Thursday, January 22, 2015

စည်ပင်လုပ်ငန်းများ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရန် လို ဟု ရွေးကောက်ခံကိုယ်စားလှယ်များ ပြော

 စည်ပင်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ နားလည်စေရေး ပွင့်လင်းစွာချပြရန် အရေးကြီးပြီး ချက်ချင်းဆောင်ရွက်ပေးရန် မဖြစ်နိုင်သော ကိစ္စရပ်များကို ပြည်သူလူထု သဘောပေါက်အောင် ချပြရန်လိုအပ်ကြောင်းနှင့် ပြည်သူများပါ ပါဝင်ဆောင်ရွက်မှသာ စည်ပင်လုပ်ငန်းများ မြန်ဆန် မည်ဖြစ်ကြောင်း ရွေးကောက်ခံ စည်ပင် ကိုယ်စားလှယ်အချို့က ထောက်ပြပြောဆိုခဲ့သည်။
ရန်ကုန် အရှေ့ပိုင်းခရိုင်မှ တတ်သိပညာရှင်အဖြစ် ရွေးချယ်ခံရသော ဒေါက်တာစိုးထွန်းက ''စည်ပင်လုပ်ငန်း အားလုံးကို ဗဟိုကချုပ်ကိုင်တာ မဟုတ်ဘဲ ဘတ်ဂျက်နဲ့ function (လုပ်ငန်းစဉ်) ကို ပွင့်လင်းမြင်သာစွာ ချပြပေးထားဖို့ လိုတယ်။တကယ့်မြေပြင် အခက်အခဲကို ဗဟိုက သိမှာ မဟုတ်ဘူး။ မြို့နယ်၊ခရိုင်က ပြည်သူတွေက တိုင်ရင် ကျွန်တော်တို့ အဆင့်ဆီအရင်လာတာလေ။ ပွင့်လင်းမြင်သာစွာ ချပြထားမှု မရှိရင် ရှင်းရတာက ခက်ခဲမှုရှိတယ်။ ဒါကကျွန်တော်တို့ ကြုံရတဲ့ အဓိကအခက်အခဲပဲ'' ဟု ဆိုသည်။

ကျူးကျော်များအတွက် အငှားအိမ်ရာများ တည်ဆောက်ပေးမည်

မန္တလေးမြို့ရှိ ကျူး ကျော်နေထိုင်သူများအတွက် အ ငှားအိမ်ရာများဆောက်လုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
အဆိုပါ အငှားအိမ်ရာတိုက် ခန်းများကို ၂၀၁၅ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ခြေရာခြေမရှိသူများအတွက် သက်သာသော နှုန်းထားများဖြင့် ငှားရမ်းပေးသွားမည် ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတွဲဖက်အ တွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
ကျူးကျော်နေထိုင်သူများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့်အဆိုပါ လူတန်းစားများနေထိုင် ရာနေရာများနှင့် ၎င်းတို့လုပ်ကိုင် နေသည့် လုပ်ငန်းများအနီးတွင် တည်ဆောက်ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ကျူးကျော်နေထိုင် သူအများဆုံးတည်ရှိရာ အောင် မြေသာစံမြို့နယ် ဧရာဝတီမြစ် ကမ်းနားလမ်းတစ်လျှောက် (၁၂) လမ်းမှ ကန်တော်ကြီးလမ်းအနီး ထိ တည်ဆောက်သွားမည်ဖြစ် ကြောင်း မန္တလေးစည်ပင်မှ ကော်မတီဝင်အချို့က ပြောသည်။

စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ အစိုးရကို ပြန်အပ်ရမည်

လက်ရှိစက်မှုဇုန်မြေကွက်များသည် မြေကွက်လွတ်များစွာရှိနေပြီး အဆိုပါမြေကွက်များကိုကိုင်ထားကာ ဈေးကစားရန်ထိုင်စောင့်နေသလိုဖြစ်နေသည့်အပြင် လုပ်ငန်းစီမံကိန်းတင်ပြစေရာတွင်လည်း ဂိုဒေါင်ဆောက်လုပ်ရန်သာတင်ပြမှုများနေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့် ဂိုဒေါင်များနှင့် စက်မှုဇုန်မြေကွက်များ အစိုးရကိုပြန်အပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးကပြောကြားသည်။

မြို့တော်စည်ပင်မှ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည်ဆိုသော သတင်းများကြောင့် ဒဂုံမြို့သစ်မြို့နယ် အချို့တွင် အိမ်ခြံမြေအရောင်းဈေး ကွက်အေးစက်

