Tuesday, December 23, 2014

RCSS/SSA အဖွဲ့မှ နမ့်ထပိုကျေးရွာတွင် ညအချိန်မတော် ခြိမ်းခြောက် ငွေတောင်း ပစ္စည်းလုယက်မှု ကျူးလွန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်တိုက်နယ်၊ နမ့်ထပိုကျေးရွာအုပ်စု၊ နမ့်ထပိုကျေးရွာသို့ ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် သေနတ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဒေသခံရွာသားများအား သေနတ်ဖြင့်ချိန်၍ အတင်းအဓမ္မ ငွေတောင်း ပစ္စည်းလုယက်မှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါရွာသားများထံမှ သတင်းရရှိပါသည်။
“ဒီအဖွဲ့တွေက ကျွန်တော်တို့ရွာကို ညအချိန်မတော် ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း သေနတ်နဲ့ချိန်ပြီး သူတို့လိုချင်တာတွေ ယူသွားတယ်။ ဓားမြတိုက်တာပဲပေါ့။ သူတို့တောင်းတဲ့ ဆက်ကြေးလည်း ကျွန်တော်တို့ ပုံမှန်ပေးနေတာပဲ။ အခုလို သေနတ်နဲ့ချိန်ပြီး ငွေတောင်း တာတော့ အရမ်းအနိုင်ကျင့်ရာ ရောက်နေပြီ ” ဟု အဆိုပါ ကျေးရွာသား တစ်ဦးက ပြောသည်။

The Yangon Gallery တွင်ပြုလုပ်သော ဝါရင့်ဂန္တဝင်ဂီတအနုပညာရှင်များ စုစည်းတွေ့ဆုံသော အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

The Yangon Gallery မိသားစုနှင့်အင်ပါယာ တေးဂီတအဖွဲ့မှဂီတမှူး ဇော်ဝင်းထွဋ်တို့ ပူးပေါင်းပြုလုပ် သော ဝါရင့်ဂန္တဝင်ဂီတ အနုပညာရှင်များအား စုစည်းတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ညနေ(၆)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် အတွင်းရှိ The Yangon Gallery ၌ ကျင်းပရာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ The Yangon Gallery မိသားစုများနှင့် ဖိတ်ကြားထားသော ဝါရင့်ဂန္တဝင်ဂီတအနု ပညာရှင်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားစာပေဆုရ လူမှုထူးချွန်ဝိဇ္ဇာပညာပထမအဆင့်ရ၊ စည်သူဘွဲ့ရ စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဒေါက်တာ ဘိုကလေးတင်အောင် က အနုပညာရှင်များကိုယ်စား ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

KIA အဖွဲ့မှ ဘွဲ့ရပညာတတ်များကို လူသစ်အဖြစ် ပစ်မှတ်ထားစုဆောင်းလာ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့အနေဖြင့် လူသစ် အဖြစ် ဖမ်းဆီးခြင်းကို ဘွဲ့ရပညာတတ်များ ကိုအဓိကထား စုဆောင်းရန် KIA အဖွဲ့ဗဟိုဌာနချုပ်မှ ညွှန်ကြားထား ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ၂၁ ရက်နေ့တွင် KIA အဖွဲ့၏ လိုင်ဇာသင် တန်းကျောင်း တွင် တက်ရောက်ခိုင်းရန် အတွက် နယ်မြေ အလိုက်မှ အခြေခံ ပညာ အထက်တန်းနှင့်အထက် အဆင့်ရှိသူများကို အဓိက ပစ်မှတ်ထား ဖမ်းဆီး စုဆောင်းရန် လက်အောက်ခံတပ်ရင်းများနှင့် ဘာသာရေးခေါင်းဆောင် များအား ဖိအားပေး စေခိုင်း ထားကြောင်း အမည် မဖော်လိုသူ နှစ်ခြင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးမှ ပြောပြသည်။

နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲ၍ ၂၇ ဦး သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲ၍ ၂၇ ဦး သေဆုံး
ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၄

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကားဂိတ် နှင့် ဈေးအနီးတွင် တင်္နလာနေ့က
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် လူ ၂၇ ဦး သေဆုံးပြီး အယောက် 
၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။
ပထမအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ဂွမ်ဘီမြို့ တွင်း ကားဂိတ်အနီးတွင် 
လူ ၂၀ ခန့် သေဆုံးခဲ့ပြီး “ဒတ်ကူ ကားဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါတယ်။ 
ကြက်ခြေနီအဖွဲ့ တွေက လူသေအလောင်း ၂၀ ထည့်ထားတဲ့ အိတ်တွေသယ်မပြီး ပင်ပန်းနေကြပါပြီ။ ထပ်ပြီးလည်း အလောင်းတွေ ဆက်ရှာနေတုန်းပါဘဲ။ 

ဗုံးဒဏ်ကြောင့် မီးလောင်ကျွမ်းထားတဲ့ အလောင်းတွေက မှတ်မိဖို့ တောင် 
မလွယ်ပါဘူး” ဟု ဂွမ်ဘီပြည်နယ် ကြက်ခြေနီအဖွဲ့ မှ အတွင်းရေးမှုး 
အဘူလ်ဘာကာ ယာကူဘူက ပြောသည်။

