Thursday, September 18, 2014

တွတ်ရသည်ဟုဆိုပြီး ငွေနှစ်သိန်းပေးသွားသည့် ထီလက်မှတ် ဆယ်သိန်းပေါက်သည့်ထီလက်မှတ်ဖြစ်နေ

ထီသုံးစောင်ထိုးရာ တစ်စောင် က တွတ်နှစ်သိန်းဝင်ကြောင်း ထီ ရောင်းသမားကိုယ်တိုင် ရွာသို့ လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ နှစ်သိန်းတွင် ၅ဝဝဝဝခန့်လျော့ နေသဖြင့် ထီဆိုင်သွားစုံစမ်းရာမှ တွတ် ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ ပြေလည်အောင် ဖြေရှင်းပေးလိုက်ရ သည့် ဖြစ်ရပ်တစ်ခု မကွေးမြို့ နတ် ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်

ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေသည်။

တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ် (Kalm-aegi) ကယ်လ်မေဂီမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဟိုင်နန်ကျွန်းကို ဖြတ်ပြီး အားအနည်းငယ်လျော့သွားကာ ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်အစောပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်

သာသနာရေးဝန်ကြီး ဟောင်း  ဦးဆန်းဆင့်ကို နိုင်ငံ တော် အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံအလွဲသုံးစားမှု ပုဒ်မများဖြင့် နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက်တင်မှုကို ပြင်ဆင်ပေးရန်  မန္တလေးတိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ကြားနာစစ်ဆေးမည်ဟု သတင်းရရှိသည်။
ဦးဆန်းဆင့်အား (၁၃)ကြိမ် မြောက်ရုံးချိန်းတွင် ပုဒ်မနှစ်ခု အတွက် တရားရုံးကစွဲချက်တင် လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအတွက် ဦးဆန်းဆင့်၏ရှေ့နေနှင့် တရားလိုပြရှေ့နေများက စွဲချက်မတင်ရန် လျှောက်ထားခဲ့သော်လည်း ဒက္ခိ ဏသီရိခရိုင်တရားရုံးက ပယ်ချ လိုက်သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို

ဓမ္မစေတီခေါင်းလောင်းဆယ် ယူရေးအဖွဲ့အနေဖြင့် လူထုကိုကတိ ပေးထားသည့် ခေါင်းလောင်းကို ကုန်း ပေါ်သို့ ဆယ်ယူနိုင်ခြင်းမရှိပါက ¤င်း တို့အဖွဲ့အနေဖြင့် လူထုကို တောင်း ပန်သွားရန် အစီအစဉ်မရှိကြောင်းကို ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည် ဝင်းက စက်တင်ဘာ ၁၄ရက်က သန် လျင်မြို့နယ် နတ်စင်တစ်ရာဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောကြားခဲ့သည်။

အထိုင်များ သူတို့ အတွက် အသက်ကယ်ဆေး ငါးမိနစ်

Photo: အထိုင်များ သူတို့ အတွက် အသက်ကယ်ဆေး ငါးမိနစ်

ယနေ့လူသား အများစုအဖို့ ရုံးမှာ ရှစ်နာရီကြာ ကွန်ပျူတာ ရှေ့ထိုင်၊ အိမ်ရောက် တော့လည်း တီဗီရှေ့ထိုင်၊ ဖုန်းကိုင်ကာ မလှုပ်မရှား နေကြသည့် အချိန်က များလာသည်။

ယနေ့လို စမတ် ဖုန်းခေတ်၊ အင်တာနက် ခေတ်ကြီးမျာ လူသားတွေ အလုပ်များစွာကို ထိုင်ရာမထ လုပ်နိုင်လာကြရာ လူ့အဖွဲ့အစည်း သည်လည်း အထိုင်များသည့် လူမှုပုံစံကို ကျင့်သုံးမိမှန်း မသိ ကျင့်သုံးမိ လာကြသည်။ အထိုင်များခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေကြောင်း လေ့လာမှု စစ်တမ်း များစွာက ထောက်ပြ ထားကြပြီ။ သို့သော် စိတ်ပူရန်တော့ မရှိ။ ဖြေဆေး ရှိနေပြီ။ အထိုင်များ သူများ လမ်းကြာ ကြာလျှောက် လေ့ကျင့်ခန်း မလုပ်နိုင်လို့ စိတ်ပျက်ရန် မလို။ အားကစား နှင့် ဆေးပညာ သိပ္ပံဆိုင်ရာ အကြောင်း အရာများ ဖော်ပြနေသော Medicine & Science in Sports & Exercise ဂျာနယ်တွင် ဖော်ပြ ထားသော သုတေသန တစ်ရပ်အရ အထိုင်များ သူများပင် တစ်နာရီလျှင် ငါးမိနစ်ခန့် လမ်းကလေး လျှောက်ပေး လိုက်ရုံနဲ့ ထိုင်ခြင်း၏ ကျန်းမာရေး ဆိုးကျိုးများကို ချေဖျက်ပစ် လိုက်နိုင်ကြောင်း သိရသည်။ အကြောင်း မည်သို့ ရှိသနည်း။

ခုံမှာ အသေ ထိုင်နေသည့် အခါ အောက်ပိုင်း ကြွက်သားများက ငြိမ်နေသည်။ ထိုအခါ နှလုံးကို သွေး လုံလောက်စွာ ရောက်ရှိအောင် တွန်းမပေးနိုင်။ မလှုပ်ရှားသော ခြေထောက် ကြွက်သားများသည် နှလုံးမှ တွန်းလွှတ် လိုက်သော သွေး များလာသည့် အခါ သွေးကြောများ ချဲ့ထွက်နိုင် စွမ်းလည်း လျော့သွားသဖြင့် အောက်ပိုင်းသို့ သွေးအပြည့် မဆင်းနိုင်ဘဲ
သွေးအိုင်မှု ဖြစ်ပွားသည်။ နှလုံးမှ လာသော သွေးများကို အပြည့်အ၀ လက်ခံ လည်ပတ် နိုင်စွမ်း မရှိတော့ သလို၊ နှလုံးဆီသို့ ပြန်တွန်း လွှတ်ပေး ရမည့် သွေးများကိုလည်း ပြည့်ဝစွာ တွန်းလွှတ် မပေးနိုင်ခြင်းကို
သွေးအိုင် လာခြင်းဟု ခေါ်သည်။ ထိုင်ပါများရင် ခြေထောက်တွေ
လေးပြီး သွေးလေး လာသည်ဟု ခေါ်ကြခြင်းသည် ထိုဖြစ်စဉ် ဖြစ်သည်။

ခန္ဓာအောက်ပိုင်း သွေးစီးဆင်းမှု နှေးသွားခြင်းကြောင့် သွေးထဲက ဖက်တီး အက်ဆစ်များ သွေးကြောတွေထဲ ပုံလာသည်။ နှလုံး သွေးကြောများ ထဲမှာလည်း ပုံလာသည်။ ပုံလာသော အက်ဆစ်များ ပိတ်ဆို့မှုကြောင့် ဦးနှောက်သို့ အောက်ဆီဂျင် နှင့် အာဟာရ ဓာတ်များကို သွေးကြောများမှ တစ်ဆင့် ပေးပို့ရာတွင်ပါ အဟန့် အတား ဖြစ်လာသည်။ ထိုင်ပါများ သည့်အခါ လူက လေးကန်လာကာ ခေါင်းမကြည် ခြင်းသည် အထက်ပါ ဖြစ်စဉ်ကြောင့် ဖြစ်သည်။

