Thursday, January 29, 2015

ဆက်ကြေးငွေများမပေးသော ဒေသခံရွာသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးမှုများပြုလုပ်



ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ဆက်ကြေးငွေများ မပေးသော ဒေသခံ ရွာသားများအား ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထ၀မ်ကျေးရွာနေ ဒေသခံတစ်ဦးထံမှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ တနိုင်းမြို့နယ်အတွင်း ဂျော်စွန်တောင် အနီးပတ်ဝန်းကျင်ရှိ လမုန်းချောင်းနှင့် တ၀မ်ချောင်းတစ်လျှောက် တွင် ဒေသခံများမှ ဘိန်းခင်းစိုက်ပျိုးတွေ့ရှိထားသည်ဟုအကြောင်းပြပြီး KIA အဖွဲ့များသည် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထိုဒေသရှိ ကျေးရွာများအား ကျေးရွာတစ်ရွာလျှင် ဆက်ကြေးငွေ ၂ သိန်းခွဲ ကောက်ခံခဲ့ကြောင်း နှင့် ဆက်ကြေးငွေ မပေးနိုင်သော တ၀မ်ကျေးရွာအား လူသစ်အဖြစ် ဒေသခံရွာသား ၅ ဦး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။

သပိတ်မှောက်စစ်ကြောင်း ရပ်ဆိုင်းရေး ကျောင်းသားများ သဘောထားကွဲလွဲ



အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှော က်ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်ေ မှာက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထား ကွဲလွဲနေကြောင်း သိရှိရသည်။
နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် များ ပူးတွဲ ထုတ်ပြန်သော ကြေညာ ချက်တွင် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ရန် ၊ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ကျောင်းသားသပိတ် ရပ်ဆိုင်း ထားရေး ဆိုသော အချက်ပါဝင်ကြောင်း၊ သို့ရာတွင် ကျောင်းသားသပိတ် ရပ်ဆိုင်းရေး နှင့်ပတ်သက်၍ ကျောင်း သား များအကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။

ဟားခါးမြို့မှလက်ဝါးကပ်တိုင်အား ပြည်နယ်အစိုးရက ဖယ်ရှားခိုင်းသဖြင့် လူအင်အားတစ်ထောင်ကျော်ဖြင့် ဆန္ဒပြမည်ဟုဆို

ချင်းပြည်နယ် ဟားခါးမြို့ အ ထွက်တွင် ခရစ်ယာန်ဘာသာများ ဆု တောင်းရန်စိုက်ထူထားသောလက် ဝါးကပ်တိုင်အား ပြည်နယ်အစိုးရအ ဖွဲ့က ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်၍ ဒေသခံခရစ်ယာန်ဘာသာဝင် အလွှာ ပေါင်းစုံမှပြည်သူများက အရင်မူလအ တိုင်းတည်ရှိစေရန်အတွက် အင်အား တစ်ထောင်ကျော်ဖြင့် ဖေဖော်ဝါရီ ၂ရက်မှ ၃ရက်အထိ နှစ်ရက်ဆက်တိုက် ဆန္ဒပြထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ဂိုလီးယားတွင် တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတစ်ပါး၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်းတွေ့ရှိခဲ့


တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင် နေပုံရသည့် အံ့အားသင့်ဖွယ်သူ တော်စင်တစ်ဦး၏ ရုပ်အလောင်းတစ် ခုကို မွန်ဂိုလီးယားနိုင်ငံတွင် ရှာတွေ့ ခဲ့ကြောင်း Mail Online သတင်း အရ သိရသည်။

အဆိုပါ သူတော်စင်၏ကြွင်း ကျန်သည့် ခန္ဓာကိုယ်အား တိရစ္ဆာန် သားရေဖြင့် ထုပ်ပိုးထားသည်ကို ရှာတွေ့ခဲ့ပြီး ယင်းအားဆေးပညာ ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေဆဲ ပင်ဖြစ်သော်လည်း ထိုအရာသည် အနည်းဆုံးနှစ် ၂ဝဝ သက်တမ်းရှိပြီ ဟု ယူဆရသည်။

