Tuesday, October 14, 2014

အင်္ဂလန်က ဧရာမ ကဏန်းကြီး


Whitstable-Giant-Crab
ဆိပ်ကမ်းမြို့ များတွင် ကရုကမာ၊ ကဏန်းများဖြင့် ပနံရနေသည်က ဓမ္မတာ သဘာဝ တစ်ရပ် ဖြစ်သည်။ ဗြိတိန်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည့်ဝှစ်စ်ဘလီမြို့ တွင် အလွန်တရာ ကြီးမားသည့် ဧရာမ ကဏန်းကြီး တစ်ကောင် ပေါ်သည်ဆိုကာ ဖမ်းမိနိုင်ရေး ကြိုးပမ်း နေကြသည်။အွန်လိုင်းတွင် ပျံ့ နှံ့ သွားသည့် ဓာတ်ပုံတွင် ယင်းဆိပ်ကမ်းမြို့ ရေပြင်တွင် ဧရာမ ကဏန်းကြီး တစ်ကောင်ကို တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်။ ရေတွင် ကဏန်းကြီး ၏ အရိပ်ကို မြင်တွေ့ သည်မှာ အလုံးအထည်မှာ ပေ ၅၀ခန့် ရှိသည့် ကဏန်းကြီး တစ်ကောင် ဖြစ်သည်။

ထောင်လွတ်လာသည့် နှစ်ကြီးသမား အမေရင်းကို စကားများငြင်းခုံရာမှ ပြန်သတ်ခဲ့


Homicide

အမေရိကန်တွင် လူသတ်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ကြာကျခံနေရသည့် နှစ်ကြီသမားတစ်ဦးသည် ထောင်မှပြန်လွတ်ခဲ့ပြီး နှစ်ရက်မြောက်နေ့မှာပင် မိခင်ရင်းနှင့် စကားများကာ ပြန်သတ်ခဲ့သည့် အမှုဖြစ်ပွားသည်။နယူးဂျာစီပြည်နယ် အတ္တလန္တိတ်မြို့ တွင်

လူနာများကို စိတ်မရှည်၍ ပြန်သတ်နေသည့် အီတလီသူနာပြုဆရာမ

အီတလီ သူနာပြုဆရာမ တစ်ဦးကို လူနာပေါင်း ၃၈ ဦးကို သတ်ပစ်ခဲ့မည်ဟု ရဲဌာနက စစ်ဆေးလျက်ရှိသည်။ လူနာတစ်ဦးအား ပိုတက်စီယမ် ဆေးမှားထိုးပေးခဲ့ရာမှစကာ ယခုကဲ့သို့ ရဲကသံသယဝင်၍ စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။
နိုင်ငံ၏မြောက်ပိုင်း လုဂိုမြို့ မှ သူနာပြုဆရာမ ဒါနီလာပိုဂျီယာလီကို ပုံမှန်အဖျားအနာကြောင့် ဆေးရုံတက်လာကုသသူ အသက် ၇၈ နှစ်ရှိ လူနာတစ်ဦး မထင်မှတ်စရာကောင်းစွာ သေဆုံးခဲ့ရာမှ ယခုကဲ့သို့ ရဲကဖမ်းဆီးကာ စစ်မေးနေခြင်း ဖြစ်သည်။

Breaking News



၁၁-၁၀-၂၀၁၄ နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၄၁/၁ ၌ ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ခရီးသည်တင် ကားသည် လမ်းဘေးတွင် ချရပ်လိုက်သည့် အခါ ကွန်ကရစ်လမ်းမကြီး၏ ညာလမ်းပုခုံးသည် ကျွံဝင်သွားပြီး ကွန်ကရစ်လမ်းပုခုံး ကျိုးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ( နေပြည်တော်-မန္တလေး အပိုင်း) ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ(၂၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး စတင်အသုံးပြုလာခဲ့သည်မှာ ၄ နှစ်အတွင်း ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး အပိုင်းတွင် ယနေ့အချိန်တွင် တစ်ရက် ပျှမ်းမျှ ယာဉ်စီးရေ ၆၀၀၀ ကျော် ဖြတ်သန်းသွားလာလျှက် ရှိပါသည်။

ဆင်းတုရှိခိုးတာ အကျိုးရှိ မရှိ?.(ဒေါက်တာမင်းတင်မွန်)

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား..ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

အပြီးသတ် အပစ်မရပ်နိုင် သောကြောင့် ကရင်ပြည်နယ်တွင် သေနတ်သံများ ပြန်ကြားလာရဟု ဦးအောင်မင်းပြော


