Monday, September 1, 2014

Video Call ခေါ်ဆိုနိုင်သည့် တရုတ်ဟန်းဆက်များ မန္တလေးဈေးကွက်တွင် အရောင်းသွက်နေပြီး တံဆိပ်အသစ်များ ထပ်မံဝင်ရောက်လာဖွယ်ရှိနေ


Photo: Video Call ခေါ်ဆိုနိုင်သည့် တရုတ်ဟန်းဆက်များ မန္တလေးဈေးကွက်တွင် အရောင်းသွက်နေပြီး တံဆိပ်အသစ်များ ထပ်မံဝင်ရောက်လာဖွယ်ရှိနေ
Monday, Setember 1, 2014

မန္တလေး မြို့ ဟန်းဆက်ဈေးကွက်အတွင်းသို့ Video Call စနစ် အသုံးပြုနိုင်သည့် ဟန်းဆက်အမျိုးအစားများ အလုံးအ ရင်း ဝင်ရောက်လာလျက်ရှိရာ အများ စုမှာ တရုတ်နိုင်ငံထုတ်များဖြစ်ပြီး ဈေးနှုန်းသင့်တင့်မှုရှိသောကြောင့် ဝယ်ယူအသုံးပြုသူ များပြားလျက်ရှိ ကြောင်း ဖုန်းအရောင်းဆိုင်များထံမှ သိရသည်။
ဟန်းဆက်တစ်လုံးလျှင် ဈေးနှုန်း အားဖြင့် ကျပ်တစ်သိန်းအောက်သာ ရှိသော်လည်း သုံးစွဲရအဆင်ပြေသည့် အရည်အသွေးပိုင်းရှိပြီး အော်ရီဒူး ဆင်းမ်ကတ်များကို ချထားပြီးချိန်မှ စတင်၍ Video Call စနစ်အသုံး ပြုနိုင်သော ဟန်းဆက်များမှာ တံ ဆိပ်မျိုးစုံဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလအတွင်း ချထားပေး မည့် တယ်လီနော ဆင်းမ်ကတ်များတွင် လည်း Video Call စနစ်ကို ထည့် သွင်း ထားမည်ဖြစ်သဖြင့် ဟန်းဆက် ဈေးကွက်တွင် Video Call စနစ် အသုံးပြုနိုင်သည့် ဟန်းဆက်အမျိုးအ စားများမှာ အရောင်းပိုမိုသွက်လာ ဖွယ်ရှိသောကြောင့် အရောင်းဆိုင် များက ပစ္စည်းပြတ်လပ်မှုမရှိစေရန် ကြိုတင်ပြင်ဆင်ထားကြောင်း မန္တလေး မြို့ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ ပိုင်ရှင်တစ်ဦးက ပြောသည်။
''အဓိက,ကတော့ ဖုန်းခေါ်တဲ့ အခါမှာ အသံပဲကြားရတော့တာမ ဟုတ်ဘဲရုပ်ပါမြင်ပြီး ဖုန်းပြောလို့ရတာ ဆိုတော့ ဖုန်းကိုင်တဲ့သူတော်တော် များများက စိတ်ဝင်စားကြတာဖြစ် ပါတယ်။ ဈေးကွက်ထဲမှာ ဦးဆောင် နေတဲ့ Huawei ဟန်းဆက်တွေမှာ က ကျပ်နှစ်သိန်းနီးပါး ဈေးရှိတဲ့ အမျိုးအစားတွေမှာတောင် Video Call ခေါ်လို့မရတာကြောင့် ဈေး သက်သာတဲ့တခြားတံဆိပ်တွေ ဝင် ရောက်လာနေတာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ MPT ဖုန်းကတ် တွေမှာ Video Call စနစ်မပါဝင်တာ ကြောင့် မိုဘိုင်းဖုန်းအသုံးပြုတဲ့သူ တွေက Video Call ခေါ်လို့ရတဲ့ ဟန်း ဆက်တွေကို စိတ်ဝင်စားမှုမရှိတာ ကြောင့် အရောင်းဆိုင်တွေဘက်က လဲ တင်သွင်းရောင်းချမှု မရှိသ လောက်ပါပဲ။
အခုကျတော့ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေ ကနေ ချထားပေးတဲ့ဖုန်းကတ်တွေ မှာ Video Call စနစ်ပါဝင် လာတာ ကြောင့် ဈေးကွက်ထဲကို Video Call ခေါ်လို့ရတဲ့ ဟန်းဆက်တွေ အလုံး အရင်းနဲ့ ဝင်ရောက်လာကြတာ ဖြစ် ပါတယ်''ဟု ယင်းက ထပ်မံရှင်းပြ သည်။
လက်ရှိဈေးကွက်အတွင်း အသစ် ဝင်ရောက်လာသည့် Coolpad တံ ဆိပ်ဟန်းဆက်များတွင် Video Call စနစ်ကိုအသုံးပြုနိုင်သည့် အမျိုးအ စားမှာ ဈေးနှုန်းအားဖြင့် ကျပ် ၈ဝဝဝဝ ဝန်းကျင်သာရှိသောကြောင့် ပိုမိုအရောင်းသွက်ပြီး ထိုင်းနိုင်ငံ ထုတ် TWZ တံဆိပ်များလည်း စတင် ဝင်ရောက်လာလျက်ရှိကြောင်း သိရ သည်။
KSA မန္တလေး မြို့ ဟန်းဆက်ဈေးကွက်အတွင်းသို့ Video Call စနစ် အသုံးပြုနိုင်သည့် ဟန်းဆက်အမျိုးအစားများ အလုံးအ ရင်း ဝင်ရောက်လာလျက်ရှိရာ အများ စုမှာ တရုတ်နိုင်ငံထုတ်များဖြစ်ပြီး ဈေးနှုန်းသင့်တင့်မှုရှိသောကြောင့် ဝယ်ယူအသုံးပြုသူ များပြားလျက်ရှိ ကြောင်း ဖုန်းအရောင်းဆိုင်များထံမှ သိရသည်။

ဦးစံလင်းတစ်ယောက် နတ်နဲ့နဂါးကို လှည့်ဖျားနေတာလား

အငြင်းပွားဖွယ်ရာ ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်အရေး မြန်မာနည်း မြန်မာ့ဟန်နဲ့ ဆယ်ယူရာမှာ အဂ္ဂဝိဇ္ဇာနည်းအရ နောက်ဆုံးအဆင့်ကို ရောက်နေတာကြောင့် ခေါင်းလောင်းနဲ့ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်ဖို့ မရှိဘူးလို့ ခေါင်းလောင်ရှာဖွေရေး ကြီးကြပ်တဲ့အဖွဲ့က သြဂုတ် ၂၉မှာ ပြောဆိုခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဒီခေါင်းလောင်းရှာဖွေမှု မြန်မာပြည်သူ အလိမ်ခံနေရတာလား။ခေါင်းလောင်းရှာဖွေမှုနဲ့ နီးကပ်တဲ့ သာကေတ ရှုခင်းသာတဝိုက် နေ့စဉ်လူတွေ ထောင်နဲ့ချီ စောင့်ကြည့်နေဆဲဖြစ်ပြီး နတ်တွေ၊ နဂါးတွေ၊ ဂန္ဘီရတွေ၊ ဝိဇ္ဇာတွေအကြောင်း ကောလဟာလမျိုးစုံ ပေါ်ထွက်ခဲ့တာဟာ ရှာဖွေသူ ဦးစံလင်းက နဂါးသိုက်စောင့်ရှောက်ထားတဲ့ ဓမ္မစေတီခေါင်းလောင်း ရှာတွေ့ပြီလို့ ကြေညာချက်ထုတ်ခဲ့ချိန်မှာပဲ ဖြစ်ပါတယ်။ယုဇနဥယျာဉ်မြို့တော်ကနေ ရန်ကုန်မြစ်ကမ်းနားအထိ ခေါင်းလောင်းအကြောင်း စိတ်ဝင်တစား လာကြည့်တဲ့ ကိုဝေဖြိုးအောင်က နဂါးကို ဖမ်းမိထားတယ်ဆိုလို့ လာကြည့်တာလို့ပြောပါတယ်။ ခေါင်းလောင်းကို တွေ့ပြီလို့ကြေညာပြီး ခေါင်းလောင်းတည်ရှိရာနေရာကို အတိအကျ သက်သေမပြနိုင်တဲ့အတွက် သူက သံသယရှိနေပါတယ်။

ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး

 Photo: ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး
Monday, Setember 1, 2014

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင်ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။
ရေကာတာ ကျိုးပျက်၍ ဆင်းကွတ်ကျေးရွာ၊ မင်းကျောင်းကျေးရွာနှင့် ပဂိုးကုန်းကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး မျိုးစပါးတင်း တစ်ထောင်နီးပါးခန့် ရေဝင်၍ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းနှင့် ပဂိုးကုန်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။
“ရေဝင်တဲ့အချိန်က မနက်ပိုင်း ဆိုပေမယ့် ရေစီးအားက အတင်းသန်တယ်။ စပါးကျီထဲက မျိုးစပါးတွေ ဆွဲထုတ်ဖို့ မပြောနဲ့ အိမ်ပေါ်က ပစ္စည်းတွေတောင် မသယ်လိုက်နိုင်ဘူး။ မင်းကျောင်းကတော့ တစ်ရွာလုံးနီးပါး ပဲမျိုးစပါးတွေ အကုန်ပျက်စီးသွားတယ်။ အခုထိ စပါးကျီထဲမှာပဲ မထုတ်ရသေးဘူး အားလုံး ရေစိုပြီး ပျက်ဆီးကုန်ပြီ၊ ကြိတ်လို့လဲ မရတော့ဘူး” ဟု မင်းကျောင်းကျေးရွာနေ တောင်သူ ဦးမျိုးဆွေက ဆိုသည်။
သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ရေဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်တွင် ရေပြန်ကျသွားခဲ့သော်လည်း ရွာအတွင်း ပျက်စီးမှုများ ရှိသည့်အတွက် ရွာထဲတွင် မနေနိုင်သေးဘဲ ရွှေဘို-ကျောက်မြောင်း ကားလမ်းမကြီးပေါ်တွင် နေထိုင်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရေကျတယ် ဆိုပေမယ့် နှစ်ရက် သုံးရက် ဒါမှမဟုတ် တစ်ပတ်နေမှ ရွာထဲ ပြန်နေလို့ရမယ်။ တချို့အိမ်မြင့်တဲ့ သူတွေတော့ ပြန်နေတာ ရှိတယ်။ ဒီလိုပဲ ရေထဲဖြတ်ပြီး သွားရတာပေါ့။ ရွာအဝင်မှာကို ရေက လူကြီးရင် ခေါင်းလောက်တော့ မြုပ်သေးတယ်၊ ဒီနေ့ထိ” ဟု မင်းကျောင်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ဝင်ရောက်လာသည့် ရေမျိုးမင်းကျောင်း ကျေးရွာတွင် နေထိုင်စဉ် မကြုံဖူးသေးဘဲ ယခင်က မိုးကြီးချိန် ရေဝင်မှု ရှိသော်လည်း ယခုကဲ့သို့ အလုံးအရင်း ဝင်ရောက်လာခြင်း မဟုတ်ကြောင်း၊ ယခုရေဝင်မှုကြောင့် မျိုးစပါးများအပြင် စားသုံးရန် စုဆောင်းထားသည့် ဆန်များပါ ရေမြုပ်ပျက်စီးခဲ့ကြောင်း မင်းကျောင်းရွာမှ ဦးလှမော်က ပြောကြားသည်။
မင်းကျောင်းရွာမှာ မြေနိမ့်ပိုင်းတွင် ရှိသောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ရပြီး ဆင်းကွက်ရွာနှင့် ပဂိုးကုန်းရွာတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကာ မင်းကျောင်းရွာ တစ်ရွာတည်းတွင်ပင် မျိုးစပါးတင်း ခုနစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ကောက်ခံရရှိထားသည့် စာရင်းများပေါ် မူတည်၍ မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဆင်းကွတ်ဆည် ရေကာတာမှ ရှပ်တန်း ကျိုးကျခဲ့ခြင်းကြောင့် ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် သြဂုတ်လ ၃၀ ရက်မှစ၍ ရေဝင်ရောက်မှုများ ရှိခဲ့ပြီး အိမ်ခြေပေါင်း လေးရာကျော် ရေဝင်ရောက်ခဲ့ပြီး လူဦးရေ နှစ်ထောင်ကျော်ခန့် ရေဘေးသင့်ခဲ့ကြောင်း ကယ်ဆယ်ရေး စခန်းများ၏ စာရင်းများအရ သိရသည်။
လက်ရှိ ရေဝင်ခဲ့သော ကျေးရွာများကို အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ရွှေဘိုမြို့ပေါ်ရှိ ပရဟိတအသင်းများမှ ထမင်းထုပ်များ ရေသန့်ဘူးများ လာရောက်ပို့ဆောင် လှူဒါန်းလျက် ရှိသည်။
The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင်ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။
ရေကာတာ ကျိုးပျက်၍ ဆင်းကွတ်ကျေးရွာ၊ မင်းကျောင်းကျေးရွာနှင့် ပဂိုးကုန်းကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး မျိုးစပါးတင်း တစ်ထောင်နီးပါးခန့် ရေဝင်၍ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းနှင့် ပဂိုးကုန်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။
“ရေဝင်တဲ့အချိန်က မနက်ပိုင်း ဆိုပေမယ့် ရေစီးအားက အတင်းသန်တယ်။

