Wednesday, March 30, 2016

ယနေ့ အစိုးရအာဏာလွှဲပြောင်းမည်

သမ္မတသစ် ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်သမ္မတ သစ် ဦးထင်ကျော်၏ပထမအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ယနေ့(မတ်လ ၃၀ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ် တော်၌ ပြောကြားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရထံမှ အစိုးရအဖွဲ့သစ်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူမည်ဖြစ်သည်။မတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အ စိုးရအဖွဲ့သစ်ခေါင်းဆောင် သမ္မ တသစ် ဦးထင်ကျော်အပါအဝင် ဒုတိယသမ္မတများနှင့် အစိုးရအ ဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ က ကတိသစ္စာ ပြုကြမည်ဖြစ် သည်။
အစိုးရ အဖွဲ့သစ် ခေါင်း ဆောင် သမ္မတသစ် ဦးထင်ကျော် က နိုင်ငံတော်သမ္မတအဖြစ် တာ ဝန်ထမ်းဆောင်ရန် ကတိသစ္စာ ပြုပြီးနောက် ၎င်း၏ အစိုးရ လက်ထက်၌ ဆောင်ရွက်မည့် မူဝါဒများပါဝင်သော နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပထမဆုံးအ ကြိမ် ပြောကြားမည်ဖြစ်သည်။သမ္မတသစ်၏မိန့်ခွန်းတွင် လာမည့် အစိုးရသစ်ငါးနှစ်သက် တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည့် ကဏ္ဍများအ ကြောင်း၊ အစိုးရသစ်၏နိုင်ငံခြား ရေးမူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ထည့်သွင်းပြောကြား လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။
နိုင်ငံတော် သမ္မတသစ်အ ဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူများက ပြည် ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော် ရှေ့ မှောက်တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်၌ မိန့်ခွန်းပြောကြား ခြင်းတို့ကို မြန်မာ့ရုပ်မြင်သံကြား (News Channel)၊ လွှတ်တော် (Channel)နှင့် မြန်မာ့အသံရေဒီ ယိုအစီအစဉ်တို့မှ ယင်းနေ့နံနက် ၁၀ နာရီမှစ၍ တိုက်ရိုက် ထုတ် လွှင့်ပေးမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သမ္မတသစ် ဦးထင်ကျော် သည် ပြည်ထောင်စုလွှတ်တော် တွင် ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ပြီးပါက သမ္မတအိမ်တော်သို့ သွားရောက် ကာ အာဏာ လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေသည့် လက်ရှိအစိုး ရအဖွဲ့ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ် သည်။  ယင်းနောက် သီဟာသန ပလ္လင်ရှေ့တွင် သမ္မတတစ်ဦး၏ အဆောင်အယောင်ဖြစ်သော ရွှေ စလွယ်ကို လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင် ဦးသိန်းစိန်က အစိုး ရအဖွဲ့သစ်ခေါင်းဆောင် သမ္မတ သစ် ဦးထင်ကျော်အား လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။
မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပမည့် အာဏာလွှဲပြောင်းပွဲအခမ်းအနား ကို MRTV News Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့ မှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စု လွှတ်တော် တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြား ခြင်းနှင့် သမ္မတ အိမ်တော်၌ အာဏာလွှဲပြောင်းခြင်းတို့ ပြုလုပ်ပြီးနောက် ညနေပိုင်းတွင် သမ္မတအိမ်တော် မြက်ခင်းပြင်၌ ညစာစားပွဲပြုလုပ်မည်ဖြစ်သည်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၂၀၁၁ မှစ၍ နိုင်ငံကိုအုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ ယခုလ ၃၀ရက်၌ ၎င်းအစိုးရ၏ ငါးနှစ်တာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ သက် တမ်းကုန်ချိန်တွင် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ၌ ပြည်သူလူထုတစ်ခဲနက်ထောက်ခံမှုကြောင့် အ ပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်သည် မတ်လ ၃၀ ရက်မှစကာ နိုင်ငံကို ငါးနှစ် စီမံ အုပ်ချုပ်တော့မည်ဖြစ်သည်။
သမ္မတ ဦးထင်ကျော် ဦး ဆောင်သည့် အစိုးရအဖွဲ့သစ် တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးဌာနလေးခုကို တာဝန်ယူမည့် ပြည်ထောင်စုဝန်ကြီးအဖြစ် တာ ဝန်ထမ်းဆောင်မည် ဖြစ်သည်။
7Day Daily

No comments:

Post a Comment