Wednesday, April 29, 2015

မသိချင်ယောင် ဆောင်နေကြတာလား

သစ်တစ်ပင် ခုတ်စရာမလို၊ မြေတစ်ကွက် ရောင်းစရာမလို၊ မီးခိုးတအူအူထွက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စရာမလိုဘဲ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံခြားငွေတွေ သောက်သောက်လဲရမယ့် သဘာဝသယံဇာတတွေ၊ ရှုခင်းတွေ၊ တောတောင်အလှအပတွေ ပြည့်စုံကောင်းမွန်ပါလျက်နဲ့ သစ်ပင်ခုတ်ပြီး သစ်အလုံးလိုက် တင်ပို့ပြီးမှ နိုင်ငံခြားငွေရှာရတာ ဘာကြောင့်ပါလဲ။

သူပုန်နှင့်အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ကမ်းလှမ်းချက် ကိုလံဘီယာမယ် ပယ်ချ

ကိုလံဘီယာသူပုန်အဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး အကျိုးဆောင်ပေးဖို့ ကမ်းလှမ်းခံရတဲ့ ကိုလံဘီယာနိုင်ငံရဲ့ မယ်စကြာဝဠာက ဖိတ်ကြားမှုကို ပယ်ချလိုက်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

နီပေါငလျင်ဘေးအတွက် ကူညီကြရန် မြန်မာကြက်ခြေနီအသင်း ဖိတ်ခေါ်

နီပေါငလျင်ဘေးဒဏ်ခံရသူတွေအတွက် အလှူငွေထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖိတ်ခေါ်လိုက်ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ တို့ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ အသင်းရဲ့အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်က ဂျပန်စစ်တပ်၏ကျူးလွန်မှုများအတွက် တောင်းပန်ရန် အမေရိကန်တွင် ဆန္ဒပြ

ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တောင်းပန်ဖို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့မှာ ကိုရီးယား နွယ်ဖွား အမေရိကန် ၁၀၀ ကျော်ဟာ ဧပြီ ၂၈ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန်မှာ  ဆန္ဒပြကြတာဖြစ်ပါတယ်။
ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုတာကို ခံခဲ့ရတဲ့ လီယောင်ဆိုးကလည်း ဆန္ဒပြပွဲမှာ ပါဝင်ပါတယ်။
“ခံစားချက်တွေက အခုထိ နာကျင်နေတုန်းပဲ။ သေတဲ့ အထိ မေ့မှာ မဟုတ်ဘူး” လို့ ဆန္ဒပြပွဲမှာ သူက ပြောပါတယ်။စစ်ကြီးအတွင်း ဂျပန်စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရားဝင် တောင်းပန်ဖို့ တောင်း ဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသမားတွေက ကိုင်ထားကြပါတယ်။

ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဝင်းအတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ ပိုက်တွင်း လက်ကျန် သဘာဝဓာတ်ငွေ့တွေကို ရှင်းနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဂက်စ်လိုင်းထဲမှာ ဂက်စ်အကျန်ကို ရှင်းတာပေါ့။ ဘယ်လိုရှင်းလဲဆိုရင် မီးရှို့ပြီးတော့ ရှင်းထုတ်တာ။ ခါတိုင်းလည်း ဒီလိုပုံစံပဲ သူက မီးရှို့ပြီး ရှင်းထုတ်တယ်။ အဲတော့ ရှင်းရင်းနဲ့ မီးကအထဲကို ပြန့်ဝင်ပြီး ပေါက်တဲ့သဘောဖြစ်သွားတာ။”

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို လ၀ကအက်ဥပဒေဖြင့် ထောင်ခြောက်လစီချမှတ်ခဲ့ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်သော အပက ၃ ပုဒ်မဖြင့် နေ့စဉ်စစ်ဆေးနေ

၂၀၁၅ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်းဖမ်းမိသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ပုဒ်မဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှစတင်ကာ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆/၁ ဖြင့် ရှေးဦးစွာအမှုဖွင့်အရေးယူခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အစား နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၁၀ တွင် ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကသည်းလက်နက်ကိုင်များ ဖမ်းဆီးနေ၍ တမူးဒေသခံများ ထိတ်လန့်

ကလေး - တမူးမြို့တွင် ဧပြီ ၁၂ ရက်က ကသည်းလက်နက်ကိုင် တပ်ရင်းစခန်းအနီးသို့ လမ်းမှား ရောက်ရှိသွားသည့် ဒေသခံကျေး ရွာသားလေးဦး ဖမ်းဆီးခံရပြီး နောက် တမူးဒေသခံများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သတင်းရရှိသည်။
တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ ရှိ မွှာလ်လင်းကျေးရွာ သားလေးဦးသည် ဧပြီ ၁၂ ရက် ညကတောတွင်းသို့ ငှက်ပစ်ထွက်ရာမှ လမ်းမှား၍ကသည်း လက်နက်ကိုင်တပ်ရင်း စခန်းချထားရာအနီးသို့ ရောက်ရှိခဲ့သည်။
အဆိုပါရွာသားများကို က သည်းလက်နက်ကိုင်များက မိမိ တို့စခန်းသို့ လာရောက်စုံစမ်းသူ များဟု ယူဆကာ ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုသိရသည်။