Monday, October 20, 2014

တပ်နှစ်တပ်ကြား ပိတ်မိနေသောဒေသခံများအား အေးချမ်းစွာ ဆက်လက်နေထိုင်ကြရန်မြန်မာ့တပ်မတော် စစ်ဗျူဟာမှူး ကတိပြု

ဖားကန့် ဒေသ ကေအိုင်အေနှင့် အစိုးရစစ်တပ် ကြား ပိတ်မိနေသည့်ရွာသုံးရွာမှ ဒေသ ခံများအနေဖြင့် မိမိတို့ဒေသမှ ပြောင်း ရွှေ့စရာမလိုဘဲ အေးချမ်းစွာ နေထိုင်ကြ ရန် မြန်မာ့တပ်မတော်မှ ဖားကန့်အခြေ စိုက် စစ်ဗျူဟာမှူးက အောက်တိုဘာ ၁၇ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိ ရသည်။
နှစ်ဖက်တင်းမာမှုများကြောင့် ပိတ်မိနေသည့် အောင်ဘာလေကျေးရွာ ရှိ ဒေသခံများထံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဘာသာရေးအဖွဲ့အစည်း များ သွားရောက်အကူအညီပေးစဉ် ယခု ကဲ့သို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ပြောခြင်းဖြစ်ကြောင်း သိရသည်။
ကေအိုင်အေ အနောက်ပိုင်း တပ်မှူးတန်ဆိုင်းက ''ပြည်သူလူထုကို တော့ ကတိပေးသွားပေမယ့် တပ်ပိုင်း ဆိုင်ရာတော့ မပါ ပါဘူး။ စစ်ကြောင်း တွေ တိုးချထားတာတော့ ရှိသေးတယ်။ စစ်ကြောင်းတွေ ဝင်လာ ရင်တော့ တိုက် ပွဲက ဖြစ်မှာပဲ။ ခုလိုအခြေအနေကတော့ တည်ငြိမ်လာတယ်လို့ ပြောလို့ရပါတယ်'' ဟု ပြောသည်။

ဆက်တိုက်ကျဆင်းနေသည့် မြန်မာ့ရွှေဈေး ယခုရက်ပိုင်း အတက်ဘက်သို့ ဦးတည်


ဆက် တိုက်ကျဆင်းနေသည့် ပြည်တွင်း ရွှေဈေးနှုန်းများ ယခုအောက်တိုဘာ တတိယပတ်အတွင်း အတက်ဘက် သို့ ပြန်လည်ဦးတည်လာကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်များထံမှ သိရ သည်။
အောက်တိုဘာ ဒုတိယပတ် အတွင်း ပြည်တွင်းရွှေတစ်ကျပ်သား လျှင် ကျပ် ၆၅၂ဝဝဝ မှ အောက်တို ဘာ ၁၉ ရက်တွင် ရွှေတစ်ကျပ်သား လျှင် ကျပ် ၆၅၈ဝဝဝ သို့ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။

မြန်မာ U-19 အသင်းနှင့် ကာတာ U-19 အသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ် MRTV မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာလ (၉)ရက်မှ (၂၃)ရက်နေ့ ထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်

ရင်သွေးငယ်သေဆုံးမှု ဥပဒေအတိုင်းဆောင်ရွက်မည်ဟု ကလေးမိခင် မနွေးဝါဝါလတ်ပြောကြား

ဝိတိုရိယဆေးရုံကြီး ၏ဝန်ဆောင်မှုအားနည်းခြင်းနှင့် ဆရာဝန်တစ်ဦး ၏ပေါ့ဆမှုကြောင့် ရင်သွေးငယ်တစ်ဦး၏အသက် ဆုံးရှုံးခဲ့ရမှုနှင့်ပတ်သက်၍ ဥပဒေအတိုင်းဆက် လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းသေဆုံး သွားသည့်ကလေးငယ်၏မိခင်ဖြစ်သူ မနွေးဝါဝါ လတ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက် တိုဘာ ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနထံ တိုင်ကြားထားပြီး အောက်တိုဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံဆေးကောင်စီထံလည်း တိုင်ကြားထား ကြောင်း သိရသည်။

