Monday, November 30, 2015

ဖုန်းသုံးစွဲမှုမြင့်လာပြီး ဈေးကျလာခြင်းကို အာဆီယံဆက်စပ် အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ကြီး ဂုဏ်ယူ ပြောကြား

မိုဘိုင်းဖုန်းသုံးစွဲမှုကို အစိုးရက ချုပ်ကိုင်ခဲ့ပြီး အစိုးရကပင် ဖြေလျှော့မှုပေးခဲ့ခြင်းဖြစ်ကြောင်း၊
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆက် တွဲအဖြစ် ပြည်သူများသည် ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ မှုရေးတိုးတက်မှု အကျိုးကျေးဇူး များ ရရှိခံစားနေရပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ဒါနန်းမြို့တွင်ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက် နှင့် နည်းပညာဆိုင်ရာ ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၌ မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးကဏ္ဍနှင့် ပတ် သက်၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လန်ဒန်ဒါဘီတွင် ချယ်လ်ဆီး သရေကျပြီး တန်းဆင်းဇုန် အထက်၌ ဆက်လက်ရပ်တည်

တနင်္ဂနွေည အစောပိုင်း လန်ဒန်ဒါဘီ ဖြစ်သည့် စပါး- ချယ်လ်ဆီးပွဲတွင် စပါးက လိဂ် ဇယား၌ နိုင်ပွဲရရန် လိုနေသော ချယ်လ်ဆီးကို ဒုတိယပိုင်း၌ ဖိ ကစားနိုင်သော်လည်း နှစ်သင်း စလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ဖြစ်ခဲ့ကာ ချယ်လ်ဆီးက ၁၄ ပွဲ ကစားပြီး နိုင်ပွဲလေးပွဲ၊ သရေသုံး ပွဲဖြင့် ၁၅ မှတ်သာ ရခဲ့ကာ တန်း ဆင်းဇုန်အထက် အဆင့် (၁၅) နေရာတွင် ရပ်တည်နေသည်။

ချယ်လ်ဆီးသည်ပွဲတွင် ဂိုး သွင်းခွင့်နှင့် အပိုင်ထိုးဖောက် က စားနိုင်ခွင့်များ နည်းပါးခဲ့ပြီး စပါး ကွင်းလယ်၌ အဲရစ်ဆင်၊ လမ် မယ်လာ၊ ဒမ်ဘီလီ၊ ဆွန်ဟောင် မင်တို့ ထိန်းချုပ်မှုဖြင့် ချယ်လ်ဆီး ကို တန်ပြန်ကစားခဲ့ကာ ဧည့်သည် တို့ ခံစစ်ပိုင်းတွင် တစ်ဦးချင်းနှင့် အတန်းလိုက် ဖျက်ထုတ်ကာ ကွယ်မှုများကြောင့် ထိထိရောက် ရောက် တိုက်စစ်ဆင်မှုများ မရှိခဲ့ သလို ဂိုးသမားများသည်လည်း ကာကွယ်မှု ကောင်းခဲ့ကြသည်။

ဒီချုပ်က လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ ဖွဲ့မည်

ပါတီ လွှတ်တော်ကိုယ် စားလှယ်များ၏ အရည်အချင်း ကို စောင့်ကြည့်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ် စိစစ် ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သတင်းရရှိသည်။အဆိုပါ လွှတ်တော်ကိုယ် စားလှယ်စိစစ်ရေးအဖွဲ့သည် လွှတ်တော်သက်တမ်းငါးနှစ်တာ အတွင်း ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်မှုများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု များကို စောင့်ကြည့်သွားမည် ဖြစ် သည်။
လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်း လှည့်လည်ကာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များကို စောင့်ကြည့်မှု များ ပြုလုပ်မည် ဖြစ်သည်။ယခုလ ၂၈ ရက်က ရန်ကုန် မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံပွဲတွင် မကြာမီ ကာလအတွင်း လွှတ်တော်ကိုယ် စားလှယ်များကို စိစစ်ရေးအဖွဲ့ ဖွဲ့ကာ စိစစ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

နယ်စပ်နှင့် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထား

ဒသတွင်း နိုင်ငံအချို့၌ အကြမ်းဖက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ် နေချိန်တွင် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် လေဆိပ်များ၌ပါ လုံခြုံရေးတိုးမြှင့်ထားကြောင်း သ တင်းရရှိသည်။ ဥရောပနိုင်ငံအချို့၌ ပြီးခဲ့ သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခံရ မှုသတင်းများ ထွက်ပေါ်နေချိန် တွင် အာရှဒေသတွင်း နိုင်ငံဖြစ် သည့် အင်ဒိုနီးရှားနိုင်ငံက လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်လည်း နယ်စပ်ဒေသများနှင့် လေဆိပ်များ၌ လုံခြုံရေး တိုးမြှင့်ထားသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဒေသများမှ တာဝန်ကျရဲအရာရှိ အချို့ ထံမှသတင်းရရှိသည်။ ‘‘ကျွန်တော်တို့က နယ်စပ် ဒေသဆိုတော့လေ လုံခြုံရေးတိုး မြှင့်ထားတာတွေ ရှိပါတယ်။ နိုင် ငံဖြတ်ကျော်မှုခင်းတွေ၊ မူးယစ် ဆေးဝါး၊ လူကုန်တား၊ ဖောက်ခွဲ ဖျက်ဆီးရေးအစုံပဲ။ သတိပေး ချက်ပေါင်းစုံပါပဲ။ လုပ်နေတယ်’’ ဟု မြန်မာ-ထိုင်းနယ်စပ် မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ပြောသည်။