နာရီပိုင်းအကြာမှာပင် ယင်းမြို့အနီးရှိ ဘောက်ချီမြို တွင် လူစည်ကားသည့် 
ဈေးတစ်နေရာ၌ ဗုံးပေါက်မှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး 
သေဆုံးကာ ၁၉ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
“ဗုံးက တစ်နေရာတည်းမှာ နှစ်ကြိမ်ပေါက်ကွဲတာ။ ဒုတိယအကြိမ် ထပ်ပေါက်ကွဲ 
တာက ပိုပြီး အသေအပျောက် များတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေက 
ပထမအကြိမ်ဗုံးပေါက်ပြီးတော့ အဲဒီနေရာကိုပြေးသွား ကြတယ်လေ။ 
လူတွေဝိုင်းအုံနေတဲ့အချိန်မှာ ကျန်နေသေးတဲ့ ဗုံးတစ်လုံးက ဆက်ပေါက်တာ။ 
ဈေးထဲက နေရာ အတော်များများလည်း မီးလောင်ပြီး နေရာတိုင်းမှာ မီးခိုးတွေနဲ့  ပြည့်နေတယ်” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး မည်သည့် အကြမ်းဖက်အဖွဲ့ ကမှ 
ထုတ်ဖော်ဝန်ခံခြင်းမရှိသေးသော်လည်း ဘိုကိုဟာရမ်စစ်သွေးကြွများသည် 
၎င်းတို့ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ရန် ကြိုးပမ်းနေ သည့် 
နိုင်ငံအရှေ့ မြောက် အရပ်တွင် အရပ်သား ပြည်သူများကို အဓိကထား၍ 
တိုက်ခိုက်လေ့ရှိသည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံအရှေ့ မြောက်အရပ်ရှိ စစ်သွေးကြွများ၏ အကြမ်းဖက်မှု များကြောင့် သေဆုံးသူ အရပ်သား ဦးရေ တစ်သောင်းကျော် သွားပြီဟု နိုင်ငံခြား ဆက်ဆံရေး အကြံပေးအဖွဲ့ ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Reuter
The Myanmar Age

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကားဂိတ် နှင့် ဈေးအနီးတွင် တင်္နလာနေ့က
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် လူ ၂၇ ဦး သေဆုံးပြီး အယောက် 
၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။
ပထမအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ဂွမ်ဘီမြို့ တွင်း ကားဂိတ်အနီးတွင် 
လူ ၂၀ ခန့် သေဆုံးခဲ့ပြီး “ဒတ်ကူ ကားဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါတယ်။ 
ကြက်ခြေနီအဖွဲ့ တွေက လူသေအလောင်း ၂၀ ထည့်ထားတဲ့ အိတ်တွေသယ်မပြီး ပင်ပန်းနေကြပါပြီ။ ထပ်ပြီးလည်း အလောင်းတွေ ဆက်ရှာနေတုန်းပါဘဲ။ 

ဂုဏ်သိက္ခာထိပါးတဲ့အထိ ဝေဖန်မှုတွေကို လက်မခံဘူးဆိုတဲ့အမွန်း

မိုင်လေဆိုင်းရပ်စ်၏ဒီဇိုင်နာကိုယ်တိုင် ဖန်တီးပေးခဲ့သည့် ပေါင်ရင်းထိဖော်ထားသော ဝတ်စုံကို ဝတ်ဆင်ဖျော်ဖြေခဲ့သည့် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဂုဏ်သိက္ခာထိခိုက်သည်အထိ ဝေဖန်မှုများကို လက်မခံနိုင် ကြောင်း အမွန်းက တုံ့ပြန်ပြောကြားသည်။ ရန်ကုန်မြို့ရှိ ကန်တော် ကြီးမျှော်စင်ကျွန်းတွင် ဒီဇင်ဘာ၂၀ရက်က ပြုလုပ်ခဲ့သော Grand Royal ရှိုးပွဲ၌ ဖျော်ဖြေခဲ့သည့် တေးသံရှင် အမွန်း၏ ပေါင်ရင်းအထိဖော်ထားသည့်ဝတ်စုံဝတ်ဆင်ခဲ့မှု ကို လူမှုကွန်ရက်များတွင် ပရိသတ်များက ပြင်းပြင်း ထန်ထန်ဝေဖန်လျက်ရှိကြသည်။