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မ တီမှ တန်ဖိုးနည်းအိမ်ရာများ တည် ဆောက်မည်ဆိုသောသတင်းများ ကြောင့် အဆိုပါမြို့နယ်များတွင် အိမ် ခြံမြေအရောင်းဈေးကွက် အလွန် အေးနေပြီး ဝယ်ယူသူမရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူအချို့ ထံမှသိရသည်။

လုပ်အားပေးဆရာမ ၂ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို အမေရိကန်တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေ တဲ့ ကျောင်းဆရာမနှစ်ဦးကို ဒီလ ၁၉ ရက်ညနဲ့ ၂၀ ရက်နေ့မနက် အစောပိုင်းလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့ကြတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့မနက်မှာ ပန်ဆိုင်း (ကြူကုတ်) ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တပ်မတော်သားတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့ မနက်က ကောင်းခါးရွာအနီးကို ခမရ ၅၀၃ က စစ်ကြောင်းတကြောင်း လာရောက် စခန်းချတာကြောင့် တပ်မတော်သားတွေကို ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။

တိုက်ပွဲများအကြား ပိတ်မိနေသော ဒေသခံအမျိုးသား(၂၀၀) ဦးအား KIA အဖွဲ့မှ ပေါ်တာဆွဲရန်စီစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများအကြားတွင်ပိတ် မိနေသော ဒေသခံ(၇၀၀)ကျော် အနက်မှ အမျိုးသား (၂၀၀) ကျော်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ပေါ်တာအဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးမှ Tomorrow ဂျာနယ်သို့ပြောကြားခဲ့ကြောင်း အင်္ဂါနေ့ထုတ် Tomorrow ဂျာနယ် No.47, Volume 1, 20-1-2015 (Tuesday) တွင်ဖော်ပြပါရှိသည်။

အမေရိကား၌ ပညာ သင်ယူရန် မန္တလေးတွင် ပထမဆုံးအကြိမ် ဖိတ်ခါ်

ဇန်န၀ါရီလ (၂၁) ရက်နေ့က မန္တလေးမြို့ Jefferson Centre တွင် အမေရိကား၌ ပညာသင်ယူရန် တက္ကသိုလ်ပေါင်း (၂၀) ကျော်မှ ပထမဆုံးအကြိမ် အဖြစ် ကျောင်းသား များကို လာရောက်၍ ခေါ်ယူကြောင်း သိရသည်။
မန္တလေးမှာ ပထမဆုံးအကြိမ် အနေနဲ့ လာတာပါ။ မြန်မာနိုင်ငံ မှာတော့ သုံးကြိမ် ရှိပါပြီ။ နှစ်ရက်ပဲ ပွဲလုပ် မှာပါ။ အရင် ကတော့ ရန်ကုန်မှာပဲ လုပ်တာ။ ဒီနှစ်တော့ မန္တလေးမှာ တစ်ရက်၊ ရန်ကုန်မှာ တစ်ရက် လုပ်သွား မှာပါ။ မနက်ဖြန်ဆို ရန်ကုန်မှာ လုပ်မှာလေ ဟု အဆိုပါပွဲမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အကြံပြုချက်များ တောင်းခံ

ခြောက်ပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး သွားမည် ဖြစ်သည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အကြံပြု ချက်များ ပေးပို့ နိုင်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား လိုက်သည်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အနေ နဲ့ ဒီဆွေးနွေးပွဲကို တက်ရောက် ပါမယ်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက တင်ပြ လာတာ တွေကို ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဆွေးနွေး သွားမှာပါ ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြော သည်။

အနိုင်ရရန်သေချာသည့်နေရာများ စိစစ်ယှဉ်ပြိုင်သွားမည်ဟု NDF ပြော

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)က လာ မည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံး၌ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သော်လည်း မဲဆန္ဒနယ်အားလုံး တွင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ အနိုင်ရရန်သေချာသောနေရာများကို စိစစ်သွားမည်ဟုသတင်းရရှိသည်။
‘‘ဥပမာ ရန်ကုန်မှာဆိုရင် လေးငါးမြို့နယ်ပေါ့။ မဲဆန္ဒနယ် အားလုံးကိုဝင်ပြိုင်မှာမဟုတ်ဘဲနဲ့ သေချာအောင်မြင်နိုင်မယ့်နေရာ မျိုးကိုပဲလုပ်မှာ။ အဲဒါကိုလည်း လူထုသဘောထားစစ်တမ်းတွေ ပါကောက်သွားမယ်’’ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေကပြောသည်။

