Tuesday, October 28, 2014

ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။

တိုင်းရင်းသားများ အခွင့်အရေးအပြည့်အ၀ရရှိရေး ကူညီမည်ဟု မြစ်ကြီးနားမြို့ရောက် ကန်သံအမတ်ပြောကြား

ကချင်ပြည်နယ် အခြေအနေများကို လေ့လာနိုင်ရန် တတိယ အကြိမ်အဖြစ် လာရောက်သော အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်က အမေရိကန် အစိုးရအနေဖြင့် ဖိအားပေးသည့် သဘောဖြင့်ပါဝင်သွားမည်မဟုတ်ဘဲ ဒီမိုကရေစီနည်းလမ်းတကျဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေး အပြည့်အ၀ရရန် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း မြစ်ကြီးနားမြို့တွင် သံအမတ်နှင့် တွေ့ဆုံခဲ့သော အသင်းအဖွဲ့များထံမှ သိရသည်။

သင်းအုပ်ဆရာများကို နိုင်ငံရေးလက်နက်အဖြစ် KIA အဖွဲ့ အသုံးချနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၂)ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ၀တ်ပြုဆုတောင်းရန် တက်ရောက်လာသော ဒေသခံများအား အောက်တိုဘာ ၂၆ ရက်နေ့တွင် သင်းအုပ် ဆရာမှ ၀ါဒဖြန့်ချိရေးစကားများ ဟောပြောစည်းရုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဝတ်ပြုဆုတောင်းပွဲသို့ ဖားကန့်မြို့ပေါ်နှင့် ဆိပ်မူကျေးရွာများမှ သင်းအုပ်/သင်းထောက် ဆရာများ၊ ခရစ်ယာန်နှစ်ခြင်းအသင်းဝင်များ စုစုပေါင်းအင်အား ၁၅၈ ဦးခန့်ဖြင့် နံနက် ၁၀ နာရီမှ ၁၀ နာရီခွဲချိန်ထိ ၀တ်ပြု ဆုတောင်းခဲ့ပြီးနောက် သင်းအုပ်ဆရာ ဦးရှောလမုန်မှ ဘာသာရေးနှင့် မသက်ဆိုင်သော စကားများပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ

Photo: ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ
Tuesday, October 28, 2014

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။ 

အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။ 

 “တနင်္ဂနွေနေ့ ညနေ ကိုပါကြီးကိစ္စဆန္ဒပြပွဲနဲ့ပတ်သက်လို့ ကျနော့်ကို အမှုဖွင့်ထားတယ်လို့ မိတ်ဆွေ သတင်းသမား တချို့က အကြောင်းကြားလာလို့ ကျောက်တံတားရဲစခန်းမှုး ဦးတင်လှ 09250636902 ကိုဖုန်းဆက်မေးခဲ့ပါတယ်။ သူက ဟုတ်မှန်ကြောင်းပြောဆိုတဲ့အတွက် ကျနော်က တရားဝင်စာနဲ့ လာရောက်ကြောင်းကြားဖို့ ပြောတဲ့အခါ 09253255730 မြို့နယ်မှူး စခန်းဖုန်းနံပါတ်ကို မေးမြန်း ပါလို့ လွှဲပေးပါတယ်။ အဲ့ဒီဖုန်းနံပါတ်က ခုထိဆက်သွယ်လို့ မရပါဘူး” လို့ ကိုမိုဃ်းသွေးက ရေးပါတယ်။ 

သူဆက်ရေးချက်အရ ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မြို့တော်ခမ်းမရှေ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီး မိုဃ်းသွေး နဲ့အပေါင်းအများကို ပုဒ်မ (၁၈)နဲ့ အမှုအမှတ်(ပ)၃၄၃/၂၀၁၄ နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ 

ဒါဆို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ရဲရဲတောက်မိန့်ခွန်းပြောခဲ့သူ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင် တို့ကို လည်း အမှုဖွင့်ထားတယ်ဆိုတဲ့သဘောပါ။ 

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ကို အမှုဖွင့်ထားမှု ရှိ၊ မရှိ အခုထိ အတိအကျ မသိရသေးပါဘူး။ 

 ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။

အိမ်ခြံမြေငှားရမ်းခ တစ်လလျှင် ကျပ်နှစ်သိန်းအထက် ရရှိသူများကိုသာ သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ကောက်ခံသွားမည်

