Wednesday, December 24, 2014

ဖခင်ဖြစ်သူက ဟန်းဆက်မဝယ်ပေးသဖြင့် လူငယ်တစ်ဦး အဆိပ်သောက် သေဆုံး

ကွမ်းခြံကုန်းမြို့နယ် ဆင်တိုးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးမှာ ဖခင်ဖြစ်သူက ဟန်းဆက် မဝယ်ပေးသောကြောင့် အဆိပ်သောက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ဆင်တိုးကျေးရွာတွင် နေထိုင်သူ ကိုအောင်မြင့်မြတ်မှာ ၎င်း၏ ဖခင်ဖြစ်သူကို ဟန်းဆက်လိုချင်ကြောင်း လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ပူဆာခဲ့သော်လည်း ဖခင်က မဝယ်ပေးနိုင်သေးသောကြောင့် ယင်းနေ့က လယ်တဲရှိ ပိုတက်ဆေးသောက်ကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း ကွမ်းခြံကုန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဟန်းဆက်ဝယ်ပေးဖို့ ပူဆာနေတာ မဝယ်ပေးလို့ မသေခင် သုံးရက်လောက်တည်းက စိတ်ကောက်ပြီး ထမင်းလည်း မစားတော့ဘူး၊ ဆုံးတဲ့နေ့က လယ်ထဲလိုက်လာပြီး သူ့မရီးကို ပိုတက်ဆေးသောက်ရင် သေလားလို့ မေးခဲ့သေးတယ်။

သံတော်ဆင့် ဂျာနယ် အမှု ပြန်ကြားရေး ၀န်ကြီးဌာနကို စတင် စစ်ဆေး

သမ္မတကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာသံတော်ဆင့် ဂျာနယ်၏ ဒုတိယမြောက် ရုံးချိန်း ဖြစ်သော ယနေ့ တွင် တရားလို ပြန်ကြားရေး ၀န်ကြီးဌာနကို စတင်စစ်ဆေးကြောင်း သတင်း ရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တရားလိုပြ သက်သေတဦး ဖြစ်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း၏ နိုင်ငံရေး တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန်အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် အသုံးအနှုန်းများ ရေးသားဖော်ပြခဲ့ သဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း မြန်မာ သံတော်ဆင့် ရှေ့နေ ဦးဇော်လင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု

ဒေါက်တာတင်နွယ်

လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ သေဆုံးသူ ဒေါ်ခင်ဝင်းဟာ သေနတ်ထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်လို့ မှုခင်းဆရာဝန်က အတည်ပြု ပြောကြား ပါတယ်။

ဒေါ်ခင်ဝင်းအလောင်းကို ဆားလင်းကြီးမြို့နယ်ဆရာဝန် ဒေါက်တာတင့်လွင်၊ မုံရွာမြို့နယ်မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်၊ မုံရွာမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်သန်းတို့က ရင်ခွဲရုံမှာ မနက်ပို်င်း ဆယ်နာရီလောက်က ခွဲစိတ်ပြီးနောက် ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆောင်းရာသီသီးနှံချေးငွေနှင့်ပတ်သက်၍ ကောလာဟလဖြစ်ခဲ့သော ဟင်္သာတမြို့တွင် ချေးငွေစတင်ထုတ်ချေး

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၄ခုနှစ်အတွက် ဆောင်းရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေအား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၈ အုပ်စုမှ ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဒီဇင် ဘာ ၂၂ရက်မှ စတင်ထုတ်ချေးပေး နေပြီဖြစ်ကြောင်း သိရသည်။
''ရန်ပုံငွေက ၂၄ဝဝဝကျော်ရ ပါတယ်။ အဲဒီရတာကို ဒီဇင်ဘာ ၂ ရက်ကပြီးတော့ ဇန်နဝါရီ ၁၅အထိ ကျေးရွာအုပ်စု ၉၈အုပ်စုက တောင် သူ ၁၈ဝဝဝခန့်ကို အပြီးထုတ်ချေးဖို့ လျာထားတယ်။ ကျွန်တော်တို့ဘဏ် ဘက်ကလဲ အလျင်အမြန်ရအောင် ထုတ်ချေးပေးလျက်ရှိသလို ၂ဝ၁၄ ခုနှစ်မိုးချေးငွေကိုလဲ သတ်မှတ် ရက်အတွင်း အပြေအလည်ပြန် လည်ပေးဆပ်ပါလို့ ပြောချင်ပါတယ်။ ဒါမှ ၂ဝ၁၄ခုနှစ် မိုးချေးငွေစော စောပေးဆပ်မှ ၂ဝ၁၅ခုနှစ်ကို ကျွန် တော်တို့က စောစောပြန်ထုတ်ချေး လို့ရပါမယ်''ဟု မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးကြည်လွင်က ပြောသည်။

