Monday, October 12, 2015

၁၂-၁၀-၂၀၁၅ မှ ၁၈-၁၀-၂၀၁၅ ထိ ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဤတစ်ပတ်ကာလသည် သင့်အတွက် စိတ်လေခြင်းနှင့် စိတ်ရောလူပါ ဗျာများပြီး မအားမလပ်ဖြစ်သောကာလပင် ဖြစ်ပါသည်။ အရာအားလုံးကလည်း ကိုယ့်အပေါ်မှ ကျရောက်သလိုဖြစ်ပြီး သူများအတွက်ရော ကိုယ့်အတွက်အလုပ်ရှုပ်၊ စိတ်ရှုပ်ရတတ်ပါသည်။ စက်ပစ္စည်း၊ ရွှေ၊ မြေတို့ အဝင်အထွက်ဖြစ်မည်။ အိပ်ယာ၊ အိပ်ခန်း ပြောင်းလဲမှု၊ ပြောင်းရွှေ့မှုတို့ ဖြစ်မည်။ ကျန်းမာရေးမှာ ကျောကိုက်၊ ခေါင်းခဲတာမျိုးတွေ ဖြစ်မည်။ ပညာရေး၊ အချစ်ရေး ကောင်းနေမည်။ မင်္ဂလာဆောင်ရန် စီစဉ်မှုတွေ ပြုနေမည်။

အကျိုးပေးဂဏန်း ၄၊၉၊ ၆

အထူးဟော – ရှုပ်သော်လည်း ရှင်းနိုင်ပါသည်။

ယတြာ – တနင်္ဂနွေနေ့နံနက်တွင် မြောက်အရပ် လမ်းပေါ် ငွေ ၁၀၀ ကျပ် ပံ့သကူပြုပါ။



တနင်္လာ

စွန့်စားမှု၊ စူးစမ်းမှု၊ လေ့လာမှု၊ မှတ်သားမှု ကြိုးစားအားထုတ်မှု့များ မနေမနားပြုရကိန်းရှိသည်။ ကိုယ့်အတွက်နှင့် မိသားစုအရေးအတွက် လုံးပမ်းရတတ်သည်။ ယာယီခရီးဝေးတွေ သွားရမည်။ ပစ္စည်းပျောက်ကိန်း၊ လူလိမ်၊ ငွေလိမ် ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ စာမေးပွဲအောင်မည်။ ရာထူးတက်လိမ့်မည်။ အလုပ်နေရာ တာဝန်ပြောင်းကိုင်ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောင့်အယှက်တွေ ကြုံမည်။ လူချစ်လူခင်ချင်း စိတ်ဝမ်းကွဲရတတ်သည်။ သူများ အရှုပ်၊ ကိုယ့်အရှုပ်ဖြစ်မည်။ ငွေဝင်၊ ငွေထွက်ကြမ်းနေမည်။ ရစရာငွေမတောင်းနှင့်။ မရနိုင်သေးပါ။

အကျိုးပေးဂဏန်း ၂၊ ၈၊ ၎

အထူးဟော – စကားပြော ဆင်ခြင်ပါ။

ယတြာ – တနင်္လာနေ့နံနက်တွင် ကံ့ကော်ညွန့် ၁၅ညွန့်ကို တန်ခိုးကြီးဘုရားကို လှူပါ။



အင်္ဂါ

သဘောလည်းမလွယ်နှင့် အပြောလည်း မကြွယ်နှင့်၊ ရှုပ်ကိန်းရှိသည်။ ရှုပ်ပေမယ့် ရှင်းလို့ရမယ်။ ရုတ်တရက်ခရီးထွက်ရမည်။ ကျန်းမာရေးဂရုစိုက်ပါ။ ထိခိုက်အနာတရလည်း ဖြစ်ကိန်းရှိသည်။ အိမ်ထောင်ရေးအနှောင့်ယှက် စွဲလန်းသူတွေ့မည်။ ရန်မြင်တယ်။ စက်မြေတို့ ရောင်းဖြစ်၊ ဝယ်ဖြစ်မည်။ လုပ်ငန်းတချို့ အပြီးမသတ် တပိုင်းတစနှင့် ရပ်တန့်တတ်၍ ဂရုစိုက်ပါ။ သင့်ရဲ့ ကြိုးပမ်းမှုကို ပံ့ပိုးကူညီသူပေါ်မည်။ ငွေအစုလိုက် ဝင်လာမည်။ စက်၊ ယာဉ်တို့ ဝင်မည်၊ ထွက်မည်။