အိမ် ခြံမြေရောင်းဝယ်ငှားအခွန်ကောက် ခံမှုတွင် တစ်လလျှင် ငှားရမ်းခကျပ် နှစ်သိန်း အထက်ရရှိသူများ ကိုသာ သတ်မှတ်ထားသည့်အခွန်နှုန်းထား အတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ် ပြန်ထားသည်။

သို့ဖြစ်ရာ အိမ်ခြံမြေငှားရမ်းခ တစ်လလျှင် ကျပ်နှစ်သိန်းရရှိသူများ က အခွန်ပေးဆောင်ရန်မလိုကြောင်း သိရသည်။

တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များ ပစ္စည်းပြတ်လပ်၍ အမြတ်တင် ရောင်းချဟုဆို

Photo: တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များ ပစ္စည်းပြတ်လပ်၍ အမြတ်တင် ရောင်းချဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

တယ်လီနော ဆင်းမ်ကတ်များ ရန်ကုန်မြို့တော်တွင် စတင်ရောင်းချပြီး တစ်ရက်ကြာချိန်တွင် ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော်တွင် ဆင်းမ်ကတ်တစ်သန်း စတင်ရောင်းချမည်ဟု ကြေညာထားသော်လည်း အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဆင်းမ်ကတ်များကို ပထမရက် (အောက်တိုဘာ ၂၆) တွင်သာ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချပြီး နောက်တစ်ရက် (အောက်တိုဘာ ၂၇) တွင် ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်တင် ရောင်းလျက်ရှိကြောင်း ယင်းဆိုင်များထံမှ သိရသည်။  

အရောင်းဆိုင်များသို့ ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် အရေအတွက်ကို ၎င်းတို့ လိုချင်သလောက် ချပေးမည် မဟုတ်ဟု တယ်လီနော အမှုဆောင်အရာရှိချုပ် Mr Peter Furberg က ပြောကြားထားသည်။ 

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဆင်းမ်ကတ်ဝယ်ယူလျှင် ငွေဖြည့်ကတ် ငါးထောင်ကျပ်တန်နှင့် အထက်အပြင် ဆင်းမ်ကတ်ဈေးနှုန်းမှာလည်း နှစ်ထောင်ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အနော်ရထာလမ်းရှိ တယ်လီနော အရောင်းဆိုင်တွင် ဆင်းမ်ကတ်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းခဲ့သော ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
“တခြားဆိုင်တွေက တစ်ကတ် ဝယ်မယ်ဆိုရင် တစ်သောင်းနီးပါး ပေးရမယ်။ အဲဒီအတွက် ဒီမှာပဲ တန်းစီပြီး ဝယ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

ဈေးတင်ရောင်းချနေသော ဆိုင်များကို ဆိုင်နာမည်ကိုမှတ်ပြီး တယ်လီနော၏ Hot Line ဖုန်းနံပါတ် ၉၇၉ သို့ ဝယ်ယူသူများက တိုက်ရိုက်တိုင်ကြားနိုင်ပြီး တယ်လီနောကလည်း အရောင်းဆိုင်များ ဈေးတင်ရောင်းချမှု ရှိမရှိ လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။
တယ်လီနော ဆင်းမ်ကတ်များ ရန်ကုန်မြို့တော်တွင် စတင်ရောင်းချပြီး တစ်ရက်ကြာချိန်တွင် ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံရေးအာရုံလွှဲမှု သတိပြုရန်လိုဟု ဒေါ်စုပြော

Photo: နိုင်ငံရေးအာရုံလွှဲမှု သတိပြုရန်လိုဟု ဒေါ်စုပြော 
Tuesday, October 28, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးများ အရေးကြီးချိန်တွင် အာရုံလွှဲမည့် ကိစ္စများကို သတိထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စဖြစ်ပါတယ်၊ အာရုံလွှဲ မယ့်ကိစ္စတွေကို သတိထားကြပါ၊ သတိထားပါ” ဟု ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် ပုဇွန်တောင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့မှ ပါတီဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတင်ပြီး ငါးရက် အကြာ၊ မြန်မာနိုင်ငံနှင့်

ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်အကြောင်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်

၎င်းက “အများပြည်သူ နားလည်အောင် ရှင်းပြပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်မှာ အခြေတည်ပါတယ်” ဟု ၎င်း၏ပါတီဝင်များအားလည်း တိုက်တွန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒကောက်ယူရာ လက်မှတ်ပေါင်း ငါးသန်း ခန့်ရရှိ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင် ဆင်ရေးအတွက် ကျွန်မတို့လုပ်လိုက်တဲ့ လှုပ်ရှားမှု အင်မတန်မှ အောင်မြင်တယ်။ တခြား ဒီမိုကရေစီ နိုင်ငံတွေကတောင် အံ့သြနေကြတယ်” ဟု ပြောသည်။