''တွေ့ခဲ့ရတဲ့ အရာ မှာ တင်ပျဉ်ခွေပုံစံနဲ့ ထိုင်နေတာ ပါ။ တရားထိုင်နေတာဖြစ်နိုင်ပါတယ်'' ဟုလည်း The Siberian Times သတင်းစာက မွန်ဂိုလီးယားမီဒီယာ များ၏ ဖော်ပြမှုကို ကိုးကားဖော်ပြ ထားသည်။

အစိုးရ ၀န်ထမ်းများ ပွင့်လင်းမြင်သာမှု မရှိဟု သမ္မတ အကြံပေး ဝေဖန်

အစိုးရ ၀န်ထမ်းများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်နှင့် ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စီးပွာရေး အကြံပေး ဒေါက်တာ အောင်ထွန်းသက်က ယမန်နေ့က မန္တလေးမြို့တွင် ကျင်းပသော နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု စနစ် အပေါ် ဆွေးနွေးပွဲတွင် ဝေဖန် ပြောကြား ခဲ့သည်။
ပွင့်လင်းမှုရှိ ရမယ်။ ရိုးသားတဲ့ သူဆို ပွင့်လင်းတယ်။ မပွင့်လင်းတာ မရိုးသား လို့ပဲ။ ရှင်းနေတာ ပဲလေ။ အရင်က မပွင့်လင်း ခဲ့ရင် အခု ပွင့်လင်း ကြပါ။ သမ္မတကြီး ကလည်း ရိုးသားမှုနဲ့ပဲ နိုင်ငံတော်သစ်ဆီ သွားချင် တာပါ။ ပြီးတော့ ကတိတွေလည်း လွယ်လွယ် မပေးကြ ပါနဲ့။ လူကြီးတွေ ပေါ့။ ကိုယ်တတ်နိုင် တာထက် ပိုပြီး ကတိ မပေးပါနဲ့။ တတ်နိုင် တာထက် လျော့ပြီးပဲ ကတိပေး။ လုပ်တော့မှ ပြောတာထက် ပိုလုပ်ပြ ကြပါ။ ဒါမှ ပြည်သူ ယုံမယ် ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
အစိုးရ ၀န်ထမ်းများ အနေဖြင့် နိုင်ငံ့ ၀န်ထမ်း၊ ပြည်သူ့ ၀န်ထမ်း အဖြစ် ခံယူပြီး ကိုယ်တတ်နိုင်သည့် ဘက်မှ အကောင်းဆုံး လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ပြီး၊ တာဝန်ပေးမှ လုပ်ကိုင် ဆောင်ရွက်ခြင်းထက် အမိန့် မရခင် အချိန် မကျခင် ကတည်းက ကြိုတင် ဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတ အကြံပေး ဖြစ်သူက တိုက်တွန်းခဲ့သည်။

ဖားကန့်တွင် ဖောက်ခွဲမှု ပြုလုပ်နေသူများကို ဖော်ထုတ်၍ အရေးယူသွားမည်ဟု KIA တပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်ပြော

ကချင်ပြည်နယ် ဖားကန့်ဒေသ တွင် လတ်တလောဖြစ်ပွားနေသော ပေါက် ကွဲမှုများမှ KIA နှင့် အစိုးရအကြား သွေး ကွဲအောင် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲ နေခြင်းဖြစ်သောကြောင့် ဖောက်ခွဲမှုပြု လုပ်နေသူများအားဖော်ထုတ်၍ ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု ဖားကန့် ဒေသရှိ KIA တပ်မဟာ(၂) လက်အောက် ခံတပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်က ဇန် နဝါရီ ၂၈ရက်တွင် ရန်ကုန်တိုင်းမ်ဂျာနယ် သို့ ပြောသည်။

နန်းတွင်း စစ်အကျဉ်းထောင် ဖောက်ပြေးသူများအနက် နှစ်ဦးကို ရွှေဘိုတွင် ဖမ်းမိ

မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင် ဖောက်ပြေးသူ ၈ ဦးအနက် ၂ ဦးကို ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်ခန့်က ရွှေဘိုမြို့နယ်ရှိ တပ်ရင်းများမှ ရရှိသော သတင်းအရ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာမှ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး တင့်လှိုင်က ပြောကြားသည်။

