Thursday, November 12, 2015

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာ နေလို့ ရနိုင်မလား”

အခုရက်ပိုင်းအတွင်း နိုင်ငံခြားသတင်းဌာနတွေ စိတ်အဝင်စားဆုံး ပြဿနာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နောက်တက်မယ့် သမ္မတနဲ့ သူ့ရဲ့ နေရာယူမှု အပိုင်းပါ။ နိုင်ငံခြား သတင်းဌာနတွေကို တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့်မရပေ မယ့် အစိုးရအဖွဲ့သစ်ကို သူပဲ ဦးဆောင်မယ်၊ သမ္မတရဲ့ အထက်မှာနေမယ်၊ သမ္မတဆိုတာဟာ ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားရမှာဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ရမှာ ဖြစ်တယ်။ စသဖြင့် ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

သမိုင်းကိုကြိုရေးခြင်း

နိုင်ငံတော်သမ္မတဦးသိန်း စိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ရဲ့လက်ထဲမှာ စာအုပ်တစ် အုပ်ရှိနေပါတယ်။ စာအုပ်ရဲ့ အမည်ကတော့ ‘၂၁ ရာစုမြန်မာ့ သမိုင်း’ပဲဖြစ်ပါတယ်။ စာအုပ်ထဲ မှာတော့ ဗလာစာမျက်နှာများသာ ပါဝင်ပါတယ်။ စာလုံးတွေကို တော့ နိုင်ငံတော်သမ္မတနဲ့ ကာ ကွယ်ရေးဦးစီးချုပ်တို့ကရေးထည့် ကြရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်သမိုင်းကိုပုံဖော်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။

ရန်အောင်မင်္ဂလာကင်းဘုရားကြီး ရင်ပြင်တော်တွင် ကားများ ညအိပ်ညနေ ထားခွင့်ပြု၍ ဒေသခံများ ဝေဖန်

 ပြည်မြို့ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မင်္ဂလာကင်းဘုရား စေတီတော်မြတ်ကြီး ရင်ပြင်တော် တွင် ကားများ ညအိပ်ညနေ ထား ခွင့်ပြုထားခြင်းကို မသင့်လျော် ကြောင်း ဒေသခံများက ဝေဖန်ပြောကြားသည်။

စေတီတော် ရင်ပြင်တွင် ကားများ ညအိပ်ညနေ အချိန် ကြာမြင့်စွာ အခကြေးငွေယူပြီး ထားရှိခွင့်  ပြုထားခြင်းကြောင့် ဘုရားဖူး ပြည်သူများ အမြင်၌် မသင့်လျော်ကြောင်း၊ ဘာသာ ရေးပွဲတော်ရက်များတွင် ရင်ပြင် တော်ပေါ်၌ ဆီမီးပူဇော်ရန်ပင် ကားများစွာရှိနေ၍ အခက်အခဲ များရှိနေကြောင်း ဒေသခံအချို့ က ပြောသည်။

ဟုမ္မလင်းတွင် လွှတ်ကျောင်းထားသော နွားကို သတ်ဖြတ် ရောင်းချခဲ့သူ ငါးဦးအား အရေးယူပေးရန် တိုင်ကြား

ဟုမ္မလင်းမြို့နယ် ဇီးပင် သာကျေးရွာတွင် လွန်ခဲ့သည့် နှစ် ပတ်ကျော်က ပျောက်ဆုံးခဲ့သော နွားကို သတ်ဖြတ် ရောင်းချသူ ငါးဦးအား ပိုင်ရှင်က နိုဝင်ဘာ ၁၀ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ဟုမ္မလင်းမြို့နယ် ဇီး ပင်သာကျေးရွာနေ အသက် (၅၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သော အသက်လေးမိုး (၄ နှစ်)ခန့်ရှိသည့် နီညိုရောင် နွားမတစ်ကောင်ကို ဇီးပင်သာ ကျေးရွာ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယာတောအတွင်း လွှတ်ကြောင်းထားခဲ့ရာ ယင်းနေ့ညနေတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခြင်း တရုတ်၊ အမေရိကန် အပါအ၀င် နိုင်ငံတကာကြိုဆို