ပျောက်ဆုံး တောင်တက်သမား (၂) ဦးအား အမေရိကန် တောင်တက် အဖွဲ့မှ တောင်ထိပ် အထိ တက်ရောက် ရှာဖွေမည်

ပျောက်ဆုံး နေသော ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအား ရှာဖွေပေးရန် ထူး ဖောင်ဒေးရှင်းမှ ကမ်းလှမ်းထားသော အမေရိကန် တောင်တက် အဖွဲ့မှ ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ရောက် ရှာဖွေ သွားမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း မီဒီယာ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက် က The Messenger Media သို့ပြောသည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်း အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်မည်

Photo: ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်း အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပေါင်းစည်းပြီး ကော်သူးလေတပ်မတော် (Kawthoolei Armed Forces– KAF) ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ် ဆုံဆည်းမြိုင်တွင် ပြုလုပ်မည် ဖြစ်ကြောင်း DKBA ဗိုလ်ကြီး စောစိုးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကော်သူးလေတပ်မတော် အဖြစ် ပေါင်းစည်းထားသော KNU/KNLA-PC၊ KNDO၊ DKBA၊ KNLA အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့က နိုင်ငံရေးလုပ်ဖို့ ပေါင်းစည်းတာ မဟုတ်ပါဘူး။ ကရင့်အမျိုးသားရေးကို အဓိကထားပြီး လုပ်သွားမှာပါ။ အဲဒါကို တရားဝင် အခမ်းအနားနဲ့ ကျွန်တော်တို့ ဘယ်လိုရပ်တည်မလဲ ဆိုတာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပါမယ်” ဟု KNU/KNLA ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီက ဆိုသည်။

ထို့အပြင် အဆိုပါ အခမ်အနားသို့ ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း DKBA ထံမှ သိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့ ပြန်လည်ပေါင်း စည်းပြီး ကော်သူးလေတပ်မတော် အဖြစ် ဆက်လက်တိုက်ပွဲဝင်မည်ဟု ဆိုကာ ယင်းလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်အချို့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယင်းသို့ ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သက်ဆိုင်ခြင်း မရှိကြောင်း KNU က အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၁၉၉၄ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အခြေစိုက် မာနယ်ပလော ဒေသကို တပ်မတော်အစိုးရက ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စသဖြင့် KNU အဖွဲ့မှ အဖွဲ့အသီးသီး ခွဲထွက်ခဲ့ကြသည်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပေါင်းစည်းပြီး ကော်သူးလေ တပ်မတော် (Kawthoolei Armed Forces– KAF) ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ် ဆုံဆည်းမြိုင်တွင် ပြုလုပ်မည် ဖြစ်ကြောင်း DKBA ဗိုလ်ကြီး စောစိုးမြင့်က The Voice သို့ ပြောကြားသည်။
အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကော်သူးလေတပ်မတော် အဖြစ် ပေါင်းစည်းထားသော KNU/KNLA-PC၊ KNDO၊ DKBA၊ KNLA အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသည့် ဒီပလိုမာသင်တန်းများ အားလုံး ရပ်ဆိုင်းရဖွယ်ရှိနေ

ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ (HRD) ဒီပလိုမာသင်တန်းများဖွင့် လှစ်မှုကို လာမည့်နှစ်မှ စတင်ကာ ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း ရန်ကုန် တက္ကသိုလ်မှ စုံစမ်းသိရသည်။

အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းများမှရရှိလာသော ငွေကြေး များအနက် ၇၅ရာခိုင်နှုန်းကို နိုင်ငံ တော်သို့ပေးသွင်းရပြီး ၁ဝရာခိုင်နှုန်း ကို သင်ကြားရေးဆရာ၊ ဆရာမများ အား အချိုးကျခွဲဝေပေးရပြီး ကျန် ၁၅ရာခိုင်နှုန်းကို ကျောင်းရန်ပုံငွေအ ဖြစ် ထားရှိခဲ့ရကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်က MFF ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ ပြစ်ဒဏ်ချ

မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများအနက် ပွဲစဉ် (၁) ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်သုံးစွဲခ နှုန်းထားများကို Package အလိုက်ကောက်ခံရန် စီစဉ်နေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အင်တာနက်အသုံးပြုခနှုန်းထား များကို မိနစ်ဖြင့် ကောက်ခံခြင်းအ ပြင် Package များဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် မိုဘိုင်း ဖုန်းဖြင့် အင်တာနက်အသုံးပြုခများ ကို သုံးစွဲသူများအနေဖြင့် ရွေးချယ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ Package အလိုက် မကြာမီခွဲခြားကောက် ခံနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ပျောက်ဆုံး မိန်းကလေးငယ် (၄) ဦး တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေမည်

တိုက်ကြီး မြို့နယ် ကတန်စိန်ဒသနှင့် ဥက္ကံမြို့နယ် အတွင်း ပျောက်ဆုံးနေသော မိန်းကလေးငယ် လေးဦးအား ရန်ကုန်ရှိ တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေ သွားမည်ဟု တိုက်ကြီးမြို့နယ် တ.စ.ည ပါတီ (ဗဟို ကော်မတီဝင်) ဥက္ကဋ္ဌ ဦးမြင့်သိန်းက The Messenger Media သို့ ပြောသည်။

လျှပ်စစ်ကြောင့် ထိခိုက်နစ်နာမှုများကို ထိုက်တန်သော လျော်ကြေးများ ပေးမည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးပြော

လျှပ်စစ်ဓာတ်အား ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဓာတ်အား ရောင်းချခြင်းမှရရှိသည့် ဝင်ငွေ တိုးတက်လာမှု ပေါ်မူတည်၍ ထိုက်တန်သော လျော်ကြေးများပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''ဓာတ်အားသုံးစွဲသူတွေရဲ့ ထိခိုက်မှု တွေကို ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ လူမှုဖူလုံ ရေး ရန်ပုံငွေမှ လည်းကောင်း ဓာတ်အားဖြန့်ဖြူး ရောင်းချခြင်းမှ ရရှိသည့် ဝင်ငွေတိုးတက်လာမှု အခြေအနေအရ လည်းကောင်း လုံလောက်ထိုက် တန်တဲ့လျော်ကြေးတွေ ပေးအပ်သွားမှာပါ''ဟု လျှပ် စစ်စွမ်းအားဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဦးမော် သာထွေးက အောက်တိုဘာ ၁၆ရက်တွင် ပြုလုပ် သော အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင်ပရိသတ် ကွင်းလုံးပြည့်အားပေးမှုက ကာတာအသင်းအတွက် ဖိအားရှိနေဟုဆို

အကြိုဗိုလ်လုပွဲအဆင့် တွင် အိမ်ရှင်မြန်မာအသင်းနှင့် တွေ့ဆုံနေသည့်အတွက် ပိုမိုခက် ခဲမည်ဖြစ်ပြီး ပရိသတ်များ၏ ကွင်းလုံးပြည့်အားပေးမှုကလည်း ဖိအားအနည်းငယ်ရှိကြောင်း ကာ တာယူ-၁၉ အသင်းနည်းပြ Felix Sanchez က ပြောသည်။

‘‘မြန်မာအသင်းက အသင်း လိုက်ကစားပုံနဲ့ စိတ်ဓာတ် ကောင်းတဲ့ အသင်းပါ။ အကြို ဗိုလ်လုပွဲစဉ်မှာ အိမ်ရှင်အသင်းနဲ့ ဆုံရတဲ့အတွက် ပိုခက်ခဲမှာပါ။ ကွင်းလုံးပြည့်လာရောက်အား ပေးတဲ့ ပရိသတ်တွေ ကလည်း စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ကျွန် တော့်အသင်းအတွက် ဖိအားရှိပါ တယ်။ ဒါပေမဲ့ ဒီလိုအတွေ့ အကြုံတွေရှိထားတဲ့အတွက် ပြင် ဆင်ထားပြီးဖြစ်ပါတယ်’’ဟု ကာ တာအသင်းနည်းပြက ဆိုသည်။