အချုပ်ခန်းဖောက်၍ ထွက်ပြေး တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် ရွှေဘိုမြို့နယ်ရှိ တပ်ရင်းများမှ သတင်းအရ ပိတ်ဆို့ရှာဖွေမှုများကို ပြုလုပ်နေပြီး ယခုနှစ်ဦးကို စစ်တပ်ဘက်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“စစ်တပ်ဘက်မှာပဲ ချုပ်ထားပါတယ်။ ဘယ်တပ်ကလဲ ဆိုတာတော့ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းကဆိုသည်။

မန္တလေးရှိ SAMSUNG အရောင်းပြခန်းတွင် ကျပ်သုံးသိန်းရာကျော် တန်ဖိုးရှိ ဖုန်းဟန်းဆက်နှင့် Laptop များ ဖောက်ထွင်းခံရ

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၊ လမ်း ၇၉ x ၈၀ ကြားတွင် ဖွင့်လှစ်ထားသည့် SAMSUNG အရောင်းပြခန်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းက SAMSUNG ဟန်းဆက် ၇၅ လုံးနှင့် ကွန်ပျူတာ Laptop နှစ်လုံး စုစုပေါင်း တန်ဖိုး ကျပ်သိန်းသုံးရာကျော်ဖိုး ဖောက်ထွင်းခံခဲ့ရကြောင်း အဆိုပါ အရောင်းပြခန်း တာဝန်ခံ ဦးစိုးလင်းအောင်က ပြောကြားသည်။

ဂျပန်လူမျိုး ဓားစာခံကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော IS အဖွဲ့၏ ဗီဒီယိုဖိုင် ထွက်ပေါ်

အစွန်းရောက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ IS က ၎င်းတို့လက်တွင်းရှိ ဂျပန်လူမျိုး ဓားစာခံကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက် ထားသော ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဗီဒီယိုဖိုင်ထဲတွင် ဂျပန်လူမျိုး ဓားစာခံ မစ္စတာဂိုတို၏ အသံဟု ယူဆရသော အသံတစ်ခုက ဂျော်ဒန်နိုင်ငံတွင် သေဒဏ်ချမှတ် ခံထားရသော အီရတ်အမျိုးသမီး တစ်ဦးကို မလွှတ်ပေးပါက IS အဖွဲ့က ၎င်းနှင့် ဂျော်ဒန်လူမျိုး လေယာဉ်မှူးတို့ကို သတ်ပစ်လိမ့်မည်ဟု ပြောကြာထားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ IS အဖွဲ့၏ အဆိုပါ ဗီဒီယိုဖိုင်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဂျပန်နိုင်ငံသည် ဓားစာခံများ လွတ်မြောက်ရေးအတွက် ဂျော်ဒန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုအတွက် ၄င်းတို့တွင် တာဝန်မရှိဟု တရုတ်ငြင်းဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနသည် နယူးယောက်တိုင်းမ်သတင်း တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ဆုံးရှုံးမှုအတွက် တရုတ်နိုင်ငံ၌တာဝန် ရှိသည်ဆိုခြင်းနှင့် မြန်မာနိုင်ငံ၏ သ ဘာဝသယံဇာတ အရင်းအမြစ်များ ဈေးကွက်ကို လက်ဝါးကြီးအုပ်သည် ဟူသော ရေးသားဖော်ပြချက်ကို အင်္ဂါ နေ့တွင် ယတိပြတ်ငြင်းဆိုသွားခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာ အယ်ဒီတာ့အာဘော်တွင် တရုတ်နိုင်ငံ အား မြန်မာနိုင်ငံ၏ သဘာဝအရင်းအ မြစ်များအားလုံးကို လက်ဝါးကြီးအုပ် လျက်ရှိသည်ဟု ရေးသားဖော်ပြထား ခဲ့ပြီး တရုတ်နိုင်ငံ၏ ကျားခန္ဓာကိုယ်အ စိတ်အပိုင်းမှစ၍ ကြေးနီအထိ သဘာဝ သယံဇာတအားလုံးကို လိုချင်တပ် မက်မှုသည် မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် နိုင်ငံရေးတည်ငြိမ်မှု တို့ကို ခြိမ်းခြောက် လျက် ရှိသည်ဟု ရေးသားဖော်ပြခဲ့သည်။

