Saturday, September 13, 2014

အမေရိကန်သည် IS အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော် ကြေညာ

Photo: အမေရိကန်သည် IS အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော် ကြေညာ
Saturday, September 13, 2014

အမေရိကန် ပြည်ထောင်စုသည် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့သည်။

ယခုသီတင်းပတ်အတွင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ အိုဘားမား၏ စစ်ဆင်ရေးများတွင် ပါဝင်ကူညီရန် အာရပ်နိုင်ငံ အများအပြားကလည်း ကတိပြုထားသည်။

“အမေရိကန် ပြည်ထောင်စုဟာ ISIL အဖွဲ့နဲ့ စစ်ပွဲဖြစ်ပွားနေပါပြီ။ ဒါဟာ အယ်လ်ကိုင်ဒါရယ်၊ ကမ္ဘာတလွှားက အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲရဲ့ သဘောသဘာဝအတိုင်းပါပဲ”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျော့ရှ် အားနက်စ်က ပြောကြားခဲ့သည်။ အားနက်စ်သည်လည်း အိုဘားမားနည်းတူ IS ဆိုသော အမည်ကို အသုံးမပြုဘဲ အစွန်းရောက် စစ်သွေးကြွ အဖွဲ့၏ အမည်ဟောင်းကိုသာ ရည်ညွှန်းသွားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်းသေနာပတိ ဂျွန်ကာဘီကလည်း ISIL ဆိုသော ဝေါဟာရကိုပင် သုံးနှုန်းကာ အမေရိကန်သည် အီရတ်စစ်ပွဲကဲ့သို့ အခြေအနေမျိုး နောက်တစ်ကြိမ် ကြုံတွေ့မလာအောင် ရှောင်လွှဲသွားမည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အမှားခံမှာ မဟုတ်ပါဘူး။ ISIL နဲ့ လောလောဆယ် စစ်ဖြစ်နေမှန်း သဘောပေါက်ပါတယ်။ ဒါဟာ အယ်လ်ကိုင်ဒါနဲ့ အဖွဲ့ခွဲတွေကို အမေရိကန်က ဆင်နွှဲနေတဲ့ စစ်ပွဲတွေနဲ့ သဘောတရား အတူတူပါပဲ”ဟု ကာဘီက ဆိုသည်။

အိုဘားမားသည် ယခုသီတင်းပတ် မိန့်ခွန်းအတွင်း၌ ၎င်း၏ ရည်မှန်းချက်မှာ ISILကို အလုံးစုံ ဖျက်ဆီးသွားနိုင်ရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ISIL မှ အမည်ပြောင်းလဲခဲ့သည့် IS အဖွဲ့သည် ယခုအချိန်ထိ ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေဒေသ အမြောက်အမြားကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY
အမေရိကန် ပြည်ထောင်စုသည် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော်က အတည်ပြု ကြေညာ ခဲ့သည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ရုံးထုတ်စစ်ဆေးမှု အခြေအနေ ယခင်ထက်ပျော့ပျောင်းလာဟု မိသားစုဝင်များ ပြောကြား

သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဟောင်းဦးဆန်းဆင့် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပြစ်မှု ပုဒ်မ၁၂၄(က)၊ အလွဲသုံးစားမှု ပြစ်မှုကြီးအမှတ် ၄၁/၁၄၊ ပြစ်မှု ပုဒ်မ ၄ဝ၉တို့ဖြင့် တရားစွဲဆိုရုံး တင်စစ်ဆေးလျက်ရှိရာ ယနေ့ (၁၆)ကြိမ်မြောက် ရုံးတင်စစ်ဆေး မှုအခြေအနေမှာ ယခင်အကြိမ်ရေ များထက် ပျော့ပျောင်းလာသည့် အခြေအနေရှိကြောင်း ¤င်း၏ မိသားစုဝင်ဦးအောင်ဌေးက သတင်း ထောက်များသို့ ပြောသည်။

ရွှေမန်းသူ ခရီးသည်တင်မှန်လုံယာဉ်ကို ခဲဖြင့်ပေါက်ခံရမှု အချိန်တိုအတွင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ

စက်တင်ဘာ ၁ဝ ရက် ည ၈ နာရီခွဲက ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၉ဝ/၁-၂) အကြား မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် နယ်မြေအတွင်း၌ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဦးခိုင်စိုး မောင်းနှင်သော ၅ဃ/၉၈၅၃ ရွှေမန်း သူခရီးသည်တင်မှန်လုံယာဉ်ကို ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ခရီးသည်တင် ယာဉ်၏နောက်ဘက်ခြမ်း လေကာမှန်၌ အလျားသုံးပေ၊ အနံ နှစ်ပေ ခြောက်လက်မကွဲအက်သွားပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သုံးသိန်း ဆုံးရှုံးခဲ့ရသည်။

ညီမဖြစ်သူအား စနောက်သူနှင့် စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးခံရ၍သေဆုံး

Photo: ညီမဖြစ်သူအား စနောက်သူနှင့် စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးခံရ၍သေဆုံး
Saturday, September 13, 2014

၁၂.၉.၂၀၁၄ရက်နေ့ ၁၃၃၀အချိန် အင်းစိန်မြို့နယ်နေ ဦးဝင်းမြင့်သည် နေအိမ်တွင်ရှိနေစဉ် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာ၊ ဈေးလမ်းတွင် အတူနေသားဖြစ်သူ မှန်ကြီး(ခ)မင်းထွဋ် (၄၄)နှစ်မှာ ခိုက်ရန်ဖြစ်ပွားကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှု ခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ သားဖြစ်သူ မှန်ကြီး(ခ)မင်းထွဋ်တွင် ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲလက်ညှိုးနှင့်လက်မကြား၌ ပြတ်ရှ ဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ပတ်ဝန်းကျင်အား မေးမြန်းရာသားဖြစ်သူ မှန်ကြီး(ခ)မင်းထွဋ်မှာ ညီမဖြစ်သူအား တစ်လမ်းတည်းနေ စိန်လှိုင် (၂၆)နှစ်၊ (ဘ)ဦးခင်မောင်ဝင်းမှ စနောက်သဖြင့် စကားများရန်ဖြစ်
ကြစဉ် စိန်လှိုင်မှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စိန်လှိုင်အား အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ စိန်လှိုင်အား အင်းစိန်မြို့မရဲစခန်း(ပ)၉၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
၁၂.၉.၂၀၁၄ရက်နေ့ ၁၃၃၀အချိန် အင်းစိန်မြို့နယ်နေ ဦးဝင်းမြင့်သည် နေအိမ်တွင်ရှိနေစဉ် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက် ရပ်ကွက် ၊ အောင်ဇေယျအိမ်ရာ၊ ဈေးလမ်းတွင် အတူနေသားဖြစ်သူ မှန်ကြီး(ခ)မင်းထွဋ် (၄၄)နှစ်မှာ ခိုက်ရန်ဖြစ်ပွားကြောင်းကြားသိရသဖြင့် သွားရော က်ကြည့် ရှု ခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ သားဖြစ်သူ မှန်ကြီး(ခ)မင်းထွဋ်တွင် ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲလက် ညှိုးနှင့်လက်မကြား၌ ပြတ်ရှ ဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ပတ်ဝန်းကျင်အား မေးမြန်းရာသားဖြစ်သူ မှန်ကြီး(ခ) မင်းထွဋ်မှာ ညီမဖြစ်သူအား တစ်လမ်းတည်းနေ စိန်လှိုင် (၂၆)နှစ်၊ (ဘ)ဦးခင်မောင်ဝင်းမှ စနောက်သဖြင့် စကားများရန်ဖြစ်ကြစဉ် စိန်လှိုင်မှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စိန်လှိုင်အား အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များတွင် မီးသတ်ရေယာဉ်များ စတင်အသုံးပြုမည်