ဦးသိန်းစိန် အစိုးရ လက်ထက် တိုင်းရင်းသားတို့နှင့် နိုင်ငံရေးမဆွေးနွေးနိုင်ဟု အမတ်တို့ ပြော

ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်မည်မဟုတ်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC)နှင့် နှစ်ရက်တာတွေ့ဆုံအပြီး အောက်တိုဘာ ၁၉ ရက်တွင် အမတ်အချို့က ပြောသည်။ နေပြည်တော်ရှိ မက်(စ်) ဟိုတယ်တွင်အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့၌ ဆွေးနွေးအပြီး ယင်းသို့ သုံးသပ်ကြခြင်း ဖြစ်သည်။

အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ မှသာ ဖြစ်လာနိုင်ဟု MPC ပြော

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ၂၀၁၆ မှသာ ဖြစ်လာနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)နှင့် လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံပွဲအတွင်း MPC ဘက်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လွှတ်တော်ကိုယ်စား လှယ်များ လက်ရှိထက် ပိုပါဝင်နိုင်ရေး ကဏ္ဍတစ်ခုဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။

လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှု အတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။

ဦးပိန်တံတားအနီး တောင်မင်းကြီးဘုရားရှိ အလှူခံသေတ္တာဖောက်ထွင်းခံရ

အမရပူရမြို့နယ်၊ ဦးပိန်တံတား အနောက်ထိပ် တောင်မင်းကြီးဘုရားရှိ အလှူခံ သေတ္တာပုံးတစ်ပုံး စနေနေ့တွင် ဖောက်ထွင်းခံခဲ့ရကြောင်း သ တင်းရရှိသည်။

အောက်တိုဘာ ၁၈ ရက် နံနက် ၃ နာရီက တောင်မင်းကြီး ဘုရား၏ အနောက်ဘက်တံခါး ဖျက်ကာ လူတစ်ဦးဝင်ရောက်ခဲ့ ပြီး အလှူခံသေတ္တာပုံးမှန်ခွဲ၍ ပိုက်ဆံများကို ပုဆိုးဖြင့် ထုပ်ကာ ယူဆောင်သွားခဲ့သည်ကို စီစီ တီဗီမှတ်တမ်းများတွင် တွေ့ ရှိရကြောင်း တောင်မင်းကြီးဘုရား မှ ဂေါပကအဖွဲ့က ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်

 လက်ရှိ အစိုးရသက် တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော် လည်း ပြည်ထောင်စုဝန်ကြီး အချို့ မကြာမီ အပြောင်းအလဲပြု လုပ်ရန်ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်ကောင်စီဝင်ရာထူးယူထား သော ၀န်ကြီးဦးစိုးမောင်သည် ကျန်းမာရေးမကောင်းသဖြင့် ရုံး မတက်နိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်၍ အဆိုပါရာထူးနေရာ အပြောင်းအလဲ ဖြစ်လာနိုင် ကြောင်း သတင်းရရှိသည်။

မကွေးဆေးကျောင်းသားများ မကြာခဏ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးပေးရန် အာဏာပိုင်များထံတောင်းဆို

 မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်မှု မကြာခဏဖြစ်ပေါ် နေခြင်းကြောင့် ကျောင်းသားများ ၏ လုံခြုံရေးကို အာမခံချက် အပြည့်အဝပေးရန် ဆေးတက္က သိုလ်ကျောင်းသားများက တက္က သိုလ်နှင့် အစိုးရအာဏာပိုင်များ ထံ တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ညက မကွေးမြို့ လူ စည်ကားရာ လမ်းမပေါ်၌ ဆေး တက္ကသိုလ်ကျောင်းသားနှစ်ဦး ထပ်မံ တိုက်ခိုက်ခံရပြီးနောက် ကျောင်းသားများက ယခုကဲ့သို့ တောင်းဆို ခဲ့ခြင်းဖြစ် သည်။