အမေရိကန်တွေ မြန်မာနဲ့ စီးပွားရေး ပြန်လုပ်ဖို့ ခြေလှမ်းပြင်

သမ္မတ ဦးသိန်းစိန် ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ အရှိန်တန့်သွားပြီး ဘာသာရေး တင်းမာမှုတွေ ဖြစ်နေတာ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာတာ၊ ပြည်တွင်းစစ် ရပ်စဲရေး မဖော်ဆောင်နိုင်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေး ထင်သလောက် မကောင်းလာဘဲ ဒဏ်ခတ်ပိတ်ပင်မှုကလည်း လုံးဝရုတ်သိမ်းသွားရေး မဖြစ်နိုင်သေးဘဲ ရှိနေရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးလာစေဖို့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် စလှမ်းခဲ့ပါတယ်။ အဲဒါကတော့ မြန်မာပြည်တွင်းမှာ အလုပ်သမား အခွင့်အရေးတွေ အားကောင်းလာစေရေးနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်လာစေရေး အတူတကွ လုပ်ဆောင်ဖို့ နှစ်နိုင်ငံကြား သဘောတူခဲ့ကြတာပါပဲ။ ဒီကိစ္စကို အိုင်အယ်လ်အိုကလည်း ထောက်ခံထားပြီး ကုန်သွယ်ရေးဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဖြစ်လာခဲ့တာပါ။ မိုက်ကယ်ဖရိုမန်းဟာ နေပြည်တော်မှာ အာဆီယံ စီးပွားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အသစ်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများ မြေတန်ဖိုးထည့်မတွက်ရန် သမ္မတညွှန်ကြား

အစိုးရက မြို့ကြီးငါးမြို့ တွင် တည်ဆောက်မည့် တန်ဖိုး နည်းအိမ်ရာစီမံကိန်းများ၌ မြေ တန်ဖိုးကို တွက်ချက်ထည့်သွင်း မတည်ဆောက်ဘဲ ဈေးသက်သာ စွာ ရောင်းချရန် နိုင်ငံတော်သမ္မ တက ညွှန်ကြားထားကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးကပြော သည်။
‘‘နောက်ပိုင်းဆောက်မယ့် အိမ် ရာတွေမှာ မြေတန်ဖိုးကို ထည့် သွင်းတွက်ချက်တည်ဆောက်မှာ မဟုတ်တော့ဘူး’’ဟု အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။
လက်ရှိတွင် မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက မြို့ကြီး ငါးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များ၌ ကနဦးတည်ဆောက်ရာတွင် မြေတန်ဖိုးကို ထည့်သွင်းတွက်ချက် တည်ဆောက်ခြင်းမပြုရန် သမ္မတက ညွှန်ကြားထားကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။

အလုပ်လက်မဲ့တွေနေတဲ့ စီမံကိန်းမြို့

တောင်ဆင်းလမ်းအတိုင်း ကြည့်လိုက်လျှင် ရေနစ်မြုပ်ခြင်းမှ ကင်းလွတ်သည့် တောင်ကုန်း တောင်တန်းလေးများပေါ် တွင် ကျေးရွာသစ်များကို ဖော်ဆောင်ပေးထားသည်ကို မြင်ရမည်ဖြစ်သည်။ထိုတောင်တန်းကလေးများပေါ်တွင် ကျေးရွာသစ် ၂၃ ရွာကို တည်ဆောက်ပေးထားသည်။ ထိုကျေးရွာသစ်များကအထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေကင်းလွတ်ရာ သို့ ပြောင်းရွှေ့ပေးရ သည့် ရွာသစ်များဖြစ်သည်။ ထိုရွာများ၏ ပတ်ပတ်လည်တွင် မြင့်မားသော တောင်ကုန်းတောင်တန်းများ ၀န်းရံထားသည့်အတွက် ရှုခင်းကတော့ ပန်းချီကားသဖွယ် အလွန်လှပသည်။
ထိုတောင်ကုန်း တောင်တန်းများ၏ ဘေးစောင်းတွင် အနည်းအကျဉ်းကို တောင်ယာခုတ်ထွင်းထားပြီး အချို့နေရာများတွင် နနွင်းပင်များ စိုက်ပျိုးထားကြသည်။ အများစုမှာတော့ သစ်ပင်ငယ်များနှင့်ဝါးရုံတော၊ ချုံပုတ်များ နေရာယူထားသည်။ ထိုတောင်တန်းကြီးကို အများအခေါ်ကတော့ ရှမ်းရိုးမတောင်တန်းကြီးဟု ခေါ်ကြသည်။

နိုင်ငံသားမစိစစ်ဘဲ ဘင်္ဂါလီများကို နေရာချထားရေး အစီအစဉ် ရခိုင်တိုင်းရင်းသားများ ကန့်ကွက်

Photo: နိုင်ငံသားမစိစစ်ဘဲ ဘင်္ဂါလီများကို နေရာချထားရေး အစီအစဉ် ရခိုင်တိုင်းရင်းသားများ ကန့်ကွက်
Monday, Setember 1, 2014

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို လုပ်ဆောင်ပါက ရခိုင်တိုင်းရင်းသားများက ကန့်ကွက်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦး ဖြစ်သူ ဦးဦးသာပွင့်က ပြောကြားသည်။
အဆိုပါ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ စစ်တွေမြို့တွင် စေတနာမိုး ခန်းမတွင် သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်သည့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအသင်း၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ ရခိုင်လူမှုအဖွဲ့အစည်းများ၊ စစ်တွေမြို့ မြို့မိမြို့ဖများ တွေ့ဆုံဆွေးနွေး အပြီးတွင် အဆိုပါကိစ္စကို အတည်ပြုလိုက်ကြောင်း ၎င်းကဆိုသည်။
အစိုးရအနေနှင့် ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး၍ ပြန်လည်နေရာချထားရေး လုပ်ဆောင်မည် ဆိုပါကလည်း ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
နိုင်ငံသားဖြစ်ခွင့် မရှိသူများနှင့် နိုင်ငံက အသိအမှတ်မပြုသည့် ရိုဟင်ဂျာ ဆိုသူများကို လုံခြုံရေး အစောင့်အကြပ်များနှင့် သင့်တော်သည့် နေရာတွင် ထိန်းသိမ်းထားသင့်ကြောင်း အဆိုပါ အစည်းအဝေး ရလဒ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲ ရလဒ်များကို နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း ဦးဦးသာပွင့်က ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တာဝန်ယူပြီးနောက်တွင် ဘင်္ဂါလီများကို ပြန်လည်နေရာချထားရေး၊ INGO များကို ပြန်လည်ဖိတ်ခေါ်ခြင်းများ ပြုလုပ်လာသဖြင့် ယခုကဲ့သို့ အစည်းအဝေးခေါ်ကာ ရခိုင်လူထု ဆန္ဒရယူခြင်း ဖြစ်ကြောင်း ပွဲစဉ်စီသူများထံမှ သိရှိရသည်။
နိုင်ငံတော်သမ္မတထံ တင်ပြမည့် စာတမ်းတွင် ရိုဟင်ဂျာ အမည်ခံထားသူများကို နိုင်ငံသားစိစစ်ခြင်း မရှိဘဲ ဘင်္ဂါလီကျေးရွာများသို့ ခွဲဖြန့်ချထားပေးခြင်း၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ အလုပ်အကိုင် ဖန်တီးပေးခြင်းများကို လုံးဝကန့်ကွက်ကြောင်း ဖော်ပြထားသည်။
ခင်မောင်အေး
The Voice Weekly

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို လုပ်ဆောင်ပါက ရခိုင်တိုင်းရင်းသားများက ကန့်ကွက်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦး ဖြစ်သူ ဦးဦးသာပွင့်က ပြောကြားသည်။

သစ်ပင်အောက် မိုးခိုနေသော ကျောင်းသားနှစ်ဦး မိုးကြိုးပစ်၍ သေဆုံး

ရှမ်းပြည်နယ်၊ ရပ်စောက်မှ ကျောင်းသားငယ်ငါးဦး ကျောင်းအပြန်မိုးရွာသဖြင့် အရိပ် အောက်တွင် မိုးခိုနေစဉ်မတ်တတ် ရပ်နေသော ကျောင်းသားနှစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း  သတင်းရရှိသည်။
 ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ဥတ္တံတားရပ်ကွက်နေကျောင်း သားငါးဦးသည် သြဂုတ် ၂၉ရက် ညနေက ကျောင်းမှအိမ်သို့ ပြန်လာစဉ် မိုးရွာသဖြင့် တပ်ရဲဂိတ်ရှေ့အမိုးအောက်၌ အသက် (၁၃)နှစ်အရွယ်ရှိ မင်းအုပ်စိုးနှင့် နောက်တစ်ဦးမှာ မတ်တတ်ရပ်ပြီး ကျန်သုံးဦးမှာ ထိုင်လျက်မိုးခိုနေ ကြသည်ဟု ဆိုသည်။ ထိုအချိန်တွင် မိုးကြိုးပစ်ခံရ သဖြင့် ကျောင်းသားငယ်တစ်ဦး၏ ဦးခေါင်းထိပ်ရှိ ဆံပင်မီးလောင် ကာ ညာဘက်ပခုံးတွင်လည်း မီး လောင်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။အလားတူ မင်းအုပ်စိုး၏ မျက်ကွင်းနှစ်ဖက်၌ ညိုမည်းသည့်ဒဏ်ရာများရရှိကာ  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းကျော်သော မြို့သုံးမြို့ရှိ

