Sunday, August 31, 2014

မေမြတ်နိုး၏ Miss Asia Pacific World သရဖူ ရုပ်သိမ်းခံရ မှုအား နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှုက နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေသလိုဖြစ်နေ

၂ဝ၁၄ ခုနှစ်အတွက် Miss Asia Pacific World ဆုကို ရရှိထားသည့် မြန်မာအလှမယ် မေမြတ်နိုးသည် လက်မခံနိုင်သော အပြု အမူများ ဆောင်ရွက်ခဲ့သည်ဟု ပြိုင်ပွဲစီစဉ်သူက စွပ်စွဲပြောကြားခဲ့ပြီး ၎င်းသည် ကုန်ကျစရိတ်အခမဲ့ ရင်သားခွဲစိတ်မှုကို ခံယူ၍ အလှမယ် သရဖူနှင့် အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းအလှမယ်ပြိုင်ပွဲ စီစဉ်သူက ပြောကြားခဲ့ကြောင်း သိရသည်။

လယ်မြေသိမ်းဆည်းခံရမှုများအပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် တောင်သူလယ်သမား ၁၀၀၀ ကျော် မအူပင်၌ ဆန္ဒပြ

Photo: လယ်မြေသိမ်းဆည်းခံရမှုများအပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် တောင်သူလယ်သမား ၁၀၀၀ ကျော် မအူပင်၌ ဆန္ဒပြ
Sunday, August 31, 2014

လယ်မြေသိမ်းဆည်း ခံရမှုများအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် တောင်သူလယ်သမား ၁ဝဝဝ ကျော် မအူပင်မြို့နယ်၌ ဩဂုတ် ၃ဝ ရက် နေ့လယ်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ လပ္ပတာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဇလွန်၊ ဟသာင်္တ စသော ဧရာဝတီတိုင်းမြို့နယ်မှ လယ်သမားများသည် ၎င်းတို့နယ်တွင် ကြုံ တွေ့နေရသော လယ်ယာမြေအခက်အခဲများအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လယ်သမားအင်အား ၁၂ဝဝ ခန့်သည် နံနက် ၉ နာရီခန့်တွင် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် ရေလဲလမ်းဆုံတွင် လူစု၍ ရေလဲလမ်းတစ်လျှောက်မှ မင်းလမ်းနှင့်(၃)လမ်းထိပ်အထိ၊ ကမ်းနားလမ်းမှရေလဲ လမ်းဆုံစုရပ် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးရှေ့) အထိ လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်းဖြစ်ကာ တောင်သူလယ်သမားများ နစ်နာမှုမရှိရေး ဆောင်ရွက်ပေး၊ ဘက်လိုက်သော လယ်/ စီ အလိုမရှိ၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရရှိရေး စသောကြွေးကြော်သံများကို ဆန္ဒပြရာလမ်းတစ်လျှောက် ကြွေးကြော်ခဲ့ကြသည်။

အစိုးရ၏ လယ်ယာမြေသိမ်းဆည်းခံရ မှုများအပေါ် စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် ရည်ရွယ်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကာ မြို့နယ်အသီးသီးမှ လယ်ယာမြေ သိမ်းဆည်း ခံရသော လယ်သမားများသည် လယ်ယာမြေ ပြန်လည် မရရှိသေးခြင်း၊ ပြန် လည်စွန့်လွှတ်သော ဧရိယာတွင် ပါဝင်သော်လည်း လက်ဝယ်မရရှိသေးခြင်း၊ ကုမ္ပဏီနှင့် ဝန်ကြီးဌာန အသီးသီးက မူလသိမ်းဆည်းခဲ့သော လယ်မြေများကို သီးစားပြန်လည်ချပေးခဲ့ပြီး လယ်ယာမြေပြန်လည်ပေးရာတွင် မူလလယ်သမားများကို ပြန်မပေးဘဲ သီးစားချထားသော လယ်သမားကိုသာ လက်သင့်ရာပေးနေခြင်း၊ ပြည်ထောင်စုအစိုးရက ပြန်လည်စွန့်လွှတ်သော လယ်ယာမြေများကို လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှတစ်ဆင့် ပြုလုပ်နေရာ ယင်းကော်မတီတွင် မူလသိမ်းဆည်းစဉ်က ပါဝင်ခဲ့သော မြို့နယ်ထွေအုပ်များနှင့် မြေစာရင်းဌာနတို့ ပါဝင်နေခြင်းတို့အပေါ် ကန့်ကွက်ဆန္ဒ ပြခဲ့ခြင်းဖြစ်သည်။