 Photo: မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များတွင် မီးသတ်ရေယာဉ်များ စတင်အသုံးပြုမည်
Saturday, September 13, 2014

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များရှိ ဧရာဝတီမြစ်ဆိပ် ကမ်းများတွင် မီးသတ်ရေယာဉ် များ စတင်ထားရှိသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်အတွင်း သွား လာနေကြသော ရေယာဉ်များ၊ သင်္ဘောများ မီးဘေးအန္တရာယ် နှင့် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်း အန္တရာယ်များ ကြုံတွေ့ရပါက မီး ငြှိမ်းသတ်ခြင်း၊ အသက်ကယ် ဆယ်ခြင်းများ ပြုလုပ်နိုင်ရန် စက် တင်ဘာ ၅ ရက်က မီးသတ်ဌာန ချုပ်မှ ချထားပေးလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသန်း ဇော်ဦးက ပြောကြားသည်။

‘‘မြစ်ဆိပ်မှာရှိတဲ့ မီးသတ် စခန်းမှာထားမှာပါ။ မီးဘေး အန္တရာယ်အပြင် ရေနစ်တာတို့ တခြားကယ်ဆယ်ရေး လုပ်ငန်းတွေပါ ဆောင်ရွက်ပေးသွားမှာပါ’’ ဟု တိုင်းဦးစီးမှူးက ပြောသည်။ အဆိုပါ မီးသတ်ရေယာဉ် တွင်  လူ ဆယ်ဦးအ ထိ လိုက်ပါနိုင်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ဧရာဝတီမြစ်၊မရမ်းခြံဆိပ်ကမ်းတွင် ထီးချိုင့်- မန္တလေး ပြေးဆွဲနေသည့် ကုန် တင်မော်တော်ရေယာဉ်မှာ အင် ဂျင်ဂီယာဘောက်စ်ပြုပြင်နေ သည်ကို မသိမမြင်လိုက်သဖြင့် မီးစက်နှိုးရာမှ စတင်လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှု တွင် မီးသတ်ရေယာဉ်မရှိ၍ မီး ငြှိမ်းသတ်ရာတွင် အခက်အခဲရှိ ခဲ့ကြောင်း မြစ်ဆိပ်တွင် နေထိုင် သူများက ပြောသည်။

နိုင်ငံခြားခရီးသည် ပို့ဆောင် ရေး ရေယာဉ်အသင်းမှ အသင်း ဥက္ကဋ္ဌဦးသက်ထွန်းက ‘‘ရှိလာ တော့ ပိုကောင်းတာပေါ့။ ဒီထက် များများရှိလေ ကောင်းလေပါပဲ။ နိုင်ငံခြားသားတွေအတွက်ရော ပြည်တွင်းဧည့်သည်တွေအတွက် ပါ ရှိသင့်ပါတယ်’’ ဟု ပြောသည်။

7Day DAILY 

၂၀၁၃ခုနှစ် နိုဝင်ဘာလက ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းတွင် ဆီတင် သဘောင်္ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)
၂၀၁၃ခုနှစ် နိုဝင်ဘာလက ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းတွင် ဆီတင် သဘောင်္ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)
မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များရှိ ဧရာဝတီမြစ်ဆိပ်ကမ်းများတွင် မီးသတ်ရေယာဉ်များစတင်ထားရှိသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

တိမ်းရှောင်နေသည့် ပဲကုန်သည် ဖမ်းမိရေးအစိုးရအဖွဲ့ ကူညီမည်

Photo: တိမ်းရှောင်နေသည့် ပဲကုန်သည် ဖမ်းမိရေးအစိုးရအဖွဲ့ ကူညီမည်
Saturday, September 13, 2014

ကျပ်သိန်းပေါင်းတစ် သောင်းခြောက်ထောင်ကျော်မ ပေးချေဘဲ တိမ်းရှောင်သွား သည့် ပဲကုန်သည် ဖမ်းမိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 စက်တင်ဘာလ ၁၂ရက် ညနေပိုင်းက မန္တလေးမြို့ ပွဲစား ကုန်သည်စက်ပိုင်များ မဟာက ထိန်တော်အသင်း (မန်းကုန်စည် ဒိုင်)သို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးနှင့် စီမံ ကိန်းဝန်ကြီး ဦးအောင်ဇံနှင့် ခရိုင် ရဲမှူးကြီးများ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ လာရောက်ခဲ့ ပြီး ငွေကြေးအရှုပ်အရှင်းကိစ္စများ၌ ပါဝင်ကူညီဆောင်ရွက်ပေးရန် လာရောက်ဆွေးနွေးခဲ့ကြကြောင်း အသင်းတိုက်ပြန်ကြားရေးအဖွဲ့ ၀င်များက ပြောသည်။ ‘‘အသင်း မှာ ခုလိုဖြစ်တော့ အသင်းတိုက် လည်း နာမည်ပျက်တယ်။ နောက် ကို ဒီလိုမဖြစ်အောင် ထွက်ပြေးသွားတဲ့ ကုန်သည်ဖမ်းမိရေးမှာ အကူအညီတွေပေးသွားမယ်လို့ ၀န်ကြီးက ပြောသွားတယ်’’ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအောင်ဆွေ ဟိန်းက ပြောသည်။

ထွက်ပြေးတိမ်းရှောင်သွား သူ ကုန်သည်ထံမှ ငွေကြေးရရန် ရှိ၍ အသင်းတိုက်သို့ စာရင်းပေး သွင်းထားသူ ကုန်သည် (၄၄)ဦးရှိ ပြီး ယင်းကုန်သည်မှာ ကျပ်သိန်း ပေါင်း ၁၆၇၀၀ ပေးဆပ်ခြင်း မရှိဘဲ  တိမ်းရှောင်သွားခြင်းဖြစ် ကြောင်း ကုန်စည်ဒိုင်ပြန်ကြားရေး အဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်သွား သည့်  ကုန်သည်ဖမ်းမိရေးနှင့် နစ်နာသွားသည့် ကုန်သည်များအတွက်  တရားစွဲဆိုရေး အကူအညီပေးမည့် အစီအစဉ်များကို ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအ ကဲများက ရှင်းလင်းခဲ့သည်ဟု အ စည်းအဝေးတက်ရောက်ခဲ့သူ ကုန်သည်များက ဆိုသည်။

အမှတ် (၉)နှင့် အမှတ် (၇) ရဲစခန်းများတွင် ယင်းကုန်သည် ကို  တရားစွဲဆိုထားသူနှစ်ဦးရှိ ပြီး ကျန်ကုန်သည်များကလည်း ဆက်လက်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ကုန်သည်အချို့က ပြောသည်။