 Photo: မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းကျော်သော မြို့သုံးမြို့ရှိ
Monday, Setember 1, 2014

မြန်မာနိုင်ငံ၏ မြို့ကြီး များတွင် လူဦးရေတစ်သန်းနှင့် အထက်ရှိသော မြို့ကြီး သုံးမြို့ သာရှိနေကြောင်း ရှေ့ပြေးလူဦး ရေစာရင်းထုတ်ပြန်ချက်၏ အ သေးစိတ်စာရင်းတွင် ဖော်ပြထား သည်။

၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း ၏ ရှေ့ပြေးလူဦးရေစာရင်းထုတ် ပြန်ရာတွင် မြန်မာနိုင်ငံ၏ မြို့ကြီး ၁၅ မြို့အနက် လူဦးရေ တစ်သန်း ကျော်ရှိသော မြို့ကြီးများမှာ ရန် ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များဖြစ်သည်။

ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းကျော်(၅,၂၀၉,၅၄၁) ဦး၊ မန္တလေးမြို့တွင် လူဦးရေ ၁ သန်း ကျော်(၁,၂၂၅,၁၃၃) ဦး၊နှင့် နေ ပြည်တော်မြို့တွင် ၁ သန်း ကျော် (၁,၁၅၈,၃၆၇) ဦးဖြင့် အစဉ် လိုက် ရပ်တည်နေသောကြောင့် ဒုတိယ လူဦးရေအများဆုံးဖြစ်သည့် မန္တ လေးမှာ ပထမအများဆုံးဖြစ်သည့် ရန်ကုန်နှင့် ၄ သန်းနီးပါး(လေးဆ ကျော်)ကွာဟလျက်ရှိနေသည်။

ယင်းမြို့ကြီးများအနက် ချင်းပြည်နယ်၊ ဟားခါးမြို့သည် လူဦးရေ လေးသောင်းကျော် (၄၈၂၆၆) ဦးဖြင့် လူဦးရေအနည်း ဆုံးရှိသည့်မြို့အဖြစ်ရပ်တည်နေကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၄ ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူမှုအချက် အလက်များအရ တွက်ချက်ထား သော မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာတွင် ၇၆ ဦးရှိနေသည်။

လူဦးရေအထူထပ်ဆုံးရန် ကုန်မြို့၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင်လူဦးရေ ၇၂၃ ဦး၊ မန္တလေးမြို့၏ တစ်စတုရန်းကီလိုမီတာတွင် ဦးရေ ၂၀၆ ဦးနှင့် လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ဖြစ်ပြီး သိပ်သည်းဆတစ်စတုရန်းကီလို မီတာတွင် ၁၉ ဦးသာရှိနေသည်။

မြန်မာနိုင်ငံ၏ ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက် ခံမှု၏ ကနဦးရရှိထားသော ရှေ့ ပြေးလူဦးရေစာရင်းအရ လူဦးရေ သန်းပေါင်း ၅၁ သန်းကျော်ရှိနေ ကြောင်း သတင်းထုတ်ပြန်ထား သည်။
7daydaily
မြန်မာနိုင်ငံ၏ မြို့ကြီး များတွင် လူဦးရေတစ်သန်းနှင့် အထက်ရှိသော မြို့ကြီး သုံးမြို့ သာရှိနေကြောင်း ရှေ့ပြေးလူဦး ရေစာရင်းထုတ်ပြန်ချက်၏ အ သေးစိတ်စာရင်းတွင် ဖော်ပြထား သည်။၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း ၏ ရှေ့ပြေးလူဦးရေစာရင်းထုတ် ပြန်ရာတွင် မြန်မာနိုင်ငံ၏ မြို့ကြီး ၁၅ မြို့အနက် လူဦးရေ တစ်သန်း ကျော်ရှိသော မြို့ကြီးများမှာ ရန် ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များဖြစ်သည်။
ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းကျော်(၅,၂၀၉,၅၄၁) ဦး၊ မန္တလေးမြို့တွင် လူဦးရေ ၁ သန်း ကျော်(၁,၂၂၅,၁၃၃) ဦး၊နှင့် နေ ပြည်တော်မြို့တွင် ၁ သန်း ကျော် (၁,၁၅၈,၃၆၇) ဦးဖြင့် အစဉ် လိုက် ရပ်တည်နေသောကြောင့် ဒုတိယ လူဦးရေအများဆုံးဖြစ်သည့် မန္တ လေးမှာ ပထမအများဆုံးဖြစ်သည့် ရန်ကုန်နှင့် ၄ သန်းနီးပါး(လေးဆ ကျော်)ကွာဟလျက်ရှိနေသည်။

လူကုန်ကူးခံရသူ အမျိုးသမီးနှစ်ဦး ကားရပ်နားစဉ် ထွက်ပြေးတိုင်တန်း

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ၁၁၅ မိုင် အမြန်လမ်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက် ညပိုင်းက လူကုန်ကူးခံရ၍ ထွက်ပြေးလာသည်ဆိုသော အမျိုးသမီးနှစ်ဦးက လာရောက်တိုင်တန်းခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်၊ သံသုမာလမ်းနေ မxxxxx၊ အသက် (၃၂)နှစ်၊ မxxxxx၊ အသက် (၃၂)နှစ်တို့ကို အမည်မသိအမျိုးသားနှင့် အမျိုးသမီးတို့က တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန်ဟု စည်းရုံး၍ ငွေကျပ်တစ်သိန်းစီ ထုတ်ပေးကာ ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင်ကားဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

ကျပ်သန်း နှစ်သောင်းရှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမှုမှ ဖမ်းမိသူများ၏ ပိုင်ဆိုင်မှုကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ စုံစမ်းမည်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ (ကျပ်သန်း နှစ်သောင်းရှစ်ထောင်) မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိသော အမျိုးသမီး၏ ခင်ပွန်းမှာ ပြည်တွင်းကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင် ဖြစ်သောကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ဆောက်လုပ်ရေးလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ကုန်စည်များ ပို့ဆောင်ပေးနေသည့် ကုမ္ပဏီပိုင်ရှင်၏ဇနီး နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကုန်းမြင့်သာလမ်းရှိ နေအိမ်၌ ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများ အပါအဝင် သေနတ်နှစ်လက်ကို ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု (၄၂) မှ ဝင်ရောက်ရှာဖွေခဲ့ရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

UNFC ညီလာခံက KNU ထွက်ခွာမှု ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ညီလာခံကနေ KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။
ဒီကိစ္စဟာ နောက်ကွယ်က သွေးထိုးမူတွေကြောင့်ဖြစ် တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ အစည်းအဝေးကျင်းပနေချိန်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ညွန်ကြားနေ တာတွေ ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ညီလာခံကျင်း ပရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီကိစ္စအပေါ် သက်သေနဲ့တကွ ပြောဆို ဖို့တော့ခက်တယ်လို့ ဆိုပါတယ်။"ပြောဖို့လည်းခက်ပါတယ်၊ ဒါပေမဲ့ UNFC ကလုပ်ငန်းတွေ အောင်မြင်နေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ အတွက် နောက်အပစ်အခက်ရပ်စဲရေးအတွက် အားလုံးပြင်ဆင်နေတယ်၊ ပြည်တွင်းကရော၊ ပြည်ပ ကရော ထောက်ခံမှုတွေ တော်တော်လေး အဆင့်မြင့်မြင့်ရနေတယ်၊ ဒီနေ့အရှိန်အဟုန်ကောင်းနေတဲ့ အချိန်မှာတော့ စုဖွဲ့မှုနဲ့ ဒီအချိန်အဟုန်ကို ရပ်တန့်သွားအောင် သို့တည်းမဟုတ် ကသိကအောက်ဖြစ် သွားအောင် လုပ်ချင်တဲ့အင်အားစုတွေလည်း ရှိချင်လည်း ရှိမှာပေါ့ဗျာ၊ အဲ့ဒီအင်အားစုတွေကနေ ပြီးတော့ တိုက်ရိုက်မလုပ်ပဲနဲ့ သူတို့သုံးလို့ရတဲ့သူတွေကိုသုံးပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါကတော့ ကျနော်က ခန့်မှန်းခြေပြောတာပါ"

မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို

 Photo: မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို
Monday, Setember 1, 2014

မီဒီယာရှေ့တွင်တောင်း ပန်ပြီး သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။
‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။
မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။
ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ဆုံး ဖြတ်ချက်အရ လုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မေမြတ်နိုးနှင့်၎င်း၏မိ ခင်တို့၏ သဘောတူညီမှုအရလုပ် ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။
‘‘သူရော သူ့အမေပါ လက် မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ ဘယ်အော်ပရေးရှင်းမှ ကိုရီးယား မှာမလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်း ဂျင်းကပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများလုပ်ဆောင်လေ့ရှိသဖြင့် မေမြတ်နိုးကိုမည်သည့်အစိတ်အပိုင်းခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကိုအလုပ်မလုပ် ခြင်း၊ အဖွဲ့အစည်း၏စကားကိုမ လိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကိုမလိုက် နာခြင်းကြောင့် သရဖူကိုရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။
မေမြတ်နိုး၏မိခင်ကို ကိုရီး ယားသို့ နှစ်ပတ်လိုက်ပါခွင့်ရရန် မေမြတ်နိုးကတောင်းဆိုခဲ့၍ စီစဉ် ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏မိခင် က သမီးနှင့်အတူ သုံးလနေထိုင် ခွင့်ရရန်ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူအသိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
7Day Daily
မီဒီယာရှေ့တွင်တောင်း ပန်ပြီး သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။
မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။

