Saturday, May 30, 2015

လှေစီးဒုက္ခသည်အရေး ဖြေရှင်းရန် အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူထောင်မည်


ဘန်ကောက်မြို့တွင် လှေစီးဒုက္ခသည်အရေး မြန်မာအပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက တက်ရောက်ဆွေးနွေးခဲ့သည် (EPA)
ပင်လယ်တွင်မျောပါနေ သည့် လှေစီးဒုက္ခသည်များ ကယ် ဆယ်ရေး ချက်ချင်းဆောင်ရွက် ရန် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထား သည့် ရာဇ၀တ်ဂိုဏ်းများအားဖိနှိပ် ရေးအတွက် အဓိကသက်ရောက် သော နိုင်ငံများအကြား အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူ ထောင်ရေး အပါအ၀င်အဓိက ဆောင်ရွက်ရမည့် ကဏ္ဍသုံးရပ် ကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ပြုလုပ်ခဲ့သည့် ‘‘အိန္ဒိယသမုဒ္ဒရာ ၌ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း မှုဆိုင်ရာ အထူးအစည်းအဝေး’’ အပြီးတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

မြိတ်ကျွန်းစုတွင် ဟိုတယ်ဆောက်ရန် ထိုင်းလုပ်ငန်းရှင်အချို့ ကမ်းလှမ်းထားဟုဆို

ထိုင်းလုပ်ငန်းရှင်အချို့ က မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကျွန်းတစ်ကျွန်း ကို တောင်းဆိုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြိတ်ကျွန်းစုရှိ ကျွန်းတစ် ကျွန်းကို အစိုးရထံမှ နှစ် ၅၀ ငှားရမ်းမည်ဖြစ်ပြီး လက်ရှိတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ် လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားဟု အမေရိကန်စွပ်စွဲ

တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကျွန်းများပေါ်တွင် တရုတ်က လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို တရုတ်က ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ ဆောက်လုပ်ထားသလို ကျွန်းတုများကိုပါ တည်ဆောက်ပြီး ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် အနောက်ပိုင်း ကွီတာမြို့မှ တောင်ဘက်ကမ်းခြေ ကရာချိသို့ ဦးတည် မောင်းနှင်နေသော ဘတ်စ်ကားများကို သေနတ်သမားများက အဓမ္မ တားဆီးပြီး ခရီးသည်များကို ဖမ်းဆီးခဲ့ခြင်းဟု ဘာလူချီစတန် ဒေသ အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံ ရေးသမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ကျောက်ခေတ်ဦးလက်ရာများ ဖြစ်နိုင်ဖွယ်ရှိသည့် နံရံဆေးရေးပန်းချီများတွေ့ရှိ

ရှမ်းပြည်နယ်တောင် ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်တွင် ကျောက် ခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသည့်နေရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။

အကြမ်းဖက်မှု ကိုအားပေးထောက်ခံ သည့်နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန်ပယ်ဖျက်

ဆယ်စုနှစ်ငါးနှစ်ကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှုအားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့သည်။
အမေရိကန်က ကျူးဘားကို ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်ရေးအဟန့်အတားဖြစ် ခဲ့သည့် အပြင် နိုင်ငံတကာ၏ အပယ်ခံလိုဖြစ်လာခဲ့သည်။

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီ များအား နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှတဆင့် ၾသစေၾထးလ် က ၾသစေၾထးလ် ဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်းပေးမည်ဟု သိရသည်။
ယင်းအကူအညီများအနက် သြစထြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများ အတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ဗလီတစ်ခုကို ဖောက်ခွဲတိုက်ခိုက်၍ လူ ၁၅ ဦးထိခိုက်ဒဏ်ရာရ


ဖိလစ်ပိုင်တောင်ပိုင်းစွန်းတွင် ဗလီတစ်ခုကို ပစ်မှတ်ထားပြီး ဖောက်ခွဲမှုနှစ်ရပ် ပြုလုပ်၍ ကလေးငယ်များအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကပြောသည်။
နင်ဒန်နာအိုတောင်ပိုင်းနယ်မြေ ဂျိုလိုမြို့က ဗလီကို ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦးကို စတင် မဲပေးနိုင်ပြီ ဖြစ်သည်။

Miss Golden Land အလှမယ် များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ၀င်ရောက်ပြီး Page ကို Like ပေးရမည် ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။

အမျိုးသား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေး အစီအစဉ်ကို အသစ်ရေးရန် ကွန်ဂရက်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတအိုဘားမားက အမျိုးသားလုံခြုံရေးအေဂျင်စီ NSA၏ အငြင်းပွားဖွယ် ဖုန်းမှတ်တမ်းများဖမ်းယူခြင်းကို ခွင့်ပြုပေးမည့် ဥပဒေပြဌာန်းချက်သစ်ကို ကွန်ဂရက်က ရေးဆွဲပြဌာန်းရန်တိုက်တွန်းလိုက်သည်။

လှေစီးဒုက္ခသည် ခေါ်ယူမည့်အရေး ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်


မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသဖြင့် မောင်တောခရိုင် တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည် အယောက် ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူရန် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။