ထို့ပြင် ဒီမိုကရေစီစစ်မှန်စေရန်မှာ ရွေးကောက်ပွဲစနစ် စစ်မှန်ရန်လိုအပ်ပြီး စစ်မှန်သည့် ရွေးကောက်ပွဲဆိုသည်မှာ ပါဝင်သင့်သူ အားလုံး ပါဝင်ရမည်။ ပွင့်လင်းရမည်။ လွတ်လပ်ရမည်။ တရားမျှတရမည် ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ဒီလိုရွေးကောက်ပွဲများဖြစ်မှ သာလျှင် ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးချယ်မှုမျိုးကို ကျွန်မတို့က ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူများသည် ၎င်းတို့လိုချင်သည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်သည့် အခွင့်အရေးမရှိပါက ဒီမိုက ရေစီစနစ်သည် ပြည့်စုံသည်ဟု မဆိုနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေးကြီးသကဲ့သို့ ရွေးကောက် စနစ်မှန်ရန်လည်း အရေးကြီးသည်ဟု ဖြည့်စွက်ပြောသည်။

၎င်းက “ရွေးကောက်ပွဲစနစ် ရွေးချယ်တဲ့နေရာမှာ ပြည်သူကပါဝင်ရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူပဲ။ ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ ပြည်သူရဲ့ဆန္ဒ ရှင်းရှင်းမပါဘဲနဲ့ ကျွန်မတို့ဟာ ရွေးကောက်ပွဲစနစ် ပြောင်းလဲမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟု ပြောကြားခဲ့သည်။

Mizzima
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးများ အရေးကြီးချိန်တွင် အာရုံလွှဲမည့် ကိစ္စများကို သတိထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စဖြစ်ပါတယ်၊ အာရုံလွှဲ မယ့်ကိစ္စတွေကို သတိ

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း လွှတ်တော်ကို တောင်းပန်

လွှတ်တော်က ချေးယူခြင်းမပြုရန် ကန့်ကွက်ထားသည့် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ထပ်မံထည့်သွင်း တောင်းခံမိသောကြောင့် လွှတ်တော်သို့ တောင်းပန်ကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

လက်နက်ကိုင်ဖြေရှင်းခြင်းကို ရပ်ဆိုင်းပေးရန် တပ်မတော်သို့ UWSA တောင်းဆို

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအားလုံး အပေါ် တပ်မတော်က လက်နက် ဖြင့်ဖြေရှင်းခြင်းကို ရပ်ဆိုင်းပေး ရန်အပါအဝင် အချက်သုံးချက် အား ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSA)က တောင်းဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဝပြည်သွေးစည်းညီညွတ် ပါတီခေါင်းဆောင်များနှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌဦးသိန်းဇော်ဦးဆောင်သော အဖွဲ့တို့သည် အောက်တိုဘာ ၂၂ ရက်တွင် ပန်ဆန်းဒေသ၌တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု ရဲ့ ပြည်နယ် ၆ ခု မှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို တိုးကာ တရားဝင်ခွင့်ပြု

Photo: အမေရိကန်ပြည်ထောင်စု ရဲ့ ပြည်နယ် ၆ ခု မှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို တိုးကာ တရားဝင်ခွင့်ပြု
Tuesday, October 28, 2014

အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ် အစိုးရဟာ သဘောထားကြီးမားတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာဖို့အတွက် ပြည်နယ် ၆ခုမှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို ထပ်မံ၍ တရားဝင်ခွင့်ပြုလိုက်ပြီး လိုအပ်မယ့် ခြေလှမ်းတွေကို စတင်လိုက်ပါပြီ။