မန္တလေးတွင် ကျပ်သိန်း (၃၀၀၀) ဖြင့် မြေကွက် လိမ်လည် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်တွင် တစ်ဦးတည်းပိုင် မြေကွက် မဟုတ်ဘဲ စည်ပင်မှ တားမြစ် ထားသော မြေကွက်ကို လိမ်လည် ရောင်းချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ- (၃.၁.၂၀၁၅) ရက်နေ့တွင် အောင်မြေသာစံ မြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်နေ ဒေါက်တာ ဒေါ်ခင်မြလွင် (ဘ) ဦးသန်းအောင် မှ ၄င်း ရပ်ကွက်၊ အကွက် (၅၁၄/ ၈) ဦးပိုင် (၄၀-ခ)ရှိ ဒေါ်အိုက်စွမ်း အမည် ပေါက်ဂရန် မြေကွက် (၀.၀၈၈၆) အား ၎င်း တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကာလ တန်ဖိုး ငွေကျပ်သိန်း (၃၁၅၀)ဖြင့် ရောင်းချ လိုကြောင်း ပြောဆို သဖြင့် ဒေါ်သီတာစိမ်း (၄၄) နှစ်၊ မှီခို၊ (ဘ) ဦးစိမ်းမောင်၊ အနှိပ်တော် ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူမှ ၀ယ်ယူခဲ့ကြောင်း သိရသည်။

အော်ဒါ မရှိ၍ စက်ရုံ အလုပ်သမား (၁၀၀) ကျော် အလုပ်မှ လျှော့ချ

လှိုင်သာယာ မြို့နယ် စက်မှုဇုန်(၂) ရှိ မြန်မာ ဆန်နီ အထည်ချုပ် စက်ရုံမှ ချုပ်ထည် အော်ဒါ မရှိသည့် အတွက် အလုပ်သမား တစ်ရာကျော်ကို အလုပ်မှ လျှော့ချခဲ့ကြောင်း၊ ယင်းစက်ရုံ အလုပ်သမားများ ထံမှ သိရသည်။အလုပ်သမား တစ်ရာကျော်ကို လုပ်သက် အလိုက် နစ်နာကြေးနဲ့ လစာပေးပြီး အလုပ်က ထုတ်လိုက်ပြီး ကျန်တဲ့ အလုပ်သမားတွေ ကိုတော့ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်း ခိုင်းတယ် ဟု ၎င်းစက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ မ၀င်းဝင်းအေးက ပြောသည်။

ဘယ်လ်ဂျီယံရှိ အစွန်းရောက် အစ္စလာမ္မစ်ဆဲလ်များကို လုံခြုံရေးတပ်ဖွဲ့များ မြေလှန်ရှာ

ဘယ်လ်ဂျီယံနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် အကြမ်းဖက်သမားများ၏ ခေါင်းဆောင် အပါအဝင် အကြမ်းဖက်ဆဲလ်များကို လုံခြုံရေး အာဏာပိုင်များက ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးလျက်ရှိကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
ဘယ်လ်ဂျီယံ တန်ပြန်အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့၏ အဆိုအရ နိုင်ငံတွင်းရှိ အကြမ်းဖက် ဆဲလ်တစ်ခုသည် ဆီးရီးယားနိုင်ငံမှ ISIS အုပ်စုနှင့် အဆက်အသွယ်ရှိကြောင်း၊ ဘယ်လ်ဂျီယံနှင့် မော်ရိုကိုနွယ်ဖွား IS တပ်ဖွဲ့ဝင် အဘီဟာမစ်အဘူဟောက် ဆိုသူကို ပစ်မှတ်ထား ရှာဖွေလျက်ရှိကြောင်း သိရသည်။

သတင်းစာတိုက်မြေနေရာအငြင်းပွားပြီး ရဲနှင့်ပဋိပက္ခဖြစ်ခဲ့သော ဒေသခံရွာသားများအား ထောင်ဒဏ်များချမှတ်

ပြန်ကြားရေးဝန် ကြီးဌာန၏ သတင်းစာတိုက် မြေ နေရာ အငြင်းပွားမှုနှင့်ပတ်သက် ၍ ညဥ့်သန်းခေါင်ယံအချိန် ရဲများ နှင့် ပဋိပက္ခဖြစ်ရာမှ တရားစွဲခံ ထားရသည့် နေပြည်တော်၊ ပုဗ္ဗ သီရိမြို့နယ် ၀ဲကြီးကျေးရွာမှ ကို ဇော်လတ်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်၊ ကျန် ၁၈ ဦး အား ထောင်ဒဏ်အသီးသီး အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၁ ရက် နေပြည် တော်၊ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးရွာ သား ကိုဇော်လတ်မှာ ထောင် ဒဏ်အများဆုံး ချမှတ်ခံရခြင်းဖြစ် ပြီး ကျန်ရွာသား ၁၈ ဦးမှာ လေး နှစ်မှ ခြောက်နှစ်အထိ အလုပ် ကြမ်းနှင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။