ခရိုနီနဲ့ ကျောက်မီးသွေး

 Photo: ခရိုနီနဲ့ ကျောက်မီးသွေး
Monday, Setember 1, 2014

မြစ်ဆုံအပါအဝင် ဧရာဝတီ၊ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို လူမသိသူမသိ ချုပ်ဆိုခဲ့သော စာချုပ်များနှင့်အတူ ခရိုနီလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရခဲ့ပြီးဖြစ်သည်။
ထိုမှတစ်ဖန် မြို့နယ်ပေါင်း ၈၄ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကိုလည်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရသည့် ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂၃ ခုတည်းက နည်းလမ်းစုံဖြင့် လုပ်ကိုင်ခွင့်ရခဲ့ပြန်သည်။
ထိုမျှနှင့် မပြီးသေးဘဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခွင့်ကိုလည်း ထပ်မံရရှိခဲ့ကြသည်။
ထိုမျှနှင့်လည်း မရပ်သေးဘဲ ခရိုနီအချို့သည် ပတ်ဝန်းကျင်နှင့်ဒေသခံများ ထိခိုက်မှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် ထပ်ဝင်လာကြရာ စီမံကိန်းအတွက် မြေသိမ်းခံရနိုင်ပြီး စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည့် ဒေသခံများအတွက်တော့ စိုးရိမ်စရာ ထပ်တိုးလာပြန်ပြီဖြစ်သည်။
ခရိုနီနဲ့ ရေအားလျှပ်စစ်
ရေအားလျှပ်စစ် စီမံကိန်းများရရှိသည့် ခရိုနီကုမ္ပဏီများထဲတွင် လုပ်ငန်းစုံ၊ ကဏ္ဍစုံ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများဖြစ်သည့် အေးရှားဝေါလ်၊ ရွှေတောင်နှင့် IGE တို့က ပြိုင်ဘက်မရှိ စီမံကိန်းအများဆုံး လုပ်ခွင့်ရကုမ္ပဏီများဖြစ်သည်။
အေးရှားဝေါလ်ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်း အပါအဝင် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းဒေသတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ရှစ်ခုကို တရုတ်မှ CPI ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ကို ရခဲ့သည်။
ထို့နောက် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ Gold Energy ကုမ္ပဏီအမည်ဖြင့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့ပြီး သောက်ရေခပ် (၂) စီမံကိန်းမှထွက်သည့် ဓာတ်အားများကို တစ်ယူနစ် ကျပ် ၇ဝ ဖြင့် နိုင်ငံတော်သို့ပြန်ရောင်းရန် စီစဉ်ခဲ့ကြပြန်သည်။
သောက်ရေခပ် (၂) စီမံကိန်းအား တည်ဆောက်ရာတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထုတ်ချေးသော ချေးငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၇ဝ ကျော်ကိုပင် အသုံးပြုခွင့်ရသည်အထိ အခွင့်အလမ်းသာခဲ့သည်။
ဧရာဝတီမြစ်အပြီး သံလွင်မြစ်ဘက်သို့ထပ်လှည့်ကာ သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်း (မဂ္ဂါဝပ် ၁၄ဝဝ အထိထွက်မည်) ကိုလည်း အေးရှားဝေါလ်ကုမ္ပဏီမှပင် တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ထပ်မံရရှိခဲ့သည်။
အေးရှားဝေါလ်နှင့်အပြိုင် ရွှေတောင်ကုမ္ပဏီသည်လည်း တရုတ်မှ CDOI ဖြင့်ပူးပေါင်းကာ ရေအားလျှပ်စစ်စီမံကိန်း ၁ဝ ခုအထိကို တည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားပြီး စီမံကိန်း ၁ဝ ခုထဲတွင် စက်တပ်ဆင်အား မဂ္ဂါဝပ် ၄ဝဝဝ အထိရှိသည့် ရွာသစ်စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပါဝင်သည်။
တရုတ်ဖြင့် ပူးပေါင်းတည်ဆောက်မည့် စီမံကိန်းများမပါ ၎င်းတို့တစ်ဦးတည်းအနေဖြင့် ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး တည်ဆောက်ခွင့်ရသည့်အပြင် တရုတ်မှ မြန်မာနိုင်ငံသို့ ထုတ်ချေးသောငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၅ဝ နီးပါးကိုပါ လှည့်သုံးခွင့်ရခဲ့သည်။
အေးရှားဝေါလ်၊ ရွှေတောင်တို့နှင့်အပြိုင် IGE ကုမ္ပဏီသည်လည်း လုပ်ကိုင်ခွင့်များစွာ ရရှိထားပြီး တရုတ်နိုင်ငံမှ YPIC International ကုမ္ပဏီတို့ ပူးပေါင်း၍ စီမံကိန်းလေးခုကို လည်းကောင်း၊ IGE ကုမ္ပဏီမှပင် အခြားတရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ နောက်ထပ်စီမံကိန်း လေးခုကိုလည်းကောင်း လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။
IGE ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင်လည်း မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးမားဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁ဝ အထိရှိသော အထက်သံလွင် (မိုင်းတုံ) စီမံကိန်းမှအစ မဂ္ဂါဝပ် ၁၃၆ဝ စက်တပ်ဆင်အားရှိမည့် ဟတ်ကြီးစီမံကိန်း၊ မဂ္ဂါဝပ် ၁၂ဝဝ ထိရှိသည့် နောင်ဖစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။
သို့သော် အဆိုပါစီမံကိန်းအားလုံးမှာ အများပြည်သူမသိလိုက်ရဘဲ စာချုပ်များချုပ်ဆို၊ နားလည်မှုစာချွန်လွှာများရေးထိုးပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စီမံကိန်းအားလုံးနီးပါးသည်လည်း နိုင်ငံတော်မှ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသာ ဓာတ်အားရမည်ဖြစ်ပြီး အေးရှားဝေါလ်၊ ရွှေတောင်၊ IGE နှင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသော တရုတ်ကုမ္ပဏီများကသာ ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ ရမည့် စီမံကိန်းများဖြစ်သည်။
အနှစ်ချုပ်လျှင် မြန်မာနိုင်ငံတွင် ဆောက်နိုင်သမျှသော ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါးမှာ အဆိုပါကုမ္ပဏီသုံးခုနှင့် တရုတ်ကုမ္ပဏီများအားလုံး ရယူထားခြင်း ဖြစ်သည်။
ခရိုနီနဲ့ လျှပ်စစ်ဖြန့်ဖြူးခွင့်၊ ခရိုနီနဲ့ သဘာဝဓာတ်ငွေ့
ရန်ကုန်မြို့ပေါ် အပါအဝင် မြို့နယ်ပေါင်း ၈၄ မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလုပ်ကိုင်ခွင့်ကို ကုမ္ပဏီ ၂၃ ခုတည်းသို့ လုပ်ကိုင်ခွင့်ပေးထားသည်။
ဖြန့်ဖြူးခွင့်ရသည့် ကုမ္ပဏီများထဲတွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရထားသည့် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဖြစ်သော Gold Energy ကုမ္ပဏီ၊ လုပ်ငန်းစုံလုပ်ကိုင်ခွင့်ရလာသည့် Capital Development လီမိတက်၊ Ruby Dragon ကဲ့သို့ ကုမ္ပဏီများ ပါဝင်လာပြန်သည်။
အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဆိုလျှင် ပဲခူးတိုင်းဒေသကြီး အရှေ့မြို့နယ် ၃၇ မြို့နယ်စလုံးကို တစ်ဦးတည်းဖြန့်ဖြူးခွင့် ရထားခြင်းဖြစ်သည်။
ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါး ကုန်သလောက်ရှိသွားသည့်အခါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဘက် လှည့်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ အနည်းဆုံး ရှစ်ရုံအထိဆောက်လုပ်ရန် စီစဉ်ထားပြီး ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ရထားသည့် ကုမ္ပဏီအချို့လည်း အပါအဝင်ဖြစ်သည်။
လုပ်ကိုင်ခွင့်မှာ ရိုးရိုးရရှိခြင်းမဟုတ် တစ်ယူနစ်ဓာတ်ငွေ့ဖိုးအပါ ကျပ် ၃ဝဝ အထိ ပေးချေရမည့် စာချုပ်များဖြင့် ရသွားခဲ့ကြခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ရှေ့လျှောက်ရင်လေးစရာ အခြေအနေတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။
သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများအတွက်လည်း ထုံးစံအတိုင်း မည်သို့မည်ပုံ စာချုပ်ပြီးပေးလိုက်သည်ကို အများပြည်သူ မသိခဲ့ရဘဲ လျှို့ဝှက်စွာ ရသွားသည့်သဘော ဖြစ်နေသည်။
ခရိုနီနဲ့ ကျောက်မီးသွေး
ရေအားလျှပ်စစ် စီမံကိန်းမှာလည်း ထပ်လုပ်စရာပင်နေရာ မကျန်တော့သည့်အချိန်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် လှည့်ကြသည်။
သဘာဝဓာတ်ငွေ့ စီမံကိန်းများအပြီး ယခုကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများဘက်သို့ ထပ်လှည့်လာကြပြီဖြစ်သည်။
စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်၍ ဒေသခံအများအပြားက ကန့်ကွက်နေသည့်ကြားမှပင် ပြည်သူများ တိကျစွာမသိလိုက်ရဘဲ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကိုးရုံအထိ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခွင့်ပြုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွမ်းခြံကုန်း၌တည်ဆောက်မည့် စီမံကိန်းအတွက် Virtue Land ကုမ္ပဏီနှင့် ၂ဝ၁၄ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ထန်းတပင်စီမံကိန်းအတွက် ထူးနှင့် တရုတ်ကုမ္ပဏီဖြစ်သော Huaneng Lancang တို့ ပူးပေါင်းတည်ဆောက်ရန် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်က လည်းကောင်း၊ ကျောက်တန်းစီမံကိန်းအတွက် Diamond Palace နှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းတည်ဆောက်ရန် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်က လည်းကောင်း၊ သီလဝါစီမံကိန်း တည်ဆောက်ရန်အတွက် Toyo Thai ကုမ္ပဏီဖြင့် ၂ဝ၁၃ ခုနှစ် မတ် ၂၁ ရက်ကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင် ဧရာဝတီတိုင်း ငရုတ်ကောင်းစီမံကိန်းကို Ta Ta Power၊ ရှမ်းပြည်နယ်အရှေ့ ကျိုင်းတုံစီမံကိန်းကို Lumpoondum၊ ကလေးဝစီမံကိန်းကို ISDN နှင့် Tun Thwin၊ ဘုတ်ပြင်းစီမံကိန်းကို 24 Hour၊ မြိတ်စီမံကိန်းကို သန်းဖြိုးသူကုမ္ပဏီတို့က အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးပေးထားခဲ့သည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများကို ကြည့်လိုက်လျှင်လည်း ကွမ်းခြံကုန်းစီမံကိန်းကို တည်ဆောက်မည့် Virtue Land ကုမ္ပဏီဆိုသည်မှာ ရေအားလျှပ်စစ်စီမံကိန်းပေါင်းများစွာ လုပ်ကိုင်ခွင့်ရထားပြီး တစ်ဦးတည်း ၃၇ မြို့နယ် ဖြန့်ဖြူးခွင့်ရထားသည့် အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ၊ ထူးကဲ့သို့သော ကဏ္ဍစုံလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ ပါဝင်လာပြန်သည်။
ဒေသခံများနဲ့ ကျောက်မီးသွေးပြဿနာ
ကုမ္ပဏီများက မည်မျှပင် နည်းပညာမြင့်သည်ဆိုပါစေ ဒေသခံများမှ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများအပေါ် ကန့်ကွက်ခဲ့ကြသည်။
တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံများ ထိခိုက်ခဲ့ရမှုကလည်း ဒေသခံများ ကန့်ကွက်မည်ဆိုလျှင်လည်း ကန့်ကွက်ထိုက်သည့် သက်သေအဖြစ် ရှိနေသည်။
တီကျစ် ကျောက်မီးသွေးစက်ရုံကို China National Heavy Machinery cooperation ကတည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃ သန်းကျော်နှင့် ကျပ်ဘီလျံ ၃ဝ နီးပါး စုစုပေါင်း (လက်ရှိငွေလဲနှုန်းဖြင့်)ကျပ်ဘီလျံ ၇ဝ ကျော်အထိ နိုင်ငံတော်မှ ကုန်ကျခဲ့သည့်စီမံကိန်းဖြစ်သည်။
သို့သော် နည်းပညာနိမ့်ပြီး ဒေသခံများအပေါ် ထိခိုက်မှုရှိလာသည့်အတွက် ရပ်ဆိုင်းထားလိုက်ပြီဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဩဂုတ် ၂၃ ရက်က အတည်ပြုပြောကြားခဲ့ပြီး နည်းပညာအသစ်ဖြင့် ပြန်လည်ပြင်ဆင်ရန်ပင် စီစဉ်နေရသည်ဟု သိရသည်။
နိုင်ငံတော်လည်း ဘဏ္ဍာငွေ ကျပ်ဘီလျံ ၇ဝ ကျော်ကုန်၊ ဒေသခံများလည်း ထိခိုက်ခဲ့ရသည့် စီမံကိန်းဖြစ်ခဲ့သည်။
ထို့အတွက်လည်း တနင်္သာရီမြစ်ဝတွင်ဆောက်မည့် စီမံကိန်း၊ ကွမ်းခြံကုန်းတွင် ဆောက်မည့်စီမံကိန်း၊ မြိတ်တွင်ဆောက်သည့် စီမံကိန်းများအတွက် ဒေသခံများအားလုံး ကန့်ကွက်ကြသည်။
ဘေးထွက်ဆိုးကျိုးရှိသည့် အချက်တစ်ခုတည်းဖြင့် ဒေသခံများက ကန့်ကွက်နေကြခြင်းမဟုတ်ဘဲ ကျေးရွာလိုက် ပြောင်းရွှေ့ပေးရခြင်း၊ စီမံကိန်းအတွက် မြေသိမ်းခံရခြင်း၊ အစားထိုးမြေ ပြန်ပေးသည့်တိုင် စိုက်ပျိုးရာတွင် ဒုက္ခရောက်ခြင်း စသည့်အချက်များကြောင့်လည်း ကန့်ကွက်ကြခြင်းဖြစ်သည်။
ဥပမာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံတွင်တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံအတွက် လိုအပ်သည့်မြေမှာ ဧက ၁၂ဝဝ နီးပါးအထိရှိပြီး ရွာသုံးရွာအထိ ထိခိုက်မှုရှိမည်ဖြစ်သည်။ စီမံကိန်းနယ်မြေအတွင်းပါဝင်သည့် ကျေးရွာများ ပြောင်းရွှေ့ပေးရခြင်း၊ လယ်မြေများ အသိမ်းခံရခြင်း ရှိလာနိုင်သည်။
ပြောင်းရွှေ့ပေးရမည့် ကျေးရွာရှိ ဒေသခံများအတွက် မြို့နှင့်ဝေးသွားသည့်ဆိုပါက ကျောင်းသားကျောင်းသူများ ဒုက္ခရောက်ကြရမည်ဖြစ်သည်။ လယ်အစားပြန်ပေးသည် ဆိုသော်လည်း ရေမိုးမကောင်းသည့် လယ်ယာများဖြစ်နေပါက ဒေသခံများ ဒုက္ခရောက်ကြရမည်ဖြစ်သည်။
တီကျစ်ကဲ့သို့ နည်းပညာနိမ့်သည့် စက်ရုံများဆိုပါက ဒေသခံများအတွက် အဆိုးဆုံးထိခိုက်မှု ရှိလာဦးမည် ဖြစ်သည့်အတွက်လည်း ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။
နိုင်ငံတကာ ပေတံ
နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးလျှင် ကျောက်မီးသွေးမှာ ဈေးအသက်သာဆုံးဖြစ်ပြီး နိုင်ငံတကာတွင်လည်း Clean Coal နည်းပညာဖြင့် တွင်တွင်ကျယ်ကျယ် သုံးနေကြသည်ဆိုသော နိုင်ငံတကာပေတံဖြင့်တိုင်းပြီး ကုမ္ပဏီများကို တည်ဆောက်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်သည်။
သို့သော် တီကျစ်စက်ရုံသည်လည်း တရုတ်ကုမ္ပဏီမှ တည်ဆောက်သွားခြင်းဖြစ်ပြီး ယခုဘေးထွက်ဆိုးကျိုးများသည့်အတွက် ရပ်ထားရသည့် သင်ခန်းစာကိုလည်း ထည့်တွက်သင့်သည်။
ကျောက်မီးသွေးနောက် ဘာကြောင့်လိုက်သလဲ
လက်ရှိ လျှပ်စစ်စီမံကိန်း ချထားပေးမှုများ လျှို့ဝှက်စာချုပ် ချုပ်ဆိုမှုများကိုကြည့်လျှင် ခရိုနီတို့ခင်းသည့် ဇာတ်ကွက်အတိုင်း တာဝန်ရှိသူများက လိုက်ကပေးနေသလားဟုပင် ပြည်သူများအကြား ထင်စရာရှိလာသည်။
ရေအားလျှပ်စစ် စီမံကိန်းများကို လျှို့ဝှက်စာချုပ်ပြီး ချထားပေးသည်။ ယင်းနောက် တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီကတောင်းသည့် တစ်ယူနစ် ကျပ် ၇ဝ ဖြင့် နိုင်ငံတော်မှ ပြန်ဝယ်ပေးရန်အတွက်ကိုလည်း ပြည်သူသို့ချမပြဘဲ သဘောတူစာချုပ်ပေးရန် စီစဉ်ခဲ့ရာ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီမှာ အမြတ်အစွန်းကြီးသွားသည်။
ဥပမာ အေးရှားဝေါလ်မှ တည်ဆောက်သည့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ တစ်ယူနစ် ၇၅ ကျပ်ဖြင့် ကုမ္ပဏီကတောင်းသည်ကို တစ်ယူနစ် ကျပ် ၇ဝ ဖြင့် ဈေးညှိကာ ပြန်ဝယ်ယူပေးမည်ဟု စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
ရေအားလျှပ်စစ်စီမံကိန်းများ ကုန်သလောက်ရှိအောင် ရယူပြီးသည့်အခါ သဘာဝဓာတ်ငွေ့ဘက်သို့ လှည့်ကြသည်။ နိုင်ငံတော်မှ ပြည်သူသို့ချမပြဘဲ ဓာတ်ငွေ့ဖိုးအပါ တစ်ယူနစ် ကျပ် ၃ဝဝ ဝန်းကျင်အထိရှိသည့် ဈေးနှုန်းများဖြင့်ပါ ခွင့်ပြုပေးရန် စီစဉ်ခဲ့သည်။
ဓာတ်ငွေ့ဖိုးမပါပါက တည်ဆောက်ခွင့်ရသည့်ကုမ္ပဏီမှ တစ်ယူနစ် ၃၄ ကျပ်ဝန်းကျင်အထိ ရနေဦးမည်ဖြစ်ရာ တည်ဆောက်ခွင့်ရသူများ အကျိုးများခဲ့ကြပြန်သည်။
သဘာဝဓာတ်ငွေ့မှာ ပြည်တွင်း၌ပင် မလုံလောက်သည့်အတွက် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ထင်သလိုဆောက်ရန် ခက်ခဲသေးသည်။ သို့သော် လျှပ်စစ်ထုတ်လုပ်ခွင့်ရသည့် ကုမ္ပဏီများသည် မိမိတို့လိုချင်သည့်ဈေးအတိုင်း စာချုပ်ချုပ်ဆိုပေးနေသည့် သဘောမျိုး သက်ရောက်နေသည့်အတွက်လည်း အကျိုးအမြတ်ကြီးမားစွာရရှိသည့် လျှပ်စစ်စီမံကိန်းများကို ထပ်လိုချင်မည်သာဖြစ်သည်။
ကျောက်မီးသွေးသုံး၍ ထုတ်လုပ်သည့် ဓာတ်အားခဈေးနှုန်းမှာ နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးလျှင် ဈေးအသက်သာဆုံးဟု ဆိုသည်။ ထိုသို့ဆိုလျှင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ရသူသည် တစ်ယူနစ် ကျပ် ၇ဝ ရနေသည့် ရေအားလျှပ်စစ်ထက် ဈေးများစွာပိုရနိုင်မည့်သဘော ဖြစ်နေသည်။
ယင်းအကျိုးအမြတ်ကြောင့် နည်းပညာတစ်ချက်လွဲသည်နှင့် ဆုံးရှုံးမှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများကို ရဲရဲဝံ့ဝံ့မြှုပ်နှံရန် ခရိုနီအချို့က ပြည်သူများကန့်ကွက်နေသည့်ကြားက လုပ်ဆောင်လာခြင်းလားဟုပင် တွေးစရာကောင်းနေသည်။
eleven
မြစ်ဆုံအပါအဝင် ဧရာဝတီ၊ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို လူမသိသူမသိ ချုပ်ဆိုခဲ့သော စာချုပ်များနှင့်အတူ ခရိုနီလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရခဲ့ပြီးဖြစ်သည်။ထိုမှတစ်ဖန် မြို့နယ်ပေါင်း ၈၄ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကိုလည်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရသည့် ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂၃ ခုတည်းက နည်းလမ်းစုံဖြင့် လုပ်ကိုင်ခွင့်ရခဲ့ပြန်သည်။ထိုမျှနှင့် မပြီးသေးဘဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခွင့်ကိုလည်း ထပ်မံရရှိခဲ့ကြသည်။ထိုမျှနှင့်လည်း မရပ်သေးဘဲ ခရိုနီအချို့သည် ပတ်ဝန်းကျင်နှင့်ဒေသခံများ ထိခိုက်မှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် ထပ်ဝင်လာကြရာ စီမံကိန်းအတွက် မြေသိမ်းခံရနိုင်ပြီး စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည့် ဒေသခံများအတွက်တော့ စိုးရိမ်စရာ ထပ်တိုးလာပြန်ပြီဖြစ်သည်။

