရှိမယ်။ ကျုပ်တို့သာမန်ပြည်သူများလို အာဟာရမပြည့်လို့ နုံးခွေချည့်နဲ့တော့ မဖြစ်ဘူး။ အဲသလိုအခါမျိုးမှာလည်း သူတို့ဟာ နိုင်ငံရပ်ခြားက ကောင်းပေ့ဆိုတဲ့ ဆေးရုံဆေးခန်းတွေမှာသွားအနားယူရင်း ဆေးကုနိုင်ကြတယ်ဗျာ။
အရပ်ထဲမှာ မြန်မာ့ဆိုရှယ်လစ်ခေတ်ကို ကောင်းကောင်းမီလိုက်တဲ့ လူကြီးများအကြားမှာ တစ်ခါတစ်ခါ ပြန်ပြောရင်း ‘ဟား’ကြတဲ့ ဟာသလေးရှိသဗျ။ တကယ့်အဖြစ်လား၊ ဘာလားတော့ သူတို့လည်း မရေရာဘူးဗျ။ အနှီဟာသက ဘယ့်နှာလဲဆိုတော့ တစ်ခါသားမှာ မြန်မာ့ဆိုရှယ်လစ်ပါတီဝင် အကြီးအကဲတစ်ဦးဟာ ကုလားထိုင်မှာ ထိုင်ရတာကြာလာတော့ ဆီးပူညောင်းညာဖြစ်သတဲ့။ ကုလားထိုင်မှာ ထိုင်ရတဲ့ ကာလကလည်း ကြာဆို အနှစ် ၂၀ေ လာက် ရှိနေမင့်ဟာကိုး။ ၁၉၆၂ခုနှစ်ကတည်းက တိုင်းပြည်ရဲ့ ရှောင်မရရှားမရတဲ့ သမိုင်းပေးတာဝန်ကိုဝင်ပြီးထမ်းထားရတာ၊ အဲဒါ၁၉၈၀ ကျော် လောက်လည်း ကျရော ကုလားထိုင်မှာ ထိုင်ရတာ ရောဂါတွယ်လာတာပေါ့ဗျာ။ ဆီးဝမ်းလေ မမှန်တော့ဘူးတဲ့ဗျ။ ဒါနဲ့ နိုင်ငံတာဝန်တွေက ခဏနားလိုက်ပါဆိုပြီး အနှီအဘကို တပည့်တွေက ဖျောင်းဖျကြတယ်။ ဆေးကောင်းဝါးကောင်းတွေလည်း ပေးတယ်။ ဒါတွေဒါတွေ သောက်ရင် ပျောက်ပါတယ်။ သာမန် အညောင်းထိုင်တဲ့ ဝေဒနာပါ ဆိုပြီး သမားတော်များကလည်း အစီရင်ခံကြတယ်။
အဲဒါဗျာ အနှီ အဘက လုံးဝလက်မခံဘူးတဲ့ဗျ။ ဆွစ်ဇာလန်က အယ်လ်ဖိုင်း တောင်တန်းကြီးတွေကို ငေးရင်း အေးအေးသက်သာ ဆေးကုခံချင်တာတဲ့။ သူ့ရောဂါက ဆီးမသွား၊ လေမလည်ရုံကလေးပါ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်စနစ်တောင်မှ လုပ်ထားပြီးမှ သူ့ရောဂါကိုလည်း မြန်မာ့နည်းမြန်မာ့ဟန် ငရုတ်ကောင်းတစ်ပိဿာ ပြာချသောက်ရင် ပျောက်ပါတယ်ဆိုတာ မရဘူး။ သူ့အောက်က ၀န်ကြီးတွေက လည်း ပြောမရတဲ့အဆုံးမှာ လိုက်လျောလိုက်ရတာပေါ့။ ဒါနဲ့ နောက်ဆုံးတော့ ဆွစ်ဇာလန်မှာ ဆေးသွားကုတာပေါ့။ ဟိုက ဆရာဝန်တွေကလည်း ပြောပါတယ်။ဘာမှ မစိုးရိမ်နဲ့။ အထိုင်များလို့ဖြစ်တာ။ နောင်တိုင်းပြည် ပြန်တဲ့အခါ ကုလားထိုင်မှာ အကြာကြီး မထိုင်ပါနဲ့။ တိုင်းပြည်တွင်း အေးအေးချမ်းချမ်းရှိတဲ့ နေရာလေးတွေဆီ မကြာခဏ လည်ပတ်ပေးပါလို့လည်းအကြံပြုလိုက်သတဲ့။
အနှီခေါင်းဆောင်ကြီး ပြန်လာပြီးတဲ့နောက် လက်အောက် ၀န်ကြီးတွေဟာလည်း အညောင်းထိုင် ဆီးပူလေချုပ် ဖြစ်တယ်ဆိုပြီး ထစ်ခနဲရှိ ဆွစ်ဇာလန်ပြေး ဆေးသွားကုတော့တာပဲတဲ့။ နောက်ဆုံး ၀န်ကြီးအတော်များများ ဆေးသွားကုလိုက်တာ သိပ်မကြာပါ ဘူး။ တစ်ခါက တွင်းထွက် သံယဇာတများနဲ့ ချမ်းသာလှတဲ့ တိုင်းပြည်ဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်စာရင်း ထဲမှာ ပါလာတော့သတဲ့ဗျာ။ ဘာကြောင့်ဆို သူတို့က တိုင်းပြည်ဘဏ္ဍာနဲ့ ဆေးကုနေကြတာကိုးခင်ဗျ။  ပုံပြင်မို့ မယုံချင်လည်း မယုံနဲ့ပေါ့ဗျာ။ တစ်ခါက ဒေါ်အောင်ဆန်းစုကြည်လည်းသူ့ရဲ့ စနေ၊ တနင်္ဂနွေ ခြံရှေ့မိန့်ခွန်းတစ်ခုမှာကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တစ်ပြည်က နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးဟာ တစ်ပတ်တစ်ခါ နိုင်ငံခြားသွားပြီး ဆံပင်ညှပ်တဲ့အကြောင်း ပြောဖူးထားတာလည်း ရှိပါသေးရဲ့။
ဆိုချင်တာကတော့ဗျာ . . .။  ကျုပ်တို့လို ဆင်းရဲသူအများစုရှိရာ ရွှေပြည်ကြီးမှာ အစောက ပြောတဲ့  ဘီလျံနာ သူဌေးကြီးများ ရှိနေသေးတာဟာ သာမန်သွေးရိုးသား ရိုးမှ မဟုတ်တာ။ ဒါကို ကြည့်ခြင်းအားဖြင့် အနှီ နိုင်ငံမှာ တစ်ခုခုလွဲနေပြီဆိုတာ သေချာသဗျ။ ဒါပေတဲ့ အစောက ပြောခဲ့သလိုကျုပ်တို့ သာမန်ပြည်သူဆိုတာ ကလည်း ကံကိုယုံသူများဆိုတော့ ဒါဟာ သူ့ရဲ့ အတိတ်ဘ၀ကုသိုလ်က ထောက်ကူမတဲ့အတွက် လက်ရှိဘ၀မှာ ကြွယ်ဝချမ်းသာတာလို့  ထင်နေတာကိုး။ တော်ကြာ အဲသလို ကြီးပွားနေတာကို ကိုယ်တွေကများ သွားပြီး ဘယ့်နှယ်ဘယ်လို ထောက်ပြရင် မနာလိုရာ ကျမှာလည်း ကြောက်တာကိုး။ ဒါ ကြောင့်မို့ ဘာပဲဖြစ်ဖြစ် တရားသဘောနဲ့ မုဒိတာပွားဖို့ပဲ အားသန်ကြတယ်။
ဒီစိတ်ဓာတ်ဟာ ကောင်းပါတယ်။ နို့ပေတဲ့ တစ်ဖက်မှာ မတရားမှုတွေကို လျစ်လျူရှုပေးနေသလိုလည်း ဖြစ်သွားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ များရာစုဖြစ်တဲ့ ပြည်သူလူထုကြီးဟာနဖူးကချွေး ခြေမကျအောင် လုပ်နေရတယ်။ မိုးလင်းမိုးချုပ် အလုပ်နဲ့ လက်ပြတ်တယ်လို့ကို မရှိဘူး။ နို့ပေတဲ့ ဆင်းရဲနေကြတယ်။ အဲဒီအချိန်မှာ လူအချို့တော့ ဘာရယ် မည်မည်ရရ မဟုတ်ဘဲနဲ့ ကြီးပွားလာကြတယ်။ အရှင်မွေး နေ့ချင်းကြီးဆိုတာလို မင်းပေါက်စိုးပေါက်ရောက်အောင်လုပ်နိုင်ပြီဆိုတာနဲ့ ငွေကြေးအသပြာ စီးပွားဥစ္စာဆိုတာ ဒီရေအလားပဲ။
အဲသလို လူတစ်စုထဲမှာ ၀န်ကြီးတွေ ပါတယ်။ အစိုးရ အမှုထမ်းတွေပါတယ်။ သူတို့နဲ့ နှီးနွှယ်ပတ်သက်တဲ့ မိတ်ဆွေသင်္ဂဟတွေ ပါတယ်။  အာဏာရှိမယ်။ လူလည်လုပ်နည်း သိမယ်ဆိုရင် အဲဒီလူတစ်ယောက်ဟာ ကျုပ်တို့ ရွှေပြည်မှာ နေ့ချင်းညချင်း ကြီးပွား နိုင်တာပေါ့။
သူတိုလက်ထဲမှာ ငွေရှိတယ်။ အာဏာရှိတယ်။ ဒါကြောင့် နိုင်ငံရဲ့ အကောင်းဆုံးအခွင့်အလမ်းတွေဟာ နောက်ဆုံးတော့ သူတို့အတွက်ပဲ။
ကြားလိုက်ပါသေးရဲ့။ ဟိုတစ်နေ့က သတင်းတစ်ခု ထွက်လာတယ်။ရန်ကုန်မြို့အနောက်ပိုင်းခရိုင်မှာ ဧရာမလူနေမြို့ ပြ စီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်မယ်ဆိုလား။ ဒီသတင်းကြားတော့ ကျုပ်တို့ သာမန်ပြည်သူတွေ ပျော်မယ်များထင်နေသလား။
နေစရာအိမ်မရှိပေတဲ့ မျှော်လင့်ချက် ရေးရေးလေးတောင်မှ စိတ်ထဲမှာ ပေါ်မလာဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ကာ သိနေတယ်လေဗျာ။ သိနေတယ်။ ဒါဟာ ငွေရှင် ကြေးရှင် စီးပွားရေးသမား တစ်စုစာရဲ့ လက်ထဲပဲ ရောက်မှာပဲ ဆိုတာ။
ဒါနဲ့ မရှေ့မနှောင်းမှာပဲ ဆက်ကြားရပါသေးတယ်။ အဲဒါကတော့ ကျုပ်တို့ ရွှေပြည်ကြီးမှာတဲ့ တစ်နေ့ကို ငွေကျပ် သိန်းပေါင်းတစ်ထောင်နဲ့အထက် ဘဏ်မှာ အပ်နေတဲ့သူက လူပေါင်း တစ်ထောင်လောက်ရှိဆိုပဲ။ ကဲ . .  .ကိုယ့်လူများ ဘာပြောဦးမလဲဗျာ။ ကမ္ဘာ့ဘဏ်ပဲ မျက်စိမှောက်ကာ အတွက်အချက်မှားတာပဲလား မသိဘူး။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံမှာ ဘဏ်ထဲကို နေ့တိုင်း သိန်းတစ်ထောင်လောက် အပ်နေတဲ့သူက လူတစ်ထောင်ဆိုတော့ ဘယ်နေရာမှာ ဘာတွေ လွဲနေသလဲဆိုတာ ကျုပ်တို့ ဆန်းစစ်ကြည့်မှ တော်မယ်။