ငွေကြေးရရန်ရှိသည့် မန္တ လေးမြို့၊ ကျောက်ဆည်ပွဲရုံမှ ဦးမောင်စိုးက ‘‘ကျွန်တော်က သိန်းတစ်ရာလောက်ပါသွားတယ်။ တရားမစွဲရသေးဘူး။ စွဲမှာပါ။ အ ခြေအနေစောင့်ကြည့်နေတာပါ။ တိုင်းဒေသကြီးအစိုးရကပါ အကူ အညီပေးမယ်ဆိုတော့ ပိုကောင်း ပါတယ်’’ဟု ပြောကြားသည်။

အဆိုပါ ကုန်သည်မှာ ဇူလိုင်လဆန်းကတည်းက ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အစ်ကိုတော်စပ်သူက ပေးရန်ရှိသည့် ငွေကြေးများအား ရှင်းလင်းပေးလိုကြောင်း ကုန်စည်ဒိုင်တာ ၀န်ရှိသူများထံ ဆက်သွယ်ခဲ့ဖူး သည်။

မန္တလေးကုန်စည်ဒိုင်တွင် ကုန်သည်တိမ်းရှောင်သည့် ငွေ ကြေး အရှုပ်အရှင်း ကိစ္စမျိုး ယခင် ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ကြို ရောင်းကြိုဝယ်ကြောင့် အများ ဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အ သင်းတာဝန်ရှိသူများက အသင်း တိုက်အတွင်း သတိပေးတားမြစ် မှုများ ပြုလုပ်နေသော်လည်း အ သင်းတိုက်ပြင်ပ အခြားနေရာများ တွင်ပါ ပြုလုပ်နေကြ၍ တားမြစ် ရန် အခက်အခဲတွေ့နေကြောင်း အသင်းတိုက်တာဝန်ရှိသူများက ပြောသည်။

7Day DAILY 

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းသာအောင်)
မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းသာအောင်)
ကျပ်သိန်းပေါင်းတစ် သောင်းခြောက်ထောင်ကျော်မ ပေးချေဘဲ တိမ်းရှောင်သွားသည့် ပဲကုန်သည် ဖမ်းမိရေးအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာ

Photo: မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာ
Saturday, September 13, 2014

အနောက်တောင်မုတ် သုံလေသည် စက်တင်ဘာ ဒုတိ ယပတ်မှ စတင်ကာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ စတင်ဆုတ် ခွာနေပြီဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

မုတ်သုံလေ ဆုတ်ခွာပါက ဖြတ်သန်းရာ လမ်းကြောင်းတစ် လျှောက် လေပြင်း ကျခြင်း၊ နေရာ ကွက်၍ မိုးကောင်းခြင်းနှင့် လေ ထု မတည်ငြိမ်မှုကြောင့်ဖြစ်သော  မိုးတိမ်တောင်အန္တရာယ်များကို သတိပြုရန်လိုကြောင်း  ဒေါက် တာထွန်းလွင်က ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံမြောက်ပိုင်းဒေသဖြစ်သော ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အပြင် ရန်ကုန်တိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသ ကြီး၊  မကွေးတိုင်းဒေသကြီး၊ က ယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် မိုးတိမ် တောင်အန္တရာယ်ရှိနေကြောင်း အမေရိကန်အမျိုးသား  အာကာ သအေဂျင်စီ (NASA) ၏ ခန့်မှန်း ချက်များကို ကိုးကား၍ ဒေါက် တာထွန်းလွင်က သတိပေးထား သည်။

မေနှင့်ဇွန်လက မြန်မာနိုင်ငံ သို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်စဉ်က ဒေသအနှံ့ တွင် မိုးတိမ်တောင်ကြောင့် လေ ဆင်နှာမောင်းတိုက်ခြင်းနှင့် မိုး ကြိုးပစ်ခြင်းများရှိခဲ့ပြီး လူသေဆုံး မှုများရှိခဲ့သည်။

မုတ်သုံဆုတ်ခွာရာ လမ်း ကြောင်းတွင်ရှိနေသည့် ရှမ်းပြည် နယ်တွင်လည်း ယခုရက်ပိုင်းအ တွင်း မိုးကြိုးပစ်ကာ လူသေဆုံးမှု အချို့ ဖြစ်ပွားခဲ့သည်။ ရှမ်းပြည် နယ် ကွမ်းလုံမြို့နှင့် မိုင်ယန်းမြို့ တွင် စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်က မိုးကြိုးပစ်ကာ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။

ယခုနှစ် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်စဉ်က ပုံမှန် ထက် နှစ်ပတ်ခန့် နောက်ကျခဲ့ပြီး ယခု ဆုတ်ခွာချိန်တွင်လည်း နှစ် ပတ်ခန့် စောနေသောကြောင့် ဒေ သအနှံ့မှ စိုက်ပျိုးရေးတောင်သူ များ မိမိတို့စိုက်ပျိုးထားသော သီး နှံများအတွက် လိုအပ်သလို ပြင် ဆင်ထားသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

7Day DAILY 

ယခုနှစ် မိုးရာသီတွင် ရန်ကုန်မြို့လယ်တစ်နေရာကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ယခုနှစ် မိုးရာသီတွင် ရန်ကုန်မြို့လယ်တစ်နေရာကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
အနောက်တောင်မုတ် သုံလေသည် စက်တင်ဘာ ဒုတိ ယပတ်မှ စတင်ကာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ စတင်ဆုတ် ခွာနေပြီဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း နောက်ဆုံးနေ့အထိ ရှာမတွေ့ ခေါင်းလောင်းရှာဖွေမှုနှင့်ပတ်သက်၍ နတ်စင်တစ်ရာဆရာတော် ရှင်းလင်းမည်ဟုဆို

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်ဖြစ်သည့် နတ်စင်တစ်ရာ ဆရာတော်က စက်တင်ဘာ ၁၄ ရက်တွင် ရှင်း လင်းမည်ဟု သတင်းရရှိသည်။

IS တို့ကို တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့များတွင် အမျိုးသမီးများပါ ဝင်ရောက် အမှုထမ်းနေ

 Photo: IS တို့ကို တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့များတွင် အမျိုးသမီးများပါ ဝင်ရောက် အမှုထမ်းနေ
Saturday, September 13, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့ကို တွန်းလှန် တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့ဝင်များအနက် အမျိုးသမီးများပါ ရင်ဘောင်တန်း ပါဝင် အမှုထမ်းနေကြောင်း သိရှိရသည်။

တီကိုရှင်သည် ပခုံးပေါ်တွင် ရိုင်ဖယ်သေနတ်ကို ထမ်းထားပြီး ခါးပတ်တွင် လက်ပစ်ဗုံးတစ်လုံးကို တွယ်ချိတ်ထားသည်။ သူမသည် အီရတ်မြောက်ပိုင်းရှိ တောင်တစ်လုံးပေါ်တွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ် လေ့လာလျက် ရှိသည်။ တီကိုရှင်သည် IS အဖွဲ့၏ လက်အောက်တွင် အမျိုးသမီးများကို ဖိနှိပ်နေခြင်းကို တွန်းလှန်ဖယ်ရှားရန် ပါဝင် တိုက်ခိုက်နေသည့် ကာဒစ်ရှ် အမျိုးသမီး စစ်သည်တစ်ဦး ဖြစ်သည်။

