Saturday, June 13, 2015

ဘင်္ဂါလီများအား ခွဲခြားဆက်ဆံမှုများကြောင့် မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာ တောင်းဆိုမှု မြန်မာ ပယ်ချ


မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က မြန်မာနိုင်ငံတွင် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” ပြုလုပ်နေခြင်းကို လက်မခံနိုင်သည့်အတွက် အာဆီယံမှ ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်း မလေးရှားအခြေစိုက် The Star Online တွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။

ထို့အပြင် ၎င်းက ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

လာအိုနှင့်ပွဲတွင် မြန်မာကစားသမားအချို့ ပြိုင်ဘက်ကို လေးစားမှုမရှိခဲ့ကြောင်း အေဗရာမိုဗစ်ပြော


လာအိုအသင်းကို သရေ ကျခဲ့သည့်ပွဲတွင် မြန်မာကစားသမားအချို့အနေဖြင့် ပြိုင်ဘက် ကစားသမားများအပေါ် မလေးစားမှု ကြောင့် ရလဒ်မကောင်းခဲ့ခြင်းဖြစ် ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ် ပွဲ ဒုတိယအဆင့်အဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်က လာအိုအသင်း နှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက် ပေါ်ခဲ့သည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ရထားလမ်းနှင့် ရေကြောင်းအဆင့်မြှင့်တင်မှုဖြင့် ဖြေရှင်းရန် နိုင်ငံတကာကျွမ်းကျင်သူများ အကြံပြု

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရထားလမ်းနှင့် ရေလမ်းကြောင်းများကို အဆင့်မြှင့်တင်သင့်ကြောင်း နိုင်ငံ တကာကျွမ်းကျင်သူများက အကြံ ပြုပြောကြားခဲ့ကြသည်။
ရန်ကုန်မြို့ ယာဉ်ကြောကျပ် တည်းမှု ပြဿနာနှင့် ပတ်သက် သည့် ညီလာခံကို ဇွန်လ ၁၂ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတကာမြို့ပြစီမံကိန်းရေးရာကျွမ်းကျင်သူများက အထက်ပါအတိုင်း အကြံပြုပြောကြားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ- ဗီယက်နမ်ပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်



ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ (၁၂)နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည့် မြန်မာ U 23 နှင့် ဗီယက်နမ် U 23