အခုန အိမ်ရာ စီမံကိန်းကို  အထက်ပိုင်းလူတွေကြားမှာ နှစ်များစွာ အတွင်းကျိတ် စီစဉ်လာပြီး ပြည်သူအကြား ဘွားခနဲ ချပြလိုက်တဲ့အတွက် လွှတ်တော် အမတ်အချို့လည်း မျက်လုံးပြူး သွားတယ်ဆိုပဲ။ သူတို့မှ မသိလိုက်ရဘဲကိုး။ သြော် ..လွှတ်တော် အမတ်ဆိုတာလည်း ရုပ်ရှင်ထဲက ရဲတွေလိုပါပဲလား။ ပွဲပြီးပြီဆိုမှ သူတို့ခမျာ သိရရှာတာ။ ကျုပ်တို့ပြည်သူကတော့ မိအေးဆယ်ခါ၊ ဆယ့်ငါးခါ နာခဲ့ပြီးသူတွေဆိုတော့ ကျပ်ဘီလီယံ ခုနစ်ထောင်နဲ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံလောက် ကုန်မယ်ဆိုတာလည်း ရင်မခုန်ပေါင်ဗျာ။ တော်ကြာ တန်ဖိုးနည်းအိမ်ရာ ဆိုသဟာတွေလို နောက်ဆုံးတော့ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ လက်ထဲရောက်ပြီး ဆင်းရဲသားက လမ်းဘေးမှာ တဲထိုးနေရတဲ့ ဘ၀က ဘ၀ပဲ ဖြစ်နေဦးမှာဆိုတာ သိနေပြီးသားမင့်ဟာ။
အခုတော့ ပြီးခဲ့တဲ့ မတ်လအတွင်းက အသစ်ပြဋ္ဌာန်းလိုက် တယ်ဆိုတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကို အတည်ပြုပြီး နောက်ပိုင်းတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေဟာ ငွေ ပမာဏ သိန်းတစ်ထောင်နဲ့ အထက်အပ်နှံတာ ဘာညာ ရှိလာတဲ့အခါ ဆိုင်ရာစစ်ဆေးရေးအ ဖွဲ့ကို သတင်းပို့ရမယ်လို့ဆိုတယ်။  အထက်မှာ ဘစီတို့ အစီရင်ခံခဲ့သလို နောက်ဆုံးသတင်းတွေအရ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ကလည်း ဟောဒီ ရွှေပြည်မှာ အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာလာသူတွေရဲ့ နောက်ကွယ်မှာ ဘာလုပ်ငန်းတွေ လုပ်နေသလဲဆိုတာ စုံစမ်းသွားတော့မှာ ဖြစ်ပါသတဲ့ဗျာ။
ဒါကြောင့် ပြောတာ။ သိပ် ကောင်းတဲ့အစီအစဉ်ပါလို့။ ရွှေပြည်ကြီးမှာ မွန်သူဌေး ဦးနာအောက်တို့လို၊ ကျွဲကျောင်းသားဘ၀ကနေ ဘဏ်သူဌေးတက်ဖြစ် လာတယ်ဆိုတဲ့  ရခိုင်အမျိုးသား ရဲကျော်သူတို့လို၊ တက္ကစီထောင်ပြီး ကြီးပွားသွားတဲ့ ပဲရော့ဦးဆန်နီတို့လို၊ ယောဂီသွေးဆေးနဲ့ သူဌေးဖြစ်တဲ့ ယောဂီဦးတင်တို့လို၊ နဂါးဆေးပေါ့လိပ်ပိုင်ရှင် နဂါးဒေါ်ဦးတို့လို ကိုယ့်ခွန်ကိုယ့်အားနဲ့ ကြိုးစားပြီး သူဌေးဖြစ်တဲ့သူတွေ တစ်ခါက ရှိခဲ့ဖူးပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့ဘာနဲ့ စမတ်ကျကျ ဖြစ်နေကြတဲ့ သူဌေးကြီးတချို့ရှိပါတယ်။ သူတို့ ဘယ်လိုကြီးပွား လာကြသလဲဆိုတာ ကျုပ်တို့ သိရရင် ကောင်းတာပေါ့ခင်ဗျ။
နောက်ပြီး ကျုပ်တို့ အစိုးရအဖွဲ့ထဲမှာ ငွေကြေးပြည့်စုံပြီး လုပ်ငန်းရှင်တစ်ပိုင်း ဖြစ်နေကြတဲ့ ၀န်ကြီးများကိုလည်း ထူးဆန်းစွာတွေ့နေရတယ်။ ဒီလောက်အလုပ်များတဲ့ ၀န်ကြီးအချို့ခမျာ တစ်ချိန်တည်းမှာ စီးပွားရေးအလုပ်ကိုပါ ကြီးပွားအောင် လုပ်နိုင်တာ အံ့စရာတစ်ပါးပါ။ ၀န်ကြီးလစာကို အရင်းတည်ကာ ဆွေစဉ်မျိုးဆက်  တစ်သက်စားမကုန် ပြည့်စုံကုံလုံနေပုံဟာ ဥရုဂွေးက ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဘွဲ့ရထားတဲ့သူကြီးကို လက်ဆွဲပြီးပြချင်စရာ။  ခမျာ ကြီးပွားအောင်မှ မလုပ်တတ်ရှာတာကိုး။
ကျုပ်တို့ အိမ်နီးချင်း ပေါက်ဖော်ကြီးတို့ တိုင်းပြည်မှာတော့ မော်စီတုံးအလွန် အာဏာရလာ တဲ့ တိန့်ရှောင်ဖိန်က ‘ချမ်းသာတာအလှ’ လို့ ပြောပြီး နိုင်ငံပိုင် ချုပ်ကိုင်ထားတဲ့ စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးကို သွားဖို့ သူ့နိုင်ငံသားတွေကို တပ်လှန့်ခဲ့တယ်။ အဲဒီနောက်ပိုင်း ပေါက်ဖော်ကြီးများ ချမ်းသာသွားပုံဟာ ကိုယ့်လူများ မြင်တဲ့အတိုင်းပဲ။  ကဲ.. ကျုပ်တို့  ရွှေပြည်ကြီးမှာကောဗျာ။ ကမ္ဘာကရင်သပ်ရှုမောရတဲ့ သူဌေးကြီးများရှိပေတဲ့ နိုင်ငံသားအများစုက ဆင်းရဲနေတော့ကာ သူတို့ရဲ့  ချမ်းသာမှုဟာ လှပတယ်လို့ ဆိုနိုင်ပါ့မလားခင်ဗျ။ လူတစ်ယောက်ကချမ်းသာပြီး လူတစ်ရာက ငတ်နေတယ်ဆိုရင် အနှီချမ်းသာမှုဟာတစ်ခုခုလွဲနေလို့ပေါ့ဗျာ။ ဒီအခါချမ်းသာတာဟာလည်း အပြစ်တစ်ခု ဖြစ်နိုင်တာပဲဟာ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါ သည်။)
7daydaily.com
ထူးထူးခြားခြားပဲဗျို့။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ချမ်းသာတဲ့သူများကို စစ်ဆေးအရေးယူတော့မတဲ့။ အချိန်တိုတိုအတွင်းမှာ အနှီပုဂ္ဂိုလ်တစ်ဦးဟာ ချမ်းသာလာပြီ ဆိုရင် သူ့နောက်ကွယ်မှာ ဘာ လုပ်ငန်းတွေရှိလို့ အဲသလို ချမ်းသာရသလဲဆိုတာကို  စုံစမ်းမှာဖြစ်သတဲ့ဗျ။ အဓိက ရည်ရွယ်ချက်ကတော့ ငွေကြေးခ၀ါချတဲ့ လုပ်ငန်းတွေနဲ့ ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေဟာ ဆက်စပ်ပတ်သက် နေသလဲဆိုတာကို ဖော်ထုတ်သွားမှာ ဆိုပဲ။သူများဥစ္စာ အစစ်အခံရ မှာ ၀မ်းတော့ သာစရာ မဟုတ်ပါဘူးခင်ဗျာ။ နို့ပေတဲ့ ကြံဖန်ဝမ်းသာ ဖို့ရန် ရှိတာကတော့ အဲဒီ အစုံအစမ်း အစစ်အဆေး ခံရမယ့် လူတွေထဲမှာ ကျုပ်တို့ရဲ့ အောက်ခြေ က သာမန်မြန်မာပြည်သူများ မပါဘူးဗျ။ ဘာကြောင့်ဆို ကျုပ်တို့က ဆင်းရဲတာကိုး။ ဆိုတော့ကာဖွတ်ကျောပြာစု ခရုဆန်ကျွတ် ဖြစ်တဲ့ ကျုပ်တို့ပြည်သူများနဲ့တော့ ဝေးလှတဲ့ ကိစ္စပေါ့ဗျာ။ ဒီတစ်ပွဲမှာ ကျုပ်တို့က ပွဲကြည့်ပရိသတ် လုပ်ရမှာခင်ဗျ။ အချိန်တိုတိုနဲ့ ချမ်းသာသွားကြတဲ့ သူတွေထဲ မှာ ဘယ်သူတွေများ ပါမလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းမှာပဗျာ။ ပြော သလို လုပ်ဖို့သာ လိုပါတယ်။
နေတိုးနဲ့ ကျော်ကျော်ဗို နှစ်ယောက်ပေါင်း ထူထောင်လိုက်တဲ့ ‘‘ပုံပြင်စာအုပ်’’
Photo: နေတိုးနဲ့ ကျော်ကျော်ဗို နှစ်ယောက်ပေါင်း ထူထောင်လိုက်တဲ့ ‘‘ပုံပြင်စာအုပ်’’
Monday, August 25, 2014
 ပြည်သူများအတွက် ဖျော်ဖြေရေးလုပ်ငန်းများ လုပ် ကိုင်သွားမည့်  "Story  Book Entertainment" ကို    သရုပ် ဆောင် နေတိုးနှင့် ကျော်ကျော်ဗို တို့ နှစ်ဦးပေါင်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။
‘‘နေတိုးနဲ့ အစ်ကိုစဉ်းစား ထားတာ ကြာပြီလေ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပေါ့။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာ လေးတွေ၊ ကိုယ်ဖျော်ဖြေချင်တဲ့ ဟာလေးတွေကို နာမည်တစ်ခုနဲ့ ဖန်တီးဖြစ်တာပါပဲ။ အဓိက ဘာ လုပ်မလဲဆိုတော့ ရုပ်ရှင်တွေရိုက် မယ်။ အဆင့်မြင့်ဗီဒီယိုကားတွေ ရိုက်မယ်။ စင်တွေမှာ အန်တာ တိန်းမန့်လုပ်တဲ့ဟာလေးတွေ လုပ်မယ်။ ဖျော်ဖြေမှုနဲ့ ပတ်သက် တာအကုန်လုပ်တယ်။ မာလ်တီမီဒီယာပေါ့’’ဟု ကျော်ကျော်ဗိုက ပြောသည်။
၎င်းတို့နှစ်ဦးက "Story Book Entertainment"တည်ထောင်သူ များဖြစ်ပြီး ယင်းလုပ်ငန်းတွင် တစ်ခြားသော အနုပညာရှင်များလည်း ပါဝင်ပူးပေါင်း    အားဖြည့်ထား ကြောင်း ကျော်ကျော်ဗိုက ပြော သည်။
