ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအနီးတွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ယင်းလူသတ်မှုသည်ယခုလ၄ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးခေါင်းဖြတ်အသတ်ခံရသူမှာ အသက် ၁၅နှစ်အရွယ် ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နေ့လည်ပိုင်းတွင် ရွာမဘင်္ဂါလီကျေးရွာနေ မယာစမိန် (အသက် ၁ ၅နှစ်) (ဘ)အီမန်ဟူဆောင်းသည် သူမ၏ အဖွားဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာ ရွာအနီးတောစပ်တွင် ထင်းရှာဖွေနေခဲ့ကြသည်။