Wednesday, April 1, 2015

သမ္မတ ပညာသင်ဆုအတွက် မေးခွန်းများ

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာကျောင်းသားများအတွက် နိုင်ငံခြားပညာသင်ဆုအစီအစဉ်ကို အကောင်အထည်ဖော်နေရာ ယခုအခါ တတိယအသုတ် လူတွေ့စစ်ဆေးသောအဆင့်သို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံတော်သမ္မတ ပညာတော်သင်ဆုရွေးချယ်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ ဧပြီ ၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဌ ဦးသိန်းထွန်း၊ အဖွဲ့ဝင်များအဖြစ် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း၊ သမ္မရုံးဝန်ကြီးများဖြစ်သော ဦးစိုးသိမ်း၊ ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတအကြံပေးများဖြစ်သော ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာရီရီမြင့်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာသန့်မြင့်ဦး၊ အတွင်းရေးမှူးအဖြစ် ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အပစ်ရပ်စဲရေးမူကြမ်း သဘောတူညီမှု ရရှိခြင်းကို ကြိုဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား ညှိနှိုင်းရေးဆွဲထားသော အပစ်ရပ်စဲရေး မူကြမ်းပါ အချက်အားလုံးကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား အပြီးသတ် ညှိနှိုင်းသဘောတူညီမှု ရရှိ သွားခဲ့ခြင်းကို အထူးကြိုဆိုအပ်ပေသည်။

ရန်ပုံငွေကန်ဒေါ်လာ ၃၅ သန်း လိုအပ်နေ၍ စားနပ်ရိက္ခာ ထောက် ပံ့ရေး ပြတ်လပ်နိုင်ဖွယ်ရှိဟု WFP ထုတ်ပြန်


ယခုနှစ် ဒီဇင်ဘာအထိ စားနပ်ရိက္ခာထောက်ပံ့နိုင်ရေးအ တွက် ကမ္ဘာ့စားနပ် ရိက္ခာအစီအ စဉ် မြန်မာ(WFP-Myanmar) သည် ဒေါ်လာ ၃၅ သန်း လိုအပ် နေကြောင်း မတ်လ အစီရင်ခံစာ က ဖော်ပြသည်။
လာမည့် သြဂုတ်လလယ်မှ စတင်၍ မြန်မာနိုင်ငံတွင် ၎င်းတို့ ၏ စားနပ်ရိက္ခာထောက် ပံ့ရေး လမ်းကြောင်း ပြတ်လပ်မှု ဖြစ်ပေါ်နိုင်သည်ဟု WFP (မြန်မာ) က ဆိုသည်။
လက်ရှိတွင်မူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ဒေသတွင်း WFP ဆောင် ရွက်မှု များကို ယာ ယီရပ်ဆိုင်းထားသည်။ ယင်းသို့ ရပ်ဆိုင်းမှုသည် ကိုယ်ဝန်ဆောင် များနှင့် သားသည် မိခင်များ၊ အသက် (၂) နှစ်အောက် ကလေး ငယ်များ၊ အိတ်ခ်ျအိုင်ဗီ တီဘီဝေ ဒနာရှင်များ အစရှိသည့် လူထု ၄,၈၀၀ အပေါ် သက်ရောက် နေကြောင်း ထုတ်ပြန်သည်။ ကိုး ကန့်ဒေသ အတွင်း နယ်ခြားအမှတ်(၁၂၅)စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရသော ပဋိပက္ခဒဏ်ခံ လူ ဦးရေ ၄,၀၀၀ ထံသို့ စားနပ်ရိက္ခာ လုံခြုံစွာ ရောက်ရှိ ကူညီပေးနိုင် ရေး အစိုးရနှင့် ညှိနှိုင်းထား ကြောင်း WFP ကပြောသည်။

အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးမှု ကုလ နှင့် အမေရိကန် ကြိုဆို



အရေးပါသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက် (Nationwide Ceasefire Agreement- NCA) မူကြမ်းကို လက်မှတ်ရေး ထိုးနိုင်ခဲ့ သည့်အတွက် ၀မ်းမြောက် ကြိုဆိုပါကြောင်း ကုလသမဂ္ဂ နှင့် အမေရိကန် သံရုံးတို့ ကကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။

နိုင်ဂျီးရီးယား ရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လက်ရှိအာဏာရ သမ္မတ အရေးနိမ့်



အကြိတ်အနယ် ရှိခဲ့သည့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်နောက် အတိုက်အခံ အင်အားစုဖြစ်သည့် ယခင် စစ်အာဏာရှင်ဟောင်း မူဟမ်မာဒူ ဘူဟာရီက အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိသမ္မတ ဂွတ်လက်ခ် ဂျိုနသန်သည် အသက်(၇၂)နှစ်ရှိ အငြိမ်းစား ဗိုလ်ချုပ် ဘူဟာရီထံ မတ် ၃၁ရက် ညပိုင်းက ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သလို ရွေးကောက်ပွဲတွင် မိမိ အရေးနိမ့်ကြောင်း ဝန်ခံခဲ့သည်။