မြို့တော်ခန်းမ ထွက်ပေါက်ရှိ မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွဲ၊ ၁၄ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့လယ်က မြို့တော်ခန်းမ ထွက်ပေါက်ကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ တပ်စည်ပင်နဲ့ အရပ်သား အင်အား ၁၀၀ နီးပါးက ဒီနေ့ မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြနေတဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။
သပိတ်စခန်းအတွင်းရှိ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီး သပိတ်စခန်းရှိ ဗီနိုင်းတွေနဲ့ အမိုးအကာတွေကို ဖြိုဖျက်ခဲ့ပြီးနောက် အဲဒီနေရာမှာ သံဆူးကြိုးတွေ ကာရံလိုက်တယ်လို့ သူက ဆိုပါတယ်။
သပိတ်စခန်း ဖြိုခွဲခံရမှုကြောင့် မဟာဗန္ဓုလပန်းခြံဘေးမှာ ရှိတဲ့ သပိတ်စခန်းက ဆန္ဒပြနေသူတွေ မြို့တော်ခန်းမ ထွက်ပေါက်ရှေ့ကို ရောက်ရှိလာပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့လည်း ဒေါ်စောစန္ဒာက ပြောဆိုပါတယ်။

KIO ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံရသည့် ရှမ်းနီများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ လုပ်မည်

Photo: KIO ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံရသည့် ရှမ်းနီများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ လုပ်မည်

ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၄

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသည့် ရှမ်းနီများ ပြန်လည် လွတ်မြောက် လာရေး အတွက် လာမည့် ဇန်နဝါရီလ (၃) ရက်နေ့၌ မြစ်ကြီးနားမြို့ ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်၌ တပ်သားသစ် စုဆောင်းခြင်း ခံရသည့် ကလေး မိဘများနှင့် ကချင်ပြည်နယ် ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပူးပေါင်း၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။

“ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပြီး တပ်သားသစ် အဖြစ် စုဆောင်း ခံရတဲ့ လူငယ် (၂၈၀) ကျော် ပြန်လွှတ် ပေးဖို့ ဆုတောင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ခင်ဗျ၊ ကလေး မိဘတွေ ကိုယ်တိုင် ဘုရားမှာ ဆုတောင်းပွဲ လုပ်မယ်” ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

သို့သော်လည်း ၎င်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပြောဆို နေသည့် အချက်အလက် များနှင့် ၎င်းတို့၏ ရှမ်းနီ လူမျိုး များအား KIO မှ တပ်သားသစ် အဖြစ် စုဆောင်းထားသည်ဟု စွပ်စွဲ နေသည့် ပမာဏမှာ ဖြစ်နေသည်၊ ရှိနေ သည်ထက် ပိုမို ပြောဆို နေခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနား အခြေစိုက် ကချင် လွတ်လပ်ရေး အဖွဲ့၏ နည်းပညာ အထောက်အကူပြု အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဒေါင်ခါးက တုံ့ပြန် ပြောဆိုသည်။

“အမြဲတမ်း ပွင့်ပွင့်လင်းလင်း ရှင်းရှင်း လင်းလင်း ပြောတယ်၊ အစိုးရ ထိုးစစ် ဆင်နေသရွေ့တော့ စုဆောင်း ရမှာပဲ၊ စုဆောင်းတဲ့ အချိန်မှာ ကျနော်တို့ စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်၊ အဲဒီ အတိုင်း ကျနော်တို့ လုပ်တယ်၊ ဒါပေမယ့် အဲလို စုဆောင်းတဲ့ နေရာမှာ ချွှတ်ချော် မှုတွေ ရှိလာလို့ မိဘ အုပ်ထိန်းသူက နေပြီး လာပြီး ဆွေးနွေး တိုင်ပင်ရင် ပြန်လွှတ် ပေးတယ်၊ အခေါက်ခေါက် အခါခါလည်း ပြောပြီး ပါပြီ ၊ ရှိနေတာထက် ဖြစ်နေ တာထက် အမြဲ ကျော်လွန်ပြီး သူတို့ အမြဲတမ်း ပြောနေတယ်” ဟု ဦးဒေါင်ခါးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ တုံ့ပြန် ပြောဆိုသည်။

ယင်းသို့ KIO အဖွဲ့မှ တပ်သားသစ် အဖြစ် စုဆောင်းခြင်း ခံရသည့် ရှမ်းနီ လူမျိုးများ ပြန်လည် လွှတ်ပေးရေး အတွက် ရှမ်းလူငယ်အဖွဲ့နှင့် ဦးဒေါင်ခါး ပါဝင် တက်ရောက်၍ ဆွေနွေးမှု (၂) ကြိမ်၊ KIO နည်းပညာ အထောက် အကူပြု ရုံးမှ အရာရှိ များနှင့် ရှမ်းမျိုးနွယ်စု ရေးရာ အကြီးအကဲများ (၃) ကြိမ် စုစုပေါင်း ဆွေးနွေးမှု (၅) ကြိမ်တိုင် ပြုလုပ်ပြီး ရှင်းလင်း ပြောဆို ထားပြီး ဖြစ်ကြောင်း ဦးဒေါင်ခါးက ဆက်ပြောသည်။

ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင် လခန့်၌ ကချင် ပြည်နယ်၌ ရှမ်းနီ လူမျိုး များအား KIO မှ တပ်သားသစ် အဖြစ် စုဆောင်းမှု ၊ အခွန် ကောက်ခံ နေမှု များအား ရပ်တန့် ပေးရန်နှင့် ထိုသို့ ချိုးဖောက်မှု အဖြစ် အပျက် များအား နိုင်ငံ တကာမှ သိရှိနိုင်ရန် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Mr. Vjay Nambia နှင့် လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs. Yanhee Lee တို့နှင့် အမေရိကန် သံရုံးမှ လူ့အခွင့် အရေး အရာရှိ ဒုတိယ အတွင်းဝန် Mr.Thu Huynh Thi Nyuyen တို့အား တိုင်ကြား စာမျာ ပေးပို့ ထားပြီး ဖြစ်ကြောင်း ဦးထွန်းရင်က ဆိုပါသည်။

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ လက်အောက်ခံ ကချင် လွတ်လပ်ရေး တပ်မတော် တို့အကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား နေခြင်းသည် တပ်သားသစ် စုဆောင်း ရခြင်း၏ အခြေခံ အကြောင်း ဖြစ်ခြင်းကြောင့် ပထမ အဆင့် အနေဖြင့် အပစ်အခတ် ရပ်စဲ ရေးအား ဦးစွာ လုပ်စေ လိုကြောင်းလည်း တိုင်းလိုင် (ရှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောကြားသည်။

“ဒီကိစ္စ တွေက နိုင်ငံရေး အရ ပြေလည်မှု ရမှပဲ အားလုံး ချုပ်ငြိမ်း သွားမယ်၊ နိုင်ငံရေး အရ ဆွေးနွေး ညှိနှိုင်းမှု လုပ်နိုင်အောင် ပထမ အဆင့်မှာ အပစ်အခတ် ရပ်စဲရေးကို အရင် လုပ်စေ ချင်ပါတယ်၊ အပစ်မရပ်ပဲ လက်နက်ကိုင် ပဋိပက္ခ ရှိနေရင် နှစ်ဖက် အစိုးရရော ၊ ကချင်ရော တပ်တွေက တပ်သားစုဆောင်း တာတွေ အခွန်အကောက် ကောက်တာတွေ ရှိနေမှာပဲ၊ ဒါကြောင့် ပထမအဆင့် အနေနဲ့ အပစ်အခတ် ရပ်စဲ ရေးကို အရင် လုပ်စေချင်ပါတယ်” ဟု ဦးစောဝင်းထွန်းက ရွှေဟင်္သာ သတင်း ဌာနသို့ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ သုံးသပ် ပြောကြားသည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် အောက်တိုဘာလ (၁၉) ရက်နေ့ အစိုးရ စစ်တပ်မှ ကချင် ဗိုလ်လောင်း သင်တန်း ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ် ခဲ့ပြီး နောက်၌ နှစ်ဖက်၏ တင်းမာမှုမှာ ပိုမို မြင့်မား လာခဲ့သည်။

ဆက်တိုက် ဆိုသကဲ့သို့ ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း TNLA ၊ KIA တပ်မဟာ (၄) နှင့် ကိုးကန့် တပ်ပေါင်းစု များနှင့် အစိုးရ တပ်တို့ တို့သည် ဒီဇင်ဘာလ (၈) ရက်နေ့၌ ကျောက်မဲ မြို့နယ် အတွင်း၌ လည်းကောင်း၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲ၌ လည်းကောင်း အစိုးရ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း များနှင့် ရက်ဆက်ပင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃) ရက်နေ့၌ ဖားကန့်မြို့နယ် အတွင်း၌ အစိုးရ တပ်မတော် တပ်မ (၆၆) မှ ဒေသခံ များ၏ သွားလာမှုကို ကန့်သတ် မှုများ လုပ်လာ ခဲ့သဖြင့်လည်း ဒေသခံ များမှ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင် မှုများလည်း ရှိနေကြောင်း ဦးလနန်က ရွှေဟင်္သာ သတင်း ဌာနအား ဆက်ပြောသည်။

“အစိုးရ တပ်က နေပြီးတော့ အရပ်သား တွေကို ပိတ်ဆို့မှု လုပ်တာ ၊ ရွာသားတွေ အမြဲတန်း ဖြတ်သွား ဖြတ်လာ လမ်းတွေကို ဖြတ်သန်းခွင့် မပြုဘူး ပိတ်လိုက်တယ်၊ ဒေသခံ လူထု ကလည်း တိုက်ပွဲ ပြန်ဖြစ် လာမလား ဆိုပြီး စိုးရိမ်လို့ ထွက်ပြေး လာကြတာပါ” ဟု ဦးလနန်က ရွှေဟင်္သာ သတင်းဌာနအား ဆက်ပြောသည်။

လက်ရှိ၌ အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးပွဲ များတွင် ကချင် လွတ်လပ်ရေး အဖွဲ့မှ တက်ရောက်မည် ဖြစ်သော်လည်း ၊ နှစ်ဖက် ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းပွဲ များကိုမူ တက်ရောက်မည် မဟုတ်ဟု KIO မှ ထုတ်ဖော် ပြောကြား ထားသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တို့သည် သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲ ထားသော်လည်း ၂၀၁၁ ခုနှစ် တွင် နှစ်ဖက် အကြား တိုက်ပွဲများ ဖြစ်ပွား လာရာမှ ယနေ့တိုင် အပစ်အခတ် မရပ်စဲ နိုင်သေးပဲ ဖြစ်နေ ခဲ့သည်။

