Sunday, November 23, 2014

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၁)

Photo: အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော
Sunday, November 23, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့သဘောအရဆိုလို့ရှိရင်တော့- အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါအုံးမလား၊ ဖြစ်နိုင်ပါအုံးမလားဆိုတာ သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေရာမှာ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့အဓိကအကြောင်းရင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်ပုံစံမျိုး သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်က “ခါးခါးသည်းသည်း” ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုလို့ရှိရင် ဘယ်လိုနည်းလမ်းနဲ့ဖြစ်အောင် အတိုးအလျှော့လုပ်လို့ ရနိုင်မလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက “ညှိနှိုင်းတယ်”-ဆိုတဲ့စကားကို သုံးသွားတယ်၊ ဒါကြောင့်မို့လို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက်တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး၊ မနေ့တနေ့ကမှ၊ အရင်တလ နှစ်လကမှ မဟုတ်ပါဘူး။ NLD က တစိုက်မတ်မတ်နဲ့ ‘နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်ဆိုတာ’ အဲဒီမူအပေါ်မှာ ရပ်တည်ခဲ့တယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ်စောစောပိုင်းကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာ တောင်းခဲ့တဲ့ဟာ-ဟာ ဒီလိုပြဿနာတွေကို ပြေလည်အောင် ကြိုတင်ပြီးတော့ လုပ်ဖို့ပါ။ အခုနကပြောသွားတဲ့ အထဲမှာ “ခါးခါးသည်း”-ဆိုတဲ့အသုံးအနှုန်းကို သုံးသွားတယ်နော်၊ အဲဒီလို ခါးခါးသည်းဆိုတဲ့ ပုံစံတွေ မပေါ်စေချင်လို့ တဘက်နဲ့တဘက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

VOA 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေရှိနေသေးပေမယ့် ရအောင်ညှိနှိုင်း သွားရမှာပဲဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင် ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးရေး ဆက်လက်တောင်းဆိုနေရတဲ့ သဘောထား၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သတ်တဲ့အမြင် စတာတွေကိုလည်း ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

NLD မဟာဗျူဟာအရွေ့ လွှတ်တော်ကစားကွက်အပြောင်း သမ္မတနှင့် တပ်မတော် ကျောချင်းအကပ် - ဇော်သက်ထွေး

Photo: NLD မဟာဗျူဟာအရွေ့ လွှတ်တော်ကစားကွက်အပြောင်း သမ္မတနှင့် တပ်မတော် ကျောချင်းအကပ် - ဇော်သက်ထွေး

ဒီရက်ပိုင်းအတွင်း အာဆီယံ ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ယူခဲ့နိုင်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အနုတ်အသိမ်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် ၁၇ယောက် မြန်မာနိုင်ငံကို ရောက်မလာခင်လေးမှာပဲ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လိုအပ်ရင် လွှတ်တော်နာယကကြီး သူရ ဦးရွှေမန်းနဲ့ မဟာမိတ်ဖွဲ့သင့်ရင် ဖွဲ့ရမှာပဲဆိုတဲ့ စကားကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီစကားကို မပြောခင်က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်သည့် တိုင်အောင် သမ္မတဖြစ်ခွင့် မရှိပါဘူး။ ဒါကြောင့် NLDက ကိုယ်စားလှယ် အများစု အနိုင်ရခဲ့လို့ သမ္မတ ရွေးချယ်ရမယ်ဆိုရင် သူရဦးရွှေမန်းကို စဉ်းစားထားတယ်ဆိုတဲ့ သတင်းစကားတွေ ကြိုထွက်လာလို့ သတင်းဌာန တစ်ခုနဲ့ ရှင်းရလင်းရတာတွေလည်း ရှိခဲ့တယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို ပြောပြီးတဲ့နောက် ကမ္ဘာ့ခေါင်းဆောင်တွေ နေပြည်တော်က မပြန်ခင်လေးမှာပဲ လွှတ်တော်ကနေ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်မှာ အချိုးကျ ကိုယ်စားပြုစနစ်(PR) ကျင့်သုံးမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်မှုမရှိလို့ ကျင့်သုံးတော့မှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ဖို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ရွေးကောက်ပွဲ စနစ်သစ် ပေါ်ပေါက်လာရေး ကော်မရှင်က တင်သွင်းတဲ့ (၈)မျိုးအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ/မညီ စိစစ်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးကို အကြံပြုချက် တောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမတောင်းခင်မှာ တိုင်းရင်းသား ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့က PRစနစ်ကို ကန့်ကွက်ကြောင်း စာရေးသား တင်ပြခဲ့တဲ့အပေါ်မှာ မျှမျှတတ ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပြီး ၂၀၁၄ခုနှစ် နိုဝင်ဘာ၁၃ရက်မှာ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးမှ အကြောင်းပြန်ကြားရာမှာ PRကို ပေါင်းစပ်ကျင့်သုံးမည့် ရွေးကောက်ပွဲ နည်းလမ်းများဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ဖော်ပြထားတဲ့အပြင် ယခင်ရွေးကောက်ပွဲ ပုံစံကိုပဲ ဆက်လက်ကျင့်သုံးဖို့ လွှတ်တော်မှာ အဆုံးဖြတ် ခံယူခဲ့ရာမှာလည်း ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့ပါတယ်။

PRစနစ်ကို ပယ်ဖျက်ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “နာယကကြီး (သူရဦးရွှေမန်း) က ခုံရုံးကို ပေးပို့ပြီး အဆုံးအဖြတ် ခံယူလိုက်တဲ့ အတွက် သမာသမတ်ရှိတယ်။ မှန်ကန်မျှတတဲ့ ဟာကိုပဲ လုပ်တယ်ဆိုတာ ပေါ်လွင်သွားစေတယ်”ဟု သတင်းထောက်များကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် လွှတ်တော်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကိုယ်စားလှယ် အများစု ပိုင်ဆိုင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြားမှာ ယှဉ်ပြိုင်မှုတွေထက် ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုတိုးပွားလာပါတယ်။ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ သူရဦးရွှေမန်းက NDFပါတီက တင်သွင်းတဲ့ PRစနစ်ကို ပြတ်ပြတ်သားသား ခေါက်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်ဆန်သော ဆက်ဆံရေးတွေ ဆက်လက် ဖြစ်ထွန်းတော့မယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ပိုမိုခိုင်မာစေ ခဲ့ပါတယ်။

ဒီလိုအချိန်မှာတော့ လာမယ့် ၂၀၁၅ ခုအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ အနားယူတော့မယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍဟာလည်း စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယကနဲ့ ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့လို မီဒီယာနဲ့ လူရှေ့သူရှေ့ ထွက်မလာဘဲ ကာချုပ်ဟာ တပ်မတော်ရဲ့ စည်းဝိုင်းထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်ထဲမှာတော့ ဂျပန်နိုင်ငံကိုသွားတဲ့ ခရီးမှာ မြန်မာ့ တပ်မတော်ကို ဖွဲ့စည်းထူထောင်ရာမှာ အဓိက ကျခဲ့တဲ့ ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ ဗိုလ်ချုပ် အောင်ဆန်း နေထိုင်ခဲ့တဲ့ အိမ်ကို သွားရောက် ကြည့်သလို ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ အုတ်ဂူကိုလည်း သွားရောက် ဂါရ၀ ပြုခဲ့ပါတယ်။ နောက်တစ်ခါ ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်နဲ့ ပတ်သက်ပြီး တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ မီဒီယာရှေ့မှာ ထွက်ပြီး ပြောခဲ့ပါတယ်။ ထပ်မံပြီး လွန်ခဲ့တဲ့လက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)ကိုလည်း နေပြည်တော်သို့ ဖိတ်ကြားပြီး ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေဟာ ကာကွယ်ရေး ဦးစီးချုပ် အလွန် မြန်မာ့နိုင်ငံရေး နယ်ပယ်ထဲကို အနာဂတ် သမ္မတလောင်း အဖြစ် ပါဝင်ဖို့ စတင်ဆောင်ရွက်နေသလား ဆိုတာကိုလည်း ဝေဖန်ဆန်းစစ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသုံးသပ်ချက်တွေ မှန်ခြင်းမှားခြင်း မဝေခွဲနိုင်ခင် ထိုင်း-မြန်မာ နယ်စပ်မှ သတင်းထောက် ကိုပါကြီးကို တပ်မတော်က ဖမ်းဆီး သတ်ဖြတ်လိုက်မှုဟာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ရင်ဆိုင်လိုက်ရပါတယ်။ ဒီလုပ်ရပ်ကို လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ စစ်ဆေးပေးဖို့ နိုင်ငံတော် သမ္မတက အမိန့်ပေးရတဲ့ အခြေအနေကိုလည်း ရောက်ရှိလာပါတယ်။ ဒါဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို သာမက မြန်မာ့နိုင်ငံရေး နယ်ပယ်ကို ၀င်ရောက်နိုင်ဖွယ်ရှိတဲ့ ကာချုပ်ကိုပါ အထိုက်အလျောက် ထိခိုက်စေခဲ့ပါတယ်။ အကယ်၍ ကာချုပ် အနေနဲ့ နောင်လာမယ့် အစိုးရ သက်တမ်းမှာ သမ္မတအဖြစ် ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုရင် တပ်မတော်ရဲ့ ထောက်ခံမှု သာမက နိုင်ငံရေး အင်အားစုတွေ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အထိုက်အလျောက် ထောက်ခံမှုတွေ လိုအပ်နေမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ကြားမှာ ကျစ်လျစ်သိပ်သည်းတဲ့ အနီးကပ် ဆက်ဆံရေး ရှိနေပါတယ်။ တစ်ဖက်မှာတော့ အစိုးရဟာ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်နဲ့ (သူတို့အပြော-နိုင်ငံရေး ပွတ်တိုက်မှု)တွေ ရှိနေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီမိုကရေစီ အစိုးရရဲ့ သက်တမ်းသုံးနှစ်ကာလ အတွင်းမှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ သမ္မတရဲ့ အားပြိုင်မှုတွေကို အကြိမ်ကြိမ် တွေ့မြင်ခဲ့ရပါတယ်။

အထူးသဖြင့် သူရဦးရွှေမန်းဟာ လွှတ်တော်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစု အမတ်တွေနဲ့ အတိုက်အခံ ဒီမိုကရေစီ အမတ်တွေကို အတိုင်းအတာ တစ်ခုအထိ စည်းရုံးထားနိုင်သလို လက်တွဲ လုပ်ဆောင်မှုတွေလည်း အစိုးရထက်တော့ ပိုရှိနေခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးဟာ အစောပိုင်းနှစ် ကာလတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှာ အဲဒီ့ အရှိန်အဟုန် ရပ်တန့်သွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်အောင် ရည်မှန်းထားပေမယ့် ပြီးခဲ့တဲ့လပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ အခြေအနေ အကြောင်းကြောင်းတွေကြောင့် နှောင့်နှေးသွားခဲ့ပါတယ်။

အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ Key Playerတွေဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်အကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့ အတွက် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေထဲက ၅၉ (စ)နဲ့ ၄၃၆ကို လုံးဝ မပြင်ဆင်သင့်ကြောင်း ဆွေးနွေးခဲ့ရုံ သာမက လွှတ်တော်ကို တင်တဲ့ အစီရင်ခံစာထဲမှာ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက လိုအပ်ရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ သမ္မတကို အကြံဥာဏ်ပေးဖို့ အချက်ပါပါတယ်၊ ဒါဟာ တပ်မတော်ရဲ့ မာကျောတဲ့ ရပ်တည်ချက်ကို ထပ်မံပြသလိုက်တာ ဖြစ်ပြီး ၂၀၁၅အလွန် နိုင်ငံရေးမှာ ပြည်သူတွေ ထင်မှတ်မထားတဲ့ အခင်းအကျင်းတွေနဲ့ ကြုံတွေ့နိုင်ဖွယ် ရှိနေပါတယ်။

ဇော်သက်ထွေး
Tomorrow
ဒီရက်ပိုင်းအတွင်း အာဆီယံ ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ယူခဲ့နိုင်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အနုတ်အသိမ်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် ၁၇ယောက် မြန်မာနိုင်ငံကို ရောက်မလာခင်လေးမှာပဲ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လိုအပ်ရင် လွှတ်တော်နာယကကြီး သူရ ဦးရွှေမန်းနဲ့ မဟာမိတ်ဖွဲ့သင့်ရင် ဖွဲ့ရမှာပဲဆိုတဲ့ စကားကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီစကားကို မပြောခင်က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်သည့် တိုင်အောင် သမ္မတဖြစ်ခွင့် မရှိပါဘူး။ ဒါကြောင့် NLDက ကိုယ်စားလှယ် အများစု အနိုင်ရခဲ့လို့ သမ္မတ ရွေးချယ်ရမယ် ဆိုရင် သူရဦးရွှေမန်းကို စဉ်းစားထားတယ်ဆိုတဲ့ သတင်းစကားတွေ ကြိုထွက်လာလို့ သတင်းဌာန တစ်ခုနဲ့ ရှင်းရလင်းရတာတွေလည်း ရှိခဲ့တယ်။

အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော

Photo: အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော
Sunday, November 23, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့သဘောအရဆိုလို့ရှိရင်တော့- အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါအုံးမလား၊ ဖြစ်နိုင်ပါအုံးမလားဆိုတာ သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေရာမှာ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့အဓိကအကြောင်းရင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်ပုံစံမျိုး သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်က “ခါးခါးသည်းသည်း” ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုလို့ရှိရင် ဘယ်လိုနည်းလမ်းနဲ့ဖြစ်အောင် အတိုးအလျှော့လုပ်လို့ ရနိုင်မလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက “ညှိနှိုင်းတယ်”-ဆိုတဲ့စကားကို သုံးသွားတယ်၊ ဒါကြောင့်မို့လို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက်တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး၊ မနေ့တနေ့ကမှ၊ အရင်တလ နှစ်လကမှ မဟုတ်ပါဘူး။ NLD က တစိုက်မတ်မတ်နဲ့ ‘နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်ဆိုတာ’ အဲဒီမူအပေါ်မှာ ရပ်တည်ခဲ့တယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ်စောစောပိုင်းကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာ တောင်းခဲ့တဲ့ဟာ-ဟာ ဒီလိုပြဿနာတွေကို ပြေလည်အောင် ကြိုတင်ပြီးတော့ လုပ်ဖို့ပါ။ အခုနကပြောသွားတဲ့ အထဲမှာ “ခါးခါးသည်း”-ဆိုတဲ့အသုံးအနှုန်းကို သုံးသွားတယ်နော်၊ အဲဒီလို ခါးခါးသည်းဆိုတဲ့ ပုံစံတွေ မပေါ်စေချင်လို့ တဘက်နဲ့တဘက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