(၆)နှစ်အရွယ် ကလေးငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့မရှိဟု လူမှုကွန်ယက်၌ ပျံနှံ့မှု မှားယွင်းမှုသာဖြစ်



“ရင်ခွဲရုံမှာ စစ်ဆေးပြီးပါပြီ လူမှုကွန်ယက်တွေပေါ်မှာပျံနှံနေတဲ့ သတင်းဟာ မဟုတ်ပါဘူး ကလေးမှာ အင်္ဂါအစုံ ပါပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားစစ်ဆေးလျှက်ရှိပါတယ်။”

ငြိမ်းချမ်းရေးရောင်နီသန်းပြီလား


မတ်လ ၃၀ ရက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအပြီးတွင် နှစ် (၆၀) အကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရန် သတင်းစကားတစ်ခုကို ကြားခဲ့ရသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ရက်ပေါင်း ၅၀၀ ခန့် ကာလအတွင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) ကို အချောသပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများစောင့်မျှော်နေသော သတင်းကောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။

တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် မကိုက်ညီသည့် ပိတ်ပင်တားဆီးမှုဟု ရွှေညဝါ ဆရာတော် မိန့်


ရွှေညဝါဆရာတော်ဟု လူသိများသည့် အရှင်ပညာသီဟသည် ဗုဒ္ဓဘာသာ နှင့်မကိုက်ညီသည်များ ဟောကြားသည် ဆိုကာ ဗဟိုသံဃာ့နာယကက တရားဟောခွင့် ပိတ်ပင်လိုက်ခြင်းသည် နာယကဂုဏ်နှင့် ကိုက်ညီမှုမရှိသည့် ပိတ်ပင်တားဆီးမှု ဟု ရွှေညဝါဆရာတော်က တုံ့ပြန်မိန့်ကြားလိုက်သည်။
ရွှေညဝါဆရာတော်သည် တရားဟော ဓမ္မကထိကတစ်ပါး၏ ဂုဏ်အရည် အချင်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ တစ်နိုင်ငံလုံး တရားဟောခွင့် အကန့် အသတ်မရှိ ပိတ်ပင်လိုက်သည့်အပေါ် ဆရာတော်က တုံ့ပြန်မိန့်ကြား ခြင်းဖြစ်သည်။

အပစ်ရပ်မူကြမ်းသဘောတူညီမှု ကုလနဲ့အမေရိကန်ကြိုဆို



ဆယ်စုနှစ်ပေါင်းများစွာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တနိုင်ငံလုံး အပစ်
အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မူကြမ်းကို မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ပါတယ်။

မြန်မာကို ကုလဆက်စောင့်ကြည့်ဖို့ လှုပ်ရှားသူတွေ တိုက်တွန်း


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို ဆက်ပြီးချမှတ်ဖို့နဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ က တိုက်တွန်းလိုက်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဥာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက်နေ့က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အခုနှစ် ရန်ကုန်သင်္ကြန် ဘယ်မဏ္ဍပ်မှာ ထိုင်ကြမလဲ



၂၀၁၅ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရန်ကုန်မှာ ရေကစားကြမယ့် မဏ္ဍပ်တွေကတော့ ထုံးစံအတိုင်း ပြည်လမ်းမကြီး နဲ့ ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ်မှာ အများဆုံးရှိနေမှာပါ။
မဏ္ဍပ်မှာ ထိုင်ပြီး သင်္ကြန်အလည်အပတ်ကားတွေကို ကြည့်ချင်သူတွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အတူ ရေပက်ကစားချင်သူ အများစုကတော့ မဏ္ဍပ်ထိုင်ဖို့ကိုပဲ ရွေးချယ်ကြပါတယ်။

ချောမွေ့ကာ ပြေပြစ်လို့ အဖုအထစ် ကင်းစေဖို့



သဘာဝ အပင်ထွက် အရေပြား တင်းရင်းစေတဲ့ ဆေးတွေ စမ်းသုံးကြည့်ပါ
“ကြွက်သား အဖုအဖု၊ ထုထုပြီး ခရာချင်စရာကွယ်” ဆိုတဲ့ ရှေးသီချင်း တပုဒ်ရဲ့ စာသားတွေ ကြားရင် တောင့်တင်းသန်မာ ပြီး ကြွက်သားတွေ အမြှောင်းမြှောင်း ထလို့ ခန့်ထည် ဝင့်ကြွားနေတဲ့ ဗလမောင်ကြီးတွေကို ပြေးပြီး မြင်မိကြမှာပါ။ ဒါပေမယ့် ကြွက်သား မဟုတ်ဘဲ တခြား အဖုအဖုတွေ ကျတော့လည်း စိတ်ပျက်စရာ ဖြစ်ရပြန်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ၊ ပေါင်မှာ၊ တင်ပါးဆုံမှာ၊ အရေပြား အောက်က အထစ်အထစ်တွေ၊ အမြှောင်း အရစ်ရစ်တွေ ဖြစ်နေတာကို မြင်ဖူးကြမှာ ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပေါ့။ ဒါကို Cellulite လို့ ခေါ်ပါတယ်။