ပြောရင်းဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် Eric Holder က စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ Alska ပြည်နယ် ၊ Arizona ပြည်နယ် ၊ Idaho ပြည်နယ် ၊ North Carolina ပြည်နယ် ၊ West Virinia ပြည်နယ် နဲ့ Wyoming ပြည်နယ်တို့မှာ အမျိုးသားချင်း လိင်တူလက်ထပ်ခြင်း(Gay Marriage) ကို တရားဝင်ခွင့်ပြုကြောင်း ပါဝင်လာပါတယ်။ ဒါ့အပြင် လက်ထပ်ပြီးကာစ လိင်တူတွေအတွက် “လူမှု လုံခြုံရေး” လိုမျိုး အကျိုးကျေးဇူးတွေလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ ယခု လအစောပိုင်းက ထွက်ရှိထားတဲ့ သတင်းတစ်ခုရဲ့နောက်ဆက်တွဲ သတင်းပါ။ ယခုလ အစောပိုင်းကလည်း Supreme တရားရုံးက ပြည်နယ် ၅ မြို့နယ်ရဲ့ လိင်တူ လက်ထပ်ခြင်းကို ဆက်လက် တားမြစ်ဖို့ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့ပါတယ်။ အခုဆိုရင် အမေရိကန် ပြည်ထောင်စုမှာ အမျိုးသားချင်း လိင်တူလက်ထပ်ခြင်း (Gay Marriage) ကို ကိုလံဘီယာ နိုင်ငံနယ်စပ် အပါအ၀င် တရားဝင် ခွင့်ပြုထားတဲ့ ပြည်နယ် ၃၂ မြို့နယ် ရှိနေပါပြီ။

Credit to ပြည်မြန်မာ
အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ် အစိုးရဟာ သဘောထား ကြီးမားတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာဖို့အတွက် ပြည်နယ် ၆ခုမှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို ထပ်မံ၍ တရားဝင်ခွင့်ပြုလိုက်ပြီး လိုအပ်မယ့် ခြေလှမ်းတွေကို စတင်လိုက်ပါပြီ။

UNESCO ပါဝင်ပတ်သက်ဖို့ လိုပြီ

ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးအနေဖြင့် ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုတွင် အာဏာပိုင်များကို တရားဝင် မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ပေးရေး ပါဝင်တိုက်တွန်းပေးရန် လိုသည်ဟု ယုံကြည်သည်။
မြန်မာနိုင်ငံတွင် ရုံးဖွင့်ထားသော UNESCO မှ အရာရှိများ အနေဖြင့် နေပြည်တော်မှ အာဏာပိုင်များကို ဆက်သွယ်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် တိုက်တွန်း ပြောကြားရန် လိုသကဲ့သို့ ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ မိသားစုအား လိုအပ်သော အကူအညီများ၊ တရားဥပဒေဘောင်အတွင်းမှ ဆောင်ရွက်စရာ ရှိသည်များ၊ အကာအကွယ်ပေးရမည့် ကိစ္စများကို အမြန် စတင်ဆောင်ရွက်သင့်သည်။

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ

Photo: ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ
Tuesday, October 28, 2014

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီအစီရင်ခံစာကို နိုင်ဂျီးရီးယားနိုင်ငံတလွှားက အဓမ္မခေါ်ဆောင်ခံရတဲ့ သက်သေတွေနဲ့ ဓားစာခံ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်းချက်တွေအပေါ် အခြေခံတင်ပြထားပါတယ်။

ဘိုကိုဟာရမ်တွေဟာ ၂၀၀၉ ခုနှစ်ကတည်းက ခုထိ အမျိုးသမီးနဲ့ မိန်းကလေး အယောက် ၅၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီးပြီလို့ အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ ဓားစာခံတွေကို အစ္စလာမ်ဘာသာ မပြောင်းရင်၊ ကျောင်းတက် တာကို မရပ်ရင်၊ ဟိဂျဗ်လို့ခေါ်တဲ့ ခေါင်းမြီးခြုံအဝတ်ကိုမဝတ်ရင် သူတို့ကို ကျာပွတ်နဲ့ ရိုက်နှက် သတ်ဖြတ်ခံရမယ်လို့ ခြိမ်းခြောက်လေ့ရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေကပေးတဲ့ သတင်းအတိုင်း လှုပ်ရှားမယ်ဆိုရင် ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုတချို့ကို လုံခြုံရေးတပ်တွေက တားဆီးနိုင်မယ်လို့လည်း မျက်မြင်သက်သေတွေ ကပြောကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆင်းရဲမွဲတေတဲ့ အရှေ့မြောက်ပိုင်းမှာ ဘာသာရေးဆရာအုပ်ချုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေး ၅ နှစ်တာ သူပုန်ထမှုအတွင်း လူအယောက်ထောင်ချီ သတ်ဖြတ်ခဲ့ပြီးပါပြီ။

DVB
နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

မနေ့ကကျင်းပပြီးစီးသွားတဲ့ KNU ဗဟိုအလုပ်အမူဆောင်အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း မြဝတီမြို့ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က RFA ကိုပြောပါတယ်။

