လေဒီဂါဂါ၏ မွေးနေ့ပွဲသို့ တက်ရောက်သူများတွင် တေလာ ဆွစ်ဖ်၊ လာနာဒယ်ရေး၊ ကိတ် ဟက်ဆန်၊ ဖာရဲလ်ဝီလီယံ၊ ဂျွန် လက်ဂျန့်နှင့်ဇနီး၊ ကက်သီဘိတ်စ် နှင့် လေဒီဂါဂါ၏ခင်ပွန်းလောင်း တေလာကင်နေးတို့ ပါဝင်ခဲ့သည်။ မွေးနေ့ရှင် လေဒီဂါဂါသည် ပါတီ ပွဲ၌ သီချင်းဖြင့်ဖျော်ဖြေခဲ့ကြောင်း နှင့် နာမည်ကျော်ကြားသော ၁၉၉၀ မိုက်ကယ်ဂျက်ဆင်ပုံကြမ်း Dancing Feet ကို လက်ဆောင် ရရှိခဲ့ကြောင်း TMZ.com သတင်း က ဖော်ပြသည်။
Tuesday, March 29, 2016
ပထမအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မယ့် ထယ်ယွန်း
တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ Girls' Generation အဖွဲ့ဝင် ထယ်ယွန်းသည် ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပပြုလုပ် မည်ဟု ၎င်း၏အေဂျင်စီ SM Entertainment ကပြောသည်။Taeyeon, Butterfly Kiss ဟု အမည်ပေးထားသော ဖျော် ဖြေပွဲများကို ဧပြီ ၂၃ ရက်နှင့်၂၄ ရက်တွင် ဆိုးလ်မြို့ အိုလံပစ်အားကစားကွင်း၌ ကျင်းပပြုလုပ် မည်ဖြစ်သည်။
ထယ်ယွန်းသည် ပြီးခဲ့သည့် နှစ်အောက်တိုဘာက SM ဖျော် ဖြေပွဲစီးရီးများ၌ ပါဝင်ဖျော်ဖြေခဲ့ ပြီးနောက် တစ်ကိုယ်တော်ဖျော် ဖြေပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ထယ်ယွန်းသည် အဖွဲ့လိုက် အနုပညာလှုပ်ရှားမှုတွင်သာမက တစ်ကိုယ်တော် အနုပညာလှုပ် ရှားမှုတွင်လည်း အောင်မြင်ခဲ့၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပရိသတ်များက မျှော်လင့်လျက်ရှိ သည်။
Subscribe to:
Posts (Atom)