သပိတ်မှောက်ကျောင်းသားများ ရန်ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်းဖွင့်ခြင်းများ လုပ်ဆောင်လျှင် အရေးယူမည်ဟုဆို


သပိတ်မှောက်ကျောင်းသားများ ရန် ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်း ဖွင့်ခြင်းများ ဆောင်ရွက်လျှင် တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရဲမှူးကြီးက ပြောကြားလိုက်သည်။

''တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန် ချက်နဲ့အညီ ပြီးတော့ ငါတို့ကတော့ တရားဝင် စီတန်း လှည့်လည်ခွင့်ပြုချက် ရှိ၊ မရှိ မေးမယ်။ မရှိဘူးဆိုရင် ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်။ ဥပဒေ ရှိနေတာပဲလေ။ ကျောင်းသားတွေ ရန် ကုန်မှာ သပိတ်စခန်းဖွင့်တာတွေ၊ ဆန္ဒပြတာ တွေလုပ်မယ်ဆိုရင် တည်ဆဲဥပဒေအရ တရား ဝင် ဖြစ်ရမယ်။ တရားဥပဒေနဲ့ ကျောင်းသား တွေလုပ်ရပ် ဆန့်ကျင်ရင်တော့ ရဲလုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်မယ်''ဟု ပြော သည်။

ထူးခြားဆန်းကျယ် သေရတဲ့ ညီအစ်ကို နှစ်ဦး

ဗြိတိန်ပိုင်နက် ဘာမူဒါကျွန်းမှ Hamilton မှာ ထူးခြားဆန်းကျယ် ဖြစ်ရပ် တစ်ခု ရှိပါတယ်။ ယင်းကတော့ ဆန်းကြယ်တဲ့ ညီအစ်အကို ၂ ဦး သေဆုံး ရမှု ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ် ဇူလိုင်လက Erskine Lawrence Ebbin လို့ အမည်ရတဲ့ ပုဂ္ဂိုလ် တစ်ဦးဟာ Hamliton မြို့ရဲ့ တစ်နေရာမှာ အက်ဆီးဒန့်ဖြင့်သေဆုံးပါတယ်။ moped လို့ခေါ်တဲ့ လျှပ်စစ်စက်ဘီးကို စီးသွားစဉ် တက္ကဆီ တစ်စီးနဲ့ တိုက်မိလို့ ဖြစ်ပါတယ်။ တက္ကဆီပေါ်မှာ ခရီးသည် တစ်ဦးလည်းပါဝင်ပါတယ်။ထူးခြားချက်ကတော့ Erskine လို့ပဲ လွန်ခဲ့တဲ့ ၁၇ နှစ် ဇူလိုင်လမှာပဲ အစ်ကို အရင်းဖြစ်သူဟာ ယင်း လျှပ်စစ်စက်ဘီးနဲ့ပဲ ယင်း တက္ကဆီနဲ့ပဲ၊ ယင်း တက္ကဆီ ဒရိုင်ဘာနဲ့ပဲ၊ ယင်းတက္ကဆီမှာ ပါဝင်တဲ့ ခရီသည်နဲ့ပဲ ထပ်တူ ဖြစ်ခဲ့ပြီး ဖြစ်တဲ့ နေရာကော၊ အက်ဆီးဒန့် ဖြစ်ပုံ ပုံစံက အစ တူနေခြင်း ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုချက်များရရှိရန် နည်းလမ်းနှစ်ခုစလုံး အသုံးပြုမည်