"Story Book Enterta-inment" အနေဖြင့် ဇူလိုင်လက ဧရာဝတီတိုင်းဒေသကြီး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲ သုခုမအနုပညာဖျော်ဖြေပွဲကို စီစဉ်ပေးခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်များတွေ့ဆုံနိုင်မည့် အစီအစဉ်ကိုလည်း အကောင်အ ထည်ဖော်နေကာ နောက်ထပ် ဖျော်ဖြေရေးအစီအစဉ်များ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အနုပညာရှင်များဖြစ်သော တင်မောင်ဆန်းမင်း ၀င်း၊ ဟန်ဇာမိုးဝင်း၊ မင်းသွေး၊ အားတီ၊ ၀ါဆိုမိုးဦးတို့ ငါးဦးထဲမှ တစ်ဦးဦးကို    တွေ့ဆုံလိုသော ပရိသတ်များအား "Story Book Entertainment" ဖေ့စ်ဘွတ်တွင် ဖိတ်ခေါ်နေသည်။ အနုပညာရှင် တစ်ဦးကို ပရိသတ် ၃၀ နှုန်းဖြင့် သြဂုတ်လ   ၃၁   ရက်တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ တွေ့ ဆုံကြမည်ဖြစ်ပြီး ယင်းမြင်ကွင်း များကို  စက်တင်ဘာလလယ် လောက်တွင် မြ၀တီရုပ်သံလိုင်း၌ ပြသပေးသွားမည်ဖြစ်ကြောင်း ကျော်ကျော်ဗိုက ပြောသည်။
‘‘အဓိက ကိုကျော်ကျော်ဗို တို့ အလုပ်လုပ်တယ်ဆိုတာ အန် တာတိန်းမန့်တစ်ခုကို စုစုစည်း စည်းနဲ့ တကယ်ကွာလတီကောင်းကောင်းနဲ့ ဖျော်ဖြေတင်ဆက်ချင် တာကို  ဖန်တီးလို့ရအောင် ဒါ လေးကို စပြီးထူထောင်ဖြစ်လိုက် တာပေါ့။ ဒီအပေါ်မှာ တကယ့်ကို အန်တာတိန်းမန့်ကောင်းတစ်ခု ဖြစ်အောင် ဖန်တီးမယ်၊  စိတ်ကူး မယ်၊ ပုံဖော်မယ်။ ဒီအတွက် ကြောင့် ဒါလေးလုပ်ဖြစ်တာ။ ပရိ သတ်တွေ မြင်ကွင်းရှေ့ကိုလည်း အစ်ကိုတို့ ဖန်တီးထားတဲ့ အနု ပညာတွေ စီစဉ်ထားတဲ့အနုပညာ ပုံရိပ်တွေက အဆက်မပြတ် ရောက်လာတော့မှာပါ’’ဟု ကျော် ကျော်ဗိုက ပြောသည်။
"Story Book Enterta-inment" နှင့် နိုင်ငံတကာ အဆင့်မီ ကင်မရာများ ငှားရမ်းသော "ACE Digital Warehouse" တို့သည် ကျော်ကျော်ဗိုနှင့်    နေတိုးတို့၏ အနုပညာလုပ်ငန်း ပူးပေါင်းလုပ် ကိုင်မှုများဖြစ်သည်။
www.7daydaily
 ပြည်သူများအတွက် ဖျော်ဖြေရေးလုပ်ငန်းများ လုပ် ကိုင်သွားမည့်  "Story  Book Entertainment" ကို သရုပ် ဆောင် နေတိုးနှင့် ကျော်ကျော်ဗို တို့ နှစ်ဦးပေါင်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။‘‘နေတိုးနဲ့ အစ်ကိုစဉ်းစား ထားတာ ကြာပြီလေ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပေါ့။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာ လေးတွေ၊ ကိုယ်ဖျော်ဖြေချင်တဲ့ ဟာလေးတွေကို နာမည်တစ်ခုနဲ့ ဖန်တီးဖြစ်တာပါပဲ။ အဓိက ဘာ လုပ်မလဲဆိုတော့ ရုပ်ရှင်တွေရိုက် မယ်။ အဆင့်မြင့်ဗီဒီယိုကားတွေ ရိုက်မယ်။ စင်တွေမှာ အန်တာ တိန်းမန့်လုပ်တဲ့ဟာလေးတွေ လုပ်မယ်။ ဖျော်ဖြေမှုနဲ့ ပတ်သက် တာအကုန်လုပ်တယ်။ မာလ်တီမီဒီယာပေါ့’’ဟု ကျော်ကျော်ဗိုက ပြောသည်။
အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ
 Photo: အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ
Monday, August 25, 2014
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။
အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။
ဆီးရီးယားတွင် အစိုးရကို တော်လှန်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာချိန်တွင် ဗြိတိန်ရှိ အစ္စလာမ် လူငယ်အချို့သည် သူပုန်တပ်များထံ သွားရောက်ပူးပေါင်းခဲ့ပြီး ထို့နောက်တွင် IS တို့နှင့် ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ယခင်က ISIS ဟု လူသိများခဲ့သည့် စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူကာ အစ္စလာမ်မစ် နိုင်ငံတော် (IS)ဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဘာရီသည် ဆီးရီးယားတွင် တော်လှန်ရေး တိုက်ပွဲဝင်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဗြိတိန်မှ ထွက်ခွာသွားသူ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ် အချို့၏ အဆိုကို ကိုးကားပြီး Fox News က ဖော်ပြခဲ့သည်။ IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား သုံးဦးထက်မနည်း ပါဝင်သည့် အဖွဲ့ခွဲတစ်ခု ရှိနေပြီး ယင်းတို့ကို The Beatles ဟု ခေါ်ဝေါ်ကြကြောင်း၊ ဘာရီသည် ၎င်းတို့အနက် တစ်ဦးဖြစ်ကြောင်း Sunday Times နှင့် Sunday People သတင်းစာများက ဖော်ပြခဲ့သည်။
ဗြိတိန်ထောက်လှမ်းရေးဌာန MI5 နှင့် MI6 တို့ အနေဖြင့်မူ ဘာရီသည် ဖိုလေကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူအဖြစ် အခိုင်အမာ လက်ခံထားသော်လည်း လူသိရှင်ကြား မှတ်ချက်မျိုး မပေးသေးဟု ဆိုသည်။ ဖိုလေသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက ဆီးရီးယား မြောက်ပိုင်းတွင် ပြန်ပေးဆွဲ ခံရပြီး ပျောက်ကွယ်သွားကာ ပြီးခဲ့သည့် သီတင်းပတ်တွင်မှ ၎င်းကို သတ်ဖြတ်သည့် ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။
ဗြိတိန်ထောက်လှမ်းရေး အဖွဲ့အစည်းများက ဘာရီနှင့်အတူ လှုပ်ရှားနေသည့် IS အဖွဲ့ဝင်များအဖြစ် ဘာမင်ဂမ်မှ အသက်(၂၀)အရွယ် အဘူဟူစိန်အယ်လ် ဘရစ်တာနီ၊ ဟမ့်ရှိုင်းယားမှ အသက်(၂၃)နှစ်အရွယ် အဘူ အက်ဘ်ဒူလာ အယ်လ် ဘရစ်တာနီတို့ကိုလည်း ဖော်ထုတ် သိရှိထားကြောင်း သိရသည်။ Daily Mail က IS တို့ကြားတွင် ၎င်းတို့ကို ဂျွန်၊ ဂျော့ဂ်ျနှင့် ရင်ဂိုဆိုသော အမည်ဝှက်များဖြင့် လူသိများကြောင်းလည်း ဖော်ပြခဲ့သည်။
Daily Mail ၏ အဆိုအရ Beatles တို့သည် ဥရောပ နိုင်ငံများထံမှ ပေးချေခဲ့သည့် ပြန်ပေးငွေ အမြောက်အမြား ရှိနေပြီးနောက် ကူဝိတ်၊ သို့မဟုတ် ကာတာ တစ်နိုင်ငံတွင် အခြေချ အနားယူနိုင်လောက်အောင် ကြွယ်ဝနေပြီဟု ကြွားဝါလေ့ ရှိကြောင်းလည်း သိရသည်။ ဗြိတိန်နှင့် အမေရိကန်တို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ တောင်းဆိုသည့် ငွေကြေးကို ပေးချေသည့် မူဝါဒမျိုး မရှိသော်လည်း အခြားဥရောပ နိုင်ငံများတွင် ယင်းသတ်မှတ်ချက်မျိုး ပြဋ္ဌာန်း မထားချေ။
IS တို့သည် ဖိုလေအပြင် အခြား အမေရိကန် ဓားစာခံ သုံးဦးမျှကို ဖမ်းဆီးထားသည်ဟု ယူဆရပြီး ယင်းတို့အနက် တစ်ဦးသည် စတီဗန် ဆော့လော့ဖ်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂျွန်ဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွက ဖိုလေကို ခေါင်းဖြတ် သတ်ဖြတ်သည့် ဗီဒီယိုအတွင်း ဖော့လော့ဖ်၏ ပုံရိပ်ကို ဖော်ပြခဲ့ပြီး အမေရိကန်၏ အပြုအမူများအပေါ် မူတည်က ဆော့လော့ဖ်၏ ကံကြမ္မာကို ဆုံးဖြတ်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။
_Ref: Fox News
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။
အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။
အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သတိပေး
ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေး ရန် လှည်းကူးမြို့နယ် အုပ်ချုပ် ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။
အမြန်လမ်းဘေးရှိ  ဧက ထောင်နှင့်ချီသည့်  ရော်ဘာခြံများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး လက်ရှိ ရော်ဘာစိုက်ပျိုးရေးလုပ် ဆောင်နေသည့် လုပ်ငန်းရှင်များ နှင့် တပ်မ ၁၁၊ တပ်မတော်မှ ကျောထောက်နောက်ခံ ပြုထား သည့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) တို့အကြား ကာ လရှည်ကြာ အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။
လုပ်ကိုင်ခွင့် အငြင်းပွားနေ သည့် ယင်းမြေနေရာများတွင်လက်ရှိရော်ဘာစိုက်ပျိုးသူ ၆၀ ခန့် က အခိုင်အမာ စိုက်ခင်းများ စိုက် ပျိုးထားပြီး မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကလည်း ယင်းမြေနေရာသည် ၎င်းတို့ ပိုင်ဆိုင်သည့် နေရာဖြစ်ကြောင်း သတိပေးဆိုင်း ဘုတ်များ နေရာအနှံ့အပြားတွင် စိုက်ထူထားသည်။
အထက်ပေါင်းလောင်းစီမံကိန်း ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်မည်
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ဆောက် လျက်ရှိသော လျှပ်စစ်ဓာတ်အား ပေးစီမံကိန်းတစ်ခုဖြစ်သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားစတင် ထုတ်လွှတ်ပေးနိုင်တော့မည် ဖြစ် ကြောင်း သတင်းရရှိသည်။အထက်ပေါင်းလောင်းစီမံ ကိန်းမှာ ၉၅ ရာခိုင်နှုန်းကျော် ပြီး စီးနေပြီဖြစ်ပြီး အောက်တိုဘာ တွင် ဓာတ်အားစမ်းသပ်ထုတ် လွှတ်မည်ဖြစ်ကာ ၂၀၁၄ ဒီဇင်ဘာလမှစတင်၍ ဓာတ်အားဖြန့်ဝေ ပေးနိုင်မည်ဟု အမှတ် (၁) တည် ဆောက်ရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော် မင်းကပြောသည်။
Photo: အထက်ပေါင်းလောင်းစီမံကိန်း ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်မည်
Monday, August 25, 2014
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ဆောက် လျက်ရှိသော လျှပ်စစ်ဓာတ်အား ပေးစီမံကိန်းတစ်ခုဖြစ်သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ယခုနှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားစတင် ထုတ်လွှတ်ပေးနိုင်တော့မည် ဖြစ် ကြောင်း သတင်းရရှိသည်။
အထက်ပေါင်းလောင်းစီမံ ကိန်းမှာ ၉၅ ရာခိုင်နှုန်းကျော် ပြီး စီးနေပြီဖြစ်ပြီး အောက်တိုဘာ တွင် ဓာတ်အားစမ်းသပ်ထုတ် လွှတ်မည်ဖြစ်ကာ ၂၀၁၄ ဒီဇင်ဘာလမှစတင်၍ ဓာတ်အားဖြန့်ဝေ ပေးနိုင်မည်ဟု အမှတ် (၁) တည် ဆောက်ရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော် မင်းကပြောသည်။
‘‘စက်တင်ဘာလအတွင်းမှာ စက်အမှတ် (၁) ကိုစတင်စမ်းသပ် လည်ပတ်မှာဖြစ်ပါတယ်။ စက် အမှတ် (၂)ကိုတော့ အောက်တို ဘာလအတွင်းမှာ နေရှင်နယ် ဂရုပ်အတွင်းမှာ ထည့်ပြီးတော့ စမ်းသပ်လည်ပတ်သွားမယ်’’ဟု ဦးအောင်ဇော်မင်းကပြောသည်။
လက်ရှိတွင် ဓာတ်အားထိန်း ချုပ်ရေးတပ်ဆင်မှုနှင့်လုပ်ငန်း အချောသတ်ပြင်ဆင်မှု အပိုင်းသာ ကျန်ရှိတော့သည်ဟုဆိုသည်။
စီမံကိန်း ပြီးစီးသွားပါက ယင်းစီမံကိန်းမှတပ်ဆင်စက်အင် အား ၁၄၀ မဂ္ဂါဝပ်ထွက်ရှိမည် ဖြစ်ပြီး တစ်နှစ်ပျမ်းမျှဓာတ်အား ထုတ်လွှတ်မှု ၄၅၄ သန်းကီလိုဝပ် ရှိမည်ဖြစ်သည်။
 အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ်ပေးသည့် လျှပ်စစ်ဓာတ်အားများ ကို နန်ချောင်၊ အောက်ပေါင်း လောင်းရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများမှတစ်ဆင့် ပျဉ်းမနားဓာတ်အားလိုင်းခွဲစက်ရုံ သို့ ပို့ဆောင်ပေးမည်ဖြစ်ကာ ထိုမှ  တစ်ဆင့်နိုင်ငံအတွင်း ဓာတ်အားလိုအပ်လျက်ရှိသည့် ဒေသများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
 အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတည် ဆောက်ရန်အတွက် ဘတ်ဂျက် ငွေကျပ်သန်းပေါင်း ၃၁၂ ဘီလီယံ သုံးစွဲရန်လျာထားပြီး လက်ရှိတွင် ၂၈၀ ဘီလီယံကုန်ကျသုံးစွဲထားသည်။ တရုတ်နိုင်ငံမှ စက်ပစ္စည်းများဝယ်ယူကာ ဆွစ်ဇာလန်နိုင်ငံ ကိုလံဘိုကုမ္ပဏီ၏နည်းပညာများ ဖြင့် တည်ဆောက်လျက်ရှိသည်။
7daydaily
အထက်ပေါင်းလောင်းလျှပ်စစ်ဓာတ်အားပေးစီမံကိန်းလုပ်ငန်းခွင်ကို တွေ့ရစဉ်(ဓာတ်ပုံ − ကျင်ဆောင်)
အထက်ပေါင်းလောင်းလျှပ်စစ်ဓာတ်အားပေးစီမံကိန်းလုပ်ငန်းခွင်ကို တွေ့ရစဉ်
ဖုံးကွယ်ထားသော နိုင်ငံသားများ၏ တန်ဖိုးမြင့် သဘာဝအရင်းအမြစ်
Photo: ဖုံးကွယ်ထားသော နိုင်ငံသားများ၏ တန်ဖိုးမြင့် သဘာဝအရင်းအမြစ်
Monday, August 25, 2014
သဘာဝရင်းမြစ်များ လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တန်ဖိုးအကြီးမားဆုံး သဘာဝရင်းမြစ်တစ်ခုကို မည်သူတွေ ထုတ်ယူမြတ်စွန်းနေသည်ကို အစိုးရ တာဝန်ရှိသူများနှင့် ကာယကံရှင်ကုမ္ပဏီများကလွဲ၍ မည်သူကမျှ ရေရာစွာ သိရှိနိုင်ခြင်း မရှိသလို အစိုးရဘက်ကလည်း မိမိနိုင်ငံပိုင် စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှု အားနည်းလျက် ရှိနေသည်။
ကမ္ဘာတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု များပြားလှသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသော်လည်း ပြည်တွင်းသုံးစွဲမှုအတွက် လွန်စွာနည်းပါးနေသေးကာ စမ်းသပ်ဆဲ လုပ်ကွက်များမှ ထပ်မံတွေ့ရှိမှသာလျှင် သုံးစွဲရတော့မည်ဆိုသော အနေအထားတွင်သာ ရှိနေသေးသည်။
သဘာဝဓာတ်ငွေ့တင်ပို့မှုသည် နိုင်ငံပို့ကုန်ကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ရရှိလာသည့် အကျိုးအမြတ်များကို မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအပါအ၀င် အခြားမည့်သည့်ကဏ္ဍများတွင် ပြန်လည် အသုံးချနေသည်ကို ယနေ့ထက်တိုင် ပွင့်လင်းမြင်သာစွာ တွေ့မြင်ရခြင်း မရှိသေးပေ။
ယခင် တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ ပို့ကုန်တန်ဖိုး ၂ ဒသမ ၆ ဘီလီယံခန့် ရရှိခဲ့ပြီး ပြည်ပပို့ကုန်၏ ၃၀ ရာခိုင်နှုန်းကျော် အထိရှိခဲ့သည်။ အစိုးသစ်တက်လာပြီး နောက်ပိုင်းတွင်လည်း သဘာဝဓာတ်ငွေ့သည် ပြည်ပပို့ကုန်ကဏ္ဍ၏ ရှေ့ဆုံးမှ ဆက်လက် ရပ်တည်နေခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ တိုးမြင့်ရရှိခဲ့ပြီး စစ်အစိုးရ လက်ထက်မှ အစိုးရသစ်ကာလ ယခုအချိန်အထိ သဘာဝဓာတ်ငွေ့သည် အစိုးရအတွက် အကြီးမားဆုံး နိုင်ငံခြားငွေ အရင်းအမြစ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။
