Wednesday, September 17, 2014

ရခိုင် ပင်လယ်ပြင် လုံခြုံရေးအားနည်းမှု လွှတ်တော်အမတ်အချို့ ဝေဖန်

Rakhine-Quaysi
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရေကြောင်းလုံခြုံရေးယူနေသည့် စစ်သင်္ဘောတစ်စင်းအား ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများ၏ ပင်လယ်ထွက်ပေါက် လုံခြုံရေးများနှင့် ပတ်သက်ပြီး အစိုးရ၏ လုံခြုံရေးအားနည်းမှုကို မြို့နယ်အသီးသီးရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်လိုက်သည်။

ဂျီဟတ်များအပေါ် အမေရိကန်၏ တံပိုးခရာသံ

Photo: ဂျီဟတ်များအပေါ် အမေရိကန်၏ တံပိုးခရာသံ
Wednesday, September 17, 2014

စက်တင်ဘာ ၁၀ ရက်တွင် သမ္မတဘားရက်အိုဘားမား အမေရိကန်ပြည်သူလူထုအား မိန့်ခွန်းပြောချိန်တွင် ၎င်း၏စကားများမှာ အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ အကြောင်းထက် ပိုပါသည်။ အယ်လ်ကိုင်ဒါနောက်ပိုင်း အဆိုးရွားဆုံး အိုင်အက်စ်ကင်ဆာရောဂါ တိုက်ဖျက်ရေး ၎င်း၏အစီအစဉ်မှာ အရှေ့အလယ်ပိုင်းဒေသကို ၀ါးမျိုနေသော ဗရုတ်သုတ်ခအခြေအနေများကို အရှေ့အလယ်ပိုင်းကိုယ်တိုင်က ကျော်လွှားနိုင်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မည်။

ထို့အတူပင် အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း မကြာသေးမီနှစ်များက နိုင်ငံခြားရေးမူဝါဒ ပစ်ပယ်လျစ်လျူရှုခဲ့မှုများအတွက် ဆုံးရှုံးသွားသော ရပ်တည်မှု ပြန်လည်ရရှိနိုင်မှသာလျှင် အိုင်အက်စ်အဖွဲ့တိုက်ဖျက်ရေး ရေရှည်တည်မြဲသော မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်နိုင်ပါလိမ့်မည်။ ယင်းအတွက် အကောင်းဆုံး အမေရိကန်ဦးဆောင်မှုဟု သမ္မတက ခေါ်ဝေါ်သောကိစ္စမှာ အကြမ်းဖက်တိုက်ပွဲလည်းဖြစ်သလို အမေရိကန်၏အင်အားအပေါ် သံသယရှိသူများကို ပြန်လည်ထိုးနှက်မှုလည်းဖြစ်သည်။

အိုဘားမားချပြသော အစီအစဉ်မှာ အိုင်အက်စ်အဖွဲ့ကို စစ်ရေး၊ ဘဏ္ဍာရေးနှင့် အတွေးအခေါ် သဘောတရားရေးရာများ ဆုတ်ယုတ်စေပြီး နောက်ဆုံး၌ ဖျက်ဆီးပစ်ရေး တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၏ အတည်ပြုချက်မရရှိလျှင်ပင် (မကြာသေးမီကပင် ရုရှားနိုင်ငံက ယင်းအချက်အပေါ် သတိပေးထားသည်) အာရပ်နှင့် မွတ်စလင်နိုင်ငံများ၏ ထောက်ခံမှုဖြင့် မဟာမိတ်အဖွဲ့မှာ ဥပဒေအရ ဘောင်ဝင်သွားနိုင်မည် ဖြစ်သည်။

အမေရိကန်က အိုင်အက်စ်အဖွဲ့ကို အီရတ်နိုင်ငံ၌ လေကြောင်းမှ တိုက်ခိုက်သွားမည်ဖြစ်ကာ လိုအပ်ပါက ဆီးရီးယားနိုင်ငံကိုပါ တိုက်ခိုက်မည်ဖြစ်သည်။ အမေရိကန်က ကာ့ဒ်တပ်ဖွဲ့များအား ကူညီပေးပြီး အီရတ်စစ်တပ်ကိုလည်း အင်အားဖြည့်တင်းပေးသွားမည်ဖြစ်သည်။ အီရတ်စစ်တပ်မှာလည်း ရှီးယားလိုလားသော ဘက်လိုက်မှုများနှင့် အိုင်အက်စ်အဖွဲ့ကို ရှုံးနိမ့်မှုများကြောင့် အထိနာနေပြီဖြစ်သည်။ ထို့အပြင် မဟာမိတ်အဖွဲ့က ဆီးရီးယားရှိ အယူဝါဒ အလယ်အလတ် သူပုန်တပ်ဖွဲ့များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။ ယခုရက်ပိုင်းမှာပင် ယင်းတပ်ဖွဲ့များအား လေ့ကျင့်ပေးရေးစခန်းများကို ၎င်းတို့ပိုင်နက်အတွင်း လက်သင့်ခံမည်ဟု ဆော်ဒီအာရေးဗီးယားနိုင်ငံက သဘောတူခဲ့သည်။ ယင်းတွင် အမေရိကန်မရိန်းတပ်ဖွဲ့များ ပါဝင်လိမ့်မည်မဟုတ်သော်လည်း အမေရိကန်အထူးတပ်ဖွဲ့များနှင့် စစ်ဘက်လေ့ကျင့်ရေးမှူးများ၏ကဏ္ဍ ကြီးမားစွာပါဝင်ပါမည်။