Photo: အပြီးသတ် အပစ်မရပ်နိုင် သောကြောင့် ကရင်ပြည်နယ်တွင် သေနတ်သံများ ပြန်ကြားလာရဟု ဦးအောင်မင်းပြော
Tuesday, October 14, 2014

ကရင် ပြည်နယ်တွင် သေနတ်သံများ ပြန်လည် ထွက်ပေါ် လာခြင်းမှာ အပြီးသတ် အပစ်အခတ် ရပ်စဲရေး အဆင့်သို့ မရောက်သေး သောကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားသည်။

      မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ကော်မတီ ဗဟိုဌာန (Myanmar Peace Centre)  ၏ နိုင်ငံတကာမှ အထောက်အပံ့ ရရှိသော ဘဏ္ဍာငွေများ၊ လုပ်ငန်း တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းစဉ် ကရင် ပြည်နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေဟွာက ကရင်ပြည်နယ် အတွင်း ပြန်လည် ဖြစ်ပေါ် နေသော ပစ်ခတ်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

         ကျွန်တော်တို့ အခုလုပ်ထား တာဟာ အပြီးသတ် အပစ်အခတ် ရပ်စဲရေး အဆင့်ကို မရောက်သေးတဲ့ အတွက် ကရင်ပြည်နယ်မှာ သေနတ်သံတွေ ပြန်ကြားရခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်ကို ပြန်ကြည့်မယ် ဆိုရင် ကျွန်တော်တို့နဲ့ လက်မှတ် ထိုးထားတဲ့ ကလို့ထူးဘော အဖွဲ့က တပ်သား အချို့ဟာ ကျိုက်မရောမြို့ကို ၀င်လာပြီးတဲ့ အခါမှာ သေနတ်တွေကို ဘေးအိမ်မှာ အပ်ထား ပါတယ်၊ ဒီဥစ္စာ သေနတ်ယူခွင့် မရှိတဲ့ နေရာ ဖြစ်ပါတယ်၊ အဲဒီနေရာမှာ ရှိတဲ့ သေနတ်တွေကို သိမ်းလိုက်တာ ကနေ စပြီး ပြဿနာတွေ ဖြစ်တာ ဖြစ်ပါတယ်၊ ဒီကိစ္စကို ကျွန်တော်တို့ ပစ်မထားပါဘူး။ အမှိုက် ကစပြီး ပြသာဒ် မီးလောင်နိုင်တယ် ဆိုတဲ့ ကိစ္စလို့ ခံယူထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ပြေငြိမ်းနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ် ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။

       ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ကနဦး အပစ်အခတ် ရပ်စဲရေးနှင့် အပြီးသတ် အပစ်အခတ် ရပ်စဲရေး စသော အခြေခံအချက် နှစ်ရပ် အပေါ် အခြေခံ၍ ဆောင်ရွက်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် လက်ရှိ ချုပ်ဆိုထားသော စာချုပ်များမှာ ကနဦး သဘောတူ စာချုပ်များသာ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြား သည်။

        ငြိမ်းချမ်းရေး ဆိုတာ အားလုံးက လိုချင်နေတဲ့ အရာပါ။ ဒါကြီးက ကြာသင့်တဲ့ ကိစ္စ မဟုတ်ဘူး။ အားလုံးက အသေးအမွှားက အစ အနည်းအကျဉ်း လောက်က ထထပြီး ဆူနေတာ လိုလို၊ ပူနေ သလိုလို သဘော မတူသလို လုပ်နေတာ ကိုတော့ ဘ၀င်မကျဘူး။ ဒီကိစ္စက အားလုံးကို ဇလုတ် တိုက်လို့ မဖြစ်ဘူး။ တက်ကို အမျိုးမျိုး ပြောင်းပြီး လှော်မှ ရမယ်။ အားလုံး အတူတူပဲ ညီညာဖြဖြ ဆိုတာ အဲ့ဒါ ဆိုရှယ်လစ် လှေကြီး လှော်တာပဲ။ ရေသာခိုတဲ့သူရှိ သလို ကြုံးလှော်တဲ့ သူလည်း ရှိမယ်။ သိပ် အဆင်မပြေဘူး။ ရေစီးကြမ်းရင် ကြမ်းသလို တက်တွေ ပြောင်းပြီး လှော်သင့်တယ် ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

          ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးနေစဉ် ကရင် ပြည်နယ် အတွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာ ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကိစ္စရပ်များကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)  အနေဖြင့် အမြန်ဆုံး ဖြေရှင်းသွားမည်ဟု ဦးအောင်မင်းက ပြောကြား သွားသည်။

