Saturday, October 4, 2014

ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း


Photo: ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း
Saturday, October 4, 2014

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို မေ့သွားတတ် လို့ ဖြစ်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။
ယင်း ဖွတ်ကျားများဟာ လူတို့ လိုက်ဖမ်းတဲ့ အခါမှာ လျင်မြန်စွာ ပြေးပါတယ်။ ဒါပေမယ့် ပြေးလွှားနေရင်းနဲ့ သူတို့ဟာ ဘာကြောင့် ပြေးနေတယ် ဆိုတာကို မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေးပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။
ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်...
အောင်ခမ်း (ရိုးရာလေး)

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး

ပြည်သူတို့ကိုယ်တိုင် ဖောက်သည့်လမ်းကို အသုံးပြုခပေးနေရ


Photo: ပြည်သူတို့ကိုယ်တိုင် ဖောက်သည့်လမ်းကို အသုံးပြုခပေးနေရ
Saturday, October 4, 2014

ပုသိမ် (မဇ္ဈိမ)။ ။ ဒေသခံတို့ ကိုယ်တိုင်ဖောက်လုပ်ထားသော ငပုတောမြို့၊ ငရုပ်ကောင်း မြို့နယ်ခွဲ၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သစ်ရောင်းကျေးရွာအုပ်စု ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်တစ် စီးလျှင် အသွားအပြန် ကျပ် ၅၀၀ နှုန်း ကောက်ခံနေမှုသည် တရားမျှတမှုမရှိဟု ဒေသခံတို့က ပြောသည်။သစ်ရောင်းကျေးရွာအုပ်စု အ၀င်တွင် ၂၀၁၄ ခုနှစ် ဇွန်လမှ စကာ ဝါးလုံးဖြင့်တား၍ လမ်းအသုံးပြုခ ကောက်ခံနေသည်ဟု ၎င်းတို့က ဆိုသည်။

“ကျန်တဲ့ နေရာတွေမှာတော့ မပေးရဘူး။ လမ်းကိုလည်း အရင်စစ်အစိုးရ ခေတ်က ပြည်သူတွေလုပ်အားပေးနဲ့ ဖောက်ထားတာ။ အခုလမ်းကို ဘယ်သူမှ ပြုပြင်တာလည်း မဟုတ်ဘူး” ဟု သစ်ရာ ကျောင်းကျေးရွာနေ ဦးမောင်ကံက ပြောသည်။

ယင်းသို့ ငွေကြေးကောက်ခံနေသော်လည်း လုံလောက်သည့် လမ်းပြု ပြင်မှုမရှိဟု ဒေသခံ ဦးသန်းညွန့်က ဆိုသည်။“လမ်းကောင်းအောင်ပြုပြင်ပေးတာ၊ ကြပ်မတ်ဆောင်ရွက်တာမျိုး လည်းမရှိဘူး” ဟု ၎င်းက ပြော သည်။

“ပြည်သူတွေ သူတို့ဖောက်ထားတယ်။ လမ်းကို အခွန်ပေးမှာ ဖြတ်သန်းနေရသလိုလည်း ဖြစ်နေတယ်။ အခုလိုကောက်ခံခွင့်လည်း မရှိဘူး၊ အခုလိုလုပ်တာကို သက်ဆိုင်ရာကို မေးမြန်းပြီး ပြည်သူအတွက် ဆောင်ရွက်သွားမှာပါ” ဟု ငပုတောမြို့နယ် တိုင်းကိုယ်စားလှယ် ဦးအေးကြည်က ဆိုသည်။

ငရုပ်ကောင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးလင်းအောင်ကမူ လမ်းပြုပြင်နိုင်ရန် ငွေကြေးကောက်ခံမှု ခွင့်ပြု ထားသည်ဟု ပြောသည်။ “ကျေးရွာပြည်သူတွေအတွက် ကောင်းအောင် လုပ်ပေးတာပါ။ ကျေးရွာအုပ်ချုပ် ရေးပိုင်းက လမ်းကောင်းအောင်ပြုလုပ်မယ်ဆိုလို့ ခွင့်ပြုပေးထားတာပါ” ဟု ဆိုသည်။

သစ်ရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ငရုပ်ကောင်း မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် လမ်းလေလံခကျပ် ၁၃ သိန်း ကောက်ခံသည်ဟု ပြောသည်။

Mizzima

ပုသိမ် (မဇ္ဈိမ)။ ။ ဒေသခံတို့ ကိုယ်တိုင်ဖောက်လုပ်ထားသော ငပုတောမြို့၊ ငရုပ်ကောင်း မြို့နယ်ခွဲ၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သစ်ရောင်းကျေးရွာအုပ်စု ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်တစ် စီးလျှင် အသွားအပြန် ကျပ် ၅၀၀ နှုန်း ကောက်ခံနေမှုသည် တရားမျှတမှုမရှိဟု ဒေသခံတို့က ပြောသည်။သစ်ရောင်းကျေးရွာအုပ်စု အ၀င်တွင် ၂၀၁၄ ခုနှစ် ဇွန်လမှ စကာ ဝါးလုံးဖြင့်တား၍ လမ်းအသုံးပြုခ ကောက်ခံနေသည်ဟု ၎င်းတို့က ဆိုသည်။
Rakhine-Bengali 
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေး အစိုးရ၏ဆောင်ရွက်မှု အစီအစဉ်ကို ပယ်ဖျက်ရန် ကုလသမဂ္ဂနှင့် အခြားသြဇာရှိသည့် အလှူရှင်အဖွဲ့များက ဖိအားပေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အောက် တိုဘာ ၃ ရက် တိုက်တွန်းထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတွင် ဖွင့်လှစ်ထားသည့် ဒါးပိန်ဒုက္ခသည်စခန်းကို ၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း


Photo: မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း
Saturday, October 4, 2014

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့်ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင်မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီးရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို ခင်မင်တာလောက်ပဲဖြစ်တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။
လူနှစ်ယောက် တွေ့ဆုံမှုပေါင်းဖက်မှုသည် ကံပေါ်မူတည်ပြီး ကံကိုလွန်ဆန်သည့်မရသည့်အတွက် အချစ်ရေးနှင့်ပတ်သက်လာလျှင် အနုပညာရှင်မှ အပြင်လူမှ ချစ်သူရွေးထားမည်ဟု ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“မိုးယုနဲ့က အဲဒီနေ့က ကြော်ငြာရိုက်ပြီးလို့ ညဘက်မုန့်ထွက်စားတာ၊ အနုပညာမောင်နှမတွေဆိုတော့ ရင်းရင်းနှီးနှီး မုန့်ထွက်စာတာပါပဲ´ ဟု သရုပ်ဆောင် ကောင်းပြည့်က ပြောကြားသည်။

ဒို့တောင်သူသတင်းဂျာနယ်
People power

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့် ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင် မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီး ရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း များသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို

NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။