Wednesday, August 12, 2015

ဒီချုပ် နှင့် ၈၈ တို့၏ ကတ္တီပါလမ်းခွဲ

ရွေးကောက်ပွဲ နီးကပ်လာချိန် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် မထင်မှတ်သည့် အလှည့်အပြောင်းအချို့ ထွက်ပေါ်လာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ပေါင်း ၂၀ ကျော် တောက်လျှောက် ၀န်းရံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် လူထု ထောက်ခံမှုရရှိထားသူအချို့ကို ဒီချုပ်က ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းမရှိသည့်အတွက် ဒီမိုကရက်တစ်အင်အားစုများအကြား မျက်စိလည်စရာဖြစ်သွားသည်။
ဒီချုပ်ဆိုလျှင် လူထုထောက်ခံမှုအမြဲတစေရနေသည့် အခြေအနေမှ တိုင်းနှင့်ပြည်နယ်အချို့တွင် ကိုယ်စားလှယ်လောင်းစာရင်းကြောင့် မကျေနပ်သည့် ဒေသခံ နှင့် ပါတီဝင်များ၏ ဆန္ဒထုတ်ဖော် မှုများရှိလာခဲ့သည်။
ပြည်သူထောက်ခံမှုရရှိထား ပြီး နိုင်ငံရေးဖြတ်သန်းမှုနောက်ခံ သမိုင်းကြောင်းနှင့် နိုင်ငံရေးလုပ် ရည်ကိုင်ရည်ရှိသူများ ကိုယ်စားလှယ်လောင်းအဖြစ် မပါဝင်ခဲ့သည့်အပေါ် ၈၈ မျိုးဆက်၊ တိုင်း ရင်းသားများအပါအ၀င် ဒီမိုကရက်တစ်အင်အားစုတို့က ဒီချုပ်၏ ရွေးကောက်ပွဲနိုင်ငံရေးခြေလှမ်း နှင့် မဟာဗျူဟာတို့အပေါ် သံသယ ဖြင့် စောင့်ကြည့်မေးခွန်းထုတ်မှုများပင်ရှိလာခဲ့သည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ်ရှိ

ဘင်္ဂလားပင်လယ် အော်တွင် သြဂုတ် ၁၁ ရက် ညနေမှစတင်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ယင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျမည့် အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

လေဖိအားနည်းရပ်ဝန်းသည်ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေပြီး အိန္ဒိယကမ်းခြေနှင့်နီးသော် လည်းမြန်မာနိုင်ငံဒေသအချို့၌ မိုးနှင့် လေပြင်းအန္တရာယ်ရှိနေသည်ဟုဦးကျော်မိုးဦးက ရှင်းပြသည်။

‘‘လေဖိအားနည်းရပ်ဝန်းက ဖြစ်ပြီ။ အခုက ဧရာဝတီဘက်မှာ ရေကြီးတဲ့ကာလက မပြတ်သေး တော့ ဒီတစ်ကြိမ်မိုးကိုတော့ သတိထားရဦးမယ်။ ရခိုင်ကမ်းရိုးတန်း ဘက်လည်း လေပြင်းသတိထားဖို့ အရေးကြီးပါတယ်။ ဒီလေဖိအား နည်းရပ်ဝန်းကို အချိန်ပြည့်စောင့် ကြည့်နေပြီး ထူးခြားတာနဲ့ သတင်း ထုတ်ပြန်ပေးမှာပါ’’ဟု ၎င်းက ပြောကြားသည်။

ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် ယူ-၂၀နှင့် ယူ-၂၃အသင်းတို့မှ ကစားသမားများ ပါဝင်လာ

ကမ္ဘာ့ဖလားခြေစစ်ပွဲ နှင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် ပြင်ဆင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းကို ကစားသမား ၂၆ ဦးဖြင့်ဖွဲ့စည်းခဲ့ရာ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲ ၀င်အသင်းနှင့် ဆီးဂိမ်းပြိုင်ပွဲဝင် ယူ-၂၃ အသင်းမှ ကစားသမား များ ပါဝင်လာသည်။