 News Association

Shan News
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသည့် ရှမ်းနီများ ပြန်လည် လွတ်မြောက် လာရေး အတွက် လာမည့် ဇန်နဝါရီလ (၃) ရက်နေ့၌ မြစ်ကြီးနားမြို့ ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်၌ တပ်သားသစ် စုဆောင်းခြင်း ခံရသည့် ကလေး မိဘများနှင့် ကချင်ပြည်နယ် ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပူးပေါင်း၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။

“ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပြီး တပ်သားသစ် အဖြစ် စုဆောင်း ခံရတဲ့ လူငယ် (၂၈၀) ကျော် ပြန်လွှတ် ပေးဖို့ ဆုတောင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ခင်ဗျ၊ ကလေး မိဘတွေ ကိုယ်တိုင် ဘုရားမှာ ဆုတောင်းပွဲ လုပ်မယ်” ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

မြို့တော်ခန်းမ ထွက်ပေါက်ရှိ မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွဲ၊ ၁၄ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့လယ်က မြို့တော်ခန်းမ ထွက်ပေါက်ကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ တပ်စည်ပင်နဲ့ အရပ်သား အင်အား ၁၀၀ နီးပါးက ဒီနေ့ မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြနေတဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။

ယနေ့နံနက် လက်ပံတောင်းပစ်ခတ်မှု ၂ ဦး ထပ်မံဒဏ်ရာရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြန်မာဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်မှုအပေါ် တားမြစ်တဲ့ ဆည်တည်းရွာသားတွေကို ဒီမနက် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်တာကြောင့် ၂ ဦး ထပ်မံ ဒဏ်ရာရပါတယ်။

ဒီမနက် ခြံစည်းရိုးတွေ စိုက်ထူရာ ဆည်တည်းရွာမြောက်ဘက် ကိုက် ၄၀၀ ခန့် အကွာနားထိ  ကပ်လာလို့  ရွာသားတွေက တားမြစ်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်လို့ ရွာသားနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရတယ် ဆည်တည်းရွာသား ကိုအောင်ဌေးနိုင်က ပြောပါတယ်။

ပုံတောင်ခြေရင်းရှိ ကျေးရွာများ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မီးလင်းပြီး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင်ခြေရင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင် သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုနှင့် ကျေးရွာနေအိမ်ထောင်စုများ၏ ထည့်ဝင်မှုများဖြင့်ဆောင်ရွက်ခဲ့ရာ ဝမ်းဘဲချိုင့် ကျေးရွာ၊ ကျည်းပင်ကျေးရွာ၊ လယ်တီကျေးရွာနှင့် ဆယ်ပြင်ကျေးရွာများသည် ဒီဇင်ဘာ ၁၀ ရက်ကစတင်၍ ဆိုလာစနစ်ဖြင့် မီးလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

၂၂-၁၂-၂၀၁၄ မှ ၂၈-၁၂-၂၀၁၄ ထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

စိတ်လေနေမည်။ စိတ်တိုင်းမကျမှု တွေ များနေမည်။ ရည်းစားလူလု အူနုကျွဲခတ် ဆိုသလို ကိုယ့်ချစ်သူ ရဲ့ ဖောက်ပြန်မှု့ကြောင့် စိတ်ဆင်းရဲမှု့ တွေ ကြုံနေမည်။ မရည်ရွယ်သော ခရီးများ ရောက်မည်။ လက်ထပ်ရက် ရွှေ့ဆိုင်းမှု့ ဖြစ်မည်။ ဒီတပတ် အတွင်းထိုးသော ထီလက်မှတ် ပေါက်ဂဏန်း ရမည်။ ငွေကြေးကိစ္စ စကားပြောရမည်။ စာမေးပွဲ အောင်မြင်မည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။ ဆွေမျိုးသားချင်းတို့ တွက် စိတ်ဆင်းရဲ စိတ်ရှုပ်ရတတ်ပါသည်။

အကျိုးပေးဂဏန်းမှာ - ၁၊ ၆၊ ၉။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု ဦးအောင်မင်း ပြောကြား

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့မည် မဟုတ်ဘဲ ယခုအစိုးရ လက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ဆင်းရဲနွမ်းပါးသူကို မြင်လျှင် ဤသို့ဆင်ခြင် နှလုံးသွင်းပါ