VOA 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်း သွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင် ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင် ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။

ပုဒ်မ ၄၃၆ပြင်ရေး ရအောင်ညှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် အခက်အခဲများ ရှိနေသော်လည်း ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ရအောင် ညှိနှိုင်းသွားမည်ဟု ၎င်းက ဗွီအိုအေသတင်းဌာနနှင့် နိုဝင်ဘာ ၂၃ရက်က အင်တာဗျူးတွင် ပြောကြားလိုက်သည်။

လားဟူကျေးရွာများတွင် RCSS/SSA အဖွဲ့ ဆက်ကြေးကောက်ခံ

Photo: လားဟူကျေးရွာများတွင် RCSS/SSA အဖွဲ့ ဆက်ကြေးကောက်ခံ
Sunday, November 23, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်ခွဲအတွင်းရှိ လားဟူကျေးရွာများအား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်ခွဲ၊ တုံဟုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် လားဟူ တိုင်းရင်းသားမိသားစုများ နေထိုင် ကြပြီး ၎င်းတို့နှင့်မသက် ဆိုင်သော ခေါင်းစဉ်အမျိုးမျိုးပြကာ ဆက်ကြေးငွေတောင်းခြင်းဖြစ်ကြောင်း အုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

RCSS/SSA ဗဟိုဌာနချုပ်၊ လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရောက် လျက်ရှိသော သင်တန်းသားများအား ထောက်ပံ့ရန်ဟု အကြောင်းပြကာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ငွေ ၆၀၀၀၀ ကျပ်အား ကောက်ခံသွား ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေထည့်ရန်၊ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော တရားခံများနှင့်အစောင့်များအား ကျွေးမွေးရန်ဟု အကြောင်းပြကာ ငွေ ၂၂၀၀၀၀ကျပ် အားကောက်ခံ သွားပြန်ကြောင်း ဒေသခံလားဟူတိုင်းရင်းသား ကိုကျလော က ပြောသည်။

“နှစ်ရက်ပဲ ခြားပြီး လာတောင်းတယ်၊ စစ်သင်တန်းတက်နေတဲ့ သူတွေ ထောက် ပံ့ ဖို့ ဆိုပြီးတော့တောင်းတာ၊ ငါတို့က လူနည်းစု တိုင်းရင်းသားတွေဆိုတော့ သူတို့အနိုင်ကျင့်တာ ခံနေရတာပေါ့” ဟု တုံဟုန်းရွာသား တစ်ဦးကပြောသည်။

RCSS/SSA အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရောက် လျက်ရှိသော သင်တန်းသားများ အား ထောက်ပံ့ရန်ဟုဆိုကာ ငွေ၈၀၀၀၀ ကျပ် ထပ်မံကောက်ခံသွားကြောင်း သိရှိရပါသည်။ 

ဇော်ထက်အောင်
Credit to : Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်ခွဲအတွင်းရှိ လားဟူကျေးရွာများအား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ


Photo: ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ
Sunday, November 23, 2014

ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်  အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်ဟု သိရသည်။

မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ကျင်းပနေဆဲဖြစ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် ယခုလ ၂၀ နေ့က “ ကျေးလက်ဒေသများမှာ တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ အတွက် နေထိုင်မည့် အဆောင်များကို ပြည်နယ် အစိုးရရန်ပုံငွေမှ ကူညီဆောင်ရွက် တည်ဆောက် ပေးပါရန် ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သည်။

“ ကျေးလက် ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/ဆရာမတွေဟာ နေထိုင်တည်းခိုမယ့် အဆောင်တွေ မရှိတဲ့ အတွက် အခက်အခဲတွေအများကြီးနဲ့ ဒုက္ခ ကြုံတွေ့နေကြရပါတယ်။ ရခိုင်ပြည်နယ် ပညာရေးကို အမှန်တကယ် တိုးမြှင့်လိုတယ်ဆိုရင် ဆရာဆရာမတွေ စိတ်ချမ်းသာသာနဲ့ နေထိုင်နိုင်ဖို့ အဆောင်တွေကို ပြည်နယ် အစိုးရရံပုံငွေထဲမှ ထည့်သုံးရင် မရနိုင်ဘူးလားဆိုပြီး ကျွန်တော်က တင်ပြပါတယ်။ ဒါပေမယ့် ပြည်နယ် လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မင်းက ဒီလို အဆောက်အဦးတွေဆောက်ဖို့ ပြည်နယ် အစိုးရမှာ ဘတ်ဂျက် မလုံလောက်ဘူး။ ငွေကြေး မရှိဘူးဆိုပြီး အဆိုကို ပြန်လည် သုံးသပ်ဆင်ခြင်ဖို့ ပြန်လည် ပြောဆိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ အနေဖြင့် သူတို့ တည်းခို နေထိုင်ရန် အဆောင်များ မရှိ၍ ဒေသခံ ကျေးရွာသားများ၏ နေအိမ်များတွင် နေထိုင်ကြရသဖြင့် မလိုလားအပ်သော လူမှုရေး ပြသနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သူက ဆိုသည်။

“ ကျေးလက်ဒေသတွေမှာ ဆရာ/ ဆရာမတွေ အတွက် အမှန်တကယ် ပြသနာ တက်နေတာက ဒီကိစ္စဘဲ။ ကျေးလက် တောရွာတွေကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ အခါ ဆရာ ဆရာမတွေအနေနဲ့ ၀န်ထမ်းအိမ်ရာ မရှိတဲ့အတွက် ကျေးရွာတွေက အိမ်တွေမှာ တည်းခိုနေထိုင်ကြရတယ်။ အဲသလို နေထိုင်ရတဲ့အခါ မိသားစုပြသနာ၊ လူမှုရေး ပြသနာတွေဟာ ဆရာ/ဆရာမတွေအပေါ်မှာ ရိုက်ခတ်မူရှိတယ်။ ဒါဟာ ဆရာ ဆရာမတွေအတွက် အဓိက ဒုက္ခပါဘဲ။ ဒါကြောင့် အဆောင်တွေ ဆောက်ပေးဖို့ တင်ပြရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ဝင်းက ဆက်ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဆရာ/ဆရာမများအတွက် အဆောင်များ ဆောက်လုပ်ပေးလိုသော်လည်း ဘတ်ဂျက် မရှိသဖြင့် ငြင်းပယ်ရခြင်း ဖြစ်ကြောင်း ပြည်နယ်လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မင်းက နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျန်းမာရေးနဲ့ပညာရေး ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရ တိုက်ရိုက်စီမံခန့်ခွဲတယ်။ ပြည်နယ် အစိုးရ ဘတ်ဂျက်ထဲမှာ ဒီလိုသုံးဖို့လည်း ချပေးထားတာ မရှိဘူး။ အဲဒီဘတ်ဂျက်တွေ အထဲမှာ  ဆရာ/ ဆရာမတွေ နေထိုင်ဖို့ အဆောင်တွေထက် အရေးကြီးတဲ့ ကျောင်းတွေကို ပြန်ဆောက်နေရတယ်။ ပြုပြင်မွန်းမံတာတွေ ပြုလုပ်နေရတယ်။ ဒါကြောင့် ဒီအဆိုကို ပြန်ရုတ်သိမ်းဖို့ ပြောဆိုရတာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ် အတွင်း ကျောင်းသစ်များ တည်ဆောက်ခြင်း၊ ပြိုပျက်နေသော ကျောင်းဟောင်းများကို ပြန်လည် ပြုပြင်ခြင်း၊ လိုအပ်နေသော ကျောင်းသုံး ပရိဘောဂများကို ဖြည့်ဆည်းခြင်း၊ အိမ်သာများ တည်ဆောက်ခြင်းတို့ကို ဦးစားပေးအဆင့်ဖြင့် ပြည်နယ် အစိုးရက ဆောင်ရွက် နေကြောင်း ၀န်ကြီးကဆိုသည်။

“ နောက်တော့ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ အခုကျွန်တော်တို့ ပြောတာက ကျောင်းဟောင်းတွေကို ဖြိုဖျက်လိုက်တဲ့ အတွက် ထွက်ကျလာတဲ့ သစ်တွေ၊ သွပ်ပြားတွေနဲ့ ဆရာ ဆရာမတွေ အတွက် အဆောင်တွေ ဆောက်လို့ မရဘူးလား။ အဲသလို ဆောက်မယ်ဆိုရင် ရွာသားတွေဆီကလည်း ကျခံ၊ ပြည်နယ် အစိုးရက ကုန်ကျစရိတ် ကျခံမယ်ဆိုရင် မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးတာတို့ရှိပါတယ်။ လုံးဝ ဆောက်ပေးမယ်လို့ အာမခံလိုက်ရင် အားလုံးက တောင်းလာရင် ပြသနာ ကြုံရနိုင်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ် အတွက် ပြည်ထောင်စု အစိုးရက ကျပ်ငွေ (၁၅) ဘီလျံ အပိုဘတ်ဂျက်ချပေးထားရာ ယင်းငွေဖြင့် ရေတွင်းရေကန်များနှင့် လမ်းတံတားတည်ဆောက်ရေးကို ပြည်ထောင်စု အစိုးရမှ ညွှန်ကြားချက်နှင့် အညီ ဦးစားပေး တည်ဆောက်နေကြောင်း၊ ပညာရေးအတွက် ဘတ်ဂျက်ငွေမှာ ပြည်နယ် အစိုးရသို့ ခွင့်ပြုထားပြီ ဖြစ်သဖြင့် ယခု ချပေးသော (၁၅) ဘီလျံမှ ငွေဖြင့် ပညာရေး ကဏ္ဍအတွက် သုံးစွဲ၍ မရနိုင်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

ပေါက်တောမြို့နယ် ကျေးရွာ တစ်ခုတွင် တာဝန် ထမ်းဆောင်နေသော ဆရာမ နွယ်ကလည်း ဆရာ ဆရာမများအတွက် နေအိမ်အဆောင်များ မရှိသဖြင့် အခက်တွေ့နေရပုံကို ယခုလို ပြောဆိုသည်။

“ ဆရာ ဆရာမတွေအတွက် ရွာတွေမှာ ၀န်ထမ်းအိမ်ရာတွေ မရှိတဲ့ အတွက် အထူးအခက်အခဲရှိပါတယ်။ နယ်မှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေအတွက် အဓိက အခက်အခဲက ဆရာ/ ဆရာမတွေအတွက် အဆောင်မရှိတဲ့ ပြသနာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆရာမတွေအနေနဲ့ တစ်ခြားမိသားစုတွေနဲ့ ရောနှောနေထိုင်ရတဲ့ အတွက် အထူး ဒုက္ခရောက်ကြရပါတယ်။ နောက်လာမယ့် နှစ်မှာလည်း ဘယ်မှာ တည်းခိုနေထိုင်ရမယ်ဆိုတာတောင် မသိရသေးပါဘူး” ဟု ဆိုသည်။

ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာမှ အမည် မဖေါ်လိုသူ ဆရာတစ်ဦးမှလည်း ဒေသခံ ကျေးရွာသားများ၏ အိမ်တွင်နေထိုင်ရသဖြင့် ကျောင်းသင်ခန်းစာများကို ကြိုတင် မလုပ်နိုင်ခြင်း၊ အိမ်ငယ်၍ ကျောင်းသားကျောင်းသူများကို အခါအားလျော်စွာ စာသင်ပြရန် ခက်ခဲခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် နွေးနွေးထွေထွေး မနေနိုင်ခြင်း၊ ရေချိုး၊ အိမ်သာတက်ရာမှ အစ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသဖြင့် ဆရာ/ ဆရာမများအတွက် အစိုးရမှ  အဆောင်များ သီးသန့် ဆောက်လုပ်ပေးနိုင်ပါက အထူးသင့်တော်ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားသည်။

နိရဉ္စရာ 

ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့ လိုပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့လိုပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း မှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက် လုပ် ပေးရန်  အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သည်ဟု သိရသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများ သဘောထား ကွဲလွဲမှုများ ရှိလာ



Photo: ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများ သဘောထား ကွဲလွဲမှုများ ရှိလာ
Sunday, November 23, 2014

ဟောင်ကောင်၊ နိုဝင်ဘာ၂၃။ ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များသည် ထိုင်သပိတ် ဆင်နွဲမှုများနှင့် လမ်းများအား ပိတ်ဆိုခြင်း များကို   နှစ်လနီးပါးခန့် ပြုလုပ်ခဲ့ပြီးနောက် ပြည်သူများ၏ ထောက်ခံမှုများ လျော့ကျ လာပြီး နောက်ပိုင်းတွင် ဆန္ဒပြ တိုက်ပွဲများကို ဆက်လက် လုပ်ဆောင်သွားခြင်း သို့မဟုတ် နောက်ကြောင်း ပြန်ဆုတ်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ သဘောထားများ ကွဲလွဲလျက် ရှိသည်။

ဆန္ဒပြသူ များနှင့် အစိုးရအဖွဲ့ တို့အကြား ဆွေးနွေးမှု မျှော်လင့်ချက်များ မရှိသလောက် ဖြစ်နေပြီး နိုဝင်ဘာ ၁၉ ရက်က ဟောင်ဟောင် ဥပဒေပြု လွှတ်တော် ရုံးဝင်ပေါက်ကို ရိုက်ချိုးမှုများက ဟောင်ကောင် မြို့တွင် ဆိုးရွားသော ဖြစ်ရပ်များကို ဖြစ်ပေါ်စေ ခဲ့သည်။ ကျောင်းသား ခေါင်းဆောင်များက ပေကျင်းသို့ သွား ကာ တရုတ်အာဏာပိုင် များအား လွှတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရေး အတွက် တောင်းဆိုမှုများ ပြုလုပ်မှုသည် ပြည်သူလူထု အမြင်ကို ပြောင်း လဲရန် အနည်းငယ်သာ လုပ်ဆောင် နိုင်ခဲ့သည်။