ရင်ခွင်ပိုက်အရွယ် ကလေးငယ် အပါအ၀င် ရန်ကုန်သို့ သွားမည့် ဘင်္ဂါလီများ ကို လမ်းတစ်ဝက်တွင် ချထားခဲ့

ရန်ကုန်မြို့သို့ သွားရောက်မည့် ဘင်္ဂါလီ ၄ဦးနှင့် ၄င်းတို့နှင့်အတူ ပါလာသော ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦး တို့ကို ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကားတစ်စီးပေါ်မှ ချထား ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း အမ်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ယခုလ ၂၁ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အောက်ရွာအနီး တောင်ကုန်းပေါ်တွင် ကားတစ်စီး ပေါ်မှ ဘင်္ဂါလီလူမျိုးများအား ချထား ခဲ့သောကြောင့် ၄င်းတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လ၀က အက်ဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း အမ်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းလွင် က Rakhine News Agency သို့ပြောသည်။

စပိန်တော်ဝင်မင်းသမီးခရစ္စတီနာအခွန်လိမ်လည်မှုဖြင့်တရားခွင်၌ ရင်ဆိုင်ရမည်


စပိန်ဘုရင်ဖိလစ် (၆)၏ ညီမ ဖြစ်သူ ခရစ္စတီနာမှာ ပထမဆုံး တရားခွင်၌ရင်ဆိုင်ရသည့် တော်ဝင် မိသားစုဝင် ဖြစ်လာလိမ့် မည်ဖြစ် ကြောင်း၊ သူမအား တရားသူကြီး၏ အခွန်လိမ်လည်မှုဖြင့် တရားရုံးသို့ တင်ပို့ရန် အမိန့်ချခဲ့ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။
လေးနှစ်တာ စုံစမ်းစစ်ဆေးမှု များပြုလုပ်ပြီးနောက် ဘုရင့်မိသားစု အား ပြသနာဖြစ်ပေါ်စေခဲ့ရပြီး ဘုရင် ဂျူအန်ကာလို့စ်မှာလည်း ဇွန်လက ထီးနန်းစွန့်ခဲ့ရပြီးနောက် ဤတရား ရုံးဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

၃၅နှစ်အရွယ် ခင်ပွန်းကို သတ်ခဲ့ကြောင်း နိုင်ဂျီးရီးယား ကလေးသတို့သမီးက ၀န်ခံ


နိုင်ဂျီးရီးယားသူ ကလေးသတို့သမီး ဖြစ်သူဟာ သူမရဲ့ အသက်၃၅နှစ်ရှိ ခင်ပွန်းကို ကြွက်သတ်ဆေးသုံးပြီး သတ်ခဲ့ကြောင်းကို စာမရေးတတ်တဲ့အတွက် လက်ဗွေနှိပ်ပြီး ၀န်ခံခဲ့ပါတယ်။ သူမရဲ့ခင်ပွန်း Umar Sani ဟာ မင်္ဂလာဆောင်ပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၄နှစ်သာရှိတဲ့ ကလေးသတို့သမီး Wasila Tasi’u ကို သေဒဏ်ပေးဖို့အတွက် တရားလိုတွေက ကြိုးစားနေကြပါတယ်။

အယ်လ်ဂျီးရီးယားစစ်တပ်က ဂျီဟဒ်ခေါင်းဆောင်ကို အသေဖမ်းဆီး

ပြင်သစ်ကမ္ဘာလှည့်ခရီးသည် Herve Gourdel ကို ပြန်ပေးဆွဲကာ ခေါင်းဖြတ်သတ်ခဲ့သည့် ဂျီဟဒ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အယ်လ်ဂျီးရီးယားတပ်မတော်မှ အသေဖမ်းဆီးရမိခဲ့သည်ဟု အယ်လ်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ဂျီဟဒ်ခေါင်းဆောင် Abdelmalek Gouri နှင့် သူ၏ အပေါင်းအပါနှစ်ဦးကို
အယ်ဂျီးရီးယားနိုင်ငံ Isser နယ် မြို့တွင် တနင်္လာနေ့က ပစ်ခတ်ဖမ်းဆီး
ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
Gouri ၏ Jund al-Khilafa အဖွဲ့သည် ပြင်သစ်၏ အိုင်အက်စ် လေကြောင်း
တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် Gourdel ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောဆိုထားပြီး ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုကို ဖြန့်ချိခဲ့သည်။

မန္တလေးတောင် ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲ စိတ်ပါဝင်စားသူ များပြား