အသက်(၂၇)နှစ်ရှိ တီကိုရှင်က “IS တွေက သူတို့လက်အောက်ခံ ဒေသတွေမှာ အမျိုးသမီးတွေကို အပြင်ထွက်ပြီး ဈေးဝယ်တာမျိုးတောင် ခွင့်မပြုဘူး။ မဖြစ်မနေ ခေါင်းမြီးခြုံရတယ်။ IS ရဲ့ လက်အောက်ခံ အမျိုးသမီးတွေနဲ့ အမျိုးသမီးတွေအပေါ် ဒီလို တွေးခေါ်ပြုမူပုံတွေကနေ အကာအကွယ်ပေးဖို့ ကျွန်မတို့ ရုန်းကန် တိုက်ခိုက်နေရတာပါ”ဟု ပြောကြားခဲ့သည်။ သူမအပြင် အခြားသော ကာဒစ်ရှ်နွယ်ဝင် အမျိုးသမီး အချို့သည်လည်း IS တို့ကို လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိသည်။

အမျိုးသမီးများသည် ကာဒစ္စတန် အလုပ်သမား ပါတီ (PKK)သို့ ဝင်ရောက်ကာ အမျိုးသားများနှင့်အတူ စစ်သွေးကြွ ရန်သူများကို တိုက်ခိုက်နေကြသည်။ လတ်တလောတွင် တီကိုရှင် တာဝန်ထမ်းဆောင်နေသည့် ကာဒစ်ရှ် စစ်ကြောင်းသည် အီရတ်မြောက်ပိုင်းရှိ မာ့ခ်မာတောင်နှင့် အနီးတဝိုက်မှ IS များနှင့် ထိပ်တိုက် ရင်ဆိုင်လျက် ရှိသည်။ IS အဖွဲ့သည် အီရတ်မြောက်ပိုင်းတွင် နယ်ပယ်ဒေသ အမြောက်အမြားကို ထိန်းချုပ်ကာ ဩဇာ ဖြန့်ကျက်ထားနိုင်ဆဲ ဖြစ်သည်။

PKK တွင် အမျိုးသမီး လက်နက်ကိုင် တိုက်ခိုက်ရေးသမား (၅၀)မျှ ပါရှိပြီး IS တို့ကို ကွင်းဆင်း တိုက်ပွဲဝင်နေကြောင်း သိရသည်။ တီကိုရှင်က “ကျွန်မတို့ အမျိုးသမီးတွေက (၄)ယောက်ကို (၁)ဖွဲ့ခွဲပြီး တပ်ဖွဲ့ငယ်လေးတွေ အဖြစ်နဲ့ လှုပ်ရှားကြပါတယ်။ ကျွန်မက တပ်ဖွဲ့ငယ် တစ်ခုကို ဦးစီးပါတယ်”ဟု ရှင်းပြခဲ့သည်။ သူမတို့သည် ကာဒစ်ရှ် အမျိုးသား အများစုသာ ဝတ်ဆင်လေ့ရှိသည့် တိုက်ပွဲဝင် ဝတ်စုံများကို ဆင်မြန်းကြသည်။ “တကယ်တမ်း တိုက်ပွဲဖြစ်လာပြီဆိုရင်တော့ ကျွန်မတို့ရဲ့ အဖွဲ့ငယ်လေးတွေကို ခွဲထုတ်ပြီး အမျိုးသားတွေနဲ့အတူ ရှေ့တန်းမှာ ကျရာနေရာက ဝင်တိုက်ခိုက်ရပါတယ်”ဟုလည်း ရှင်းပြခဲ့သည်။

သူမတွင် အိမ်ထောင်ရှိမရှိ မေးမြန်းသည့်အခါ တီကိုရှင်က ရယ်မောရင်း “ကျွန်မတို့ အများစုက အိမ်ထောင်မရှိပါဘူး။ ကျွန်မက PKK မှာ (၁၄)နှစ် အရွယ်ကတည်းက ပါတီဝင် ဖြစ်နေတာ”ဟု ဖြေကြားခဲ့သည်။ သို့သော်လည်း ပါတီက တိုက်ခိုက်ရေးသမားများကို အိမ်ထောင်ပြုရန် တားမြစ်ထားခြင်း မရှိကြောင်းလည်း သူမက ဆိုသည်။

အခြား အမျိုးသမီး တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည့် အသက်(၂၆)နှစ်အရွယ် ရှီမဲလ်ကမူ IS တို့ကို ဆန့်ကျင်သည့် တိုက်ပွဲသည် အမျိုးသမီးများအတွက် ထိုက်တန်သည့် အခွင့်အရေးကို တောင်းဆိုမှုဟု ခံယူထားကြောင်း ဖွင့်ဟခဲ့သည်။ “IS က အမျိုးသမီးတွေကို ကျေးကျွန်တွေလို သဘောထား ဆက်ဆံနေတာပါပဲ။ ဒါမျိုးကို ကျွန်မတို့ လက်သင့်မခံနိုင်ပါဘူး”ဟု သူမက ပြောကြားသွားသည်။

Ref: Channelnewsasia
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့ကို တွန်းလှန် တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့ဝင်များအနက် အမျိုးသမီးများပါ ရင်ဘောင်တန်း ပါဝင် အမှုထမ်းနေကြောင်း သိရှိရသည်။

MH17 ပျက်ကျသည့် နေရာသို့ ကျွမ်းကျင်သူများ ထပ်မံစေလွှတ်မည်ဟု နယ်သာလန်အစိုးရ အတည်ပြု

Photo: MH17 ပျက်ကျသည့် နေရာသို့ ကျွမ်းကျင်သူများ ထပ်မံစေလွှတ်မည်ဟု နယ်သာလန်အစိုးရ အတည်ပြု
Saturday, September 13, 2014 

MH17 လေယာဉ် ပျက်ကျထားရာ နေရာသို့ နောက်ထပ် ကျွမ်းကျင်သူများ စေလွှတ် စုံစမ်းစေမည်ဟု နယ်သာလန် အစိုးရက အတည်ပြု ကြေညာခဲ့သည်။

ယူကရိန်း အရှေ့ပိုင်း ဒေသတွင် ဇူလိုင်လလယ်က ပျက်ကျခဲ့သည့် လေယာဉ်တွင် လိုက်ပါသွားသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့ပြီး အများစုသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် စစ်မက်ဖြစ်ပွားနေသည့် ဒေသတွင် ယူကရိန်း သူပုန်တပ်များက မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ခြင်းဟု ယူဆရသည်။

နယ်သာလန် ဝန်ကြီးချုပ် မတ်ရူတေးက လေယာဉ်ပျက်မှ ရုပ်အလောင်းများနှင့် သက်သေခံ အထောက်အထားများ ပြန်လည်ရရှိရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် ယူကရိန်းသို့ နောက်ထပ် ပညာရှင်များ ပို့လွှတ်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ နယ်သာလန် ပညာရှင်များသည် ယူကရိန်း အစိုးရ ထိန်းချုပ်ထားရာ ခါကစ်ဗ်မြို့သို့ ဦးစွာ သွားရောက်ပြီး ထိုမှတစ်ဆင့် သူပုန်တပ်များ လှုပ်ရှားနေသည့် ယူကရိန်း အရှေ့ပိုင်းသို့ ဝင်ရောက်မည်ဟု ဆိုသည်။