"အများစုက ယင်းလုပ်ဆောင်ချက် အပေါ် ဆန့်ကျင်ခဲ့ ပါတယ်။ သူတို့တွေရဲ့ တောင်းဆိုမှု တွေဟာ လက်ခံနိုင်တဲ့ အရာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း အနှောင့်အ ယှက်များ ဖြစ်ပေါ်ခဲ့ ပါတယ်"ဟု မျိုးရိုးအမည် မိုဟုခေါ်သည့် အသက် ၆၅ နှစ် အရွယ် ဥယျဉ်မှူး က အက်ဒ်မီရာလ်တီ ခရိုင် အဓိက ဆန္ဒပြ နေရာ အနီးရှိ ဥယျဉ် အတွင်း ပန်းပင်များကို ရေဖြန်းနေစဉ် ပြောကြားခဲ့သည်။ "ဒီကိစ္စကို ဆောင်ရွက်တဲ့ နေရာမှာ လုပ်စရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပြည်သူတွေဟာ အသက်ရှင် နေထိုင်မှု အတွက် လုပ်ဆောင် နေရတယ်။ ကျွန်တော် အနေနဲ့ အများကြီး မသိပေမဲ့ ပြည်သူ အများအပြားဟာ ကျွန်တော်နဲ့ သဘောထားချင်း တူ ပါလိမ့်မယ်"ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ဒေသခံများ၏ အားမလို အားမရ ဖြစ်မှုများ တိုးပွားလာမှုက ဆန္ဒပြသူများ အပေါ် ထောက်ခံမှုများ ကျဆင်းလာခဲ့ပြီး ဟောင်ကောင် တက္ကသိုလ်တွင် ပြည်သူ ၅၁၃ ဦးကို မဲကောက် ယူမှု ပြုလုပ် ခဲ့ရာ ၈၃ ရာခိုင်နှုန်းက သိမ်းပိုက်မှု များကို အဆုံး သတ်ရန် အလို ရှိကြောင်း ယခုသီ တင်းပတ်က ပြောကြား ခဲ့ပြီး ၆၀ ရာခိုင်နှုန်းက အစိုးရ အဖွဲ့သည် ဆန္ဒပြ နေရာများကို ရှင်းလင်းမှုများ လုပ်ဆောင်သင့်ကြောင်း ပြောကြား ခဲ့သည်။ ဟောင်ကောင် တရုတ် တက္ကသိုလ်က ပြီးခဲ့သည့် လက အလားတူ လေ့လာမှုများကို ပြုလုပ်ခဲ့ရာ ဖြေကြားသူ ၈၀၂ ဦး အနက် ၃၅ ဒသမ ၅ ရာခိုင်နှုန်းက သိမ်းပိုက်မှု များကို ဆန့်ကျင်ကြောင်း ဖော်   ပြ ထားသည်။

Ref: AFP
Mizzima - News in Burmese 

ဟောင်ကောင်မြို့အက်မာရယ်တီရပ်ကွက်ရှိ ဆန္ဒပြသူများကို နိုဝင်ဘာ ၂၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဟောင်ကောင်မြို့အက်မာရယ်တီရပ်ကွက်ရှိ ဆန္ဒပြသူများကို နိုဝင်ဘာ ၂၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဟောင်ကောင်၊ နိုဝင်ဘာ၂၃။ ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များသည် ထိုင်သပိတ် ဆင်နွဲမှုများနှင့် လမ်းများအား ပိတ်ဆိုခြင်း များကို   နှစ်လနီးပါးခန့် ပြုလုပ်ခဲ့ပြီးနောက် ပြည်သူများ၏ ထောက်ခံမှုများ လျော့ကျ လာပြီး နောက်ပိုင်းတွင် ဆန္ဒပြ တိုက်ပွဲများကို ဆက်လက် လုပ်ဆောင်သွားခြင်း သို့မဟုတ် နောက်ကြောင်း ပြန်ဆုတ်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ သဘောထားများ ကွဲလွဲလျက် ရှိသည်။

အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး

Photo: အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး
Sunday, November 23, 2014

အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။

ခါလစ်မိုဟာမက်ဟာ လက်ရှကာအီးတိုင်ဘာ အကြမ်းဖက်အဖွဲ့ ဝင်တွေနဲ့အတူ စစ်သွေးကြွတွေကို မြန်မာနိုင်ငံ ထဲမှာ သင်တန်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ သူ့အိမ်ကိုရှာဖွေတဲ့အခါမှာ အူရဒူဘာသာနဲ့ ရေးထားတဲ့ ဖေါက် ခွဲရေးနည်းပညာတွေကို ကွန်ပျူတာမှတ်တမ်းထဲကနေတွေ့ရပြီး၊ ဒီနည်းပညာတွေကို မြန်မာ နယ်စပ်က စစ်သွေး ကြွစခန်းတွေမှာပြုလုပ်တဲ့ ၁၅ ရက် သင်တန်းတွေမှာ ပို့ချခဲ့တယ်လို့ဆိုပါတယ်။ထောက်လှမ်းရေးဌာနရဲ့ ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ သူဟာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့  မြန်မာ ၄ နိုင်ငံကို သွားလာနေခဲ့တယ် လို့ သိရပါတယ်။

ခါလစ်မိုဟာမက်ဟာ စစ်သွေးကြွအဖွဲ့ဝင် အယောက် ၄၀ ကို ၈ ကြိမ်ခွဲပြီး သင်တန်းပို့ချခဲ့တယ်လို့ ဝန်ခံထွက်ဆို တဲ့အကြောင်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိတစ်ဦးကပြောပါတယ်။ဒါ့အပြင် ကရာချိမြို့ပြင်နဲ့ ဆော်ဒီအာရေး ဗီယားမှာ အခြေစိုက်ထားတဲ့ ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေအမြောက်အများရခဲ့တယ်လို့  ခါလစ်မိုဟာမက်က ထွက်ဆိုတဲ့အကြောင်းနဲ့  အဲဒီငွေတွေကိုဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ခဲ့တဲ့အကြောင်း၊ Viber, WeChat, Tangoe နဲ့  Skype တို့ကနေတဆင့် သူ့အဖွဲ့တွေကို ဆက်သွယ်ခဲ့တဲ့အကြောင်း သိရတယ်လို့ဆိုပါတယ်။

သူ့ကို ပထမဆုံးစည်းရုံးခဲ့သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အက်ဗ်ဒူရာမန် ဆိုသူဖြစ်ပြီး၊ အဲဒီပုဂ္ဂိုလ်က လက်ရှကာ အီးတိုင်ဘာအဖွဲ့ ဝင်တွေဖြစ်တဲ့ အလီနဲ့  ဟေဒါဆိုသူ နှစ်ဦးနဲ့ သူ့ကို ထပ်မံမိတ်ဆက်ပေးခဲ့သလို၊ အဲဒီနှစ်ယောက် နဲ့အတူ သင်တန်းတွေပေးဖို့  မြန်မာနယ်စပ်ကို သွားခဲ့တဲ့အကြောင်း ထွက်ဆိုတယ်လို့  အိန္ဒိယထောက်လှမ်းရေး ကပြောပါတယ်။ခါလစ်မိုဟာမက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အိန္ဒိယကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ ဒေလီ၊ လပ်နောနဲ့  ဂျမ်မူမြို့ တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဖို့သွားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။

ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

Photo: ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၄

ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။

မြန်မာ့တိုင်းရင်းဆေးအချို့မှာလည်း ဒူးရင်းသြဇာ၏ ဆေးဖက်ဝင်ပုံများကို လေ့လာဖတ်ရှုရပါတယ်။ တိုင်းရင်းဆေးအမျိုးမျိုးတို့မှာလည်း ဒူးရင်းသြဇာကို ထည့်သွင်း၍ ဖော်စပ်ထားကြပါတယ်။

ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ ရှိသမျှစည်းစိမ်အကုန်ခံပြီး ကုသကြပေမယ့် ရှိသမျှသာကုန်သွားမယ် နောက်ဆုံးတော့ လက်မြှောက်အရှုံးကြတာ များနေပါတယ်။ သို့သော် အနာသိလျှင် ဆေးရှိသည်ဆိုသလို အနာဆိုတာကလည်း ကုသလို့ရသည့် အချိန်နှင့် ကုလို့မရတော့သည့် အချိန်၊ အနာလွန်၊ အနာကျွမ်းချိန်ဆိုတာမျိုး ရှိနေတာမို့ ရောဂါမကျွမ်းခင် ကိုယ်ကဦးအောင် အရင်ကုသနိုင်လျှင် ပျောက်ကင်းနိုင်သည့် သာဓကများ ရှိနေပါတယ်။

အမေရိကားမှ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ကျန်းမာရေးမကြာခဏ ချို့ယွင်းလာသလို ခံစားရတဲ့အတွက် နာမည်ကြီး ဆေးရုံတစ်ခုမှာ ဆေးစစ်ကြည့်ရာ အစာအိမ်မှာ ကင်ဆာရောဂါလက္ခဏာများ စဖြစ်နေပြီလို့ ဆရာဝန်က စိတ်မကောင်းစွာ ဖွင့်ဟပါတယ်။ သို့သော်လည်း ကုလို့မရတော့တဲ့ အဆင့်လွန်များ မဟုတ်သေးပဲ အခုမှ Cancer Sign များ စတင်ပြလာတာမို့ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ကြောင်း သိရတဲ့အတွက် ကင်ဆာဆရာဝန်များနှင့် ဆွေးနွေးကြည့်ပါတယ်။

ကင်ဆာဆေးဝါးများဟာ အင်မတန်ဈေးကြီးနေသည့်အတွက်
ပျောက်ကင်းသည့်အထိ ကုသမှုခံယူဖို့ သာမန်ဝန်ထမ်းသမားသူမအတွက် ဘယ်လိုမှ အဆင်ပြေတာကြောင့် သဘာဝဆေးမြီးတိုနည်းဖြင့် အရင်ကုသရန် ဆေးနည်းများကို လေ့လာပါတော့တယ်။
ဆေးနည်းများစွာထဲမှ လွယ်ကူပြီး ထိရောက်တဲ့ ဆေးနည်းတစ်ခုကို
တွေ့ရသည့်အတွက် ဆေးဆရာကြီးများ၊ ဆရာဝန်များနှင့် ထပ်မံတိုင်ပင်ပြီး ကုသကြည့်ခဲ့ပါတယ်။

၎င်းအမျိုးသမီးကလည်း ဆေးဆရာကြီးများ၏ လမ်းညွန်ချက်အတိုင်း လိုက်နာပြီး သဘာဝဆေးနည်းဖြင့် ကုသလာခဲ့ရာ ယခုဆိုလျှင် ကင်ဆာလက္ခဏာများ ပျောက်ကင်းနေပြီဖြစ်ကြောင်း သူမ၏ ကိုယ်တွေ့ကို အများသိအောင် မျှဝေထားပါတယ်။

ဆေးသောက်ရန် အညွန်း-

(၁) ဒူးရင်းသြဇာ၏ အရွက်ခပ်သန့်သန့် ၁၅ ရွက်ခန့်ကို ရေ ၈ ခွက်ဖြင့် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် ကျိုလိုက်ပါ။

(၂) ၄င်းဆေးပြုတ်ရည်ကို တစ်နေ့ ၃ ကြိမ် (မနက်၊ နေ့၊ ည) တစ်ခွက်စီ သောက်ပါ။

(၃) တစ်ပတ်တိတိ တစ်နေ့ ၃ ကြိမ်သောက်ပြီးပါက တစ်နေ့ ၁ ခွက်သာ တစ်လခန့်ထိ ဆက်၍ သောက်သွားနိုင်ပါတယ်။

(၄) ဒူးရင်းသြဇာအသီးကိုလည်း မကြာခဏ စားပေးနိုင်ပါတယ်။ အသီးရဲ့ အရသာကတော့ ချဉ်ပြုံးပြုံးလေး ရှိပါတယ်။

ဒူးရင်းသြဇာသီးသည် အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စတဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပြီး ဆေးဖက်ဝင် သဘာဝအသီးတစ်ခုမို့ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်များ ရောဂါကင်းဝေးပြီး သက်တမ်းပြည့်တဲ့အထိ ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ
ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။

ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်

Photo: ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်
Sunday, November 23, 2014

ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

Kenya Attackအယ်ရှာဘတ်အဖွဲ့ဝင်တွေဟာ မန်ဒီရာဆိုတဲ့ မြို့အပြင်ဘက်မှာ  နိုင်ရိုဘီသွားတဲ့ ကားကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ ဆိုမာလီယားနဲ့ အီသီယိုးပီးယား နယ်စပ်မှာ ရှိပါတယ်။

မွတ်စလင် မဟုတ်သူတွေကို ဒီလို သတ်ဖြတ်တာဟာ မွမ်ဘာစာ မြို့က ဗလီကို ရဲတွေ ၀င်စီးခဲ့တာကို လက်စားခြေတာလို့လည်း အယ်ရှာဘတ်အဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပင်လယ်ကမ်းခြေမြို့မှာ ရဲအဖွဲ့ဟာ ဗလီ လေးလုံးကို ၀င်စီးခဲ့ပြီး လူ ၁ ဦးကို သေနတ်နဲ့ပစ်သတ်ပြီး အယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဗလီတွေဟာ စစ်သွေးကြွ စုဆောင်းရာ နေရာ၊ လက်နက်တွေ ၀ှက်ထားရာ နေရာတွေဖြစ်နေတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ လိုင်းကား တိုက်ခိုက်ခံရမှုမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦး အသတ်ခံရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကင်ညာ စစ်တပ်ကလည်း မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေးတွေကို စတင်လိုက်ပြီး အယ်ရှာဘတ်စခန်းတွေလို့ ယူဆရတဲ့နေရာတခုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

တရားခံတွေကို ဖမ်းမိတဲ့အထိ စစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အယ်ရှာဘတ်အဖွဲ့ဟာ မနှစ်တုန်း နိုင်ရိုဘီမြို့က ၀က်ဂိတ် ဈေးဝယ်ကုန်တိုက်ကိုလည်း တိုက်ခိုက်ခဲ့ပြီး လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ
ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်

Photo: စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်
Sunday, November 23, 2014