သပိတ်မှောက်ကျောင်းသားများက အမျိုးသားပညာရေးဥပဒေတွင် ၎င်းတို့၏ တောင်းဆိုချက် များရရှိရန် လေးပွင့်ဆိုင် ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုရော တစ်ချိန်တည်းတွင် ခရီးရှည် ချီတက်သပိတ်မှောက်သည့် နည်းလမ်းကိုပါ ပြုလုပ်သွားမည်ဟု ကျောင်းသားခေါင်းဆောင်များက ပြောသည်။

သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုယ်စားလှယ်နှစ် ဦးနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးရန် အကြိုဆွေးနွေးမှုမှာ အ ဆင်ပြေပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သော်လည်း ခရီး ရှည်ချီတက်သပိတ်မှောက်မှုကို မလှန်သေးဘဲ ဆက်လက်ချီတက် ဆန္ဒပြမည်ဟု သပိတ်စစ်ကြောင်း မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအောင်နေပိုင်က ပြောသည်။

ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြပွဲတွင် ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်

KIA အဖွဲ့နှင့် မွတ်စလင်အဖွဲ့များက မြန်မာ့တပ်မတော်သုံးမိုင်းနှင့် အခြားဆက်စပ်ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ စုဆောင်း ကာ ကျောင်းသားများ ချီတက်ရာလမ်းတစ်လျှောက် လူစုလူဝေးရှိသည့်နေရာများတွင် ဖောက်ခွဲရန်စီစဉ်လျက် ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားပါက လူထုအတွင်း ထိခိုက်ဒဏ်ရာရရှိပြီး တပ်မတော်မှ ပြုလုပ်သည်ဟု အချိန်ကိုက် ၀ါဒဖြန့်သတင်းလွှင့်ရန် ကြံစည်နေကြောင်း သိရှိရသည်။
``ဟုတ်တယ်..ကျွန်တော်တို့လည်း သတင်းကြားတယ်၊ KIA နဲ့ မွတ်စလင်အဖွဲ့တွေ ကျောင်းသားတွေ ချီတက်လာတဲ့ လမ်း ဘေးတစ်လျှောက်က ပြည်သူတွေကို ထိခိုက်အောင် ဖောက်ခွဲရေးလုပ်မယ်ဆိုပြီး ပြောတာကြားမိတယ်၊ သူတို့ ရည်ရွယ်ချက် ကတော့ တကယ်လို့ ဖြစ်လာပြီး ကျောင်းသားပြည်သူတွေ ထိခိုက်ဒဏ်ရာရလာရင် တပ်မတော်နဲ့ ကျောင်းသားပြည်သူကို ရန်တိုက်ဖို့ ရည်ရွယ်တာပေါ့ဗျာ´´ ဟု မြင်းခြံမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအေးငြိမ်း မှ ပြောဆိုခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော်တောင်းခံ