သို့သော် စစ်အစိုးရလက်ထက်မှသည် အစိုးရသစ်လက်ထက်ကာလအထိ တိုင်းသူပြည်သားများက တိုင်းပြည်၏ တန်ဖိုးအကြီးဆုံး သဘာဝအရင်းအမြစ်၏ အကျိုးအမြတ်ကို မည်သူက ရရှိခံစားနေသည်ကို သိရှိနိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ယခင် အစိုးရလက်ထက်ကတည်းက တိုင်းပြည်၏ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် သဘာဝဓာတ်ငွေ့ ရောင်းချရမှုကို မည်သို့အသုံးချခဲ့သည်ကို သိရှိခဲ့ရခြင်း မရှိသလို အစိုးရသစ်သက်တမ်း သုံးနှစ်ကျော်အထိလည်း မည်သည့်ကဏ္ဍ၊ မည်သည့်လုပ်ငန်းများတွင် တိုင်းပြည်အတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနေသည်ကို တွေ့မြင်ရခြင်း မရှိသေးဟု သဘာဝသယံဇာများနှင့် ပတ်သက်၍ သုတေသနပြုခဲ့ကြသည့် နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် သုတေသီ အဖွဲ့အစည်းများက တစ်သမှတ်တည်း မှတ်ချက်ပြုထားသည်။
ထုတ်လုပ်မှု၏ ခြောက်ပုံတစ်ပုံ
သြဂုတ်လဆန်းတွင် ထိုင်းအခြေစိုက် ပီတီတီအီးပီကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့နေ့စဉ် ကုဗပေသန်း ၂၄၀ ကို စတင်ထုတ်လုပ်ခဲ့သည်။ ပြည်တွင်း သုံးစွဲမှုအတွက် ဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ နှင့် ထိုင်းနိုင်ငံသို့ ကုဗပေ သန်း ၁၄၀ ပို့လွှတ်မှု စတင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကောင်အထည်ဖော်ခဲ့သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၈ ခုနှစ်ကတည်းက တိုတယ်ကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး နေ့စဉ် ထုတ်လုပ်နေသည့် ကုပဗေ သန်း ၈၀၀ အနက်မှ ပြည်တွင်းသုံးစွဲမှုအတွက် ကုဗပေ သန်း ၂၀၀ နှင့် ပြည်ပသို့ ကုဗပေ သန်း ၆၀၀ ပို့လွှတ်နေသည်။
ပက်ထရိုနတ်စ်ကုမ္ပဏီက ဆောင်ရွက်နေသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ နေ့စဉ်ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၅၀ ကို ပြည်ပသို့ အားလုံး ပို့လွှတ်နေသည်။ ဒေ၀ူးကုမ္ပဏီမှ ဦးစီးလုပ်ကိုင်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဓာတ်ငွေ့ပို့လွှတ်မှု စတင်ခဲ့ပြီး နေစဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ ထုတ်လုပ်နေပြီး ပြည်တွင်းသုံးစွဲမှုအတွက် ဓာတ်ငွေ့ ကုဗပေသန်း ၆၀ အသုံးပြု၍ ပြည်ပသို့ ကုဗပေ သန်း ၃၄၀ ကို ပို့လွှတ်ရောင်းချလျက်ရှိသည်။
ယနေ့အချိန်တွင် မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုမှ နေ့စဉ်ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၁,၈၀၀ ရှိသည့်အနက် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗဗေပေသန်း ၁,၅၀၀ ကို တင်ပို့နေပြီး ကုဗပေ သန်း ၃၀၀ ကျော်ကိုသာ ပြည်တွင်းအတွက် သုံးစွဲနေခြင်းဖြစ်သည်။
ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုမှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု ခြောက်ပုံတစ်ပုံကိုသာ ပြည်တွင်းအတွက် သုံးစွဲနေသော်လည်း ချုပ်ဆိုထားသည့် စာချုပ်များအရ သက်တမ်းအလိုက် ပြည်တွင်းသုံးစွဲမှုအတွက် တိုးမြှင့်မည့်အစီအစဉ်များ ရှိပါသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ဆိုသည်။
ဓာတ်ငွေ့အသုံးပြုမှု မရှိ၍ ရောင်းချခဲ့ရသည့် စမ်းသပ်ရှာဖွေသည့် ကမ်းလွန်လုပ်ကွက်များအနက် ဓာတ်ငွေ့ တွေ့ရှိရန် အလားအလာအကောင်းဆုံး လုပ်ကွက်ဖြစ်သော ပီတီတီအီးပီးကုမ္ပဏီမှ တူးဖော်နေသည့် မြစ်ဝကျွန်းပေါ်အနီးရှိ အမ်-၃ လုပ်ကွက်မှ ထွက်ရှိသည့် ဓာတ်ငွေ့ကိုမူ ပြည်တွင်းအတွက်သာ သုံးစွဲမည်ဟု စီစဉ်ထားသည်။
“နောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာ ဦးစားပေး သုံးစွဲသွားမှာဖြစ်လို့ ပြည်ပကို ရောင်းချတော့မှာ မဟုတ်ပါဘူး”ဟု စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်မှာ ကတိပေးထားသည်။
ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ ဖူဖူလုံလုံသုံးစွဲရန်အတွက် နှစ်ကုန်ပိုင်းတွင် ဆက်လက်တူးဖော်မည့် ဖွံ့ဖြိုးမှု အဆင့် (Develop) သတ်မှတ်ခံထားရသည့် အမ် -၃ လုပ်ကွက်အပေါ်တွင်သာ တည်မှီနေသည့် အနေအထား ရှိသည်။ ယင်းလုပ်ကွက်မှ ဓာတ်ငွေ့မည်မျှထွက်ရှိမည်ကို ခန့်မှန်း မရသည့်အခြေအနေတွင်သာ ရှိသေးသည်။
"အိမ်နီးချင်းနိုင်ငံများကို ဓာတ်ငွေ့ ရောင်းချခဲ့ရခြင်းသည် ယခင်အချိန်တုန်းက ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိသေး၍သော်လည်းကောင်း၊ နိုင်ငံနှင့် ပြည်သူများအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန် နိုင်ငံခြားငွေ လိုအပ်၍သော်လည်းကောင်း ထို့ကြောင့် ပြည်ပကို ရောင်းချခဲ့ရတာ ဖြစ်ပါသည်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြောင်းပြချက်ပေးခဲ့သော်လည်း ရရှိလာသည့် ငွေများကို မြန်မာနိုင်ငံ၏ မည့်သည့်အခြေခံအဆောက်အအုံများနှင့် မည်သည့်ကဏ္ဍများတွင် ပြန်လည်အသုံးချခဲ့သည်ကို ထပ်မံပွင့်လင်းမြင့်သာရန် လိုအပ်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ပိုင်ဆိုင်မှုနှင့် အလားအလာကောင်းများ
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုမှာ ကမ္ဘာတွင် အဆင့် ၄၁ ရှိပြီး ရေနံစိမ်းပိုင်ဆိုင်မှုမှာ အဆင့် ၇၈ ရှိသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူနိုင်ရန် ကုန်းတွင်းလုပ်ကွက် ၅၃ ကွက်၊ ကမ်းလွန် ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက် သတ်မှတ်ဖော်ထုတ်ထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ စွမ်းအင်ဆန်းစစ်ချက် အစီရင်ခံစာမှ တိုင်းတာ စမ်းသပ်ချက်အရ ရေနံစည် သန်း ၁၆၀၊ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀ ဒသမ ၁၁ ထရီလီယံရှိဟု အကဲဖြတ်ထားသည်။
လက်ရှိတွင် ကုန်းတွင်းလုပ်ကွက် ၁၇ ကွက်တွင် နိုင်ငံခြားကုမ္ပဏီ ၁၆ ခု ပါဝင်လုပ်ကိုင်နေပြီး ကမ်းလွန်လုပ်ကွက် ၂၀ တွင် နိုင်ငံခြားကုမ္ပဏီ ၁၅ ခုမှ စမ်းသပ်ရှာဖွေမှုနှင့် ထုတ်လုပ်မှုများကို လုပ်ကိုင်နေပြီး ဖြစ်သည်။၂၀၁၄ ခုနှစ်၊ မတ်လတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေမှုများအတွက် ရေတိမ်လုပ်ကွက် ၁၀ ကွက်နှင့် ရေနက်လုပ်ကွက် ၁၀ ကွက် အိတ်ဖွင့်တင်ဒါ ထပ်မံပေးခဲ့ပြီး ဖြစ်သည်။
ယင်းလုပ်ကွက်များမှ စမ်းသပ်တိုင်းတာချက်များအရ သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၁၁ ထရီလီယံ ကုဗေပေခန့်ရှိပြီး ရှာဖွေမှုများအရ များပြားစွာတွေ့ရှိနိုင်သည့် အလားအလာများ ရှိနေခြင်းဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က အကဲဖြတ်ဆိုထားခြင်း ဖြစ်သည်။
သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့သည်မှာ ၁၆ နှစ် ကြာမြင့်ခဲ့သည့် အချိန်ကာလအထိ ဓာတ်ငွေ့မှာ တိုင်းပြည်၏ ထိပ်တန်းဝင်ငွေအဖြစ် ရပ်တည်နေခဲ့ပြီး ပိုင်ဆိုင်နိုင်သေးသည့် သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၁၁ ထရီလီယံမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မည်သို့မည်ပုံ စီမံခန့်ခွဲထားသည်ကို နိုင်ငံသားများ သိရှိနိုင်ခြင်း မရှိသေးသော်လည်း ပြည်တွင်းမှ ဓာတ်ငွေ့သုံးစွဲမှု လိုအပ်ချက် မြင့်မားသည့် ဒဏ်ကိုမူ ခံစားနေရသည်။
ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ လိုအပ်ချက် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိလျက်ရှိနေသေးပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုတွင်လည်း လျှပ်စစ်မီး မရရှိခြင်းသည် နှောင့်နှေးစေသည့် အကြောင်းတရားအဖြစ် ရှိနေသည်။ တစ်ဖက်တွင် အာရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားသော ထိုင်းနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ၂၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရောင်းချထားသည့် တန်ဖိုးမြင့် ထုတ်ကုန် သဘာဝဓာတ်ငွေ့ထံမှ ရရှိနေခြင်းဖြစ်သည်။
ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး
ဂျီဒီပီ တိုးတက်ရေးအတွက် အရေးပါသည့် ရန်ကုန်တိုင်းမှ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးစွာ လည်ပတ်ရေးအတွက် အစိုးရမှ ပုဂ္ဂလိကဏ္ဍသို့ လျှပ်စစ်မီးပေးရန် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်။ သို့သော် အကောင်အထည်ဖော်မှုမှာ တစ်နှစ်ကျော်ကြာလာသည့် အချိန်အထိ လျှပ်စစ်မီးပေးမည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအားလုံးက တညီတညွှတ်တည်း အစိုးရဘက်မှ မပေးနိုင်သည့် ဓာတ်ငွေ့ဖြင့် လျှပ်စစ်ပေးရေးအစီအစဉ်ကို အားသန်ခဲ့သည့်အတွက် အကောင်အထည်မပေါ်လာသည်ကိုလည်း တွေ့ရသည်။
ဇောတိက သဘာဝဓာတ်ငွေ့စီမံကန်းမှ ထိုင်းနိုင်ငံသို့ စတင်ပို့လွှတ်မှုကို ဇူလိုင်လမှ စတင်ခဲ့သော်လည်း ပြည်တွင်းသုံးစွဲမှု လိုအပ်ချက် မြင့်မားခဲ့သည့်အတွက်လည်း ထိုင်းပီတီတီအီးပီကုမ်္ပဏီမှ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသတွင် ဓာတ်ငွေ့ပို့လွှတ်ရေးစခန်းတစ်ခုကို တည်ဆောက်ကာ မတ်လကတည်းက ပြည်တွင်းအတွက် ဓာတ်ငွေ့စတင် ပို့လွှတ်ပေးခဲ့ရသည်။
ရတနာ၊ ရဲတံခွန်၊ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ကုန်းတွင်းအခြေစိုက်စခန်း တည်ရှိရာ တနင်္သာရီဒေသတွင် ဒေသခံများက ပုဂ္ဂလိကလျှပ်စစ်မီး ရရှိရေးအတွက် တစ်ယူနစ်လျှင် ၆၀၀ ကျပ်ခန့်ဖြင့် ၀ယ်ယူ သုံးစွဲနေသည်။ ယင်းဒေသတွင် ပုဂ္ဂလိကမှ သဘာဝဓာတ်ငွေ့သုံး မဂ္ဂါဝပ် ၅၀၀ လျှပ် စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ရာ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံမှ ပြန်ဝယ်ယူရမည်ဖြစ်သည့်အတွက် အစိုးရ၏ တစ်ယူနစ်ဈေးထက် များပြားစွာပေးရဖွယ်ရှိနေသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ နောက်ဆုတ်သွားခဲ့သော အခြေခံအဆောက်အအုံ လိုအပ်ချက်များထဲတွင် လျှပ်စစ်လိုအပ်မှုသည် အဓိက အချက်အဖြစ် ရှိနေသည်။ အထက်တွင် ဆိုခဲ့သလို ဓာတ်ငွေ့ရောင်းချရခြင်းသည် တိုင်းပြည်၏ အခြေခံအဆောက်အအုံလို အပ်ချက်များကို ဖြည့်ဆည်းရန်ဟု ဆိုခဲ့သော်လည်း ၁၆ နှစ်အကြာတွင် အခြေခံအဆောက်အအုံ လိုအပ်ချက်များက များပြားနေဆဲပင် ဖြစ် သည်။
အစိုးရအက သဘာဝရင်းမြစ်ကောင်းကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုမရှိခြင်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံသားများထံသို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ထိခိုက်မှု ရှိနေသည်။
ကြီးမားသည့် ၀င်ငွေရင်းမြစ်
သဘာဝဓာတ်ငွေ့သည် အစိုးရအတွက် အကြီးမားဆုံး နိုင်ငံခြားငွေရင်းမြစ်၊ အရေး အကြီးဆုံးဝင်ငွေ ရင်းမြစ်ဖြစ်ပြီး ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံဂျီဒီပီ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိရန် မျှော်မှန်းထားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအ၀င် အခြားကျောက်မျက်ရတနာနှင့် သစ်စသည့် သဘာဝသယံဇာတများမှ ရရှိသည့် ၀င်ငွေအပေါ်တွင် အစိုးရအနေဖြင့် လွန်စွာမှီခိုနေရပြီး လက်ရှိတူးဖော်ထုတ်ယူမှုများမှ ၀င်ငွေများမရရှိဘဲ ဖြစ်နေသည်ဟုလည်း ၂၀၁၄ နှစ်လယ်ပိုင်းတွင် ထုတ်ပြန်သည့် အာရှဖောင်ဒေးရှင်းနှင့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့တို့မှ ပြုစုသည့် အစီရင်ခံစာတွင် သုံးသပ်ထားသည်။
သဘာဝသယံဇာတများသည် တစ်ချိန်တွင် ကုန်ခမ်းသွားနိုင်ကာ တူးဖော်ထုတ်ယူပြီး သယံဇာတ၀င်ငွေများကို ကောက်ခံနိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိပါဘဲ ရောင်းချရုံသက်သက်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နေပါသည်ဟု မဆိုနိုင်ဘဲ ယင်းသယံဇာတများကို မြေကြီးအောက်တွင် ထားသည်က ပို၍ကောင်းပါလိမ့်မည်ဟုလည်း ဆက်လက် သုံးသပ်ခဲ့သည်။
နိုင်ငံခြားငွေလိုအပ်၍ ရောင်းချခဲ့ရပါသည်ဆိုသော သဘာဝဓာတ်ငွေ့ကို ၁၉၉၈ ခုနှစ် စစ်အစိုးရလက်ထက်တွင် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းများဖြင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုနှင့် စတင်ခဲ့ သည်။
သဘာဝဓာတ်ငွေ့မှ ရငွေများကို ယင်းအချိန်များက ဈေးကွက်ပေါက်ဈေး မဟုတ်ဘဲ တရားဝင်ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ခြောက်ကျပ်နှုန်းဖြင့်သာ စာရင်းသွင်းခဲ့သောကြောင့် ဒေါ်လာသန်းပေါင်းများစွာ နိုင်ငံဘတ်ဂျက်တွင် စာရင်းသွင်းခဲ့ခြင်း မရှိကြောင်းကို Arakan Oil Watch က ဖော်ပြခဲ့ဖူးသည်။
ယခုနှစ်တွင် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ စတင်ပို့လွှတ်သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်တင်ပို့ခဲ့သည် ကန်ဒေါ်လာ သုံးဘီလီယံကျော်ထက် တင်ပို့မှု ၀င်ငွေ ပိုမိုမြင့်တက်ရရှိလာဖွယ် ရှိနေသည်။
သို့သော် မြန်မာနိုင်ငံ၏ အခွန်ရငွေများတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိနေသော်လည်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သယံဇာတတူးဖော် ထုတ်ယူသည့် လုပ်ငန်းကုမ္ပဏီများထံမှ အခွန် မည်မျှရရှိသည်ကို ရှင်းလင်းစွာ သိရှိရခြင်းမရှိဟု အာရှဖောင်းဒေးရှင်းနှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ သုတေသနပြုစုသူများက ဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအားလုံးသည် နိုင်ငံပိုင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဖြင့် ဖက်စပ်လုပ်ကိုင်ကြပြီး အများစုမှ ထုတ်လုပ်မှုအပေါ် ခွဲဝေမှုစာချုပ်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပါဝင်မှုအတွက် ၁၅ -၂၀ ရာခိုင်နှုန်းအကြား အကျိုးအမြတ် ရရှိနေသည်။