အဆိုပါ အဖွဲ့တွင် ကျွမ်းကျင်သူ ပညာရှင် (၁၀)ဦးမှ (၁၅)ဦးထိ ပါရှိမည်ဟုလည်း သိရသည်။ “MH17 ပျက်ကျတဲ့ နေရာကို သွားရောက်ပြီး ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ကတော့ အစွမ်းရှိသ၍ လုပ်ဆောင်မှာပါပဲ။ အရင်တုန်းက လုပ်ငန်းတွေက တိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် ကံမကောင်းစွာဘဲ ရပ်နားထားရတာ ဖြစ်ပါတယ်”ဟု ရူတေးက ပြောကြားခဲ့သည်။

“နောက်ထပ် ကျွမ်းကျင်သူတွေပါ ထပ်ပေါင်းပြီး ယူကရိန်းကို ပြန်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ လေယာဉ်ပျက်ကျရာ နေရာကို အမြန်ဆုံး ပြန်ရောက်နိုင်ဖို့အတွက် ဖြစ်နိုင်သမျှ အခွင့်အလမ်း အားလုံးကို ရှာဖွေနေပါတယ်”ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။ ဇူလိုင်လ (၁၇)ရက်က ပျက်ကျခဲ့သည့် လေယာဉ်တွင် အသက်ဆုံးရှုံးခဲ့သူများ၏ (၃)ပုံ(၂)ပုံမျှသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများက အဆိုပါ လေယာဉ်သည် ယူကရိန်း စစ်ဘက်လေယာဉ် တစ်စင်းအဖြစ် မှားယွင်းယူဆပြီး သူပုန်များက BUK ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဟု စွပ်စွဲထားသည်။ သို့သော်လည်း ရုရှားလုပ် အဆိုပါ ဒုံးကျည်စနစ်ကို ယူကရိန်း သူပုန်များ ပိုင်ဆိုင်ထားသည် ဆိုခြင်းကို ရုရှားရော၊ သူပုန်များကပါ အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

Ref: Channelnewsasia
7Day DAILY
MH17 လေယာဉ် ပျက်ကျထားရာ နေရာသို့ နောက်ထပ် ကျွမ်းကျင်သူများ စေလွှတ် စုံစမ်းစေမည်ဟု နယ်သာလန် အစိုးရက အတည်ပြု ကြေ ညာ ခဲ့သည်။

“တောင်တက်သမား(၂)ဦးအား ကူညီရှာဖွေရန်အတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင် တောင်တက်သမားများ ရောက်ရှိ”


တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၏ အစီအစဉ်ဖြင့် အဆက်အသွယ် ပြတ်တောက်နေသော သဘာဝခေါ်သံဖောင်ဒေးရှင်း မှ တောင်တက် သမား (၂)ဦးအား ရှာဖွေကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင် ရှာဖွေကယ် ဆယ်ရေး အဖွဲ့ဝင်များသည် စက်တင်ဘာလ (၁၃)ရက်နေ့ (ယနေ့)နံနက် (၁၀း၄၅) နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည် ဖြစ်ပါသည်။

Master Sports စက်ရုံတွင်း ပစ္စည်းများ လေလံတင် ရောင်းချပြီး အလုပ်သမားများကို နစ်နာကြေး ပေးရန် ပစ္စည်း စာရင်း ကောက်ယူ

Photo: Master Sports စက်ရုံတွင်း ပစ္စည်းများ လေလံတင် ရောင်းချပြီး အလုပ်သမားများကို နစ်နာကြေး ပေးရန် ပစ္စည်း စာရင်း ကောက်ယူ
Saturday, September 13, 2014

Master Sports ဖိနပ်ချုပ်စက် ရုံရှိ စက်ရုံတွင်း ပစ္စည်းများကို လေ လံတင်ရောင်းချပြီး အလုပ်သမား များအား နစ်နာကြေး ပေးရန်ပစ္စည်း စာရင်းကောက်ယူ နေမှုသည် ပြီးစီး သွားပြီဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ် သမားဥပဒေ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ တောင် ကိုရီးယားနိုင်ငံသားပိုင် Master Sports စက်ရုံ ပိတ်သိမ်းလိုက်ခြင်း ကြောင့် အလုပ်လက်မဲ့ဖြစ်သွား သည့် အလုပ်သမားများကို ရက် ၃ဝ အတွင်း ငွေသား(သို့မဟုတ်) အခြားကမ်းလှမ်းမှုတစ်မျိုးမျိုးဖြင့် ဖြေရှင်းပေးရန် ခုံသမာဓိကပြီးခဲ့ သည့် သြဂုတ် ၁၉ ရက်က ဆုံး ဖြတ်ချက်ချခဲ့သည်။

ယင်းဆုံးဖြတ်ချက်အရအလုပ် ရှင်အနေဖြင့် လာရောက်မဖြေရှင်း ပါကဥပဒေအရစက်ရုံတွင်းပစ္စည်း များကို လေလံတင်ရောင်းချပြီး အလုပ်သမားများ၏နစ်နာကြေးကို ပေးအပ်သွားမည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာန မှ တာဝန်ရှိသူများကပြောကြား သည်။
''ပစ္စည်းစာရင်းကောက်လို့ ပြီးသွားရင် ခန့်မှန်းတန်ဖိုးတွက် ရမယ်။ သတ်မှတ်ရက်ပြည့်ရင် ဝရမ်းကပ်မယ်။ ပစ္စည်းစာရင်း ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်း ပေးထားတယ်''ဟု ညွှန်ကြားရေး မှူးချုပ်ဦးဝင်းရှိန်က ပြောသည်။

Master Sports စက်ရုံပိုင်ရှင် အနေဖြင့် အလုပ်သမားများ၏နစ် နာမှုများကို ဖြေရှင်းပေးရန်ကမ်း လှမ်းရမည့်နောက်ဆုံးရက်မှာ ယခု လ ၁၇ ရက်ဖြစ်သည်။ အလုပ်ရှင် သည် စက်ရုံကို ဇွန် ၂၆ ရက်တွင် စတင်ပိတ်သိမ်းခဲ့ခြင်းဖြစ်၍ယင်းသို့ ပိတ်သိမ်းလိုက်သည့်အတွက်အလုပ် သမား ၇ဝဝ ကျော်အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး လုပ်ခလစာများနစ်နာခဲ့ သည်။ စက်ရုံပိတ်သိမ်းခဲ့ပြီးနောက် အလုပ်သမားများသည် ဇွန် ၂၆ ရက်မှ ဇူလိုင် ၁၇ ရက်အထိ စက်ရုံ ရှေ့တွင် လုပ်ခလစာရရှိရေးဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဇူလိုင် ၁၇ ရက်တွင် စက်ရုံရှေ့မှ ကိုရီးယား သံရုံးရှေ့အထိ လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။