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဘတ်ဂျ က်ငွေ ကျပ် ၇၁ ဒသမ ၂၁၇ ဘီလျံ (ကျပ်သိန်းပေါင်း ခုနစ်သိန်း ကျော်) ကို လွှတ်တော်သို့ ဇန်န၀ါရီ ၂၈ ရက်တွင်တောင်းခံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က "ပြန်ကြားရေး ၀န်ကြီး ဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မူလအဆိုပြု အသုံးစရိတ်ဟာ သာမန်အသုံး စရိတ် အတွက် ၅၂ ဒသမ ၅၇၁ ဘီလျံ၊ ငွေလုံးငွေရင်းအတွက် ၂၉ ဒသမ ၃၁၃ ဘီလျံဖြစ်ပါတယ်။ စုစုပေါင်း ၈၁ ဒသမ ၈၈၅ ဘီလျံဖြ စ်ပါတယ်။ အဆိုပါတင်ပြချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဒုတိယသမ္မတတို့က အဆင့်ဆင့် စိစစ်ပြီးတဲ့ အခါမှာ ၁၆ ဒသမ ၃၉၈ ဘီလျံကျော်ကို စိစစ်ဖြတ် တောက်ခဲ့တဲ့အတွက်ကြောင့် စိစစ်အဆိုပြုအသုံးစရိတ်ဟာ ၆၅ ဒသမ ၄၈၆ ဘီလျံဖြစ်ပါတယ်။ နောက်ထပ် ရသုံးခန့်မှန်းခြေငွေစာရင်းက သာမန်အသုံး စရိတ်မှာ ၅ ဒသမ ၇၃ ဘီလျံကျော် တိုးမြှင့်ပြီး ပြန်လည်ထောက်ခံ တင်ပြခဲ့ တဲ့အတွက်ကြောင့်မိုလို့ ယခုဘဏ္ဍာနှစ် အတွက် အဆိုပြုအသုံးစရိတ်ဟာ သာမန်အသုံးစရိတ် ၅၉ ဒသမ ၉၉၂ ဘီလျံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ၁၁ ဒသမ ၂၂၅ ဘီလျံ၊ စုစုပေါင်း ၇၁ ဒသမ ၂၁၇ ဘီလျံဖြစ်ပါတယ်။ အဆိုပါပမာဏဟာ ၂၀၁၄-၂၀၁၅ မှာတင်ပြခဲ့တဲ့ မူလနဲ့ ဖြည့်စွက်အသုံး စရိတ် ၈၈ ဒသမ ၄၁၄ ဘီလျံနဲ့နှိုင်းယှဉ်ပါက ၁၇ ဒသမ ၁၉၆ ဘီလျံလျော့နည်း အဆိုပြုထားကြောင်း တင်ပြအပ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသားသီးသန့် အနှိပ်ခန်းများကို တရားဝင်ခွင့်ပြုပြီလား ...

Menbox Health & Beauty Spa ဆိုင်ကို ၀င်ရောက်စစ်ဆေးရာ သာမန် အနှိပ် ၀န်ဆောင်မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ပြောကြား
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Menbox Health & Beauty Spa ဆိုင်အား အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေနှင့် တာဝန်ရှိသူ များက ဇန်နဝါရီ ၂၆ ရက်တွင် သွားရောက်စစ်ဆေးရာ သာမန် အနှိပ် ဝန်ဆောင် မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့ မှူး၏ ပြောကြားချက်အရ သိရသည်။
“သွားရောက်စစ်ဆေးတဲ့အခါ အနှိပ်လုပ်ငန်းပဲ လုပ်တာတွေ့ရတယ်။ ဟိုလိုမျိုး လိင်ဝန်ဆောင်မှုတွေ ပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြုလို့ မရသေးဘူး။ ဆက်ပြီး စုံစမ်းရပါဦးမယ်” ဟု အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းရွှေက ဇန်နဝါရီ ၂၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြော ကြားပါသည်။
သွားရောက်စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ ပါဝင်ခဲ့ပြီး ထူးခြားမှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်း၊ လိုအပ်သော စုံစမ်းမှုများ ဆက်လက်ပြုလုပ် ဦးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ၁၀ ရက်ကြာသည်အထိ တရားခံပေါ်ပေါက်ခြင်း မရှိသေးဘဲ စုံစမ်းမှုများ ဆက်လက်ပြုလုပ် နေဆဲသာဖြစ်ကြောင်း သိရ

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ၁ဝ ရက်ကြာသည်အထိ တရားခံပေါ် ပေါက်ခြင်းမရှိသေးဘဲ စုံစမ်းမှုများဆက်လက် ပြုလုပ်နေဆဲသာ ဖြစ်ကြောင်း သိရသည်။
“မနေ့က ကောင်းခါးရွာမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ရွာသား ၃ဝ လောက် ကို ပြည်နယ်ရဲမှူးကိုယ်တိုင်စစ်တယ်။ အရင် ရက်တွေက ပြည်နယ်ရဲမှူး မပါဘူး။ အဲဒီနေ့က ပြန်ပါလာတယ်။ တပ်ပိုင်းက ဒုတိယတပ်ရင်းမှူး တစ်ယောက်ကိုလည်း ကိုယ်ရေးအချက်တွေယူပြီး အခြားစုံစမ်း မေးမြန်း တာတွေ လုပ်တယ်။ အဲဒီနေ့က တစ်ရွာလုံးကို စစ်တဲ့သဘောပါ။ အဓိကတော့ အရင်ရွာထဲမှာ ပြစ်ချက်ရှိဖူးသူတွေကို အဓိကထား စစ်တဲ့သဘောပါ” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ မုံးမောဝ်ဇုန်တာဝန်ခံ ဦးဇော်ရာက ပြောကြားသည်။