““လမ်းထ လျှောက်လိုက်တဲ့ အခါ ကြွက်သားတွေ ရှုံ့နိုင် ဆန့်နိုင် ပြန်ဖြစ်သွားပြီး အ၀င် သွေးကိုလည်း ပိုလက်ခံ နိုင်လာတယ်၊ အထွက် သွေးကိုလည်း ပိုတွန်းလွှတ် ပေးနိုင်လာတဲ့ အတွက် သွေး လည်ပတ်မှု ပုံမှန် ပြန်ရောက်တယ်”” ဟု လေ့လာမှု စစ်တမ်း ပြုလုပ်ခဲ့သော အမေရိကန် နိုင်ငံ အော်ရီဂွန်ပြည်နယ် ကျန်းမာရေးနှင့် သိပ္ပံတက္ကသိုလ်မှ ပါရဂူ ဘွဲ့ကြိုကျောင်းသူ ဆာရာသိုဆာက
ပြောသည်။ ထိုင်လုပ်ရတာ များသူများ အနေဖြင့် တစ်နာရီခြား တစ်ခါ ငါးမိနစ်လောက် လမ်းထ လျှောက်ခြင်းဖြင့် အကျိုးမည်သို့ ရနိုင်သနည်းကို မစ္စသိုဆာ နှင့်အဖွဲ့က လက်တွေ့သုတေသန ပြုခဲ့သည်။

အသက် (၂၀) မှ (၃၅) နှစ် ကြား သာမန် ကိုယ်လုံး ကိုယ်ထည် ရှိသူ (၁၂) ဦး၏ အကူအညီဖြင့် သုတေသန ပြုသည်။ ထို (၁၂) ဦးကို ပထမ အကြိမ် စမ်းသပ်မှုတွင် သုံး နာရီ ဆက်တိုက် မလှုပ်မရှား ထိုင်စေသည်။ ထိုသုံးနာရီ အတွင်း တစ်နာရီခြား တိုင်းမှာ ထိုလူများ၏ ခန္ဓာ အောက်ပိုင်း (အထူးသဖြင့် ခြေထောက်) သွေးကြောများ အလုပ် လုပ်ပုံကို သွေးပေါင်ချိန် ကိရိယာများ၊ အာထရာဆောင်းများ သုံးကာ မှတ်တမ်းတင်သည်။

ဒုတိယမြောက် စမ်းသပ်မှုတွင် သုံးနာရီ အတွင်း တစ်နာရီခြား တိုင်းမှာ ငါးမိနစ် ထပြီး ပုံမှန်လေး လမ်းလျှောက် စေသည်။ သွေးကြောများ အလုပ် လုပ်ပုံကိုလည်း မှတ်တမ်း တင်ထားသည်။ စစ်တမ်း ပြီးဆုံး၍ ရလဒ်ကို
နှိုင်းယှဉ်ကြည့်သည့် အခါ သုံးနာရီ ဆက်တိုက် မလှုပ်မရှား ထိုင်သူများ၏ ခန္ဓာအောက်ပိုင်း (အထူးသဖြင့် ခြေထောက်) သွေးကြော များသည် ပုံမှန် လှုပ်ရှားနေသူ တစ်ယောက်ထက် (၅၀) ရာခိုင်နှုန်း နီးပါးချိနဲ့ကာ အလုပ် လုပ်နိုင်စွမ်း ကျဆင်း သွားကြောင်း တွေ့ရသည်။

သို့သော် အားတက်စရာ တစ်ချက်မှာ တစ်နာရီလုံး မလှုပ်မရှား ထိုင်နေပြီးနောက် ငါးမိနစ် ထလမ်း လျှောက်သူများသည် သွေးကြောများ စွမ်းဆောင်ရည် မကျဘဲ ပုံမှန် လှုပ်ရှားသူ နှင့် တန်းတူ နီးပါးရှိကြောင်း
တွေ့ခဲ့ရသည်။ တစ်နာရီ ထိုင်ပြီးတိုင်း ငါးမိနစ်လောက် လမ်းလေး ထလျှောက် လိုက်ခြင်း၏ အကျိုးကိုစစ်တမ်းက ကောင်းကောင်း ပြလိုက်ခြင်း ဖြစ်သည်။
သွေးကြော နှင့် ကြွက်သားများကို မကြာမကြာ အလုပ်ပေးခြင်း၏ အကျိုးဖြစ်သည်။

ကြာကြာ ထိုင်လုပ်ရသူများ အဖို့ တစ်နာရီခြား တစ်ခါ ငါးမိနစ်လောက် ထလျှောက်ခြင်း သည် တစ်နေကုန် ထိုင်နေပြီး ညနေ ရုံးဆင်းမှ ကျန်းမာရေး လေ့ကျင့်ခြင်း ထက်ပင် ပိုအကျိုး ကျေးဇူးများ ကြောင်းလည်း အခြား စစ်တမ်း တစ်ရပ်က ထောက်ပြ ထားသည်။ Mayo Clinic Proceedings ဂျာနယ်တွင် ဖော်ပြထားသော သုတေသန တစ်ရပ်အရ တစ်နေ့ ခြောက်နာရီ အလုပ် ထိုင်လုပ်ပြီး ညနေကျမှ တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်ခြင်းထက် တစ်နာရီခြား တစ်ခါ ငါးမိနစ်လောက် လမ်းထ လျှောက်ခြင်းသည် ထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ပေါ် သက်ရောက်သည့် ဆိုးကျိုးများကို ပိုချေဖျက် ပေးနိုင်စွမ်း ရှိကြောင်း တွေ့ခဲ့ရသည်။

သို့ဖြစ်ရာ ရုံးမှာ ထိုင်လုပ်ရတာ များသူများ အနေဖြင့် တစ်နာရီခြား တစ်ခါလောက် ရေထ သောက်ရင်း လမ်းလေး လျှောက်ခြင်း၊ ဖုန်း ပြောရင် မတ်တပ်ရပ်ပြီး လမ်းလျှောက် ပြောခြင်းမျိုး ပြုခြင်းသည် ညနေကျမှ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ယူခြင်း ထက် ပိုထိ ရောက်သည်ကို မမေ့ဖို့ စစ်တမ်းက အကြံပြု ထားသည်။ လမ်းလျှောက်ဖို့ အခက်အခဲ ရှိသော ရုံးခန်းများတွင် ကိုယ့်စားပွဲမှာပဲ မကြာ မကြာ မတ်တပ် ထရပ် ပေးခြင်းသည်ပင် ခန္ဓာအောက် ပိုင်း သွေးကြောများ လည်ပတ်မှု အားကောင်း နေအောင် ကူပေးခြင်း မည်ကြောင်း စစ်တမ်းက လမ်းညွှန် ထားသည်။

Messenger
ယနေ့လူသား အများစုအဖို့ ရုံးမှာ ရှစ်နာရီကြာ ကွန်ပျူတာ ရှေ့ထိုင်၊ အိမ်ရောက် တော့လည်း တီဗီရှေ့ထိုင်၊ ဖုန်းကိုင်ကာ မလှုပ်မရှား နေကြသည့် အချိန်က များလာသည်။

ယနေ့လို စမတ် ဖုန်းခေတ်၊ အင်တာနက် ခေတ်ကြီးမျာ လူသားတွေ အလုပ်များစွာကို ထိုင်ရာမထ လုပ်နိုင်လာကြရာ လူ့အဖွဲ့အစည်း သည်လည်း အထိုင်များသည့် လူမှုပုံစံကို ကျင့်သုံးမိမှန်း မသိ ကျင့်သုံးမိ လာကြသည်။ အထိုင်များခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေကြောင်း လေ့လာမှု စစ်တမ်း

တယ်လီနောဆင်းမ်ကတ် အောက်တိုဘာ ၅ ရက် မတိုင်မီ ထွက်မည်ဟုဆို တစ်မိနစ်ခေါ်ဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်ဖြစ်