The Messenger


ကရင် ပြည်နယ်တွင် သေနတ်သံများ ပြန်လည် ထွက်ပေါ် လာခြင်းမှာ အပြီးသတ် အပစ်အခတ် ရပ်စဲရေး အဆင့်သို့ မရောက်သေး သောကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ကော်မတီ ဗဟိုဌာန (Myanmar Peace Centre) ၏ နိုင်ငံတကာမှ

မဖြူနှင်းထွေး၏ ဆန္ဒအရ စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် အာမခံ လျှောက်ထားခြင်း မပြု

လက်ပံတောင်း ကြေးနီ စီမံကိန်းမှ တရုတ် နိုင်ငံသား နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားခြင်းနှင့် ပတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံထား ရသော အထက် မြန်မာပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို ယခုလ (၁၃) ရက်နေ့၊ နေ့လယ် အချိန်က စတုတ္ထ အကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ ရာတွင် မဖြူနှင်းထွေး၏ ရှေ့နေမှ အာမခံ လျှောက်ထားခြင်း မပြုခဲ့ကြောင်း သိရသည်။ အာမခံ မလျောက်ပါဘူး။ တရားခံရဲ့ ဆန္ဒ အရပါ။ မဖြူနှင်းထွေးရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ကလည်း အာမခံ မလျှောက်ဖို့ ပြောထားတဲ့ အတွက် သူတို့ ဆန္ဒ သဘောအရ အခုလို

တပ်များဆုတ်ခွာပေးရန် SSPP ကို အစိုးရအကြောင်းကြား

‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်နယ်မြေနှင့် ကပ်လျက်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်များ ဆုတ်ခွာပေးရန် အစိုးရဘက်က အကြောင်းကြား လာကြောင်း သတင်းရရှိသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်း တန့်ယန်းမြို့နယ်၊ မိုင်းကောင်ဒေသအတွင်းရှိ SSPP/SSA တပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို နမ့်ပန်ချောင်း အနောက်ဘက်သို့ ရုပ်သိမ်းသွားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ရေးထိုးကာ အောက်တို ဘာ ၉ ရက် ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း SSPP/SSA ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

ဆူဇူကီးခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် တီမောအသင်းတို့ ယနေ့ယှဉ်ပြိုင်မည်

Photo: ဆူဇူကီးခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် တီမောအသင်းတို့ ယနေ့ယှဉ်ပြိုင်မည်
Tuesday, October14, 2014

ဆူဇူကီးခြေစစ်ပွဲတွင် မြန်မာ့လက် ရွေးစင်အသင်း ပွဲဦးထွက်ပွဲစဉ်အ ဖြစ် တီမောအသင်းနှင့်ပွဲစဉ်ကို အောက်တိုဘာ ၁၄ရက် မြန်မာစံတော် ချိန် ညနေ၆နာရီတွင် ယှဉ်ပြိုင်က စားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို လက်ရွေးစင်ကစားသ မား (၂၁)ဦးဖြင့် ရွေးချယ် ဖွဲ့စည်း ထားပြီး မြန်မာအသင်းသည် ပွဲဦး ထွက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ရက်တွင် တီမော၊ အောက်တို ဘာ၁၆ရက်တွင် ဘရူနိုင်း၊ အောက် တိုဘာ ၁၈ရက်တွင် ကမ္ဘောဒီးယား ၊အောက်တိုဘာ၂ဝရက်တွင် လာ အိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့အပြင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ် က ဆူဇူကီးခြေစစ်ပွဲအောင်မြင် မည်ဖြစ်ကြောင်း ဗီယက်နမ်တွင် ပြု လုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲတွင် ပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောကြား ခဲ့ပြီး ဆူဇူကီးခြေစစ်ပွဲဝင်မည့် မြန် မာ့လက်ရွေးစင်အသင်း၌ ဝါရင့် လက်ရွေးစင်ကစားသမားများကို သာ ပြန်လည်ရွေးချယ်ခဲ့သော် လည်း ကျော်ဇေယျာဝင်းမှာ ဒဏ်ရာ ပြဿနာရှိနေသည့်အတွက် မကွေး အသင်းနှင့် ခြေစမ်းပွဲတွင် မပါဝင် နိုင်ခဲ့ဘဲ အပြီးသတ်လက်ရွေးစင် ရွေးချယ်ရာတွင်လည်း မပါဝင်ခဲ့ပေ။