သြဂုတ် ၁၁ ရက်က ထုတ်ပြန်လိုက်သည့် ပဏာမလက်ရွေးစင် ကစားသမားစာရင်းတွင် ယူ-၂၀ အသင်းမှ ကစားသမား ခြောက်ဦး နှင့် ယူ-၂၃ အသင်းမှ ကစား သမား ကိုးဦးပါဝင်ခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် လက်ရွေးစင်အသင်းကို သက် တမ်းသုံးခုဖြင့် ဖွဲ့စည်းထား ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောသည်။

‘‘လက်ရွေးစင်အသင်းအ တွက် ကစားသမားရွေးချယ်မှုကို နည်းပြချုပ်စိတ်ကြိုက် လုပ် ဆောင်ခွင့်ပေးခဲ့တယ်။ သူကြိုက် တဲ့ ကစားသမားတွေကို ရွေးချယ် ခဲ့တာပါ။ အဖွဲ့ချုပ်ဘက်က ၀င် ရောက်စွက်ဖက်ခြင်းမရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

မတရားဖမ်းဆီးမှုဖြင့် လက်ပံတန်းမြို့နယ်ရဲမှူးနှင့် စခန်းမှူးကိုအရေးယူရန်လျှောက်ထားချက် ပယ်ချခံရ

မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် လက်ပံတန်းမြို့ နယ် ရဲမှူးနှင့် စခန်းမှူးကို အရေးယူပေးရန် လျှောက်ထားချက်အား ၎င်းတို့သည် ပြန်တမ်းဝင်ပြည်သူ့ဝန် ထမ်းများဖြစ်၍ သမ္မတ၏ ခွင့်ပြုချက်မရဘဲ တရားစွဲဆိုခွင့်မရှိဟု ဆိုကာ သာယာဝတီမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။

လက်ပံတန်းမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် မြို့နယ်ရဲ စခန်းမှူး ဒုရဲမှူးစန်းမြင့်တို့သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ (၁)အရ သမ္မတက တိုက်ရိုက် ခန့်အပ်ထားသော ပြန်တမ်းဝင် ပြည်သူ့ဝန်ထမ်းများဖြစ်၍ တာ ၀န်ထမ်းဆောင်စဉ်ကာလအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကို သမ္မတ၏ ခွင့်ပြုချက်မရဘဲ မည်သည့် တရားရုံးကမျှ တရားစွဲဆိုခွင့်မရှိ သောကြောင့် အဆိုပါတရားစွဲဆို မှုကို ပလပ်ကြောင်း သာယာဝတီ မြို့နယ် တရားသူကြီးက သြဂုတ် ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။

သမ္မတဦးသိန်းစိန် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီကို ရေဘေးသင့်အိမ်ထောင်စုများအား လှူဒါန်း

နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ရေဘေးသင့်ပြည်သူ များအတွက် လူငါးဦးရှိ မိသားစု တစ်ခုလျှင် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီ ထောက်ပံ့လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် သြဂုတ် ၁၁ ရက်က ၎င်းကိုယ်တိုင်လှူဒါန်းထားသော အဆိုပါပစ္စည်း ၃၆ မျိုးအပါအ၀င် ရေဘေးသင့် ပြည်သူများထံ သွားရောက်လှူ ဒါန်းမည့် ထောက်ပံ့ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘုန်းမြင့်၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြထားသည်။
ရေဘေးသင့်ပြည်သူများ အား လူငါးဦးပါမိသားစုတစ်စုအ တွက် ပစ္စည်း ၃၆ မျိုးပါ ကော် သေတ္တာပုံးတစ်ပုံးစီပေးသွားမည် ဖြစ်သည်။ အကယ်၍ လူငါးဦးထက်ပိုသော အိမ်ထောင်စုဖြစ်ပါက သေတ္တာတစ်ပုံးထက်ပို၍ ပေးသွားမည် ဖြစ်ပြီး လူငါးဦးမပြည့်သော အိမ်ထောင်စုကိုလည်း သေတ္တာတစ်ပုံးစီ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း စုံစမ်းသိရသည်။

ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့

ငယ်ရွယ်စဉ်မှာပင် ကလေးငယ်ကို ရေကူးသင်ပေးနေစဉ်/ honeykidsasia.com
ကလေးများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခြင်းသည် သူတို့ အနာဂတ်အတွက် စိတ်ချသေချာရသော ဖွံ့ဖြိုးမှုတစ်ခု ဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် နိုင်ငံတကာ ကလေးစိတ်ပညာဆိုင်ရာ သုတေသီများက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးဖို့ မိဘတွေကို တိုက်တွန်းအားပေးခဲ့ပါသည်။ အခြေခံအားဖြင့် ကလေးတွေကို အချက်(၉)ချက်ပါ နည်းလမ်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ရှိလာစေဖို့ မိဘတွေက လမ်းညွှန်လုပ်ကိုင်ပေးနိုင်ပါသည်။

အစာကွင်းဆက် ပျက်ယွင်းသွားလေသောအခါ

ဖိုခုံလောက်ဆိုင် မီးဖိုပေါ်ရှိ ဒယ်အိုးအတွင်းမှ ဆီပူလာရန် ဇွန်း တစ်ချောင်းကိုင်၍ အမျိုးသမီးတစ်ဦးစောင့်ဆိုင်းနေသည်။ အဆိုပါ အမျိုးသမီးအနီး ဝါကြန့်ကြန့်အင်ဖက်တစ်ခုပေါ်တွင် မည်သည့်မြွေ အမျိုးအစားဖြစ်သည်ကိုပင် ခွဲခြားရန်ခက်နေသည့် အရေခွံဆုတ်ခံထားရသောမြွေအချို့ကို ဖြန့်လှန့် ထားသည်။
‘‘အဲဒီမြွေတွေကို သူတို့ချက် ပြုတ်စားသောက်ဖို့လုပ်နေတာ။ မြွေတွေကတော့ ဘာမြွေတွေလဲမသိဘူး’’ဟု ယင်းမြင်ကွင်းကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည့် ကိုစိုင်းဇော်သိုက်က ပြောသည်။

ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အက်ဖ်ဘီအိုင်ထံ လွှဲပေးရန် ဟီလာရီကလင်တန် သဘောတူ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း အသုံးပြုခဲ့သည့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အက်ဖ်ဘီအိုင် ထောက်လှမ်းရေး ဌာနထံ လွှဲအပ်ပေးရန် ဟီလာရီ ကလင်တန်က သဘောတူညီခဲ့ကြောင်း သိရသည်။
ကလင်တန်သည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ ပထမ လေးနှစ်သက်တမ်း ကာလအတွင်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမသည် အစိုးရ ထိပ်တန်း အရာရှိများအတွက် သီးခြား သတ်မှတ်ထားသည့် အီးမေးလ်ဆာဗာကို အသုံးမပြုဘဲ ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့ခြင်းအတွက် ဝေဖန်မှုများ ကြုံခဲ့ရသည်။
ယခုအခါ ကလင်တန်သည် လာမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိရာ ယခင်က သူမအနေဖြင့် အဘယ်ကြောင့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့ကြောင်း ဝေဖန်ထောက်ပြ မေးခွန်းထုတ်မှုများနှင့် တရစပ် ရင်ဆိုင်နေရသည်။ သူမအနေဖြင့် အီးမေးလ် ဆက်သွယ်မှုများကို ဖုံးကွယ်ထားရန် ရည်ရွယ်ပြီး ယခုလို လုပ်ဆောင်ခဲ့ခြင်းဟုလည်း စွပ်စွဲမှုများ ရှိနေသည်။