တယ်လီနော မိုဘိုင်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၅ ရက် မတိုင်မီ စတင်ရောင်းချမည်ဖြစ် ပြီး မည်သည့်ကွန်ရက်ဖြင့် ဆက် သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်ပြောဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်Telenor Myan-mar မှ သတင်းရရှိသည်။
တယ်လီနော ဆင်းမ်ကတ် များကို ယခုလမကုန်မီ စတင် ရောင်းချပေးမည်ဖြစ်ပြီး တယ်လီ နော အချင်းချင်းခေါ်ဆိုလျှင် တစ် မိနစ် ၁၅ ကျပ်နှင့် MPT၊ Ooredooစသည့်အခြားကွန်ရက်များသို့ ဖုန်းခေါ်ဆိုမည်ဆိုလျှင် တစ်မိနစ် ၂၅ ကျပ်ကျသင့်မည်ဟု ပြင်ပတွင် ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသည်။

ဘင်္ဂါလီလူမျိုး ၄ဝကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီ

ရန်ကုန်၊ ရခိုင်ပြည်နယ်မြေပုံ မြို့နယ်တွင် နိုင်ငံသား ပြုခွင့်လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၁ဝဝဝ ကျော် ထဲမှ ဗဟိုအဖွဲ့က စိစစ်ပြီးသည့် ဘင်္ဂါလီလူမျိုး ၄ဝ ကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။

ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို

Photo: ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇

လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။

“မီးရထား ဟိုတယ်နောက်မှာ ဓာတ်အားခွဲရုံ ရှိတယ်။ အလုံကနေ အဲဒီကို တိုက်ရိုက်ဝင်တဲ့ မိန်းကြိုး ပေါက်သွားတော့ အခြားခွဲရုံတွေကနေ တစ်ဆင့် ဝင်လာပြီး မျှသုံးတဲ့ကြိုးနဲ့ ပေးနေရတယ်။ ဝပ်မနိုင်ဘူး။ လူစောင့်ပြီး နှစ်နာရီကြား တစ်ခါ ပေးနေရတယ်။ အခုလည်း ကေဘယ် ပေါက်တဲ့နေရာကို ပြင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်မှုအတွက် ကမ်းနားလမ်း၊ နှင်းဆီကုန်းလမ်းတို့ရှိ ကေဘယ်ကြိုးများကို ပြင်ဆင်မှုများ ပြုလုပ်နေလျက် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

“ကေဘယ်က တစ်နေရာမှာ ပေါက်တယ် ပြင်တယ်။ နောက်တစ်နေရာ ထပ်ပေါက်တယ် ပြင်တယ်။ သုံးကြိမ်ရှိသွားပြီ။ ပြည်သူတွေ အတွက်တော့ နှစ်နာရီကြား တစ်ခါ သတ်မှတ်ပေးထားတဲ့ စီမံချက်အတိုင်း မီးပေးမယ်။ ပြင်ပြီးရင်တော့ တန်းရမှာပါ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်သည့် အတွက် ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်ဆည်မြို့ ဇင်းနစ် ဓာတ်အားခွဲ စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြို့နယ်အများစုတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ 
 လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှပ်စစ်မီး မကြာခဏ ပြတ်တောက် မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။

အမြန်လမ်းပေါ် တက်လာသည့် ဆိုင်ကယ်နှင့် Elite ခရီးသည်တင်ယာဉ် တိုက်မိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

Photo: အမြန်လမ်းပေါ် တက်လာသည့် ဆိုင်ကယ်နှင့် Elite ခရီးသည်တင်ယာဉ် တိုက်မိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က Elite အဆင့်မြင့် ခရီးသည်တင်ယာဉ်နှင့် အမြန်လမ်းပေါ်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့ တိုက်မိရာမှ မော်တော်ဆိုင်ကယ်ပေါ်မှ အသက် ၆၈ အရွယ် အမျိုးသားကြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မှ နေပြည်တော်သို့ ခရီးသည် ၃၃ ဦး တင်ဆောင်ကာ မောင်းနှင်လာသော Elite ခရီးသည်တင်ယာဉ်မှာ မိုင်တိုင်အမှတ် ၁၂၉/၆ အရောက်တွင် အမြန်လမ်း ညာဘက်လမ်းသွယ်ဘက်မှ ထွက်လာသော မော်တော်ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့သော အမြန်လမ်း ၁၁၅ မိုင်ရှိ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကားက သူ့လမ်းအတိုင်း ပုံမှန်အရှိန်နဲ့ မောင်းလာတာကို ဆိုင်ကယ်က လမ်းပေါ် ဗြုန်းခနဲ တက်လာတော့ ရှောင်ပေမယ့် ဖြတ်တိုက်မိသွားတာ။ ဆိုင်ကယ်ကို အရှိန်နဲ့ ရှောင်လိုက်တာကြောင့် Elite ကားက လမ်းလယ်ကျွန်းတုံးပေါ် ရောက်သွားတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် Elite ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း မော်တော်ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသူ အုတ်တွင်းမြို့နယ်၊ ဇီးကုန်းကျေးရွာ၌ နေထိုင်သူ အသက် ၆၈ နှစ်အရွယ်ရှိ ဦးသက်ဦးဇော်မှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူ အသက် ၃၁ နှစ်အရွယ်ရှိ ကိုသိန်းဇော်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဖြူးမြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ဗောဓိကုန်း နယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“အမြန်လမ်းပေါ် ဆိုင်ကယ်တက် မမောင်းရဘူးလို့ အမြန်လမ်း ရဲတပ်ဖွဲ့က ကြေညာထားတယ်။ ဆိုင်ကယ် တက်မောင်းခဲ့ရင် မောင်းနှင်သူကို ထိရောက်စွာ အရေးယူမယ် ဆိုတာကို သိရဲ့သားနဲ့ စည်းကမ်း မလိုက်နာတာကြောင့် လူ့အသက် ဆုံးရှုံးမှုတွေ ဖြစ်ရတာ။ လတ်တလော ယာဉ်ထိန်းရဲတပ်ဖွဲ့က အမှုကို စုံစမ်းနေပါတယ်” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းယာဉ်တိုက်မှုကြောင့် Elite ယာဉ်ပေါ်ပါ ခရီးသည်များကို အခြား Elite ခရီးသည်ယာဉ်များဖြင့် ပြောင်းရွှေ့ကာ မောင်းနှင်ထွက်ခွာခဲ့ကြောင်း Elite Express အဆင့်မြင့် ခရီးသည်တင် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က Elite အဆင့်မြင့် ခရီးသည်တင်ယာဉ်နှင့် အမြန်လမ်းပေါ်သို့ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့ တိုက်မိရာမှ မော်တော်ဆိုင်ကယ်ပေါ်မှ အသက် ၆၈ အရွယ် အမျိုးသားကြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မော်ဒယ်သစ်လေးတွေနဲ့အပြိုင် ဖလန်းဖလန်းထနေတဲ့ ဂန္တဝင်

Ganta Win

ကိုးလ အတွင်း ပေါင် ၇၀ ဝိတ်ချနိုင်ခဲ့တဲ့ သတို့သမီးလောင်း


သူမ အမည်ဟာ Kirsty Thomas လို့ခေါ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးပြီး ကိုးလ အတွင်း ပေါင် ၇၀ လျော့ချနိုင်မှုကြောင့် ဗြိတိန်မှာ နာမည်ကြီးတဲ့ အမျိုးသမး တစ်ဦး ဖြစ်လာပါတယ်။ သူ့ချစ်သူနဲ့ လက်ထက်ကို အချိန်ကို ရောက်ဖို့ အတွက် ကိုးလလောက်လိုပါသေးတယ်။ မင်္ဂလာဆောင် ဂါဝန်ရွေးတော့ သူမဟာ လက်ရှိ ပေါင်ချိန် ၂၂၀ နဲ့ လိုက်ဖက်တဲ့ size 16 ကို မရွေးပဲ size 8 ကို ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ သူမရဲ့ ယုံကြည်မှု ဖြစ်ပါတယ်။ သူမ ယုံကြည် တစ်သလိုပဲ ကြိုးစားလိုက်တာ တစ်လကို ၇ ပေါင်