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး ကိစ္စလည်း သူဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။ နိုင် ငံတော်အစိုးရအစီအစဉ်နဲ့ အာမခံတင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပဒေရေးရာအရတော့ ထိုင်းရှေ့နေများကောင်စီက စာတင်ရမှာပါ။ ကလေးတွေ ထွက်မပြေးကြောင်းတို့၊ အမှုချိန်း မှန်မှန်လာဖို့ ဆိုတာတို့ သူတို့ ရေးမှာပါ။”

လူငယ် ၂ ဦးကို အာမခံနဲ့ထုတ်ဖို့ ဒီအပတ်ထဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အာမခံကြေးပေးဖို့ကိစ္စ၊ တရားရုံးတင်မယ့်ကိစ္စ၊ မြန်မာလူငယ် ၂ ဦးကို အကျဉ်းထောင်က ထုတ်ဖို့ကိစ္စတွေကိုတော့ မြန်မာသံရုံးကဖွဲ့ထားတဲ့ အထူးအဖွဲ့က လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာလူငယ်  ၂ ဦး အာမခံလျှောက်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး  စွပ်စွဲဖမ်းဆီးခံထားရတာပါ။

DVB 

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ

Photo: ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ
Sunday, November 23, 2014

မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက်ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

ဒီကနေ့ မွန်းလွဲ တစ်နာရီကနေ စစ်တွေမြို့ ဝင်္ကပါကွင်းမှာ စုရပ်လုပ်ပြီး သံဃာတော်နှင့် လူပေါင်း ထောင်နဲ့ချီဟာ တစ်နာရီ ဝန်းကျင်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတွေဆီကနေ သိရှိရပါတယ်။ အလားတူ မောင်တောနဲ့ မင်းပြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေက ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံမှာ မရှိဘူးဆိုတဲ့ အသုံးအနှုန်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့တာဟာ မြန်မာအစိုးရနဲ့ ပြည်သူတွေကို မလေးစားရာ ရောက်တယ်လို့ မောင်တောမြို့မှာ ဆန္ဒပြရတဲ့အကြောင်းကို ရခိုင်လူမှုကွန်ယက်အဖွဲ့က ဦးမောင်ကျော်ဝင်းက ရှင်းပြပါတယ်။

“ပြည်တွင်းအရေးကို ဝင်ရောက် စွက်ဖက်တာ။ ရည်ရွယ်ချက်ရှိရှိ သုံးသွားတယ်လို့ ထင်တယ်။ ဒါကို လုံးဝ မကျေနပ်လို့ အခုလို ဆန္ဒပြရခြင်း ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုမယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်လို့ ဆန္ဒပြမယ့် အစီအစဉ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ စတဲ့အဖွဲ့ပေါင်း ၄၀ကျော်က လူပေါင်း ၂၀၀ကျော် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

ဆန္ဒပြတဲ့နေ့မှာ ဘန်ကီမွန်း ပြောဆိုချက်ကို ကန့်ကွက်ကြောင်း အပါအဝင် အချက်လေးချက် ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်တွေနဲ့ ဘန်ကီမွန်းဆီသို့ ပေးပို့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ စစ်တွေမြို့ မြို့မိမြို့ဖဖြစ်တဲ့ ဦးဦးသာပွင့်က The Voice သို့ ပြောဆိုထားပါတယ်။

The Voice Weekly
မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက် ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

ကချင်တွင် နှစ်ဖက်တပ်နေရာများ ရုပ်သိမ်းရေး ပွင့်လင်းစွာ ဆွေးနွေးရမည်ဟုဆို

လိုင်ဇာရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်အနီး ဖြန့်ကြက်ထား သည့် တပ်မတော် စစ်စခန်း များ ရုပ်သိမ်းပေးရန် ကေအိုင်အိုက တောင်းဆိုထားရာ နှစ်ဖက်တပ်များချထားရေးအတွက် အပစ်အခတ် ရပ်စဲရေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်

Photo: အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်
Saturday, November 23, 2014

အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်ရှင်များအနေနှင့် အဆိုပါ ဝက်ဘ်ဆိုက်သို့ မှတ်ပုံတင်လိုပါက နီးစပ်ရာ အလုပ်သမားရုံးများတွင် လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ဖြည့်ကာ အခမဲ့ ဝင်ရောက်နိုင်ပြီး အလုပ်သမားများ အနေနှင့်မူ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကိုယ်ရေးအကျဉ်းကို ဖြည့်ကာ မှတ်ပုံတင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို ရေးဆွဲသည့် Trust Link ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသူရိန်ထွန်းက ပြောကြားသည်။

အလုပ်လျှောက်ထားလိုပါက လျှောက်ထားရန်ဆိုသည့် နေရာကို နှိပ်လိုက်ရုံဖြင့် အလုပ်ရှင်ထံသို့ လျှောက်လွှာရရှိသွားမည် ဖြစ်ပြီး အလွယ်တကူ အလုပ်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“အလုပ်သမားတွေအနေနဲ့ အလုပ်သမား ရှာဖွေရေးရုံးကို သွားစရာ မလိုတော့ဘူး။ အလုပ်ရှင်တွေကလည်း ဝက်ဘ်ဆိုက်မှာတင် လိုအပ်တဲ့ အလုပ်ကို တင်လို့ရတယ်” ဟု ဦးသူရိန်ထွန်းက ဆိုသည်။

အဆိုပါ အင်တာနက်စာမျက်နှာကို ဝင်ရောက်လိုပါက www.myanmarjob.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly
အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်

Photo: သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်
Sunday, November 23, 2014

 ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

‘‘ရန်ကုန်မြို့က လမ်းတွေက တချို့နေရာတွေက ကျဉ်းတယ်။ ကျောင်းချိန်ရောက်ပြီ ဆိုတာနဲ့ ကျောင်းကားတွေရော အိမ်ကား တွေပါ လမ်းပေါ်မှာ ရပ်ချင်သလို ရပ်တယ်။ ယာဉ်ထိန်းရဲလည်း မဖမ်းရဲဘူး။ ကျောင်းကားဆိုရင် တော့ ကားအစီးရေနည်းသွားမှာ ဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှု လည်း နည်းသွားမယ်။ ဒီအတွက် ကျောင်းတွေမှာ လိုက်ပြီးတော့ ပြောပြနေတာပါ’’ဟု ၎င်းကပြော သည်။ကျောင်းကားများစတင်ပြေး ဆွဲသည့်ကျောင်းများတွင်  တစ်ဦးချင်းစီ သီးသန့်ကြိုသည့် အိမ် ကားများကို လာကြိုခွင့်ပြုတော့ မည်မဟုတ်သည့်အပြင် အပြင် ကြိုပို့ကားများ အသစ်လဲပြီး သတ် မှတ်ဘတ်စ်ကားများ တင်သွင်းရ မည်ဖြစ်သည်။

ကျောင်းကားများ လဲလှယ် ရာတွင်လည်း အနည်းဆုံး ၂၅ ဦးစီးနိုင်သည့် ကားများဖြင့် အစား ထိုးနိုင်ရန် စီစဉ်ထားကြောင်း ထို ကားများ မှာယူတင်သွင်းရာတွင် လည်း မူလပြေးဆွဲနေသည့် ကျောင်းကားများကို ဦးစားပေး မည်ဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း လုံခြုံရေးသင်တန်း ပေးသွားရန် ရှိကြောင်း သိရသည်။

‘‘ဆရာမကြီးကတော့ ကျွန် တော်တို့ ကားသမားတွေကို ခေါ် ပြောတယ်။ လာမယ့်နှစ်တော့ ကျွန်တော်တို့ ကျောင်းကားတွေ ကို ပေးမဆွဲတော့ဘူး။ ကား အသစ်တွေနဲ့ လဲလှယ်ဆွဲရမယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကားတွေ ခုချိန်ရောင်းရင် ပိုက် ဆံသိန်းလေးငါးဆယ်ပဲရမှာလေ။ ပြန်ဝယ်ရမယ့် ကားတွေက သိန်း နှစ်ရာကျော် ဈေးပေါက်တယ်။ ဘယ်လိုသွားဝယ်မလဲ။ ပြီးတော့ လစာကိုလည်း ကျောင်းက သတ် မှတ်ပေးတဲ့ ဈေးနဲ့ မောင်းရမှာ’’ဟု အထက(၂) ကမာရွတ်တွင် ကျောင်းကားမောင်းသူတစ်ဦးက ပြောသည်။

ကျောင်းတစ်ကျောင်းတည်း တွင် မနက်၊ ညနေ ပြေးဆွဲသော ကားများမှာ တစ်လလျှင် ကျပ်ခြောက်သိန်းနီးပါးရရှိပြီး နံနက်၊ နေ့လယ်၊ ညနေလိုက်သည့် ကျောင်းကားဝင်ငွေသည် ကျပ်ဆယ်သိန်းအထက်တွင် ရှိသည်။ သို့သော် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဆီဖိုး၊ ကားပြင်ဆင်စရိတ်များအတွက် ကုန်ကျမှုများရှိ သည်ဟု ကျောင်းကားပိုင်ရှင်များ က ဆိုသည်။

‘‘ကျောင်းကားတွေကို ဒီလို လုပ်မယ်ဆိုရင်တော့ ကောင်း တယ်။ ဒါပေမဲ့ ကွက်ကျားမိုးတော့ မရွာစေချင်ဘူး။ ဘယ်သူ့မြေးမို့လို့၊ ဘယ်သူ့သားမို့ သူတို့ကားတွေ လာကြိုခွင့်တော့ရတယ် ဆိုတာမျိုးပေါ့ဗျာ။ ကျောင်းသား တိုင်း ကားစီးရမယ်ဆိုရင် အကုန် လုံးလုပ်ပါ။ ဒဂုံ(၁)ရဲ့ ကျောင်း ဆင်း၊ ကျောင်းတက်ချိန်ဆို မြင် ဖူးတယ်ရှိအောင် လာကြည့်ပါ။  ကားတွေပိတ်လို့ မြို့ထဲ ဘယ်အချိန်ရောက်လဲဆိုတာ သွားဖူးသူတိုင်းသိတယ်’’ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ ကိုညီညီက ပြောသည်။ ကျောင်းဆင်းချိန်တွင် ကျောင်းကားများထက် အိမ်ကား များကပိုမိုများပြားပြီး တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် လာကြို သည့် မိဘများလည်းရှိကြောင်း လာကြိုသည့် ကားများသည် လမ်းမပေါ်တွင် နှစ်ထပ်၊သုံးထပ် ပိတ်ဆို့ရပ်တန့်နေပြီး လာရောက် ဖမ်းဆီးသည့် ယာဉ်ထိန်းရဲများ လည်း မတွေ့ရကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူအချို့က ပြောသည်။

ယခုအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ဆွေးနွေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျောင်းကားပိုင်ရှင်များနှင့် ယာဉ် မောင်း၊ ယာဉ်နောက်လိုက်အများ စုမှာ ပြောင်းလဲမည့်အစီအစဉ်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်သွား ရန် စီစဉ်နေကြောင်း သိရသည်။

7Day DAILY 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ

 ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများ ပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေ ကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

ယာဉ်မရပ်ရလမ်းမကြီးများ သတ်မှတ်သည့်စနစ်ကြောင့် လမ်းသွယ်များတွင် ယာဉ်များဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့၍ နေထိုင်သူများ တိုင်ကြား

Photo: ယာဉ်မရပ်ရလမ်းမကြီးများ သတ်မှတ်သည့်စနစ်ကြောင့် လမ်းသွယ်များတွင် ယာဉ်များဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့၍ နေထိုင်သူများ တိုင်ကြား
Saturday, November 23, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရလမ်းများ သတ်မှတ်၍ ယာဉ်ရပ်နားမှုကို ကန့်သတ်သည့်စနစ်ဖြင့် လမ်းမများပေါ်တွင် ယာဉ်အနည်းငယ်ရှင်းသွားသော်လည်း လမ်းသွယ်များထဲတွင် ယာဉ်များဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့လာ၍ လမ်းသွယ်များတွင် နေထိုင်သူများက တိုင်ကြားမှုများရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
“ယာဉ်မရပ်ရလမ်းစနစ် သတ်မှတ်တဲ့အတွက် လမ်းမပေါ်မှာ ယာဉ်တွေရှင်းသွားတယ်။ ဒါပေမဲ့ အဲဒီစနစ်ကြောင့် လမ်းသွယ်တွေထဲမှာ ယာဉ်တွေဝင်ရပ်နားလို့ ပိတ်ဆို့တဲ့အတွက် အဲဒီလမ်းတွေထဲမှာ နေထိုင်တဲ့သူတွေက တိုင်ကြားမှုတွေရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အထောက်အကူပြုစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းရန် အဓိကလမ်းမကြီး ၃၇ လမ်းအား ယာဉ်မရပ်ရအဖြစ် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာတွင် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့သတ်မှတ်လိုက်ပြီး အဆိုပါလမ်းများတွင် ရပ်နားသည့်ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲယူကာ  ဒဏ်ငွေရိုက် အရေးယူခြင်းဖြစ်သည်ဟု သိရသည်။ သို့ဖြစ်၍ ယင်းလမ်းမများပေါ်တွင် ယာဉ်မရပ်တော့ဘဲ လမ်းသွယ်များအတွင်းသို့ ဝင်ရောက်ရပ်နားခြင်းကြောင့်  ပိတ်ဆို့ကာ ယင်းစနစ်မှာ အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။
 
“ကျွန်မတို့လမ်းထဲမှာ အရင် ကားအရမ်းမပိတ်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ကားတွေအရမ်းပိတ်လာတယ်။ အချိန်တော်တော်ကြာအောင် ပိတ်တာပါ။ ကျွန်မတို့ကားတောင်  အောက်မှာရပ်ဖို့နေရာမရှိဘူး။ တစ်နေ့လည်း မဟုတ်ဘူး။ နေ့စဉ်ရက်ဆက်လိုဖြစ်လာတာ။ အဲဒီလိုဖြစ်လာရတာ ယာဉ်မရပ်ရလမ်းတွေ သတ်မှတ်လိုက်ပြီးနောက်ပိုင်း ပိုဆိုးလာတာပါ။ အဲဒီအတွက် ဒီပြဿနာကို ဖြေရှင်းပေးဖို့ တင်ပြထားတယ်”ဟု ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
 