AFC စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ပြစ်ဒဏ်ချမှတ်မှု ကို ခံယူရတော့မည့် မြန်မာ

မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမူ များကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀၀ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ များမှ ပွဲစဉ်(၁)ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ကြောင်း MFF မှထုတ်ပြန်အတည်ပြုပြောကြားခဲ့သည်။ 

ဂျာနယ်လစ်များအား တရားစွဲထောင်ချနေခြင်းကို ရှုံ့ချကြောင်းနှင့် Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားများကို ပြန်လွတ်ပေးရန် CPJ သတင်းထုတ်ပြန်

Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူဦးကျော်မင်းခိုင်နှင့် တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင် အပါအဝင် စုစုပေါင်းငါးဦးအား တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြင်းထန်သည့်စီရင်ချက် ချခဲ့သည့်အပေါ် CPJ (Committee to Protect Journalists) မှ ပြင်းထန်စွာရှုံချလိုက်ကြောင်းနှင့် အဆိုပါ ဖမ်းဆီးထောင်ချခံ သတင်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

PR စနစ်အား ကျင့်သုံးမည်ကို အလိုမရှိကြောင်း လှိုင်သာယာမြို့နယ်မှ ပြည်သူ ၃၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်

Photo: PR စနစ်အား ကျင့်သုံးမည်ကို အလိုမရှိကြောင်း လှိုင်သာယာမြို့နယ်မှ ပြည်သူ ၃၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်
Monday, October 20, 2014
အောင်ကျော်ထက်

လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံးရန် လက်မခံကြောင်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် (၂ဝ) ရပ်ကွက်အနီးရှိ (၈၆) ဂိတ်ဟောင်းမှ ဆရာစံလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်းမကြီးမှတစ်ဆင့် အောင်မြေသာယာ ဘောလုံးကွင်းအထိ ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြရာတွင် “တရားမျှတမှု ရရှိရေး၊ အာဏာရှင်အဟောင်းအသစ် အလိုမရှိ၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ PR စနစ် အလိုမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သောဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းပေးရေး” စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက “ပြည်သူတွေမလိုလားတဲ့ စနစ်ဆိုရင် အစိုးရအနေနဲ့ ဖျက်သိမ်းပေးရမှာပါ။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပြိုကွဲသွားနိုင်တယ်။ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ကန့်ကွက်တယ်” ဟု ဆန္ဒပြနေစဉ်အတွင်း ပြောကြားခဲ့သည်။

လာမည့် အောက်တိုဘာ ၂၆ ရက်တွင်လည်း PR စနစ်ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးက ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံခဲ့၍ အချိုးကျကိုယ်စားပြုစနစ် (PR) ကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စာလှယ်များကလည်း လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်တွင် ပထမဦးဆုံး ကန့်ကွက်ဆန္ဒပြခဲ့သည်။ ထို့ပြင် မြို့တော်ခန်းမရှေ့နှင့် ပုဇွန်တောင်မြို့နယ်တို့တွင်လည်း PR စနစ်အား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

PR စနစ်တွင် ပါတီကိုသာ မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသော စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက် နှစ်သက်ရာဦးစားပေး ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသောစနစ် စသည့်လေးမျိုးရှိသည်ဟု သိရသည်။

PR စနစ်ကို သဘောမတူသည့် ပြည်သူများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
Eleven Media Group
လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံးရန် လက်မခံကြောင်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် (၂ဝ) ရပ်ကွက်အနီးရှိ (၈၆) ဂိတ်ဟောင်းမှ ဆရာစံလမ်း၊ ဗိုလ်အောင်ကျော် လမ်း၊ ညောင်တုန်းလမ်းမကြီးမှတစ်ဆင့် အောင်မြေ သာယာ ဘောလုံးကွင်းအထိ ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။