UNFC ညီလာခံမှ KNU ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ပြုလုပ်နေသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၌ ကောင် စီ၏ ဖွဲ့စည်းပုံအခြေခံမူနှင့်ပတ် သက်၍ သဘောထားကွဲလွဲခြင်း ကြောင့် သြဂုတ် ၃၁ ရက်တွင် KNU အဖွဲ့ ကိုယ်စားလှယ်များ အစည်းအဝေး ဆက်မတက်ဘဲ ထွက်ခွာခဲ့ကြောင်း သတင်းရရှိ သည်။
UNFC ညီလာခံပဉ္စမမြောက် နေ့တွင် UNFC ၏ ဖွဲ့စည်းပုံ အခြေခံသ ဘောထားမူဝါဒများကို ဆက် လက်ဆွေးနွေးရာ၌ သဘော ထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးအပါအ၀င် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများပါဝင်သော KNU ထိပ်တန်းကိုယ်စားလှယ် ငါးဦးသည် သြဂုတ် ၃၁ ရက် နေ့ လယ်တွင် အစည်းအဝေးဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားခြင်းဖြစ်ကြောင်း UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းဟုယူဆရသည်ကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်းဟုယူဆရသည်ကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီဟုဆို
Monday, Setember 1, 2014

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မ စေတီခေါင်းလောင်းကြီးဟုယူဆ ရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းကပြောသည်။
ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူရန်ကြိုးပမ်းမှု ၂၃ ရက်ပြည့်မြောက်ပြီဖြစ်ပြီး ကုန်း ပေါ်ရောက်မှသာ ဓမ္မစေတီခေါင်း လောင်းအစစ်ဟုတ်၊ မဟုတ် သမိုင်းပညာရှင်များက စစ်ဆေး ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
‘‘ဦးစံလင်းက ဖုန်းဆက် တယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြည်သူတွေကို မေတ္တာနဲ့ခဏ စောင့်ပေးပါလို့ပြောတယ်’’ဟု ဦးကြည်ဝင်းက ရှင်းပြသည်။
ဓမ္မစေတီခေါင်းလောင်းကြီး ဟု ယူဆရသည့်အရာကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီး ကုန်းပေါ်သို့တင်၍ သက်သေပြရန်ကြိုးစားနေကြောင်း၊ ဆလုံရေငုပ်သမားများတွေ့ရှိသည့် အရာမှာ ဗော်ယာများဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ပြန်ကြားရေးအဖွဲ့က ပြောသည်။
‘‘ဒုတိယကမ္ဘာစစ်မတိုင်မီက သင်္ဘောချည်တဲ့ ဗော်ယာတွေ ရန်ကုန်မြစ်ထဲမှာ သူ့အဆင့်နဲ့သူ အများကြီးရှိတယ်။ ပင်လယ်ကူး သင်္ဘောတွေချည်တဲ့ ဗော်ယာဆို ရင် A Class သတ်မှတ်ထား တယ်။ အချင်းက ၁၀ ပေလောက် ရှိတယ်။ အဲဒါမျိုးတွေ ရေဝင်ပြီး တော့ မြုပ်သွားတာတွေ၊ မဆယ် နိုင်တော့လို့ နုန်းအောက်ရောက် သွားတာတွေ အများကြီးရှိတယ်။ ဒီဗော်ယာကြီးတွေက ခေါင်း လောင်းကြီးနဲ့ ထုထည်တူနိုင် တယ်။ အလေးချိန်ကတော့တူမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆို တော့ ဒီဗော်ယာကြီးတွေက အထဲက ဘာမှမပါဘူး။ အပေါ်မှာ ချည်တဲ့ကွင်းပါတယ်။ ဒါကြောင့် အခုခေါင်းလောင်းရှာတဲ့ ရေငုပ် သမားတွေအနေနဲ့ ဒီဗော်ယာ အဟောင်းတွေကို ကြိုးသိုင်းပြီး တွေ့ပြီလို့ပြောနေတယ်လို့ထင် တယ်’’ဟု ရေကြောင်းအရာရှိချုပ် ဟောင်း စည်သူဦးကျော်သိန်းလွင် က ဧရာဝတီသတင်းဌာနနှင့် အင် တာဗျူးတွင် ဖြေကြားထားသည်။
မြစ်ရေအောက်ကြမ်းပြင် အောက် ၁၇ ပေခန့်အထိ သောင် တူးစက်ဖြင့်တူးနေပြီး အကျယ် ပေ ၈၀ နှင့် ပေ ၁၀၀ ပတ်လည် တူးနေခြင်းဖြစ်နိုင်ကြောင်း၊ သောင်တူးစက်က ယင်းနေရာ တစ်ဝိုက်ကိုသာနေ့စဉ် ရှေ့တိုး နောက်ဆုတ်တူးနေခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသူများနှင့် လှေသမ္ဗန်သမားအချို့ ထံမှ သိရသည်။
‘‘အတိအကျလုပ်နေတာ။ တစ်နေရာတည်းလုပ်နေတာ။ ဒီ တစ်နေရာတည်း ရှေ့တိုးနောက် ဆုတ်လှည့်တူးနေတာ။ ဟိုနေရာ စမ်းစမ်း၊ ဒီနေရာစမ်းစမ်းတူးတာ မဟုတ်ဘူး။ တစ်နေရာတည်းလှဲ့ တူးနေတာ’’ဟု လှေသမ္ဗန်သမား ဦးဇင်ဘိုက ဆိုသည်။
7Day Daily

ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦးကို ဆွဲတင်နေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦးကို ဆွဲတင်နေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မ စေတီခေါင်းလောင်းကြီးဟုယူဆ ရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းကပြောသည်။
ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူရန်ကြိုးပမ်းမှု ၂၃ ရက်ပြည့်မြောက်ပြီဖြစ်ပြီး ကုန်း ပေါ်ရောက်မှသာ ဓမ္မစေတီခေါင်း လောင်းအစစ်ဟုတ်၊ မဟုတ် သမိုင်းပညာရှင်များက စစ်ဆေး ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။‘‘ဦးစံလင်းက ဖုန်းဆက် တယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြည်သူတွေကို မေတ္တာနဲ့ခဏ စောင့်ပေးပါလို့ပြောတယ်’’ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

နိုင်ငံတော်သီချင်းကို ဖျက်ဆိုခဲ့သော ဘင်္ဂါလီကျောင်းသားနှစ်ဦး ကျောင်းထုတ်ခံရ

နိုင်ငံတော်သီချင်းစာ သားကို ဖျက်ဆိုခဲ့သော ဘူးသီးတောင်မြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဘင်္ဂါလီလူမျိုး သတ္တမတန်း ကျောင်းသားနှစ်ဦးကို ကျောင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။သြဂုတ် ၂၈ ရက်က အမှတ် (၂) အခြေခံပညာအလယ်တန်း ကျောင်း၌ ကျောင်းတက်ချိန်နိုင်ငံ တော်သီချင်းသီဆိုရာတွင် ဘင်္ဂါ လီလူမျိုး ကျောင်းသားနှစ်ဦးက ‘‘မြန်မာပြည်’’ဆိုသည့် စာသားအ စား ‘‘မွတ်စလင်ပြည်’’ဟု ပြောင်း လဲသီဆိုခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အတန်းပိုင်ဆရာမက ယင်း ကဲ့သို့ မသီဆိုရန်ဆုံးမရာ ကျောင်းသားနှစ်ဦးက ပြန်လည်ရန်ရှာခဲ့သည့်အတွက် ကျောင်းအုပ်ဆရာကြီးထံ တင်ပြပြီး မိဘများကို ခေါ်ယူခဲ့ကြောင်းနှင့် မိဘများက လာရောက်တွေ့ဆုံခြင်းမရှိ၍ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ နောက်ဆုံးဆုံးဖြတ်ချက်အရ ၎င်းတို့ကို ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ

 
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာ ၂ ရွာ က ဒေသခံရွှေလုပ်သားတွေ စုပေါင်းပြီး လူအင်အား ၁၀၀၀ ကျော်က သူတို့နေထိုင်ရာ ကျေးရွာမြေနဲ့ အိမ်ခြေ ၁၅၀ ကျော် မရွှေ့ပြောင်းရေးအတွက် သြဂုတ် ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ကျေးရွာမြေပေါ် က ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ အမြန်ဆုံးဖယ်ရှားပေးရေး၊ အိမ်ခြေ ၁၅၀ မရွှေ့ပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သတ္တုတွင်းဥပဒေ နဲ့အညီ ဆောင်ရွက်ပေးရေး၊ အမှန်တရားဖော်ထုတ်ပေးရေး၊ ကျေးရွာမြေနယ်နိမိတ် အမြန်ဆုံး သတ်မှတ်ပေးရေး စတဲ့ အချက် ၇ ချက်ကို ကြွေးကြော်ပြီး ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာတွေမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော

 Photo: အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော
Monday, September 1, 2014

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုများမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ပြောသည်ဟု သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄  (ASEAN SMEs Policy Index ၂၀၁၄)တွင်လည်း အကောင်းဆုံးနိုင်ငံများ၏ ရမှတ်မှာ ၅ ဒသမ ၄ ရှိနေသော်လည်း မြန်မာနိုင်ငံအနေက ၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိနေခြင်းဖြစ်ရာ မြန်မာ့အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးတိုးတက်မှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးသွားရန် အထူးလိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မူဝါဒ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ရန် မူဝါဒ၊ ဥပဒေ၊ ဆက်စပ်ဥပဒေများ ပြုစုရေးဆွဲရေး၊ လုပ်ငန်းစတင်ရေး ၊ ငွေကြေးအရင်းအနှီးလွယ်ကူစေရေး၊ လူ့အရင်းအမြစ် တိုးတက်ရေး၊ နည်းပညာ မြှင့်တင်မှု စံချိန်စံညွှန်းများ သတ်မှတ်ရေး ၊ သတင်းအချက်အလက်နှင့် သုတေသနများလုပ်ဆောင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဈေးကွက်မြှင့်တင်ရေး၊ စောင့်ကြည့်အကဲဖြတ်ရေးနှင့် လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းလုပ်နေသော်လည်း မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ SMEs ဖွံ့ဖြိုးမှုများအတွက် လိုအပ်ချက်နှင့် စိန်ခေါ်ချက်များ ရင်ဆိုင်နေရတယ်”ဟု ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

သို့ဖြစ်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများနှင့် ပူးပေါင်း ဆောင်ရွက်မှုများရယူခြင်း၊ အစိုးရကလည်း စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများကို တာဝန်ခံမှု ( Regulatory Inpact Analysis - RIA) ပိုမိုတိုးတက်လာစေရန် စနစ်တကျဆောင်ရွက်ရေးတို့အတွက် ၎င်းက တိုက်တွန်းသည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကမူ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရာတွင် မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူများက အောက်ခြေသို့ ဆင်းကြည့်ကာ လိုအပ်သည်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းလျက်ရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က မီဒီယာများကို ပြောထားသည်။

စီးပွာရေးပညာရှင် ဦးလှမောင်က “SMEs တစ်ခုတည်း မဟုတ်ပါဘူး စီးပွားရေး တိုးတက်မှုတွေကို လုပ်တဲ့ နေရာမှာ မူတွေ၊ ဥပဒေတွေ ထုတ်ပြန်နေရုံနဲ့မပြီးဘူး တကယ်အကောင်အထည်ပေါ်လာဖို့ ဘာတွေလုပ်ရမယ်ဆိုတာကို လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်တယ်။ ဒီအပိုင်းတွေက ဟိုးအရင်ကတည်းက အားနည်းသလို အခုလည်း အားနည်းတုန်းပါပဲ”ဟု မဇ်္ဈိမကို ပြောသည်။

အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄(ASEAN SME Policy Index ၂၀၁၄) ကိုမူ အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့ (Economic Reserch Institute of ASEAN and East Asia-ERIA) က ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းတွင်မူ အကောင်းဆုံးနိုင်ငံ၏ ညွှန်းကိန်းရမှတ်ကို ၅ ဒသမ ၄ နှင့် ပျမ်းမျှညွှန်းကိန်းရမှတ်ကို ၃ ဒသမ ၇ ရာခိုင်နှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံသည် ပျမ်းမျှရမှတ်အောက်သို့ ကျဆင်းခြင်းဖြစ်သည်။
mizzima
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုများမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ပြောသည်ဟု သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရက်ပ်ဂီတစစ်မြေပြင်မှာ အမေရိကန်နဲ့ တရုတ် ဘယ်သူနိုင်လဲ

 Photo: ရက်ပ်ဂီတစစ်မြေပြင်မှာ အမေရိကန်နဲ့ တရုတ် ဘယ်သူနိုင်လဲ
Monday, September 1, 2014

ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ရက်ပ်ဂီတနဲ့ စစ်ခင်းတဲ့ ယူကျူ ဗွီဒီယို ဖြစ်ပါတယ်။ စာသားတွေက အလွန်ပဲ နိုင်ငံရေးဆန်ပြီး သရော်မှုတွေလည်း ပါဝင်ပါတယ်။ 
တချိန်က ရန်ကုန် လူငယ်လောကမှာ နိုင်ငံရေးတွေ မပါကြေးလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ လူငယ်တွေကလည်း ရက်ပ်ဂီတနဲ့ နိုင်ငံရေးကို သရုပ်ဖော်ခဲ့ကြပါတယ်။ 

ဒီယူကျူရုပ်သံက ရက်ပ်စာသား တွေက တကယ့် နိုင်ငံရေးတွေပါပဲ.....