သို့သော် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ ယာဉ် မရပ်ရလမ်း ၂ဝ အားလည်းကောင်း၊ တတိယအကြိမ် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ၁ဝ လမ်းအားလည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် မေ ၆ ရက်တွင် ၁ဝ လမ်းအား လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် ဇွန် ၁ဝ ရက်တွင် ငါးလမ်း၊ ဆဠမအကြိမ်အဖြစ် နောက်ထပ်ခြောက်လမ်း ထပ်မံသတ်မှတ်ခဲ့ပြီး နောက်ဆုံးအဖြစ် နိုဝင်ဘာအတွင်း ယာဉ်မရပ်ရလမ်း ခုနစ်လမ်း ထပ်မံသတ်မှတ်လိုက်၍ ယာဉ်မရပ်ရလမ်း ၉၅ လမ်းအထိ ရှိလာပြီဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ လမ်းအတော်များများတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ မြို့ပြင်ရှိလမ်းအချို့ပင် ပါဝင်လာခဲ့သည်။
 
ယာဉ်မရပ်ရ သတ်မှတ်သည့်လမ်းများတွင် ခရီးသည်အတင်အချပြုလုပ်ရန်မှတစ်ပါး မည်သည့်ယာဉ်မျှ ရပ်နားခြင်းမပြုဘဲ ရပ်နားသည့်ယာဉ်များကို ကရိန်းဖြင့်ဆွဲယူကာ ဒဏ်ငွေဖြင့်အရေးယူကြောင်း၊ ယင်းစနစ် စတင်ခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၄ ခုနှစ်  စက်တင်ဘာနောက်ဆုံးပတ်အထိ  ယာဉ်အစီးရေ ၁၃၅ဝဝ ကျော်အရေးယူခဲ့ပြီး ဒဏ်ငွေ သန်း ၃၁ဝဝ ကျော်ရရှိခဲ့ကြောင်း၊  အရေးယူသည့် ဒဏ်ကြေးအနေဖြင့် ယာဉ်တစ်စီး ကျပ် ၂၅ဝဝဝ သာရှိသော်လည်း ကရိန်းဖြင့်ဆွဲယူခမှာ တစ်စီးကျပ် ၅ဝဝဝဝ နှင့်အထက် ပေးဆောင်ရ၍ ကရိန်းလုပ်ငန်း လုပ်ကိုင်သူများသာ ပိုမိုအကျိုးဖြစ်ထွန်းနေသည့်ပုံစံမျိုး ဖြစ်နေသည်ဟု သုံးသပ်သည်။
 
“ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်ဖြေရှင်းနိုင်တဲ့နည်းစနစ် မဟုတ်သေးဘူး။ တစ်ဖက်မှာ ကားပါကင်တွေ အလုံအလောက် မလုပ်ပေးနိုင်သေးဘဲနဲ့ ဒီလိုမျိုးကန့်သတ်လိုက်ရင် ဒီနေရာကနေရွှေ့ ဟိုနေရာမှာသွား ပိတ်နေဦးမှာပဲ”ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

Eleven Media Group 

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံလမ်း (အပေါ်) အတွင်း၌ ရပ်နားထားသော ယာဉ်များနှင့် ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံလမ်း(အပေါ်)အတွင်း၌ ရပ်နားထားသောယာဉ်များနှင့် ယာဉ်ကြော ပိတ်ဆို့ နေသည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရလမ်းများ သတ်မှတ်၍ ယာဉ်ရပ်နားမှုကို ကန့်သတ်သည့် စနစ်ဖြင့် လမ်းမများပေါ်တွင် ယာဉ်အနည်းငယ်ရှင်းသွားသော်လည်း လမ်းသွယ်များထဲတွင် ယာဉ်များ ဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့လာ၍ လမ်းသွယ်များတွင် နေထိုင်သူများက တိုင်ကြားမှုများ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မလေးရှားရောက် မြန်မာလုပ်သားများ အထောက်အထား ပြုလုပ်နိုင်ရေး အချိန်ခြောက်လ တိုးပေးရန် မြန်မာအစိုးရက မေတ္တာရပ်ခံ

Photo: မလေးရှားရောက် မြန်မာလုပ်သားများ အထောက်အထား ပြုလုပ်နိုင်ရေး အချိန်ခြောက်လ တိုးပေးရန် မြန်မာအစိုးရက မေတ္တာရပ်ခံ 
Sunday, November 23, 2014

မလေးရှားတွင် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများ တရားဝင် အထောက်အထား ရရှိရေး ပြုလုပ်ပေးလျက် ရှိရာတွင် အချိန်ခြောက်လခန့် ထပ်မံတိုးမြှင့်ခွင့်ပြုရန် မလေးရှားနိုင်ငံ အစိုးရသို့ မေတ္တာရပ်ခံထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်က UMFCCI တွင် ပြုလုပ်သည့် အလုပ်သမား ဝန်ကြီးဌာန၏ အလုပ်အကိုင်ရှာဖွေရေး အင်တာနက်စာမျက်နှာ မိတ်ဆက် အခမ်းအနားတွင် သတင်းထောက်များက မလေးရှားရောက် မြန်မာလုပ်သားများ ဖမ်းဆီးခံနေရမှုကို အစိုးရက မည်သို့ ဆောင်ရွက်နေသည်နှင့် ပတ်သက်သည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ သဘောတူညီချက် ရယူကာ ၂၀၁၄ ခုနှစ် မေလမှ တရားမဝင် မြန်မာလုပ်သားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထောက်အထား ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး တရားမဝင် လုပ်သားများ ဖမ်းဆီးနေစဉ် ကာလအတွင်း မလေးရှားနိုင်ငံ အစိုးရအဖွဲ့သို့ နိုဝင်ဘာလ ၂၀ ရက်နေ့က အထောက်အထား ပြုလုပ်ပေးချိန် တိုးပေးရန် မေတ္တာရပ်ခံထားခြင်း ဖြစ်သော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

ပြည်ပမှ တရားမဝင် ရောက်ရှိနေသည့် လုပ်သားများကို ဖမ်းဆီးရန် မလေးရှားနိုင်ငံ ဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်သဖြင့် မေတ္တာရပ်ခံစာသာ ပေးပို့၍ ရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“မြန်မာတင်မဟုတ်ဘူး။ ပြည်ပက တရားမဝင် ဝင်လာသူတွေကို ဖမ်းဆီးဖို့ သူတို့ကို ကြေညာထားတာပါ” ဟု ဦးဝင်းမြင့်က ဆိုသည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ဇန်န၀ါရီလမှ နိုဝင်ဘာလ ၁၇ ရက်အထိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၂၆,၇၈၅ ဦးနှင့် အလုပ်ရှင် ၄၅၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr. Ahmad Zahid Hamidi က မလေးရှား မီဒီယာများသို့ ပြောဆိုထားသည်။

The Voice Weekly

မလေးရှားတွင် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများ တရားဝင်အထောက် အထားရရှိရေး ပြုလုပ်ပေးလျက် ရှိရာတွင် အချိန်ခြောက်လခန့် ထပ်မံတိုးမြှင့်ခွင့်ပြုရန် မလေးရှားနိုင်ငံ အစိုးရသို့ မေတ္တာရပ်ခံထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

တရုတ်နိုင်ငံ စီချွမ် ပြည်နယ်တွင် အင်အား ၅ ဒသမ ၉ ရှိသော ငလျင် လှုပ်ခတ်

Photo: တရုတ်နိုင်ငံ စီချွမ် ပြည်နယ်တွင် အင်အား ၅ ဒသမ ၉ ရှိသော ငလျင် လှုပ်ခတ်
Sunday, November 23, 2014

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် နိုဝင်ဘာ ၂၂ ရက် အင်အား ၅ ဒသမ ၉ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့ လာရေး ဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ငလျင်ကြောင့် နှစ်ဦးထက်မနည်း သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိ သွားကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ သည်။

တောင်တန်းများရှိသည် ကန်ဒင်းပြည်နယ် အနောက်မြောက်ဘက် မြေအောက် ၃၉ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အဆောက် အအုံများ လှုပ်ခါသွားခဲ့သော်လည်း ပျက်စီးမှုပမာဏကို ထုတ်ပြန် ထားခြင်းမရှိသေးကြောင်း သိရသည်။

စီချွမ်ပြည်နယ်အတွင်းမှ ကန်ဒင်းဒေသတွင် နေထိုင်သူလူဦးရေ တစ်သိန်းခန့်ရှိပြီး အများစုသည် တိဘက် လူမျိုးများ ဖြစ်သည်။ငလျင်ကြောင့် ကွဲကျလာသည့် မှန်တစ်ချပ် ဦးခေါင်းကို ထိမှန်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး တစ်သီး သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရသူ ၆၀ ခန့်ကို ဂန်ဇီဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး သုံးဦးသည် ဒဏ်ရာ ပြင်းထန်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

ငလျင်ဗဟိုဖြစ်ခဲ့သည့် တာဂေါင်းမြို့တွင် ငလျင်လှုပ်ခတ်အပြီး ထွက်ပြေးကြရမှ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသား ၄၂ ဦးခန့် ဒဏ်ရာ ရရှိ သွားကြောင်း သိရသည်။ ငလျင်ဒဏ် ခံခဲ့ရသူ ၅၅၀၀၀ ဦးခန့်ရှိခဲ့ကြောင်း ပြည်သူ့ရေးရာဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ငလျင်လှုပ်ခတ်အပြီး အဆောင်တစ်ခု၏ ပြိုကျသွားသော နံရံအား ဖုန်းဖြင့် ရိုက်ကူးထားပုံ။ ဓာတ်ပုံ - AFP

ငလျင်လှုပ်ခတ်အပြီး အဆောင်တစ်ခု၏ ပြိုကျသွားသော နံရံအား ဖုန်းဖြင့် ရိုက်ကူးထားပုံ။ ဓာတ်ပုံ - AFP

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် နိုဝင်ဘာ ၂၂ ရက် အင်အား ၅ ဒသမ ၉ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ငလျင် ကြောင့် နှစ်ဦးထက်မနည်း သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိသွားကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ သည်။

လက်နက်ကြီးထိမှန် သေဆုံးသူများအတွက် မြစ်ကြီးနားတွင် သုံးရက်ကြာ ဆုတောင်းပွဲပြုလုပ်

Photo: လက်နက်ကြီးထိမှန် သေဆုံးသူများအတွက် မြစ်ကြီးနားတွင် သုံးရက်ကြာ ဆုတောင်းပွဲပြုလုပ်
Sunday, November 23, 2014

အစိုးရတပ်မတော် က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ကေအိုင်အေ ဗိုလ်သင် တန်းကျောင်းမှ သေဆုံးသွားသူ များအတွက် ဆုတောင်းဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို မြစ် ကြီးနားမြို့တွင် သုံးရက်တာပြု လုပ်ကြောင်း သတင်းရရှိသည်။

မေတ္တာပို့ ဆုတောင်းပွဲကိုမြစ်ကြီးနားမြို့ မနောကွင်းတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အ ထိ ဘာသာရေးခေါင်းဆောင်များ နှင့် လူငယ်များ စုပေါင်း၍ ဦး ဆောင်ကျင်းပခဲ့ကြပြီး နေ့စဉ်ဆု တောင်းပွဲသို့ တက်ရောက်သူမှာ သုံးထောင် ကျော် ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် မြစ်ကြီးနားဇုန်နယ် တာဝန်ခံ ဆရာလွမ်အောင်က ပြောသည်။

‘‘သေဆုံးသွားသူများရဲ့ မိသားစုဝင်များနဲ့ ထပ်တူဝမ်းနည်းတဲ့အတွက် အခုလို ဆုတောင်းမေတ္တာပို့တဲ့ အစီအစဉ် လုပ်တာပါ။ ပြီးတော့ လိုင်ဇာမှာ ရှိနေတဲ့ ပြည်သူတွေလည်း မမျှော်လင့်ဘဲ အခုလို ဖြစ်သွားတော့ သူတို့လည်း စိုးရိမ်နေ ကြတယ်။ ဒါတွေအားလုံးကို ဘုရားသခင်ဆီ ဆုတောင်းခွန်အားယူတဲ့ အစီအစဉ် ပါ’’ဟု ဆရာလွမ်အောင်က ပြောသည်။ အဆိုပါ ဆုတောင်းပွဲအစီ အစဉ်တွင် သေဆုံးသွားသော ဗိုလ်လောင်း သင်တန်းသားများ ကို အလေးပြုသည့် အစီ အစဉ် လည်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သည့် အစီ အစဉ်ကို မြစ်ကြီး နား မြို့ မနော ကွင်းတွင် သာမက ကချင်ပြည် နယ်အနှံ့၊ ရန်ကုန်မြို့မှ အချို့ အဖွဲ့ အစည်းများ၊ နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းမှလည်း အသီး သီးပြုလုပ်ခဲ့သည်။

7Day Daily 

ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ (ဓာတ်ပုံ− မရန်)
ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ (ဓာတ်ပုံ− မရန်)
အစိုးရတပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်သင် တန်းကျောင်းမှ သေဆုံး သွားသူများအတွက် ဆုတောင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို မြစ်ကြီးနားမြို့တွင် သုံးရက်တာပြု လုပ်ကြောင်း သတင်းရရှိသည်။

ဒုသမ္မတနေရာ အမည်စာရင်းသွင်းခံရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မည်သူ့ကိုမဆို ယှဉ်ပြိုင်မည်ဟု ဦးရွှေမန်းပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒုတိယသမ္မတနေရာ အမည်စာရင်းတင်သွင်းခံရရန် ဒေါ် အောင်ဆန်းစုကြည် အပါအ၀င် မည်သူနှင့်မဆို ပြိုင်ဆိုင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းကပြောသည်။

ရိုဟင်ဂျာဟု သုံးနှုန်းသည့် ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်

Photo: ရိုဟင်ဂျာဟု သုံးနှုန်းသည့် ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်
Sunday, November 23, 2014

ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဟုပြောဆို သုံးနှုန်းမှုအပေါ် စစ်တွေမြို့လူထုက နိုဝင်ဘာ ၂၃ရက် တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ရှိ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များကပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၂နာရီမှစတင်ကာ စစ်တွေမြို့၏ အချက်အချာ နေရာများဖြစ်သည့် ဦးဥတ္တမလမ်းမကြီးတစ်လျှောက် တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဟု ရခိုင်ပြည်နယ် လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များအသင်းမှ ဆရာတော်ဦးကေ သာရကမိန့်ကြားသည်။