“လယ်ယာမြေသိမ်းဆည်းခံရမှုတွေက တစ်ဧကမှဥပဒေနဲ့အညီ သိမ်းဆည်း ရယူခဲ့တာမရှိဘူး။ ပြန်ပေးဖို့ကျတော့ဥပဒေနဲ့ အညီဆိုတဲ့စကားကို ထပ်ခါထပ်ခါပြောနေကျ တယ်။ တကယ်ဆို လယ်သမားတွေက စာတွေ၊ ဥပဒေတွေကို နားမလည်ပါဘူး။အဲဒီ အချက်အလက်ကိုအသုံးချပြီး သိမ်းတုန်းကလည်းသိမ်းတယ် ပြန်ပေးမယ့်အခါကျတော့ လည်း အစိုးရကဖွဲ့ပေးထားတဲ့ လယ်/စီက လှည့်ပတ်နေတာတွေ ဧရာဝတီတိုင်းမှာ အများကြီးတွေ့ရတယ်” ဟု ပုသိမ်မြို့နယ်က လယ်သမားအရေး ဆောင်ရွက်သူ ကိုကြည်လွင်က ဟောပြောခဲ့သည်။

လယ်သမားအရေး ဆောင်ရွက်သူများ ဖြစ်သည့် ကိုဇော်ရမ်း၊ ကိုအောင်မြင့်တို့ လည်း ဟောပြောခဲ့ပြီး အဓိကအားဖြင့် နိုင်ငံ တော်သမ္မတနှင့် လွှတ်တော်အပေါ် လယ်ယာ မြေ စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက်ဝေဖန်ခဲ့ပြီး လယ် ယာမြေပြဿနာများ မဖြေရှင်းပေးနိုင်ပါက တိုင်းပြည်တိုးတက်မှု နောက်ကြောင်း ပြန် လှည့်နိုင် သည်ဟု ဟောပြောခဲ့ကြသည်။

ဆန္ဒပြလယ်သမား ၁၂ဝဝ သည် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မအူပင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရုံးရှေ့သို့ရောက်ရှိခဲ့ကြ ပြီး ဆန္ဒပြခြင်းကို အဆုံးသတ်ခဲ့ကြကာ မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကလည်း လယ်ယာမြေအခက်အခဲ များအတွက် အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

“လယ်/စီမှာက သိမ်းထားတဲ့သူတွေ ပြန်ပါနေတော့ တရားခံက တရားသူကြီးပြန် လုပ်သလိုဖြစ်နေတယ်။ သူ့တရားသူ အေးဆေးစီရင်လို့ ရတာပေါ့။ အခုမအူပင်မှာတင် အသိမ်းခံမြေဧက ၅ သောင်းကျော်ရှိတယ်။ သိမ်းတာက တပ်မတော်ပါတယ်။ ဝန်ကြီးဌာနတွေပါတယ်။ ကုမ္ပဏီတွေကလည်း သူတို့သိမ်းထားတဲ့ လယ်တွေကို ပြန်မပေးချင်လို့ အမျိုးမျိုးလှည့်ပတ်နေတယ်။ လျော်ပေးတဲ့ ဧရိယာတွေမှာလည်း လယ်/စီတွေက ကာလ တန်ဖိုးမပေးတာတွေလည်းရှိတယ်။ အဲဒါကိုလည်း လွှတ်တော်မှာ ကျွန်တော်တို့တင်ပြသွားဖို့ စီစဉ်ထားပါတယ်” ဟု မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

မအူပင်တွင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်သော ယခုဆန္ဒပြပွဲသည် တောင်သူလယ်သမားဦးရေ အများဆုံး ပါဝင်သော ဆန္ဒပြပွဲဖြစ်ပြီး၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကလည်း ရန်ကုန်တွင် လယ်သမားဦးရေ ၅ဝဝ ခန့် ဆန္ဒပြခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group 

လယ်ယာမြေသိမ်းဆည်းခံရမှုအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းဖြင်း အတွက် တောင်သူလယ်သမားများက သြဂုတ် ၃၀ ရက်က မအူပင်တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ-သက်မင်း)
လယ်ယာမြေသိမ်းဆည်းခံရမှုအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းဖြင်း အတွက် တောင်သူလယ်သမားများက သြဂုတ် ၃၀ ရက်က မအူပင်တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ-သက်မင်း)
လယ်မြေသိမ်းဆည်း ခံရမှုများအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် တောင်သူလယ်သမား ၁ဝဝဝ ကျော် မအူပင်မြို့နယ်၌ ဩဂုတ် ၃ဝ ရက် နေ့လယ်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။