လက်ရွေးစင်(၂၁)ဦးရွေးချယ် ရာတွင် မြန်မာအသင်းနှင့်ဒဏ်ရာ ပြဿနာကြောင့် ကိုးလကြာ ဝေး ကွာနေသည့် ကြည်လင်းပြန်လည် ပါဝင်လာပြီး ဝါရင့်ကစားသမား တစ်ဦးဖြစ်သူ ရန်ပိုင်မှာလည်း အ ပြီးသတ်လူစာရင်းတွင် ဆက်လက် ပါဝင်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိ သူက '' ကြည်လင်းနဲ့ရန်ပိုင် က ဆူဇူကီးနောက်ဆုံးအဆင့် ပွဲစဉ် တွေအတွက် ရည်မှန်းပြီးရွေးချယ် ထားတာပါ''ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် လတတိယပတ်အတွင်း အာရှဘော လုံးအဖွဲ့ချုပ် လက်အောက်ခံ အာ ရှချန်ပီယံလိဂ်ပြိုင်ပွဲကျင်းပရေး တာ ဝန်ရှိသူများ လာရောက်စစ်ဆေးသည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုး ကျော်က ကြည်လင်း၏ ဒဏ်ရာ အခြေအနေနှင့်ပတ်သက်၍ မီဒီ ယာများကို ရှင်းလင်းပြောကြားခဲ့ ပြီး ဆူဇူကီးဖလား နောက်ဆုံးအ ဆင့်တွင် ကြည်လင်း ပြန်လည်က စားနိုင်ရန်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဆူဇူကီးဖလားနောက်ဆုံးအ ဆင့် အုပ်စုပွဲစဉ်များကို မဲနှိုက်ရွေး ချယ်ထားပြီးနောက်

အုပ်စု(က)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် ခြေစစ်ပွဲဒုတိယနေရာမှ အောင် မြင်သည့်အသင်းတို့ ယှဉ်ပြိုင်က စားရမည်ဖြစ်ပြီး၊

အုပ်စု(ခ)တွင်စင် ကာပူ၊ မလေးရှား၊ ထိုင်းအသင်းနှင့် ခြေစစ်ပွဲ ပထမနေရာမှ အောင်မြင် သည့်အသင်းတို့ ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

NTL
Yangon Media Group
ဆူဇူကီးခြေစစ်ပွဲတွင် မြန်မာ့လက် ရွေးစင်အသင်း ပွဲဦးထွက်ပွဲစဉ်အ ဖြစ် တီမောအသင်းနှင့်ပွဲစဉ်ကို အောက်တိုဘာ ၁၄ရက် မြန်မာစံတော် ချိန် ညနေ၆နာရီတွင် ယှဉ်ပြိုင်က စားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို လက်ရွေးစင်ကစားသ မား (၂၁)ဦးဖြင့် ရွေးချယ် ဖွဲ့စည်း ထားပြီး မြန်မာအသင်းသည် ပွဲဦး ထွက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ရက်တွင် တီမော၊ အောက်တို ဘာ၁၆ရက်တွင် ဘရူနိုင်း၊ အောက် တိုဘာ ၁၈ရက်တွင် ကမ္ဘောဒီးယား ၊အောက်တိုဘာ၂ဝရက်တွင် လာ အိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အသက် ၁၁၄ နှစ် အရွယ်ရှိ အဖွားအိုဟာ Facebook ကို အသုံးပြုနိုင်ဖို့ အတွက် သူမရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းခဲ့ရ


ဘယ်သူပဲ ဖြစ်ဖြစ် Facebook လိုမျိုး အင်တာနက် လူမှုကွန်ယက်မှာ မိမိရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့်လို့ အသက် ၁၁၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအို Anna Stoehr ကတော့ သူအသက်ကို မလိမ်ချင်ပဲနဲ့ လိမ်ခဲ့ရတဲ့ အဖြစ်မျိုး ဖြစ်ပွားခဲ့ရပါတယ်။
အဖွားအို Anna Stoehr ဟာ အမေရိကန်နိုင်ငံရဲ့ အနောက်အလယ်ပိုင်းမှာ ရှိတဲ့ အမှတ်စဉ် ၃၂ ခုမြောက်

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် အစီအစဉ် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်

အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန် ရာထူးများကို ယခုအစိုးရသက်တမ်းအတွင်း ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲ ဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထားရန် ဝန်ကြီးဌာနများသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲသော်လည်း မူဝါဒမ ပြောင်းလဲဘဲ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော ရာထူးများဖြစ်သည့် အတွင်းဝန်၊ လက်ထောက်အတွင်းဝန်ရာထူးများကို ခန့်အပ်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းပိုင်းမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လသာမြို့နယ်တွင် ရွှေဆိုင်လုယက်မှုဖြစ်


Photo: လသာမြို့နယ်တွင် ရွှေဆိုင်လုယက်မှုဖြစ်
Tuesday, October14, 2014

ရန်ကုန်မြို့ လသာမြို့နယ်ရှိ တိုင်အုံ ရွှေဆိုင်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ ၀န်းကျင်က လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