မြန်မာ့ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ခြင်းကို အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကြိုဆိုချီးကျူးခဲ့ကြပြီး ရွေးကောက်ပွဲ လွန်ကာလ အကူအညီများပေး ရန် ကြေညာခဲ့ကြသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှုကို ကြိုဆိုပြီး ရွေး ကောက်ပွဲလွန်ကာလတွင် အကူအညီပေးမည်ဖြစ်ကြောင်း ကတိပြုသည်။
 ‘‘မြန်မာအထွေထွေရွေး ကောက်ပွဲဟာ မျှော်လင့်ထားတဲ့ အတိုင်း ပြီးဆုံးခဲ့ပါတယ်။ တရုတ် က အဲဒါကို ကြိုဆိုပါတယ်။ မြန် မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းဖို့ အတွက် ဥပဒေနဲ့အညီ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးအစီအစဉ်ကို ဆက်ဖော်ဆောင် သွားပါစေလို့ မြန်မာရဲ့ ရင်းနှီးချစ် ကြည်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်က ဆန္ဒပြုပါတယ်။ မြန်မာရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်ရဲ့ အာရှ ရေးရာသံတမန် Sun Guo Qiang ဟာ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်မှုမှာ ပါဝင်ခဲ့ပါတယ်။ မြန် မာရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ သက်ဆိုင်တဲ့ အကူအညီနဲ့ အ ထောက်အပံ့တွေ ဆက်ပေးသွား ဖို့ တရုတ်က အဆင်သင့်ပါ’’ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟုန် လီက ပြောကြားကြောင်း CCTVသတင်းဌာနက ဖော်ပြသည်။

စီး/ကူးဒုဝန်ကြီး ဒေါက်တာပွင့်ဆန်း မရမ်းကုန်းတွင် ဒီချုပ်အမတ် ဒေါက်တာမေ၀င်းမြင့်ကို ရှုံးနိမ့်

 လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကို ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်းမြင့်က မဲအပြတ်အသတ်ဖြင့်အနိုင်ရကြောင်း မရမ်းကုန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ပြော သည်။

 ဒေါက်တာပွင့်ဆန်းသည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု၍  ပြည်သူ့လွှတ် တော်အတွက် မရမ်းကုန်းမြို့နယ် မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ ခဲ့ပြီးနောက် စီးပွား/ကူးသန်း ဒုတိ ယ၀န်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်း မြင့်က ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကိုအနိုင်ရခဲ့သည်။ ယခုနိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးမှ ဒေါက်တာပွင့်ဆန်းကို ဒီချုပ်မှ ဒေါက်တာမေ၀င်းမြင့်က မဲအ ပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဝိုင်အရက်ကိစ္စကြောင့် ပြင်သစ်-အီရန် နိုင်ငံတော် ညစာစားပွဲ အစီအစဉ် ဖျက်သိမ်း

ဝိုင်အရက် ထည့်သွင်းမတည်ခင်းရန် တောင်းဆိုမှုကြောင့် အီရန်သမ္မတ ဟာဆန်ရူဟာနီကို ကြိုဆိုဧည့်ခံမည့် နိုင်ငံတော် ညစာစားပွဲအစီအစဉ်ကို ပြင်သစ်အစိုးရက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ယခုသီတင်းပတ်ကုန်တွင် ရူဟာနီသည် ဥရောပသို့ လည်ပတ်မှုခရီးစဉ် စတင်မည်ဖြစ်ရာ ၎င်းကိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက စီစဉ်ထားသည်။ မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သော အီရန်အနေဖြင့် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်လိုသဖြင့် အဆိုပါညစာစားပွဲတွင် ဝိုင်အရက် ထည့်သွင်းတည်ခင်းမှုမပြုရန် တောင်းဆိုရာ ပြင်သစ်က ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဝိုင်အရက်သည်ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ထုတ်ကုန်တစ်ခုလည်း ဖြစ်သည်။