တတိယအကြိမ် မန္တလေး တောင်တက် Mountain Bike ခရီးကြမ်း စက်ဘီးစီးပြိုင်ပွဲကို လူစိတ်ဝင်စားမှုရှိလာပြီး ပြိုင်ပွဲ ဝင် ဦးရေ နှစ်စဉ်များပြားလာ ကြောင်း Mandalay Free Riders
Group(MFR)မှ သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပြီး စတင်ကျင်းပသည့်နှစ်တွင် တောင်တက်Mountain Bike နှင့် တောင်ဆင်း Downhill ပြိုင်ပွဲ နှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ် ပြိုင်သူ ၁၃ဝ ဦးခန့်သာ ရှိခဲ့ကာ ယခုနှစ် ပြိုင်ပွဲနှစ်ရပ်လုံး စုစု ပေါင်း ပြိုင်ပွဲဝင်ဦးရေ နှစ်ရာ ကျော်လာပြီ ဖြစ်ကြောင်း Mandalay Free Riders Group မှ ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။
''နိုင်ငံတကာမှာတော့ ဒီလို ပွဲတွေ အမြဲလုပ်တယ်လေ ဒီမှာက အဲ့ဒီလိုမရှိဘူး။ သူတို့ဖိတ်ခေါ်တာ တွေကိုပဲ သွားသွားပြိုင်နေရတယ်။ အဲဒါနဲ့ ဒီမှာလည်း လုပ်မယ်ဆိုပြီး ကျွန်တော်တို့ ကျင်းပတာ။ ဒါနဲ့ ပါဆိုရင် သုံးနှစ်ရှိပါပြီ နိုင်ငံခြား သားတွေတော့ မပါပါဘူး။ နိုင်ငံ တွင်း စက်ဘီးစီးသူတွေချည်းပါပဲ '' ဟု ၄င်းဆိုသည်။
ယခုနှစ်Mountain Bike ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၁၇ဝ ကျော်ခန့်ရှိပြီး တောင်အဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူမှာ ၃ဝ ကျော် ခန့်သာရှိကာ မန္တလေး ၇၈ လမ်းDiamond Plaza မှ ပြိုင်ပွဲစတင်၍မန္တလေးတောင်တွင် အဆုံးသတ်မည် ဖြစ်သည်။

တရုတ်သို့ ရေနံပို့လွှတ်ရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းအသင့်ဖြစ်ပြီ ရခိုင်ကမ်းရိုး တန်းနှင့် ရေလုပ်ငန်းထိခိုက်မည်ကို ဒေသခံစိုးရိမ်

ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တန်ချိန်တစ်သိန်းထိ တင်ဆောင်နိုင်သောရေနံ တင်သင်္ဘော များလာမည့် ဇန်န၀ါရီလ တွင်စတင် ဆိုက် ကပ်တော့ မည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်ခင် ကပြောသည်။
အရှေ့အလယ်ပိုင်းမှ သင်္ဘောဖြင့် သယ်ဆောင် လာမည့် ရေနံများကို ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းတွင် အခြေစိုက်သည့် တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီ CNPC ၏ ရေနံလှောင် ကန်များတွင် ထားရှိကာ တရုတ်သို့ပိုက် လိုင်းဖြင့်ပို့ လွှတ်ရန် စီစဉ် ထားသည်။
“တရုတ်နိုင်ငံ လောင်စာဆီအတွက် အဓိကထားမှာ။ မြန်မာအစိုးရ ဘက်ကတော့ သိုလှောင် ထားတာ။ ပိုက် လိုင်းဖြတ်သန်း တာအတွက် အကျိုးခံ စားခွင့်ရမှာ” ဟု ဦးကျော်ခင်က ဆိုသည်။
ဇန်န၀ါရီလတွင် ဆိုက်ကပ်မည့် ရေနံတင် သင်္ဘော များတွင် တစ်ကြိမ်ဆိုက် ကပ်ပါက တန်ချိန်သုံး သိန်းထိ ပါဝင်မည် ဖြစ်ပြီး တစ်လလျှင် အများဆုံး သုံးခေါက် ထိ ဆိုက်ကပ် ရန်ရှိ သည်ဟု ၎င်းကပြောသည်။
ဒေသခံတို့ကမူရေနံတင် သင်္ဘောများ ဆိုက်ကပ်ပါက ဆိပ်ကမ်း အတွင်း ရေနံယိုဖိတ် မှုများနှင့် မတော်တဆ မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် အသက် အန္တရာယ် ထိခိုက်ပါ ကမည်သို့ တာဝန်ယူမည်နည်းဟု မေးခွန်း ထုတ်သည်။

လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ

လက်ပံတောင်းတောင် ဒေသခံတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းလို့ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသားတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကြောင့် တုန်လှုပ်ဝမ်းနည်းရတဲ့ အကြောင်းနဲ့ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ဘင်္ဂါလီမှ ကမန် လူမျိုး အဖြစ် ပြောင်းထားသူ များကို အဆင့်ဆင့် စစ်ဆေးကာ ဗဟိုမှ ဆုံးဖြတ်မည်

လာမည့် ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုး များကို နိုင်ငံသား စိစစ်ခြင်း စတင်မည် ဖြစ်ကာ ဘင်္ဂါလီ လူမျိုး ဖြစ်သော်လည်း ကမန် တိုင်းရင်းသား ဟူ၍ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ များကို အဆင့်ဆင့် စစ်ဆေး၍ ဗဟို အဆင့်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
ဘင်္ဂါလီကနေ ကမန် လုပ်ထားတဲ့သူ တွေကို စစ်လိုက်လို့ ပေါ်လာရင်၊ မြို့နယ် အဆင့်ဆင့်ကနေ ဗဟိုကို တင်ပြပြီး ဥပဒေ အတိုင်းပေါ့။ သွေးနှောဆို သွေးနှော ဆုံးဖြတ် သွားမယ်။ ကမန် တိုင်းရင်းသား ဖြစ်တယ် ဆိုရင် တိုင်းရင်းသားက နိုင်ငံသား ဖြစ်ပါတယ်။ တချို့ ကျတော့ ဘင်္ဂါလီက ကမန်လို့ ယူထားတာတော့ ရှိနေတယ် ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးမှူး ဦးခင်စိုးက The Messenger Media သို့ ပြောသည်။

တကျော့ပြန် လက်ပံတောင်း အကြမ်းဖက်မှု ချက်ချင်းစုံစမ်း အရေးယူရန်လို

လက်ပံ တောင်းတောင် ကြေးနီထုတ် လုပ်ရေး စီမံကိန်းအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးရယူထားခြင်း မရှိသော လယ်ယာမြေများပေါ်တွင် ၀မ်ပေါင် ကုမ္ပဏီက အဓမ္မ၀င် ရောက်၍  ခြံစည်း ရိုးခတ်ခဲ့သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်  ဒေသခံ တောင်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းသေဆုံးသွားပြီး ဒေသခံ တောင်သူ အများ အပြားလည်း သေနတ်ဒဏ်ရာ ရရှိသွားခဲ့သည်။   
ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်သည် ဒေါ်ခင်ဝင်း၏ ဦးခေါင်းကို ထိမှန်၍ ဦးနှောက်ပွင့် ထွက် သေဆုံး သွား ခြင်းဖြစ်သည့်အတွက် ရဲတပ်ဖွဲ့သည် ဒေသခံများကို ခြောက်လှန့်ရန်  ပစ်ခတ်ခြင်း မဟုတ်ဘဲ သေချာချိန်ရွယ် ပစ် ခတ် ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ အဓိကရုဏ်းများကို ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့်  စည်း ၃ စည်း သတ် မှတ် ၍ ပထမအဆင့် သတိပေးခြင်း၊ ဒုတိယစည်းကျော်လာလျှင် ခြောက်လှန့်ပစ်ခတ်ခြင်း၊ တတိယစည်း ကျော်လာ လျှင် ရိုက် နှက် ဖမ်းဆီးခြင်း ဆိုသည့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ဆန္ဒပြသူများကို တိုက်ရိုက် ပစ်ခတ် ခြင်း မှာ ဥပဒေ ချိုးဖောက်ခြင်းပင်ဖြစ်သည်။

အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ACE ကုမ္ပဏီအပါအဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ စာရင်း၊ ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁ဝဝဝ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသည့် သီးခြားစာရင်းများကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့သူ မြန်မာလုပ်ငန်းရှင်/ ကုမ္ပဏီများစာရင်း” ဟူသော ခေါင်းစဉ်ဖြင့် အခွန်ထမ်း ၁၇၇ ဦးပါသော စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းဆိုသည်မှာ သတ်မှတ်စည်းကမ်းအတိုင်း သတ်မှတ်ချိန်အမီ အခွန်ပေးဆောင်သူများကိုသာ စာရင်းကောက်ယူထုတ်ပြန်ခြင်း ဖြစ်သည်။

သမုဒ္ဒရာနှစ်စင်းကို ဆက်သွယ်မည့် တူးမြောင်းသစ် နီကာရာဂွါတွင် စတင်ဖောက်လုပ်


အတ္တလန္တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်စင်းအကြား ဆက်သွယ်မည့် တူးမြောင်းသစ် ဖောက်လုပ် ခြင်းကို စတင်လုပ်ဆောင်ပြီဖြစ်ကြောင်း နီကာရာဂွါနိုင်ငံအစိုးရက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။