လသာမြို့နယ် ၂၂ လမ်းအနီး မဟာဗန္ဓုလ လမ်းမပေါ်ရှိ တိုင်အုံ ရတနာရွှေဆိုင်ကို အသက် ၁၇နှစ် အရွယ် လူငယ်တဦးက ဆိုင်တွင်းရှိ ရွှေထည် ပစ္စည်းတွေကို လုယက်ခဲ့တာပါ။

ရွှေဆိုင်အတွင်းသို့ ဆယ်ကျော်သက် လူငယ် တဦးက ရွှေဝယ်ယူမယ် လို့ ဆိုတာကြောင့် ဆိုင်ဝန်ထမ်းက ရွှေထည်ပစ္စည်းများ ထုတ်ယူပြသနေချိန်မှာ အဲဒီလူငယ်က ရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးခဲ့တာပါ။

လုယူထွက်ပြေးတဲ့ လူငယ်ကို ရွှေဆိုင်အနီးမှာ ရှိနေသူတွေက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြောင်း ဖမ်းဆီးရာမှာပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရွှေဆွဲကြိုး လုယူထွက်ပြေးတဲ့ အသက် ၁၇နှစ် အရွယ် လူငယ်ကို လသာမြို့နယ် ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးနေတယ်လို့ လသာမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

DVB

ရန်ကုန်မြို့ လသာမြို့နယ်ရှိ တိုင်အုံ ရွှေဆိုင်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ ၀န်းကျင်က လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
လသာမြို့နယ် ၂၂ လမ်းအနီး မဟာဗန္ဓုလ လမ်းမပေါ်ရှိ တိုင်အုံ ရတနာရွှေဆိုင်ကို အသက် ၁၇နှစ် အရွယ် လူငယ်တဦးက ဆိုင်တွင်းရှိ ရွှေထည် ပစ္စည်းတွေကို လုယက်ခဲ့တာပါ။

လိပ်ကျွန်းလူသတ်မှု တရားမျှတရန် ထိုင်းလွှတ်တော်ကို တောင်းဆိုမည်

Photo: လိပ်ကျွန်းလူသတ်မှု တရားမျှတရန် ထိုင်းလွှတ်တော်ကို တောင်းဆိုမည်
Tuesday, October14, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ ဖမ်းဆီခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးကိစ္စ  တရားမျှတမှုရှိဖို့ ထိုင်းလွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ တင်ပြမယ့်အဆိုကို  ပြည်ထောင်စုလွှတ်တော်မှာ  အောက်တိုဘာ ၁၃ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံ ဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးခိုင်မောင်ရည်က အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ  အရေးကြီးအဆို တင်သွင်းခဲ့ပြီး ဒီအဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ယောက်ဟာ  တရားဥပဒေရဲ့ ရှေ့မှောက်မှာ မျှတသော လူသားအခွင့်အရေး ရရှိရမှာ  ဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်နေဖြင့်လည်း အဲ့ဒီအမှုကိစ္စကို အလေးထား လေ့လာနေတယ်လို့ ပြည်ထောင်စုလွှတ်တော်၊ နာယက သူရဦးရွှေမန်းက ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပက်သက်ပြီး  ပြည်ထောင်စုလွှတ်တော်မှာ ဦးခိုင်မောင်ရည်က “လူငယ်နှစ်ဦးကို တရားခံအနေနဲ့ ဖမ်းဆီးချုပ်နှောင်ပြီး အမှုစွဲဆို တင်ပြတဲ့ကိစ္စဟာ အမှုတခုရဲ့ ဖြစ်စဉ်ဖြစ်ရပ်အရ အမှုသွားအမှုလာကို ကြည့်ပြီးတော့ လူသက်သေ၊ ပစ္စည်းသက်သေ၊ အထောက်အထားအခိုင်အလုံနဲ့ အမှုတည်ဆောက်ပြီး တင်ပြဖို့ လိုသလို၊ တရားရုံးကလည်း မျှမျှတတ နှစ်ဖက်ကြားနာပြီးတော့မှ စီရင်ချက်ချရမှာဖြစ်ပါတယ်။ အဲလို ပြစ်ဒဏ်စီရင်ခြင်း မခံရမီအချိန်ထိ တရားခံမဟုတ်ဘူးဆိုတဲ့၊ တရားခံလိုဆက်ဆံလို့ မရဘူးဆိုတဲ့နိုင်ငံတကာ ထုံးတမ်းစဉ်လာလည်း ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးအနေနဲ့ ပြည်သူများအမှန်တကယ် ဆန္ဒရှိနေကြတဲ့ ဒီကိစ္စကို လွှတ်တော်တရပ်လုံးအမြင်နဲ့ ဆောင်ရွက်သင့်တယ်လို့ ကျနော်အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်” လို့ တင်ပြသွားပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့  မြန်မာနိုင်ငံသား အဝေးရောက်လုပ်သားတွေကို  နိုင်ငံအနေနဲ့ အကာအကွယ်ပေးနိုင်မှု နည်းပါးခဲ့ကြောင်း၊ အဆိုတင်သွင်းတာကတောင် နောက်ကျနေသေးကြောင်း ပြောပြပါတယ်။