ရဟန်းတို့ ဤသံသရာကြီးသည် အစမရှိ အဝိဇ္ဇာ ဖုံးအုပ်လျက် တဏှာကြိုးဖြင့် ချည်နှောင် ကာ တစ်ဘဝမှတစ်ဘဝသို့ ကူးပြောင်း စုန် ဆန် အဖန်ဖန် အခါခါ ကျင်လည်၍နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာဘဝသည် မထင်မြင် နိုင်။
ရဟန်းတို့ ဆင်းရဲသောလူတစ်ယောက်ကို တွေ့လျှင် ''ငါတို့လဲ အစမထင် သံသရာတစ်ခွင်၌ ဤကဲ့သို့ပင် ဆင်းရဲခဲ့ဖူးလှလေပြီ''ဟု ဆုံးဖြတ်ရ မည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းတို့ ဤ သံသရာကြီးသည် အစမရှိ အဝိဇ္ဇာဖုံးအုပ်လျက် တဏှာကြိုးဖြင့်ချည်နှောင်ကာ တစ်ဘဝမှတစ်ဘဝ သို့ ကူးပြောင်းစုန်ဆန် အဖန်ဖန်အခါခါ ကျင်လည် နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာဘဝ သည် မထင်မြင်နိုင်သောကြောင့်တည်း။

အစိုးရသက်တမ်းအတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ဝေဖန်ခံရနိုင်ကြောင်း သူရဦးရွှေမန်းပြောကြား

Photo: အစိုးရသက်တမ်းအတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ဝေဖန်ခံရနိုင်ကြောင်း သူရဦးရွှေမန်းပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အစိုးရသစ်သက်တမ်း အတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ပြည်သူများ ဝေဖန်စရာ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ သက်တမ်းသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းကာလမတိုင်မီ လယ်ယာမြေ ပြဿနာများကို အပြီးသတ် ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်သူတွေအတွက် တာဝန်မကျေတဲ့ ပြည်ထောင်စုလွှတ်တော် တာဝန်မခံ၊ တာဝန်မကျေတဲ့ အစိုးရအဖွဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရာတွင် မြေဂရန် ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများထက် ဒေသခံများ၏ ထောက်ခံချက်သည်သာ အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြည်ထောင်စုအစိုးရက လယ်ယာမြေ အမှုအခင်းများကို ဖြေရှင်းရာတွင် မိုးသီးနှံများအတွက် ၂၀၁၄ ခုနှစ် ဇွန်လကုန် မတိုင်မီနှင့် ဆောင်းသီးနှံများအတွက် စက်တင်ဘာလ မတိုင်မီ ဖြေရှင်းပေးရန်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အတွင်း အတည်ပြုထားသည်။

ယင်းနောက် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ဖွဲ့စည်းထားသော မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများထံသို့ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ခိုင်လုံသော အထောက်အထားများဖြင့် လျှောက်ထားနိုင်ကြောင်း အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။

သို့သော်လည်း တောင်သူလယ်သမား အများစုမှာ ခိုင်လုံသော ဂရန်စာရွက် စာတမ်းများ မရှိခြင်းနှင့် စီမံကိန်းနှင့် သိမ်းဆည်းခံထားရခြင်းမှာ တပ်မတော်အစိုးရ လက်ထက်တွင် ဖြစ်သောကြောင့် လယ်ယာမြေ ပြဿနာများမှာ အစိုးရသစ် သက်တမ်းအတွင်း ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ပြောဆိုထားသည်။
အစိုးရသစ်သက်တမ်း အတွင်း လယ်ယာမြေ ပြဿနာများကို မဖြေရှင်းနိုင်ပါက တာဝန်မခံနိုင်သော အစိုးရအဖွဲ့ဟု ပြည်သူများ ဝေဖန်စရာ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ သက်တမ်းသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းကာလမတိုင်မီ လယ်ယာမြေ ပြဿနာများကို အပြီးသတ် ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်သူတွေအတွက် တာဝန်မကျေတဲ့ ပြည်ထောင်စုလွှတ်တော် တာဝန်မခံ၊ တာဝန်မကျေတဲ့ အစိုးရအဖွဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံချွတ်ခြုံကျ ပျက်စီးနေသောနိုင်ငံတော်ကို အမြန်ဆုံးပြန်လည် တည့်မတ်ရမည့် အခြေအနေမျိုးဖြစ်နေဟု ပထမအကြိမ် UNA ညီလာခံသို့ တင်သွင်း သည့် နိုင်ငံရေးအစီရင်ခံစာတွင် သုံးသပ်ထား

ကြာတောင့်ကြာရှည်ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံထောင့်စုံ ချွတ်ခြုံကျပျက်စီးနေသောနိုင်ငံတော်အား အမြန်ဆုံးပြန်လည်တည့်မတ်မှဖြစ်တော့မည့် အခြေအနေမျိုးဖြစ် နေကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ၏ ပထမအကြိမ်ညီလာခံသို့ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာတွင် ထည့်သွင်းသုံးသပ်ထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု ဦးအောင်မင်း ပြောကြား

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့မည် မဟုတ်ဘဲ ယခုအစိုးရ လက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ညစာစားပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လာမည့် ဇန်နဝါရီလအတွင်း အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများ မဲစနစ်ဖြင့် စတင်ရောင်းချ