မနာလို သ၀န်တိုရာမှ ထိုင်းကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် စုံတွဲ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်

Hannah-Witheridge
စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် ကမ်းခြေ ပါတီပွဲတွင် အသတ်ခံခဲ့ရသူနှစ်ဦး အနက် ဒေးဗစ်မေလာ၏ သူငယ်ချင်း များဖြစ်သော ခရစ်နှင့် ဂျိမ်းစ်ဝဲဆိုသူ ဗြိတိန်ညီအစ်ကိုနှစ်ဦးကို ရဲများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကြောင် စိတ်ကောက်တတ်သည်

တိရစ္ဆာန် လေ့လာသူများရဲ့ ထုတ်ဖော် ပြောဆိုချက်အရ ကြောင်များဟာ စိတ်ကောက် တတ်ကြောင်း သိရ ပါတယ်။
အကယ်၍ ပိုင်ရှင်ဟာ မိမိ အပြင် အခြားသော ကြောင်တစ်ကောင်ကို ထပ်မွေးတဲ့အခါ၊ ရှိရင်းစွဲ ကြောင် ထဲမှာတောင် ကိုယ့်ထက် အခြား ကြောင် တစ်ကောင်ကို အသားပေးပြီး ပြုစု ဆက်ဆံတဲ့ အခါကျရင် စိတ်ကောက် တတ်ပါတယ်။ နောက်ထပ် အခြေအနေ တစ်ခု ကတော့ သူတို့ရဲ့ နေ့စဉ် routine အရ

Master Plan အရ ရန်ကုန်မြို့ပြင် မြို့ပတ်ရထားလမ်းများ ဖောက်လုပ်ရန်အစီအစဉ်ရှိ

ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နှင့်ပူးပေါင်းရေးဆွဲ နေသည့် ရန်ကုန်မြို့ Master Plan အရ ရန်ကုန်မြို့ပြင် မြို့ ပတ်မီးရထားလမ်းများဖောက်လုပ်သွား ရန်အစီအစဉ် ရှိကြောင်း မြန်မာ့မီးရထား မှအထွေထွေမန်နေဂျာ (အောက်မြန်မာ ပြည်) ဦးထွန်းအောင်သင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းအ ရှေ့ဘက်ခြမ်းအား ရထားလမ်းများနှင့် ချိတ်ဆက်နိုင်ရန်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Master Sport ဖိနပ်စက်ရုံ ရုန်းရင်းဆန်ခတ်မှု ဒုရဲမှူး အပါအဝင် ရဲကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရ

Photo: Master Sport ဖိနပ်စက်ရုံ ရုန်းရင်းဆန်ခတ်မှု ဒုရဲမှူး အပါအဝင် ရဲကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၇

လုပ်သားများကို လုပ်ခမပေးဘဲ ထွက်ပြေးသွားသည့် တောင်ကိုရီးယား အလုပ်ရှင်ပိုင် Master Sport ဖိနပ်စက်ရုံတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုကြောင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လအတွက် လုပ်အားခ မပေးဘဲ အလုပ်ရှင်က စက်ရုံပိတ်သိမ်းခဲ့ပြီး ဇွန်လ လုပ်ခအပါဝင် နစ်နာကြေးများပေးရန် ကြန့်ကြာနေ၍ အလုပ်သမားများက စက်တင်ဘာလ ၁၆ ရက်နေ့တွင် အဆိုပါ စက်ရုံအတွင်းသို့ ကျူးကျော် ဝင်လာသည်ဟုဆို၍ လာရောက် ဖြေရှင်းခဲ့ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

လာရောက်ဖြေရှင်းသည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဦးစီးမှူး ရုံးက တာဝန်ရှိသူများကို အလုပ်သမားများက ပိတ်ဆို့ထားရာမှ စတင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့ချုပ်ရုံး၊ ခေတ္တကွပ်ကဲရေးမှူး ရဲမှူးကြီး ချစ်ဦးက ပြောကြားသည်။

စက်ရုံသို့ ကျူးကျော် ဝင်ရောက်နေသည့် အလုပ်သမားများကိစ္စကို အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းတို့က စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လာရောက်ဖြေရှင်းစဉ် အလုပ်သမားများက ၎င်းတို့ကို အပြင်သို့ ပြန်ထွက်ခွင့် မပေးကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။ 

Master Sport စက်ရုံတွင် အလုပ်ရှင် ထွက်ပြေးသွားသဖြင့် အလုပ်သမားများ ရရှိမည့် လုပ်အားခနှင့် နစ်နာကြေးများကို ပြန်ပေးရန် စက်ရုံရှိ ပစ္စည်းများကို လေလံတင်ကာ ရရှိသည့် ငွေကြေးကို အလုပ်သမားကို ပြန်ပေးရန်အတွက် အစိုးရက လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား ၂၀၀ ခန့်သည် စက်ရုံ အပြင်ဘက်ရှိ တံခါးများကိုပါ ပိတ်ဆို့ထားသဖြင့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူများက ပိတ်ဆို့ခံထားရသည့် ဦးဝင်းရှိန်နှင့် ဦးကျော်ကျော်ထွန်းတို့ကို ပြန်လွှတ်ပေးရန် အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားများမှာ လိုက်နာခြင်း မရှိကြောင်း ရဲမှူးကြီး ချစ်ဦးက ပြောကြားသည်။

ည ၁၀ နာရီကျော်တွင် တံခါးများကို ချိုးဖျက်ကာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ် အလုပ်သမားများက ပုလင်းများ၊ သစ်သားတုတ်များ၊ စတီးထမင်းချိုင့်များဖြင့် ပစ်ပေါက်သဖြင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ပြန်လည်ပြီး တိုက်ခိုက်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ အလုပ်သမားတွေကတော့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ သူတို့ပစ်တဲ့ ပုလင်းကွဲတွေ မတော်တဆ ထိမိတာ ဖြစ်မှာပါ” ဟု ရဲမှူးကြီး ချစ်ဦးက ပြောဆိုသည်။

ရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး အလုပ်သမား နှစ်ဦးကိုလည်း ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ပြီး ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အလုပ်သမားများကို အရေးယူရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဦးဝင်းရှိန်ကမူ ၎င်းကို အလုပ်သမားများက အပြင်ထွက်ခွင့် မပေးသော်လည်း တစ်စုံတစ်ရာ အန္တရာယ်ပြုခြင်း မရှိဘဲ စောင်နှင့် ခေါင်းအုံး လာပို့သူများလည်း ရှိကြောင်း၊ အလုပ်သမားများက အဆိုပါ စက်ရုံရှိ ပစ္စည်းများကို ယခုလကုန်တွင် လေလံ အပြီးသတ် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း ရှင်းပြသည်။

သို့သော် လေလံတင်ခြင်း ကြန့်ကြာနေပြီး အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲ ကြုံလာသဖြင့် ယင်းသို့ ပြဿနာများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ လုပ်သားကိုယ်စားလှယ် ဒေါ်မိုးဝေက ဝေဖန်သည်။

သို့သော်လည်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အလုပ်သမားများကို The Voice က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
လုပ်သားများကို လုပ်ခမပေးဘဲ ထွက်ပြေးသွားသည့် တောင်ကိုရီးယား အလုပ်ရှင်ပိုင် Master Sport ဖိနပ်စက်ရုံတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုကြောင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