“အဲဒီကိစ္စဆို တကယ်တော့ ဒီအခြေအနေထက် ပိုပြီးတော့ စောစောလေး ဖြစ်ဖို့ကောင်းတယ်။ အခုရှိတဲ့အခြေအနေမျိုးမှာ မြန်မာနိုင်ငံကနေပြီး အဝေးကို သွားအလုပ်လုပ်နေရတဲ့သူတွေက နိုင်ငံထဲကနေပြီး တကယ့်အကာ ကွယ်ပေးနိုင်မှုများ အများကြီး အားနည်းတဲ့အနေအထားမျိုးရှိတယ်။ ဒီအမှုမှာ ဆိုရင်လည်း သူတို့ အမှုတင်တယ်။ စာမျက်နှာပေါင်း ၈၅၀ လောက်တင်လိုက်ပြီးမှ ဒါကလည်း မပြည့်စုံဘူးဆိုပြီးဖြစ်တယ်။ ဘာပဲပြောပြော အမှုကို ကြားနာ စစ်ဆေးတဲ့အခါမှာ တို့နိုင်ငံသားတွေအနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ဖြစ်လာတယ်။ အဲလိုဖြစ်တာတွေကို နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့အစည်းက ပဲဖြစ်ဖြစ်၊ ဥပဒေပြုလွှတ်တော်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် တို့ရဲ့ ပုံရိပ်အားဖြင့်တော့ အကာကွယ်ပေးဖို့ လိုအပ်တယ်။”

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ ကတော့ ဒီလိုအဆိုတင်သွင်းတာဟာ လိပ်ကျွန်းအမှုကို မီဒီယာတွေကသာမက လွှတ်တော်ကပါ စောင့်ကြည့်နေတာ ဖြစ်ကြောင်းပြရာရောက်သလို တရားမျှတမှုရှိ လာနိုင်တယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ လွှတ်တော်ဥက္ကဋ္ဌကို ဒီကိစ္စကို ကျနော်တို့က စောင့်ကြည့်လျက် ရှိပါတယ်။ တရားမျှတမှုရှိစွာနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါတယ်ပေါ့၊ ဒီလိုမျိုးပို့လိုက်ရင် သူတို့အနေနဲ့ ပိုပြီး tension ဖြစ်တယ်။ လွှတ်တော်ကရော၊ အစိုးရကရော၊ မီဒီယာတွေကရော ဒီကိစ္စကို စောင့်ကြည့်နေတယ်ဆိုတာ သိစေချင်လို့။ ပိုပြီး tension ဖြစ်တယ်။ တရားမျှတပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်တာကို လိုချင်တာပေါ့။ ကျနော်တို့အားလုံးကြားတာက ဒီကလေးတွေက နှိပ်စက်ခံရတယ်။ စကားပြန်တွေကလည်း ၀ိုင်းထိုးတယ် ဘာညာဆိုတော့။”

ထိုင်းနိုင်ငံလိပ်ကျွန်းက ဗြိတိသျှစုံတွဲ အသတ်ခံရမှုနဲ့ပက်သက်ပြီး မြန်မာ အလုပ်သမား နှစ်ဦးအပေါ် စွပ်စွဲထားတဲ့အပေါ်  မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ မေးခွန်းထုတ်နေကြပြီး  ပြည်တွင်းပြည်ကက မြန်မာ အသိုင်းအ၀ိုင်းကလည်း တရားမျှတအောင်စီမံပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ လည်း ရှိပါတယ်။

လိပ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး မြန်မာ၊ ထိုင်း၊ ဗြိတိန်နိုင်ငံက တာဝန်ရှိသူတွေ ဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ ပထမဆုံးအကြိမ် သုံးဖွဲ့စုံညီ ဒီနေ့ တွေ့ဆုံကြ မှာဖြစ်ပါတယ်။

ဗြိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို သက်ဆိုင်ရာရှေ့နေများကောင်စီက လက်ခံလိုက်ပြီး တရားရုံးကို တင်တော့မယ်လို့ မနေ့က ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

DVB
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ ဖမ်းဆီခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးကိစ္စ တရားမျှတမှုရှိဖို့ ထိုင်းလွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ တင်ပြမယ့်အဆိုကို ပြည်ထောင်စု လွှတ်တော်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံ ဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပြီး ဒီအဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