Photo: မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများ မဲစနစ်ဖြင့် စတင်ရောင်းချ
ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာများ ကို ချထားပေးခဲ့ရာ ဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများကို လူကိုယ်တိုင်မဲစနစ်ဖြင့် သတ်မှတ်ရောင်းချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၈လမ်းနှင့် ယုဇနလမ်းထောင့်ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှင်း လင်းဆောင်၌ ကျင်းပသည်။

အဆိုပါ တိုက်ခန်းများတွင် ရှစ် ခန်းတွဲလေးထပ် ၂၇ လုံး၊ လေးခန်းတွဲ လေးထပ် အလုံး ၃ဝ ပါရှိပြီး အခန်း ပေါင်း ၁၃၄၄ ခန်းပါဝင်သည်။
ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူ ခွင့်ရရှိ၍ လျှောက်ထားသူဦးရေ ၁ဝ၅၇ ဦးအနက် ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ မြေကွက် ရောင်းမှား၊ ဝယ်မှားဖြစ်သူ ၁၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ်တွင် ရောင်းမှား၊ ဝယ်မှားဖြစ်သူ ၂၂၃ ဦးနှင့် မြို့ကွက်သစ်အကွက်ရိုက် မြေကွက်များ တွင် နေရာချထားမှု များထပ်နေ၍ အစားထိုးပေးမည့်သူ နှစ်ဦး၊ စုစုပေါင်း ၃၇၇ ဦးတို့အား ဦးစားပေးအနေဖြင့် စိစစ်ရွေးချယ် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိရေးအတွက် ပင်စင်စား ၁၂၈၅ ဦး၊ တိုက်ပွဲကျ/မုဆိုးမ ၁၆ ဦး၊ မသန်စွမ်းလေးဦး၊ အောက်ခြေ ဝန်ထမ်း ၇၂ဝ၉ ဦးနှင့် သာမန်ပြည်သူ ၆၆၅ ဦး စုစုပေါင်း ၉၁၇၉ ဦး လျှောက်ထားခဲ့ကြောင်း သိရသည်။
MOI Webportal Myanmar
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာများ ကို ချထားပေးခဲ့ရာ ဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများကို လူကိုယ်တိုင်မဲစနစ်ဖြင့် သတ်မှတ်ရောင်းချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၈လမ်းနှင့် ယုဇနလမ်းထောင့်ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှင်း လင်းဆောင်၌ ကျင်းပသည်။

အင်္ဂလန်ဘောလုံးလောကတွင် မန်ယူက မိုက်ကယ်ကာရစ် အကောင်းဆုံးဟု ဖာဂူဆန် ပြော

Fergie Carrick
အင်္ဂလိပ်ဘောလုံးသမားတွေထဲမှာ မန်ယူကွင်းလယ်သမား မိုက်ကယ် ကာရစ်က အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ပြောဆိုလိုက်ပါတယ်။

နည်းပြ ဗန်ဂါးရဲ့ မန်ယူအသင်းဟာ ဒဏ်ရာကနေ ပြန်လာတဲ့ ကာရစ် ပါဝင်ကစားတဲ့ ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရထားပါတယ်။

မိဘနှင့် ကွဲသွားသည့်ကလေးငယ်တစ်ဦး ဖေ့စ်ဘွတ်ခ်ကြောင့် နာရီပိုင်းအတွင်းပြန်တွေ့

မိဘနှင့်ကွဲ၍ ရန်ကုန်မြို့ လယ်ကောင်တွင် မျက်စိလည်နေ သော ကလေးငယ်တစ်ဦးမှာ လူမှုကွန်ရက် အကူအညီ ဖြင့် နာရီ ပိုင်းအတွင်း မိဘနှင့်ပြန် လည်တွေ့ဆုံနိုင်ခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီကျော်က မြို့တော်ခန်းမအနီး တွင် မိဘနှင့် ကွဲနေသည့်ကလေး ငယ် မောင်ရဲရင့်နောင်ကို လူမှု ကွန်ရက်အသုံးပြုသူတစ်ဦးက ဓာတ်ပုံရိုက်၍ ချက်ချင်းတင်ခဲ့ရာ ပြန်လည်မျှဝေသူ သုံးသောင်း ကျော်ရှိခဲ့သည်။

ချောင်းသာကမ်းခြေသဲသောင်ပြင်ရှိ ဈေးဆိုင်များ ဖယ်ရှားခံရ၍ ပြန်ရောင်းခွင့်ရရန်ဆန္ဒပြ

Photo: ချောင်းသာကမ်းခြေသဲသောင်ပြင်ရှိ ဈေးဆိုင်များ ဖယ်ရှားခံရ၍ ပြန်ရောင်းခွင့်ရရန်ဆန္ဒပြ
Tuesday, December 23, 2014

 ချောင်းသာကမ်းခြေ သဲသောင်ပြင်၌ ရောင်းချနေသော ဈေးဆိုင်များကို ရှင်းလင်းဖယ်ရှား ခဲ့၍ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ချောင်းသာ ကမ်းခြေသဲ သောင်ပြင်ရှိ ကျူးကျော်ဈေးဆိုင် ၆၀ ကျော်ကို ရှင်းလင်းပြီး သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေး တာ ဝန်ရှိသူတို့က ပစ္စည်းများကို သိမ်း ဆည်းခဲ့သဖြင့် ဒီဇင်ဘာ ၁၉ ရက် တွင်ဈေးဆိုင်များပြန်လည်ဖွင့်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဈေး ရောင်းချသူများက ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။