အီရတ်နိုင်ငံမှာ လွတ်လပ်တည်ငြိမ်ပြီး မိမိကိုယ်ကိုယ် အားကိုးနိုင်သောနိုင်ငံဟု အတိတ်ကာလတွင် အိုဘားမားက မှားယွင်းစွာအကဲဖြတ်ခဲ့ပြီး အိုင်အက်စ်အဖွဲ့ထံမှ ခြိမ်းခြောက်မှုကိုလည်း လျှော့တွက်ထားခဲ့သည်။ ဘာရှားအာဆတ်ကို ဆန့်ကျင်သော အုံကြွမှုကြောင့်လည်း ယင်းအဖွဲ့ကို ပေါက်ဖွားခွင့်ပေးခဲ့သည်။ ယင်းမှထွက်ပေါ်လာသော အကျိုးဆက်တစ်စိတ်တစ်ပိုင်းအဖြစ် အိုင်အက်စ်အဖွဲ့မှာ အရှေ့အလယ်ပိုင်းဒေသကို တစ်စစီဆုတ်ဖြဲပစ်နေသည်။ ဆီးရီးယားဒေသ အများအပြားကို သိမ်းပိုက်ထားကာ ဆွန်နီတို့အပေါ် ဆွဲဆောင်မှုရှိလာခြင်းနှင့်အတူ အိမ်နီးချင်းအီရတ်နိုင်ငံကို ဖျက်ဆီးပစ်နေသည်။ အထိန်းအချုပ်မဲ့လွှတ်ထားခဲ့ပါက ယင်းအဖွဲ့လှုပ်ရှားမှုမှာ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံတို့သို့ ဆက်လက်ရောက်ရှိပြီး နောက်ဆုံးတွင် အစ္စလာမ်ဘာသာ၏ အထွတ်အမြတ်ဒေသများရှိရာ ဒေသနှင့် ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်သူ ဆော်ဒီအာရေးဗီးယားနိုင်ငံအထိပင် ရောက်ရှိသွားနိုင်သည်။

ယင်းအဖွဲ့၏ လမ်းကြောင်းပေါ် ကျွံသွားသော အနောက်နိုင်ငံသားများအတွက် အိုင်အက်စ်အဖွဲ့မှ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေကာ အနောက်တိုင်းမှ ဂျီဟတ်ဆင်နွှဲလိုသူများ မိခင်နိုင်ငံပြန်လာပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်သော အန္တရာယ်လည်း ရှိနေသည်။

သူ့အစီအစဉ် အောင်မြင်နိုင်ကြောင်း ထင်မြင်ရန် အိုဘားမားတွင် အကြောင်းပြချက်များစွာ ရှိသည်။ အမေရိကန်လူထု၏ ထင်မြင်ချက်မှာ အရှေ့အလယ်ပိုင်း၏ ဒုက္ခသုက္ခများဆီ ပြန်သွားရေးဆန့်ကျင်ဘက်၌ ရှိနေတတ်သည်။ သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံသားနှစ်ဦးကို ခေါင်းဖြတ်မှုအပြီးတွင် ပြည်သူများက အမေရိကန်ကြားဝင်မှုကို ထောက်ခံလာကြသည်။ ထိုနည်းတူစွာပင် မွတ်စလင်နိုင်ငံများလည်း အိုင်အက်စ်အဖွဲ့တွင် ကြောက်ရွံ့စရာတစ်စုံတစ်ခု တွေ့မြင်ရပြီး ယင်းအဖွဲ့ကိုရပ်တန့်ရန် ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်နိုင်ငံကသာ စည်းရုံးနိုင်သည်ကို အသိအမှတ်ပြုလာကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက လှုံ့ဆော်ခဲ့ရာ ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားတို့၏ ထောက်ခံမှုကတိက၀တ်များ ရရှိခဲ့သည်။

အိုင်အက်စ်အဖွဲ့အပေါ် စစ်ဆင်ရေးတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အိုဘားမားက နိုင်ငံတော်သို့ မိန့်ခွန်းမပြောမီ အထက်၊ အောက်လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ၎င်း၏အစီအစဉ်ကို တင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်အတွက် လွှတ်တော်၏အတည်ပြုမှု လိုအပ်မည် မဟုတ်ဟုလည်း ဒုတိယမြောက် သမ္မတသက်တမ်းတာဝန် ထမ်းဆောင်နေသော အိုဘားမားက ပြောကြားသည်။ နောက်တစ်နေ့တွင်မူ အမေရိကန်အောက်လွှတ်တော် ရီပက်ဘလေကန်ခေါင်းဆောင် ဂျွန်ဘိုးနာက အိုဘားမား၏အစီအစဉ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော် သမ္မတအိုဘားမားအနေဖြင့် ၎င်း၏ မဟာဗျူဟာအသေးစိတ်ကို တင်ပြရမည်ဟုလည်း ပြောကြားသည်။

အိုဘားမား၏တာဝန်မှာ ခက်ခဲမှုများ ရှိသည်။ ၎င်းအနေဖြင့် အာရပ်နိုင်ငံများထံမှ ကျယ်ပြန့်သောထောက်ခံမှုရရန် လိုအပ်သည်။ အိုင်အက်စ်အဖွဲ့ကို အီရတ်နှင့် ဆီးရီးယားတွင်လည်း ချိုးနှိမ်ရန်လိုအပ်သည်။ သို့မဟုတ်ပါက ခိုလှုံစရာနေရာများရရှိပြီး ပြန်လူစုနိုင်သည်။ အီရတ်အစိုးရအနေဖြင့် အိုင်အက်စ်အဖွဲ့နှင့်အတူ တိုက်ခိုက်နေသော ဆွန်နီများကို ခွဲထုတ်၍ အားနည်းအောင် လုပ်ရပါမည်။ သို့သော် အီရတ်တွင် ၀န်ကြီးချုပ်သစ်အယ်လ်အဘာဒီ ဦးဆောင်သော အစိုးရအဖွဲ့၌ မည်ကာမတ္တ ဆွန်နီကိုယ်စားပြုမှုသာ ပါဝင်သည်။

ဆီးရီးယားအတွက် စိတ်ကူးမှာ အာဆတ်ကို ဆန့်ကျင်နေသော အဖွဲ့များထဲမှ အလွန်အစွန်းမရောက်သူများကို အင်အားဖြည့်တင်းပေးပြီး ၎င်းတို့အနေဖြင့် အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရန် လိုအပ်ပုံကို သဘောပေါက်ရေးဖြစ်သည်။ သို့သော် ယင်းအလယ်အလတ်အဖွဲ့များကို ထူထောင်ရေးမှာ အားနည်းနေပြီး ၎င်းတို့မှာလည်း အိုင်အက်စ်အဖွဲ့နှင့် အာဆတ်ကို ယှဉ်နိုင်မည့်သူများဖြစ်လာမည်လားဆိုသည်မှာ မသေချာသေးပေ။