မြန်မာ−ထိုင်း−ကမ္ဘောဒီးယား ရထားလမ်းကွန်ရက် တည်ဆောက်ရန် ဂျပန်က ထိုင်းအား ကူညီမည်

ထိုင်းနှင့် ဂျပန်အ စိုးရတို့သည် ထိုင်းနိုင်ငံတွင်းရှိ မြန်မာ နယ်စပ် ကန်ချနဘူရီမှ ထားဝယ်နှင့်လည်း ဆက်သွယ်ပြီး ထိုင်းနိုင်ငံမှ အနောက်သို့ ဖြတ်သန်းကာ ကမ္ဘောဒီးယားနှင့်ဆက်သွယ်မည့် ရထားလမ်းကွန်ရက်တည်ဆောက်ရေး ပူးတွဲ လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာ ဘေး၏ အထူးအကြံပေးဟီရိုတိုအိ ဇူမီနှင့် တွေ့ဆုံပြီးနောက် တိုကျို သည် မြန်မာရှိထားဝယ်မှ ထိုင်း နိုင်ငံတွင်းမှသည် ကမ္ဘောဒီးယား အထိ ဆက်သွယ်မည့်ထိုရထား လမ်းကွန်ရက်ကို ပါဝင်လုပ်ကိုင် ရန်ဆန္ဒရှိခဲ့ကြောင်း ထိုင်းလက် ထောက်ဝန်ကြီးချုပ် ပရီဒီယာသွန် ဒီဗာကူလာကဆိုသည်။အဆိုပါ ရထားလမ်းကွန်ရက်မှာ လမ်းအ ကျယ် လေးပေရှိသည့် စံချိန်မီ Standard-guageရထားလမ်း ဖြစ်ပြီး ထားဝယ်ရှိ စီးပွားရေးဇုန် နှင့် ကန်ချနာဘူရီ၊ဘန်ကောက်၊ ချာချုန်စောင်၊ အရမ်ယာပရာ သတ်ခရိုင်များကို ဆက်သွယ်ထား ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းမှ အ နောက်ပိုင်း ကမ္ဘောဒီးယားဘက် သို့ပါ ချိတ်ဆက်သွားမည်ဖြစ် သည်။

ကျောင်းဆရာမနှစ်ဦးအတွက် တပ်က အကူငွေပေးသော်လည်း လက်မခံ

ရှမ်းပြည်နယ်မူဆယ် ခရိုင် ကောင်းခါး ကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် ကချင်ကျောင်းဆရာမ နှစ်ဦး၏ နာ ရေးတွင် တပ်မတော်က ငွေကြေး အကူအညီလာရောက်ပေးအပ်ခဲ့ သော်လည်း လက်မခံရန် ဆုံးဖြတ် လိုက်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ပြော ရေးဆိုခွင့်ရှိသူများက ဆိုသည်။
‘‘ဆရာမနှစ်ယောက်အင်မ တန်မှ အနစ်နာခံပြီးတော့ ဒီနေရာ ရောက်လာပြီးတော့ ဒီလိုဖြစ်တဲ့ အတွက် ၀မ်းနည်းတဲ့အကြောင်း ပေါ့။ အထက်က လူကြီးတွေပေး ခိုင်းပါတယ်ဆိုပြီး လာပေးတယ်’’ ဟု KBC ၏ မုံးမောင်းဇုန်နယ်အ တွင်းရေးမှူး ဆရာ ဦးဇော်ရာက ပြောသည်။
တပ်မတော်အရာရှိများလာ ရောက်ပေးအပ်သည့် ငွေကြေးပ မာဏနှင့် မည်သည့်ခေါင်းစဉ် အောက်တွင် လာရောက်ပေးအပ် ကြောင်း တိတိကျကျမသိရှိ ကြောင်း ဆရာဦးဇော်ရာက ပြော သည်။
‘‘ပိုက်ဆံတော့ပါလာတယ်။ ဘယ်လောက်လဲ မသိဘူး။ ပေး တော့ပေးတယ်။ လက်မခံခဲ့ဘူး’’ ဟု ၎င်းက ပြောသည်။