မစ္စတာဘန်ကီမွန်းအား ဆန္ဒထုတ်ဖော်ရခြင်း နှင့်ပတ်သက်၍ စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်း ထွန်းက ''ဘန်ကီမွန်းလို လူတစ်ယောက်က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး၊ ပြည်နယ်ဝန်ကြီးချုပ်စတဲ့ တာ ဝန်ရှိသူ အကြီးအကဲအားလုံးက မြန်မာနိုင်ငံမှာမရှိပါ ဘူးလို့ပြောထားတဲ့ လူမျိုးနာမည်လိမ်ကို သူ့ပါးစပ်ကနေ မြန်မာပြည်ထဲကိုလာပြီး ထုတ်ဖော်ပြောလိုက်တာဟာ သူ့ရဲ့သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တာပဲ''ဟုပြောသည်။

ကုလအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း က ရိုဟင်ဂျာဟုေ ပြောဆိုသုံးနှုန်းလိုက်ခြင်းမှာ တည်ငြိမ်စ ပြုနေသည့် ရခိုင်ပြည်နယ်၏ အနေအထားကို ပြန်လည် ယိုယွင်းစေနိုင်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

''စစ်တွေက ရခိုင်လူထုရဲ့ဆန္ဒကို ထုတ်ဖော် မှာဖြစ်တဲ့အတွက် တစ်မြို့လုံးကလူတွေ ပါဝင်မယ်ထင်ပါ တယ်။ စစ်တွေမှာရှိတဲ့ လူမှုရေးအဖွဲ့တွေလဲ ပါဝင်မှာဖြစ် ပါတယ်''ဟုဦးကေသာရကမိန့်သည်။
ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များ၊ အမျိုးသမီးကွန်ရက်၊ သွေးအလှူရှင်အသင်း၊ ဘုရားပန်းလဲလှယ်ရေးအဖွဲ့ စသည့် အဖွဲ့ပေါင်း ၄ဝနှင့်အထက် ပါဝင်မည်ဟုသိရသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌဒေါ်ညို အေးက ''အခု ဘန်ကီမွန်းပြောသွားတာ တော်တော် အရုပ်ဆိုးတယ်။ ဒါကကျွန်မတို့ ရခိုင်လူမျိုးတစ်ခုတည်း အတွက်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး ကိုစိန်ခေါ်တာ ပဲ။ မြန်မာအစိုးရကိုလဲ စိန်ခေါ်တာပဲ''ဟု သူမကဆိုသည်။

ယခုအခါ ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် သက်ဆိုင် ရာရဲစခန်းတွင် အကြောင်းကြားတင်ပြထားပြီး အကယ် ၍ခွင့်ပြုချက်မရပါကလည်း သတ်မှတ်ထားသည့်အစီ အစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု ဆန္ဒထုတ်ဖော်ပွဲဦး ဆောင်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ကန့်ကွက် သည့်စာတစ်စောင် နိုဝင်ဘာ ၁၃ရက်က မစ္စတာဘန် ကီမွန်းထံ ပေးပို့ခဲ့သည်။

Yangon Media Group
ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဟုပြောဆို သုံးနှုန်းမှုအပေါ် စစ်တွေမြို့လူထုက နိုဝင်ဘာ ၂၃ရက် တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ရှိ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များကပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဗိုလ်ချုပ်မှူးကြီးအမြင်

Photo: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော်တွင် သီးသန့် တွေ့ဆုံမေးမြန်း။ နိုဝင်ဘာလ ၂၂၊ ၂၀၁၄။

ဗိုလ်ချုပ်မှူးကြီးနဲ့ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အနာဂတ်နိုင်ငံရေး
Sunday, November 23, 2014

ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းထောက်ကိုပါကြီး သေဆုံးမှုဖြစ်စဉ်အပါအ၀င် တပ်မတော်နဲ့ လူ့အခွင့် အရေးဆိုင်ရာကိစ္စတွေ၊ တပ်မတော်နဲ့ နိုင်ငံတကာဆက်ဆံရေး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနာဂတ် နိုင်ငံရေး စတာတွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံမေးမြန်းခန်း တတိယနဲ့ နောက်ဆုံးပိုင်းဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။       ။ ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲ တပ်မတော်ဆိုတာ မ တထောင်သားတွေနဲ့ ဖွဲ့စည်းထား တာ၊ တော်တော်လေးကို ထိန်းသိမ်းရတယ်ဆိုတာ ဒီတပ်မတော်မှလည်း မဟုတ်ပါဘူး။ နိုင်ငံတကာတပ်မတော် တွေ၊ အမေရိကန်တပ်ထဲမှာလည်း ဒါမျိုးတွေရှိကြတာပါပဲ။ ရှိကြတယ်ဆိုတဲ့နေရာမှာ အလားတူပဲ ဒီလိုဖြစ်စဉ် တွေ ဖြစ်လာပြီဆိုလို့ရှိရင် အရေးအကြီးဆုံးကတော့ ဖြစ်ခဲ့တဲ့၊ ခံရတဲ့သူတွေအနေနဲ့ တိုင်တန်းပိုင်ခွင့်၊ တိုင်တန်း တဲ့ကိစ္စတွေကို ထိထိရောက်ရောက် အရေးယူပိုင်ခွင့်၊ ဒီ တိုင်တန်းတဲ့အတွက်ကြောင့်မို့လို့ ပြန်လှန်ပြီးတော့ ခြိမ်းခြောက် စွပ်စွဲခံရမှုတွေ မဖြစ်ဖို့ ကာကွယ်ပေးနိုင်ခွင့်ပေါ့ နော်၊ အဲဒါအပြင်ကို တဘက်မှာလည်း၊ ဒါကတော့ လူ့သဘာဝအရ ကိုယ့်လူကိုယ် ကာကွယ်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ထိန်ချန်တဲ့ကိစ္စမျိုးတွေလည်း နိုင်ငံတကာမှာလည်းရှိပါတယ်။ ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ တဘက်က စွပ်စွဲတဲ့အထဲမှာ ရွာသူ တယောက် အဓမ္မပြုကျင့်ခံရပြီဆိုရင် သွားတိုင်တယ်ဆိုလို့ရှိရင် ဘယ်သူမြင်လည်း၊ မြင်တဲ့လူခေါ်လာခဲ့ဆို ဘယ်သူမှ လိုက်လာလို့မရတဲ့ပုံစံမျိုး၊ အမှုမဖြစ်ဘူးပေါ့လေ။ အမှုမဖြစ်ပေမယ့် ဒါတွေဟာ အပြင်ဘက်မှာကျ တော့ အခု ဒီခေတ်ကာလကြီးမှာက အင်တာနက်တွေရော၊ သတင်းတွေကလည်း ပေါက်ကြားတာဆိုတော့ ဒီဘက်ကို တိုင်လို့မရတဲ့အဆုံး တဘက်ကို ပြောတာဆိုတာတွေ ရှိနေတော့ တပ်မတော်အနေနဲ့ ဒီလိုကိစ္စမျိုး တွေကို ရင်ဆိုင်ဖြေရှင်းရမယ့် အနေအထားရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလို တိုင်တန်းပိုင်ခွင့်၊ လိုအပ်လို့ရှိရင် စစ်ခုံရုံးမဟုတ်ဘဲနဲ့ အရပ်ဘက် တရားရုံးတွေဆီကို၊ အရပ်ဘက်  စုံစမ်းစစ်ဆေးရေးတွေကို ပူးပေါင်းပြီးတော့ လုပ်ဆောင်ပိုင်ခွင့်တွေ ဘာတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုအစီအစဉ်ရှိလည်းခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။         ။ တိုင်တန်းပိုင်ခွင့်တော့ လူတိုင်းမှာရှိတယ်ဗျ။ နစ်နာသူကတော့ တိုင်တန်းပိုင်ခွင့်ရှိတာပေါ့။ အရေးယူဆောင်ရွက်ဖို့လည်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်။ ကျနော်တို့ တပ်မတော်နဲ့ပတ်သက်ရင် တပ်မတော်မှာ တာဝန်ရှိတာပေါ့။ ကျနော့်အနေနဲ့ကတော့ အမျှတဆုံး၊ အမှန်ကန် ဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်ရင်တော့ တိုင်းပြည်စစ်မှုထမ်းချိန်လား၊ တိုင်းပြည်စစ်မှုထမ်းချိန် မဟုတ်ဘူးလားဆိုတာ နှစ်ခုခွဲရမှာပေါ့။ တိုင်းပြည်စစ်မှုထမ်းချိန်ဆိုရင်တော့ တပ်မတော် ကနေ အရေးယူဆောင်ရွက်တာပေါ့။ တိုင်းပြည်စစ်မှုထမ်းချိန် မဟုတ်ဘူးဆိုရင်တော့ တချို့ဟာတွေမှာ နယ်ဘက်လွှဲရမယ့် ကိစ္စမျိုးတွေမှာ လွှဲ၊ တချို့ဟာကျတော့လည်း တပ်မှာအရေးယူပြီးတာနဲ့ နယ်ဘက်ကို တခါထဲ လွှဲပေးလိုက်တာလည်းရှိပါတယ်။ ဒီလိုလုပ်ပေးတာလည်းရှိတာပေါ့။ နောက်တခါ နစ်နာတဲ့ကိစ္စပေါ့။ နစ်နာတဲ့ကိစ္စဆိုလို့ရှိရင်လည်း ဥပမာအားဖြင့် ကျနော်တို့ကစစ်လိုက်တယ်၊ စစ်လိုက်လို့ မဟုတ်ဘူးလို့ တက်လာတယ်၊ နစ်နာတဲ့လူကတိုင်လို့ရှိရင် ကျနော် ချက်ခြင်းပြန်စစ်ခိုင်းတယ်။ review ပြန်လုပ်တယ်၊ ဒါနဲ့ ပတ်သက်လို့ လုံးဝလက်မခံဘူး၊ မင်း ငါတို့စစ်ပြီးသား လာမပြောနဲ့ဆိုတာမျိုး ကျနော့်မှာမရှိဘူး။ ကျနော့်ဆီမှာ တိုင်စာတခုရောက်တာနဲ့ ချက်ခြင်း action ပြန်ယူတယ်၊ ချက်ခြင်းပြန်လုပ်ခိုင်းတယ်၊ ပြန်လုပ်လို့ မှန်လို့ရှိရင် အဲဒီတာဝန်ရှိတဲ့လူပါ ကျနော် အကုန်လုံးအရေးယူတယ်။ ဒီလို ကျနော်လုပ်ပါတယ်။ ကျနော်လည်း ကိုယ်ချင်း စာပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်ချင်းစာပါတယ်။

ဦးသန်းလွင်ထွန်း။       ။ နောက်ဆုံးမှာ အခု လူပြောအများဆုံးနဲ့ ဖြစ်နေရတဲ့ကိစ္စကတော့ ကိုပါကြီး ခေါ် (ကို) အောင်ကျော်နိုင်ရဲ့ ကိစ္စပေါ့ နော်။ ဒီကိစ္စမှာ အစောပိုင်း တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်မှုကလည်း တော်တော်လေး နောက်ကျပါတယ်၊ ထုတ်ပြန်တဲ့သတင်းအပေါ်မှာလည်း အပြင်ဘက်မှာ သို့လော သို့လော ပြောစရာတွေရှိတယ်။ တဘက်ကလည်း နိုင်ငံတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။ အဲဒီမှာ ဗိုလ်ချုပ်မှူး ကြီးအနေနဲ့ ဒီစုံစမ်းစစ်ဆေးမှုတွေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်ကို ကျေနပ်မှုရှိသလား၊ တခြား ဘယ်လိုများ ဖြေရှင်းချက် ထုတ်ပြန်ချက် ပြောချင်ပါသလည်းခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။         ။ ဖြစ်တဲ့အကြောင်းအရာက စရမှာပေါ့။ ဒီဟာကတော့ KKO အဖွဲ့ကနေ စခဲ့တာပေါ့။ ကျိုက်မရောမြို့နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စပေါ့။ ကျနော်တို့ဆီကနေပြီးတော့ သူတို့ စည်းကမ်းဖောက် ဖျက်တဲ့အတွက်ကြောင့်၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တဲ့အတွက်ကြောင့် တပ်က သွား တားတဲ့အချိန်မှာ ကျနော်တို့က လက်နက်တွေ ခြိမ်းခြောက်ပြီး အသိမ်းခံလိုက်ရတာကနေ စတဲ့ဇာတ်လမ်းပါပဲ။ အဲဒီတော့ ဒီနေရာက ကျနော်တို့က ဖြစ်တဲ့နေရာကို တပ်တွေသွင်းပြီး ရှင်းလိုက်ပြီဆို ဒါက စစ်ဆင်ရေးနယ်မြေ တခုဖြစ်သွားပြီပေါ့။ ဒါဆိုရင်တော့ ကျနော်တို့က စစ်ဆင်ရေးနယ်မြေလို့ပဲ သဘောထားပြီးတော့ ဆောင်ရွက်ရ မှာပေါ့။ အဲဒီတော့ စောစောကပြောတဲ့ ကိုပါကြီး ဖြစ်တဲ့ကိစ္စပေါ့။ ကိုပါကြီးက အဲဒီမှာ ကျနော်တို့က ပထမဦးဆုံး လိုက်ရှင်းတဲ့အချိန်မှာ မိတဲ့လူတယောက် ဖြစ်ပါတယ်။ သူ့မိတဲ့အချိန်တုန်းက သူက သတင်းထောက်လို့ မပြော ဘူးဗျ၊ မပြောဘူး။ အလွတ်တန်းသတင်းထောက်လို့လည်း မပြောဘူး၊ ဘာလို့လည်းမပြောဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ သူ ရှိနေတယ်ဆိုတာလေး …