သေနတ်သံများ ဆက်ကြားနေရခြင်းကိုလွှတ်တော်တွင် ဦးအောင်မင်းရှင်း

Photo: သေနတ်သံများ ဆက်ကြားနေရခြင်းကိုလွှတ်တော်တွင် ဦးအောင်မင်းရှင်း
Tuesday, October 14, 2014

အပြီးသတ်အပစ် အခတ်ရပ်စဲရေးအဆင့် မရောက် သေးသည့်အတွက် ကရင်ပြည် နယ်တွင် သေနတ်သံများ ပြန် ကြားနေရခြင်းဖြစ်ကြောင်း ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။

‘‘ကျွန်တော်တို့ အခုလုပ်ထား တာဟာ အပြီးသတ်အပစ်အခတ် ရပ်စဲရေးအဆင့်ကို မရောက်သေး တဲ့အတွက် ကရင်ပြည်နယ်မှာ သေနတ်သံတွေ ပြန်ကြားရခြင်း ဖြစ်ပါတယ်’’ဟု သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းက ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ အဓိကဆောင်ရွက် နေသော မြန်မာငြိမ်းချမ်းရေးစင် တာ (Myanmar Peace Center) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုလ ၁၃ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ၀န်ကြီးဦးအောင်မင်း လာရောက်ရှင်းလင်းရာတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကို မေးမြန်းမှုအပေါ် ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း စစ် ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်း ကြောင့် အပြစ်မဲ့ပြည်သူအများ ဒုက္ခဆင်းရဲမျိုးစုံခံစားနေရသည့် အတွက် ယင်းကိစ္စရပ်ကို MPC အနေဖြင့် မည်ကဲ့သို့ ကူညီဆောင် ရွက်ပေးမည်ဆိုသည်ကို ဘားအံ မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းစေ အွားက ၀န်ကြီး ဦးအောင်မင်းအား မေးမြန်းခဲ့သည်။ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စ တင်ဆောင်ရွက်ရာတွင် မည် သည့်လုပ်ငန်းစဉ်မှ စတင်ဆောင် ရွက်ရမည်ကို မသိရှိ၍ လေ့လာ မှုများစွာ လုပ်ဆောင်ခဲ့ရပြီး ၎င်း လုပ်ငန်းစဉ်များသည် တစ်ဆင့် ပြီးတစ်ဆင့် ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်သည့်အတွက် တစ်ဆင့်ချင်း ဆောင်ရွက်နေရ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

‘‘ဖြစ်စဉ်ကို ပြန်ကြည့်မယ် ဆိုရင် ကျွန်တော်တို့နဲ့ လက်မှတ် ထိုးထားတဲ့ ကလိုထူးဘောအဖွဲ့ က တပ်သားအချို့ဟာ ကျိုက်မ ရောမြို့ကို ၀င်လာပြီးတဲ့အခါမှာ သေနတ်တွေကို ဘေးအိမ်မှာအပ် ထားပါတယ်။ ဒီနေရာကသေနတ် ယူခွင့်မရှိတဲ့နေရာဖြစ်ပါတယ်။ အဲ ဒီနေရာမှာရှိတဲ့ သေနတ်တွေကို သိမ်းလိုက်တာကနေစပြီး ပြဿ နာတွေဖြစ်တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ပစ်မထားပါ ဘူး။  အသေးကစပြီး ပြသာဒ်မီး လောင်နိုင်တယ်ဆိုတဲ့ ကိစ္စလို့ ခံ ယူထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံးပြေငြိမ်းနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးအောင်မင်းက ပြောသည်။ ‘‘အပစ်အခတ်ရပ်စဲရေး စာချုပ် မချုပ်နိုင်သေးခင် အောက်ခြေမှာ တော့ ဒီလိုမျိုးတွေ ဖြစ်နိုင်ပါ တယ်။ ကျန်တာကတော့ ဘာမှမပြောလိုပါဘူး’’ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးညိုအုန်းမြင့်က ပြောသည်။

မြ၀တီမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦး(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
7Day Daily
အပြီးသတ်အပစ် အခတ်ရပ်စဲရေးအဆင့် မရောက် သေးသည့်အတွက် ကရင်ပြည် နယ်တွင် သေနတ် သံများ ပြန် ကြားနေရခြင်းဖြစ်ကြောင်း ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီ  ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။
‘‘ကျွန်တော်တို့ အခုလုပ်ထား တာဟာ အပြီးသတ်အပစ်အခတ် ရပ်စဲရေးအဆင့်ကို မရောက်သေး တဲ့အတွက် ကရင်ပြည်နယ်မှာ

