Thursday, November 13, 2014

နေပြည်တော်နှင့် မန္တလေး ငလျင်ကြီး ကျရောက်နိုင်ဟု မြေငလျင်ကော်မတီ ခန့်မှန်း

ယခုလပိုင်းအတွင်း အင်အား အသင့်အတင့်ရှိ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေပြီး ငလျင် အကြိမ်အရေအတွက် စိပ်လာခြင်းကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့များဖြစ်သော တောင်ငူ၊ နေပြည်တော်နှင့် မန္တလေးမြို့ တောင်ဘက်ခြမ်း ဒေသများမှာ ငလျင်ကြီး လှုပ်ခတ်နိုင်သည့် အန္တရာယ်ကို သတိပြုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းနှင့် ယခုလဆန်းပိုင်းအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက် လှုပ်ရှားလျက် ရှိခြင်းကြောင့် ကီလိုမီတာ ၁၀၀၀ ကျော် ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် ပြန်လည်သက်ဝင် လှုပ်ရှားပြီး အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေ ရှိသည့်အတွက် ယင်းပြတ်ရွေ့အပေါ် တည်ရှိနေသည့် မြို့ကြီးများမှာ ငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ၎င်းက ပြောဆိုသည်။

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ငါးရက်အတွင်း ၈ ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

အမြန်လမ်းပေါ်တွင် နိုဝင်ဘာ ၁၁ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သောကြောင့် ငါးရက်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက်ဘင်္ဂါလီတစ်ဦး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထိုင်းရဲဖမ်းဝရမ်းထုတ်ပြန်

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးတစ်ဦးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်း The Nation သတင်းဌာနက ရေးသားဖော်ပြသည်။

အသက်(၅၃)နှစ်အရွယ် သန်းဝင်း(ခေါ်) ဟာဆန်းကို ထိုင်း နိုင်ငံတောင်ပိုင်းရှိ အစွန်းရောက် အကြမ်းဖက်သမားများနှင့်ဆက် သွယ်၍ အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ရန် ကြံစည်မှုဖြင့် နိုဝင် ဘာ ၇ ရက်က ဖမ်းဝရမ်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ပန်ကြားပေးရန်နှင့် အပစ် ရပ်စဲရေး လက်မှတ်ထိုးရာတွင် သက်သေအဖြစ် ပါဝင်ရန် အိုဘားမားကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

 တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေး ထိုးရာတွင် အသိ သက်သေအဖြစ် ပါဝင်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မြန်မာအစိုးရသို့ ပန် ကြားပေးရန် အမေရိကန်သမ္မတ အိုဘားမား ထံ ကချင်အဖွဲ့အစည်း များအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်း ၂၈ ခုက တိုက်တွန်း လိုက် သည်။

အမေရိကန် အစိုးရအနေ ဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဖြစ်သည့်

အစိုးရ၀န်ထမ်း လစာတိုးမြှင့်ရေး အရေးကြီးအဆို တင်သွင်း

Photo: အစိုးရ၀န်ထမ်း လစာတိုးမြှင့်ရေး အရေးကြီးအဆို တင်သွင်း
Thursday, November 13, 2014

လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုမှာ ထည့်သွင်းထားတဲ့ အကြောင်းအရာတွေ များလွန်းတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးဖို့မှာ အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကျမအနေနဲ့တော့ ခွဲခြားပြီးတော့ ဆွေးနွေးပြီးတော့ အဆိုတင်သွင်းမှ လွှတ်တော်အနေနဲ့ မှန်မှန်ကန်ကန် တိတိကျကျ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်ပါတယ်၊ အကြောင်းအရာ ၃ ခုကို ကျမဆိုလိုချင်တာက ဘာလဲဆိုတော့ တစ်ခုကတော့ ဝန်ထမ်းများရဲ့လစာပါ၊ နောက်တစ်ခုက ဥပဒေများ ထုတ်ပြီးတဲ့အခါမှာ နည်းဥပဒေများ စည်းမျဉ်းစည်းကမ်းများကို အချိန်မီထုတ်ပြန်ရေးကိစ္စပဲ၊ နောက်တစ်ခုကတော့ ပြည်သူ့ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေပါ၊ ဒီ ၃ ခုက အကြောင်းအရာတူတာ မဟုတ်ပါဘူး၊ ဒါကြောင့် ဒီ ၃ ခုစလုံးကို တခါတည်း အဆို ၁ ခုထဲမှာ ထည့်လိုက်တဲ့အခါကျရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တိတိကျကျ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချဖို့ရာ အင်မတန်ခက်ပါတယ်၊ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ဒီအဆိုကို ကန့်ကွက်တာမဟုတ်ပေမဲ့ ဒီအဆိုကို အကြောင်းအရာ ၃ ခုအပေါ်မှာ အခြေခံပြီးတော့ ခွဲခြားပြီးတော့ ဆွေးနွေးတာဟာ သင့်တော်မယ်ထင်လို့ တင်ပြခြင်းဖြစ်ပါတယ်"

ဦးဇော်မြင့်ဖေ တင်သွင်းတဲ့အဆိုမှာ အလုပ်သမားအတွက် သင့်တင့်မျှတတဲ့ အနိမ့်ဆုံးလုပ်ခလစာရရှိဖို့ လိုအပ်တဲ့နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်သတ်မှတ်ပေးဖို့၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး၊ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်သတ်မှတ်ပေးဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ပြင်ဆင်သတ်မှတ်ပေးလည်း အရေးကြီးအဆိုမှာ ထည့်သွင်းတင်ပြခဲ့ပါတယ်။

အဲဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

RFA
လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုမှာ ထည့်သွင်းထားတဲ့ အကြောင်းအရာတွေ များလွန်းတာကြောင့် လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ ဆွေးနွေးဖို့မှာ အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား


ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ် -
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။   နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် အချက်သုံးချက်ကို ပြောကြားခဲ့သည် ဒုတိယအချက်အနေဖြင့် မြန်မာ့အရေးကို ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။   “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုရေးအတွက် မှတ်ကျောက်အတင်ခံမယ့်အချိန် ဖြစ်ပါတယ်။ နောက်နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက် သင့်ပါတယ်။

(၂၅) ကြိမ်မြောက်အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေး မလေးရှားကိုယ်စားလှယ်အဖွဲ့ အချိန်မီရောက်မလာ၍ ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးမှ အစည်းအဝေး စတင်ခဲ့ရ

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးမျက် နှာစုံညီအစည်းအဝေးစတင်ချိန်တွင် မလေး ရှား ဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ အချိန်မီရောက် မလာသောကြောင့် ၁၅ မိနစ်ခန့်စောင့် ဆိုင်းပြီးမှ အစည်းအဝေး စတင် ခဲ့ရကြောင်း သိရသည်။

မူလက အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီအချိန်တွင် စတင်ရန် စီစဉ်ထားပြီး အစည်းအဝေးတက်မည့် အာဆီ ယံခေါင်းဆောင် အားလုံး အစည်းအဝေးခန်း အတွင်း ရောက်ရှိနေရာ ယူပြီးချိန်အထိ မလေး ရှားကိုယ်စားလှယ်အဖွဲ့ ရောက်မလာသော ကြောင့် ရောက်ရှိလာချိန်အထိ စောင့်ဆိုင်းပြီး မှ စတင်ခဲ့ရခြင်း ဖြစ်သည်။

အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်

Photo: အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်
Wednesday, November 12, 2014

 အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အိုဘားမား ပြန်ရောက်လာ ချိန်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုံ့နှေးရပ်ဆိုင်းနေခြင်းကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပြ ဝေဖန်လျက်ရှိကြသည်။ နေပြည်တော်သို့ ရောက်ရှိပြီးနောက် သမ္မတဦးသိန်းစိန်တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင်ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်သည်။

7 Day Daily

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတကာခေါင်းဆောင်များအား နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ဧည့်ခံသည့် ညစာစားပွဲတွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာ ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။