တရုတ်အစိုးရက စစ်ရေးအသုံးစရိတ်များကို အနီးကပ်စောင့်ကြည့်သွားမည်

China
ဘဏ္ဍာငွေသုံးစွဲမှုကို တင်းကြပ်စွာစောင့်ကြည့် ထိန်းချုပ်ခြင်းဖြင့် စစ်အသုံးစရိတ်များ အကျိုးရှိရှိသုံးစွဲမှုကို မြှင့်တင်ရန် တရုတ်အစိုးရ ရည်ရွယ်ထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အောက်တိုဘာ၂၆ ရက်တွင် ဖော်ပြခဲ့သည်။၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြည့်အ၀လုပ်ဆောင်သွားမည့် ရလဒ်အခြေခံ စီမံခန့်ခွဲမှုစနစ်

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုအတွက် မန္တလေးတွင်ဆန္ဒထုတ်ဖော်

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးသေဆုံးမှု အတွက် မန္တလေးတွင် အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီအချိန်၌ ၈၀ လမ်းနှင့် ၂၆ လမ်းထောင့် (မန္တလေး နန်းမြို့ရိုးထောင့်)တွင် ဖယောင်းတိုင်ထွန်း ဆန္ဒပြတောင်းဆို ခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံးကို ပြန်လည်အသက်သွင်းချင်နေကြသလား

Photo: ရှစ်လေးလုံးကို ပြန်လည်အသက်သွင်းချင်နေကြသလား
Tuesday, October 28, 2014

မနေ့ညနေက ရုံးဆင်းပြီး အိမ်အပြန်ပေါ့။ သားအချစ်မြေးအနှစ် ဆိုတဲ့စကားလို ညနေရုံးဆင်းချိန် အိမ်ပြန် လာမယ့် အဘိုးဖြစ်သူကို ခြံဝကနေထွက် မျှော်နေတတ်တဲ့ မြေးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ စတိုးဆိုင်တစ်ခုကို ၀င် လိုက်တယ်။ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို အသွားမှာ သတိထားမိတာက စင်ပေါ်မှာ အစီအရီထပ်ထားတဲ့ ဂျာနယ်တွေ။ ဂျာနယ်မျက်နှာဖုံးမှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြထားတာတစ်ခုက " ကိုပါကြီး မတရားညှင်းပန်း နှိပ်စက် အသတ်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်" ဆိုပြီးဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ညအိပ်ယာဝင်တဲ့ အထိ ကျွန်တော်စဉ်းစားနေမိခဲ့တယ်။

လက်ရှိအစိုးရ လက်ထက်မှာ အရင်ကလည်း ဆန္ဒပြပွဲသတင်းတွေကို တွေ့မြင်ကြားနေရတာဆိုတော့ ဆန်း တော့ မဆန်းတော့ပါဘူး။ မိမိတို့ လိုအပ်ချက်အတွက် အစိုးရကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြသလို့ရပါတယ်။ ဒါပေမယ့် အခုဖော်ထုတ်ဆန္ဒပြနေတာဟာ လက်ရှိအစိုးရကို သေဆုံးသူရဲ့အမှုမှန် ပေါ်ပေါက်ရေးအတွက် အမြန် ဆုံး ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဆိုရင်ဖြင့် ပြဿနာက သိပ်မကြီးမားပါဘူး။ ဒီလိုမှမဟုတ်ပဲ ဆန္ဒပြပွဲကို ဦးဆောင် နေသူတွေမှာ တစ်ခြား ရည်ရွယ်ချက်တွေများ ရှိနေခဲ့မယ်ဆိုရင်ဖြင့်။

ကျွန်တော့်အတွေးများဟာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာဆီကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့က RIT ကျောင်းသား မောင်ဖုန်းမော် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်ခဲ့ရတဲ့ ရှစ်လေးလုံး အရေးခင်းကိုပြန်လည်ပြီး သတိရလိုက်မိပါတယ်။ ဒီအရေးအခင်းဟာ မောင်ဖုန်းမော် သေဆုံး ရတဲ့ကိစ္စကို အကြောင်းပြုလို့ နိုင်ငံရေးအမြတ်ထုတ်ပြီး အာဏာရယူလိုသူ မြေပေါ်၊မြေအောက် အဖွဲ့အစည်း များကြောင့် ဖြစ်ပေါ်လာရတာလို့ ပြောလို့ရပါတယ်။