ယင်းအတွက် အိုဘားမားမှ အချိန်လိုအပ်သည်။ တစ်ဖက်တွင် အိုင်အက်စ်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မတရားမှုများမှာ အယူအဆ အပြင်းဆုံးအဖွဲ့များမှလွဲ၍ ကျန်အဖွဲ့များကြား လူကြိုက်များမှုမရှိ၍ အိုဘားမားအတွက် အချိန်ရသည်ဟု ဆိုနိုင်သည်။ သို့သော် စိတ်ရှည်သည်းခံမှုမှာ အမေရိကန်နိုင်ငံရေး၏ ကောင်းကွက်အဖြစ် ရှိမနေပါက အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရေးဂိုဏ်းဖွဲ့နေသော နိုင်ငံများကြားတွင်လည်း မူလကပင် ကွဲပြားမှုများရှိနေပြီး ယာယီအကျိုးစီးပွားအတွက် ပေါင်းစည်းခဲ့ကြခြင်းဖြစ်ရာ အနှေးနှင့်အမြန်ဆိုသလို ပြိုင်ဆိုင်မှုများ ခေါင်းပြန်ထောင်လာနိုင်သည်။ မဟာမိတ်အဖွဲ့ အားနည်းသွားလျှင် လုပ်ငန်းစဉ်တစ်ခုလုံး အရှိန်လျော့ကျသွားမည် ဖြစ်သည်။

အောင်မြင်မှုအတွက် အကြီးမားဆုံး အခွင့်အရေးရရန် မည်သည့်မဟာမိတ်အဖွဲ့မဆို ရေရှည်တည်မြဲရမည်ဖြစ်သည်။ ယင်းအတွက် အိုဘားမားမှာ ၎င်း၏သမ္မတသက်တမ်း၌ ချို့ငဲ့နေသော ကိုယ်တိုင်ပါဝင်ကပြရမည့် သံတမန်ရေး ရေရှည်ထိန်းသိမ်းမှုအပေါ် စိတ်ပိုင်းဖြတ်မှု ပြသရပါမည်။

—Ref: Economist/Reuters/ BBC
7Day Daily
စက်တင်ဘာ ၁၀ ရက်တွင် သမ္မတဘားရက်အိုဘားမား အမေရိကန်ပြည်သူလူထုအား မိန့်ခွန်းပြောချိန်တွင် ၎င်း၏စကားများမှာ အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ အကြောင်းထက် ပိုပါသည်။ အယ်လ်ကိုင်ဒါနောက်ပိုင်း အဆိုးရွားဆုံး အိုင်အက်စ်ကင်ဆာရောဂါ တိုက်ဖျက်ရေး ၎င်း၏အစီအစဉ်မှာ အရှေ့အလယ်ပိုင်းဒေသကို ၀ါးမျိုနေသော ဗရုတ်သုတ်ခအခြေအနေများကို အရှေ့အလယ်ပိုင်း ကိုယ်တိုင်က ကျော်လွှားနိုင်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မည်။

ကျောက်ဆည်တရားရုံးအတွင်း အမှုစစ်ဆေးနေစဉ် ဓားထိုးမှု ဖြစ်ပွား

ကျောက်ဆည်မြို့ မြို့နယ်တရားရုံး အတွင်း အမှုစစ်ဆေးနေစဉ်အတွင်း ဓားထိုးမှု တစ်မှုဖြစ် ပွားခဲ့ကြောင်း ကျောက် ဆည်မြို့နယ်စခန်းမှူးထံမှသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်ဆည်မြို့နယ် တရားရုံးတွင် အာမခံပေးထားသော ကို နောင်နောင်စိုးဆိုသူသည် တရားရင်ဆိုင် နေစဉ် ၄င်း၏ ဇနီးတော်စပ်သူတရားလို မ …မှာ သက်သေနေရာမှထွက်ဆိုနေ ရာနောင်နောင်စိုးက ဝဲဘက်ဒူးခေါင်း ဒူးစွပ် အတွင်းမှအရိုးအသွား ၁၁ လက်မခန့်ရှိ ဓားအားထုတ် ၍မ…၏နောက်ကျောအား သုံးချက်ထိုးခဲ့ကြောင်း ၄င်းကပြောသည်။
”သူက ဒူးစွပ်ထဲကနေ ဓားကို ထုတ်ပြီး ထိုးလိုက်တာ။ ကျွန်တော်တို့ မသိလိုက်ဘူး” ဟုကျောက်ဆည်မြို့နယ် စခန်းမှူးက ပြောသည်။

မှော်ဘီ ဝါးနက်ချောင်း ရော်ဘာခြံ အတွင်း တောဆင်ရိုင်းနင်း ခံရမှုကြောင့် ခြံစောင့် လူငယ်တစ်ဦး သေဆုံး

(ရန်ကုန်၊ စက်တင်ဘာ ၁၆)
 မှော်ဘီမြို့ ဝါးနက်ချောင်းကျေးရွာ  ရော်ဘာခြံ အတွင်း တော ဆင်ရိုင်းနင်းမှုကြောင့် အသက်၂ဝ ကျော် လူငယ် တစ်ဦး သေဆုံး သွားခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာလ ၁၅ ရက်နေ့ ည သန်းခေါင်ယံခန့်က ရော်ဘာ ခြံစောင့် လင်မယားထံ တောဆင်ရိုင်း က လာရောက် ရန်မူ ခြင်းဖြစ်ပြီး အမျိုးသမီးငယ် မှာ မူ လွတ်မြောက် သွားသည်ဟု ၄င်းတို့ ကပြောသည်။
ကိုယ်တွေ့ကြုံခဲ့ရသူ ကာယကံရှင် အမျိုးသမီး ငယ်က ”ဆင်က တံခါးဘောင်ကို ဝင်တိုးတော့ ကျွန်မလက်ကို ဆွဲခေါ်ပြီး အမျိုးသားက ဓာတ်မီး ကိုင် ထွက်ပြေးတယ်။ ဒါပေမဲ့ ကျွန်မက အိမ်ထဲ မှာပဲ ကျန်ခဲ့တယ်။ ဆင်က ကျွန်မ အမျိုးသား ကို အိမ်အပြင်မှာ သတ်လိုက်တယ်။ အိမ်ကို လည်း ဖျက်ဆီးသွားတယ်”ဟု ပြောသည်။

