Sunday, March 22, 2015

ရေယာဉ်နစ်မြုပ်မှု ရှာဖွေရေး လုပ်ငန်းများ ယာယီရပ်ဆိုင်း



အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ ညက နစ်မြုပ်ခဲ့ရာမှာ ကယ် ဆယ်ရေး ဆောင် ရွက်နေကြစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေ ကို ပြည်နယ်အစိုးရက ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်း အပြီး သတ်ဆွေးနွေးနိုင်ရန် ဆွေးနွေးပွဲ ခေတ္တရပ်နား

(၇)ကြိမ်မြောက် ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းအား ဆဋ္ဌမမြောက်နေ့ ဆွေးနွေး အပြီး အပြီးသတ်ဆွေးနွေးနိုင်ရန် အတွက် ဆွေးနွေးပွဲခေတ္တ ရပ်နား ကာ မတ်လ (၃၀)ရက်နေ့ တွင် သတ္တမမြောက်နေ့အဖြစ် ဆက်လက် ကျင်းပမည် ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

စုံစမ်းရေး ကော်မရှင်ရဲ့ ဖိတ်ခေါ်မှု အဖမ်းခံကျောင်းသားများ ငြင်းပယ်


ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ် ထားတဲ့ သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် Photo: Thiha Tun, Kyaw Lwin Oo/RFA
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အကြမ်းဖက်မှုမှာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ငါး ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သုံးဦး စုစုပေါင်း ရှစ် ဦးက စုံစမ်းစစ်ဆေးရေး ကော် မရှင်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပါတယ်။

KIA အဖွဲ့မှ လုံခြုံရေးပြုလုပ်ပေးနေသော သစ်မှောင်ခိုယာဉ်တန်းအား တပ်မတော်မှ တိုက်လေယာဉ်များဖြင့် လိုက်လံတားဆီးလျက်ရှိ


KIA အဖွဲ့မှ လုံခြုံရေးအစောင့်အရှောက်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ ထွက်ခွာနေသည့် သစ်မှောင်ခိုယာဉ် အစီး၂၀၀ ခန့်အား တပ်မတော်လေမှ တိုက်လေယာဉ်များဖြင့် လိုက်လံပစ်ခတ်တားဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အရေးကြီးကာလ ကြေညာ



ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: AFP

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အခုလ ၁၁ ရက်နေ့ကနေ ဧပြီလ ၇ ရက်နေ့အထိ ရက်ပေါင်း ၂၈ ရက် ကို အရေးကြီးကာလအဖြစ် ကြေညာထားပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကြေညာ လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ အခြေပြု ခရီးစဉ်များတွင် အောင်တံခွန်(၇) ရေယာဉ်ကို အားဖြည့် ပြေးဆွဲသွားမည်


ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် သည် ယနေ့ နံနက် ၉နာရီတွင် မော်တင်လမ်းသစ် တံတားတွင် ဆိုက်ကပ် ထားသော စစ်တွေ အခြေပြု ခရီးစဉ်များတွင် ထပ်မံ၍ အင်အား ဖြည့်ပြေး ဆွဲမည့် အောင်တံခွန်(၇) ရေယာဉ်ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းမှာကြားသည်။

လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ


လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။

အိန္ဒိယကထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသရှိ စစ်စခန်းတစ်ခုအား စစ်သွေး ကြွများပြင်း ထန်စွာတိုက်ခိုက်


အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသ အတွင်းရှိ စစ်စခန်းတစ်ခုကိုမတ် ၂၁ ရက် နံနက် ပိုင်းမှ စတင်၍ စစ်သွေးကြွများက ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နာမည်နဲ့လုပ်ရပ် ပြောင်းပြန်ဖြစ်နေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ်မတော် ဟု ရှမ်းပြည်နယ်ဒေသခံများမှ ပြောကြား