အဲဒီအဖွဲ့အစည်းများဟာ ဖြစ်လာသမျှသော ပြဿနာသေးသေးကြီးကြီးမှန်သမျှ မဆလအစိုးရ အပေါ် အပြစ်ပုံချပြပါတယ်။ ပြီးတော့မှ နဂိုကတည်း စီးပွားရေးကြပ်တည်းလို့ ငိုချင်ရဲ့လက်တို့ ဖြစ်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ မောင်ဖုန်းမော် သေဆုံးမှုနဲ့ပတ်သက်ပြီး သေချာရေရာစွာ ဘာမှမသိလိုက်တဲ့ ကျောင်းသား/သူတွေကို စည်းရုံးသွေးဆောင်ပြီး ရှစ်လေးလုံးအရေးခင်းကို ဖန်တီးလိုက်ပါတော့တယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း မဆလ အစိုးရဟာ ဘယ်လိုမှမထိန်းသိမ်းနိုင်တော့ပဲ တစ်နိုင်ငံလုံး မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ ပြည်သူ ပိုင် ပစ္စည်းဖျက်ဆီးမှုတွေ ဖြစ်လာခဲ့ပါတော့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ပြည်သူတွေပဲ ဒုက္ခပင်လယ်ဝေခဲ့ရ ပါတယ်။ သူတို့ချင်း အာဏာလုတဲ့ပွဲမှာ ပြည်သူတွေပဲမြေဇာပင် ဘ၀ရောက်ခဲ့ရပါတယ်။
ဒီကနေ့ခေတ်မှာလည်း ကိုပါကြီး လို့ခေါ်တဲ့ အလွတ်သတင်းထောက် တစ်ယောက် (သူတို့ပြောဆိုဖော်ပြ ချက်အရ) သေဆုံးမှုနဲ့ပတ်သတ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြည်သူတွေကို လမ်းပေါ်ရောက်အောင် တွန်းပို့ ချင်နေသူတွေ ရှိနေမှာသေချာပါတယ်။ ကိုပါကြီးဆိုတာကို မြင်ဖူးဖို့နေနေသာသာ နာမည်တောင် သူတို့လာပြောပြမှ ကြားဖူးတဲ့ ပြည်သူတွေကို " ကိုပါကြီးတော့ဖြင့် အခုလို မတရား အသတ်ခံနေရပြီ ကျုပ်တို့တွေအတွက် လုံခြုံမှု ဆိုတာ မရှိတော့ဘူး "ဆိုတာမျိုး၊ " အရင်ကလည်းဒီလိုမျိုး လူမသိသူမသိ အသတ်ခံနေရတာဖြင့် ဘယ်နှစ်ယောက် လောက်ရှိပါပြီ"လို့တစ်ဖုံ၊ အမျိုးမျိုးသော ၀ါဒဖြန့်နည်းပေါင်းစုံနဲ့ ပြည်သူတွေကို သွေးဆောင်စည်းရုံးပြီး လမ်းပေါ် ရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်လိုသူတွေဟာ လက်ရှိအာဏာရ အစိုးရကိုနည်းမျိုးစုံနဲ့ ဖြုတ်ချပြီး အာဏာရယူဖို့ ကြိုး စားနေသူတွေဖြစ်ပါတယ်။ တစ်ဖက်ကနေ အစိုးရကို ဖိအားပေးနေသလို တစ်ဖက်ကလည်း ပြည်သူတွေ အစိုးရ အပေါ် အယုံအကြည်မရှိအောင် ၀ါဒဖြန့်ပြောဆိုရင်း အစိုးရနဲ့ပြည်သူတွေကို ရန်တိုက်ပေးတဲ့ သဘောပါပဲ။ သူတို့ ဖြန့်တဲ့ ၀ါဒမှိုင်းကို ပြည်သူတွေမိလာပြီဆိုတာနဲ့ အရေးခင်းတွေ ဖြစ်အောင်ဖန်တီးမယ့် လူစားမျိုးတွေဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အရေးခင်းတွေကို အစိုးရကထိန်းသိမ်းရင်းနဲ့ တစ်ချို့နေရာတွေမှာ ပြဿနာလေးတွေရှိလာရင် အဲဒီ ပြဿနာလေးတွေကို ထောက်ပြ၀ါဒဖြန့်ရင်း ပိုမိုဆူပူလာအောင်လုပ်ဆောင် ကြတော့မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေရဲ့ သုံးနေကြ အကွက်တွေပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်တာက ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ လှည့်စားဝါဒ ဖြန့်မှုတွေကနေ လိမ္မာပါးနပ်စွာ ရှောင်ရှားကြပါ။ မိမိတို့ကို နင်းခြေပြီး အာဏာထိုင်ခုံပေါ် တက်လှမ်းချင်နေသူတွေ ကို ဝေးဝေးက ရှောင်သွားပါ။ ကိုပါကြီးသေဆုံးမှုကို အကြောင်းပြု၍ ဆန္ဒပြပွဲတွေကို ဦးဆောင်နေကြပါကုန်သော ပုဂ္ဂိုလ်များနေဖြင့်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ရှစ်လေးလုံး အရေးခင်းပုံစံမျိုးကို ပြန်လည်အသက်သွင်းဖို့ မကြိုးစား ကြပါနဲ့။ ကျုပ်တို့ပြည်သူတွေဟာ တစ်ချိန်တုန်းကလို ခင်ဗျားတို့ရဲ့ သွေးထိုးမြှေက်ပင့်တတ်တဲ့အကျင့်နဲ့၊ နည်းနည်း ကိုများများ လုပ်ပြောတတ်တဲ့ စကားလုံးတိုင်းကို လွယ်လွယ်နဲ့ယုံကြည်နေမှာ မဟုတ်ဘူးဆိုတာကို အသိပေးပြော ကြား လိုက်ရပါတယ်။