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရ

Photo: KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လိုက်ကာကျေးရွာ၏ အနောက်တောင်ဘက် ၁ ဖာလုံခန့်အကွာ ညောင်ပင်အနီး တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မမီထုံထုယော် (၂၃) နှစ်၊ (ဘ) ဦးမီလုံဂမ်၊ ကချင်ခရစ်ယာန်နှင့် ဒေါ်ထန်းခေါင် (၃၆) နှစ်၊ (ဘ) ဦးမရှူနော်၊ ကချင်/ခရစ်ယာန် တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ မိထုံထုယော် ဒဏ်ရာက တော်တော်ပြင်းတယ်၊ အသက်တောင် ရှင်ပါ့မလား မသိဘူး၊ ထန်းခေါင်ကတော့ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ဘူး၊ ဆေးမြီးတိုနဲ့ ကုနေတာ မသက်သာလို့ မြို့ဆေးရုံ သွားပြီ ” ဟု ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းထိဒဏ်ရာများအား ကချင်ဆေးမြီးတိုများဖြင့် ကုသခဲ့ပြီး သက်သာခြင်းမရှိသဖြင့် မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘောက်နော်နှင့် ဆက်သွယ်၍ ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူရန် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ ရွာနီးချုပ်စပ်မှာတောင် မိုင်းက ထကွဲနေတော့ ဝေးဝေးမသွားရဲကြတော့ဘူး၊ မိုင်းအဟောင်းတွေ ဖြစ်မယ်လို့တော့ ထင်တယ်၊ အဲဒီမိုင်းတွေကို KIA အဖွဲ့က ပြန်မဖော်ပေးတော့ ရွာသူရွာသားတွေအတွက် စိတ်မချရဘူးပေါ့ ၊ ဒီဒေသမှာ အဲဒီအန္တရာယ်ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ပါဘူး” ဟု ဒေသခံ ဦးဘောက်နန်က ဆိုသည်။

ယင်းကျေးရွာနေ ရွာသူရွာသား (၁၆) ဦးသည် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်ကာ ကျေးရွာဝန်းကျင်တစ်ဝိုက် လမ်းဘေးဝဲ/ယာ ခြုံများ ခုတ်ထွင် ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဇော်မိုင်
 ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လိုက်ကာကျေးရွာ၏ အနောက်တောင်ဘက် ၁ ဖာလုံခန့်အကွာ ညောင်ပင် အနီး တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ မှုကြောင့် ဒေသခံကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မမီထုံထုယော် (၂၃) နှစ်၊ (ဘ) ဦးမီလုံဂမ်၊ ကချင်ခရစ်ယာန်နှင့် ဒေါ်ထန်းခေါင် (၃၆) နှစ်၊ (ဘ) ဦးမရှူနော်၊ ကချင်/ခရစ်ယာန် တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲကိုယ်တိုင် ယာဉ်လိုင်စင်အတုပြုလုပ်ဟုဆိုကာ တိုင်တန်း

နတ်မောက် (မဇ္ဈိမ)။ ။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အထက်တန်းရှေ့နေတစ်ဦးနှင့် ဒုရဲအုပ် တစ်ဦးတို့ ပူးပေါင်းကာ ငွေကြေးရယူ၍ မော်တော်ယာဉ်လိုင်စင် အတုပြုလုပ်ပေးသည်ဟုဆိုကာ တိုင်တန်းမှု တစ်ခု လက်ခံရရှိထားသည် ဟု နတ်မောက် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မောင်ကို က ပြောသည်။
နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းမှ ဒုတိယရဲအုပ်တစ်ဦးနှင့် အထက်တန်း ရှေ့နေတစ်ဦးတို့က

Kurdish တပ်က အမေရိကန်အကူနဲ့ ISIS ကို ထိုးစစ်ဆင်နေ


Khazir ဒေသမှာ အမေရိကန်က ဝေဟင်ကနေ တိုက်ခိုက်မှု လုပ်ခဲ့တာကို Kurdish တပ်တွေက စောင့်ကြည့်စဉ် (Credit: Reuters) 
အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာ ​တပ်စွဲထားတဲ့ ​ISIS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​Kurdish ​လူမျိုးရဲ့ ​Peshmerga ​တပ်ဖွဲ့တွေက ​အမေရိကန် ​အကူအညီနဲ့ ​ထိုးစစ်ဆင်မှုတွေ ​တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အမေရိကန် ​ဂျက်လေယာဉ်နဲ့ ​drones ​တွေက ​ဝေဟင်ကနေ ​Kurdish ​တပ်တွေကို ​အကူအညီပေးနေပြီး ​Kurdish ​အဖွဲ့က ​မြေပြင်ကနေ ​ထိုးစစ်ဆင်နေတာပါ။

အီဘိုလာ နှိမ်နင်းဖို့ ဒေါ်လာ တစ်ဘီလီယံလိုအပ်



အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​နှိမ်နင်းဖို့အတွက် ​အမေရိကန် ​ဒေါ်လာ ​သန်းတစ်ထောင် ​ဒါမှမဟုတ် ​၁ ​ဘီလီယံနီးပါး ​လိုအပ်မယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။အခုဆိုရင် ​အဆိုးဝါးဆုံး ​ဗိုင်းရပ်စ်ပိုး ​ကူး ​စက် ​မှု ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၂၅၀၀ ​နီးပါး ​ရှိနေပါပြီ။

သေဆုံးသူ ​ဦးရေဟာ ​နှစ်ပါတ်အတွင်း ​နှစ်ဆလောက် ​တိုးလာနေတာဖြစ်ပြီး ​ဒီနှစ်ကုန်ပိုင်းအထိ ​ဆိုရင် ​လူပေါင်း ​နှစ်သောင်းအထိ ​ကူးစက်ခံရနိုင်တယ်လို့ ​ကုလသမဂ္ဂက ​ပြောဆိုထားပါတယ်။