အကျိုးပေးဂဏန်း ၃၊ ၆၊ ၉

အထူးဟော – လူယုံမထားရ။

ယတြာ – အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ၈ညွှန့်လှူပါ။



ဗုဒ္ဓဟူး

သူတစ်ပါးစကားအရမ်းမယုံသင့်ပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အကောင်အထည်ဖော်ပါ။ ဒီရက်ပိုင်းအတွင်းရပ်ဝေးခရီး သွားဖြစ်မည်။ အလုပ်မရှိသောသူတို့ အလုပ်ရမည်။ အလုပ်ရှိသော သူတို့ ရာထူးတက် နယ်ပြောင်းဖြစ်မည်။ ဝင်ငွေကောင်းနေမည်။ အချစ်ရေးကောင်းသည်။ မဆင်ခြင်ပါက အိမ်ထောင်ပြုဖြစ်မည်။ အိမ်ထောင်ရှိသောသူတို့ နောက်တစ်ယောက်ပေါ်မည်။ ဆင်ခြင်ပါ။ အတိုက်အခံတစ်ခု ကြုံမည်။ ကျော်နိုင်မည်။ ဝါသနာပါလျှင် ဤတစ်ပတ်အတွင်းထိုးသောထီပေါက်တတ်သည်။

အကျိုးပေးဂဏန်း ၄၊ ၉၊ ၆

အထူးဟော – သင်ကံကောင်းသည်။

ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ဘုရားကို အောင်သပြေ၁၇ညွှန့်ကပ်လှူပါ။

ကြာသပတေး

စိတ်လေနေမည်။ စိတ်၇ှုပ်နေမည်။ သို့သော် အခက်အခဲတစ်ခု ကျော်နိုင်မည်။ လူရွေးပေါင်းသော်လည်း လူပေါင်းမှားမည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ရုတ်တရက်ခိုက်မိမည်။ ကြီးသောသူတစ်ဦးကျန်းမာရေး ချူချာမည်။ လုပ်ငန်းမှာ စိတ်တိုင်းမကျစရာ ပေါ်မည်။ လူခင်ချင်း စိတ်ဝမ်းကွဲသော်လည်း ပြန်ခေါ်မည်။ အချစ်ရေး အိမ်ထောင်ပြုခါနီးမှ ရှုပ်လာမည်။  ငွေဝင်ငွေထွက် ကြမ်းမည်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ ပညာရေးအောင်မြင်မည်။ အလုပ်အကိုင်ထစ်ငေါ့မှုတွေ ကြုံမည်။

အကျိုးပေးဂဏန်း ၆၊ ၀၊ ၇

အထူးဟော စိတ်ညစ်စရာ ကြုံနိုင်သော်လည်း စိတ်ချမ်းသာမှုတွေ ရလာပါလိမ့်မည်။

ယတြာ – ကြာသပတေးနေ့နံနက်တွင် အုန်းဆွမ်းဘုရားကပ်လှူပါ။



သောကြာ

ရည်ရွယ်တာကတစ်မျိုး၊ ဖြစ်နေတာက တစ်မျိုး ဖြစ်နေမည်။ ကိုယ့်အလုပ်မဟုတ်ဘဲ သူများ အရှုပ်တွေ ကြုံနေမည်။ အိမ်က လူတွေက ကိုယ့်အပေါ် သံသယဝင်နေမည်။ ခရီးယာယီတွေများနေမည်။ စက်၊ ရွှေ၊ မြေတို့ ဝင်ထွက်မည်။ အတိုက်အခံကြုံမည်။ အချစ်ရေးမှာ တဇွတ်ထိုးမလုပ်သင့်ပါ။ ကျန်းမာရေးမှာ ဝမ်းဗိုက်၊ အစာအိမ် ဂရုစိုက်ပါ။ အလုပ်အကိုင်တိုးတက်မှုရှိသည်။ ဝင်ငွေကောင်းလာမည်။ စက်ရွှေ၊ ငွေ ဝင်ထွက်မည်။

အကျိုးပေးဂဏန်း ၆၊ ၁၊ ၈

အထူးဟော စွန့်စားမှု မပြုသင့်ပါ။

ယတြာ – သောကြာနေ့နံနက်တွင် ဘုရားအား သစ်သီး၉မျိုးလှူပါ။



စနေ

ရည်ရွယ်ချက်များ၊ စွန့်စားမှုများ အောင်မြင်နေမည်။ လူအများတို့၏ ယုံကြည်အားကိုးမှုတွေရမည်။ ကြိုးစားမှုများ အောင်မြင်မည်။ လူအများ၏ ယုံကြည်အားကိုးမှုများ ရမည်။ ကြိုးစားမှုများ အောင်မြင်မည်။ ထို့ကြောင့် ပညာရေး၊ စီးပွားရေး အလုပ်အကိုင်များ ဆက်တိုက်အောင်မြင်ကျော်ကြားမည်။ မရောက်ဖူးသော ခရီး၊ မပေါင်းဖူးသော မိတ်ဆွေ မလုပ်ဖူးသော အလုပ်တို့ ကြုံမည်။ အောင်မြင်မည်။ အချစ်ရေးမှာ ကံကောင်းနေမည်။ အတိုက်အခံ ရန်သူတို့ မိတ်ဆွေဖြစ်လာမည်။ ငွေဝင်ပိုကောင်းလာမည်။

အကျိုးပေးဂဏန်း ၇၊ ၉၊ ၂

အထူးဟော – ဆက်လက်ကြိုးစားပါ။

ယတြာ – စနေနေ့နံနက်တွင် သံဃာ၁ပါးကို ထီးဖွင့် ကပ်ပါ။

No comments:

Post a Comment