ဦးသန်းနိုင်
Credit to နေ့စဉ်သတင်း
မနေ့ညနေက ရုံးဆင်းပြီး အိမ်အပြန်ပေါ့။ သားအချစ်မြေးအနှစ် ဆိုတဲ့စကားလို ညနေရုံးဆင်းချိန် အိမ်ပြန် လာမယ့် အဘိုးဖြစ်သူကို ခြံဝကနေထွက် မျှော်နေတတ်တဲ့ မြေးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ စတိုးဆိုင်တစ်ခုကို ၀င် လိုက်တယ်။ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို အသွားမှာ သတိ ထားမိတာက စင်ပေါ်မှာ အစီအရီထပ်ထားတဲ့ ဂျာနယ်တွေ။ ဂျာနယ် မျက်နှာဖုံးမှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြထားတာတစ်ခုက " ကိုပါကြီး မတရား ညှင်းပန်း နှိပ်စက် အသတ်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်" ဆိုပြီးဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ညအိပ်ယာဝင်တဲ့ အထိ ကျွန်တော်စဉ်းစား နေမိခဲ့တယ်။

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူမှုများရှိကြောင်းနှင့် အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြောကြား

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၂၇ ရက်အမျိုးသားလွှတ်တော်၌ဆိုပါသည်။

ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်အား ဦးစွာပြင်ဆင်ပြီးနောက် ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်အား ဦးစွာပြင်ဆင်ပြီးနောက် ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း နေပြည်တော်၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ကြိမ် မြောက်ပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိ မည့်ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာ နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခဲ့ကြသည်။

ကာကွယ်ရေးအသုံးစရိတ်များ၏ ၃၂ ရာခိုင်နှုန်းကျော်ကိုသာ စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုသဖြင့် ကာကွယ်ရေးအသုံးစရိတ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိခိုက်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

ကာကွယ်ရေးအသုံးစရိတ်များ ၏ ၃၂ ရာခိုင်နှုန်းကျော်ကိုသာ စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုသဖြင့် ကာကွယ် ရေးအသုံးစရိတ်များသည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အားထိခိုက်မည် မဟုတ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က အောက်တို ဘာ  ၂၇ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာသို့ နည်းပညာအကူအညီများပေးရန် သမ္မတရုံးဝန်ကြီး နိုင်ငံ တကာ သို့ မေတ္တာရပ်ခံ

နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှောင့် နှေးနသည့် မြန်မာနိုင်ငံသို့ နည်းပညာထိပ်တန်းရောက်နေသော နိုင်ငံများမှ ပံ့ပိုးကူညီစေ လိုကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက မေတ္တာရပ်ခံလိုက်သည်။

တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

Photo: တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်း များကို ဒေါ်အောင်ဆန်း စုကြည်ဝေဖန်
Tuesday, October 28, 2014

အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတိုသက်သာစေ သည့် စီမံကိန်းများဖြစ်ပြီး ရေရှည် တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့်တင်ပေးနိုင်မည့်ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဝေဖန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဖြစ်ပြီး စပါးစိုက်တောင်သူ အများအပြားနေ ထိုင်ရာ ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂၇ ရက်ထုတ် အန်အယ်လ်ဒီ ၏   သဘောထားများ ဖော်ပြရာ ဒီလှိုင်းဂျာနယ်၏ ဒီစကားကဏ္ဍတွင် ရေး သားဝေဖန် ခဲ့ခြင်းဖြစ်သည်။

သို့သော် မည်သည့်စီမံကိန်း များကို ရည်ရွယ်ပြောဆိုသည်ကို တိတိကျကျပြောဆိုခဲ့ခြင်း မရှိပေ။‘‘ယခုအချိန်မှာ နှစ်ကာလ ကြာရှည်စွာ ဆင်းဆင်းရဲရဲရုန်း ကန်လုပ်ကိုင်ခဲ့ရတဲ့ ကျွန်မတို့ တောင်သူလယ်သမားများအ တွက်ဆိုပြီး လုပ်နေတဲ့ စီမံကိန်း တော်တော်များများဟာ ရေရှည် မှာ ကျေးရွာနေပြည်သူလူထုရဲ့ ဘ၀ကိုမြှင့်တင်ပေးနိုင်မယ့်ပုံမ ပေါ်ပါဘူး။ ခဏတာရေတိုသက် သာစေမယ့် စီမံကိန်းတွေဖြစ်နေ ကြပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဒီလှိုင်းဂျာနယ်တွင် သူအပတ်စဉ်ရေးနေကြဖြစ်သည့် ‘‘ဒီ စကား’’ကဏ္ဍတင် ဝေဖန်ရေးသား ခဲ့သည်။ နိုင်ငံတကာအတွေ့အကြုံများအရ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လိုအပ်ချက်သည် လယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ပြု ပြင်ပြောင်းလဲရေးဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း လယ်မြေပိုင်ဆိုင် မှုနှင့် ပတ်သက်သည့်ပြဿနာများ ကို အမြန်ဆုံးဖြေရှင်းရန် ဒေါ် အောင်ဆန်းစုကြည်က ထောက်ပြ ခဲ့သည်။

‘‘ဖွံ့ဖြိုးရေးပညာရှင်ကြီးတစ် ဦးပြောတာ ကျွန်မနားထဲကြား ယောင်နေပါတယ်။ မြန်မာပြည် မှာ တောင်သူလယ်သမားတွေက မြေမရှိဘူး။ နောက်ပြီး အလုပ် သမားတွေလည်း မရှိဘူး။ တခြား ဟာတွေထားလိုက်ဦး။ ဒီနှစ်ခုမရှိ တာနဲ့ကို အတော်ဒုက္ခရောက်နေ ပြီတဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် လယ်မြေ ပိုင်ဆိုင်မှုပြဿနာများနှင့် လယ် သမားများ လယ်မြေစွန့်လွှတ်ပေး နေရခြင်းသည် တစ်နေ့တခြားပိုမို ကြီးထွားလာသည့် ပြဿနာဖြစ် လာကြောင်း တောင်သူလယ်သ မားများအရေး တက်ကြွလှုပ်ရှား သူ ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၏ ခေါင်းဆောင်ဦးသန့်ဇင်က ပြော ကြားသည်။

‘‘အပေါ်ပိုင်းမှာ အဆောက် အအုံအနေနဲ့ ပြောင်းလဲသွားတာ မှန်တယ်။ တကယ်တမ်းကျတော့ အောက်ခြေမှာ လုံးဝမပြောင်းဘူး။ ပြန်တောင်းလို့ရတယ်၊ လယ်ယာ မြေ  စိစစ်ရေးကော်မတီကို တင် တယ်ဆိုပေမယ့် ပြန်ပေးတာက သူတို့မလိုချင်တဲ့ မြေတွေပဲ’’ ဦး သန့်ဇင်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတစ်ခု တည်းတွင်ပင် သိမ်းဆည်းခံလယ် ယာမြေပမာဏမှာ ဧကလေးသိန်း နီးပါးရှိကြောင်း မကွေးတိုင်းဒေသ ကြီးမှ လယ်ယာမြေအရေး ဆောင်ရွက်သူများက ပြောသည်။

7Day DAILY 

မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတိုသက်သာစေ သည့် စီမံကိန်း များဖြစ်ပြီး ရေရှည် တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့်တင်ပေးနိုင်မည့်ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန် လိုက်သည်။