မြန်မာရဲ့ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမှာ တိုးတက်မှုရှိ

Buddhist monks in Yangon
မြန်မာနိုင်ငံရဲ့ ​၂၀၁၄-၁၅ ​ခုနှစ် ​တိုက်ရိုက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်မှုဟာ ​ထင်ထားတာထက် ​အခြေအနေကောင်းနေတယ်လို့ ​ခန့်မှန်းထားပါတယ်။
အရင်တုန်းကတော့ ​တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​၄ ​ဘီလီယံလောက်ပဲ ​ရှိမယ်လို့ ​ခန့်မှန်းကြပေမယ့် ​အခုလောလောဆယ် ​၃.၃၂ ​ဘီလီယံ ​ရှိနေတဲ့အတွက် ​ဒေါ်လာ ​၅ ​ဘီလီယံကျော် ​ရှိနိုင်တယ်လို့ ​မြန်မာနိုင်ငံ ​ရင်းနှီးမြုပ်နှံရေးကော်မရှင်အတွင်းရေးမှူး ​ဦးအောင်နိုင်ဦးက ​ပြောပါတယ်။
နိုင်ငံရေးနဲ့ ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှု ​တချို့ ​ဖြစ်ပေါ်ပြီးနောက်ပိုင်း ​အခုလို ​တိုက်ရိုက်နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​တိုးတက်လာတာပါ။

တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေဟု တယ်လီနော ပြောကြား


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများ တိုးတက်လာခဲ့သော်လည်း ခက်ခဲသည့်အပိုင်းများလည်း ရှိနေကြောင်း၊ ယင်းအနက် တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေကြောင်း Telenor Myanmar ၏ CEO Peter Furberg က စက်တင်ဘာ ၁၆ ရက် နေပြည်တော်၌ ကျင်းပသည့် Myanmar Connect 2014 တွင် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Myanmar Connect ဆွေးနွေးပွဲတွင် မိုဘိုင်းဆက်သွယ်ရေး လိုင်စင်အသစ် ပေးအပ်ခြင်းခံရသည့်

အယ်လ်ခိုင်ဒါနှင့် ပတ်သက်၍ သတင်း အချက်အလက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မရသေး

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံကို တိုက်ခိုက်ရန် ခြိမ်းခြောက်ထားသည့် အယ်လ်ခိုင်ဒါ၏ သတင်း အချက်အလက်များကို အင်တာပိုထံမှ တောင်းခံထားသော်လည်း မရရှိသေးဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန ရဲမှူးကြီး အောင်ဌေးမြင့်က စက် တင်ဘာ ၁၆ တွင် မဇ္ဈိမကို ပြောသည်။
“အကြမ်းဖက်မယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို အင်တာပိုကနေတောင်းထားတယ်။ လှုပ်ရှားတဲ့ သတင်းအ ချက်အလက်တွေပါ။ မနေ့ကထိ တောင်းခဲ့ပါသေးတယ်၊ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
အယ်လ်ခိုင်ဒါသည် အိန္ဒိယတိုက်တွင် ဂိုဏ်းခွဲဖွင့်ကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဆောင်ရွက် သွားမည်ဟု စက်တင်ဘာ ၃ ရက်က အတိအလင်း ကြေညာထားခြင်းဖြစ်သည်။

Telenor က မိုဘိုင်းအင်တာနက်စနစ် ပေးအပ်ရန် MPT နှင့်ဆွေးနွေး

Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းကွန်ရက်တွင် အင်တာနက် စနစ်ပေးအပ်ရန် မြန်မာဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် ဆွေးနွေးနေကြောင်း Telenor ၏ CEO ဖြစ်သူ Mr.Petter ကပြောသည်။
လက်ရှိအချိန်တွင် ကိုယ်ပိုင် Gateway ပိုင်ဆိုင်သော အော်ပရေတာသည် မြန်မာနိုင်ငံ၌ MPT တစ်ခုသာရှိပြီး အဆိုပါ MPT Gateway ထံမှာ အင်တာနက် အသုံးပြုနိုင်သော Bandwidth ကို Telenor က ရယူ အသုံးပြုရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ကျန်းမာရေး ဘတ်ဂျက် ဟိုလူနှိုက်၊ ဒီလူနှိုက် ဖြစ်နေ၍ အဖွဲ့ဖြင့် စစ်ရန်လိုဟု ဥက္ကဋ္ဌ ပြော

U-Khin-Aung-Myit
အမျိုးသားလွှတ်တော်အတွင်း လုပ်ငန်းဆောင်ရွက်နေသည့် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
နေပြည်တော် (မဇ္ဈိမ)။ ။ ကျန်းမာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများတွင် စံချိန်စံညွှန်းမမီဘဲ ဘတ်ဂျက်များကို ဟိုလူနှိုက်စား ဒီလူနှိုက်စားဖြစ်နေသည့်အတွက် တည်ဆောက်ရေး ကာလတွင် အဖွဲ့ တစ်ခုဖွဲ့စည်းပြီး စစ်ဆေးရန် လိုအပ်လျက်ရှိသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးကျင်းပသည့်ရက် သုံးရက်အတွင်း နှစ်ကြိမ်မြောက် ပြောခြင်းဖြစ်သည်။

တာဝန်ခံရဲသည့် စိတ်ဓာတ်ရှိမှ တာဝန်ယူသင့်သည်


စက်တင်ဘာလ ၁၂ ရက်ညက သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်းထဲတွင် ကလေးတစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ လျှပ်စစ် ဓာတ်စီးဝင်နေသော လမ်းဘေး ဓာတ်မီးတိုင်ကြောင့် ဓာတ်လိုက်သေဆုံးသွားခဲ့ရသည်။ ဇွန်လ ၂၃ ရက်က လှည်းတန်း ပေ ၅၀ လမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရသည်။ ဇွန်လ ၃၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံးမှုပြီး ဇူလိုင် ၁၅ ရက်ကလည်း လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်၊ ၁၅ ဈေးအတွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီး သုံးဦး ဓာတ်လိုက်သေဆုံးခဲ့ကြရသည်။

ဟုမ္မလင်းမြို့နယ် ၌ တရားသူကြီးတစ်ဦး လာဘ်စားမှု ပေါ်ပေါက်၍ အမှုဖွင့် အရေးယူခံရ

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီး တစ်ဦးသည် အမှုသည်များ ထံမှ ပိုက်ဆံ တောင်းခံ ရယူခြင်းနှင့် စားသောက်ဆိုင် များတွင် အစားအသောက် များဖြင့် ကျွေးမွေး ဧည့်ခံခိုင်းခြင်း များ စစ်ဆေး ပေါ်ပေါက်ခဲ့သည့် အတွက် စက်တင်ဘာ ၁၅ ရက်က အမှုဖွင့် အရေးယူ လိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။