NDF သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို ဒီချုပ်ပြန်လည်လက်ခံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှထွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအင်အားစု (NDF) ပါတီ သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က  ပါတီဝင် အဖြစ် ပြန် လည်လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အယူခံဝင်တဲ့အခါမှာ သူတို့အမှားကို သူတို့ဝန်ခံတဲ့အတွက် ပြန်ပြီး လက်ခံလိုက်တာပါ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် ပါတီညီလာခံတွင် NDF ပါတီသို့ ပြောင်းသွားသူအချို့က ပါတီဝင် အဖြစ် လက်ခံရန် တင်ပြခဲ့သော် လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။

အယ်လ်ခိုင်ဒါကို တားနိုင်စွမ်း အပြည့်ရှိဟု ရဲတပ်ဖွဲ့ပြော

Police
ရန်ကုန် (မဇ္ဈိမ)။ ။ အယ်လ်ခိုင်ဒါ အကြမ်းဖက်မှုကို တားဆီးတုံ့ပြန်နိုင်သည့် လုံခြုံရေးအင်အား အပြည့်အဝရှိ သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
ရန်ကုန်တိုင်း၊ ပျဉ်းမပင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်ရင်း (၈) တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များကို လူစုလူဝေးနှင့် အကြမ်းဖက်မှုများအား နိုင်ငံတကာစံနှုနှင့် ကိုင်တွယ်စီမံခြင်း သင်တန်းပေးနေသည်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
“အထက်က ညွှန်ကြားမှဆိုတာထက် လုံခြုံရေးကို နဂိုကတည်းက အဓိကထားလုပ်နေတာပါ။ အခုရဲတပ် ဖွဲ့မှာ အကြမ်းဖက်အဖွဲ့တွေကို တားဆီးတုံ့ပြန်ဖို့ လုံလောက်တဲ့ အင်အားနဲ့ လုံခြုံရေးတွေကို ဆောင်ရွက် ထားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

၁၅ဝဝ တန် MPT ဆင်းကတ်များကို ဟန်းဆက်ရောင်းချရာတွင် လက်ဆောင်ပေးခြင်းနှင့် ဈေးတင်ရောင်းခြင်းများအား အရေးယူမည်

ကျပ် ၁၅ဝဝတန် MPT ဆင်းမ် ကတ်များအား ဟန်းဆက်ရောင်းရရန် အတွက် လက်ဆောင်ပေးခြင်းအပါအ ဝင် ဈေးနှုန်းတင်ရောင်းချနေမှုများအား စစ်ဆေးအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကျောင်း အုပ်ကြီး ဦးကျော်စိုးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအား အမေရိကန်အပါအဝင် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းရှာရန်ပြင်ဆင်

 ခါကာဘိုရာဇီ ရေခဲတောင်တွင် နှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးအား အမေရိကန်အပါ အဝင် ခြောက်နိုင်ငံအထိ ပူးပေါင်းကာ အင်အားတိုးမြှင့် ရှာဖွေရန် ပြင်ဆင်နေ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦးအား ရှာဖွေရန် လက် ရှိတွင် မြန်မာ၊ ဂျပန်နှင့် တရုတ် သုံးနိုင်ငံ တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်နေလျက် ရှိပြီး ထပ်မံ၍ကယ်ဆယ် ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရန် အမေရိကန်၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ အား ကမ်းလှမ်းထားကြောင်း ထူးဖောင် ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ပြော သည်။

မာစတာစပေါ့ စက်ရုံလုပ်သားများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရ

 Workers 
ရန်ကုန် (မဇ္ဈိမ)။ ။ လှိုင်သာယာမြို့နယ်ရှိ မာစတာစပေါ့ ဖိနပ်စက်ရုံမှ အလုပ်သမားများအတွက် အလုပ်ပိတ်နစ်နာကြေးကို စက်တင်ဘာ ၁၆ ရက်တွင် ရှင်းပေးရန် ခုံသမာဓိက ဆုံးဖြတ်ခဲ့ခြင်းကြောင့် အလုပ်သမားများက ထိုနေ့တွင် စက်ရုံအတွင်း စောင့်ဆိုင်းခဲ့ရာမှ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စက်ရုံအတွင်း မြို့နယ်ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် သြဂုတ် ၂၀ ရက်နေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အလုပ်သိမ်း၍ အိမ်ပြန်စဉ်။  ၂၀၁၄။ ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

မကွေးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦး ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရ

Photo: မကွေးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦး ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရ
Thursday, September 18, 2014

မကွေးမြို့ ကန်သာရပ် အေးစေတီဘုရား ကွင်းအတွင်း ဇွန် ၉ ရက်က ကျင်းပခဲ့သော မကွေးတိုင်း ကိုယ်စားပြု ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦးအား မကွေးတိုင်းသာသနာရေး ဦးစီးဌာနမှူးက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် တရားလိုပြု တိုင်ကြားထားသည့်အမှုကို စက်တင်ဘာ ၁၈ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ တရားစွဲတင်သွားမည်ဖြစ်ကြောင်း တရားစွဲခံထားရသူများနှင့် မကွေးမြို့ မြို့မရဲစခန်း စခန်းမှူးတို့ထံမှ သိရသည်။

အဆိုပါပွဲကိုကန်သာအေးစေတီ ဘုရားကွင်းအတွင်း ကျင်းပခွင့်ကို ယင်းကော်မတီမှ ဂေါပကအဖွဲ့ထံ တင်ပြခဲ့စဉ်က ဂေါပကအဖွဲ့မှ ခွင့်ပြုခဲ့သော်လည်း ပွဲကျင်းပရန်စီစဉ်ပြီးချိန်တွင် ခွင့်ပြုမိန့်ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သို့သော် ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက မူလအစီအစဉ်အတိုင်း ယင်းကွင်းအတွင်း၌ ကျင်းပခဲ့ကြကြောင်း၊ ထို့ကြောင့် ဇွန် ၁ဝ ရက်တွင် အဆိုပါကော်မတီမှ မကွေးတိုင်းNLD ပါတီနှင့်မကွေးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ၁၁ ဦးတို့ကို အမှုဖွင့်ခဲ့ကြောင်း ယင်းလူထုဟောပြောပွဲအတွက် ကြိုတင်လှုံ့ဆော်ခဲ့သူများနှင့် ကော်မတီအဖွဲ့ ဝင်အချို့ကိုလည်းရပ်၊ ကျေးဥပဒေဖြင့် အမှုဖွင့်တရားစွဲထားကြောင်း တရားစွဲခံထားရသူများက ပြောကြားသည်။

“ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ချင်တယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်မှုတွေကို အုပ်ချုပ်ရေးပိုင်းနဲ့ တရားရေးတို့က ဝင်ပါနေတာမျိုးတွေက မဖြစ်သင့်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ရွေးကောက် ပွဲကော်မရှင်မှာပဲ တာဝန်ရှိပါတယ်။ ဒီလို ကိစ္စတွေမှာ အုပ်ချုပ်ရေးနဲ့ တရားရေးတို့ကနေ ဝင်ရောက်ကိုင်တွယ်နေရင် စစ်မှန်တဲ့ဒီမို ကရေစီလမ်းကြောင်းပေါ် မရောက်နိုင်ပါဘူး” ဟု တရားစွဲခံထားရသော ၁၁ ဦးကော်မတီဝင် ဦးနေမျိုးကျော်က ဆိုသည်။