‘‘မနှစ်ကဆိုရင် ဆိုင်က သုံး ဆယ်လောက်ပဲရှိတာ။ ဒီနှစ်မှာ တော့ ခြောက်ဆယ်လောက်ဖြစ် လာတယ်။ အဲဒါကြောင့် ထိန်း သိမ်းလိုက်တာပါ’’ဟု ချောင်းသာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးတေဇာ အောင်ကပြောသည်။

ဈေးရောင်းချသူများသည် ကမ်းခြေတွင်ဈေးရောင်းချခွင့်ပြု ရေး၊ ကမ်းခြေဆင်းလမ်းများဖွင့်ပေးရေး၊ အာဏာရှင်ဆန်ဆန် ပစ္စည်း သိမ်းမှုရပ်တန့်ရေးစသောအချက်သုံးချက်ဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဈေးဆိုင်တန်းများ သည် မက်စ်ဟိုတယ်နှင့် သမ္ဗန် ဆိပ်အကြားတွင် အများဆုံးဖြစ် ပြီး ဈေးဆိုင်ကိုနေအိမ်သဖွယ် ဆောက်လုပ် နေထိုင်နေကြသည် ဟု ဦးတေဇာအောင်က ပြော သည်။

ဈေးသည်များကမူ ဆန္ဒဖော် ထုတ်၍မရပါက သပိတ်စခန်းဖွင့် ပြီး ဆန္ဒဖော်ထုတ်သွားမည်ဟုဆို သည်။

ချောင်းသာကမ်းခြေ၌ မိမိ ပိုင်ဆိုင်သည့်မြေဧရိယာမှအပ ကမ်းခြေသဲသောင်ပြင်ဧရိယာ အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်း၊ ခြံခတ်ခြင်း၊ သစ်ပင်စိုက် ပျိုးခြင်း၊ အဆောက်အအုံတိုးချဲ့ တည်ဆောက်ခြင်း၊ ကျူးကျော် ခြင်းများမပြုလုပ်ရန် ပြီးခဲ့သည့် စက်တင်ဘာက ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စာထုတ်ကာသတိပေးခဲ့သည်။

ကမ်းခြေသဲသောင်ပြင်တွင် ဈေးဆိုင်ဆောက်လုပ်ကာ ရောင်းချသူများသည် ၂၀၁၂ နောက်ပိုင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စည်းကမ်းတကျ ခေါင်းရွက်ရောင်း ချသူများ၊ဧည့်သည်များမှာ ယူမှသာ ချက်ပြုတ်ပေးသောနည်းဖြင့်ရောင်းချသူများကို နားလည်မှုဖြင့် ခွင့်ပြုပေးထားကြောင်း ဦးတေဇာအောင်ကပြောသည်။

ဈေးရောင်းချခွင့်ပြန်ရရေး ဆန္ဒဖော်ထုတ်နေသော ကမ်းခြေဈေးသည်များ (ဓာတ်ပုံ − ချောင်းသာကမ်းခြေ သတင်းဌာန)
7Day Daily

ချောင်းသာကမ်းခြေ သဲသောင်ပြင်၌ ရောင်းချနေသော ဈေးဆိုင်များကို ရှင်းလင်းဖယ်ရှား ခဲ့၍ ဆန္ဒပြမှု များဖြစ်ပေါ်ခဲ့ကြောင်း ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ချောင်းသာ ကမ်းခြေသဲ သောင်ပြင်ရှိ ကျူးကျော်ဈေးဆိုင် ၆၀ ကျော်ကို ရှင်းလင်းပြီး သက် ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေး တာ ဝန်ရှိသူတို့က ပစ္စည်းများကို သိမ်း ဆည်းခဲ့သဖြင့် ဒီဇင်ဘာ ၁၉ ရက် တွင်ဈေးဆိုင်များ ပြန်လည်ဖွင့်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဈေး ရောင်းချသူများက ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။

‘‘မနှစ်ကဆိုရင် ဆိုင်က သုံး ဆယ်လောက်ပဲရှိတာ။ ဒီနှစ်မှာ တော့ ခြောက်ဆယ်လောက်ဖြစ် လာတယ်။ အဲဒါကြောင့် ထိန်း သိမ်းလိုက်တာပါ’’ဟု ချောင်းသာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးတေဇာ အောင်ကပြော သည်။

ဂက်စ်ပိုက်လိုင်းယိုစိမ့်နေစဉ် မော်တော်ယာဉ်စက်နှိုးရာမှ အင်ဂျင်ခန်း မီးလောင်မှုဖြစ်

၂၂.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ ပေါက်တောမီးပွိုင့်အနီးတွငမော်တော်ယာဉ်(၁)စီးမီးလောင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။