Thursday, June 25, 2015

ဆိုက်ဘာရာဇဝတ်မှုများ ထိန်းချုပ်ရေး တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန် လိုလား

ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးထိန်းချုပ်ရန် တရုတ်အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း အမေရိကန် အစိုးရက ပြောကြားလိုက်သည်။
ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားတွင် အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့ပြီး ယခုလ အစောပိုင်းကလည်း အမေရိကန် အစိုးရဝန်ထမ်း ၄ သန်းကျော်၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုအတွက် တရုတ် အခြေစိုက် ဟက်ကာများ လက်ချက်ဟု အမေရိကန်ဘက်က စွပ်စွဲခဲ့သည်။

၅၉ (စ)မပြင်ရန် တပ်ကိုယ်စားလှယ်ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  နိုင်ငံတော်အချုပ်အခြာအာဏာအတွက်အရေးကြီးသည့်သည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင် ဆွေးနွေးရာ ယင်းပုဒ်မကို ပြင်ဆင်ခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြဆွေးနွေးလိုက်ကြောင်း သတင်း ရရှိသည်။
ဇွန်လ ၂၄ ရက်တွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ ၅၉ (ဃ)နှင့် ပုဒ်မ ၅၉ (စ)တို့ကို တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် တင်စိုးက ဆွေးနွေးခဲ့ရာတွင် ပုဒ်မ ၅၉ (စ)ကို မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ထားရှိရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

စင်ကာပူရောက် မြန်မာတစ်ဦးကို သတ်ဖြတ်ရန် ကြံစည်မှုတွင် ပီအာရ်ရရှိထားသည့် မြန်မာပါဝင်


စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ရန်ကြံစည်သည့် မြန်မာနိုင်ငံသားလေးဦးအနက် စင်ကာပူနိုင်ငံ ၌ အမြဲတမ်းနေထိုင်ခွင့် ရထား သူတစ်ဦးပါဝင်နေပြီး ထွက်ပြေး လွတ်မြောက်နေသည့် ကျန်တစ် ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်း ရရှိသည်။
လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအနက် အသက်(၃၇) နှစ်အရွယ် ကိုဇော်မင်းလှိုင်သည် စင်ကာပူနိုင်ငံ၌ အမြဲတမ်း နေ ထိုင်ခွင့် ရရှိထားသူဖြစ်ကြောင်း သတင်းရရှိသည်။

တေးနုယဉ်သေဆုံးသည့်ညက ဖြစ်စဉ်များကိုမင်းအုပ်စိုးအသေးစိတ်ထွက်ဆို၊ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆို

လူသတ်မှုဖြင့် စွဲချက်တင်ထား သည့် မင်းအုပ်စိုးက သေဆုံးသူ တေးနုယဉ်ကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဘဲ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်း မရှိကြောင်း ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။အဆိုပါရုံးချိန်းတွင် မင်းအုပ် စိုးက တေးနုယဉ်နှင့်စတင်ဆုံတွေ့ ခဲ့သည့် လွန်ခဲ့သည့်ခုနစ်နှစ် အချိန်မှ အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၄ဒီဇင်ဘာ ၂၅ ရက် နံနက်အထိ ဖြစ်စဉ်များကို အသေးစိတ် ထွက်ဆိုခဲ့ သည်။

ဦးသန်းရွှေ၏ နှုတ်ထွက်စကားဖြင့် အခြေခံဥပဒေပြင်ရန် ကိုယ်စားလှယ်တစ်ဦး တင်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ နှုတ်ထွက်စကားကို ခံယူပြီး ပြင် ဆင်မည်ဆိုပါက အောင်မြင်မည် ကို ယုံကြည်ကြောင်း ချင်းတိုး တက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်း က ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

နေပြည်တော် ကျောက်မျက်ရတနာပြပွဲ ပြည်ပကုန်သည်လာရောက်မှု ထက်ဝက်လျော့ကျ

ကျင်းပနေဆဲဖြစ်သည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာ ပြပွဲတွင် ပြည်ပ ကျောက်မျက်ကုန်သည်များ လာ ရောက်မှုထက်ဝက်လျော့ကျသွား ကြောင်း ပြပွဲကျင်းပရေး ကော်မ တီမှ သတင်းရရှိသည်။ဇွန်လ ၂၄ မှ ဇူလိုင် ၆ ရက် အထိ ၁၃ ရက်ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပြည်ပကုန်သည်များ မျှော်မှန်း သည်ထက် ထက်ဝက်လျော့ကျ သွားခဲ့သည်ဟု အထက်ပါကော်မ တီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော သည်။  ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့ သည့် (၅၁)ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲတွင် ပြည်ပရတ နာကုန်သည် လေးထောင်ကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်၌ နှစ် ထောင်ကျော်သာ ၀င်ရောက် ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ စာရင်းဇယားများမှသိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အာမခံအမျိုးအစားသုံးခု လုပ်ကိုင်ခွင့် ဂျပန်ကုမ္ပဏီသုံးခုရရှိ