မကွေးမြို့မြို့မရဲစခန်း စခန်းမှူးဦးထွေးကိုက “ဒီအမှုကို တရားစွဲသင့်မစွဲသင့် ဥပဒေ အကြံပေးဆီ တင်ပြခဲ့ပါတယ်။ သူတို့လည်း ဒီအမှုကို အချိန်အတော်ကြာကြာယူပြီး ဆုံးဖြတ်ခဲ့တာပါ။ ဥပဒေအကြံပေးကနေ တရားစွဲသင့်တယ်လို့ အကြောင်းပြန်လာလို့ အမှုဖွင့်ခံထားရသူတွေဆီ ဆင့်ခေါ်စာပို့ခဲ့တာပါ။ စက်တင်ဘာ ၁၈ ရက်မှာ မြို့နယ်တရားရုံးမှာ တရားစွဲတင်သွားမှာပါ” ဟုဆိုသည်။

မကွေးမြို့တွင် ဇွန် ၉ ရက်က အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ကျင်းပခဲ့စဉ်
Eleven Media Group
မကွေးမြို့ ကန်သာရပ် အေးစေတီဘုရား ကွင်းအတွင်း ဇွန် ၉ ရက်က ကျင်းပခဲ့သော မကွေးတိုင်း ကိုယ်စားပြု ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော် မတီဝင် ၁၁ ဦးအား မကွေးတိုင်းသာသနာရေး ဦးစီးဌာနမှူးက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် တရားလိုပြု တိုင်ကြားထားသည့်အမှုကို စက်တင်ဘာ ၁၈ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ တရားစွဲတင်သွားမည်ဖြစ်ကြောင်း တရားစွဲခံထားရသူများနှင့် မကွေးမြို့ မြို့မရဲစခန်း စခန်းမှူးတို့ထံမှ သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအား ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားအခွင့်အရေးကို ထိခိုက်နစ်နာစေဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားထု အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်း အပါအဝင် အချက်ငါးချက်ဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရတနာပုံတက္ကသိုလ်ဒုတိယနှစ် အဝေးသင် (မြန်မာစာ) ကျောင်းသူမဖြူနှင်းထွေးမှာ ၂ဝ၁၄ ခုနှစ် မေလ အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် ခဲ့ရာတွင် ပါဝင်သည်ဟုဆိုကာ ပြစ်မှုသေး ၁/၂ဝ၁၄ ပုဒ်မ ၃၆၄/၃၆၈ ကျင့် ၅၁၂ ဖြင့် တရားစွဲ ခံနေရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်၌ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်တွင် မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသူဖြစ်သည်။

ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ဖြင့် သွားလာပါက ကရင်ငြိမ်းချမ်းရေးကောင်စီထံ အကြောင်းကြားရန် ကြေညာချက်ထုတ်

Photo: ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ဖြင့် သွားလာပါက ကရင်ငြိမ်းချမ်းရေးကောင်စီထံ အကြောင်းကြားရန် ကြေညာချက်ထုတ်
Thursday, September 18, 2014

 ကေအင်န်ယူ/ကေအင်န် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA Peace Council) က တပ်မ တော်သားများကို ကရင်ပြည်နယ်အတွင်းမြို့တွင်း မြို့ပြင်သွားလာမှုမပြုရန် စက်တင်ဘာ ၁၇ ရက်က အပြင်းအထန် တားမြစ်လိုက်သည်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် စက်တင်ဘာ ၁၄ ရက်က အကြောင်းကြားမှုကို ပြန်လည် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

မြ၀တီမြို့အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ယူနီဖောင်းနှင့် လက်နက်များကိုင် ဆောင်ခြင်းမပြုရန် တပ်မတော်၏ တားမြစ်ခြင်းသည် တစ်ဖက်သတ်လုပ်ရပ်သာဟု တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့က သုံးသပ်သည်။

“ငြိမ်းချမ်းရေးမူဝါဒအရ အစိုးရနဲ့ ကျွန်တော်တို့ လက်နက်ကိုင်တွေ အချင်းချင်းတိုင်ပင်ပြီးမှ လုပ်ရမှာပါ။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု ရှိရမှာကို သူတို့ဘက်ကပဲ တစ်ဖက်သတ် လုပ်ခဲ့တယ်။ ခုချိန်ထိ ကျွန်တော်တို့ဘက်က အမှားလုပ်ခဲ့တာ ချိုးဖောက်ခဲ့တာ ဘာမှမရှိခဲ့သေးပါဘူး” ဟု ကေအင်န်ယူ/ကေအင်န် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA Peace Council) နယ်စပ်လုံခြုံ ရေးနှင့် ဖွံ့ဖြိုးရေး(အထူး)ဗျူဟာ၊ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်စောဆေးဝါးက ပြောသည်။

အကြောင်းကြားစာကို တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က ထုတ်ဝေခြင်းဖြစ်ပြီး မြို့အဝင်အထွက် ပြုလုပ်ရာ၌ စစ်ဆေးမှုခံယူရန်လည်း ပါဝင်သည်။ ယင်းကို KNU/ KNLA Peace Council ကလည်း စက်တင် ဘာ ၁၇ ရက်တွင် ပြန်လည်တုံ့ပြန်ခဲ့ပြီး ထုတ်ပြန်သည့်စာ၌ တပ်မတော်သားတို့သည်လည်း တိုင်းရင်းသား လက်နက်ကိုင်တို့၏ လုံခြုံရေးစစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရန်ဟု ပါဝင်သည်။

တပ်မတော်ဘက်မှ ဒေသခံလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းခြင်းမပြုဘဲ တစ်ဖက်သတ်ဆန်စွာ အမိန့်စာ ပို့သည့်အတွက် KNU/KNLA Peace Council နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက ယင်းသို့ ပြန်လည် အကြောင်းကြားခြင်းဖြစ်သည်ဟု ဒု-ဗိုလ်စောဆေးဝါးက ပြောသည်။

ဗိုလ်မှူးကြီးတိုက်ဂါးသည် တပ်မတော်က စာထုတ်သည့်နေ့ စက်တင်ဘာ ၁၄ ရက်က ထိုင်းရဲတို့ မြန်မာ နိုင်ငံသားများကို မတရားသဖြင့်ပြုမူနေသည်များ ရပ်တန့်ရေး မြ၀တီမြို့အတွင်းရောက်ရှိနေသည့် ထိုင်း ကုန်ကားများကို တားမြစ်ခဲ့သူဖြစ်သည်။

တပ်ဖွဲ့ဝင်များ မြို့တွင်း၊ မြို့ပြင်သွားလာ ခြင်းမပြုရန်နှင့် သွားလာလိုပါက ကြိုတင်အကြောင်းကြားရန် တပ်မတော်နှင့်  KNU/KNLA Peace Council  နှစ်ဖက်စလုံးက အပြန်အလှန် အကြောင်းကြားထား ကြ သည်။

တပ်မတော်က ကရင်အမျိုးသားအစည်းအရုံး  KNU/KNLA Peace Council တို့ကို အကြောင်းကြားခြင်း ဖြစ်သည်။ KNU/KNLA Peace Council KNU အပါအ၀င်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နိုင်ငံတော်သမ္မတတို့ထံ ပေးပို့ထားသည်။

DKBA ကလည်း တပ်မတော်၏ အကြောင်းကြားမှုကို တစ်ဖက်သတ်လုပ်ရပ် အဖြစ်ရှုမြင်သည်ဟု မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောမိုးမြင့်က ဆိုသည်။ ထို့ပြင် ယခုကဲ့သို့ နှစ်ဖက် အပြန်အလှန် သတိပေးချက်များ ထုတ်ပြန်နေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အဟန့်အတားဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ဗိုလ်ကြီးစောမိုးမြင့်က “မြဝတီမှာ တစ်ခုခုဖြစ်တိုင်း PC (ကရင်ငြိမ်းချမ်းရေးကောင်စီ)နဲ့ DKBA ပဲ အပြစ် ပြောခံရတယ်။ မိခင် KNU ကတော့ အပြောလွတ်တာပေါ့ဗျာ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရှိမှ အတူလက်တွဲပြီး လုပ်နိုင်မှာပါ။ ကျွန်တော်တို့ ဘက်ကတော့ ပြန်လည်ညှိနှိုင်းချင်ပါတယ်” ဟု ပြောသည်။