ပညာရေးဥပဒေပြင်ဆင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁ ရက် တွင် ကျင်းပမည်

အစိုးရအဖွဲ့ တာ ၀န်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် များ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုမှာ အဆင်ပြေ ခဲ့ပြီး အချက်လေးချက်ပါသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန် သော ပူးတွဲကြေညာချက်တွင် ပထမအကြိမ် လေးပွင့်ဆိုင်ဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန်၊ ကျောင်းသားကိုယ် စားလှယ်များ တင်ပြသော အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကျန်ရှိနေသည်များ ကိုလည်း ဆက်လက်ဆွေးနွေး အဖြေရှာရန်နှင့် ညှိနှိုင်းဆွေးနွေး မှုများ စတင်သည့်နေ့တွင် သ ပိတ်စခန်း ရပ်နားသွားမည်ဟူ၍ ဖြစ်သည်။
‘‘တွေ့ဆုံဆွေးနွေးမှု အခြေ အနေအရ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီအ နေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ ၁၁ ချက်ကို ဒီမိုကရေ စီနည်းအရ ညှိနှိုင်းအဖြေရှာတဲ့ နည်းနဲ့ ဆက်လက်တိုက်ပွဲဝင် သွားမှာဖြစ်ပါတယ်’’ ဟု သပိတ် မှောက်ကျောင်းသားကိုယ်စား လှယ် ကိုနန္ဒစစ်အောင်က ပြော သည်။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ရက် ၆၀ အတွင်း ဆွေးနွေးဖို့ တောင်းဆိုချက်ကို အစိုးရက မတုံ့ ပြန်ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ကြီးထွားလာခဲ့ပါတယ်။
အခုလို အခြေအနေမျိုးထိမရောက်အောင် မဖြေရှင်းနိုင်ခဲ့တာ ဘာကြောင့်လဲဒီလို ကျောင်းသားတွေနဲ့ ဖြစ်နေတဲ့ တင်းမာမှုကို ပြေလည်အောင် ဘယ်လို ဖြေရှင်းနိုင်မလဲသောတရှင်တို့ရဲ့ အမြင်သဘော ထားတွေ ကို လာမယ့် ဇန်နဝါရီလ ၃၁ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

၎ ပွင့်ဆိုင်တွေ့ရက်ထိ ကျောင်းသားတွေ ဆက်လက်ချီတက်မည်

အငြင်းပွားစရာတွေ ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်ဦးဆောင် ကျောင်းသားတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအကြား ဆွေးနွေးပွဲအပြီး သဘောတူညီမှုတွေ ရခဲ့ပေမဲ့ လမ်းလျှောက် ချီတက်နေကြတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ အကြောင်းစုံကိုတော့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ ဆွေးနွေးပွဲလုပ်အပြီးမှာ ကျောင်းသားတွေကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲတွေ လုပ်နေစဉ်မှာ ရောက်ရှိနေတဲ့ မြို့ကနေ စောင့်ကြည်တဲ့အနေနဲ့ သပိတ်ရပ်နားမှာဖြစ်ပြီး သပိတ်လှန်လိုက်တာ မဟုတ်ဘူးလို့ သပိတ်မှောက် ကျောင်းသားတွေက ဆိုပါတယ်။
အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားတဲ့ ဂျော်ဒန်လေယာဉ်မှူးကို အကြမ်းဖက်သမားအဖြစ် ဖမ်းဆီးထားသူတဦးနဲ့ အလဲအလှယ်လုပ် ပြန်လွှတ်ပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဂျော်ဒန်ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂျော်ဒန် ပြန်ကြားရေးဝန်ကြီး Mohammad al-Momani က နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောဆိုခဲ့တာပါ။