ဦးသန်းလွင်ထွန်း။       ။ သူ့ကို အရပ်ဘက်ကနေပြီးတော့ ဖမ်းပြီးတော့ တပ်ကိုလွှဲတာ မဟုတ်ဘူးလား။ လှေဂိတ်မှာ မိပြီးတော့မှ (ဗိုလ်ချုပ်မှူးကြီး - အင်း မိတယ်ထင်တယ် အဲလို …) တပ်ကိုလွှဲတယ်လို့ ကျနော်တို့ ကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။         ။ အဲဒါနဲ့ အဖြစ်မှန်ကို ပြန်စစ်ပါဆိုပြီး စစ်ခိုင်းလိုက်တာပေါ့။ စစ်ခိုင်းလိုက် တဲ့အခါကျတော့ သူသည် ကျနော်တို့လက်နက်ပျောက်တဲ့ကိစ္စ၊ လက်နက်တွေ သိမ်းဆည်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းတဲ့နေရာမှာ မိတဲ့လူ ဖြစ်တဲ့အခါကျတော့ စစ်ဆင်ရေးနယ်မြေမှာ ဖြစ်တဲ့လူတယောက် ဖြစ်တဲ့ အတွက်ကြောင့်တော့ အကြမ်းဖျဉ်းပဲ ရန်သူလို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တာပေါ့လေ။ identify တော့ သေချာတော့ မလုပ်နိုင်ပါဘူး။ သို့သော်လည်းပဲ ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တယောက်ပေါ့။ ထိန်းသိမ်းထား တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်တော့ သူ့ကိုစောင့်ရတဲ့ပုဂ္ဂိုလ်က သူ့မှာ၊ ထိန်းသိမ်းတဲ့လူမှာ သူ့ကို ထိန်းသိမ်းနိုင်တဲ့ တာဝန်တော့ရှိတာပေါ့။ သူကနေပြီးတော့မှ စောစောက ကိုပါကြီးကနေပြီးတော့မှ အကြောင်းတခုခုပြပြီးတော့မှ ထွက်ပြေးဖို့ ကြိုးစားရင်းကနေပြီးတော့ ခုန ပစ်ခတ်ဖမ်းဆီးတဲ့အဆင့်ကနေ သေတဲ့အဆင့်ဖြစ်တာပေါ့။ စုံစမ်း စစ်ဆေးရေးက သူလုပ်စရာရှိတာ၊ ကျနော်တို့ဘက်ကလည်း လုပ်တာပေါ့ဗျာ … (ဦးသန်းလွင်ထွန်း - ဒီဘက်က စုံစမ်းလို့ရသမျှကိုတော့ အမှုမှန်ပေါ်သမျှကိုတော့ ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ လိုက်နာပြီးတော့ (ဗိုလ်ချုပ်မှူးကြီး - လိုက်နာ …) အရေးယူဆောင်ရွက်ပေးမယ့် …

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။         ။ ပေးမယ်၊ ဒါကတော့လုပ်မယ်၊ ဒါကတော့ ကျနော်တို့ မလုပ်လို့လည်း မရဘူးဗျ။ ဒါဖြစ်ပြီဆိုရင်တော့၊ ဒါ တိုင်လာပြီဆိုရင်တော့ ကျနော်တို့ အဖြစ်မှန်ကိုတော့ လုပ်ရမှာပေါ့။ ဖြစ်တဲ့ နေရာမှာ အကြောင်းအချက်  မှန်ကန်ဖို့လည်း လိုပါတယ်။ တဘက်ကလည်း သမ္မတကြီးကလည်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကနေ တာဝန်ပေးပြီးတော့ ဆောင်ရွက်စေလျက်ရှိတယ်။ ဦးစစ်မြိုင်တို့ပေါ့၊ စစ်နေတာ တွေရှိတယ်။ သူတို့လည်း လွတ်လွတ်လပ်လပ် စစ်ပါတယ်။ ကျနော်တို့လည်းပြောတယ်၊ ကျနော်တို့ လိုအပ်တာ လေးကူညီပေးတယ်။ အချက်အလက်တွေ ကျနော်တို့ပေးတယ်။ သူတို့ အလောင်းတူးချင်တယ် ဆိုတော့လည်း သွားတူးပါ၊ ကျနော်တို့လည်း မှန်မှန်ကန်ကန်ပဲလေ၊ ဘာမှလည်း ထိန်ချန်ထားစရာ အကြောင်းမရှိဘူး။ စစ်လို့ ပြုလို့ တွေ့ရှိချက်ပေါ် မူတည်ပြီးတော့လည်း ကျနော်တို့ဘက်က ခုံရုံးမှာလည်း အဖြေတခုထွက်ပါလိမ့်မယ်။ သူတို့ရဲ့ ထင်မြင်ယူဆချက်လည်း ထွက်လာလိမ့်မယ်။ ဒါတွေကလည်း နှစ်ဦးနှစ်ဖက် တူကောင်းလည်း တူမှာ ပေါ့၊ မတူရင်လည်း မတူဘူးပေါ့။ သို့သော်လည်းပဲ ကျနော်တို့ကတော့ စစ်ဆင်ရေးနယ်မြေတခုမှာ တာဝန် ထမ်းဆောင်မှုအပိုင်းကိုပဲ အလေးထားပြီး စဉ်းစားဆောင်ရွက်မှာ ဖြစ်တယ်ဆိုတာ ကျနော်ပြောချင်တယ်။

ဦးသန်းလွင်ထွန်း။       ။ ဒီ လူ့အခွင့်အရေးနဲ့ပဲ တဆက်ထဲပေါ့၊ အဲဒါက ဘာလည်းဆိုတော့၊ ဒါ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးနိုင်ငံပါ။ အဲဒီမှာ လယ်သမားတွေရဲ့အခွင့်အရေး၊ အဲဒီမှာ လယ်သမားတွေ တချိန်က နစ်နာ ခဲ့ရတဲ့ သူတို့ရဲ့လယ်မြေတွေကိစ္စတွေက အခုပြောလာကြတဲ့အခါမှာ ဒါ သူတို့ရဲ့ ဓားမဦးချ ဘိုးစဉ်ဘောင်ဆက် လုပ်ခဲ့တဲ့ မြေတွေကို နိုင်ငံတော်က စီမံကိန်းနဲ့သိမ်းတာရှိတယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အဆက်အသွယ်တွေနဲ့ သိမ်းတာရှိတယ်၊ ဒီကြားထဲမှာ ထူးထူးခြားခြားက တပ်မတော်ကနေ သိမ်းတဲ့မြေယာ တွေဆိုတာရှိတယ်။ တပ်မတော်က သိမ်းထားတဲ့မြေယာတွေ ကိစ္စမှာလည်း ဒါတွေကို ပြန်ပေးဖို့ဆိုတဲ့ တောင်း ဆိုတဲ့အသံတွေက အခုထွက်လာနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ကရော ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ တပ်မတော် အနေနဲ့ပဲ ဆုံးဖြတ်နေသလား၊ လက်ရှိအစိုးရ တခြား မြေယာစီမံခန့်ခွဲရေး ပြန်လည်စိစစ်ရေးကော်မတီတွေနဲ့ လုပ်နေတာတွေ ရှိသလားခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။         ။ ဒါလည်း တော်တော်တော့ ရှုပ်ထွေးတဲ့ကိစ္စပဲ။ ဟိုး ခေတ်အဆက် ဆက်၊ အစိုးရအဆက်ဆက်က ဖြစ်လာတဲ့ဟာပေါ့လေ။ တပ်မတော်က သိမ်းတယ်ဆိုတဲ့မြေမှာလည်း ဟိုးအရင် ကတည်းက သိမ်းခဲ့တဲ့မြေလည်းရှိပါတယ်။ တပ်မတော်အစိုးရ ၁၉၈၈ ခု နောက်ပိုင်းမှာလည်း တချို့ရဲ့ အမိန့် တွေ ညွှန်ကြားချက်တွေကြောင့် လိုအပ်ချက်အရ သိမ်းခိုင်းတဲ့ဟာတွေမှာ သိမ်းတာပြုတာလည်းရှိပါတယ်။ အဓိကတော့ ဘာလည်းဆိုတော့ တပ်တွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် သိမ်းရတဲ့မြေတွေ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း အားနည်းချက်က နှစ်ဖက်လုံးရှိတာ ကျနော်တို့ သွားတွေ့တာပေါ့။ တဘက်က ဘာလည်းဆိုတော့ ဟိုဘက်က တကယ်လုပ်နေတဲ့ တောင်သူလယ်သမားပေါ့၊ သူတို့ကလည်း တကယ် သူတို့ ရဲ့နာမည်စာရင်းပေါက်အောင် လုပ်တဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့်ဟာတွေ မလုပ်ကြတာတွေလည်း ပါတာပေါ့၊ မလုပ်ကြတာမှာ နားမလည်လို့လည်း ပါတာပေါ့၊ မလုပ်ကြတာလည်းပါတယ်။ နောက်တခါ လုပ်မပေး တာလည်း ပါကောင်းပါနိုင်တာပေါ့။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ဟာတွေကနေပြီးတော့ လုပ်မပေးတာလည်း ပါမယ်။ လုပ်မပေးတာဆိုတာ ဥပဒေနဲ့ စည်းကမ်းနဲ့မညီလို့ လုပ်မပေးတာလည်း ပါရင်ပါမှာပေါ့။ အဲဒီတော့ စာရင်းမှာကတော့ တကယ်တမ်း သွားကြည့်တဲ့အခါကျတော့ မြေလွတ်မြေရိုင်းတို့၊ စားကျက်မြေတို့၊ သစ်တော ကြိုးဝိုင်းတို့ စသည်ဖြင့် ဒီလိုပေါ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေတွေ သိမ်းဖို့ပြုဖို့ တောင်းဆိုတဲ့အခါကျတော့ ကျနော်တို့ကတော့ တရားဝင်ရှိတဲ့ အထောက်အထားပေါ်မှာမူတည်ပြီး လုပ်ရတာဖြစ်ပါတယ်။ ဒီမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်လာကြတာပေါ့။ အဲဒီတော့ ကျနော် ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီလို တိုင်လာပြုလာတဲ့အခါ  ကျတော့ ကျနော့်ဘက်က အချက်လေးချက် သတ်မှတ်ပေးထားပါတယ်။ တပ်ဌာနချုပ် ရှိတဲ့မြေကတော့ ဒုတိယ အဆင့်ပေါ့ဗျာ။ ခင်ဗျား ခုနမေးတဲ့ တပ်ဌာနချုပ်အပြင်မှာ ယူထားတဲ့မြေတွေ ရှိတာပေါ့။ တပ်တွေကနေပြီးတော့ သိမ်းတဲ့ … အဲဒီမှာ မူလကတည်းက၊ စသိမ်းတဲ့အချိန်မှာကတည်းက လယ်တွေယာတွေပါနေတယ် ဆိုရင်တော့ ဒါတွေကို ဘာမှပြန်မပြောမနေနဲ့၊ အကုန်ပေးလိုက်၊ ဒါ ကျနော်ပြောထားပါတယ်။ လယ်တွေယာတွေတော့ မပါ ဘူး၊ သို့သော်လည်းပဲ လာပြီးတော့ လုပ်တဲ့အချိန်မှာ သူတို့ကနေ လယ်ယာလုပ်ချင်ပါတယ် ဆိုပြီးတော့ ကျနော် တို့ ခွင့်ပြုပေးထားတာရှိတယ်၊ ဒါဆိုလည်း မင်းတို့ပေးလိုက်။ မူလသိမ်းတုန်းက ပါတာရှိတယ်၊ နောက်တခါ သူတို့ လာပြီးတော့လုပ်တဲ့ဟာမှာ ပါလာတဲ့ဟာတွေရှိတယ်၊ ဒါတွေကို သူတို့ အခုပြန်ပေးခိုင်းထားတာပေါ့။ နောက်တခုကတော့ တပ်ကနေပြီးတော့မှ သူတို့နဲ့ ပေါင်းပြီးတော့လုပ်တဲ့ဟာတွေ ရှိတယ်။ ဥပမာ ငွေပေးပြီး တော့မှ လုပ်၊ ပြီးတော့ နှစ်ဦးနှစ်ဘက် အလုပ်တွေပြီးတော့မှ အကျိုးအမြတ် ခံစားရတာတွေရှိမှာပေါ့။ ဒါကျရင် တော့ မင်းတို့ပြန်ညှိပါ။ တပ်ကတော့ ကိုယ့်ဟာကို ဖော်ထုတ်ပြီးတော့မှ လုပ်ထားတဲ့မြေတွေရှိတယ်။ ဒါကျ တော့ မပေးနိုင်ဘူး၊ မပေးနိုင်ဘူး၊ ဒီလိုနဲ့ ကျနော်တို့ကလုပ်တယ်။ တချို့ကလည်း ဟိုဘက်က မြေယာကော် မတီ၊ လွှတ်တော်ကလုပ်နေတဲ့ ကော်မတီရှိပါတယ်၊ အစိုးရကနေ လုပ်နေတဲ့ကော်မတီ ရှိပါတယ်။ သူတို့ကနေ ပြီးတော့ အကြောင်းကြားလို့လုပ်တဲ့ ဖြေရှင်းရတဲ့ case တွေရှိပါတယ်။ တချို့ဟာကျတော့လည်း ကျနော်တို့ တပ်မတော်ကကို တိုင်တိုင်မတိုင်တိုင် ကိုယ့်ဟာကိုယ် ဖြေရှင်းပြီးတော့မှ ရှင်းထုတ်ပစ်တဲ့ case တွေလည်း ရှိပါ တယ်၊ နှစ်မျိုးလုံးလုပ်ပေးပါတယ်။ ကျနော်က ဒါနဲ့ပတ်သက်ပြီးတော့လည်း အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးနေတယ်ဆိုတာလေး ကျနော်ပြောလိုတယ်။