ခုံသမာဓိရုံးကချမှတ်လိုက်သည့် အမိန့်စာတွင် သုံးလအောက် အလုပ် သမားများအား အလုပ်ပိတ်သိမ်း နစ်နာကြေး တစ်လစာ၊ သုံးလမှ တစ်နှစ်အောက်လုပ်ခလစာ နှစ်ဆ၊ တစ်နှစ်မှအထက်ကို လုပ်ခလစာ သုံးဆနှုန်း သတ်မှတ်ထားသည်။ Master Sports စက်ရုံ သည် ၂ဝ၁၃ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး အခြေခံလစာမှာ ကျပ် ၇ဝဝဝဝ ဝန်းကျင်မှကျပ်၁၈ဝဝဝဝ အထိရှိကြောင်း သိရသည်။

အောရမ်း
The Union Daily

ဇူလိုင် ၁၇ ရက်တွင် စက်ရုံရှေ့မှ ကိုရီးယား သံရုံးရှေ့အထိ လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြ
ဇူလိုင် ၁၇ ရက်တွင် စက်ရုံရှေ့မှ ကိုရီးယား သံရုံးရှေ့အထိ လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြ
Master Sports ဖိနပ်ချုပ်စက် ရုံရှိ စက်ရုံတွင်း ပစ္စည်းများကို လေ လံတင်ရောင်းချပြီး အလုပ်သမား များအား နစ်နာကြေး ပေးရန်ပစ္စည်း စာရင်းကောက်ယူ နေမှုသည် ပြီးစီး သွားပြီဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ် သမားဥပဒေ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုဖြင့် ပတ်သက်သူ ၃ ဦးကို သေဒဏ်ချမှတ်

Photo: ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုဖြင့် ပတ်သက်သူ ၃ ဦးကို သေဒဏ်ချမှတ်
Saturday, September 13, 2014

ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုနဲ့ ပတ်သက်သူ အမျိုးသား ၃ ဦးကို သေဒဏ်၊ အမျိုးသမီးတဦးကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့က တသက်တကျွန်းဒဏ် ချခဲ့ပါတယ်။

သူတို့တွေအားလုံး ဓားမခုတ်ခင် ၂ ရက်က အဖမ်းခံခဲ့ရတာကြောင့် တိုက်ရိုက်ဓားခုတ်မှုမှာ မပါဝင်ခဲ့ပေမယ့် စီစဉ်ပေးခဲ့သူတွေလို့ ကူမင်းတရားရုံးက ဆိုပါတယ်။

မတ်လ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ လူ ၃၁ ဦးသေဆုံးခဲ့ပြီး ၁၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူ ၈ ယောက် စီစဉ်ခဲ့ကြတာဖြစ်ပြီး တိုက်ရိုက်ပါဝင်သူ ၄ ဦးကတော့ ရဲတွေက နေရာမှာတင် ပစ်သတ်လို့ သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှုကို တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်း မွတ်စလင်အကြမ်းဖက်တွေလို့ တရုတ်အစိုးရက အပြစ်တင်ထားပြီး အမြန်ဆုံးတရားစီစဉ်ခဲ့တာပါ။ ရှင်ကျန်းပြည်နယ်ကို အခြေခံတဲ့အကြမ်းဖက်တွေ မကြာခဏဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက လုံခြုံရေးအဆင့်တွေ တိုးမြှင့်ခဲ့ပါတယ်။

ဒီဗွီဘီ
ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုနဲ့ ပတ်သက်သူ အမျိုးသား ၃ ဦးကို သေဒဏ်၊ အမျိုးသမီး တဦးကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့က တသက်တကျွန်းဒဏ် ချခဲ့ပါတယ်။

Eblola နှိမ်နင်းရေး ကျွမ်းကျင် ဆေးဝန်ထမ်းများ ပို လိုအပ်

Photo: Eblola နှိမ်နင်းရေး ကျွမ်းကျင် ဆေးဝန်ထမ်းများ ပို လိုအပ်
Saturday, September 13, 2014

အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာ ရောဂါပိုး ကူးစက်ပြန်နှံမှုကို ရပ်တန့်စေဖို့ အတွက် ကျွမ်းကျင်တဲ့ ဆေးဝန်ထမ်းတွေ ပိုပြီး လိုအပ်နေတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အကြီးအကဲက ပြောလိုက်ပါ တယ်။ အီဘိုလာ ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း ၂၄၀၀ ကျော်သွားပြီလို့ သောကြာ နေ့က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ Dr.Margaret Chan က ပြောခဲ့ပါတယ်။

ရောဂါပိုး ကူးစက်ခံရသူဟာလည်း ၄၇၈၄ ဦးအထိ ရှိသွားပြီလို့ ပြောပါတယ်။ အီဘိုလာရောဂါပိုး ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတဲ့ တာဝန်ရှိသူတွေမှာလည်း အကာအကွယ်ယူတဲ့ဝတ်စုံတွေ ရွေ့ပြောင်းနိုင်တဲ့ စမ်းသပ်ခန်းတွေ ရုပ်အလောင်းထည့်တဲ့အိတ်တွေ စတဲ့ ပစ္စည်းပစ္စယတွေ အတော်များများ ပြတ်တောက်ကုန်ပြီလို့ Dr.Chan က ပြောပါတယ်။

ဒါပေမယ့်လည်း အဓိက ကြုံနေရတဲ့အတားအဆီးကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ၀န်ထမ်းတွေ မရှိတာပဲလို့ ပြောပါတယ်။ အီဘိုလာရောဂါပိုးကြောင့် လိုက်ဗေးရီယားနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၈၀ နီးပါး သေဆုံးခဲ့ရတယ်လို့ WHO က ပြောပါတယ်။ အီဘိုလာရောဂါပိုး ပြန့်နှံမှုဟာ လိုက်ဘေးရီယားနိုင်ငံမှာ အဆိုးဆုံးဖြစ်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

အီဘိုလာဖြစ်ပွား Liberia ဒေသက ဆေးဝန်ထမ်းများ
အီဘိုလာဖြစ်ပွား Liberia ဒေသက ဆေးဝန်ထမ်းများ။
အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာ ရောဂါပိုး ကူးစက်ပြန်နှံမှုကို ရပ်တန့်စေဖို့ အတွက် ကျွမ်းကျင်တဲ့ ဆေးဝန်ထမ်းတွေ ပိုပြီး လိုအပ်နေ တယ် လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အကြီးအကဲက ပြောလိုက်ပါ တယ်။ အီဘိုလာ ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း ၂၄၀၀ ကျော်သွားပြီလို့ သောကြာ နေ့က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ Dr.Margaret Chan က ပြောခဲ့ပါတယ်။

ချီလီစစ်အာဏာသိမ်း ၄၁ နှစ်ပြည့် ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ်

Photo: ချီလီစစ်အာဏာသိမ်း ၄၁ နှစ်ပြည့် ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ်
Saturday, September 13, 2014

Chiliချီလီနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခြင်း နှစ်ပတ်လည်အထိမ်းအမှတ် ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့တို့ ဆက်ပြီး ထိပ်တိုက်တွေ့နေတုန်းပါပဲ။ ချီလီမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ သမ္မတ ဆာဗာဒို အလန်ဒီကို သတ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၄၁ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ချီလီမှာ အမေရိကန် ကျောထောက်နောက်ခံပေးခဲ့တဲ့ ဗိုလ်ချုပ် သြဂတ်စတို ပီနိုချေးက အာဏာသိမ်းခဲ့တဲ့နောက်မှာ ဒေသတခုလုံးမှာ လက်ယာအာဏာရှင်တွေ ကြီးစိုးတဲ့ အမှောင်ခေတ်ဆီကို ဦးတည်ခဲ့ပါတယ်။