ထိုသို့ အငြင်းပွားနေမှုကို စက်တင်ဘာ လ ၂၂ ရက် ရန်ကုန်မြို့တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးတွင် ကလို့ထူးဘော ကရင်အစည်းအရုံး(KKO) အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့ က တာဝန်ဆွေးနွေးသွားမည်ဟု DKBA ဗိုလ်ကြီးစောမိုးမြင့်က ဆိုသည်။

မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးဝေဖန် သုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခုဖြစ်ပေါ်နေသော ဖြစ်စဉ်သည် အကျိုး စီးပွားနှင့် ဆက်နွှယ်သောကိစ္စများလည်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ ယခုဖြစ်ရပ်သည် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ဒေသတွင်း ပြဿနာ တစ်ခုအဖြစ်သာ ဖြစ်နိုင်သည်ဟု ၎င်းကဆိုခြင်းဖြစ်သည်။

အစိုးရက KNU ကိုသာ အဓိက ဦးစားပေးသကဲ့သို့ ဖြစ်နေ၍ KNU နှင့် ၎င်း၏ ခွဲထွက်လက်နက်ကိုင်အဖွဲ့ မကြေလည်မှုများ ပိုလာနိုင်သည်ဟု ဦးသန်းစိုးနိုင်က ပြောသည်။

အဆိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်ရင်း ၂၇၅ တပ်ရင်း မှူးတို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နှစ်ဖက် အပြန်အလှန်အကြောင်းကြားမှုများ မတိုင်မီ ဘားအံမြို့ရဲစခန်းသို့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လာရောက်ခဲ့မှုဖြစ်ပွားခဲ့သေးသည်။

တပ်မတော်က အကြောင်းကြားစာပို့ပြီး နောက်ပိုင်း စက်တင်ဘာ ၁၅၊ ၁၆ ရက်တို့ တွင်လည်း မြ၀တီမြို့ အတွင်း လက်လုပ်ဗုံးများ ရှာဖွေတွေ့ရှိနေသည်ဟု ဒေသအုပ်ချုပ်ရေးအဖွဲ့တို့က သတိပေးချက်ထုတ်ပြန် ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တို့နှင့် ပူးပေါင်းရှာဖွေနေသည်ဟု မြို့နယ်အုပ် ချုပ်ရေးမှူး ဦးလွင်ကိုဦး က ဆိုသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် ဒီကေဘီအေ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် KNU/KNLA(PC) ဗိုလ်မှူးကြီး တိုက်ဂါးနှင့် တပ်းသားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ကေအင်န်ယူ/ကေအင်န် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA Peace Council) က တပ်မ တော်သားများကို ကရင်ပြည်နယ်အတွင်းမြို့တွင်း မြို့ပြင်သွားလာမှုမပြုရန် စက်တင်ဘာ ၁၇ ရက်က အပြင်းအထန် တားမြစ်လိုက်သည်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် စက်တင်ဘာ ၁၄ ရက်က အကြောင်းကြားမှုကို ပြန်လည် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနကပါ စတင်စုံစမ်းစစ်ဆေးမှုရှိလာ

နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းလာပြီး စိစစ်မှုမပြီးပြတ်မီ အကောက်ခွန်ဌာနမှ ပစ္စည်းများအားလုံး ထုတ်ယူခွင့်ပြုခဲ့မှုအပေါ် ပြည်ထဲရေးဌာနမှလည်း ယခုအခါ စစ်ဆေးချက်များ ရယူနေပြီဖြစ်ကြောင်း Mobile Team အဖွဲ့ထံမှ စုံစမ်းသိရသည်။
နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် သွင်းကုန်လိုင်စင်အမှတ် IL23111(21.8.2014)၊ ID-525623(1.9.2014)၊ Air Way Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့် ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents & Ladies Watch(with Accessories) Stainless & Leather နာရီ ၉၃၇ လုံးအားတင်သွင်းလာခဲ့ပြီး Mobile Team အဖွဲ့နှင့် အကောက်ခွန်အဖွဲ့ထံသို့ ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။

စစ်တွေတွင် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းမိ

စစ်တွေမြို့ မြို့ပေါ်ရပ်ကွက် တခုဖြစ်တဲ့ ကသည်းရပ်ကွပ် ဆိပ်ရိုးကျဆိပ်ခံတံတားအမှတ် ၁၉ မှာ ဆိုက်ကပ်ထားတဲ့ မင်းမင်း-၁ စက်လှေကို သတင်းအရရှာဖွေရာမှာ အမေရိကန်လုပ်လက်ပစ်ဗုံး ၂ လုံးကို ရှာဖွေသိမ်းဆည်းခဲ့ပြီး တရားခံလို့ ယူဆရတဲ့ ဦးကျော်တင် အသက် (၄၉) နှစ်ကို စစ်ဆေးနေပါတယ်။

သစ်ခိုးမှုများကို ၀န်ကြီးဌာနအနေဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်ကြောင်း ၀န်ကြီးပြော

Photo: သစ်ခိုးမှုများကို ၀န်ကြီးဌာနအနေဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်ကြောင်း ၀န်ကြီးပြော

စက်တင်ဘာလ ၁၈ ရက် ၂၀၁၄ ခုနှစ်

တည်ဆဲဥပဒေ၊ နည်းပဒေတွေနဲ့ စနစ်တကျအရေးယူရင် သစ်ခိုးမှုတွေ လျော့နည်းစေနိုင်ပေမယ့် ပြည်သူနဲ့ ဒေသအာဏာပိုင်တွေ ပါဝင်မှ အပြည့်အ၀ ထိန်းချုပ်နိုင်မယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်မှောင်ခိုတွေကို ဘာကြောင့် မထိန်းချုပ်နိုင်ရတာလဲဆိုတဲ့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောခဲ့တာပါ။
သက်ဆိုင်ရာ နယ်မြေတွေမှာ ပုံမှန်ဖမ်းဆီးတာ၊ ရှောင်တခင် ဖမ်းဆီးတာ၊ တပ်မတော် စစ်ကြောင်းတွေ ရဲတွေနဲ့ ပူးပေါင်းဖမ်းဆီးတာအပြင် ၂၀၁၃ ခုနှစ်၊ သြဂုတ်ကစပြီး သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။

မင်းကင်း တမြို့နယ်ထဲမှာပဲ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၄ ဇွန်လအထိ ကျွန်း၊ သစ်မာနဲ့ တခြားသစ် တန်ပေါင်း ၁၁၀၀ ကျော် ဖမ်းမိခဲ့တယ်လို့လည်း ၀န်ကြီးက ဆက်ပြောပါတယ်။
DVB

ပုံ-၀န်ကြီး ဦးဝင်းထွန်း
တည်ဆဲဥပဒေ၊ နည်းပဒေတွေနဲ့ စနစ်တကျအရေးယူရင် သစ်ခိုးမှုတွေ လျော့ နည်းစေနိုင်ပေမယ့် ပြည်သူနဲ့ ဒေသအာဏာပိုင်တွေ ပါဝင်မှ အပြည့်အ၀ ထိန်းချုပ်နိုင်မယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်မှောင်ခိုတွေကို ဘာကြောင့် မထိန်းချုပ်နိုင်ရ တာလဲဆိုတဲ့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောခဲ့တာပါ။

တရားခွင်အတွင်း ဓားထိုးမှုဖြစ်ပွားပြီးနောက် တရားရုံးများ လုံခြုံရေးတိုးမြှင့်မည်ဟုဆို