အဖွဲ့အစည်းနာမည်တပ်တော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော်တဲ့၊ တကယ်လုပ်နေတာက ရှမ်းပြည် ပျက်စီးရေးပဲဗျ၊ လူသစ်တွေစု၊ ဆက်ကြေးတွေကောက်နဲ့ ဘာကိုထူထောင်တာလဲ၊ ဘာတွေများ ပြည်သူ အတွက် လုပ်ပေးလို့လဲ၊ ရွာထဲဝင်ရင်လည်း ထမင်း၊ ဟင်းကအစ ချက်ကျွေးရတာ၊ သူတို့ စိတ်တိုင်းကျတဲ့ မိန်းမ ချောချောတွေ့ရင် ရွာတိုင်းလိုလိုမှာ မယားငယ်က ယူထားသေးတယ်၊ ရှမ်းပြည်မှာ နေပြီး ဗမာစစ်သားကို ကြောက်ရ၊ ရှမ်းစစ်သားကိုကြောက်ရနဲ့ ရှမ်းပြည်မှာနေ ရတာ တော်တော်စိတ်ညစ်ဖို့ ကောင်းလာပြီ။ ဗမာစစ်တပ်ကမှ အခုနောက်ပိုင်းရွာတွေမှာ တော်တော် ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွား သေးတယ်။ ရှမ်းစစ်တပ်ကတော့ ပိုတောင်ဆိုးလာသလိုပဲဟု ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲ့မြို့မှ ဦးစိုင်းထွန်းဟိန်း က ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် လုံခြုံရေးနှင့် ကာ ကွယ် ရေး တာ ဝန် ကို စွမ်း စွမ်း တ မံ ဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တွေ့ဆုံ အားပေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ် တပ်မတော် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေး ထွေးစွာ တွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကား ပြေကြားသည်။

ဘိုကိုဟာရမ်သိမ်းပိုက်ထားသည့်မြို့တွင် လူ၇ဝကျော်သေဆုံးနေ


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အစွန်းရောက်စစ်သွေးကြွလက်နက် ကိုင်အဖွဲ့ ဘိုကိုဟာရမ် သိမ်း ပိုက်ထားသည့်ဒမာဆက်မြို့အတွင်း ဒေသခံ ၇ဝ ကျော်သေဆုံးနေကြောင်း နိုင်ဂျီးရီးယား စစ်တပ်က ယနေ့ အတည်ပြုပြောကြားသည်။

ဘီးပေါက်သောယာဉ် တိမ်းမှောက်သဖြင့် (၁၂)ဦး ဒဏ်ရာရ



၂ဝ၁၅ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃ဝ၇/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ကော့သောင်းတွင် ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ရောက်ရှိနေ


ကော့သောင်း (တောင်ဘက် အစွန်ဆုံးမြို့)တွင် ခရမ်းလွန်ရောင် ခြည် ၁၄ ဒသမဝ ရှိနေပြီး အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

လားရှိုး-မူဆယ် ကားလမ်းကို လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က ပိတ်ဆို့

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လားရှိုး-မူဆယ်လမ်းမှာ လက်နက်ကိုင် အင်အား ငါးဆယ်ခန့် ပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ က မော်တော်ကားတစ်စီးကို ကန့်လန့်ဖြတ် ရပ်ထားတာကြောင့် ယာဉ်ကြော ပိတ်ဆို့ ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရှိရပါတယ်။

နှလုံးသားထဲကတဆတ်ဆတ်နာသည်


၂၀၁၅ခုနှစ် မတ်လ၃ရက်နေ့တွင် ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်မှ ဦးဇော်ရိန် နှင့် သားဖြစ် သူအဋ္ဌမတန်းကျောင်း သားမောင်အောင်ပန်းတို့အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဖေဖြစ်သူကိုပြန်လွှတ်ကာ ၁၅ နှစ်အရွယ်သာ ရှိသေးသော သားဖြစ် သူအား ကချင်လွတ်မြောက်ရေး တပ်မတော်အတွက် လူသစ်အဖြစ်ဖမ်းဆီးထားရှိခဲ့ပါသည်။

PNLO နဲ့ RCSS နယ်မြေ ပြဿနာတွေ ဖြေရှင်းဖို့ သီးသန့်ကိုယ်စားလှယ် ထားမယ်

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်နဲ့ ကဒူးကြီး ဒေသအတွင်းမှာရှိတဲ့ PNLO နဲ့ RCSS/SSA တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် ဆက်သွယ်ညှိနှိုင်းရေး ကိုယ်စားလှယ် တွေကို သီးသန့် ထားရှိမှာဖြစ်တယ်လို့ RCSS/SSA မှ တာဝန်ရှိသူတွေက ဆိုပါတယ်။

မူဆယ်ရှိမြို့ရှိ ဘဏ်များအား KIAမှ ဆွေးနွေးရန် စာများပေးပို့ထားဟုဆို

မူဆယ်မြို့ရှိအစိုးရဘဏ်အပါအ၀င် ပုဂ္ဂလိကဘဏ်အားလုံးအား နှင့်တွေ့ဆုံ ဆွေးနွေးရန်အတွက် ဖုန်းပြန် ဆက်ပေးရန် KIA က မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင်စာပေးပို့ထားကြောင်း မူဆယ်မြို့ရှိဘဏ် များမှ တာဝန်ရှိသူများက မတ်လ ၂၀ရက်နေ့တွင် Oriental News သို့အတည်ပြုပြော ဆိုသည်။