သတင်းတို တောင်တရုတ်ပင်လယ်မှ တိုင်းဖွန်းမုန်တိုင်းကြောင့် မိုးကြီးနိုင်

တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ခယ်လ်မေ့ဂီ(Kalmaegi)၏ အရှိန်ကြောင့် ယမန်နေ့ညနေမှ စ၍ နောက်သုံးရက်အတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး စသည့်တိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီး

ဒီရေတော စိုက်ပျိုးရန် ဟောပြောမှုဖြင့် ဒေးဒရဲ ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

http://burma.irrawaddy.org/wp-content/uploads/2014/09/Day-Da-Ye-Police-Station.jpg
ဒီရေတော စိုက်ပျိုးရန် ဟောပြောသူများကို တရားရုံး အမိန့်အရ ဖမ်းဆီး ထိန်းသိမ်းထားသည့် ဒေးဒရဲမြို့မ ရဲစခန်း (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တွင် ပင်လယ်ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် ဒီရေတောများ စိုက်ပျိုးရန် လိုအပ်ကြောင်း ဟော ပြောမှုဖြင့် တရားစွဲခံထားရသူ ၃ ဦးကို စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီး လိုက်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်း ကပ္ပလီပင်လယ်ဘေးရှိ ကျေးရွာများ၌  ဒီရေကာတောများ၏ အရေးပါပုံအကြောင်း လိုက်လံ ဟော ပြောရာတွင် ပါဝင်သည်ဟု ဆိုသည့် ဒေသခံရွာသား ဦးမြင့်လွင်၊

နေအိမ်တွင်အိပ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံး၊ ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သဲကောကျေးရွာတွင် မိုးကြိုးပစ်၍ လူတစ်ဦးသေဆုံးကြောင်း သတင်းအရ မြို့လှနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ မပြုံးချို(၃၅)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးလှဝင်း(၄၉)နှစ်နှင့်အတူ နေအိမ်၌

သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်

ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများကတို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေးငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။

အနက်ရောင် မိုးမျှော်ဖား

တောင်အာဖရိက တိုက်က နိုင်ငံများမှာသာ မြင်တွေ့ရလေ့ ရှိတဲ့ ဖား တစ်မျိုး ဖြစ်ပြီး သူ့ရဲ့ အင်္ဂလိပ် အမည် ကတော့ Black rain frog ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ သလိုပဲ အသွင်အပြင် အားဖြင့် အခြား သာမန် ဖားများနဲ့ မတူပဲ မဲနက်လို့ လုံးနေ ပါတယ်။

MPT၏ ညပိုင်းဖုန်းခေါ်ဆိုမှု လျော့ချရာတွင် အခြားအော်ပရေတာသို့ ခေါ်ဆိုမှု မပါဝင်

ရန်ကုန် ၊ မဇ္ဈိမ။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဖုန်းခေါ်ဆိုမှုတွင် ည ၁၁နာရီမှ နံနက် ၇နာရီအတွင်း ခေါ်ဆိုသည့် နှုန်းများကို ထက်ဝက် လျော့ချထားသော်လည်း ယင်းသို့ ကောက်ခံမှုမှာ MPT ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုမှုသာ ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုမှု မပါဝင်ဟု MPT က တရားဝင် ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျော့ချသွားရန် စီစဉ်နေပြီး လျော့ချလိုက်သည့် အချိန်တွင်မူ အခြားအော်ပရေတာများသို့ ခေါ်ဆိုခမှာလည်း ယခုထက် လျော့ကျသွားဖွယ် ရှိနေသည်။

မြဝတီမြို့နယ်တရားရုံးရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ

Photo: မြဝတီမြို့နယ်တရားရုံးရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ
===================================================

မြဝတီ၊ စက်တင်ဘာ ၁၆။

ကရင် ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံ နက် ၈နာရီ ၄၅မိနစ်ခန့်က အမှတ် (၄)ရပ်ကွက် ဦးအောင်ဇေယျလမ်း ဘေး၊ မြန်မာ့စီးပွားရေးဘဏ်အနီး မြို့နယ်တရားရုံးရှေ့ ခြံစည်းရိုးဘေး လမ်းထောင့်နေရာ၌ အမှတ်(၃)ရပ် ကွက်၊ ကျောက်လုံးကြီးရပ် ဦးတင် ဖေက ဈေးရောင်းရန် သန့်ရှင်းရေး ဆောင်ရွက်စဉ် မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိပ် အနက်ရောင်တစ်ထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ထံ သတင်ပေးပို့ခဲ့ ကြောင်း သိရသည်။

အဆိုပါနေရာသို့ တပ်နယ်မှ စစ်ဗျူဟာမှူးဦးစီး၍ ခရိုင်အုပ်ချုပ် ရေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိ လုံခြုံရေး အဖွဲ့ သွားရောက်စစ်ဆေး၍ ချိန်  ကိုက်မိုင်းဟုယူဆရသည့်အတွက် ဆက်စပ်ပစ္စည်းများအား စိစစ်ရာ နာရီဒိုင်ခွက်ချိန်စက်မှ နာရီလက်တံ အား ၁၂နာရီအချိန်တွင်ထားရှိပြီး အခြားမိနစ်၊ စက္ကန့်တံများအား ဖြတ် တောက်ထားရှိကြောင်းနှင့် ပင်မယမ်း အုံမှာ အရှည်ခြောက်လက်မ၊ အချင်း နှစ်လက်မ၊ အလေးချိန် ၁ဒသ မ ၈ကီလိုခန့်ရှိ သံပိုက်လုံး တစ်လုံး၊ နှစ်လက်မပတ်လည် လေးထောင့်ပုံ စံ တရုတ်နိုင်ငံလုပ် စားပွဲတင်နာရီ အသေးတစ်လုံး၊ နာရီအတွင်း တိပ် အနီရောင်ဖြင့်ပတ်လျက် ဗဗ ဆိုဒ် ဓာတ်ခဲတစ်လုံး၊ ဗဗ ဆိုဒ် ပန်နာဆိုး နစ်အမျိုးအစား ဓာတ်ခဲလေးလုံးတို့ အား နံနက် ၉နာရီတွင် အချိန်မီရှင်း လင်းဖြုတ်သိမ်းနိုင်ခဲ့သည်။

