Wednesday, March 30, 2016

အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ်အား ပြန်ပေးဆွဲသည့် အမျိုးသားကို ဆိုက်ပရပ်စ် လေဆိပ်၌ ဖမ်းဆီးနိုင်

အီဂျစ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းအား မတ် ၂၉ ရက် နံနက် အစောပိုင်းက ပြန်ပေးဆွဲခဲ့သည့် အမျိုးသားတစ်ဦးကို ဆိုက်ပရပ်စ်နိုင်ငံရှိ လာနာကာ လေဆိပ်၌ တာဝန်ရှိ သူများက ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် အီဂျစ်နိုင်ငံ ပင်လယ် ကမ်းရိုးတန်း မြို့ဖြစ်သော အလက်ဇန်းဒရီးယားမြို့မှ ကိုင်ရိုမြို့သို့ ဦးတည်ပျံသန်း လာသည့် အီဂျစ်လေကြောင်းလိုင်းပိုင် Airbus 320 ပြည်တွင်းပြေး ဆွဲသော လေယာဉ် တစ်စင်းကို မတ် ၂၉ ရက် အစောပိုင်းက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ခရီးသည် ၈၁ ဦး တင်ဆောင်လာသည့် အဆိုပါ လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲက ထွက်ခွာလာခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းပြီးနောက် နာရီဝက်အကြာ တွင် လေယာဉ် ပေါ်၌ လိုက်ပါလာသည့် ယင်းအမျိုးသားက ၎င်းတွင် ဖောက်ခွဲရေးပစ္စည်းများ ပါရှိသည်ဟု ဆိုကာ လေယာဉ်မောင်းအား ခြိမ်းခြောက်ခဲ့ခြင်းဖြစ် သည်။ ထို့နောက် လေယာဉ်ကို ဆိုက် ပရပ်စ် နိုင်ငံရှိ လာနာကာ လေဆိပ်သို့ နံနက် ၇ နာရီ မိနစ် ၅ဝ အချိန်တွင် ဆင်းသက်စေခဲ့ ကြောင်း အီဂျစ် တာဝန်ရှိသူများ က ပြောကြားသည်။ လာနာကာလေဆိပ်သို့ လေယာဉ်ဆင်း သက်ပြီးနောက် ၎င်းအမျိုးသားသည် ဇနီးဟောင်းနှင့် ကိုယ်ရေးကိုယ်တာကိစ္စ ပြောဆိုရန် တာဝန်ရှိသူများ အား တောင်းဆို ခဲ့ကြောင်းနှင့် နောက်ဆုံးတွင် ၎င်းသည် ပြန်ပေးဆွဲထားသည့် ဓားစာခံများကို ပြန်လွှတ်ပေးပြီး ဖမ်းဆီး ခံခဲ့ခြင်းဖြစ်ကြောင်း ဆိုက်ပရပ်စ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြား ထားသည်။ အဆိုပါ လေယာဉ် ပြန်ပေးဆွဲမှုသည် အကြမ်းဖက်မှုနှင့် ဆက် စပ်မှုမရှိဘဲ ၎င်း၏ ပုဂ္ဂိုလ်ရေးနှင့်သာ သက်ဆိုင်ကြောင်း ဆိုက်ပရပ်စ် သမ္မတက ပြောကြား ထားသည်။
မြ၀တီ

No comments:

Post a Comment