ရင်သားအောက် ဓာတ်ပုံမရိုက်ရ

ထိုင်းနိုင်ငံမှာ အမျိုးသမီးများအနေဖြင့် ရင်သားအောက်ဓာတ်ပုံရိုက်ကာ လူမှုမီဒီယာကွန်ရက်ပေါ် တင်နေ ခြင်းကို မပြုလုပ်ရန် သက်ဆိုင်ရာအစိုးရအာဏာပိုင်များကသတိပေးမှုများပြုလုပ်ထားတယ်လို့သိရပါတယ်။

အကြမ်းဖက်ခံရမှုရှုတ်ချပွဲနှင့် ဖမ်းဆီးခံရသည့်ဝန်းရံသူ များ ပြန်လွှတ်ပေး ရန်တောင်းဆိုပွဲပြုလုပ်

သပိတ်မှောက်ကျောင်းသားများ အကြမ်းဖက်ခံရမှုရှုတ်ချပွဲနှင့် ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ဝန်းရံသူ များအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင်တွင် မတ်လ ၂၁ ရက်ညနေကပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးနေသော KIAကို တကယ်ယုံကြည်လို့ရပါ့မလား?

ရန်ကုန်မှာကျင်းပပြုလုပ်နေသော UPWC နဲ့ NCCT တို့၏ (၇)ကြိမ်မြောက်အပစ်အခတ်ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် ပါဝင်နေသော KIA အဖွဲ့၏ အသွင်ပြောင်းလဲလာသော လှုပ်ရှားမှုများက သတိပြုစရာ ဖြစ်လာပါသည်။ KIA အဖွဲ့သည် ယခုဆွေးနွေးပွဲသို့ မတက်ရောက်မီနေပြည်တော်၌ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများ ပြောဆိုဆွေးနွေးခဲ့ပါသည်။ KIA အဖွဲ့ကို ကိုယ်စားပြုတက်ရောက်လာသော ဗိုလ်ချူပ်ဂွမ်မော်က နိုင်ငံခေါင်းဆောင် များနှင့် တွေ့ဆုံ ခဲ့ပြီး သတင်းမီဒီယာများနှင့် အင်တာဗျူး၌ အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင် လုပ်မယ်ဆိုပြီး ပြောသွားတာ ရှိပါသည်။ KIA အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးတာ တကယ်ငြိမ်းချင်တာ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာဖြစ်လာ ပါသည်။

ဗွီဒီယို ထုတ်လုပ် ဖြန့်ချိသူများ အစည်းအဝေး ဒုတိယအကြိမ် ဆွေးနွေးမှု အောင်မြင်

ဗွီဒီယို ထုတ်လုပ် ဖြန့်ချိသူများ အစည်းအဝေးပွဲတွင် ဗွီဒီယို အခြေခံအဖွဲ့ ပြန်လည် ဖွဲ့စည်းရန် ဒုတိယ အကြိမ် ဆွေးနွေးခဲ့ပြီး ယင်းအစည်းအဝေးကို ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ ရုပ်ရှင် အစည်းအရုံး ဗဟိုတွင် မတ် ၂ဝ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မိခင်နို့တိုက်ကျွေးခြင်းနှင့် ဥာဏ်ရည်မြင့်မားမှု ဆက်စပ်မှု ရှိကြောင်းသိရ

ကာလရှည်ကြာ လေ့လာမှုပြုတစ်ခုအရ မိခင်နို့တိုက်ကျွေးခြင်းနှင့် ဥာဏ်ရည်အကြား ဆက်စပ်မှု ရှိနေ ကြောင်း ထုတ်ဖော်ထားပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် အာဏာ၊ သယံဇာတခွဲဝေရေးနှင့် အခွန်အခ ခွဲဝေခြင်းကို လက်ရှိအခြေခံဥပဒေဖြင့် အကောင်အထည်ဖော်ရန် အဆိုတင်သွင်း

တပ်မတော်သား ကိုယ် စားလှယ်မှ တင်သွင်းသော သယံဇာတခွဲ ဝေရေးနှင့် အာဏာခွဲဝေရေး အရေးကြီး အဆိုကို NLD နှင့် တိုင်းရင်းသား ကိုယ်စား လှယ်အချို့ ပြန်လည်သုံးသပ်ရန် တင်ပြဆွေး နွေးခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော် မှ အတည်ပြုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသည့် အိန္ဒိယငါးဖမ်းလှေ ငါးဆယ်ကျော် ပါကစ္စတန်ပြန်လွှတ်ပေး