''မြဝတီမှာ ဒီလိုချိန်ကိုက်မိုင်း တွေတွေ့တာဟာ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ဖန်တီးနေတာလို့ထင် တယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ် ငန်းရှင်တွေ၊ ကုန်သည်တွေ၊ အလုပ် သမားတွေနဲ့ ပြည်သူတွေအားလုံး လုံခြုံရေးသတိအပြည့်နဲ့ နေသင့်  တယ်။ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ် တာတွေရှိရင် တာဝန်ရှိသူတွေကို အမြန်ဆုံးသတင်းပေးပို့ကြဖို့ လို အပ်ပါတယ်''ဟု မြဝတီမြို့မှ မြို့မိ မြို့ဖတစ်ဦးကပြောကြားသည်။

ဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက် ရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် ယခုအခါ ပြည်သူများ အန္တ ရာယ်ကင်းစွာ ပုံမှန်သွားလာလျက် ရှိကြောင်း သိရှိရသည်။

ZMT, TZ(MWD)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။) 
ကရင် ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံ နက် ၈နာရီ ၄၅မိနစ်ခန့်က အမှတ် (၄)ရပ်ကွက် ဦးအောင်ဇေယျ လမ်း ဘေး၊ မြန်မာ့စီးပွားရေးဘဏ်အနီး မြို့နယ်တရားရုံးရှေ့ ခြံစည်းရိုးဘေး လမ်းထောင့်နေရာ၌ အမှတ်(၃)ရပ် ကွက်၊ ကျောက်လုံးကြီးရပ် ဦးတင် ဖေက ဈေးရောင်းရန် သန့်ရှင်းရေး ဆောင်ရွက်စဉ် မိုင်းဟု ယူဆရသော မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိပ် အနက်ရောင်တစ်ထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ထံ သတင်ပေးပို့ခဲ့ ကြောင်း သိရသည်။

အဆိုပါနေရာသို့ တပ်နယ်မှ စစ်ဗျူဟာမှူးဦးစီး၍ ခရိုင်အုပ်ချုပ် ရေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိ လုံခြုံရေး အဖွဲ့ သွားရောက်စစ်ဆေး၍ ချိန် ကိုက်မိုင်းဟုယူဆရသည့်အတွက်

Than Thar Moe Theint


than thar moe theint with red crystal background

ရန်ကုန်ရှိ ဆေးရုံခုနစ်ရုံတွင် မူးယစ်ဆေးစွဲနေသူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတင်မည်


မူးယစ်ဆေးစွဲသူများအတွက် နေရာတစ်ခုတည်း၌ အလုံးစုံအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေး (One Stop Shop) စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံခုနစ်ရုံတွင် ပထမဆုံးအကြိမ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
‘‘ဒီနှစ်အတွင်းမှာ လုပ်နေပါပြီ။ ဆေးစွဲလူနာတွေ ဆေးကုသရေးဌာနကို လာတဲ့အခါမှာ အဆင်ပြေစေဖို့၊ လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ပြည့်ပြည့်၀၀ ရရှိစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီစီမံချက်ကို လုပ်ရခြင်းဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးကိုကို က ပြောသည်။

ဒီဇင်ဘာအထိ ၂၄ နာရီ မီးပေးမည်ဟု ရန်ကုန်လျှပ်စစ် ပြော

ရန်ကုန် (မဇ္ဈိမ)။  ကျောက်ဆည် ဓာတ်အားပေးစက်ရုံ မိုးကြိုးပစ်ခံရခြင်းကြောင့် အချိန်ကြာ မီးပြတ်တောက်မှု များ ဖြစ်ခဲ့သော်လည်းပြန်လည်ကောင်းမွန်ပြီ ဖြစ်သည့်အတွက် ရန်ကုန်မြို့ မီးပေးဝေရေးကို ဒီဇင်ဘာအထိ ၂၄ နာရီအ ပြည့် ပြန်လည်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က မဇ္ဈိမကို ပြောသည်။

IS အဖွဲ့သည် တရားမဝင် ရေနံရောင်းချခြင်းဖြင့် ကမ္ဘာ့အချမ်းသာဆုံးအကြမ်းဖက်အဖွဲ့ဖြစ်လာ

Iraq ISIS Abu Wahe
အစ္စလာမ်မစ်နိုင်ငံတော် ISအဖွဲ့မှ စစ်သွေးကြွများသည် ရေနံများ တရားမဝင် ရောင်းချခြင်း၊ ခြိမ်းခြောက်ငွေ ညှစ်ခြင်း၊ ခိုးခြင်း နှင့် လူကုန် ကူးခြင်း များမှ တစ်ရက်လျှင် ငွေကြေးအမြတ်အစွန်း ဒေါ်လာ သုံး သန်းကျော် ရရှိနေကြကြောင်း ထောက်လှမ်းရေး အရာရှိများ နှင့် ကျွမ်းကျင် သူများက ဆိုသည်ဟု စက်တင်ဘာ ၁၆ရက်က အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အီရတ် နှင့် ဆီးရီးယားတို့တွင် နယ်မြေများ သိမ်းပိုက်နိုင်ခဲ့သော IS အဖွဲ့သည် ထိုနှစ်နိုင်ငံ အတွင်းရှိ ရေနံမြေ ၁၁ ခု အထိ ထိန်းချုပ် ထားနိုင်လျက် ရှိကြောင်း အကူအညီပေးရေး လုပ်သားများ၊ သုတေသီများ နှင့် ထောက်လှမ်းရေး အရာရှိများက ဆိုခဲ့ကြသည်။

Telenor က ဆင်းမ်ကတ်ရောင်းချမည့် ရက်အတိအကျမပြော

Telenor Myanmar အနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ယခုရက်ပိုင်းအတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချမည့်ရက် အတိအကျမသိရသေးကြောင်း ယနေ့ကျင်းပသော Myanmar Connect 2014 အခမ်းအနားမှ သိရသည်။

"ဘယ်တော့ရောင်းမလဲ ပြောရရင်တော့ မကြာခင်မှာပဲ ရောင်းချမယ်လို့ပြောပါရစေ" ဟု တယ်လီနောမြန်မာ၏ CEO Peter Furberg ကပြောသည်။ စက်တင်ဘာလ ၁၆ ရက်မှ စတင်ကာ