IS အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်သည့် စာရွက်များ ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ်ပြေးဆွဲသည့် လေယာဉ်ပေါ်မှ သိမ်းဆည်းရမိ

ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ်ပြေးဆွဲသည့် KBZ လေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါလာသော နိုင်ငံခြားသားဧည့်သည် ကျန်ခဲ့သည့် IS အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်သည့် စာရွက်များ ယင်းလေယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ “မနက် ၈ နာရီလောက်က

လွတ်ငြိမ်းခွင့် ပါလာသူများကို လူဆိုးစာရင်းသွင်းပြီး သေဆုံးချိန်အထိ စောင့်ကြည့်သွားမည်

လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် အကျဉ်းထောင်မှ လွတ် မြောက်လာသူများအား ထောင် ကြွေးကျန်လူဆိုးစာရင်းသွင်းထား ပြီး သေဆုံးသည့်အချိန်အထိ ရဲ တပ်ဖွဲ့က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေး က ပြောသည်။

ခိုတောင်ကျွန်း လူသတ်မှုစုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

ခိုတောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား မှားယွင်း အရေးယူမှုမရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးတာဝန်ရှိ သူများနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ရရှိသည်။

ပြီးခဲ့သည့်ရက်က မြန်မာသံ ရုံးနှင့် ဗြိတိန်သံရုံးတို့ သီးသန့် တွေ့ဆုံခဲ့ကာ အမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံများဖြစ်ကြောင်း ထုတ်ဖော်ပြသပြီး ၁၀ ရက်အကြာတွင် နှစ်နိုင်ငံသံရုံးတာဝန်ရှိသူ များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အစိုးရတပ်ထံမှ သိမ်းဆည်းမိသည့် လက်နက်အချို့ ဒီကေဘီအေပြန်အပ်

ဒီကေဘီအေက အစိုးရတပ်ထံမှ သိမ်းဆည်းခဲ့သည့် လက်နက်အချို့ကို  ကော့ကရိတ်မြို့ အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် စကခ (၁၂) ထံသို့ ထပ်မံအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် နံနက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)က လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရ ရုံးမှ အစိုးရအရာရှိတစ်ဦးကပြောသည်။

အာရှယူ-၁၉ ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ တောင်ကိုရီးယား အုပ်စုအဆင့်မှ နှုတ်ဆက်

 အာရှယူ-၁၉ အုပ်စု (ဂ)နောက်ဆုံးပွဲစဉ်များအပြီးတွင် တရုတ်နှင့် ဂျပန်အသင်းတို့သည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီး လက်ရှိချန်ပီယံ တောင်ကိုရီးယား အသင်း အုပ်စုအဆင့်မှ ထွက်ခွာ သွားရပြီဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်က တစ်ပြိုင်နက် ကျင်းပခဲ့သည့် အုပ် စု (ဂ) နောက်ဆုံးပွဲစဉ်များတွင် ဂျပန်အသင်းက တောင်ကိုရီးယား အသင်းကို

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် အစီအစဉ် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်

အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်ရာထူးများကို ယခုအစိုးရသက်တမ်းအတွင်း ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထား ရန် ဝန်ကြီးဌာနများသို့ အ ကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို

Photo: ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို
Tuesday, October 14, 2014

အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဘန်အက်ဖလက်နှင့် အဆိုတော် ဂျနီဖာလိုပက်ဇ်တို့ သည် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အထိ စေ့စပ်ပြီး အတူနေထိုင်ခဲ့ကြသူ များဖြစ်သည်။ ဂျနီဖာလိုပက်ဇ် သည် ဘန်အက်ဖလက်နှင့်မင်္ဂလာ ပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ယင်း မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သူဖြစ်သည်။

ဂျနီဖာလိုပက်ဇ်က ရည်း စားဟောင်းဘန်အက်ဖလက် ပါဝင်သရုပ်ဆောင်ထားသည့် Gone Girl ဇာတ်ကားကြည့်နေ ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။ ဂျေလိုက ၎င်း၏ ရည်းစားဟောင်းများနှင့် ကောင်း မွန်သော ဆက်ဆံရေးရှိသည်ဟု လည်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဘန်အက်ဖလက် အဓိက ပါဝင်သရုပ်ဆောင်ထားသော Gone Girl လျှို့ဝှက်သည်းဖိုဇာတ် ကားသည် သီတင်းနှစ်ပတ်ဆက် တိုက်ကြည့်ရှုသူအများဆုံးရုပ်ရှင် ဇာတ်ကားဖြစ်နေသည်။

Ref: US Magazine 
7Day DAILY
အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။