ဦးသန်းလွင်ထွန်း။       ။ ဒါဆိုလို့ရှိရင် အခု တပ်မတော်နဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စကို သွားရအောင်ပါခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ နိုင်ငံရပ်ခြားခရီးစဉ်တွေ ကြားသိရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံကိုသွားပါတယ်။ မကြာသေးခင်ကပဲ ရုရှား၊ ဘယ်လာရုရှ် ဒီနိုင်ငံတွေသွားခဲ့တာလည်း ကျနော်တို့ ကြားပါတယ်။ အမေရိကန်ပြည်ထောင်စုကိုတော့ အလည်အပတ် မရောက်သေးဘူးပေါ့လေ (ဗိုလ်ချုပ်မှူးကြီး - မရောက်သေးဘူး …) တပ်မတော်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆိုလို့ ရှိရင် အမေရိကန်ပြည်ထောင်စုဘက်ကလည်း အစောပိုင်းက စီးပွားရေးအရရော တခြားဆက်ဆံရေးတွေအရ ရော ပိတ်ဆို့ထားတာတွေက ပြေလျော့လာတဲ့ အနေအထားရှိတော့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ဘယ်လောက်အထိ ဖြစ်နေပြီလည်း၊ ဘယ်လောက်အထိဖြစ်လာဖို့ မျှော်မှန်းသလည်းခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။         ။ အဲဒါဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒက စရမှာပေါ့။ ကျနော်တို့ နိုင်ငံခြားရေးမူဝါဒကတော့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးပေါ့၊ ဒါ မူဝါဒ ချမှတ်ထား တယ်။ နောက်တခါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေရေး မူတွေနဲ့အတူ နိုင်ငံအားလုံးနဲ့ ဆက်ဆံတာပေါ့။ အိမ်နီးနား ချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံပါတယ်။ တပ်မတော်လည်း ဒီတိုင်းပါပဲ။ အရင်တုန်းက တော့ နည်းနည်း အကန့်အသတ်လေးနဲ့ ဆက်ဆံတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ ဒီဘက် သုံးနှစ်လောက် အတွင်းမှာတော့ ကျနော်တို့လည်း ပွင့်ပွင့်လင်းလင်းနဲ့ ဆက်(ဆံ)ပါတယ်။ အိမ်နီးနားချင်း တိုင်းပြည်တွေမက အာဆီယံနိုင်ငံတွေနဲ့ အားလုံးလည်း ရင်းရင်းနှီးနှီးရှိတယ်၊ ကမ္ဘာ့နိုင်ငံတွေနဲ့လည်း အခါအားလျော်စွာပေါ့၊ ဆက်ဆံတာပေါ့။ အားလုံးနဲ့ ကျနော် ရင်းနှီးချင်တယ်၊ မိတ်ဆွေဖြစ်ချင်တာပေါ့။ ကျနော့်ရဲ့မူကတော့ မိတ်ဆွေပဲ တိုးပွားဖို့ပဲဖြစ်တယ်။ ရှိပြီးသားမိတ်ဆွေတွေကိုတော့ ရန်သူဖြစ်ဖို့တော့ လုံးဝ မစဉ်းစားဘူး။ ဆက်ဆံရေး ကျဲ ကောင်းကျဲသွားနိုင်တယ်၊ သို့သော်လည်းပဲ ရန်သူတော့ အဖြစ်မခံဘူး။ မိတ်ဆွေကတော့ မိတ်ဆွေပဲ။ ဖြစ်နိုင် ရင်တော့ မိတ်ဆွေဖြစ်အောင်လို့ ကျနော်တို့ ထပ်ပြီးကြိုးစားတာပေါ့။ အဲဒီမှာ ခင်ဗျား အခုနမေးတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး၊ ကျနော်တို့လည်း အမေရိကန်နဲ့ မိတ်ဆွေဖြစ်ဖို့လည်း လိုလားပါတယ်။ သူတို့လည်း လိုလားတဲ့ သဘော ကျနော်တို့တွေ့ပါတယ်။ ကျနော်တို့ အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်အရ အမေရိကန်နိုင်ငံက တပ်မတော်  တာဝန်ရှိပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို တော်တော်များများ လာခဲ့ဖူးပါတယ်။ ခွင့်ပြုပေးပါတယ်။ ကျနော်တို့လည်း လွှတ်ဖို့လည်း ကြိုးစားပါတယ်၊ လွှတ်လည်းလွှတ်ပါတယ်၊ လွှတ်နိုင်တဲ့လူလည်း လွှတ်တယ်၊ ဒါပေမဲ့ တချို့ဟာတွေက အကန့်အသတ်တွေ ရှိတဲ့အခါကျတော့ ထိထိရောက်ရောက်တော့ ဆက်ဆံနိုင်ခြင်း တော့မရှိပါဘူး။ အခွင့်အရေးရှိမယ်ဆိုရင်တော့ဗျာ ဆက်ဆံရေးတော့ ပိုပြီးတော့ ဒီ့ထက်ပိုကောင်းအောင်တော့ လုပ်ချင်တာပေါ့။ ဒါ အမေရိကန်တနိုင်ငံထဲ မဟုတ်ဘူး။ နိုင်ငံအားလုံးနဲ့ ကျနော်တို့ ဆက်ဆံတယ်။ စောစောက ပြောသလို ရုရှားပေါ့၊ ဘယ်လာရုရှ်ပေါ့၊ သူတို့ဆို အင်မတန် အလှမ်းဝေးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် တို့ မိတ်ဆွေနိုင်ငံအနေနဲ့၊ ကမ္ဘာမှာရှိတဲ့နိုင်ငံတခုအနေနဲ့ ကျနော်တို့ မိတ်ဆွေ ရအောင် ယူထားခြင်း ဖြစ်ပါ တယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ လက်ရှိအနေအထားအရဆိုလို့ရှိရင် ပထဝီဝင်နိုင်ငံရေးအခြေအနေအရ ပြောင်းလဲလာတာကိုး။ ပြောင်းလဲလာတော့ ဒီနေရာမှာ အင်အားချိန်ခွင်လျှာ ညှိကြတဲ့သဘောတွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုလို့ရှိရင် တဘက်မှာ အာရှဘက်မှာ စီးပွားရေးအရရော စစ်ရေးအရရော အင်အား ကြီးထွားလာနေတဲ့ ကျနော်တို့ရဲ့အိမ်နီးချင်းနိုင်ငံကြီး တရုတ်နိုင်ငံရဲ့အခြေအနေကို ချိန်ခွင်လျှာညှိဖို့ဆိုလို့ရှိရင် Pivot မူဝါဒဆိုပြီး အာဆီယံအဖွဲ့ဝင်တွေ၊ နိုင်ငံတွေနဲ့ သင့်တင့်အောင် ဆက်ဆံပြီးတော့ ချိန်ခွင်လျှာ ညှိထားဖို့ ဆိုတဲ့ မူဝါဒအသစ်လည်း ရှိနေတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံက တော်တော်လေး အရေးပါလာပါတယ်။ အဲဒီ အချက်တွေနဲ့ပတ်သက်လို့ရော တပ်မတော်အနေနဲ့ ဘယ်လိုများ သုံးသပ်သလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်တို့-နိုင်ငံခြားရေးမူဝါဒမှာ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးဆိုတာရှိတယ်။ ကျနော်တို့ရဲ့ မူဝါဒကလည်း ကျနော်တို့ရဲ့နိုင်ငံကို အခြေပြုပြီးတော့မှ အိမ်နီးနား ချင်းနိုင်ငံ၊ တခြားနိုင်ငံတခုကို စစ်ရေးအရ ပြဿနာရှာမယ့်ဟာမျိုး ကျနော်တို့ ခွင့်မပြုဘူးပေါ့၊ ကျနော်တို့နိုင်ငံကိုလည်း လာပြီးလုပ်တာမျိုးကိုလည်း ကျနော်တို့ လက်မခံပါဘူး။ ဆိုတော့ intension ပေါ် လည်း အများကြီး မူတည်တာပေါ့။ intension ပေါ့။ စစ်ရေးအရ intension ဖြစ်ရင်တော့ ဘယ်လိုမှ မဖြစ်နိုင် ဘူး။ ဒါပေမယ့်လည်း ချစ်ခင်ရင်းနှီးမှုအရ မဟာမိတ်ဖွဲ့တယ်၊ ပြုထားမယ်ဆိုလို့ရှိရင် ဒါကတော့ နိုင်ငံအားလုံးနဲ့ ဆက်ဆံရတဲ့အတွက်ကြောင့် အကုန်လုံး ဒီအတိုင်းပဲ ပေးတာကျတော့ မဖြစ်နိုင်စရာအကြောင်းတော့ မရှိပါဘူး။ စစ်ရေးအရဆိုလို့ရှိရင်တော့ အစမှာ စောစောက ကျနော်ရှင်းပြခဲ့တယ်။ သမိုင်းကြောင်းပေါ့။ သမိုင်းကြောင်း တော်တော်ရှုပ်ထွေးပါတယ်။ ကျနော်တို့သမိုင်းကြောင်းကလည်း တော်တော်သတိထားရမှာပါ။ အမှားမခံ တဲ့သမိုင်းကြောင်းဖြစ်ပါတယ်။ နောက်တခါ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အနေအထားကလည်း တော်တော်ကြီး ကို ကျနော်တို့က သတိထားပြီးတော့မှ မိတ်ဝတ်မပျက်ဆက်ဆံရေးနဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံပါတယ်။ ကံကောင်းတာကတော့ဗျာ၊ သူတို့အားလုံးကလည်း ကျနော်တို့အပေါ်မှာ ကောင်းသောကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေ အကုန်လုံး ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့လည်း ဒီလိုအခြေအနေမျိုးတွေ ရှိနေတယ်လို့ ကျနော်တို့ ပြောနိုင်တာပေါ့။ နို့မဟုတ်ရင်လည်း ကျနော်တို့ ရင်တမမနဲ့နေရမှာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဒီလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါ တယ်။ တော်တော်လည်း ပြည့်စုံသွားပါပြီ။ အဲဒီတော့ တဆက်တည်းမှာပဲ ဗိုလ်ချုပ်မှူးကြီးအနေနဲ့က အခုဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ကြီးလေးတဲ့တာဝန် တွေကို ထမ်းဆောင်ခဲ့ပြီးပြီ။ အစဉ်အဆက်ကို လွှဲပြောင်းပေးဖို့အချိန်လည်း တချိန်တော့ ရောက်လာမှာပါ။ အဲဒီ အခါကျလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးရဲ့နိုင်ငံရေး ရည်မှန်းချက်ပေါ့နော်၊ တခြားနိုင်ငံရေးတာဝန်တွေ ဆက်လက်ပြီး ထမ်းဆောင်ဖို့ အနေအထားရော လူအများက စိတ်ဝင်စားပါတယ်။ ဒါလေးကို တခုလောက် ပြောပေးပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်က အခု ကျနော်တို့တပ်မတော်ပေါ့၊ တပ်မတော်က အမျိုးသား နိုင်ငံရေးလုပ်တာပေါ့။ ကျနော်ကိုယ်တိုင်လည်း တကယ်ကို တပ်မတော်ကို ဦးဆောင်တဲ့အခါမှာ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော် ပါဝင်ထမ်းဆောင်ရေးဆိုတဲ့မူအရ ကျနော်လုပ်တာပါ။ (၁) အချက် တပ်ကို၊ ကျနော့်ကို၊ နံပါတ်တစ်အချက် ကိုယ့်ကိုယ်ကိုပေါ့ဗျာ၊ များများကောင်းအောင် ထိန်းသိမ်းနေတာပေါ့။ ကိုယ့်အောက်ကလူတွေကိုလည်း ထိန်းသိမ်းရင်းနဲ့ ဖြစ်အောင်လုပ်တာပေါ့။ တပ်ကိုလည်း ကောင်းအောင် လုပ်တာပေါ့။ တပ်ဆိုတာကလည်း နိုင်ငံမှာ အားကိုးရတဲ့တပ်ဖြစ်မှ ဖြစ်မှာ၊ နိုင်ငံ အားထားရတဲ့တပ်ဖြစ်မှ ဖြစ်မှာ။ အားကိုးရတယ်ဆိုတော့ အောက်ကလူတွေက အားကိုးရတာပေါ့။ ဟာ ဒီတပ်နဲ့၊ ဒီလူနဲ့ ဒီခေါင်းဆောင်တွေနဲ့ လုပ်လို့ရှိရင် အလုပ်ဖြစ်တယ်ပေါ့၊ အောင်မြင်တယ်ပေါ့၊ ယုံကြည်မှုရှိတာပေါ့။ အထူးသဖြင့် နိုင်ငံဘက်က ပြန်ကြည့်ရင်လည်း ဒီတပ်မတော်က တိုင်းပြည်အတွက်လုံခြုံရေးမှာ ကာကွယ်ရေးမှာ အားထားရတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းပေးနိုင်တဲ့ တပ်မတော်ဖြစ်တယ်။ ဒါက နိုင်ငံတိုင်း၊ နိုင်ငံတိုင်း ဒီအတိုင်းပဲရှိပါတယ်။ အဲဒီလိုမျိုးတပ်ဖြစ်အောင် ကျနော်က လုပ်တာပါ။ လုပ်နေတာပါ။ ကျနော်လုပ်ရမယ့် လုပ်ငန်းတွေက တော်တော်ကြီးကို ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဘက်ကို သွားပြီး အာရုံစိုက်လိုက်မယ်ဆိုလို့ရှိရင် ကျနော့် ဒီက တပ်ပိုင်းဆိုင်ရာတွေက အများကြီး အားလျော့သွားစရာတွေရှိတယ်။ ဒါကတော့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ပဲ လုပ်သင့်ရင်လည်း လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း ဆုံးဖြတ်ရမယ့် အခြေအနေရှိပါတယ်။ ဒီအချိန်မှာတော့ ပြောဖို့တော့ စောသေးတယ်လို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒီလောက်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျေးဇူးတင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်လည်း ဒီလိုအခြေအနေမျိုးမှာ ဒီလိုပြောရတာ၊ ဒါ ပြောရရင်တော့ ကျနော့်အတွက် First time ပေါ့လေ၊ စိတ်ထဲမှာရှိတဲ့အတိုင်း ပြောတာပါ။

ဦးသန်းလွင်ထွန်း။ ။ မှန်ပါတယ်ခင်ဗျ။ ကျနော် ကျေနပ်ပါတယ်။

Read more>>>http://myanmaronlinenew.blogspot.com/2014/11/blog-post_408.html
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄)
နိုဝင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီ့မတိုင်မီ ရက်ပိုင်းအတွင်း ကချင်ဘက်က ထိပါးတိုက်ခိုက်မှုတွေ အပေါ် စစ်ရေးသဘောတရားအရ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာပြန်ဖြစ်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခများ အရေးနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ သီးသန့်မေးမြန်းထားပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုပါကြီးကို အလွတ်တန်း သတင်းထောက်ဟု အသိအမှတ်ပြု

တပ်မတော်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ကိုပါကြီးအား သက်သေထွက်ဆိုချက်များအရ အလွတ် တန်းသတင်းထောက်တစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေး ကော် မရှင်က ပြောကြားသည်။