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံးတစ်ခုတွင် အမှုစစ်ဆေးနေစဉ် ဓားထိုးမှုဖြစ်ပွားခဲ့ ပြီးနောက် တရားရုံးများ၏ လုံခြုံ ရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး တရား ရေးဦးစီးဌာနမှ သတင်းရရှိ သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တွင် အမှုစစ်ဆေးနေစဉ် တရား ခွင်အတွင်း သက်သေထွက်ဆိုနေ သည့် အမျိုးသမီးကို ၎င်း၏ခင်ပွန်း တရားခံအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖြစ် ပွားပြီးနောက် တရားရုံးများ၏ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်တင်က ပြောသည်။

လက်နက်ကိုင်အဖွဲ့များ မြို့တွင်းသွားလာရာတွင် လိုက်နာရန် အစိုးရတပ်က ထုတ်မည့် စည်းကမ်းချက်များအပေါ် တုံ့ပြန်

Photo: လက်နက်ကိုင်အဖွဲ့များ မြို့တွင်းသွားလာရာတွင် လိုက်နာရန် အစိုးရတပ်က ထုတ်မည့် စည်းကမ်းချက်များအပေါ် တုံ့ပြန်
Thursday, September 18, 2014

ငြိမ်းချမ်းရေးရယူထား သည့် လက်နက်ကိုင်အဖွဲ့များ မြို့တွင်း၊မြို့ပြင် သွားလာရာတွင် ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်းများ မပြု လုပ်ရန် အစိုးရတပ်ဘက်မှ အ ကြောင်းကြားမှုကို    လက်မခံ ကြောင်း KNU/KNLA ငြိမ်းချမ်း ရေးကောင်စီက  ကြေညာချက် ထုတ်ပြန်၍တုံ့ပြန်လိုက်သည်။

မြ၀တီမြို့အတွင်း သွားလာ လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြ သည့် KNU/KNLA (PC) ၊ ဒီမို ကရေစီအကျိုးပြုကရင့်တပ်မ တော် (DKBA) အဖွဲ့တို့ထံ နယ် မြေခံအစိုးရတပ် ခလရ(၂၇၅)က စက်တင်ဘာ ၁၄ ရက် ရက်စွဲဖြင့် သတိပေးစာပေးပို့ထားခြင်းဖြစ် သည်။

အဆိုပါ အကြောင်းကြားစာ တွင် အစိုးရရုံး ဌာနများ၏ ဥပဒေ နှင့်အညီ ဆောင်ရွက်သော ကိစ္စရပ်များတွင် ၀င်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းမပြုလုပ်ရန် အကြိမ်ကြိမ်သတိပေး အကြောင်းကြားထားသော်လည်း ငြိမ်းချမ်းရေးအဖွဲ့များအနေဖြင့်   ယူနီဖောင်းဝတ်၍ လက်နက်ကိုင်သွား လာလှုပ်ရှားမှုများ  ပြုလုပ်နေပြီး စည်းကမ်းလိုက်နာမှု မရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ထိုသို့ လက်နက်ကိုင်ဆောင် သွားလာခြင်းကြောင့် ပြည်သူလူ ထုကို စိုးရိမ်ကြောင့်ကြမှုများ ဖြစ် ပေါ်စေပြီး    မြို့လုံခြုံရေး    ထိ ခိုက်စေသည့်အတွက် စက်တင် ဘာ ၁၄ ရက်မှစတင်၍ မြို့တွင်း၊ မြို့ပြင် သွားလာမှုများကို ယူနီ ဖောင်းဝတ်ဆင်၍ လက်နက်ကိုင် ဆောင်သွားလာမှု မပြုလုပ်ကြရန် တားမြစ်ကြောင်း ဖော်ပြထား သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဘက်မှလည်း အစိုးရတပ်က  ကရင်ပြည်နယ်အတွင်း အင် အားသုံး၍ မြို့များအတွင်း လှုပ် ရှားမှုများသည် ပြည်သူများကို စိုး ရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေ နိုင်သည့်အတွက် မြန်မာ့တပ်မတော်အား ကရင်ပြည်နယ်အတွင်း သွားလာလှုပ်ရှားမှုများကို တား မြစ်ကြောင်း စက်တင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ KNU/KNLA ငြိမ်းချမ်းရေးကောင် စီ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး စောအောင်ထူးထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းအဆက်အ သွယ် ခက်ခဲသည့်နေရာသို့ ရောက်ရှိနေ၍ နောက်မှပြန်လည် ဆက်သွယ်ရန် တာဝန်ရှိသူတစ် ဦးက ဖြေကြားခဲ့သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၏ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူးဗျူဟာ) မှ ဗိုလ် မှူးကြီး တိုက်ဂါးက ‘‘ဒီကိစ္စကို လက်မခံနိုင်တဲ့အတွက် မီဒီယာ ကနေတစ်ဆင့် နိုင်ငံတကာက သိ ရှိနိုင်ဖို့အတွက် ထုတ်ပြန်ရတာ ဖြစ်တယ်’’ ဟု ကရင်အမျိုးသား မီဒီယာသို့ ပြောကြားထားသည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ၂၀၁၂ ခုနှစ် ဖေ ဖော်ဝါရီလအတွင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည်။ မြ၀တီမြို့တွင် ယင်းကောင်စီအပြင် ကရင်အမျိုး သားအစည်းအရုံး (KNU) နှင့် ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မ တော် (DKBA) ဆက်ဆံရေးရုံး များ ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြ၀တီ မြို့သို့ ၀င်ရောက်လာသော ထိုင်း ကုန်တင်ယာဉ်များကို ငြိမ်းချမ်း ရေးကောင်စီ (PC) က  ပိတ်ဆို့ ထားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ သည်။ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင် သည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲများက  မတရားငွေကြေး ကောက်ခံသောကြောင့် ယင်းကဲ့ သို့ ပိတ်ဆို့ရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးကောင်စီက   ပြောကြား သည်။ အစိုးရတပ်မှ ယင်းကဲ့သို့ သ တိပေးအကြောင်းကြားထားသည့် ကိစ္စနှင့်ပတ်သက်၍ လာမည့် စက်တင်ဘာ ၂၂ ရက်တွင် ပြု လုပ်မည့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲ၌ ထည့် သွင်း   ဆွေးနွေးသွားမည်ဖြစ် ကြောင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများထံ မှ သတင်းရရှိသည်။

မြ၀တီမြို့တွင် တွေ့ရသည့် KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ−ကရင်အမျိုးသားမီဒီယာ)
7Day Daily
ငြိမ်းချမ်းရေးရယူထား သည့် လက်နက်ကိုင်အဖွဲ့များ မြို့တွင်း၊မြို့ပြင် သွားလာရာတွင် ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်းများ မပြု လုပ်ရန် အစိုးရတပ်ဘက်မှ အ ကြောင်းကြားမှုကို လက်မခံ ကြောင်း KNU/KNLA ငြိမ်းချမ်း ရေးကောင်စီက ကြေညာချက် ထုတ်ပြန်၍တုံ့ပြန်လိုက်သည်။

အစိုးရတပ်နှင့် ကေအင်န်ယူကြား တိုက်ပွဲများပြန်ဖြစ်

ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် အစိုးရတပ်နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဖာပွန်အမှတ်(၁) အခြေ ချစစ်ဗျူဟာမှ ခလရ(၁၉) နှင့် ကေအင်န်ယူ တပ်မဟာ(၅) လက် အောက်တပ်ရင်း(ခ) တို့အကြား ထိတွေ့မှုပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်

သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို နိုင်ငံ တော် အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့် နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက် တင်မှုကို ပြင်ဆင်ပေးရန် မန္တလေးတိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ကြားနာစစ်ဆေးမည်ဟု သတင်းရရှိသည်။