အိမ်သာကျင်းအတွင်းသို့ ပြုတ်ကျသွားသူတစ်ဦးအား ဆင်းဆယ်ရာမှ လူလေးဦးစလုံးသေဆုံးမှု ပခုက္ကူမြို့နယ်တွင်ဖြစ်ပွား

မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် အိမ်သာကျင်းသစ်အတွင်းသို့ ပြုတ် ကျသွားသူတစ်ဦးအား လူသုံးဦးမှ လိုက်လံဆင်းဆယ်ရာ ဆင်းဆယ် သူသုံးဦးစလုံးမှာလည်း ကျင်းအတွင်း လဲကျသွားသဖြင့် ပခုက္ကူမြို့နယ် ခရိုင်မီးသတ် တပ်ဖွဲ့မှ လာရောက် ဆယ်ယူပေးကာ ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံ အရောက်၌ လေးဦးစလုံး သေဆုံးနေမှု တစ်ခု စက်တင်ဘာ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့ အမှတ် (၁၁)ရပ်ကွက် (၁၆)လမ်းရှိ ဦးနေ ဝင်းဆိုသူ၏ နေအိမ်နောက်ဖေး၌

သီးသန့်ကိုယ်ပိုင် အင်တာနက်လိုင်း ရောင်းချမည်ဟု Ooredoo ပြော

Ooredoo သည် လက်ရှိအချိန်တွင် မိုဘိုင်း အင်တာနက်စနစ်ကို စတင် ဝန်ဆောင်မှုပေးနေပြီး နောင် ကာလတွင် သီးသန့်ကိုယ်ပိုင် အင်တာနက်လိုင်းများကို Router များနှင့် တွဲဖက်ရောင်းချသွားမည်ဟု သိရသည်။
Ooredoo ၏ CEO ဖြစ်သူ Mr.Ross ၏ အဆိုအရ My Fi အမည်ရှိ သီးသန့် အင်တာနက်လိုင်းကို Router များနှင့် တွဲဖက်၍ စမ်းသပ်အသုံးပြုနေပြီး နောင်တစ်ချိန်တွင် ရောင်းချပေးနိုင်ရန် စီစဉ်ထားရှိသည်ဟု သိရသည်။

လမ်းဖြတ်ကူးရင် ကားကြည့်ရှောင်၊ ဓာတ်ကြိုးအောက်ဖြတ်ရင် ဓာတ်ကြိုးကို မော့ကြည့်ရမတဲ့လား

Cartoon
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် ဇဋိလလမ်းနဲ့ သုမင်္ဂလာလမ်းထောင့်က ဓာတ်တိုင် ၀ိုင်ယာရှော့ဖြစ်တာကြောင့် လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ် ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ အခုနှစ်ပိုင်း လျှပ်စစ်ဓာတ်တိုင်၊ ဓာတ်ကြိုး အားနည်းချို့ ယွင်းမှုဖြစ်ရာကနေ ပြည်သူတွေ သေဆုံးခဲ့တာတွေ ထဲက နောက်ဆုံး ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ယူ၊ တာဝန်ခံသင့်တဲ့အကြောင်း ပြည်သူတွေ ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြတာလည်း ကြာပါပြီ။ ဒါပေမဲ့ လျှပ်စစ်ဝန်ကြီးဌာန လျှပ်စစ်ဖြန့်ဖြူးရေးဌာန က အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်အောင်က

ကုန်းတွင်းမုန်တိုင်းဝင်ရောက်နိုင်သည့်အပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြန်

ကယ်လ်မေဂီမုန်တိုင်း သည် ကုန်းတွင်းမုန်တိုင်းငယ်အ ဖြစ် မြန်မာနိုင်ငံအရှေ့ပိုင်းသို့ စက်တင်ဘာ ၁၈ ရက်တွင် ၀င် ရောက်လာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးထားချိန် ၌ ဘင်္ဂလားပင်လယ်အော်တွင်လည်းလေဖိအားနည်းရပ်ဝန်းဖြစ် ပေါ်နေသောကြောင့် မြန်မာနိုင်ငံ ဒေသအချို့
 နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ်မုန်တိုင်း ကယ်လ်မေဂီ(Kalmaegi)မုန် တိုင်းသည် စက်တင်ဘာ ၁၆ ရက် ညနေတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟိုင်နန်ကျွန်းကို ဖြတ်နေပြီး စက် တင်ဘာ ၁၈ ရက် နံနက်အစော ပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန် မာနိုင်ငံဘက်သို့ ၀င်ရောက်လာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် ကပြောသည်။

ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမည်

Photo: ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမည်
Wednesday, September 17, 2014

ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 ၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မ ဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။

 သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်က အပြီး သတ်အမိန့်ချရန် ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ စစ်ဆေးရန် ကျန်ရှိနေသော ကြောင့် အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင်ဘာ ၁၈ ရက်၌ ထပ်မံ ချိန်းဆို၍ ထိုနေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်တရားရုံးမှ စုံစမ်းသိရှိရသည်။ သရုပ်ဆောင် ရဲတိုက်သည် စက်တင်ဘာ ၁၆ ရက်က ရုံးထုတ်အပြီးတွင် ဗိုလ်တ ထောင်တရားသူကြီးကို ယုံကြည်ကြောင်း မီဒီယာများအား ပြော ကြားသွားခဲ့သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်က ဆေးခြောက် ဟု ယူဆရသော အရွက်အနည်း ငယ်ကို လက်ဝယ်တွေ့ရှိ၍ ပဲ ခူးတိုင်းဒေသကြီး၊ ကျောက်တံ တား မြို့နယ်တရားရုံးက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အ ရေးယူခဲ့သည်။ ထိုပုဒ်မဖြင့်ပင် ရဲ တိုက်ကို ယခုနှစ်ဧပြီလ ၇ ရက် တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်သောကြောင့် အယူခံဝင် ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး စုစုပေါင်း ငါးနှစ်ချမှတ် ခံခဲ့ရသည်။

7Day DAILY

တရားရုံးမှပြန်ထွက်လာသော မင်းသားရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ − ဇွဲဉာဏ်) 
ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မ ဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။