အခုဆိုရင် ချီလီမှာ ဒီမိုကရေစီခေတ် ပြန်ရောက်ခဲ့တာ နှစ် ၂၀ ကျော်လာပြီ ဆိုပေမယ့် စစ်အာဏာရှင်ခေတ်မှာ အသတ်ခံရ၊ လက်စဖျောက်ခံသူတွေရဲ့ မိသားစုတွေက သမိုင်းကို ပြန်ဖော်ပြီး တရားမျှတမှုအတွက် တောင်းဆိုနေကြတာပါ။

ပီနိုချေးခေတ် ၁၉၇၃ ခုနှစ်ကနေ ၁၉၉၀ အထိ ကာလအတွင်းမှာ လူပေါင်း ၃၀၀၀ ဖမ်းဆိးသတ်ဖြတ်ခံရပြီး လူပေါင်း ၂၈၀၀၀ လောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။ ချီလီအာဏာရှင် ပီနိုချေးဟာ အသက် ၉၁ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ သေဆုံးခဲ့ပေမယ့် သူ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ခုံရုံးတင် မခံခဲ့ရပါဘူး။

ဒီဗွီဘီ
Chiliချီလီနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခြင်း နှစ်ပတ်လည်အထိမ်းအမှတ် ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့တို့ ဆက်ပြီး ထိပ်တိုက်တွေ့နေ တုန်းပါပဲ။ ချီလီမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ သမ္မတဆာဗာဒိုအလန်ဒီကို သတ်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တာ ၄၁ နှစ်ပြည့် အော က်ေ မ့ ဖွယ်အဖြစ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မျက်စိအထူးကုဆေးရုံတွင် ဆေးကုနေသူ အမျိုးသား ဆေးရုံ တံခါးမှန်ချပ်များကို ရိုက်ခွဲ

တာမွေမြို့နယ် နတ်မောက်လမ်းရှိ မျက်စိရောဂါ အထူးကုဆေးရုံကြီးတွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၅ နာရီခန့်က ဆေးရုံတက်ရောက် ကုသနေသူ အသက် ၃၈ နှစ်အရွယ် မျက်စိဝေဒနာရှင် အမျိုးသားတစ်ဦးက ဆေးရုံရှိ တံခါးမှန်ချပ်များကို ရိုက်ခွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အင်ဒိုနီးရှား BNI ဘဏ်က မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် ရန် ပြင်ဆင် လျက်ရှိ

Photo: အင်ဒိုနီးရှား BNI ဘဏ်က မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် ရန် ပြင်ဆင် လျက်ရှိ
Saturday, September 13, 2014

အင်ဒိုနီးရှားနိုင်ငံမှ ချေးငွေထုတ်ပေးသည့် Bank Negara Indonesia က မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ရုံးခန်းလာရောက်ဖွင့်လှစ် လုပ်ကိုင် ရန် ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက် လုပ်ငန်းများ လုပ်ကိုင်ရာ တွင် ကူညီမှုများ ပေးနိုင်ရန် ယခုကဲ့သို့ လာရောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။

BNI ဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာ ရာမက်ဟီဒါရက်က ၎င်းတို့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် လာမည့် သီတင်းပတ်အတွင်း ခွင့်ပြုချက်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ဆောင်မှုများဌာနရဲ့ ခွင့်ပြုချက်ကိုတော့ ရပြီးပါပြီ။ ဂျကာတာမြို့က မြန်မာသံရုံးရဲ့ ထောက်ခံစာကိုလည်း ရရှိပြီးပါပြီ” ဟု ရာမက်ဟီဒါရက် ပြောကြားသည်။ BNI ၏ ဒါရိုက်တာ အဖွဲ့ အနေဖြင့် မြန် မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိများနှင့် တွေ့ဆုံပြီးဖြစ်ကာ မူအားဖြင့် သဘောတူညီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ မကြာခင်မှာ တရားဝင်ခွင့်ပြုချက် ရရှိသွားလိမ့်မယ်လို့ မျှော် လင့် ပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် အဆိုပါ ဘဏ်အား BNI နှင့် အင်ဒိုနီးရှားဆောက် လုပ်ရေးကုမ္ပဏီ Waskita Karya (WSKT) တို့က စီမံလုပ် ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၂၅ သန်းတန် ကန်ထရိုက်လုပ်ငန်းတစ်ခု ရရှိ ထားပြီး ဆောက် လုပ်ရေးလုပ်ငန်းများကို အောက်တိုဘာလတွင် စတင်ကာ နှစ်နှစ်အတွင်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Ref:The Jakarta Post
Mizzima - News in Burmese
အင်ဒိုနီးရှားနိုင်ငံမှ ချေးငွေထုတ်ပေးသည့် Bank Negara Indonesia က မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ရုံးခန်းလာရောက်ဖွင့်လှစ် လုပ်ကိုင် ရန် ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မာလာလာကို လုပ်ကြံခဲ့သည့် တာလီဘန် အဖွဲ့ခွဲကို ပါကစ္စတန်စစ်တပ် ဖမ်းဆီးရမိ

Photo: မာလာလာကို လုပ်ကြံခဲ့သည့် တာလီဘန် အဖွဲ့ခွဲကို ပါကစ္စတန်စစ်တပ် ဖမ်းဆီးရမိ
Saturday, September 13, 2014

လူ့အခွင့်အရေး လှုပ်ရှားသည့် ဆယ်ကျော်သက် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် တာလီဘန် အဖွဲ့ဝင်များကို ဖမ်းဆီးရမိထားကြောင်း ပါကစ္စတန် စစ်တပ်က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မာလာလာသည် ပါကစ္စတန်တွင် မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေး ဆော်ဩလှုပ်ရှားမှုကြောင့် တာလီဘန်တို့၏ အငြှိုးထားမှုကို ခံရပြီး (၂၀၁၂)ခုနှစ်၊ အောက်တိုဘာလက လုပ်ကြံခြင်း ခံရသည်။ သူမသည် ဦးခေါင်းတွင် သေနတ် ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဗြိတိန်တွင် ဆေးကုသမှု ခံယူကာ အပြည့်အဝ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ဆွက်တောင်ကြား ဒေသတွင် မာလာလာကို တာလီဘန် တပ်ဖွဲ့ဝင် သေနတ်သမားတစ်ဦးက ကျောင်းကားပေါ်ထိ တက်လာကာ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်တွင် မာလာလာအပြင် နောက်ထပ် ကျောင်းသူကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တာလီဘန်တို့၏ ရက်စက်မှုအပေါ် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ပြီး မာလာလာသည်လည်း ကမ္ဘာကျော်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိမည်ဟုပင် အလေးအနက် ရေပန်းစားခဲ့ဖူးသည်။