အမေရိကန်ပြည်ထောင်စုဆိုတာလည်း ကမ္ဘာ့ဆူပါ ပါဝါနိုင်ငံကြီးဖြစ်ပြီး ၂၁ ရာစုမှာ တရုတ်နိုင်ငံကလည်း အမေရိကန်ကို ပုခုံးချင်း ယှဉ်လာနေတာ စီးပွားရေး၊ နည်းပညာ စတဲ့ ကိစ္စတွေမှာလည်း အထင်အရှား
ဖြစ်ပါတယ်။ 

အင်တာနက်မြန်နှုန်းကောင်းလို့ ကြည့်ဖြစ်ရင် အခု ယူကျူပေါ်က အမေရိကန်နဲ့ တရုတ်တို့ရဲ့ ရက်ပ် ဂီတ စစ်ပွဲမှာ ဘယ်သူ နိုင်ခဲ့သလဲ ဆိုတာ  ထင်ကြေးပေးနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ကြည့်ရမယ့် နေရာက https://www.youtube.com/watch?v=WvqjCs5llX8 မှာ ဖြစ်ပါတယ်။

ဆဲဆိုတဲ့ စကားလုံးတွေ အများအပြား ပါဝင်ပါတယ်။ ပြီးတော့ 
လူမျိုးရေးခွဲခြားမှုအနည်းငယ်ဆန်တဲ့ စကားလုံးတွေလည်း ပါပေမယ့် ဒါက လူပြက်တွေ ပြက်လုံးထုတ်တဲ့သဘော၊ ဟဒယရွှင်ဆေး တိုက်ကျွေးတဲ့သဘောလို့ ဆိုရပါမယ်။  

တရုတ်အမျိုးသားအဖြစ် သရုပ်ဆောင်သူက တရုတ်သံနဲ့ ရက်ပ်သီချင်းဆိုပြသွားပါတယ်။

အမေရိကန်က  ရက်ပ်သီချင်းဆိုတာ ရယ်စရာ ကောင်းချင်မှ ကောင်းမယ်။ သို့သော်လည်း သီချင်းစာသားကတော့ ဟာသရသ ပါပါတယ်။

ငါတို့က တကယ့် လူသားတွေ၊ မင်းတို့ကတော့ အရေအတွက်ပဲ ရှိတာပါ လို့ အမေရိကန်ငနဲက နိဒါန်းပိုင်းမှာ နှက်လိုက်ပါတယ်။

သူ့ပြိုင်ဘက်ရဲ့ သီချင်းဆိုသံကတော့ တရုတ်သံအပြည့် ပါဝင်တာကြောင့် ... ဒီအသံကလည်း သောတရှင် အများအပြားကို ဟဒယဖြစ်စေပါလိမ့်မယ်။
သူ့စာသား တပိုင်းတစကို ပြောပြရရင် ... တရုတ်တန်းဆိုတာ ကမ္ဘာ့အနှံ့မှာ ရှိနေတယ်၊မင်းတို့ ဗီယက်နမ်ကို ရှုံးခဲ့တယ်၊ 
ငါတို့က Facebook ကို ပိတ်တယ်၊ You Tube ကို ပိတ်တယ်၊ ငါတို့ အားလုံးကို ပိတ်တယ် လို့ တရုတ်က ဆိုတယ်။

အမေရိကန်ကလည်း အားကျမခံ ... ငါတို့က ဗုံးကြဲမယ် အရပ်သားတွေကို သတ်မယ်လို့ ပြန်ဆိုတယ်။

သီချင်းကို တရုတ်သံနဲ့ အဆုံးသတ်ပါတယ်။

သိပ်မကြာခင် တကမ္ဘာလုံး Made in China ဖြစ်တော့မယ် တဲ့။

စဉ်းစားစရာလည်း ကောင်း၊ ရယ်စရာလည်းကောင်းတဲ့ သီချင်းတပုဒ်ပါလို့ ဆိုနိုင်ပါတယ်။
https://www.youtube.com/watch?v=WvqjCs5llX8 မှာ ကြည့်နိုင်ပါတယ်။ 
  
ဧရာဝတီ
ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ရက်ပ်ဂီတနဲ့ စစ်ခင်းတဲ့ ယူကျူ ဗွီဒီယို ဖြစ်ပါတယ်။ စာသားတွေက အလွန်ပဲ နိုင်ငံရေးဆန်ပြီး သရော်မှုတွေလည်း ပါဝင်ပါတယ်။
တချိန်က ရန်ကုန် လူငယ်လောကမှာ နိုင်ငံရေးတွေ မပါကြေးလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ လူငယ်တွေကလည်း ရက်ပ်ဂီတနဲ့ နိုင်ငံရေးကို သရုပ်ဖော်ခဲ့ကြပါတယ်။

ဆင်းမ်ကတ်များ အကန့်အသတ်မရှိ ရောင်းချမည့် သတင်းကြောင့် ပြင်ပဈေးကွက်ပျက်၊ အူရီးဒူးကတ်ဝယ်သူနည်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကတ်များကို စက် တင်ဘာလ ၁ ရက်တွင် စတင် ရောင်းချမည်ဖြစ်သောကြောင့် ဈေးကွက်အတွင်း၌ လက်ရှိရောင်းချနေသည့် MPT ၏ ကျပ်၁၅၀၀တန် GSM ဆင်းမ်ကတ်များအရောင်းအ၀ယ်ပြုလုပ်မှုမရှိတော့ဘဲ အူရီးဒူးဆင်းမ်ကတ်များ ၀ယ်ယူသူ လျော့ကျလာကြောင်း ဟန်းဆက် အရောင်းဆိုင်များနှင့် ဆင်းမ်ကတ် အရောင်းအ၀ယ်ပြုလုပ်သူများထံမှ သတင်းရရှိသည်။
‘‘အရင်က ချပေးထားတဲ့ ၁၅၀၀ တန် GSM ဆင်းမ်ကတ် တွေကိုမရောင်းတော့တာ တစ်ပတ်လောက်ရှိပြီ MPT က ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်ဆိုတော့ ဈေးလည်းသိပ်မရတော့ဘူး။ အဲဒါကိုပဲ ဆက်ရောင်း သွားဖို့ရှိပါတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်အတွင်းရှိ MEGA မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။

တစ်ရွာ ဆန်အိတ် (၃၀)တောင်းသော KIA ကြောင့် ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေ

 Photo: တစ်ရွာ ဆန်အိတ် (၃၀)တောင်းသော KIA ကြောင့် ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေ
Monday, September 1, 2014

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ရိက္ခာဆန်များ တောင်းခံမှုကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါမြို့နယ်တွင် ဟန်ထက်ကျေးရွာ၊ မံသာကျေးရွာ၊ မဒယန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ ကိုက်ထိပ် ကျေးရွာ၊ သံတံတားကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ မန်ဝိန်းကြီးကျေးရွာများပါဝင်ပြီး ယင်းကျေးရွာအားလုံးအား ဆန်ရိက္ခာတောင်းခံထားကြောင်း သိရသည်။
“တိုက်ပွဲတွေပြန်ဖြစ်ကတည်းက လယ်ယာလုပ်ငန်းကို ဟုတ်တိပတ်တိလုပ်ရတော့တာမဟုတ်ဘူး၊ အခုလာပြီးရိက္ခာဆန် လာတောင်းတော့ အတော်စိတ်ညစ်ရတယ်။ မိသားစုစားဝတ်နေရေးအတွက် မနည်း ဖြေရှင်းနေရတာ” ဟု မိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာအုပ်စုများအနီးဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားလျက်ရှိပြီး ဂျေစွမ်းပါ စခန်းနှင့် အခြားစခန်းတစ်ခုအတွက် ရိက္ခာဆန်များလိုအပ်နေ၍ အပူတပြင်းလာရောက်ကောက်ခံနေခြင်း ဖြစ်ကြောင်း လည်း သိရသည်။
“တစ်ရွာ ဆန်အိတ် ၃၀ ဆိုတော့ အရမ်းများတယ်။ လယ်ယာလုပ်ငန်းတွေက အခုမှ ပြန်လုပ်တာ ဆိုတော့ အဆင်မပြေဘူး၊ ၀မ်းစာတောင်မလောက်ဘူး၊ ဒီနယ်မြေမှာ နေရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ KIA အဖွဲ့က ဒေသခံတွေဆီကို ရပိုင်ခွင့်တစ်ခုလို သဘောထားပြီး ဆက်ကြေး၊ ရိက္ခာ အကုန်ကောက်နေတာ”ဟု အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
မန်ဝိန်းကြီးဒေသတွင်ပါဝင်သော ရှမ်းရွာ(၁၈)ရွာမှ ဒေသခံရှမ်းလူမျိုးများကမူ KIA အဖွဲ့၏ လူသစ်၊ ဆက်ကြေး ကောက်ခံမှုများကို မကြာခဏ ငြင်းပယ်ခဲ့ကြပြီး ယခုလို တစ်ရွာဆန်အိတ်(၃၀)တောင်းခံမှုကိုလည်း ပေးရန်ဆန္ဒမရှိကြောင်း မန်ဝိန်းကြီးဒေသခံတစ်ဦးက ပြောကြားသွားခဲ့သည်။
ခိုင်မြဲ
Kachin Daily News
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ရိက္ခာဆန်များ တောင်းခံမှုကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။အဆိုပါမြို့နယ်တွင် ဟန်ထက်ကျေးရွာ၊ မံသာကျေးရွာ၊ မဒယန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ ကိုက်ထိပ် ကျေးရွာ၊ သံတံတားကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ မန်ဝိန်းကြီးကျေးရွာများပါဝင်ပြီး ယင်းကျေးရွာအားလုံးအား ဆန်ရိက္ခာတောင်းခံထားကြောင်း သိရသည်။

ဘက်စုံမြင်ကွင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည့် အမြန်ဘတ်စ်ကားလိုင်းစနစ် သုံးလအတွင်း စတင်ပြေးဆွဲမည်ဟု သိရ

ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ပြေးဆွဲခွင့်ပြုလိုက်သည့် အမြန်ဘတ်စ်ကားလိုင်းစနစ်အား ဝေဇယန္တာလမ်းပေါ်တွင် သုံးလအတွင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ယင်းစနစ်ကို ဘတ်စ်ကားလုံးဝပြေးဆွဲခြင်းမရှိသည့် ဝေဇယန္တာလမ်းပေါ်တွင် ပြေးဆွဲရန် လက်ရှိမေတ္တာလှိုင်း ယာဉ်လိုင်းများပြေးဆွဲနေသော ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။“ဝေဇယန္တာလမ်းမကြီးမှာ အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုပြီးဖြစ်ပါတယ်။ မကြာတော့မယ့် အချိန်သုံးလအတွင်း ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အနေဖြင့် လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရခြင်းကြောင့် ယင်းအချိန်များကို လျှော့ချနိုင်ရန်အတွက် အမြန်ဘတ်စ်ကားလိုင်းစနစ်ကို ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေမြုပ်လယ်များကို သမ္မတရန်ပုံငွေပေး မလုံလောက်၍ လွှတ်တော်တင်မည်ဟု ဆို