ပါကစ္စတန် အာဏာပိုင်များသည် လာရောက်လည်ပတ်သည့် အိန္ဒိယထိပ်တန်း သံတမန်၏ ခရီးစဉ်အပြီး တွင် အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို ပြသသည့်အနေဖြင့် တစ်နှစ်နီးပါး ဖမ်းဆီးထားသည့် ငါးဖမ်း လှေ ၅၇ စင်းကို ပြန်လွှတ်ပေးလိုက်သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ် တာဝန်မှ အနားယူခြင်းမဟုတ်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးစောလားပွယ်(ခ) ဗိုလ် နှုတ်ခမ်းမွေးသည် ကျန်းမာရေးအခြေအ နေကြောင့် စစ်ရေးကိစ္စ တာဝန်အရပ်ရပ်ကို ဒုတိယစစ်ဦးစီးချုပ်သို့ လွှဲပြောင်း ပေးထားခြင်းဖြစ်ပြီး တာဝန်မှအနားယူသွားခြင်းမဟုတ်ကြောင်း ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက 7Day Daily အား ပြောသည်။

ခါးနာဝေဒနာခံစားရသူဦးရေ ပိုမိုများပြားလာ၊ နာရီပိုင်းမျှ ကိုယ်နေဟန် ထားမှားယွင်းမှုကြောင့် လနှင့်ချီ ခါးနာနိုင်

ကမ္ဘာပေါ်မှာ လူတိုင်းနီးပါးခံစားရတဲ့ ဝေဒနာတစ်မျိုးရှိပါတယ်။ အသက်ကြီးကြီး၊ငယ်ငယ်၊ ပျိုပျိုအိုအို၊ ဆင်းရဲချမ်းသာ အယုတ်အမြတ်မရွေး ခံစားရတဲ့ ခါးနာဝေဒနာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ စစ်တမ်းအရ သူတို့ ဆီမှာ လူဦးရေ ၁ သန်းမှာ ၂သိန်းခွဲလောက်က ခါးနာဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရက ကျောက်စိမ်းဝယ်ယူမှုအားမပေးတော့၍ မန္တလေးကျောက်ဈေး ကွက် အေးနေ

လက်ရှိ တရုတ်အစိုးရက ကျောက် စိမ်းဝယ်ယူမှုကို အားမပေးတော့ဘဲ ချေးငွေထုတ်ချေး သည့်ကိစ္စများကို ဖြတ်တောက်လိုက်သဖြင့် တရုတ်ကုန် သည်ကြီးများ အားထားဝယ်ယူနေသည့် မန္တလေးကျောက် စိမ်းဈေးကွက်၌ အရောင်းအဝယ်အေးနေကြောင်း မန္တလေး ကျောက်ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

ဗြိတိန် ဆေးကျောင်းသား ကိုးဦး အိုင်အက်စ်အဖွဲ့သို့ ပူးပေါင်း



အိုင်အက်စ်အဖွဲ့က ဖွင့်လှစ်ထားသည့် ဆေးရုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဗြိတိန်နိုင်ငံမှ ဆေးကျောင်းသား၊ ကျောင်းသူ ကိုးဦးသို့ ဆီးရီးယားသို့ ထွက်ခွာသွားကြကြောင်း သတင်းတစ်ရပ်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း နှစ်ကုန်ပိုင်းတွေ နေရာ ရွှေ့ပြောင်းမည်


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသော ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် နေရာပြောင်းရွှေ့မည်ဖြစ်ပြီး ပြောင်းရွှေ့မည့်မြေနေရာတွင် ပင်မဆောင် ၆ ဆောင်ပါဝင်မည်ဖြစ်ပြီး ပင်မဆောင် ၄ ဆောင်မှာ ဆောက်လုပ်ပြီးစီးပြီဖြစ်သည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု သမ္မတ ပြောကြားချက်ကို အပြင်းအထန် ဝေဖန်

လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်အပေါ် ပြည်တွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ အချို့က ဝေဖန်ပြောဆိုလိုက်သည်။

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုများဖြင့် စွပ်စွဲကာ ထောင် နှစ် ၂၀ ကျော် ကျနေသည့် ကချင်ဒုက္ခသည် သုံးဦးအတွက် အယူခံဝင်မည်

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်ကျော် အကျဉ်းကျနေသော ကချင် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်းနှင့် ဦးလရိန်တို့အမှု နောက်ဆုံး အယူခံကို လာမည့် မတ်လ ၂၃ ရက်တွင် လျှောက်လဲချက် တင်သွင်းမည်ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