ဖုံးကွယ်ထားသည့် အရာများ
မြန်မာနိုင်ငံ၏ ကုမ္ပဏီအများစုသည် ပွင့်လင်းမြင်သာမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာများကို ပျက်ကွက်နေဆဲဖြစ်သည်ဟု စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အရင်းအမြစ်ဗဟိုဌာန (Business & Human Rights Resource Centre) က မီးမောင်းထိုးပြခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲမှုများအတွက် အကြိမ်အများဆုံး ဖြေရှင်းရန် တောင်းဆိုခံရသည့် ကဏ္ဍများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးသည် ၄၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။
ထို့အတူ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ နောက်ဆုံးရောင်းချမှုတွင် အမှန်တကယ် အကျိုးအမြတ်ရရှိသူများကို လုပ်ကွက်လုပ်ကိုင်ခွင့်ရရှိသူများက ဖုံးကွယ်ထားသည်ဟု ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် သဘာဝရင်းမြစ်များ ကာကွယ်ရန် ဖွဲ့စည်းထားသည့် Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်လက်၍ မြန်မာဘက်မှ ကုမ္ပဏီပိုင်ရှင်များကို စစ်တမ်းကောင်းယူရာတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ လျှို့ဝှက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ကို တွေ့ရှိရခဲ့ရပြန်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့်နေရာ၌ ရှိနေသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်များနှင့် ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လျှို့ဝှက်ဖုံးကွယ်ထားခြင်းကြောင့် တိုင်းပြည်၏ သဘာဝရင်းမြစ် ကဏ္ဍမှရရှိသည့် ၀င်ငွေများသည် သက်ဆိုးရှည်နေခဲ့သော အကျင့်ပျက်ခြစားမှုများအဖြစ် ဆုံးရှုံးသွားမည့် အန္တရာယ်ဘက်သို့သာ ပိုမိုများပြားလာသည့် သဘော ဖြစ်သည်။
နိုင်ငံတကာနှင့် ဖက်စပ်လုပ်ကိုင်သည့် မြန်မာကုမ္ပဏီ ၁၆ ခုအနက် နှစ်ခုသာလျှင် ကုမ္ပဏီပိုင်ရှင်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ပြောဆိုခဲ့ပြီး ကျန်ကုမ္ပဏီများက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
Global Witness မှ အကဲဖြတ်သူက “ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရပ်တည်နေတယ်ဆိုတာကို တိုင်းသူပြည်သားတွေ သိရှိနိုင်မှပဲ ရရှိတဲ့ နှစ်စဉ်ဝင်ငွေတွေဟာ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲကို ရောက်ဖို့ အခွင့်အရေး ပိုရှိမှာလည်းဖြစ်တယ်” ဟု ဆိုခဲ့သည်။
တိုင်းပြည်ဝင်ငွေ၏ ကန်ဒေါ်လာ သုံးဘီလီယံကျော်ကို ရှာဖွေပေးနေပြီး ကုဗပေ ၂၀ ထရီလီယံခန့် ရှိနေနိုင်သေးသည့် မြန်မာနိုင်ငံမှ များပြားလှသည့် သဘာဝဓာတ်ငွေ့ ချမ်းသာကြွယ်ဝမှုသည် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အကျိုးအမြတ်ရသူများကို လျှို့ဝှက်ဖုံးကွယ်မှုများ ရှိနေဆဲဖြစ်သလို သဘာဝဓာတ်ငွေ့က တိုင်းသူပြည်သားများနှင့်လည်း မသက်ဆိုင်သည့် လျှို့ဝှက်ထားသည့် အရာတစ်ခုလို ဖြစ်နေသည်။
Written by  သီဟကိုကို
mizzima
သဘာဝရင်းမြစ်များ လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တန်ဖိုးအကြီးမားဆုံး သဘာဝရင်းမြစ်တစ်ခုကို မည်သူတွေ ထုတ်ယူမြတ်စွန်းနေသည်ကို အစိုးရ တာဝန်ရှိသူများနှင့် ကာယကံရှင်ကုမ္ပဏီများကလွဲ၍ မည်သူကမျှ ရေရာစွာ သိရှိနိုင်ခြင်း မရှိသလို အစိုးရဘက်ကလည်း မိမိနိုင်ငံပိုင် စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှု အားနည်းလျက် ရှိနေသည်။
ကမ္ဘာတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု များပြားလှသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသော်လည်း ပြည်တွင်းသုံးစွဲမှုအတွက် လွန်စွာနည်းပါးနေသေးကာ စမ်းသပ်ဆဲ လုပ်ကွက်များမှ ထပ်မံတွေ့ရှိမှသာလျှင် သုံးစွဲရတော့မည်ဆိုသော အနေအထားတွင်သာ ရှိနေသေးသည်။
ရေခဲရေချိုးပြပြီး စိန်ခေါ်လှုံ့ဆော်ကြမယ်
Photo: ရေခဲရေချိုးပြပြီး စိန်ခေါ်လှုံ့ဆော်ကြမယ်
Monday, August 25, 2014
ရေခဲရေပုံးကို ခေါင်းကနေ လောင်းချိုးပြရင်း တယောက်ကိုတယောက် စိန်ခေါ်တဲ့ လုပ်ရပ်တမျိုး အခု တလော  ကမ္ဘာတလွှားမှာ လှုံ့ဆော်မှု တခုအဖြစ် အလွန်ပဲ ခေတ်စားလာနေပါတယ်။ 
ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ် ဇူကာဘတ် ကလည်း ရေခဲရေပုံး ခေါင်းကလောင်းချိုးပြရင်း မိုက်ကရို
ဆော့ဖ်သူဋ္ဌေးကြီး ဘီလ်ဂိတ်ကို စိန်ခေါ်တာကအစ ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဇစ် က အလယ်၊ နာမည်ကြီး မင်းသား မင်းသမီးတွေ အပြန်အလှန် စိန်ခေါ်မှုတွေနဲ့ အာရှတခွင်လည်း အလားတူ စိန်ခေါ်မှုတွေ၊ လှုံ့ဆော်မှုတွေက လူမှုကွန်ရက်တွေမှာ အတော်ပဲ ခေတ်စား လာနေပါတယ်။ 
အင်္ဂလိပ်ဘာသာနဲ့ Ice Bucket Challenge လို့ ခေါ်ဆိုတဲ့ အဲဒီ စိန်ခေါ်မှုဟာ amyotrophic lateral sclerosis (ALS) ရောဂါသတိပေးလှုံ့ဆော်မှုနဲ့ သုတေသနဆိုင်ရာ အလှူအတန်းကိစ္စအပေါ် အားပေးတဲ့ သဘောနဲ့ လှုံ့ဆော်တဲ့ လုပ်ရပ်လို့ ဝီကီပီဒီးယားက ရေးထားပါတယ်။ 
ဗြိတိန်မှာ လူတွေက Motor Neurone Disease Association အတွက် စိန်ခေါ်မှုမှာ ပူးပေါင်းပါဝင်ဖို့ သူတို့ ခေါင်း ပေါ် ရေခဲရေပုံးလိုက်လောင်းချပြီး အမည်နဲ့တကွ ဘယ်သူ့ကို အလားတူလုပ်ဖို့ စိန်ခေါ်တဲ့ ဗွီဒီယိုတွေ ရိုက်ကြတယ်တဲ့။ 
တဖက်က အမည်ထုတ်ပြောပြီး စိန်ခေါ်ခံရသူကလည်း ၂၄ နာရီအတွင်း အကြောင်းပြန်ပြီး အလားတူ လုပ်ပြတယ်။  ငွေကြေး အလှူအတန်း တုံ့ပြန်မှုတွေရဖို့ လုပ်ကြတာပါဘဲ။ 
ရေခဲရေ ပုံးလိုက်ခေါင်းက လောင်းချပြတဲ့ လုပ်ရပ်မျိုးဟာ အမေရိကန်မြောက်ပိုင်းမှာ လည်း 
ခေတ်စားပြီး အဓိက သုတေသန ဒါမှ မဟုတ် ရံပုံငွေ ရှာဖွေရေး နှိုးဆော်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝီကီပီဒီယားက ရေးထားပါတယ်။ 
ဧရာဝတီ
ဘီလ်ဂိတ်နဲ့ မာ့ခ် ဇူကာဘတ်
ဘီလ်ဂိတ်နဲ့ မာ့ခ် ဇူကာဘတ်