 မကြာမီစတင်လည် ပတ်တော့မည့် သီလ၀ါအထူးစီး ပွားရေးဇုန်အတွက် ပြည်တွင်း၌ လုပ်သက် နှစ် ၂၀ ရှိ ဂျပန်အာမခံကုမ္ပဏီသုံးခုအား ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကုမ္ပဏီများသည် မီး အာမခံ၊ ယာဉ်အာမခံနှင့် ရေ ကြောင်းကုန်စည်အာမခံ စသည့် သုံးမျိုးကို လုပ်ကိုင်ခွင့်ရမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်းကပြောသည်။
‘‘အခုအာမခံဒီသုံးခုပဲရှိသေး တယ်။ အနှစ်နှစ်ဆယ်လောက် ဒီ မှာစောင့်နေတယ်။ ဒါကလည်း ဂျ ပန်ဖြစ်လို့ ခွင့်ပြုတာမဟုတ်ဘူး။ တခြားနိုင်ငံတွေကိုလည်း ခွင့်ပြု ပါတယ်’’ ဟု ဒေါက်တာမောင် မောင်သိမ်းကပြောသည်။

ကိုလံဘီယာတိုက်စစ်မှူး မာတီနက်ဇ်ကို အက်သလက်တီကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူ


အက်သလက်တီ  ကိုမက်ဒရစ်အသင်းသည် ပေါ်တို မှ ကိုပါအမေရိကပြိုင်ပွဲဝင် ကိုလံ ဘီယာတိုက်စစ်မှူး ဂျက်ဆင်မာ တီနက်ဇ်ကို ယူရို ၃၅ သန်းဝန်း ကျင်ဖြင့် ခေါ်ယူတော့မည် ဖြစ် သည်။
မာတီနက်ဇ်သည် မူလက  အေစီမီလန်နှင့်ချိတ်ဆက်မှုများရှိ ခဲ့သော်လည်း အက်သလက်တီကို ကပေါ်တိုမှတောင်းသည့် ဈေးကို ပေးနိုင်ခဲ့၍ မက်ဒရစ် အသင်းသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ ‘‘အ ပြောင်းအရွှေ့ကိစ္စဒီနေ့ပဲ အပြီး သတ်ခဲ့ပါပြီ။ နောက်ဆုံးအချိန်အ ထိ စိတ်ဝင်စားမှုပြခဲ့တဲ့ မီလန်ကို လည်းကျွန်တော်တို့ ကျေးဇူးတင် ချင်ပါတယ်။ သူတို့စိတ်ဝင်စား တာ ကျွန်တော်တို့ကိုဂုဏ်ပြုသလို ခံစားရပါတယ်’’ ဟု ၎င်း၏အေး ဂျင့်ဖြစ်သူ လူးကစပိန်အေအက်စ် အာကစား သတင်းအား ပြော သည်။

မက်ဆီတစ်ဦးတည်း သတိမထားရန် ကိုလံဘီယာနောက်ခံလူ မာရီလို သတိပေး

စနေနေ့တွင် အာ ဂျင်တီးနားနှင့် ကိုပါအမေရိကဖ လား ကွာတားဖိုင်နယ် ကစားမည့် ကိုလံဘီယာနောက်ခံလူဂျိုင်ဆန် မာရီလိုက မက်ဆီတစ်ဦးတည်း သာခြိမ်းခြောက်မှုမဟုတ်ဘဲ တစ် သင်းလုံးကို  သတိထားရမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြား သည်။
အင်တာနောက်ခံလူ မာရီ လိုသည် ကိုပါဖလားသမိုင်းတွင်  ၎င်းတို့အသင်းအတွက် ဒုတိယ မြောက်ဖလားကို လိုချင်နေပြီး အာဂျင်တီးနားကလည်း ၂၂ နှစ် ကြာ နိုင်ငံတကာအဆင့် ဖလား တစ်ခုမရရှိဘဲဖြစ်နေမှုကို အဆုံး သတ်လိုနေသည်။