ယခုအခါ ပါကစ္စတန် စစ်တပ်က မာလာလာကို လုပ်ကြံရန် အကွက်ချ စီမံခဲ့သည့် အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာခဲ့သည်။ “မာလာလာကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ်လုံးကို ဖမ်းမိထားပါတယ်”ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး အေဆင်မ် ဘက်ဂ်ျဝါးက ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်တပ်သည် တာလီဘန်တို့၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော ရှူရာအမည်ရှိ အဖွဲ့ငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် လူ(၁၀)ဦး ပါဝင်ပြီး မာလာလာကို လုပ်ကြံမှုတွင် အဓိက လှုပ်ရှားခဲ့ကြကြောင်း ကြေညာသည်။

ပါကစ္စတန် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး တပ်ဖွဲ့များ ပူးပေါင်းကာ ရှူရာအဖွဲ့ကို ဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မကြာမီ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတွင် စွဲချက်တင်သွားမည်ဟုလည်း သိရှိရသည်။ ပါကစ္စတန် စစ်တပ်၏ ကြေညာချက်တွင် မာလာလာကို သေနတ်ဖြင့် ပစ်ခတ်သူဟု ယခင်က စွပ်စွဲခံရသည့် အသက်(၂၃)နှစ်အရွယ် တာလီဘန် တပ်ဖွဲ့ဝင် အေတူလာခန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိခဲ့ချေ။

ဗိုလ်ချုပ် ဘက်ဂ်ျဝါးက မိမိတို့ ဖမ်းဆီးရမိထားသူများသည် ပါကစ္စတန် တာလီဘန်တပ်ဖွဲ့ အကြီးအကဲ မာလာ ဖက်ဇ်လူလာ၏ တိုက်ရိုက် အမိန့်အောက်တွင် လှုပ်ရှားနေသူများဟု ဆိုသည်။ မာလာလာသည် လုပ်ကြံမှုနှင့် ကြုံတွေ့စဉ်က အသက်(၁၅)နှစ်သာ ရှိသေးသည်။ သူမသည် တာလီဘန်တို့ ထိန်းချုပ်ခံထားရသည့် ကျေးရွာများတွင် နိမ့်ကျသော လူနေမှုဘဝများ ဖြတ်သန်း ကြုံကြိုက်ရပုံ ကိုယ်ရေးမှတ်တမ်း တစ်စောင်ကို ရေးသားခဲ့ရာမှ (၂၀၀၉)ခုနှစ်တွင် စတင် လူသိများလာခဲ့သည်။

သူမသည် လတ်တလောတွင် ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် နေထိုင်လျက်ရှိပြီး တာလီဘန်တို့၏ သူမနှင့် မိသားစုကို ခြိမ်းခြောက်နေခြင်းကြောင့် ပါကစ္စတန်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

BBC
လူ့အခွင့်အရေး လှုပ်ရှားသည့် ဆယ်ကျော်သက် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် တာလီဘန် အဖွဲ့ဝင်များကို ဖမ်းဆီးရမိထားကြောင်း ပါကစ္စတန် စစ်တပ်က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဖေ့စ်ဘွတ်ခ်မှာ ဗိုလ်စွဲနေတဲ့ စိုင်းစိုင်းခမ်းလှိုင်


ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ like လုပ်သူအရေ အတွက်အများဆုံး အနုပညာရှင် များစာရင်းတွင် ပထမနေရာရရှိနေသောကြောင့် ကြည်နူးဝမ်းသာ သလို ပရိသတ်များကိုလည်းကျေး ဇူးတင်ကြောင်း စိုင်းစိုင်းခမ်းလှိုင် က ၎င်း၏တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  ရေးသား ထားသည်။

ကမ္ဘာ့ဘဏ်မှ အတိုးမဲ့နှစ်ရှည်ချေးငွေ ဒေါ်လာသန်း ၂၀၀ ချေးယူရန် သမ္မတရုံးမှ လွှတ်တော်သို့ သ၀ဏ်လွှာပို့

ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၂၀၀ ချေးယူနိုင်ရန် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ် တော်သို့ အတည်ပြုချက် ရယူ နိုင်ရန် သ၀ဏ်လွှာကို စက်တင် ဘာ ၁၂ ရက်တွင် ပေးပို့သည်။

စင်ကာပူမှာ ကေပေါ့ပ်ဖျော်ဖြေပွဲကြည့်မယ့် နန်းမြတ်ဖြိုးသင်း

 Photo: စင်ကာပူမှာ ကေပေါ့ပ်ဖျော်ဖြေပွဲကြည့်မယ့် နန်းမြတ်ဖြိုးသင်း
Saturday, September 13, 2014

စင်ကာပူနိုင်ငံတွင် ပြု လုပ်မည့် ကေပေါ့ပ်ရှိုးကြည့်သည့် အစီအစဉ်အပါအ၀င် Let's Go  ပရိုဂရမ်ရိုက်ကူးရန် စက်တင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နန်း မြတ်ဖြိုးသင်းက ပြောသည်။

 ‘‘နန်းမြတ်တို့ရဲ့ ခရီးစဉ်မှာ ကေပေါ့ပ်ရှိုးပါမယ်။ ပြီးတော့ စင်ကာပူနိုင်ငံထဲက  အထင်ကရ နေရာတွေမှာလည်း  ရိုက်မယ်။ အင်ဒိုနီးရှား ဘာလီကျွန်းလည်း ပါမယ်’’ ဟု ၎င်းကပြောသည်။

ကေပေါ့ပ်ရှိုးဖျော်ဖြေပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ကြည့် ရှုမည်ဖြစ်ပြီး မြန် မာနိုင်ငံ သို့ စက် တင်ဘာ ၁၈ ရက်တွင် ပြန်လည် ရောက်ရှိမည်ဟု ၎င်းကဆိုသည်။

  ‘‘ကေပေါ့ပ်ဖျော်ဖြေပွဲကို ကြည့်ဖို့အတွက် ရင်ခုန်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ ကြည့် ရမှာဆိုတော့ ပျော်လည်းပျော် တယ်။  ကေပေါ့ပ်အဖွဲ့တွေမှာ 2NE1 လည်း ကြိုက်တယ်။ BIG BAND လည်း ကြိုက်တယ်’’ ဟု ၎င်းကပြော သည်။

ယင်းခရီးစဉ်သည် Let's Go ပရိုဂရမ်၏ ဒုတိယပြည်ပခရီးစဉ် ဖြစ်ပြီး ပထမဆုံးပြည် ပခရီးစဉ် ကို  ကမ္ဘာ့ဖလားကျင်းပသည့် ဘရာဇီးနိုင်ငံသို့ သွားရောက် ရိုက် ကူးခဲ့သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် Friend အမ် တီဗီကို ဆက် တိုက်ရိုက်ကူးလျက် ရှိပြီး အမြန်ဆုံထွက်ရှိနိုင်ရန် ကြိုး စားနေကြောင်း နန်းမြတ်ဖြိုးသင်း က ပြောသည်။

7Day DAILY
စင်ကာပူနိုင်ငံတွင် ပြု လုပ်မည့် ကေပေါ့ပ်ရှိုးကြည့်သည့် အစီအစဉ်အပါအ၀င် Let's Go  ပရိုဂရမ်ရိုက်ကူးရန် စက်တင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နန်း မြတ်ဖြိုးသင်းက ပြောသည်။