 ရေခဲရေပုံးကို ခေါင်းကနေ လောင်းချိုးပြရင်း တယောက်ကိုတယောက် စိန်ခေါ်တဲ့ လုပ်ရပ်တမျိုး အခု တလော  ကမ္ဘာတလွှားမှာ လှုံ့ဆော်မှု တခုအဖြစ် အလွန်ပဲ ခေတ်စားလာနေပါတယ်။ ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ် ဇူကာဘတ် ကလည်း ရေခဲရေပုံး ခေါင်းကလောင်းချိုးပြရင်း မိုက်ကရိုဆော့ဖ်သူဋ္ဌေးကြီး ဘီလ်ဂိတ်ကို စိန်ခေါ်တာကအစ ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဇစ် က အလယ်၊ နာမည်ကြီး မင်းသား မင်းသမီးတွေ အပြန်အလှန် စိန်ခေါ်မှုတွေနဲ့ အာရှတခွင်လည်း အလားတူ စိန်ခေါ်မှုတွေ၊ လှုံ့ဆော်မှုတွေက လူမှုကွန်ရက်တွေမှာ အတော်ပဲ ခေတ်စား လာနေပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Ice Bucket Challenge လို့ ခေါ်ဆိုတဲ့ အဲဒီ စိန်ခေါ်မှုဟာ amyotrophic lateral sclerosis (ALS) ရောဂါသတိပေးလှုံ့ဆော်မှုနဲ့ သုတေသနဆိုင်ရာ အလှူအတန်းကိစ္စအပေါ် အားပေးတဲ့ သဘောနဲ့ လှုံ့ဆော်တဲ့ လုပ်ရပ်လို့ ဝီကီပီဒီးယားက ရေးထားပါတယ်။
ရပ်ကွက်ပိုင်မြေများကို အကွက်ရိုက်၍ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး အလွဲသုံးနေဟုဆို
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကင်းမြို့နယ် စည်းရုံးရေးမှူးသည် မြို့နယ်အတွင်းရှိ မြန်မာ့မီးရထားမြေများ၊ ရပ်ကွက်ပတ်လမ်းနှင့် လမ်းမြေများကို အကွက်ရိုက်၍ မြေဂရန် လျှောက်ကာ ရောင်းချနေသည်ဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။
ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူးဖြစ်သူ ဒေါ်ခင်လေးမြင့်သည် ရန်ကင်း (၈)ရပ်ကွက်အတွင်းရှိ ရပ်ကွက်ပတ်လမ်းကို ဖျက်ကာ အကွက်ရိုက်ခြင်း၊ မီးရထားပိုင်မြေများကို အကွက်ရိုက်ကာ အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့်အပြင် အဆိုပါမြေများကို ဂရန်လျှောက်ထားခြင်းပင် ပြုလုပ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူ ဦးအောင်မိုးထွဋ်က ဆိုသည်။
“တချို့အကွက်တွေဆို သူ့အမည်ပေါက်နဲ့ ဂရန်ကျပြီးသားရှိတယ်။ ခုဆို ရပ်ကွက်ပတ်လမ်းတောင် မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် ရပ်ကွက်အတွင်းရှိ ရေမြောင်းများကို မြေများဖို့ကာ အကွက်ရိုက်၍ အဆောက်အအုံများ ဆောက်လုပ်ထားသဖြင့် မိုးကြီးလျှင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်နေသည်ဟု ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်သားတို့က ပြောသည်။
ရန်ကင်းမြို့နယ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူရက “မြေကွက်တွေက ဂရန်တွေ ကျပြီးသား။ ဒီမြေတွေမှာ ဂရန်ရှိတာတွေရှိသလို လျှောက်ထားတယ်လို့တော့ ကြားတယ်။ သေချာမသိဘူး။ ဒီမြေကိစ္စကို စည်ပင်က လာစစ်သွားတာရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။
ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိဟု အမျိုးသမီးငွေစုငွေချေးဖွံ့ဖြိုးရေးကွန်ရက် ဆို
Photo: ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိဟု အမျိုးသမီးငွေစုငွေချေးဖွံ့ဖြိုးရေးကွန်ရက် ဆို
Monday, August 25, 2014
ကျူးကျော်အိမ်မှ အခြေခံလူတန်းစားများ နေအိမ်ပိုင်ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး အမျိုးသမီးငွေစုငွေချေး ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က မြေကွက်များ ၀ယ်ယူပြီး တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ကာ အဖွဲ့ဝင် ၉၃ ဦးကို အိမ်နေရာများ ချထားပေးပြီးဖြစ်၍ ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိသည်ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောသည်။
ဒေါ်ဗန်လီဇာအောင်က“ကျူးကျော် ပြဿနာမှာဆိုရင် ဒီအိမ်ရာမဲ့ ပြဿနာပေါ့ များပြားလာတဲ့ ဥစ္စာကို ဖြေရှင်းလို့ မရဘူးဆိုတဲ့ ရှုထောင့်နဲ့နေနေတာ မှားတယ်လို့ ပြောချင်တယ်။ ဖြေရှင်းလို့ရတယ်။ လေးနှစ်ငါးနှစ်တာ လုပ်ဆောင်ရတဲ့ အတွေ့အကြုံနဲ့ ပြောတာ”ဟု ပြောသည်။
သြဂုတ်လ ၂၄ ရက်က တီးတိန်နှစ်ခြင်းအသင်းတော်တွင် ဆင်းရဲမှုဘ၀ကျရောက်နေသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
အဆိုပါကွန်ရက်တွင် အဖွဲ့ပေါင်း ၃၀ နှင့် အဖွဲ့ဝင်ပေါင်း ၁,၀၀၀ ကျော်တို့ ချိတ်ဆက်ထားပြီး အဖွဲ့ဝင်များထဲမှ အဖွဲ့ဝင် ၉၃ ဦးကို မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် ဒေါနလမ်း၊ ပေ ၂၀၀ x ၁၀၀ တွင် အိမ်အခန်း ၃၀၊ လှိုင်သာယာ၊ ဗိုလ်အောင်ကျော်လမ်း၊ ၂၃ ရပ်ကွက်ရှိ ပေ ၁၂၀ x ၆၀ တွင် အိမ် ၁၀ ခန်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာရှိ ပေ ၂၂၀ x ၂၁၀ တွင် အိမ် ၄၁ ခန်း အိမ်ရာများ ချထားပေးပြီဟု သတင်းထုတ်ပြန်သည်။
ငွေစုငွေချေးဥက္ကဋ္ဌ ဒေါ်ခင်ယုမော်က“ငွေစုထားတဲ့ ငွေတွေနဲ့ မြေတွေဝယ်တယ်။ တစ်နှစ်ပြည့်တဲ့သူတွေကို အိမ်ရာပေးတယ်။ ငွေစုလာတာ တစ်သိန်းရှိရမယ်။ တစ်ပတ်ကို တစ်ထောင်စုတယ်”ဟု ပြောသည်။
အဆိုပါအိမ်ရာနေထိုင်သူများတွင် ၉၀ ရာခိုင်းနှုန်းမှာ ကျူးကျော်များဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူများဖြစ်သည်ဟု အဆိုပါကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အုန်းမြိုင်က မဇ္ဈိမကို ပြောသည်။
မဇ္ဈိမ
၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုးသမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက်တို့မှ ပြုလုပ်ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်းပွဲကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို
၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုးသမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက်တို့မှ ပြုလုပ်ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်းပွဲကို တွေ့မြင်ရစဉ်။
ကျူးကျော်အိမ်မှ အခြေခံလူတန်းစားများ နေအိမ်ပိုင်ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး အမျိုးသမီးငွေစုငွေချေး ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က မြေကွက်များ ၀ယ်ယူပြီး တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ကာ အဖွဲ့ဝင် ၉၃ ဦးကို အိမ်နေရာများ ချထားပေးပြီးဖြစ်၍ ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိသည်ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောသည်။
ဒေါ်ဗန်လီဇာအောင်က“ကျူးကျော် ပြဿနာမှာဆိုရင် ဒီအိမ်ရာမဲ့ ပြဿနာပေါ့ များပြားလာတဲ့ ဥစ္စာကို ဖြေရှင်းလို့ မရဘူးဆိုတဲ့ ရှုထောင့်နဲ့နေနေတာ မှားတယ်လို့ ပြောချင်တယ်။ ဖြေရှင်းလို့ရတယ်။ လေးနှစ်ငါးနှစ်တာ လုပ်ဆောင်ရတဲ့ အတွေ့အကြုံနဲ့ ပြောတာ”ဟု ပြောသည်။