သစ်တောပြုန်းတီးမှု နိုင်ငံဧရိယာ၏ ၀ ဒဿမ ၅၅ ရာခိုင်နှုန်း နှစ်စဉ်ရှိဟု သစ်တောဝန်ကြီးဆို



(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်နိုင်ငံ ဧရိယာ၏ ၀ ဒသမ ၅၅ ရာခိုင်နှုန်းရှိသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

မန္တလေး စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်


တစ်မြို့နယ်တစ်ဦး ပြည်သူက မဲပေးရွေးချယ်နိုင်မည့် မန္တလေး စည်ပင်သာယာရေး ကော်မတီဝင် ရွေး ကောက်ပွဲတွင် ခြောက်မြို့နယ်အတွက် ကိုယ်စားလှယ်လောင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

မသန်စွမ်းသူများ တက္ကသိုလ်ဝင် စာမွေးပွဲ ဖြေရာတွင် သင်္ကေတဖြင့် ရှင်းပြရန် ပညာရေး ဝန်ကြီးဌာနသို့ တင်ပြမည်



မသန်စွမ်းအနုပညာ ပွဲတော်အကြို အထိမ်းအမှတ်မဖြစ် မြန်မာနိုင်ငံမှ ဘီးတပ်ကုလား ထိုင်မသန်စွမ်း သူများက ရန်ကုန်မှ မန္တလေးအထိ ဘီးတပ်ကုလားထိုင်ဖြင့် သွားရောက်ကြသည်ကို နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မသန်စွမ်းသူများ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲခန်းတွင် စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ၊ မေးခွန်းများ လက်သင်္ကတဖြင့် ရှင်းပြခွင့်ကို လာမည်နှစ်တွင် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြမည်ဟု မေရီချက်(ပ်)မင်း နားမကြားကျောင်းမှ ဆရာမ ဒေါ်မဉ္ဖူသိန်းက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်ခံရပါက နျူကလီးယားဒုံးကျည်ဖြင့် လက်စားချေတုံ့ပြန်မည်ဟု မြောက်ကိုရီးယားဆို


မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားပြီး တိုက်ခိုက်ခံရပါက နျူကလီးယား ဒုံးကျည် အသုံးပြု လက်စားချေ တုံ့ပြန်သွားမည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယီမင်က အမေရိကန်တပ်တွေ ရုတ်နေကြောင်း သတင်းထွက်လာ


ယီမင်တောင်ပိုင်းမှာ လုံခြုံရေး စိုးရိမ်မှုတွေ တိုးတက်လာလို့ အမေရိကန် တပ်ဖွဲ့တွေ ရုတ်သိမ်းကြောင်း သတင်းတွေ ထွက်လာ။ ယီမင် နိုင်ငံထဲ က အမေရိကန် စစ်အခြေစိုက် စခန်းရှိရာ ဒေသမှာ လုံခြုံရေး အရ စိုးရိမ်ရဖွယ် တွေ တိုးမြင့် လာနေတဲ့ အတွက် အမေရိကန်ဟာ သူ့ရဲ့ တပ်ဖွဲ့ဝင် တွေ ကို ပြန်လည် ခေါ်ယူ နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ကိုးကန့်ဒေသ တောင်ကုန်း ၃ ခု အစိုးရတပ်သိမ်းယူ


လက်နက်တွေ စစ်ဆေးနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တပ်ဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၅)
ကိုးကန့်လက်နက်ကိုင်တပ်တို့နဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က တောင်ကုန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား ၁၁ ဦး ကျဆုံးခဲ့တယ်လို့သတင်းထုတ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ မြန်မာစစ်တပ်က လက်နက်အသစ်တွေ တိုးပြီး အသုံးပြုလာပြီး ဒီကနေ့ တိုက်ပွဲမှာတော့ မူလနေရာကနေ နောက်ကို အနည်းငယ် ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုးကန့်ဒေသ စစ်ရေး အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အာဖဂန်နိုင်ငံတွင် ကိုရမ်ကျမ်း မီးရှို့သဖြင့် အမျိုးသမီးတဦးကို သတ်ဖြတ်မှုဖြစ်

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့လယ်ခေါင်မှာ မတ် ၁၉ ရက်နေ့က လူတစုဟာ အမျိုးသမီး တဦးကို သတ်ဖြတ်မီးရှို့ပြီး အလောင်းကို ရွှံ့မြစ်ထဲ ပစ်ချမှုခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။