Photo: ရေမြုပ်လယ်များကို သမ္မတရန်ပုံငွေပေး မလုံလောက်၍ လွှတ်တော်တင်မည်ဟု ဆို
Monday, September 1, 2014

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးသွားသော လယ်စိုက်ဧကများအတွက် နိုင်ငံတော် သမ္မတရန်ပုံငွေ သန်း ၁,၀၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သြဂုတ်လ ၃၁ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်သန်းက မဇ္ဈိမကို ပြောသည်။

“ပဲခူးတိုင်းအတွင်းမှာ ပျက်စီးမှုစာရင်းတွေကို အကုန်လုံး ထောက်ပံ့ပေးပြီးပြီဖြစ်ပါတယ်။ လောက်လည်း လောက်ပါတယ်။ အဆင်ပြေပါတယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာတိုင်းကို သတ်မှတ်ချက်အတိုင်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရက ဒေသတွင်း လယ်ယာပျက်စီးမှုများကို ကူညီရန် ကျပ်သန်း ၁,၀၀၀ လိုအပ်ကြောင်း သြဂုတ်လ ၂၁ ရက်တွင် ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့သည်။ ထို့နောက် လယ်ပျက်စီးမှုစာရင်းများအရ ပဲခူးတိုင်းအတွင်း ပျက်စီးလယ်စိုက်ဧကပေါင်း ၅၇,၀၀၀ အတွက် တစ်ဧကလျှင် ၁၂,၀၀၀ နှင့် ထိခိုက်သော လယ်ဧက ၆၀,၀၀၀ အတွက် တစ်ဧကလျှင် ၆,၀၀၀ ကျပ်ကို သြဂုတ်လ ၂၄ ရက်တွင် မြို့နယ်အလိုက် ထောက်ပံ့မှုများလုပ်ပြီးပြီဟု ဦးမောင်မောင်သန်းက ဆိုသည်။

သို့သော်လည်း ပျက်စီးဆုံးရှုံးသွားသော လယ်ဧကများအတွက် အစိုးရမှ ထောက်ပံ့ ကူညီပေးသော်လည်း အကူအညီ အပြည့်အ၀မရရှိခြင်း၊ လယ်ပျက်စီးသူများ ထောက်ပံ့ကြေးရရန် ကျန်ရှိနေခြင်းတို့ကြောင့် စက်တင်ဘာလတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်း၊ သနပ်ပင် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက သြဂုတ်လ ၃၁ တွင် မဇ္ဈိမကို ပြောသည်။

သနပ်ပင်မြို့နယ်ထဲမှာ လယ်ဧက ၄၀,၀၀၀ လောက်ပျက်စီးတယ်။ ထောက်ပံ့စရိတ်ရတာက ဧက ၄၀,၀၀၀ လောက်ပဲရတယ်။ ရတဲ့တောင်သူတွေမှာလည်း ငါးဧက ဆုံးရှုံးတဲ့ လူတစ်ယောက်ဆို ကျပ် ၂,၀၀၀ ပဲ ရလို့ ကျွန်တော့်ကို လာပြောတာတွေရှိတယ်။ တကယ်ပျက်စီးပြီး တကယ်အခက်ခဲ တွေ့နေတဲ့ လူတွေအတွက် လွှတ်တော်မှာ တင်ပြပြီး ပြန်စိစစ်ပေးဖို့အတွက် ဆွေးနွေးမှာပါ” ဟု ၎င်းက ဆိုသည်။

လယ်ပျက်စီးမှုများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ထောက်ပံ့ခဲ့သော်လည်း လယ်ခုနစ်ဧကခန့် ပျက်စီးခဲ့သည့် ၎င်းအတွက် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာမှ လယ်သမားဦးဝင်းမောင်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက် ပြည်သူ့လွှတ်တော် ပြန်လည်စတင်ချိန်တွင် တောင်းဆိုသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။
မဇ္ဈိမ
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးသွားသော လယ်စိုက်ဧကများအတွက် နိုင်ငံတော် သမ္မတရန်ပုံငွေ သန်း ၁,၀၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သြဂုတ်လ ၃၁ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်သန်းက မဇ္ဈိမကို ပြောသည်။
“ပဲခူးတိုင်းအတွင်းမှာ ပျက်စီးမှုစာရင်းတွေကို အကုန်လုံး ထောက်ပံ့ပေးပြီးပြီဖြစ်ပါတယ်။ လောက်လည်း လောက်ပါတယ်။ အဆင်ပြေပါတယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာတိုင်းကို သတ်မှတ်ချက်အတိုင်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရက ဒေသတွင်း လယ်ယာပျက်စီးမှုများကို ကူညီရန် ကျပ်သန်း ၁,၀၀၀ လိုအပ်ကြောင်း သြဂုတ်လ ၂၁ ရက်တွင် ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့သည်။ ထို့နောက် လယ်ပျက်စီးမှုစာရင်းများအရ ပဲခူးတိုင်းအတွင်း ပျက်စီးလယ်စိုက်ဧကပေါင်း ၅၇,၀၀၀ အတွက် တစ်ဧကလျှင် ၁၂,၀၀၀ နှင့် ထိခိုက်သော လယ်ဧက ၆၀,၀၀၀ အတွက် တစ်ဧကလျှင် ၆,၀၀၀ ကျပ်ကို သြဂုတ်လ ၂၄ ရက်တွင် မြို့နယ်အလိုက် ထောက်ပံ့မှုများလုပ်ပြီးပြီဟု ဦးမောင်မောင်သန်းက ဆိုသည်။

လစ်ဗျားနိုင်ငံက လစ်လပ်နေတဲ့ အမေရိကန်သံရုံးကို သူပုန်အဖွဲ့တွေ သိမ်းပိုက်

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီအတွင်း စစ်သွေးကြွအုပ်စုတွေကြား အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် လူတွေ ထွက်ပြေး တိမ်းရှောင်သွားကြအပြီး တလအကြာမှာ လစ်လပ်နေတဲ့ အမေရိကန်သံရုံးရဲ့ လူနေအိမ်ရာ နေရာကို သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တယ်လို့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တဖွဲ့က ပြောပါတယ်။
ထရီပိုလီမြို့တော်နဲ့ နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ဖက် စစ်သွေးကြွအဖွဲ့တခုနဲ့ သီတင်းပတ် အတန်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို သိမ်းပိုက်လိုက်တာပါ။
Dawn of Libya လစ်ဗျားရဲ့ အာရုဏ်ဦးလို့ နာမည်ပေးထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုကြီးတစုက အမေရိကန် သံရုံးဝန်းကို ထိန်းချုပ်ထားတာ တပတ်လောက်ရှိပြီလို့ သတင်းဌာနတွေရဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ငွေမည်းခဝါချမှု နည်းဥပဒေတွေ ထွက်လာမယ်

 Photo: နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား
Monday, September 1, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့ နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနယ်မြေက ပအို့ဝ်အသွင်ပြောင်းပြည့်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေ မြေပါ၊ ရွက်ဆစ်အဖွဲ့ တွေဝင် လာတော့ နှစ်ဖက်ပြဿနာဖြစ်တာပေါ့၊ တိုက်ပွဲတွေဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဒေသခံ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ပြောသည်။ မိုင်းပွန်တိုက်နယ်၊ နမ့်ထဗိုကျေးရွာအုပ်စု၊ လုံထွေကျေးရွာအနီး တစ်ဝိုက်သို့ RCSS/SSA အဖွဲ့ဝင်များ ၀င်ရောက်လာမှုကြောင့် နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့(PNO) နှင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

PNO အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ထန်စမ်းဂူနှင့် ကျောင်းထိုင်ဆရာ တော် ဟိုပုံးကိုရင်လေး၏ သာသနာပြုနယ်မြေအား လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိရာ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လွိုင်လင်စသည့် ဆက်စပ်နယ်မြေများ၌လည်း လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။ RCSS/SSA အဖွဲ့မှ PNLO/PNLA နယ်မြေအား ၀င်ရောက်ကျူးကျော်မှုကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို PNO လှုပ်ရှားရာနယ်မြေတွင်းသို့လည်း ၀င်ရောက်လာပြီး ရန်စနှောင့်ယှက်မှုများ ကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ခွန်သာထွန်း
မြန်မာနိုင်ငံ မှာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး အတွက်၊ လွှတ်တော်ကနေ ဥပဒေသစ် တစ်ရပ်ကို ၂၀၁၄ မတ်လ မှာ ပြဌာန်း နိုင်ခဲ့ ပေမယ့်၊ ငွေမည်း စီးဆင်းနေမှု ကို ထိရောက်စွာ ကိုင်တွယ် အရေးယူနိုင်ရေး အတွက် နည်းဥပဒေ တွေ ထွက် လာဖို့ လိုအပ်နေပါ တယ်။
ငွေမည်း ခဝါချမှုနဲ့ အကြမ်းဖက် အဖွဲ့တွေ ကို ငွေကြေး ထောက်ပံ့မှုတွေ အပါအဝင် နိုင်ငံတကာ ရဲ့ ဘဏ္ဍဍာရေး စံနစ် အပေါ် အန္တရာယ်ပြု နိုင်တာတွေ ကို ကာကွယ် တိုက်ဖျက်ဖို့၊ နိုင်ငံတကာ အစိုးရတွေ အကြား ပူးပေါင်း ဖွဲ့စည်း ထားတဲ့ Financial Action Task Force ( FATF )အဖွဲ့ က ထုတ်ပြန်ချက် ထဲမှာလည်း မြန်မာနိုင်ငံ ကို ငွေမည်း ခဝါချမှု တိုက်ဖျက်ရေး မှာ ပူးပေါင်း ပါဝင်မှု အားနည်း တဲ့ နိုင်ငံ အဖြစ် ဝေဖန်မှု တွေ ရှိခဲ့ပါ တယ်။

နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား

Photo: နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား
Monday, September 1, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့ နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနယ်မြေက ပအို့ဝ်အသွင်ပြောင်းပြည့်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေ မြေပါ၊ ရွက်ဆစ်အဖွဲ့ တွေဝင် လာတော့ နှစ်ဖက်ပြဿနာဖြစ်တာပေါ့၊ တိုက်ပွဲတွေဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဒေသခံ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ပြောသည်။ မိုင်းပွန်တိုက်နယ်၊ နမ့်ထဗိုကျေးရွာအုပ်စု၊ လုံထွေကျေးရွာအနီး တစ်ဝိုက်သို့ RCSS/SSA အဖွဲ့ဝင်များ ၀င်ရောက်လာမှုကြောင့် နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့(PNO) နှင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

PNO အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ထန်စမ်းဂူနှင့် ကျောင်းထိုင်ဆရာ တော် ဟိုပုံးကိုရင်လေး၏ သာသနာပြုနယ်မြေအား လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိရာ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လွိုင်လင်စသည့် ဆက်စပ်နယ်မြေများ၌လည်း လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။ RCSS/SSA အဖွဲ့မှ PNLO/PNLA နယ်မြေအား ၀င်ရောက်ကျူးကျော်မှုကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို PNO လှုပ်ရှားရာနယ်မြေတွင်းသို့လည်း ၀င်ရောက်လာပြီး ရန်စနှောင့်ယှက်မှုများ ကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ခွန်သာထွန်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့ နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။